သစ်သစ် အိမ်ခြံမြေအကျိုးဆောင်

  • Home
  • Myanmar
  • Yangon
  • သစ်သစ် အိမ်ခြံမြေအကျိုးဆောင်

သစ်သစ် အိမ်ခြံမြေအကျိုးဆောင် အိမ်ခြံမြေ ရောင်းခြင်း ၊ ၀ယ်ခြင်း ၊ ? အိမ်ခြံမြေ အကျိုးဆောင်

11/12/2023
Inflation Rate တွေမြင့်တက်နေတဲ့ ခေတ်ကြီးထဲမှာ အိမ်ထဲမှာပဲ ငွေသိမ်းထားတော့မှာလား?ဒါတွေကို စိုးရိမ်နေမယ်ဆိုရင်တော့ဒီ post ...
27/06/2023

Inflation Rate တွေမြင့်တက်နေတဲ့ ခေတ်ကြီးထဲမှာ အိမ်ထဲမှာပဲ ငွေသိမ်းထားတော့မှာလား?

ဒါတွေကို စိုးရိမ်နေမယ်ဆိုရင်တော့
ဒီ post လေးကို အဆုံးထိ လေ့လာပေးဖို့
ဖိတ်ခေါ်ပါတယ်နော်....

သီလဝါဆိပ်ကမ်းမှ - တောင်ဒဂုံ စက်မှုဇုန်သို့ သွားရာလမ်းမကြီး ဖြစ်ပြီး
ကုန်သွယ်ရေး အချက်အခြာကြတဲ့နေရာဖြစ်တာကြောင့် မိတ်ဆွေစိတ်ဝင်စားမယ်ဆို မမှားပါဘူး။

လက်ရှိလဲ စီးပွားရေးလုပ်ငန်းရှင်တွေ
အများစု ရင်းနှီးမြှုပ်နှံမှု လုပ်နေကြပြီဖြစ်ပါတယ်။

ဒါကြောင့် မိတ်ဆွေရဲ့ အကျိုးစီးပွား
နောက်မကြလေအောင် ( ပေ 40 * ပေ 60 ) ခြံ
2ထပ်ခွဲ တိုက်အိမ် အရောင်းလေးနဲ့
မိတ်ဆက်ပေးပါရစေ။

နေရာကောင်းလေးမို့
Company ဖွင့်မလား?
Show Room ဖွင့်မလား?
Restaurant (or) Bar ဖွင့်မလား?
စီးပွားရေး လုပ်ငန်းများချဲ့ထွင်ဖို့ အကောင်းဆုံးပဲနော်။

Payment ပိုင်းကတော့
Cash နဲ့ဖြစ်စေ Barking ဖြစ်စေ လက်ခံပါတယ်နေယ်။
=======
တည်နေရာ ။။ ဧရာဝတီလမ်း / 65 ရပ်ကွက် / ဒဂုံတောင် ရန်ကုန်။
ခေါ်ဈေး : သိန်း 9990 ( ညှိနှိုင်း )
Description:
2ထပ်ခွဲ Slat မိုး
Foundation အခိုင်အမာမို့ Safety ဖြစ်တယ်။
ဆောက်လုပ်ပြီး အသစ်မို့ လူမနေရသေးတာက အားသာချက်တစ်ခုပေါ့။
BCC ရရှိပြီး ၊ စာရွက်စာတမ်း အပြည့်အစုံနဲ့ ပိုင်ရှင်အမည်ပေါက် စာရွက်စာတမ်း အပြည့်အစုံပါပြီး။
အရှုပ်အရှင်း ကင်းပါတယ်။
စာရွက်စာတမ်း စိတ်တိုင်းကျ စစ်ဆေးနိုင်ပါတယ်။
====================

မိတ်ဆွေရဲ့ အကျိူးစီးပွားအတွက် 09450041422 သို့ ခုပဲ ဆက်သွယ်နိုင်ပါတယ်နော်...
မိတ်ဆွေအတွက် အကျိုးဆောင်ပေးဖို့ အသင့်ပါ🙏
# Home Sale
# Land Sale
# Myanmar
# Condo
=================================
Thit Thit Estate Agent
Phone : 09797977551/09450041422
=================================

13/01/2023

ရန်ကုန်မြို့တွင်းရှိဂရန်အမည်ပေါက်မြေကွက်ဈေးနှုန်းများ
========================
ဇန်နဝါရီလ ( ၁၀)ရက်။
Myanmar Property Dealer
ရန်ကုန်မြို့တွင်းရှိဂရန်အမည်ပေါက်ဈေးနှုန်းများဝယ်ယူဖို့ စိတ်ဝင်စားနေတဲ့ လူကြီးမင်းများအတွက် " Myanmar Property Dealer " မှ ရန်ကုန်မြို့တွင်းရှိ အိမ်ခြံမြေဈေးကွက်ပေါ်မှ ကောက်ယူရရှိထားတဲ့ ရန်ကုန်မြို့တွင်းရှိဂရန်အမည်ပေါက်ဈေးနှုန်းများကို ရှာဖွေစုဆောင်းပြီး ဖော်ပြပေးလိုက်ပါတယ်။
အထက်ပါ ဖော်ပြပေးထားတဲ့ဈေးနှုန်းများသည် လက်ရှိ အိမ်ခြံမြေဈေးကွက်ပေါ်မှ ကောက်ယူရရှိထားသည့် စာရင်းများဖြစ်သည့်အတွက်အချိန်နှင့်အမျှပြောင်းလဲနိုင်ပါတယ်။

