Aung Myint Mo Real Estate

Aung Myint Mo Real Estate Real Estate Connector in Yangon, Myanmar.

"စလစ်မြေ ကို၀ယ်လို့ရလား?"ယနေ့ခေတ်မှာ ဂရန်မြေက စျေးများတာရယ် အမည်ပြောင်း ဝယ်ခွန် ဆောင်ရတာရယ်ကြောင့် အချို့က စလစ်မြေကို ရွ...
06/05/2024

"စလစ်မြေ ကို၀ယ်လို့ရလား?"

ယနေ့ခေတ်မှာ ဂရန်မြေက စျေးများတာရယ် အမည်ပြောင်း ဝယ်ခွန် ဆောင်ရတာရယ်ကြောင့် အချို့က စလစ်မြေကို ရွေးချယ် ဝယ်ယူကြတာတွေလည်း ရှိကြပါတယ်။

♾️ စလစ်မြေဆိုတာ -
1️⃣ တိုးချဲ့ - မြို့မြေ၊
2️⃣ လယ်ယာမြေအစား - အစားထိုးချပေးတဲ့မြေ၊ နဲ့
3️⃣ မြို့နယ် မြေစာရင်း က - စလစ်ထုတ်ပေးပြီး အမည်ပေါက် နေထိုင်ခိုင်းတဲ့မြေပဲ ဖြစ်ပါတယ်။ မြေပြေစာ ထွက်ပါတယ်။ အရွယ်အစားကတော့ လက်ဖဝါးအရွယ် ဝါကျင့်ကျင့် အရောင်ပါ။

▪️အဲ့ဒီစလစ်စာရွက် နောက်ကျောမှာ မြေကွက်ချထားပေးတဲ့ ဌာန၊ ဥပမာ - မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးအမည် တံဆိပ်အဝိုင်း နှင့် တာဝန်ခံအရာရှိရဲ့ လက်မှတ် ပါရှိပါတယ်။

▪️စလစ်မြေ မဝယ်ခင် စလစ်မှာပါတဲ့ အမည်ပေါက် နဲ့ ရောင်းသူနဲ့ မည်သို့တော်စပ်သလဲ ? သို့မဟုတ် ဆက်စပ် စာချုပ် အဆက်ဆက် နဲ့ မြေရာဇဝင်ကို သိဖို့လိုပါတယ်။

▪️စလစ်ဟောင်းများ၊ မိတ္တူကူးထား သော စလစ်များနှင့်
စလစ် အမည်ပေါက်သူ မဟုတ်ဘဲ တစ်ဆင့်ခံ ရောင်းချခြင်းများ ရှိနေသောကြောင့် နစ်နာမှု မရှိစေရန် ပိုင်ဆိုင်မှုအထောက်အထား၊ စာရွက်စာတန်းများကို သေချာ စိစစ် ဝယ်ယူသင့်ပါတယ်။

♾️ စလစ်မြေ

စလစ်မြေဆိုတာ သက်ဆိုင်ရာမြေစာရင်း ဦးစီးဌာနက ချပေးတဲ့ မြေကွက်အတွက် ထုတ်ပေးတဲ့ စလစ်စာရွက်ရှိ မြေကွက်ဖြစ်ပြီးတော့ အမွေဆက်ခံခွင့် ရှိသကဲ့သို့ လွှဲပြောင်းရောင်းချခြင်းလည်း ရှိတယ်။ မြေချစလစ် လို့လည်း ခေါ်ကြတယ်။

1️⃣ စလစ်မြေ မ၀ယ်ခင်မှာ မြေကွက် တည်နေရာကိုလည်း သွားရောက် ကြည့်ရှုဖို့ သင့်ပါတယ်။ တစ်ခါတစ်ရံမှာ ကျူးကျော် နေထိုင်သူတွေ ရှိတတ်လို့ပါ။ မြေချစလစ်လည်း အတုတွေ ရှိနိုင်တဲ့အတွက် အရောင်းအ၀ယ် မပြုလုပ်ခင် သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာနမှာ သွားရောက် စစ်ဖို့လိုသလို ရောင်းသူ လက်ရောက်ပိုင်ဆိုင်ခြင်း ရှိ/မရှိ သွားစစ်ဆေးဖို့လည်း လိုပါတယ်။

