Maharnwe.Real Estate services

Maharnwe.Real Estate services လူကြီးမင်းတို့ရဲ့ အခက်အခဲက ကျနော်တ?

မသိသေးတဲ့သူများအတွက်ပါ - ဂရံ- ပုံစံ ၁၀၅- ပုံစံ ၁၀၆- စလစ်မြေ- ပုံစံ ၇ ( လယ်ယာမြေ)နမူနာပုံတွေပါCredit Photo"မြေဧက ဖွဲ့နည်း...
10/01/2021

မသိသေးတဲ့သူများအတွက်ပါ
- ဂရံ
- ပုံစံ ၁၀၅
- ပုံစံ ၁၀၆
- စလစ်မြေ
- ပုံစံ ၇ ( လယ်ယာမြေ)
နမူနာပုံတွေပါ

Credit Photo

"မြေဧက ဖွဲ့နည်း - တွက်နည်းများ".................................................
* တစ်ဧက = ၄၃၅၆၀ စတုရန်းပေ

* လေးနားညီ စတုရန်း=
အလျား ၂၀၈.၇၁ ပေ x အနံ ၂၀၈.၇၁ ပေ။

* နှစ်နားညီ စတုဂံ = လျားxနံ ÷ 43560

* နှစ်နားပြိုင် တြာဗီဇီယံ =
ပြိုင်နား နှစ်ခုပေါင်း ÷၂ x နံ ÷ 43560

* တြိဂံ = ၀.၅xအခြေxအမြင့် ÷ 43560

* ထောင့်မှန် တြိဂံ -
အခြေxအမြင့် = ရလာဒ် ÷ ၂ ÷ 43560

* စက်ဝိုင်း -
အချင်းဝက်x အချင်းဝက်x 3.1416 ÷ 43560
(သို့)
စက်ဝိုင်း -
အချင်းxအချင်းx .၇၈၅၄ ÷ 43560

* ပုံသေ မြှောက်ကိန်း ၀.၇၈၅၄
၀.၇၈၅၄ သည် ပိုင်ကိန်း ၃.၁၄၁၆ ကို
(အနားလေးဖက်) ၄ နှင့်စားပြီး စတုရန်းကွက် ဖေါ်သည်။

အနားငါးမျက်နှာ ၆မျက်နှာနှင့် အနားများစွာ =
စတုဂံ စတုရန်း တြိဂံစသည် အကွက်စိပ် ပြီးတွက်
ရလာဒ်အားလုံးကိုပေါင်း၍ ၄၃၅၆၀ ဖြင့်စား။

"ခြံမြေကွက်အကျယ်အဝန်းအရ စိုက်ပင် တွက်နည်း"
============================
( ဒေါက်တာချစ် စိုက်ပျိုးရေး စာအုပ်မှ…. )

* (၁) လျား x နံ ရှိ စိုက်ပင် အရေအတွက်ကို မြှောက်။

* (၂) ခြံကွက်၏ လျား x နံ မြှောက်ကိန်း ÷
ပင်ခြား ကွာဝေးမြှောက်ကိန်း

မြေကွက် လျား ၃၀၀ x နံ၂၀၀ = ၆၀၀၀၀ စတုရန်းပေ
သစ်ပင် ၁၂ ပေခြား စိုက်လျှင် ၁၂ x ၁၂ = ၁၄၄
၆၀၀၀၀ ÷ ၁၄၄ = ၄၁၆ ပင်

ဖိုခနောက်ဆိုင်စိုက်လျှင် ၁၅% အပိုထွက်မည်
၄၁၆ x .၁၅ = ၆၂
၄၁၆ + ၆၂= ၄၇၈ ပင်

* ( ၃) ဧကပြည့် ( ၁ ဧက ) တွက်လျှင်

စိုက်ပင်အကွာအဝေး နှစ်ခုမြှောက်ကိန်း နှင့် ၄၃၅၆၀ ကိုစား။
စိုက်ပင်ကွာဝေး ၁၉ x ၁၉ = ၃၆၁
၄၃၅၆၀ ÷ ၃၆၁ = ၁၂၀

ဖိုခနောက်ဆိုင်စိုက်လျှင်
၁၂၀ x .၁၅ = ၁၈ ပင်ပိုထွက်
၁၂၀ + ၁၈ = ၁၃၈ ပင်

(ဝင်းမြင့် တွက်နည်း - ၁၀၀ စာအုပ်မှ ...)

#

ရန်ကုန်တိုင်းဒေသကြီးတွင် အထူးစီးပွားရေးဇုန်တစ်ခု ထပ်မံဖော်ထုတ်ရန် ဆောင်ရွက်လျက်ရှိရန်ကုန်တိုင်းဒေသကြီးတွင် အထူးစီးပွားရေ...
31/01/2020

ရန်ကုန်တိုင်းဒေသကြီးတွင် အထူးစီးပွားရေးဇုန်တစ်ခု ထပ်မံဖော်ထုတ်ရန် ဆောင်ရွက်လျက်ရှိ
ရန်ကုန်တိုင်းဒေသကြီးတွင် အထူးစီးပွားရေးဇုန်တစ်ခု ထပ်မံဖော်ထုတ်ရန် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇန်နဝါရီ ၆ ရက်က ကျောက်တန်းမြို့နယ် ကမာကလုတ်ကျေးရွာနဲ့ ကရင်ချောင် ရွာအနီး ဖွင့်လှစ်တဲ့ ဓာတ်အားခွဲရုံသစ်ဖွင့်ပွဲမှာ ပြောကြားခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် စက်မှုဇုန် ၂၉ ခုရှိနေပြီး သီလဝါအထူးစီးပွားရေးဇုန်ကိုလည်း ဆောင်ရွက်လျက်ရှိကာ ယခုထပ်မံ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း အထူးစီးပွားရေးဇုန်တစ်ခု အကောင်အထည်ဖော်ရန် ကြိုးစားနေကြောင်း သိရပါတယ်။
လက်ရှိ ဖော်ဆောင်ရန် ကြိုးစားနေတဲ့ အထူးစီးပွားရေးဇုန်သစ်နေရာမှာ ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များနှင့် ထိစပ်လျက်ရှိသည့် ဧရိယာဖြစ်ကြောင်း၊ အဆိုပါနေရာတွင် မြေဧကသောင်းချီရှိနေပြီး အထူးစီးပွားရေးဇုန်အပြင် ရေနက်ဆိပ်ကမ်းတစ်ခု ဖော်ဆောင်နိုင်ရန် အလားအလာကို လေ့လာလျက်ရှိကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ရက်က မြေပြင်လေ့လာဆန်းစစ်မှုတွေ ဆောင်ရွက်ခဲ့ပြီး ရန်ကုန်မြို့ထဲက ဆိပ်ကမ်းတွေ ပင်လယ်ဝရွှေ့ဖို့အတွက် ကော့မှူးမြို့နယ်အပိုင် သရက်တောရွာဘက်ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသစ်တစ်ခုတည်ဆောက်ဖို့လည်း ဆောင်ရွက်မှုတွေ ပြုလုပ်နေတယ်လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
ဒါ့ပြင် ရန်ကုန်မြို ၏ ဆင်ခြေဖုံးမြို့နယ်များဖြစ်တဲ့ ထန်းတပင်၊ လှည်းကူးမြို့နယ်တွေမှာ စက်မှုဇုန် ၁၁ ခုခန့် ဖော်ဆောင်မှာဖြစ်ပြီး သန်လျင်နဲ့ ကျောက်တန်းမြို့နယ်တွေမှာတော့ စက်မှုဇုန်တွေ ထပ်မံဖော်ဆောင်ဖို့ ညှိနှိုင်းနေကြောင်း သိရပါတယ်။
တိုင်းဒေသကြီးအစိုးရအနေနဲ့ ရန်ကုန်မြို့ကို အပေါ်စီးက ကြည့်တဲ့အခါ ရန်ကုန်မြစ်၏ အနောက်ဘက်ခြမ်းတွင် လယ်ကွင်းများ အများအပြားရှိနကြောင်း၊ ၎င်းလယ်ကွင်းများမှာ ဆားငန်ရေဝင်ရောက်သည့် ဧရိယာများသည့်အတွက် စိုက်ပျိုးရေးအောင်မြင်ဖြစ်ထွန်းစွာ မလုပ်နိုင်သော အနေအထားဖြစ်ကြောင်း၊
ဒါ့ကြောင့် ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များနှင့် ထိစပ်နေသည့် မြေဧရိယာပေါ်တွင် အထူးစီးပွားရေးဇုန်တစ်ခု ထပ်မံဖော်ထုတ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရပါတယ်။