မြေပုံရာဇဝင်အကြောင်း လေ့လာသိရှိထားရန်📢📢📢မြေပုံမြေရာဇဝင်ဆိုသည်မှာမရွှေ. ဖြစ်တဲ့မြေကို အရောင်းအဝယ်လုပ်ပြီဆိုတာနဲ. မြေပုံမြေ...
05/10/2022

မြေပုံရာဇဝင်အကြောင်း လေ့လာသိရှိထားရန်

📢📢📢

မြေပုံမြေရာဇဝင်ဆိုသည်မှာ

မရွှေ. ဖြစ်တဲ့မြေကို အရောင်းအဝယ်လုပ်ပြီဆိုတာနဲ. မြေပုံမြေရာဇဝင်ဆိုတာ ပါလာပါပြီ။

မြေတစ်ကွက်ကိုဝယ်မယ်ဆိုရင် “မြေပုံမြေရာဇဝင်” ကို အရင်စစ်ဆေးရမယ်လို. ဥပဒေတွေမှာ ပါပါတယ်။

“မြေပုံစာရွက်ရယ်” ၊ “မြေရာဇဝင်စာရွက်ရယ်” နှစ်ရွက်ပေါင်းပြီး မြေပုံမြေရာဇဝင်လို. ခေါ်ကြတာပါ။

မြေပုံမြေရာဇဝင်ကို အသုံးပြုကြတာပုံစံအမျိုးအမျိုးရှိပါတယ်၊ လူသိအများဆုံးကတော့ အိမ်ခြံမြေအရောင်း အဝယ်စာချုပ်ချုပ်တဲ့အခါပေါ့။

စာချုပ်စာတမ်းမှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ (၂၁) တွင်မရွှေ.မပြောင်းနိုင်သော ပစ္စည်းရောင်းဝယ်၊ ပေးကမ်း၊ စွန်.လွှတ်စသည့်စာချုပ်များ မှတ်ပုံတင်ချုပ်ဆိုလျှင် “မြေပုံမြေရာဇဝင်” မပါရှိခဲ့လျှင်လက်ခံချုပ်ဆိုခြင်းမပြုရလို.ပါရှိပါတယ်။

မြေပုံမြေရာဇဝင်ဆိုသည်မှာ နှစ်စဉ်အမြဲပြောင်းလဲအတည်ပြုရေးဆွဲနေရပါသော “မြို.ပြမြေစာရင်း” မှ ကောက်နုတ်ချက်မိတ္တူသာဖြစ်ပါ၍ မှန်ကန်မှုရှိ/မရှိဆိုတာကို အိုးအိမ်ဦးစီးဌာန (သို.) မြို.တော်စည်ပင်တို.တွင်သာ တိုက်ဆိုင်စစ်ဆေးနိုင်ပါသည်။

မြို.နယ်မြေစာရင်းကထုတ်ပေးတဲ့ ပုံစံ ၁၀၅ မြေပုံ။ ပုံစံ ၁၀၆ ကမှမြေရာဇဝင်၊ အဲဒီ (၂)ရွက်ပေါင်းကိုမြေပုံမြေရာဇဝင်လို.ခေါ်ပါတယ်။ မြို.တော်စည်ပင်ကထုတ်ပေးတဲ့ မြေပုံကလေးပါတာကိုမြေပုံ။ မြေရာဇဝင်ပါတဲ့ စာရွက်ကိုမြေရာဇဝင်လို.ခေါ်ပြီး (၂)ရွက်ပေါင်းလိုက်တော့ မြေပုံမြေရာဇဝင် ဖြစ်သွားပါတယ်။

အောက်ပါကိစ္စရပ်များအတွက် သက်သေခံ မြေပုံ-မြေရာဇဝင်(Certified Map) လျှောက်ထားနိုင်ပါသည်။

- အဆောက်အအုံ ဆောက်လုပ်ခွင့် လျှောက်ထားရန်

- အဆောက်အအုံ အကြီးစားပြင်ဆင်ခွင့် လျှောက်ထားရန်

- ခြံစည်းရိုးကာရံခွင့် လျှောက်ထားရန်

- အဝီစိတွင်းတူးခွင့် လျှောက်ထားရန်

- ဘဏ်ငွေချေးခွင့် လျှောက်ထားရန်

- မြေကွက်ခွဲစိတ်ခွင့် လျှောက်ထားရန်

- ကျူးလွန်ခြင်းပြမြေပုံ လျှောက်ထားရန်

- အရောင်းအဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်

- အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာမှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်

- ပစ္စည်းခွဲဝေခြင်း မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်

- စွန့်လွှတ်မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်

- မေတ္တာဖြင့် အပိုင်ပေးမှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်

- လှူဒါန်းခြင်း မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်

- မြေကွက်လဲလှယ်မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်

- အမှားပြင်မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်

- မှတ်တမ်းအဖြစ်ထားရှိရန်

ဒီလိုအကန့်အသတ်တွေရှိတယ်

ရွာမြေ၊ ဉယျာဉ်ခြံမြေ၊ စိုက်ပျိုးမြေမှအပ ကျန်မြေအမျိုးအစာများကို မြေပုံမြေရာဇဝင် ရေးကူးပေးသည်။ မြေတိုင်းတားပေးသည်။