2️⃣ စလစ်မြေကို လွှဲပြောင်း ရောင်းချသည့်အခါမှာ စာချုပ် စာတမ်း မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင် အရောင်းအ၀ယ်စာချုပ် ချုပ်ဆိုခွင့် မရပါ။ အရပ်စာချုပ် (အရောင်းအ၀ယ် ကတိ စာချုပ်) ဖြင့်သာ ချုပ်ဆိုပြီး အရောင်းအ၀ယ် ပြုလုပ်နိုင်ပါတယ်။

3️⃣ စလစ်မြေကို အမည် တိုက်ရိုက်ပြောင်းလို့ မရပါ။ ပါမစ်မြေ၊ ဂရမ်မြေ စသည့်မြေအမျိုးမျိုးကို အရင် လျှောက်ထားရပါတယ်။ အရောင်းအ၀ယ် စာချုပ်မှုရင်းနဲ့ စလစ်မှုရင်းကို
ယူပြီး မြေပေး အမိန့် သက်ဆိုင်ရာ မြေစီမံခန့်ခွဲရေးဌာနမှာ
အရင် သွားရောက် လျှောက်ရပါတယ်။ ထို့မှတဆင့် ပါမစ်မြေ၊ ဂရမ်မြေ အဖြစ် အဆင့်ဆင့် ထပ်လျှောက်ထားနိုင်ပါတယ်။

▪️စာချုပ် ချုပ်တဲ့အခါ မြေတိုင်းပြီး သေချာချုပ်ပါ လို့ အသိပေးအပ်ပါတယ်။ စလစ်မြေမှာလည်း အိမ်ဆောက်
လုပ်ပြီး နေထိုင်လို့ ရပါတယ်၊ အမွေပေးလို့ရတယ်၊ အရောင်း
အဝယ် ပြုလုပ်လို့လည်း ရပါတယ်။

▪️မြေကွက်တန်ဖိုးသွင်းထားသည့် ပြေစာရှိမြေကွက် နိုင်ငံတော် အစိုးရသက်ဆိုင်ရာ ဝန်ကြီးဌာန၏ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဌာန သို့မဟုတ် သက်ဆိုင်ရာ မြေနေရာချထားရေး ကော်မတီတို့မှ အကွက်ရိုက် ဖော်ထုတ်ထားသော မြေကွက်များကို တန်ဖိုးသတ်မှတ် ရောင်းချသော မြေကွက်ဖြစ်ပါတယ်။

▪️ဝယ်ခွင့်ရသူက သက်ဆိုင်ရာဌာနသို့ မြေတန်ဖိုးသွင်းပြီး ရရှိထားသည့် ပြေစာရှိ မြေကွက် ဖြစ်ပါတယ်။ အဲဒီမြေကွက်များကိုလည်း အရပ်စာချုပ် (မြေအရောင်းအဝယ်စာချုပ်) ချုပ်ဆို လွှဲပြောင်း ရောင်းချနိုင်ပါတယ်။ အဆိုပါ အရောင်း အဝယ် အဆင့်ဆင့် မြေအရောင်းစာချုပ်ကို ပြသပြီး နောက် ဆုံး လက်ဝယ်ရှိသူက သက်ဆိုင်ရာ မြေစာရင်းဌာန (ဥပမာ - မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဌာန မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန) တွေမှာ ပါမစ်မြေအဖြစ် လျှောက်ထားရယူရမှာ ဖြစ်ပါတယ်။ ထိုမှဂရန်မြေအဖြစ် ဆက်လက် လျှောက်ထားရမှာ ဖြစ်တယ်။