Source: Myanmar Alinn Daily
Source: Industrialdirectory

တစ်ပြည်လုံးမှာရှိတဲ့ ရထားအချိန်စာရင်းတွေကိုလိုအပ်သူတွေအတွက် ဇော်ဂျီရော ယူနီပါနှစ်မျိုးလုံးနဲ့ရထားလက်မှတ် တန်ဖိုးတွေပါ တင...
17/01/2020

တစ်ပြည်လုံးမှာရှိတဲ့ ရထားအချိန်စာရင်းတွေကို
လိုအပ်သူတွေအတွက် ဇော်ဂျီရော ယူနီပါနှစ်မျိုးလုံးနဲ့
ရထားလက်မှတ် တန်ဖိုးတွေပါ တင်ပေးလိုက်ပြီ
ကိုယ်လိုရင်ရှာရတာမလွယ်လို့...။
မူရင်းတင်ပေးသူတွေကိုလည်း credit ပါ
*********************************

(ရန်ကုန် မှ မန္တလေး)

မနက်အမြန်ရထား နံနက် 6 :00 AM
ရိုးရိုးတန်း - 4650ကျပ်
အထက်တန်း - 9300ကျပ်

လေအိတ်ရထား ညနေ 3:00 PM
ရိုးရိုးတန်း - 4650ကျပ်
အထက်တန်း - 9300ကျပ်

ည အမြန်ရထား ညနေ 5:00 PM
ရိုးရိုးတန်း - 4650ကျပ်
အထက်တန်း - 9300ကျပ်

(မန္တလေး မှ ရန်ကုန်)

မနက်အမြန်ရထား မနက် 6:00 AM
ရိုးရိုးတန်း - 4650ကျပ်
အထက်တန်း -9300ကျပ်

လေအိတ်ရထား ညနေ 3:00 PM
ရိုးရိုးတန်း -4650ကျပ်
အထက်တန်း - 9300ကျပ်

ည အမြန်ရထား ညနေ 5:00 PM
ရိုးရိုးတန်း - 4650ကျပ်
အထက်တန်း - 9300ကျပ်

***********

(မန္တလေး - မြစ်ကြီးနား လမ်းပိုင်း)

မန္တလေး မှ မြစ်ကြီးနား

မန်တလာ ရထား မနကျ 8:45 AM
ရိုးရိုးတန်း - 4150ကျပ်
အထက်တန်း- 8300ကျပ်

မြစ်ဆုံ-မန္တလာရထား 11:30 AM
ရိုးရိုးတန်း - 8250ကျပ်
အထက်တန်း 16500ကျပ်

လေအိတ်ရထား 1:00 PM
ရိုးရိုးတန်း - 9300ကျပ်
အထက်တန်း- 18600ကျပ်

အထူးအမြန်ရထား 4:00 PM
ရိုးရိုးတန်း - 4150ကျပ်
အထက်တန်း- 8300ကျပ်

ဒုတိယ အမြန်ရထား 5:45 PM
ရိုးရိုးတန်း - 3500ကျပ်
အထက်တန်း- 7000ကျပ်

( မြစ်ကြီးနား မှ မန္တလေး )

အထူးအမြန်ရထား 8:15 AM
ရိုးရိုးတန်း -4150ကျပ်
အထက်တန်း -8300ကျပ်

ဒုတိယ အမြန်ရထား 9:30 AM
ရိုးရိုးတန်း-3500ကျပ်
အထက်တန်း-7000ကျပ်

မြစ်ဆုံ- မန္တလာရထား 10:30 AM
ရိုးရိုးတန်း- 8250ကျပ်
အထက်တန်း- 16500ကျပ်

လေအိတ်ရထား 12:45 PM
ရိုးရိုးတန်း-9300ကျပ်
အထက်တန်း- 18600ကျပ်

မန်တလာ ရထား 4:00 PM
ရိုးရိုးတန်း - 4150ကျပ်
အထက်တန်း- 8300ကျပ်

*********

(ရန်ကုန်- မော်လမြိုင် လမ်းပိုင်း)

ရန်ကုန်မှ မော်လမြိုင်

မနက်အမြန်ရထား 7:15 AM
ရိုးရိုးတန်း - 2150ကျပ်
အထက်တန်း- 4300ကျပ်

ထားဝယ်ရထား 6:25 PM
ရိုးရိုးတန်း- 2150ကျပ်
အထက်တန်း-4300ကျပ်

ညအမြန်ရထား 8:00 PM
ရိုးရိုးတန်း - 2150ကျပ်
အထက်တန်း-4300ကျပ်

မော်လမြိုင် မှ ရန်ကုန်

မနက်အမြန်ရထား 8:00 AM
ရိုးရိုးတန်း - 2150ကျပ်
အထက်တန်း -4300ကျပ်

ညအမြန်ရထား 7:30 PM
ရိုးရိုးတန်း - 2150ကျပ်
အထက်တန်း- 4300ကျပ်

ထားဝယ်ရထား 9:25 PM
ရိုးရိုးတန်း- 2150ကျပ်
အထက်တန်း -4300ကျပ်

********

(ရန်ကုန်- ပြည် လမ်းပိုင်း)

ရန်ကုန် မှ ပြည်

လေအိတ်အမြန်ရထား 1:00 PM
ရိုးရိုးတန်း - 1950ကျပ်

ပြည် မှ ရန်ကုန်

လေအိတ်အမြန်ရထား 10:30 PM
ရိုးရိုးတန်း - 1950ကျပ်

*********

(ရန်ကုန် - တောင်ကြီး လမ်းပိုင်း)

ရန်ကုန် မှ တောင်ကြီး

အမြန်ရထား 11:00 AM
ရိုးရိုးတန်း -4050ကျပ်
အထက်တန်း - 8100ကျပ်

တောင်ကြီး မှ ရန်ကုန်

အမြန်ရထား 8:00 AM
ရိုးရိုးတန်း - 4050ကျပ်
အထက်တန်း - 8100ကျပ်

*********

(ရန်ကုန် - ပုဂံ လမ်းပိုင်း)

