15/10/2024
ဝါလကင်းလွတ် သီတင်းကျွတ်မှာ
ပစ္စည်းမှန်မှန် ဈေးတန်တန်နဲ့ အရောင်းခန်းလေး တစ်ခု တင်ပေးချင်လို့ပါ။
အရင်ဆုံး မင်္ဂလာစယူရမယ်ဆိုရင်တော့ သူ့တည်နေရာလေးက
မြောက်ဥက္ကလာပမြို့နယ်ရဲ့ အထင်ကရနေရာဖြစ်တဲ့ မဟာကျိန်သစ္စာရှင် ဘုရားကြီးအနီးမှာဖြစ်ပြီး မနက်ပိုင်း အိပ်ယာနိုးလို့ ပြတင်းပေါက်ဖွင့်လိုက်တာနဲ့ကို ဘုရားကြီးကိုအေးချမ်းစွာ ဖူးမျှော်နိုင်ပါတယ်နော်။
အေးဆေးဆိတ်ငြိမ်တဲ့ ပတ်ဝန်းကျင်နဲ့အတူ သုဓမ္မာလမ်းမကြီးက ဝင်လာမယ်ဆို ၃လမ်းမြောက်မှာတင်ဖြစ်လို့ ဘယ်သွားသွား သွားရလာရလွယ်ကူပါတယ်ဆိုတဲ့ အနေအထားရှိတယ်ပြောရမှာပဲ။
ဒီဘက်ကိုပြန်ထွက်မယ်ဆိုလဲ သုနန္ဒာလမ်းမကြီးဒဲ့ပေါက်ဆိုတော့ တည်နေရာ အနေအထားကတော့ဖိုင်းနေပီ။
လမ်းနာမည်နဲ့ မှတ်ချင်တယ်ဆိုရင်တော့ Eindar ၉ လမ်းလို့ မှတ်ထားလိုက်ဗျာ။ ဈေးဝယ်ရတာကြိုက်ပါတယ်ဆ်ိုတဲ့ အိမ်ရှင်မတွေအတွက်လဲ အိမ်ကနေ ၃ မိနစ်လောက် အညောင်းအညာပြေလမ်းလျှောက်လိုက်ယုံနဲ့တင် ရပ်ကွက်ဈေးရောက်သွားရောဗျာ။
ကျယ်ဝန်း ပြေပြစ်ပြီး ကားဝင်ရထွက်ရလုံးဝအဆင်ပြေတဲ့ လမ်းကျယ်ထဲမှာ ရှိနေတဲ့ အိမ်လေးကတော့
ရင်ကွဲ မဟုတ်တဲ့ လွှာခြင်းပထမထပ်မှာ ဖြစ်လို့
မိသားစုထဲမှာ သက်ကြီးရွယ်အိုတွေရှိနေရင်လဲ အတက်အဆင်းကို စိတ်ပူစရာ ရှိမနေပြန်ဘူး။
လွှာခြင်းဆိုတော့လဲ မျက်နှာခြင်းဆိုင်အခန်းက ဘယ်လို အိမ်ရှင်/အိမ်ငှားမျိုးဖြစ်မလဲ ကိုယ်နဲ့မှ အဆင်ပြေနိုင်ပါ့မလားဆိုတဲ့ တစ်ချက်လဲ ခေါင်းထဲကထုတ်ထားလိုက်လို့ရတာပေါ့ဗျာ။
ကဲပထမထပ်တော့ရောက်လာပြီ...
အခန်းက ဂတုံးကြီးလား???
မဟုတ်ပါဘူးဗျာ။ တအိမ်လုံး အဆင့်မြင့် ကိုရီးယားပါကေးခင်းပေးထားပြီး အိပ်ခန်းတစ်ခန်းနဲ့ အဲကွန်းတစ်လုံးပါတပ်ထားပေးသေးတယ်ဗျာ။
မီးဖိုခန်းကြည့်လိုက်ဦး... ကြွေပြားအပြည့်နဲ့...
ရေချိုးခန်း/အိမ်သာလား ဘိုထိုင်ကြွေပြားကပ်ပါပဲဗျာ။
ဆောက်ထားတဲ့တိုက်သားကလဲ အရည်သွေးမှီမမှီက
အရေးပေါ်လှေကားကို ကြည့်လိုက်ရင် ကန်ထရိုက်စေတနာပါမပါ တန်းသိတယ်။ကိုယ်ပိုင်မော်တာ ကိုယ်ပိုင်မီတာနဲ့ အေးဆေးနေယုံပဲ။ ကားရပ်စရာအတွက်လဲ ပါကင်စိတ်မပူရဘူးနော်။
ဟုတ်ကဲ့ အရေးကြီးတဲ့အပိုင်းတော့ ရောက်လာပါပီ။
ဈေးပါ ရောင်းဈေးလေး။
သူများတွေကတော့ သိန်း ၁,၈၀၀ တွေ သိန်း ၁,၉၀၀ တွေရောင်းနေကြတာပဲ။
ကျွန်တော်ကတော့ နှစ်ဦးနှစ်ဖက် အဆင်ပြေစေမဲ့ ဈေးလေးနဲ့ပဲ ရောင်းပေးမှာပါဗျာ။
#၁,၆၅၀ သိန်း ကို ဈေးစစ်တာဝါသနာပါတဲ့ မိတ်ဆွေတွေအတွက် ပါးပါးလေးညှိပေးမယ်ဗျာ။
ကဲ စိတ်ဝင်စားရင်တော့ 095008747 ကို သူများမဦးသွားခင် ဟယ်လိုသာလုပ်လိုက်တော့ဗျာ။
🙏🙏🙏