10/09/2024
"အရောင်းအဝယ် စာချုပ် ချုပ်ရင် အမှုမဲ့အမှတ်မဲ့မလုပ်ကြဖို့"
အိမ်ခြံမြေ တိုက်ခန်း အရောင်းအဝယ်တွေလုပ်ကြတဲ့အခါ စာချုပ် ချုပ်ရင် အမှတ်တမဲ့နဲ့
လက်လွတ်စပါယ် လုပ်မိတတ်တဲ့ အကြောင်းအရာလေးတစ်ခုကိုပြောပြပါမယ်။
ရောင်းသူ၊ ဝယ်သူ အများစုဟာ အရောင်းအဝယ်တည့်ပြီဆိုရင် ချက်ချင်းစရံချချင်ကြတယ်။
စရံပေးစာချုပ်ဟာလဲ လွယ်လင့်တကူဝယ်လို့ရတဲ့ စတိုးဆိုင်က စာချုပ်ဘဲ ဝယ်ချုပ်ကြတာပေါ့၊ ငွေအကြေချေမှ ရှေ့နေတွေနဲ့ချုပ်မယ်လို့ စဉ်းစားရင်စဉ်းစားမှာပေါ့။
အဲ့လိုစာချုပ်တွေချုပ်တဲ့အခါ စာချုပ်မှာပါတဲ့ အပေါက်တွေဖြည့်ကြရပါတယ်။ ရောင်းသူ၊ဝယ်သူအချက်လက်တွေ ၊ စရံငွေဘယ်လောက်ချပြီး ကျန်ငွေဘယ်နေ့အကြေချေမည့် အပေါက်တွေဖြည့်ရပါတယ်။ ပွဲစားတွေပါရင် ပွဲစားတွေဦးစီးဦးဆောင် ဖြည့်သလို ပွဲစားမပါရင်လဲ မိမိဘာသာဖြည့်ကြပါတယ်။
အဲ့ဒီမှာ စာချုပ်တွင် ရောင်းချသည့် ပစွည်းစာရင်းနေရာ ဆိုတာ ရှိပါတယ် ။ ရောင်းချသည့်ပစွည်းစာရင်းဆိုတာကတော့ မိမိဝယ်မဲ့မြေကွက်လိပ်စာပေါ့။ အဲ့ဒီနေရာကအရေးကြီးပါတယ်။
မိမိတို့မြေကွက် ဟာ မြေတိုင်းအမှတ်၊မြေကွက်အမှတ် တွေ မြေအကျယ်အဝန်း ၊ဘယ်သူ့နာမည်ပေါက် ဖြစ်ပြီး ဘာ #မြေအမျိုးအစား ဆိုတာ တိတိကျကျဖြည့်သွင်းဖို့လိုပါမယ်
အချို့တွေအလွယ်ရေးပါတယ် ၊ မြေအမျိုးအစား မပြောနဲ့ မြေ အကျယ်အဝန်းမပါ ၊ အိမ်ပါရင်လဲ အိမ်ပါကြောင်းမထည့်ဘဲ မြေကွက်သာဖြည့်သွင်းကြပါတယ်။ စာချုပ်အတ်ိုင်းဆ်ို ရောင်းသူက ငွေအကြေချေလို့ မြေကွက်အပ်တဲ့အခါ စာချုပ်မှာပါတဲ့အတိုင်း မြေချည်းဘဲ အပ်ပြီး အိမ်ဖျက်ယူသွားရင်ဘာတတ်နိုင်မတုန်းနော်။😃
တစ်ခါကဆိုရင် ဝယ်မဲ့မြေ ကပါမစ် မြေဖြစ်ပါတယ်။ ရောင်းသူ၊ ဝယ်သူကလဲ ပါမစ်မြေက်ုအရောင်းအဝယ်လုပ်ကြောင်းအငြင်းမပွါးကြပါဘူး။
ဒါပေမဲ့စာချုပ်မှာ ဘာမြေအမျ်ိုးအစားရယ်လို့ တိတိပပ မရေးထားခဲ့မိဘူး။ ငွေမကြေခင်
စပ်ကြားမှာ အဆိုပါမြေကွက် ကိုဘဲ ဂရန်ကိုင်ထားသူ တစ်ယောက်က ဒီမြေကွက်က ဂရန်ထွက်ထားပြီးကြောင်း ဂရန်မူရင်း လာရောက်ပြသခဲ့ပါတယ်။ အဲ့တော့ ပါမစ်တစ်စောင် ၊ဂရန်တစ်စောင်ဖြစ်နေတာပေါ့ ၊
အဲ့တော့ ဝယ်သူက ဆက်မဝယ်ရဲတော့ဘဲ အရောင်းအဝယ်ပြန်လှန်ခိုင်းပါတယ်။ ရောင်းသူဘက်က ကျတော့လဲ စာချုပ်ပါအတိုင်းဆက်သွားဖို့ဆန္ဒရှိပါတယ်။ စာချုပ်ပါအတိုင်း ဆက်သွားကြမယ်ဆိုပြန်တော့လဲ စာချုပ်ထဲမှာ ပါမစ်လား၊ ဂရန်လားဆိုတာ သေသေချာချာ မရေးခဲ့တဲ့အတွက် ဝယ်သူအနေနဲ့အရောင်းအဝယ်ပြန်လှန်ဖို့ခက်ပါတယ်။ မဝယ်ချင်ရင်တော့မိမိစရံအဆုံးခံဖို့သာရှိပါမယ်။
ဒါ့ကြောင့် စရံမချခင် မြေရာဇဝင်စစ်ဖို့ဟာလဲ အရေးကြီး