ရန်ကုန် မှ ပုဂံ

အမြနိရထား 4:00 PM
ရိုးရိုးတန်း -4500ကျပ်
အထက်တန်း -12000ကျပ်

ပုဂံ မှ ရန်ကုန်

အမြန်ရထား 4:00 PM
ရိုးရိုးတန်း -4500ကျပ်
အထက်တန်း- 12000ကျပ်

***********

(ရန်ကုန် - နေပြည်တော် လမ်းပိုင်း)

ရန်ကုန် မှ နေပြည်တော်

မနက်အမြန်ရထား 8:00 AM
ရိုးရိုးတန်း -2800ကျပ်
အထက်တန်း -5600ကျပ်

ည အမြန်ရထား 9:00 PM
ရိုးရိုးတန်း -2800ကျပ်
အထက်တန်း-5600ကျပ်

နေပြည်တော် မှ ရန်ကုန်

မနက်အမြန်ရထား 8:00 AM
ရိုးရိုးတန်း- 2800ကျပ်
အထက်တန်း-5600ကျပ်

ညအမြန်ရထား 9:00 PM
ရိုးရိုးတန်း-2800ကျပ်
အထက်တနိး-5600ကျပ်

********

(နေပြည်တော် - မော်လမြိုင် လမ်းပိုင်း)

နေပြည်တော် မှ မော်လမြိုင်

အမြန်ရထား 6:00 AM
ရိုးရိုးတန်း-3400ကျပ်
အထက်တန်း-6800ကျပ်

မော်လမြိုင် မှ နေပြည်တော်

အမြနိရထား 6:15 AM
ရိုးရိုးတန်း- 3400ကျပ်
အထက်တန်း-6800ကျပ်

*******

(ပုသိမ်- ဟင်္သာတ- ကြံခင်း လမ်းပိုင်း)

ပုသိမ် မှ ကြံခင်း

အမြန်ရထား 5:00 AM
ရိုးရိုးတန်း-1800ကျပ်
အထက်တန်း-3600ကျပ်

ကြံခင်း မှ ပုသိမ်

အမြန်ရထား 4:00 AM
ရိုးရိုးတန်း-1800ကျပ်
အထက်တန်း-3600ကျပ်

*******

(မန္တလေး- မြင်းခြံ-ပုဂံ လမ်းပိုင်း)

မန္တလေး မှ ပုဂံ

အမြန်ရထား 9:00 PM
ရိုးရိုးတန်း -1450ကျပ်
အထက်တန်း-2900ကျပ်

ပုဂံ မှ မန္တလေး

အမြန်ရထား 9:00 PM
ရိုးရိုးတန်း-1450ကျပ်
အထက်တန်း-2900ကျပ်

#ထောင်ချီတဲ့ရထားစီးပြည်သူများအတွက်ပြန်ပြီးဝေမျှပေးကြပါ

Unicode

တစ်ပြည်လုံးမှာရှိတဲ့ ရထားအချိန်စာရင်း နဲ့ ရထားလက်မှတ် တန်ဖိုးတွေကို တင်ပေးလိုက်ပြီနော်
😊😊😊😊😊😊😊😊😊😊😊😊😊😊

(ရန်ကုန် မှ မန္တလေး)

မနက်အမြန်ရထား နံနက် 6 :00 AM
ရိုးရိုးတန်း - 4650ကျပ်
အထက်တန်း - 9300ကျပ်

လေအိတ်ရထား ညနေ 3:00 PM
ရိုးရိုးတန်း - 4650ကျပ်
အထက်တန်း - 9300ကျပ်

ည အမြန်ရထား ညနေ 5:00 PM
ရိုးရိုးတန်း - 4650ကျပ်
အထက်တန်း - 9300ကျပ်

(မန္တလေး မှ ရန်ကုန်)

မနက်အမြန်ရထား မနက် 6:00 AM
ရိုးရိုးတန်း - 4650ကျပ်
အထက်တန်း -9300ကျပ်

လေအိတ်ရထား ညနေ 3:00 PM
ရိုးရိုးတန်း -4650ကျပ်
အထက်တန်း - 9300ကျပ်

ည အမြန်ရထား ညနေ 5:00 PM
ရိုးရိုးတန်း - 4650ကျပ်
အထက်တန်း - 9300ကျပ်

***********

(မန္တလေး - မြစ်ကြီးနား လမ်းပိုင်း)

မန္တလေး မှ မြစ်ကြီးနား

မန်တလာ ရထား မနကျ 8:45 AM
ရိုးရိုးတန်း - 4150ကျပ်
အထက်တန်း- 8300ကျပ်

မြစ်ဆုံ-မန္တလာရထား 11:30 AM
ရိုးရိုးတန်း - 8250ကျပ်
အထက်တန်း 16500ကျပ်

လေအိတ်ရထား 1:00 PM
ရိုးရိုးတန်း - 9300ကျပ်
အထက်တန်း- 18600ကျပ်

အထူးအမြန်ရထား 4:00 PM
ရိုးရိုးတန်း - 4150ကျပ်
အထက်တန်း- 8300ကျပ်

ဒုတိယ အမြန်ရထား 5:45 PM
ရိုးရိုးတန်း - 3500ကျပ်
အထက်တန်း- 7000ကျပ်

( မြစ်ကြီးနား မှ မန္တလေး )

အထူးအမြန်ရထား 8:15 AM
ရိုးရိုးတန်း -4150ကျပ်
အထက်တန်း -8300ကျပ်

ဒုတိယ အမြန်ရထား 9:30 AM
ရိုးရိုးတန်း-3500ကျပ်
အထက်တန်း-7000ကျပ်

မြစ်ဆုံ- မန္တလာရထား 10:30 AM
ရိုးရိုးတန်း- 8250ကျပ်
အထက်တန်း- 16500ကျပ်

လေအိတ်ရထား 12:45 PM
ရိုးရိုးတန်း-9300ကျပ်
အထက်တန်း- 18600ကျပ်

မန်တလာ ရထား 4:00 PM
ရိုးရိုးတန်း - 4150ကျပ်
အထက်တန်း- 8300ကျပ်

*********

(ရန်ကုန်- မော်လမြိုင် လမ်းပိုင်း)

ရန်ကုန်မှ မော်လမြိုင်

မနက်အမြန်ရထား 7:15 AM
ရိုးရိုးတန်း - 2150ကျပ်
အထက်တန်း- 4300ကျပ်

ထားဝယ်ရထား 6:25 PM
ရိုးရိုးတန်း- 2150ကျပ်
အထက်တန်း-4300ကျပ်

ညအမြန်ရထား 8:00 PM
ရိုးရိုးတန်း - 2150ကျပ်
အထက်တန်း-4300ကျပ်

မော်လမြိုင် မှ ရန်ကုန်

မနက်အမြန်ရထား 8:00 AM
ရိုးရိုးတန်း - 2150ကျပ်
အထက်တန်း -4300ကျပ်

ညအမြန်ရထား 7:30 PM
ရိုးရိုးတန်း - 2150ကျပ်
အထက်တန်း- 4300ကျပ်

ထားဝယ်ရထား 9:25 PM
ရိုးရိုးတန်း- 2150ကျပ်
အထက်တန်း -4300ကျပ်

********

(ရန်ကုန်- ပြည် လမ်းပိုင်း)