♾️ ပါမစ်မြေ

ပါမစ်မြေဆိုသည်မှာ အိမ်ရာဆောက်လုပ် နေထိုင်ခွင့်ချပေးထားသည့် မြေအမျိုးအစား ဖြစ်ပါတယ်။ မိသားစု ဓာတ်ပုံနှင့်တစ်ကွ ထုတ်ပေးထားသော ပါမစ်စာရွက် ဖြစ်တယ်။ အဲဒီပါမစ်မြေကိုလည်း မြေအရောင်းအဝယ် ကတိစာချုပ် (အရပ်စာချုပ်) နဲ့ ချုပ်ဆိုပြီး အဆင့်ဆင့်လွှဲပြောင်း ရောင်းချလေ့ရှိပါတယ်။ နောက်ဆုံး လက်ရောက် ရယူဝယ်နေသူက မြေချ ပါမစ် စာရွက်စာတမ်း မူရင်းအပါအဝင် အဆင့်ဆင့် ဝယ်ယူထားသော အရောင်းအဝယ်စာချုပ် မူရင်းများ တင်ပြပြီး သက်ဆိုင်ရာ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှာ ဂရန် လျှောက်ထားရမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းအတွင်း ဆိုပါက
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသို့ လျှောက်ထားရမှာ ဖြစ်ပါတယ်။

♾️ ဂရန်မြေ

နှစ်ကာလ အပိုင်းအခြားအလိုက် နိုင်ငံတော်မှ အငှားချထားတဲ့မြေ ဖြစ်တယ်။ နှစ် ၃ဝ ၊ နှစ် ၆ဝ၊ နှစ် ၉ဝ မြေငှားစာချုပ် (ဂရန်စာချုပ်) ကို သက်ဆိုင်ရာမြေယာ စီမံခန့်ခွဲရေးဌာနမှ ထုတ်ပေးတဲ့ စာရွက်စာတမ်း အမျိုးအစား ဖြစ်တယ်။ လွှဲပြောင်းရောင်းချနိုင်တယ်။ တရားဝင် ဥပဒေနဲ့အညီ လွှဲပြောင်း ရောင်းချမယ်ဆိုရင် သက်ဆိုင်ရာ စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်စာချုပ် ချုပ်ဆို ရောင်းဝယ်မှသာ ဝယ်သူအနေဖြင့် ဥပဒေနှင့်အညီ ပိုင်ဆိုင်သူ ဖြစ်လာမှာ ဖြစ်တယ်။ အရပ်စာချုပ်နဲ့ ချုပ်ဆို ရောင်းဝယ်မယ်ဆိုရင်တော့ ဝယ်သူအနေနဲ့ ပိုင်ဆိုင်ခွင့်ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် မှတ်ပုံတင် အရောင်းအဝယ်စာချုပ် ချုပ်ဆို၍ မြေကွက်အမည်ပေါက်ပြောင်း လျှောက်ထားခြင်းဖြင့် ဝယ်သူမှာ ဥပဒေနှင့်အညီ ပိုင်ရှင်ဖြစ်လာမှာဖြစ်ပါတယ်။

စလစ်၊ ပါမစ်၊ ဂရန်ဘယ်လို မြေကွက်ဖြစ်စေ၊ မြေကွက်တည်နေရာကို သေချာသွားရောက်ကြည့်ရှုပါ။ စာရွက် စာတမ်း တွေဟာ အမှန်အကန်ဟုတ် မဟုတ်ကို သက်ဆိုင်ရာ မြေယာရုံးခွဲတွေ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန၊ မြေစာရင်းဌာနတွေမှာ သေချာ စုံစမ်းပြီးမှ ဝယ်သင့်ပါတယ်။

crd:

Address

South Okkapala
Yangon

Telephone

+959893292239

Website

Alerts

Be the first to know and let us send you an email when Aung Myint Mo Real Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aung Myint Mo Real Estate:

Share

Category