လိုင်စင်မြေနှင့် ပါမစ်မြေကို အဆောက်အဉီး ဆောက်လုပ်ရန်၊ အကြီးစားပြင်ဆင်ရန်၊ ခြံစည်းရိုးကာရန်နှင့် အဝီစိတွင်းတူးရန်အတွက်သာ သက်သေခံမြေပုံ ထုတ်ပေးသည်။

အဆောက်အဉီးဆောက်ရန်၊ အကြီးစားပြင်ဆင်ရန်၊ ခြံစည်းရိုးကာရန်၊ အဝီစိတွင်းတူးရန်၊ ဘဏ်ငွေချေးရန် အတွက်မြေပုံမြေရာဇဝင်ကို အမည်ပေါက်ကသာ လျှောက်ထားနိုင်သည်။

စွန့်လွှတ်စာချုပ်ချုပ်ဆိုရန်၊ မြေပုံနှင့် မြေရာဇဝင်ကို မြေကွက်ပူးတွဲပိုင်ဆိုင်သူများကသာ လျှောက်ထားနိုင်သည်။

ကျုးလွန်ခြင်းပြ မှန်ကန်ကြောင်း သက်သေခံသည့် မြေပုံမြေရာဇဝင်ကို မြေတိုင်းမြေပုံရရှိပြီးသူကသာ လျှောက်ထားခွင့်ရှိသည်။

မြေကွက်ခွဲစိတ်ခွင့်လျှောက်ထားသည့် သက်သေခံ မြေပုံနှင့် မြေရာဇဝင်ကို မြေပိုင်မြေ၊ ဘိုးဘွာပိုင်မြေ (အိမ်ယာမြေ)၊ ဂရန်ရှိမြေပိုင်မြေနှင့် သက်တမ်းရှိ ဂရန်မြေဖြစ်မှသာ လျှောက်ခွင့်ရှိသည်။

သက်တမ်းကုန်နေသည့် ဂရန်မြေကို အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြော်ငြာစာချုပ် ချုပ်ဆိုရန်အတွက်သာ မြေပုံမြေရာဇဝင် လျှောက်ထားခွင့်ရှိသည်။

ဆောင်ရွက်ရပုံခြင်း မတူပါ

အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုရန် မြေပုံနှင့်မြေရာဇဝင်မှအပ ကျန်မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန် မြေပုံနှင့် မြေရာဇဝင်ကို အောက်ပါအတိုင်း ဆောင်ရွက်ပေးပါသည် -

လျှောက်ထားလိုသူသည် ဌာနမှ သတ်မှတ်ပုံစံနှင့်အတူနိုင်ငံသားစိစစ်ရေးကတ်ပြား၊ မြေပိုင်မြေဖြစ်ပါက မှတ်ပုံတင်စာချုပ်၊ ဂရန်မြေဖြစ်ပါက မြေငှားဂရန်စာချုပ်နှင့် နောက်ဆုံးထမ်းဆောင်ထားသော မြေခွန်ပြေစာ၊ အမည်ပေါက်သူကလျှောက်ထားခြင်းမဟုတ်လျှင် ပိုင်ဆိုင်မှုအထောက်အထား သို့မဟုတ် ပိုင်ဆိုင်မှုနှင့် သက်ဆိုင်သည့် တရားရုံး စီရင်ချက်နှင့် ဒီကရီမူရင်းများ တင်ပြလျှောက်ထားရပါသည်။

ဌာနမှ အထောက်အထားမိတ္တူများအား မူရင်းနှင့် တိုက်ဆိုင်စစ်ဆေး၍ လက်ခံပေးပါသည်။

တင်ပြသော အထောက်အထားနှင့် မြေစာရင်းရှိ အထောက်အထားမှန်ကန်ပါက ကွင်းဆင်းစစ်ဆေးခြင်း၊ လိုအပ်ပါက သတင်းစာတွင် (၁၄) ရက်ကြော်ငြာခြင်းများဆောင်ရွက်ပါသည်။ ကန့်ကွက်သူမရှိပါက သတ်မှတ်ဝန်ဆောင်ခ ပေးသွင်းစေပြီး မြေပုံနှင့် မြေရာဇဝင် ထုတ်ပေ:ပါသည်။

အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုရန် မြေပုံနှင့် မြေရာဇဝင်ကို အောက်ပါအတိုင်း ဆောင်ရွက်ပေးပါသည်