ရန်ကုန် မှ ပြည်

လေအိတ်အမြန်ရထား 1:00 PM
ရိုးရိုးတန်း - 1950ကျပ်

ပြည် မှ ရန်ကုန်

လေအိတ်အမြန်ရထား 10:30 PM
ရိုးရိုးတန်း - 1950ကျပ်

*********

(ရန်ကုန် - တောင်ကြီး လမ်းပိုင်း)

ရန်ကုန် မှ တောင်ကြီး

အမြန်ရထား 11:00 AM
ရိုးရိုးတန်း -4050ကျပ်
အထက်တန်း - 8100ကျပ်

တောင်ကြီး မှ ရန်ကုန်

အမြန်ရထား 8:00 AM
ရိုးရိုးတန်း - 4050ကျပ်
အထက်တန်း - 8100ကျပ်

*********

(ရန်ကုန် - ပုဂံ လမ်းပိုင်း)

ရန်ကုန် မှ ပုဂံ

အမြနိရထား 4:00 PM
ရိုးရိုးတန်း -4500ကျပ်
အထက်တန်း -12000ကျပ်

ပုဂံ မှ ရန်ကုန်

အမြန်ရထား 4:00 PM
ရိုးရိုးတန်း -4500ကျပ်
အထက်တန်း- 12000ကျပ်

***********

(ရန်ကုန် - နေပြည်တော် လမ်းပိုင်း)

ရန်ကုန် မှ နေပြည်တော်

မနက်အမြန်ရထား 8:00 AM
ရိုးရိုးတန်း -2800ကျပ်
အထက်တန်း -5600ကျပ်

ည အမြန်ရထား 9:00 PM
ရိုးရိုးတန်း -2800ကျပ်
အထက်တန်း-5600ကျပ်

နေပြည်တော် မှ ရန်ကုန်

မနက်အမြန်ရထား 8:00 AM
ရိုးရိုးတန်း- 2800ကျပ်
အထက်တန်း-5600ကျပ်

ညအမြန်ရထား 9:00 PM
ရိုးရိုးတန်း-2800ကျပ်
အထက်တနိး-5600ကျပ်

********

(နေပြည်တော် - မော်လမြိုင် လမ်းပိုင်း)

နေပြည်တော် မှ မော်လမြိုင်

အမြန်ရထား 6:00 AM
ရိုးရိုးတန်း-3400ကျပ်
အထက်တန်း-6800ကျပ်

မော်လမြိုင် မှ နေပြည်တော်

အမြနိရထား 6:15 AM
ရိုးရိုးတန်း- 3400ကျပ်
အထက်တန်း-6800ကျပ်

*******

(ပုသိမ်- ဟင်္သာတ- ကြံခင်း လမ်းပိုင်း)

ပုသိမ် မှ ကြံခင်း

အမြန်ရထား 5:00 AM
ရိုးရိုးတန်း-1800ကျပ်
အထက်တန်း-3600ကျပ်

ကြံခင်း မှ ပုသိမ်

အမြန်ရထား 4:00 AM
ရိုးရိုးတန်း-1800ကျပ်
အထက်တန်း-3600ကျပ်

*******

(မန္တလေး- မြင်းခြံ-ပုဂံ လမ်းပိုင်း)

မန္တလေး မှ ပုဂံ

အမြန်ရထား 9:00 PM
ရိုးရိုးတန်း -1450ကျပ်
အထက်တန်း-2900ကျပ်

ပုဂံ မှ မန္တလေး

အမြန်ရထား 9:00 PM
ရိုးရိုးတန်း-1450ကျပ်
အထက်တန်း-2900ကျပ်

#ထောင်ချီတဲ့ရထားစီးပြည်သူများအတွက်ပြန်ပြီးဝေမျှပေးကြ

Credit: Original Writer

အိမ်ရှင်အိမ်ငှား ကိစ္စသိမှတ်ဖွယ်ရာ==============*- မြို့ပြဒေသ (Urban Area) နှင့်သက်ဆိုင်သော နေရာဒေသမှ အိမ်ငှား မြေငှားကိ...
11/01/2020

အိမ်ရှင်အိမ်ငှား ကိစ္စသိမှတ်ဖွယ်ရာ
==============
*
- မြို့ပြဒေသ (Urban Area) နှင့်သက်ဆိုင်သော နေရာဒေသမှ အိမ်ငှား မြေငှားကိစ္စရပ်တို့မှာ ၁၉၆၀ ပြည့်နှစ် ငှားရမ်းခကြီး ကြပ်ရေးအက်ဥပဒေနှင့် အကျုံးဝင် သက်ဆိုင်ပါသည်။ မြို့ပြဒေသနှင့် အကျုံးမဝင်သော ဒေသ တွင် ငှားရမ်းခြင်းဖြစ်ပါက ပစ္စည်းလွဲှပြောင်းခြင်းဥပဒေနှင့် သက်ဆိုင်ပါသည်။

- သာမန်အားဖြင့် လအလိုက် သို့မဟုတ် နှစ်အလိုက် ငှားရမ်းခြင်းတို့ကို အိမ်ရှင်နှင့် အိမ်ငှားတို့က အိမ်ငှား ပဋိညာဉ်စာချုပ်ကို ချုပ်ဆို၍ ဆောင်ရွက်ကြပါသည်။

- အင်္ဂလိပ် လ ရက်ဖြင့် ငှားရမ်းခြင်းလား (သို့) မြန်မာလ ရက်ဖြင့် ငှားရမ်းခြင်းလား အိမ်ငှားစာချုပ်တွင် တိတိကျကျ ဖော်ပြချုပ်ဆိုရန်ဖြစ်ပါသည်။

- အင်္ဂလိပ်လ ၁ ရက်နေ့မှစတင်၍ လလိုက်ငှားရမ်းခြင်းဖြစ်ပါက ၃၀ သို့မဟုတ် ၃၁ ရက်နေ့တွင်တစ်လ ဟု သတ်မှတ်ပါသည်။ လကုန်ရက်မှာ ၃၀ ဖြစ်ပါက ၃၀ ရက်နေ့ကို တစ်လဟုသတ်မှတ်ပါသည်။

- အိမ်ငှားသေဆုံးသွားပါက သေးဆုံးသူ အိမ်ငှား၏ တရားဝင်ကိုယ်စားလှယ်မှာ အိမ်ငှားဟု ဥပဒေက (By Operation of Law) အသိအမှတ်ပြုသည်။

- အိမ်ငှားသေဆုံးသွားပါက အိမ်ငှားနှင့်အတူနေသော အမွေစား အမွေခံတို့သည် ဥပဒေအရ တရားဝင် အိမ်ငှားဖြစ်သွားပါသည်။

- ပစ္စည်းလွဲှပြောင်းရေးဥပဒေ ပုဒ်မ ၁၀၅ တွင် “ A Lease of immoveable property is the transfer of the right to enjoy “ ဟုဖွင့်ဆိုထားပါသည်။

