15/04/2026
ရှင်ယာကုပ်ဩဝါဒစာ။ 1:18
နိမ္ဗိတသတ္တဝါတို့တွင် ငါတို့သည် အဦးသီးသောအသီးကဲ့သို့ ဖြစ်စေခြင်းငှါ၊ သမ္မာတရားစကားအားဖြင့် မိမိအလိုတော်အတိုင်း ငါတို့ကို ဖြစ်ဘွားစေတော်မူ၏။
မိတ္တသတ္တဝါ ဆိုသည်မှာ ပါဠိစကားလုံး နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်ပြီး တိုက်ရိုက်အဓိပ္ပါယ်မှာ ဖန်ဆင်းထားသော သတ္တဝါ ဟု အဓိပ္ပါယ်ရပါသည်။
နိမ္မိတ (ဖန်ဆင်းအပ်သော) + သတ္တဝါ (သက်ရှိ)
မိမိ၏ တန်ခိုးအာနုဘော် သို့မဟုတ် စိတ်တန်ခိုး (ဣဒ္ဓိဝိဓအဘိညာဉ်) ဖြင့် စိတ်ကူးရှိသလို ဖန်ဆင်းထားသော ရုပ်သွင်သဏ္ဍာန်ကို ဆိုလိုသည်။
အချုပ်ပြောရလျှင်
ဘုရားက ကျွန်ုပ်တို့ကို ဖြစ်ဘွားစေတာက
သဘာဝတရားထဲမှာ ဖြစ်ဘွားစေတာ မဟုတ်ဘူး။
ဒါက ခရစ်တော်ထဲ၌ ကျွန်ုပ်တို့ရဲ့ဖြစ်ခြင်းဘဲ။
ဒါကို သိပြီး ကန်သတ်ထားတဲ့နယ်ပယ်ထဲ
ကန်သတ်ထားတဲ့ အတွေး၊ သဘာဝနယ်ပယ်ထဲ ကျွန်ုပ်တို့မရှိတော့ဘူးဆိုတာ သိဖို့လိုတယ်။
လူမည်သည်ကား ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သော
သတ္တဝါဖြစ်၏။။