လျှောက်ထားလိုသူသည် ဌာနမှ သတ်မှတ်ပုံစံနှင့် အတူ အထက်ပါ အထောက်အထားများအပြင် အမွေရှင်နှင့် ကျန်အမွေဆိုင်များ ကွယ်လွန်ကြောင်း ကျန်းမာရေးဉီးစီးဌာနမှသေစာရင်း၊ အမွေရှင်နှင့် ကျန်အမွေဆိုင်များကွယ်လွန်ပြီးဖြစ်၍ လျှောက်ထားသူသာ အမွေဆက်ခံခွင့်ရှိကြောင်း ပြည့်စုံစွာဖော်ပြရေးသားထားသည့် လျှောက်ထားသူကိုယ်တိုင် တရားရုံးတွင် ပြုလုပ်သည့် ကျမ်းကျိန်လွှာ သို့မဟုတ် ကတိသစ္စာပြုလွှာ၊ တစ်မြို့နယ်တည်းတွင်နေထိုင်သူ (၂) ဉီးက လျှောက်ထားသူအား သိရှိကြောင်းနှင့် မှန်ကန်ကြောင်းထောက်ခံသည့် တရားရုံးကျမ်းကျိန်လွှာ သို့မဟုတ် ကတိသစ္စာပြုလွှာ (၂) စောင်၏မူရင်းများပါ တင်ပြလျှောက်ထားရပါမည်။

ဌာနမှ အထောက်အထားမိတ္တူများအား မူရင်းနှင့် တိုက်ဆိုင် စစ်ဆေး၍ လက်ခံပေးပါသည်။

တင်ပြထားသော အထောက်အထားနှင့် မြေစာရင်းပါအထောက်အထားများ ကိုက်ညီမှုရှိပါက ကွင်းဆင်း စစ်ဆေးခြင်း၊ လျှောက်ထားသည့် မြေကွက်နှင့်ပတ်သက်၍ ပြည့်စုံစွာဖော်ပြ၍ သတင်းစာတွင် သီးခြားကြော်ငြာများ ဆောင်ရွက်ပါသည်။

သတင်းစာကြော်ငြာပြီး (၁၄) ရက်ပြည့်သည်အထိ ကန့်ကွက်မှုတစ်စုံတစ်ရာ မပေါ်ပေါက်ပါက သတ်မှတ်ဝန်ဆောင်ခပေးသွင်းစေ၍ အမွေဆက်ခံ ပိုင်ဆိုင်ကြောင်းစာချုပ်ချုပ်ဆို၍ မြေပုံနှင့် မြေရာဇဝင် ထုတ်ပေးပါသည်။

မြေပုံမြေရာဇဝင်သက်တမ်း

သက်တမ်းကိုနှစ်အတွင်းဟုသတ်မှတ်လေ့ရှိသည်။ သို.သော် လက်ရှိမြေကွက်ကိုခွဲစိတ်တာ၊ အခြားနည်းအသုံးပြုတာ တွေပြုလုပ်ပါက မြေပုံမြေရာဇဝင်ရဲ.သက်တမ်းပြတ်ပြယ်ပါသည်။ အသစ်ပြန်လျှောက်ရပါသည်။

Credit : Kyi Soe (I.C)

10/02/2022

မင်္ဂလာပါ
ဆောက်လုပ်ရေး လုပ်ငန်းအတွက်
ဝရိန် ၊ Cutter ကျွမ်းကျင်
အမြန်အလိုရှိပါသည်။
095181739 သို့ ဆက်သွယ်နိုင်ပါသည်။
======
မဂၤလာပါ
အမြန်အလိုရှိပါသည်။

#ဝရိန်

📣 တန်မှတန် လုံးချင်း၂ထပ်တိုက် အမြန်ရောင်းမည်🔹 တည်နေရာ ။ ။ မာန်အောင်ရပ်ကွက်, တာမွေမြို့နယ် 💥 ခေါ်ဈေး : သိန်း ၇၀၀ ( ညှိနှိ...
19/11/2021

📣 တန်မှတန် လုံးချင်း၂ထပ်တိုက် အမြန်ရောင်းမည်

🔹 တည်နေရာ ။ ။
မာန်အောင်ရပ်ကွက်, တာမွေမြို့နယ်
💥 ခေါ်ဈေး : သိန်း ၇၀၀ ( ညှိနှိုင်း ) 💥

🔸 Description:
ပေအကျယ် ၁၉' x ၃၀'
၂ထပ်တိုက်အမျိုးအစားဖြစ်ပါတယ်။
ပတ်ဝန်းကျင်မှာ My Condo တိုက်ခန်းတွေ အပြင်
ဈေးဝယ်စရာ Super One Super Market ကြီးလဲ ရှိတာမို့
အရမ်းစည်ပါတယ်။

အရှုပ်အရှင်း ကင်းတဲ့
ဘိုဘွားပိုင်မြေ ၂ထပ်တိုက်အမျိုးအစားဖြစ်ပါတယ်။

ပိုင်ရှင်တွေက အသက်ကြီးသူတွေမို့
အိမ်ရောင်းရငွေထဲက
အလိုရှိရာအတွက် အနည်းငယ်သုံးပြီး
လိုအပ်တဲ့နေရာတွေကို
လှူဒါန်းမှာလဲဖြစ်တာကြောင့်
အိမ်ဝယ်ရုံနဲ့ ဂါရဝကုသိုလ်ရော...
ထပ်လောင်းပြီး အလှူဒါန ကုသိုလ်တွေပါရနိုင်မှာမို့
အမြန်လေး ဆက်သွယ်နိုင်ပါပြီ။