- မြို့ပြဒေသအတွင်း ငှားရမ်းခြင်းကို ရပ်စွဲ (terminate) လိုပါက အိမ်ငှားထံ ရက်သတ္တပတ် ၃ ပတ်ကုန် ဆုံးပြီး နောက် ဖယ်ရှားပေးရန် နို့တစ်စာ ပေးရမည်။ ငှားရမ်းသည့် လကုန်ဆုံးသည့် နေရက်နှင့်လည်း ကိုက်ညီ မှုရှိရန်လိုပါသည်။ မြို့ပြဒေသမဟုတ်သော နေရာဒေသအတွက် ပစ္စည်းလွဲှပြောင်းခြင်းအက်ဥပဒေပုဒ်မ ၁၀၆ အရ ၁၅ ရက်ကုန်ဆုံးပြီးနောက် ဖယ်ရှားပေးရန် နို့တစ်စာပေးရမည်။
- အိမ်ရှင်ရရန်ရှိသော အငှားခများအနက် ၃ နှစ်ကျော်လွန်သော ငှားရမ်းခများကို တောင်းဆိုရန် ကာလ စည်းကမ်းသတ်ဥပဒေအရ ဆုံးရှုံးသွားပြီးဖြစ်၍ တောင်းခံနိုင်ခွင့်ရှိမည်မဟုတ်ပါ။

- အိမ်ငှားခြင်းဟု ဆိုရာတွင် အိမ်ဆောက်ထားသော မြေကြီးလည်းပါဝင်သည်ဟု စီရင်ထုံးများက ညွှန်ပြထားပါ သည်။ အိမ်မီးလောင်သွားသော်လည်း အိမ်ငှားက ယင်း၏ အိမ်ငှားအကျိုးခံစားခွင့်ကို စွန့်လွှတ်ခြင်းမရှိက သက် ဆိုင်ရာတို့ကလည်း မီးလောင်မြေကို ပြန်လည်ချထားပေးရာတွင် နေထိုင်ခွင့်ပြုမည် ဖြစ်ပါသည်။ အိမ်ရှင်က မီး လောင်မြေပေါ်တွင် အိမ်ပြန်ဆောက်ပြီး အိမ်ငှားအား လက်မဲ့ ဖြစ်စေရန်ဆောင်ရွက်နိုင်ခွင့်မရှိပါ။

- အိမ်ကို ပြန်လည်ဆောက်လုပ်ရန် အကြောင်းပြချက်ပေးပြီး အိမ်ငှားအားဖယ်ရှားပေးရန် တရားရုံးက ဒီကရီချမှတ်ပေးသည့် အမှုတွင် အိမ်ကို တရားရုံးက သတ်မှတ်ပေးသည့်ကာလအတွင်း အိမ်သစ်ကို အိမ်ရှင်က အပြီး ဆောက်လုပ်ရပါမည်။ အိမ်ဆောက်ပြီးပါက ခံဝန်ချုပ်ပါအတိုင်း အိမ်ငှားအားပြန်တင်ပေးပါမည်။ အိမ်ငှား အား ပြန်မတင်ပါက တရားရုံးက ဒီကဒီအရ မလွဲှမသွေ အိမ်ငှားကို ပြန်လည်ဝင်ရောက် နေထိုင်ခွင့်ပြုရမည့် အပြင် ခံဝန်ချုုပ်ပယ်ဖျက်မှုအရ ခံဝန်ချုပ်ပါ ငွေသားကို အိမ်ရှင်ကပေးလျှော်စေရမည်ဟု အမိန့်ချမှတ်ရပါမည်။ ( ပုဒ်မ ၁၂ (၁) (ဂ) ကိုကြည့်ပါ။)

- အိမ်ရှင်အိမ်ငှားစာချုပ်တွင် တစ်ဆင့်ခံ အိမ်ငှားချထားခွင့် မပြုဟု အတိအလင်းပါရှိသည့် ကိစ္စတွင် အိမ် ငှားသည် တစ်ဆင့်ခံ (Sub- Tenant) ချထားပါက အိမ်ရှင်သည် အိမ်ငှားအပေါ် အိမ်ငှားစာချုပ်ပါ စည်းကမ်း ချက် ဖောက်ဖျက်မှုအရ အိမ်နှင့်လိုမှုစွဲဆိုနိုင်ခွင့်ရှိပါသည်။( ပုဒ်မ ၁၂ (၁) (က) ဒုတိယပိုင်းကိုကြည့်ပါ။)

- အိမ်ငှားအပေါ်ငှားရမ်းသည့်နေအိမ်မှ ဖယ်ရှားပေးစေလိုမှုတွင် တစ်ဆင့်ခံအိမ်ငှားအား အမှုသည်အဖြစ် ထည့်သွင်းစွဲဆိုရန် လိုအပ်မည်မဟုတ်ပါ။ အကြောင်းမှာ တရားရှုံးအိမ်ငှားကို အကြောင်းပြုပြီးနေထိုင်သူအားလုံး (မိသားစုအပါအဝင် ) ဒီကရီတွင် အကျုံးဝင်မည် (Bound by the decree) ဖြစ်၍ဖယ်ရှားနိုင်မည်ဖြစ်ပါသည်။
ကြွေးကျန်အိမ်ငှားခများ ရလိုမှုအရ အိမ်ငှားအပေါ်စွဲဆိုသည့် အိမ်နှင်လိုမှုတွင် အိမ်ငှားက ပေးရန်ရှိသာ ငှားရမ်း ခကြွေးကျန်းများကို အမှုအတွင်းဖြစ်စေ၊ တရားရုံးက သတ်မှတ်ပေးသည့် ကာလအတွင်း အပြေအကျေပေးသွင်း ပါက အိမ်ငှားငှားအား ဖယ်ရှားခြင်းမပြုနိုင်ပါ။

- ၁၉၆၀ ပြည့်နှစ် မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၅ (၁) အရ ဒီကရီအရ အိမ်ငှားက ပေးရန်ရှိသော ငှားရမ်းခများကို အရစ်ကျပေးဆောင်ခြင်းပြုရန် တရားရုံးတွင် လျှာက်ထားနိုင်ခွင့်ရှိပါသည်။ တရားရုံးကလည်း အရစ်သတ်မှတ်ပေးပြီးပေးသွင်းရမည် ဟုအမိန့်ချမှနိုင်ခွင့်ရှိပါသည်။ တရားရုံးက အရစ်ကျ ပေးဆပ်ရန်သတ်မှတ်ပေးသည် အမိန့်ကို အိမ်ငှားက ဖောက်ဖျက်ပါက အိမ်မှဖယ်ရှားပေးရန် တရားရုံးက ဆောင်ရွက်ပေးရပါမည်။

- အိမ်ရှင်အိမ်ငှားအမှုတွင် တရားရုံးအဆင့်ဆင့်တွင် အိမ်ငှားအမှုရှုံးနိမ့်ခဲ့ပြီးနောက်ငှားရမ်းခ ကြီးကြပ် ရေးအက်ဥပဒေပုဒ်မ ၁၃ (၁) အရ ငှားရမ်းခ ကြီးကြပ်ရေးဝန်ရုံးတွင် အိမ်ငှားအဖြစ်အသိအမှတ်ပြု၍ ယင်းဥပစာ တွင် ဆက်လက်နေထိုင်ခွင့်ပြုရန် လျှောက်ထားလာပါက ငှားရမ်းခ ကြီးကြပ်ရေးဝန်က တရားရုံးအိမ်ငှားအား အချင်းဖြစ်အိမ်ခန်းတွင် ဆက်လက်နေထိုင်ခွင့်ပြုပါက ဥပဒေနှင့် ညီညွှတ်သော အမိန့်ဖြစ်မည်မဟုတ်ပါ။ အကြောင်းမှာ ပုဒ် ၁၃ (၁) တွင် “အိမ်ငှားမဟုတ် စေကာမှု” ဆိုသည့်စကားရပ်တွင် အိမ်ငှားမပါဝင်ကြောင်း ယခင် နိုင်ငံတော်ကောင်စီက အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပြီးဖြစ်ပါသည်။

- ငှားရမ်းခြင်းသက်တမ်း ကုန်ဆုံးပြီးနောက် အိမ်ငှားကဖယ်ရှားမပေးဘဲ ဆက်လက်နေထိုင်ပါက “ကျုုး ကျော် နေထိုင်သူု မသတ်မှတ်နိုင်ပါ။ အချို့အမှုတွင် ငှားရမ်းခြင်းကုန်ဆုံးသဖြင့် အိမ်ငှားက ဖယ်ရှားမပေးသဖြင့် နှစ်ဘက်ညှိနိုင်းရာ ၆ လ သို့မဟုတ် ၁ နှစ် အခွင့် အမိန့်ဖြင့် နေထိုင်ခွင့်ပြုသည့် ကတိစာချုပ်ကို ချုပ်ဆို သည့် တိုင်အောင် အိမ်ငှားဟုဆိုရမည်။ ထိုသို့ ၆ လ၊ ၁ နှစ် အခွင့်အမိန့်ဖြစ်နေထိုင်ခွင့်ပြုပြီးနောက် အိမ်ငှားက ဖယ်ရှာ းမပေးပါက အခွင့်အမိန့်ဖြင့် ဖယ်ရှားပေးစေလိုမှု မစွဲဆိုနိုင်ပါ။ အိမ်ရှင်အိမ်ငှားဥပဒေအရ အိမ်ငှားအား ဖယ်ရှား ပေးစေလိုမှုသာ စွဲဆိုလျှင် form of suit မှန်ကန်ပေမည်။



(Zawgyi Version)

အိမ်ရှင်အိမ်ငှား ကိစ္စသိမှတ်ဖွယ်ရာ
===============

- မြို့ပြဒေသ (Urban Area) နှင့်သက်ဆိုင်သော နေရာဒေသမှ အိမ်ငှား မြေငှားကိစ္စရပ်တို့မှာ ၁၉၆၀ ပြည့်နှစ် ငှားရမ်းခကြီး ကြပ်ရေးအက်ဥပဒေနှင့် အကျုံးဝင် သက်ဆိုင်ပါသည်။ မြို့ပြဒေသနှင့် အကျုံးမဝင်သော ဒေသ တွင် ငှားရမ်းခြင်းဖြစ်ပါက ပစ္စည်းလွှဲပြောင်းခြင်းဥပဒေနှင့် သက်ဆိုင်ပါသည်။

- သာမန်အားဖြင့် လအလိုက် သို့မဟုတ် နှစ်အလိုက် ငှားရမ်းခြင်းတို့ကို အိမ်ရှင်နှင့် အိမ်ငှားတို့က အိမ်ငှား ပဋိညာဉ်စာချုပ်ကို ချုပ်ဆို၍ ဆောင်ရွက်ကြပါသည်။

- အင်္ဂလိပ် လ ရက်ဖြင့် ငှားရမ်းခြင်းလား (သို့) မြန်မာလ ရက်ဖြင့် ငှားရမ်းခြင်းလား အိမ်ငှားစာချုပ်တွင် တိတိကျကျ ဖော်ပြချုပ်ဆိုရန်ဖြစ်ပါသည်။

- အင်္ဂလိပ်လ ၁ ရက်နေ့မှစတင်၍ လလိုက်ငှားရမ်းခြင်းဖြစ်ပါက ၃၀ သို့မဟုတ် ၃၁ ရက်နေ့တွင်တစ်လ ဟု သတ်မှတ်ပါသည်။ လကုန်ရက်မှာ ၃၀ ဖြစ်ပါက ၃၀ ရက်နေ့ကို တစ်လဟုသတ်မှတ်ပါသည်။

- အိမ်ငှားသေဆုံးသွားပါက သေးဆုံးသူ အိမ်ငှား၏ တရားဝင်ကိုယ်စားလှယ်မှာ အိမ်ငှားဟု ဥပဒေက (By Operation of Law) အသိအမှတ်ပြုသည်။

- အိမ်ငှားသေဆုံးသွားပါက အိမ်ငှားနှင့်အတူနေသော အမွေစား အမွေခံတို့သည် ဥပဒေအရ တရားဝင် အိမ်ငှားဖြစ်သွားပါသည်။

- ပစ္စည်းလွှဲပြောင်းရေးဥပဒေ ပုဒ်မ ၁၀၅ တွင် “ A Lease of immoveable property is the transfer of the right to enjoy “ ဟုဖွင့်ဆိုထားပါသည်။

- မြို့ပြဒေသအတွင်း ငှားရမ်းခြင်းကို ရပ်စွဲ (terminate) လိုပါက အိမ်ငှားထံ ရက်သတ္တပတ် ၃ ပတ်ကုန် ဆုံးပြီး နောက် ဖယ်ရှားပေးရန် နို့တစ်စာ ပေးရမည်။ ငှားရမ်းသည့် လကုန်ဆုံးသည့် နေရက်နှင့်လည်း ကိုက်ညီ မှုရှိရန်လိုပါသည်။ မြို့ပြဒေသမဟုတ်သော နေရာဒေသအတွက် ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ ၁၀၆ အရ ၁၅ ရက်ကုန်ဆုံးပြီးနောက် ဖယ်ရှားပေးရန် နို့တစ်စာပေးရမည်။
- အိမ်ရှင်ရရန်ရှိသော အငှားခများအနက် ၃ နှစ်ကျော်လွန်သော ငှားရမ်းခများကို တောင်းဆိုရန် ကာလ စည်းကမ်းသတ်ဥပဒေအရ ဆုံးရှုံးသွားပြီးဖြစ်၍ တောင်းခံနိုင်ခွင့်ရှိမည်မဟုတ်ပါ။

- အိမ်ငှားခြင်းဟု ဆိုရာတွင် အိမ်ဆောက်ထားသော မြေကြီးလည်းပါဝင်သည်ဟု စီရင်ထုံးများက ညွှန်ပြထားပါ သည်။ အိမ်မီးလောင်သွားသော်လည်း အိမ်ငှားက ယင်း၏ အိမ်ငှားအကျိုးခံစားခွင့်ကို စွန့်လွှတ်ခြင်းမရှိက သက် ဆိုင်ရာတိ်ု့ကလည်း မီးလောင်မြေကို ပြန်လည်ချထားပေးရာတွင် နေထိုင်ခွင့်ပြုမည် ဖြစ်ပါသည်။ အိမ်ရှင်က မီး လောင်မြေပေါ်တွင် အိမ်ပြန်ဆောက်ပြီး အိမ်ငှားအား လက်မဲ့ ဖြစ်စေရန်ဆောင်ရွက်နိုင်ခွင့်မရှိပါ။