ကိုယ်တိုင်လဲ အလှူထဲမှာ ပါဝင်ချင်လို့
မည်သည့် အကျိုးဆောင်ခမှ မယူပါ။


🔹 Payment Method :
Bank Transfer & Cash ( 50% + 50% )
နဲ့ ဒီကာလအခက်အခဲကို အဆင်ပြေအောင် စဉ်းစားပေးထားပါတယ်။
ပိုင်ရှင်ကိုယ်တိုင် အမြန်ရောင်းမှာမို့ အရှုပ်အရှင်းကင်းပါတယ်။
ဒီကာလမှာ နေရာကောင်းကို ဒီဈေးနဲ့ရဖို့
မိတ်ဆွေဘက်က လက်ဦးမှုရယူဖို့ပဲ လိုပါတယ်။

# Home Sale
# Land Sale
# Myanmar
# Condo
=================================
Thit Thit Estate Agent
Phone : 09797977551/09450041422
=================================

Honda Civic ကားလေးပိုင်ရှင် အသစ်နဲ့ တွေ့သွားပါပြီ။ဝယ်ယူသူ မိတ်ဆွေနဲ့ အားပေးကြတဲ့ Fan  တွေကို ကျေးဇူးအထူးတင်ပါတယ်နော်.......
18/11/2021

Honda Civic ကားလေးပိုင်ရှင် အသစ်နဲ့ တွေ့သွားပါပြီ။
ဝယ်ယူသူ မိတ်ဆွေနဲ့ အားပေးကြတဲ့
Fan တွေကို ကျေးဇူးအထူးတင်ပါတယ်နော်....

Sale
# Home Sale
# Land Sale
# Myanmar
=================================
Thit Thit Estate Agent
Phone : 09450090556/09960004060
================================

" ဒီခေတ်ထဲ အိမ်မှာငွေစုပြန်တော့လဲ မလွယ်❓ဒါဆိုရင် ဘဏ်ထဲမှာပဲ ငွေစုရမလား❓ငွေကြေးဖောင်းပွမှုတွေကတစ်နေ့ထက်တစ်နေ့မြင့်တက်နေပြန...
08/11/2021

" ဒီခေတ်ထဲ အိမ်မှာငွေစုပြန်တော့လဲ မလွယ်❓
ဒါဆိုရင် ဘဏ်ထဲမှာပဲ ငွေစုရမလား❓
ငွေကြေးဖောင်းပွမှုတွေက
တစ်နေ့ထက်တစ်နေ့မြင့်တက်နေပြန်
Oh...No No 😱 မဖြစ်သေးပါဘူးလေ "
အဲဒီလို စိတ်ရှုပ်စေမယ့် အတွေးတွေက
မိတ်ဆွေရဲ့ အကျိုးစီးပွား အတွက်
နှောက်ယှက်နေပြီ ဆိုရင်တော့
😇 အကောင်းဆုံး အကြံပြုပါရစေ။

ဒီလိုအချိန်မှာ အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုက
အိမ်၊ခြံ မြေ နဲ့ Car တို့မှာပဲ ဝင်ငွေတိုးပွားသင့်ပါတယ်။
အိမ်စီးကားသန့်လေး ရောင်းဖို့ရှိပါတယ်။
🙏 မိတ်ဆက်ပေးပါရစေ🙏

🔹🔸 Description:
Honda Civic - 2006 mx
ရှားပါးထိုင်ခုံ Orginal Leather
AC - good
Sensor ရှေ့နောက်
လိုင်း အပြည့်နီးပါ
All good👍
no error 👍

စိတ်ကြိုက်စစ်ဆေးနိုင်ပါတယ်။

💥 ခေါ်ဈေး : သိန်း 177 ( ညှိနှိုင်း ) 💥

🔹 Payment Method :
Bank Transfer & Cash ( 30% + 70% )


ဒီကာလမှာ Error ကင်းပြီး ၊ ကားကောင်း ဈေးတန်တန်လေးကို ဒီဈေးနဲ့ရဖို့ မလွယ်ဘူးနော်..
Sale
# Home Sale
# Land Sale
# Myanmar

=================================
Thit Thit Estate Agent
================================

📣 Condo တိုက်ခန်း အမြန် ရောင်းမည်🔹 တည်နေရာ ။။ AYCT Condo / ဒဂုံဆိပ်ကမ်းမြို့နယ်💥 ခေါ်ဈေး : သိန်း 800 ( ညှိနှိုင်း ) 💥🔸 D...
03/10/2021

📣 Condo တိုက်ခန်း အမြန် ရောင်းမည်

🔹 တည်နေရာ ။။ AYCT Condo / ဒဂုံဆိပ်ကမ်းမြို့နယ်

💥 ခေါ်ဈေး : သိန်း 800 ( ညှိနှိုင်း ) 💥

🔸 Description:
- Square Feet 600အကျယ်
- 15Floor / ထောင့်ခန်း
- အိပ်ခန်း၂ခန်း
- ဧည့်ခန်း၁ခန်
- မီးဖိုခန်းကြွေပြားခင်း ထားပြီး
- Aircoon တပ်ထားပြီးသားပါ။