- အိမ်ကို ပြန်လည်ဆောက်လုပ်ရန် အကြောင်းပြချက်ပေးပြီး အိမ်ငှားအားဖယ်ရှားပေးရန် တရားရုံးက ဒီကရီချမှတ်ပေးသည့် အမှုတွင် အိမ်ကို တရားရုံးက သတ်မှတ်ပေးသည့်ကာလအတွင်း အိမ်သစ်ကို အိမ်ရှင်က အပြီး ဆောက်လုပ်ရပါမည်။ အိမ်ဆောက်ပြီးပါက ခံဝန်ချုပ်ပါအတိုင်း အိမ်ငှားအားပြန်တင်ပေးပါမည်။ အိမ်ငှား အား ပြန်မတင်ပါက တရားရုံးက ဒီကဒီအရ မလွှဲမသွေ အိမ်ငှားကို ပြန်လည်ဝင်ရောက် နေထိုင်ခွင့်ပြုရမည့် အပြင် ခံဝန်ချုပ်ပယ်ဖျက်မှုအရ ခံဝန်ချုပ်ပါ ငွေသားကို အိမ်ရှင်ကပေးလျှော်စေရမည်ဟု အမိန့်ချမှတ်ရပါမည်။ ( ပုဒ်မ ၁၂ (၁) (ဂ) ကိုကြည့်ပါ။)

- အိမ်ရှင်အိမ်ငှားစာချုပ်တွင် တစ်ဆင့်ခံ အိမ်ငှားချထားခွင့် မပြုဟု အတိအလင်းပါရှိသည့် ကိစ္စတွင် အိမ် ငှားသည် တစ်ဆင့်ခံ (Sub- Tenant) ချထားပါက အိမ်ရှင်သည် အိမ်ငှားအပေါ် အိမ်ငှားစာချုပ်ပါ စည်းကမ်း ချက် ဖောက်ဖျက်မှုအရ အိမ်နှင့်လိုမှုစွဲဆိုနိုင်ခွင့်ရှိပါသည်။( ပုဒ်မ ၁၂ (၁) (က) ဒုတိယပိုင်းကိုကြည့်ပါ။)

- အိမ်ငှားအပေါ်ငှားရမ်းသည့်နေအိမ်မှ ဖယ်ရှားပေးစေလိုမှုတွင် တစ်ဆင့်ခံအိမ်ငှားအား အမှုသည်အဖြစ် ထည့်သွင်းစွဲဆိုရန် လိုအပ်မည်မဟုတ်ပါ။ အကြောင်းမှာ တရားရှုံးအိမ်ငှားကို အကြောင်းပြုပြီးနေထိုင်သူအားလုံး (မိသားစုအပါအဝင် ) ဒီကရီတွင် အကျုံးဝင်မည် (Bound by the decree) ဖြစ်၍ဖယ်ရှားနိုင်မည်ဖြစ်ပါသည်။
ကြွေးကျန်အိမ်ငှားခများ ရလိုမှုအရ အိမ်ငှားအပေါ်စွဲဆိုသည့် အိမ်နှင်လိုမှုတွင် အိမ်ငှားက ပေးရန်ရှိသာ ငှားရမ်း ခကြွေးကျန်းများကို အမှုအတွင်းဖြစ်စေ၊ တရားရုံးက သတ်မှတ်ပေးသည့် ကာလအတွင်း အပြေအကျေပေးသွင်း ပါက အိမ်ငှားငှားအား ဖယ်ရှားခြင်းမပြုနိုင်ပါ။

- ၁၉၆၀ ပြည့်နှစ် မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၅ (၁) အရ ဒီကရီအရ အိမ်ငှားက ပေးရန်ရှိသော ငှားရမ်းခများကို အရစ်ကျပေးဆောင်ခြင်းပြုရန် တရားရုံးတွင် လျှာက်ထားနိုင်ခွင့်ရှိပါသည်။ တရားရုံးကလည်း အရစ်သတ်မှတ်ပေးပြီးပေးသွင်းရမည် ဟုအမိန့်ချမှနိုင်ခွင့်ရှိပါသည်။ တရားရုံးက အရစ်ကျ ပေးဆပ်ရန်သတ်မှတ်ပေးသည် အမိန့်ကို အိမ်ငှားက ဖောက်ဖျက်ပါက အိမ်မှဖယ်ရှားပေးရန် တရားရုံးက ဆောင်ရွက်ပေးရပါမည်။

- အိမ်ရှင်အိမ်ငှားအမှုတွင် တရားရုံးအဆင့်ဆင့်တွင် အိမ်ငှားအမှုရှုံးနိမ့်ခဲ့ပြီးနောက်ငှားရမ်းခ ကြီးကြပ် ရေးအက်ဥပဒေပုဒ်မ ၁၃ (၁) အရ ငှားရမ်းခ ကြီးကြပ်ရေးဝန်ရုံးတွင် အိမ်ငှားအဖြစ်အသိအမှတ်ပြု၍ ယင်းဥပစာ တွင် ဆက်လက်နေထိုင်ခွင့်ပြုရန် လျှောက်ထားလာပါက ငှားရမ်းခ ကြီးကြပ်ရေးဝန်က တရားရုံးအိမ်ငှားအား အချင်းဖြစ်အိမ်ခန်းတွင် ဆက်လက်နေထိုင်ခွင့်ပြုပါက ဥပဒေနှင့် ညီညွှတ်သော အမိန့်ဖြစ်မည်မဟုတ်ပါ။ အကြောင်းမှာ ပုဒ် ၁၃ (၁) တွင် “အိမ်ငှားမဟုတ် စေကာမှု” ဆိုသည့်စကားရပ်တွင် အိမ်ငှားမပါ၀င်ကြောင်း ယခင် နိုင်ငံတော်ကောင်စီက အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပြီးဖြစ်ပါသည်။

- ငှားရမ်းခြင်းသက်တမ်း ကုန်ဆုံးပြီးနောက် အိမ်ငှားကဖယ်ရှားမပေးဘဲ ဆက်လက်နေထိုင်ပါက “ကျုး ကျော် နေထိုင်သူု မသတ်မှတ်နိုင်ပါ။ အချို့အမှုတွင် ငှားရမ်းခြင်းကုန်ဆုံးသဖြင့် အိမ်ငှားက ဖယ်ရှားမပေးသဖြင့် နှစ်ဘက်ညှိနိုင်းရာ ၆ လ သို့မဟုတ် ၁ နှစ် အခွင့် အမိန့်ဖြင့် နေထိုင်ခွင့်ပြုသည့် ကတိစာချုပ်ကို ချုပ်ဆို သည့် တိုင်အောင် အိမ်ငှားဟုဆိုရမည်။ ထိုသို့ ၆ လ၊ ၁ နှစ် အခွင့်အမိန့်ဖြစ်နေထိုင်ခွင့်ပြုပြီးနောက် အိမ်ငှားက ဖယ်ရှာ းမပေးပါက အခွင့်အမိန့်ဖြင့် ဖယ်ရှားပေးစေလိုမှု မစွဲဆိုနိုင်ပါ။ အိမ်ရှင်အိမ်ငှားဥပဒေအရ အိမ်ငှားအား ဖယ်ရှား ပေးစေလိုမှုသာ စွဲဆိုလျှင် form of suit မှန်ကန်ပေမည်။

 #မြေဧက တွက်နည်း************************************************မြေဧက ဘယ်လိုတွက်ရသလဲ ခဏခဏ မေးလာလို့ အတတ်နိုင်ဆုံး ရှင်းလ...
28/12/2019

#မြေဧက တွက်နည်း
************************************************

မြေဧက ဘယ်လိုတွက်ရသလဲ ခဏခဏ မေးလာလို့ အတတ်နိုင်ဆုံး ရှင်းလင်းအောင် တွက်နည်းကို ဖော်ပြလိုက်ပါတယ်။ မိမိမြေကွက်ရဲ့ ပုံသဏ္ဍန်ကိုကြည့်ပြီး ဧက တွက်နိုင်ပါတယ်။