သင့်နဲ့ သင့်မိသားစုကို 100% စိတ်ချမ်းသာမှုတွေပေးစွမ်းနိုင်မယ့်
နေရာကောင်းပါ၊ လေကောင်းလေသန့်ရမယ် ၊ သန့်ရှင်းသပ်ရပ်ပြီး စိတ်ငြိမ်တဲ့ ပတ်ဝန်းကျင်ဖြစ်တဲ့အပြင် အားကစားလုပ်နိုင်ဖို့ Gym ၊ ကလေးကစားကွင်း တွေနဲ့
Facilities တွေ အများကြီးအများကြီး ပါဝင်ပါတယ်။

ဈေးဝယ်ဖို့အဆင်ပြေ ၊ သွားလာဖို့နေရာကောင်း ၊
ဈေးလဲတန်ဆိုတော့ စွမ်းကောင်းနေရောပဲနော်.....
မြန်မြန်လေး ဆက်သွယ်နိုင်ပါပြီ။
ဪ...ဒါနဲ့ ပြောဖို့မေ့တော့မလို့😊

အိမ်ခြံ၊ မြေနဲ့လဲ အလဲအထပ်လုပ်ပေးမှာပါ။
အားလုံး အဆင်ပြေအောင် ညှိုနှိုင်းပေးမှာမို့ မြန်မြန်ဆက်သွယ်ပေးတော့နော်.။

# Home Sale
# Land Sale
# Myanmar
# Condo
=================================
Thit Thit Estate Agent
Phone : 09797977551/09450041422
=================================

📣 အရမ်းတန်တဲ့ လုံးချင်းတိုက် အမြန် ရောင်းမည်🔹 တည်နေရာ ။ ။ လေးထောင့်ကန်ရပ်ကွက်, သင်္ဃန်းကျွန်းမြို့နယ် 💥 ခေါ်ဈေး : သိန်း ...
30/09/2021

📣 အရမ်းတန်တဲ့ လုံးချင်းတိုက် အမြန် ရောင်းမည်

🔹 တည်နေရာ ။ ။
လေးထောင့်ကန်ရပ်ကွက်, သင်္ဃန်းကျွန်းမြို့နယ်

💥 ခေါ်ဈေး : သိန်း 2600 ( ညှိနှိုင်း ) 💥

🔸 Description:
25' x 50' မြေကွက်
တစ်ထပ်တိုက် အိပ်ခန်း 2ခန်းပါပါတယ်။
နှစ် ၆၀ ဂရန် အမည်ပေါက် ဖြစ်ပြီး

အိမ်ရှေ့တွင် လမ်းကျယ်သည့်အပြင်
ကား 3စီးစာ ရပ်နိုင် တော့ Car Parkging အခက်အခဲမှလွတ်ပြီပေါ့။
ဈေးနီး, ကျောင်းနီး, မှတ်တိုင်နီး, သွားလာရတာ အဆင်ပြေပါတယ်။

🔹 Payment Method :
Bank Transfer & Cash ( 50% + 50% )
နဲ့ ဒီကာလအခက်အခဲကို အဆင်ပြေအောင် စဉ်းစားပေးထားပါတယ်။
ပိုင်ရှင်ကိုယ်တိုင် အမြန်ရောင်းမှာမို့ အရှုပ်အရှင်းကင်းပါတယ်။
ဒီကာလမှာ နေရာကောင်းကို ဒီဈေးနဲ့ရဖို့ မလွယ်ဘူးနော်..ဒီတော့ မိတ်ဆွေဘက်က လက်ဦးမှုရယူလိုက်ပါ။

# Home Sale
# Land Sale
# Myanmar
# Condo
=================================
Thit Thit Estate Agent
Phone : 09797977551/09450041422
=================================

ဒီနေ့တော့ ဂရန်မြေကွက်ဝယ်ယူချင်ကြတဲ့မိတ်ဆွေနှစ်ဦး အိမ်ကိုတကူးတကလာပြီး သိချင်တာမေးမြန်းလာပါတယ်။ တခါမှမဝယ်ဖူးတော့ ဘာတွေတောင...
18/08/2021

ဒီနေ့တော့ ဂရန်မြေကွက်ဝယ်ယူချင်ကြတဲ့
မိတ်ဆွေနှစ်ဦး အိမ်ကိုတကူးတကလာပြီး သိချင်တာမေးမြန်းလာပါတယ်။

တခါမှမဝယ်ဖူးတော့ ဘာတွေတောင်းကြည့်ရမလဲ

စရံဘယ်လောက်ပေးသင့်လည်း
စသည်ဖြင့် မေးမြန်းလာခဲ့ပါတယ်။

ဂရန်မြေဝယ်ရင် ဘာတွေဆောင်ရွက်ရမလဲ ဆိုတာ မသိသေးတဲ့မိတ်ဆွေများ
သိနိုင်အောင်ထပ်မံဖော်ပြပေးလိုက်ပါတယ်။

ဂရန်မြေ တရားဝင် ရဝယ်ယူနည်းနှင့် ရာဖြတ်တင်နည်း..။

ဂရန်မြေ ဝယ်ယူလျှင် အောက်ပါအဆင့်များ လုပ်ဆောင်မှ ပြည့်စုံပါတယ်။

➢ အရောင်းအဝယ်စရန်ကြီး(စရန်ငွေ)မပေးမီ(၃)ဆင့် လုပ်ဆောင်ရပါမည်...

1။ ဘယ်လောက်ပင်ရင်းနှီးကြပါစေ ဂရန်မိတ္တူကိုယူ၍ စည်ပင်/ထွေအုပ် စတဲ့ ဌာနတွေမှာ စစ်ဆေးပါ။

2။ စရန်ကြီးပေးခါနီး မူရင်းဂရန်ကိုမြင်တွေ့ရမှသာ စရန်ချပါ။

3။ စရန်ချပြီးသည်နှင့် တပြိုင်နက် နိုင်ငံပိုင်သတင်းစာတွင် ကန့်ကွက်ရန် ရှိ/မရှိ ကြော်ငြာထည့်ပါ။

➢ ၄-မျိုးရမှ ငွေအ​ပြေချေပါ။
1။ အရောင်းအဝယ် ပြုလုပ်ရန်အတွက် ထုတ်ယူထားသော မြေပုံမြေရာဇဝင်။
2။ မူရင်းဂရန် အမည်ပေါက်ထံမှ SP။
3။ မူရင်းဂရန်နှင့် ဆက်စပ်စာချုပ်များ။
4။ မြေကွက်နှင့် တိုက် လက်ရောက်ရယူပါ။

➢ ဝယ်ယူပြီးနောက် ၃-ဆင့်။
1။ တန်ဘိုးလျော့ချုပ်သည့် စာချုပ်တစ်ဆောင်နှင့် မြေပုံမြေရာဇဝင်ကို “ရာဖြတ်” တင်ပါ။

2။ “ရာဖြတ်” ၏၊ သတ်မှတ်တန်ဖိုးအရ “အခွန်တော်ခေါင်း” နှင့် “မှတ်ပုံတင်ကြေး” တို့ဖြင့်မှတ်ပုံတင်စာချုပ်ချုပ်ဆိုပါ။

3။ အားလုံးပြီးမှ မြို့တော်စည်ပင်/ခရိုင်​ထွေအုပ်တွင် “ဂရန်” နှင့် “မြေကွက်” အမည်ပြောင်းပါ။

ဒီနေရာမှာ မြေကွက်နဲ့ ပတ်သက်လို့ မြို့မြေ မြေတန်ဘိုးကို ဘယ်လိုစံနှုန်းတွေနဲ့ သတ်မှတ်သလဲ၊ သတ်မှတ်သည့် မြေတန်ဘိုး၏ ဘယ်နှစ်ရာခိုင်နှုန်းကို (အခွန်တံဆိပ်ခေါင်းနှင့် မှတ်ပုံတင်ခ) အတွက် ပေးဆောင်ရသလဲဆိုတာ သိထားသင့်ပါတယ်။

အခွန်ဆောင်ဖို့အတွက် မြေတန်ဘိုးကို သတ်မှတ်တဲ့အခါ ဘိုးဘပိုင်မြေ၊ ဂရန်မြေ၊ ပါမစ်မြေ၊ လိုင်စင်မြေရယ်လို့ အမျိုးအစားခွဲခြင်းမဟုတ်ပါဘူး။ မြေတည်ရှိရာ ရပ်ကွက်၊ လမ်းအခြေအနေ၊ မြေအနိမ့်အမြင့်၊ လမ်းမ၊ လမ်းကျယ်၊ လမ်းသေး၊ လမ်းမွှာ၊ ကတ္တရာလမ်း၊ ကွန်ကရစ်လမ်း၊ မြေလမ်း၊ လမ်းရှိ အဆောက်အအုံများ၏ အခြေအနေ၊ ပတ်ဝန်းကျင်အခြေအနေ၊ စီးပွါးရေးဖွံ့ဖြိုးမှု နယ်မြေ၊ ဆက်သွယ်ရေးလမ်းကြောင်း၊ မြို့ပြဖွံဖြိုးမှု အခြေအနေ စသည်တို့အပေါ် သုံးသပ်ပြီး ဇုံနယ်များ ခွဲရပါတယ်။ ရပ်ကွက်လိုက် လမ်းအလိုက် ဇုံနှုန်းများ သတ်မှတ်ရပါတယ်။ တစ်စတုရန်းပေလျှင် မည်မျှ စသည်ဖြင့်ပေါ့။
လေ့လာချင်ပါက ရန်ကုန် ပန်းဆိုးတန်း လမ်းဘေးမှာ ရန်ကုန်မြို့တော်၏ မြို့နယ်အလိုက်၊ ရပ်ကွက်အလိုက်၊ လမ်းအလိုက် ဇုံအလိုက် တန်ဘိုးနှုန်း စာရင်းများ ထုတ်ပြန်သတ်မှတ်ထားသည့် စာအုပ်ကို အလွယ်တကူ ဝယ်ယူ ရရှိနိုင်ပါတယ်။ အခြားမြို့များမှာလည်း ထိုကဲ့သို့ ဇုံနှုန်းမြေတန်ဘိုးများကို ပြုစု ထားရပါတယ်။ ပြုစုပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့ကို တင်ပြပြီး အတည်ပြုချက်ယူထားရပါတယ်။ သိချင်ရင် သက်ဆိုင်ရာ အစိုးရအဖွဲ့၊ အာဏာပိုင်အဖွဲ့၊ စည်ပင်ကော်မတီ၊ ​အိုးအိမ်ဦးစီး ဌာနများမှာ သွားရောက် မေးမြန်း ကြည့်ရှု နိုင်ပါတယ်။ ဘာကြောင့် မြေတန်ဘိုးကို ဇုံနယ်အလိုက် ရပ်ကွက်လိုက် လမ်းအလိုက် ဆောင်ရွက် ထားရလဲဆိုတော့ မရွှေ့ မပြောင်းနိုင်သော ပစ္စည်းများ ရောင်းဝယ် လွှဲပြောင်းမှုများမှာ တန်ဘိုး စိစစ်ရသည့် ကာလတန်ဘိုး စိစစ်သတ်မှတ်ရေးအဖွဲ့များထံ တင်ပြရောက်ရှိလာတဲ့ မြေ အလွှဲ အပြောင်း စာချုပ်များအတွက် ထမ်းဆောင်ရမည့် တံဆိပ်ခွန်နှင့် အခြား အခွန်များအတွက် ယင်းစာရင်းကို အခြေခံပြီး သတ်မှတ်နိုင်ရန် ဖြစ်ပါတယ်။ ရှေ့တွင် အရောင်းအဝယ်ပြုခဲ့သည့် မှတ်တမ်းများအရလည်း ဇုံတန်ဘိုးကို ပြုပြင် ပြောင်းလဲ ပေးရပါတယ်။ တသမတ်တည်း အသေ မဟုတ်ပါဘူး။ နှစ်အလိုက် ပြုစုကြတာ များပါတယ်။ ဒါက တန်ဘိုးဖြတ်မှု ဖြစ်ပါတယ်။

အိမ်မြေ ဝယ်ခွန်အတွက် ရာဖြတ်တင်ပုံ တင်နည်းကို ဖော်ပြပေးပါမယ်။

ရာဖြတ်တန်ဖိုး မသိပဲ အခွန်ဆောင်လို့ မရပါဘူး။ ဒါကြောင့်....

(၄)လအတွင်း ချုပ်ဆိုထားသော အရောင်း အဝယ်စာချုပ် (မူရင်းနှင့်မိတ္တူ)

(၁)နှစ်အတွင်း ရေးဆွဲထားသော ရောင်း/ဝယ်အတွက် မြေပုံမြေရာဇဝင်(၁၀၅/၁၀၆)။

အမည်ပေါက်မှ ရောင်းချခြင်း (သို့) မှတ်ပုံတင် ဆက်စပ်စာချုပ်များ။

ရှေ့/နောက်/ညာ မြေကွက်ဓာတ်ပုံ(၁)စုံ။

ဝယ်ယူသူ၏ အိမ်ထောင်စုစာရင်း (မူရင်းနှင့် မိတ္တူ )။

ဝယ်ယူသူက အိမ်မြေ လက်ခံရရှိပြီးကြောင်း ဝန်ခံချက်။

တင်ပြချက်အားလုံး မှန်ကန်ကြောင်းဝန်ခံချက်။

အထက်ပါ အချက်များဖြင့် ကာလတန်ဖိုး စီစစ်ရေးအဖွဲသို့ တင်ပြလျှောက်ထားရမှာ ဖြစ်ပါတယ်။

အိမ်ခြံမြေကို တရားဝင် ဝယ်ယူဖို့အတွက် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ စာချုပ်မှတ်ပုံတင် ရပါတယ်။

အခွန်တံဆိပ်ခေါင်း များစွာကို ကပ်ရပါတယ်။

ရာဖြတ်လို့ခေါ်တဲ့ “ကာလတန်ဖိုး စိစစ်ရေးအဖွဲ့က သတ်မှတ်ပေးတဲ့ တန်ဖိုးရဲ့ ၄ % ဖိုးဝယ်ယူပြီး ကပ်ရပါတယ်။ အရင်က ဒီထက်ပိုပါတယ်။ အိမ်ခြံမြေဝယ်ရင် ဝယ်ယူမည့်ပစ္စည်းအတွက် “ရာဖြတ်” သတ်မှတ်ဈေးအတိုင်း သင့်မှာ “ငွေဖြူ” ရှိရင် သက်သာပါမယ်။

ငွေဖြူဆိုတာက ဝင်ငွေရလမ်းဖော်ပြနိုင်သောငွေ (သို့) အခွန်စည်းကြပ်ပြီးဖြစ်သောငွေကို ဆိုလိုပါတယ်။ ဒီလို ငွေဖြူမရှိရင် သိန်း ၁၀၀၀ အောက်- ၃%၊ သိန်း ၁၀၀၀-၃၀၀၀ အထိ- ၅%၊ သိန်း ၃၀၀၀-၃၀၀၀၀ အထိ- ၁၀%၊ သိန်း ၃၀၀၀၀ အထက်- ၃၀% တို့ကို “ဝယ်ခွန်” အဖြစ်ပေးဆောင်ရမည်လို့ အခွန်ဥပဒေမှာ ပြဌာန်းထားပါကြောင်း.....။
U Myo Min Htun

ဗဟုသုတရစေရန်မျဝေပါသည်။

Address

Yangon

Alerts

Be the first to know and let us send you an email when သစ်သစ် အိမ်ခြံမြေအကျိုးဆောင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to သစ်သစ် အိမ်ခြံမြေအကျိုးဆောင်:

Share

Category