၁။ လေးနားညီ စတုရန်းပုံစံ ဖြစ်ပါက
၂၀၈.၇၁' × ၂၀၈.၇၁' = ၄၃၅၅၉.၈၆ = ၁ ဧက
ဥပမာ ~~~~
၁၀၀ ပေ ပတ်လည်အကွက် ဖြစ်လျင်
၁၀၀' × ၁၀၀' ÷ ၄၃၅၆၀=၀. ၂၂၉ ဧက

၂။ နှစ်နားညီ စတုဂံပုံစံ ဖြစ်လျှင်
(လ x န)' ÷ ၄၃၅၆၀ = __ဧက
ဥပမာ ~~~~
(၄၀'×၆၀')÷၄၃၅၆၀ = ၀.၀၅၅ ဧက
(၆၀'×၈၀')÷၄၃၅၆၀ = ၀.၁၁ ဧက
(၆၀'×၁၀၀')÷၄၃၅၆၀ = ၀.၁၃၇ ဧက
(၈၀'×၁၀၀')÷၄၃၅၆၀ = ၀.၁၈၃၆ ဧက
(၁၀၀'×၁၀၀')÷၄၃၅၆၀ = ၀. ၂၂၉ ဧက

၃။ နှစ်နားပြိုင် တြာဗီဇီယံပုံစံ ဖြစ်ပါက
ပြိုင်နားနှစ်ခုပေါင်း ÷ ၂ x နံ ÷ ၄၃၅၆၀ = ဧက
ဥပမာ ~~~~
[{(၅၀+၈၀)÷၂}×၆၀]÷၄၃၅၆၀ = ၀.၀၈၉ ဧက

၄။ တြိဂံပုံစံဖြစ်လျင်၅ x အခြေ x အမြင့် ÷ ၄၃၅၆၀ = ဧက
½ အခြေ x အမြင့် ÷ ၄၃၅၆၀ = ဧက
ဥပမာ ~~~~၅ × ၁၀၀' × ၅၀' ÷ ၄၃၅၆၀ = ၀.၀၅၇ ဧက

၅။ ထောင့်မှန် တြိဂံပုံစံဖြစ်လျှင်
အခြေ x အမြင့် = ရလာဒ် ÷ ၂ ÷ ၄၃၅၆၀
ဥပမာ ~~~~
၁၀၀' × ၅၀' = ၅၀၀၀'
၅၀၀၀ ÷ ၂ ÷ ၄၃၅၆၀ = ၀.၀၅၇ ဧက

၆။ စက်ဝိုင်းပုံစံဖြစ်လျှင်
အချင်းဝက် x အချင်းဝက် x ပိုင်ကိန်း ÷ ၄၃၅၆၀ = ဧက ဖြစ်သည်။ ထို့ကြောင့်
အချင်း x အချင်း x .၇၈၅၄ ÷ ၄၃၅၆၀ = ဧက (ပုံသေမြှောက်ကိန်း .၇၈၅၄)
(.၇၈၅၄ သည် ပိုင်ကိန်း ၃.၁၄၁၆ ကို အနားလေးဖက် ၄ နှင့်စားပြီး စတုရန်းကွက်ဖေါ်ခြင်းဖြစ်သည်)
ဥပမာ ~~~~
၅၀' × ၅၀' × .၇၈၅၄ ÷ ၄၃၅၆၀ = ၀.၀၄၅ ဧက

၇။ အနား ၅ မျက်နှာ ၆ မျက်နှာနှင့် အနားများစွာပါသော ပုံစံဖြစ်လျှင် စတုဂံ စတုရန်း တြိဂံစသည် အကွက်စိပ်ပြီးတွက်၊ ရလာဒ်အားလုံးကိုပေါင်း၍ ၄၃၅၆၀ ဖြင့်စား။

၁ ဧက = ၄၃၅၆၀ စတုရန်းပေ ဖြစ်ပါသည်။

အညွှန်း....
လ = အလျား
န= အနံ
' = ပေ
Credit :Original Writer
Posted On: Legalsearchnews

ကျူးကျော်သူကို နှင်ချင်ရင်ဘယ်လိုနှင်ရမလဲမေးလာသူသို့-(credit-ဒေါ်ခင်နုသာ)ကျူးကျော်သူအား နှင်လိုမှု-----------------------...
27/12/2019

ကျူးကျော်သူကို နှင်ချင်ရင်ဘယ်လိုနှင်ရမလဲမေးလာသူသို့-
(credit-ဒေါ်ခင်နုသာ)

ကျူးကျော်သူအား နှင်လိုမှု
--------------------------
ကျူးကျော်သူနှင်လိုမှုက သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ ၈ နဲ့ ပုဒ်မ ၉ တို့နဲ့စွဲရပါတယ်။

ပုဒ်မ ၈ နဲ့စွဲမယ်ဆိုရင်
----------------------
၁- တရားလိုက အခင်းဖြစ်ပစ္စည်းကို ပိုင်ဆိုင်ကြောင်း သို့မဟုတ် လက်ရှိဖြစ်ကြောင်း
၂- ထိုကဲ့သို့လက်ရှိ မှ လက်မဲ့ဖြစ်စေကြောင်း
၃- ထိုကဲ့သို့လက်မဲ့ဖြစ်ရခြင်းသည် အမှုကို တရားမစွဲမီ ၁၂ နှစ် အတွင်းက ဖြစ်ကြောင်း
၄- တရားပြိုင်သည် ပစ္စည်းအပေါ် ပိုင်ရေးပိုင်ခွင့် တစ်စုံတစ်ရာ မရှိကြောင်း စတဲ့ အဂါင်္ရပ်တွေနဲ့ပြည့်စုံရပါမယ်။

ပုဒ်မ ၉ နဲ့စွဲမယ်ဆိုရင်တော့
----------------------------
၁-တရားလိုသည် မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းကို လက်ရှိဖြစ်ရပါမယ်။
၂- တရားလိုအား ဥပဒေလမ်းကြောင်းအတိုင်းမဟုတ်ဘဲ ဖယ်ရှားခြင်းဖြစ်ရပါမယ်၊
၃- တရားလိုစွဲဆိုသောအမှုသည် လက်ရောက်ရလိုမှု ဖြစ်ရပါ့မယ်။
၄- တရားလိုကပစ္စည်းကို လက်လွတ်ဖြစ်သည့်အချိန်မှ ခြောက်လအတွင်းစွဲဆိုရမည်။

အမှုတန်ဖိုး။
-----------

စီရင်ပိုင်ခွင့်အလို့ငှာ အမှုတန်ဖိုးမှာ အချင်းဖြစ် ပစ္စည်း၏ တန်ဖိုးအတိုင်း အမှုတန်ဖိုးသတ်မှတ်ရပါသည်။

စွဲဆိုရမည့်တရားရုံး။
-------------------

အချင်းဖြစ်ပစ္စည်းတည်ရှိရာ ဒေသရှိ စီရင်ပိုင်ခွင့်ရှိသော တရားရုံးတွင်စွဲဆိုရမည်။(မ/ကျင့် ပုဒ်မ ၁၆(က))

ရုံးခွန်
–----

ပုဒ္မ ၈။ ။

အိမ်ဖြစ်စေ ၊ မြေဖြစ်စေ ၊ ဥယျာဉ်ဖြစ်စေ လက်ရောက်ရလိုကြောင်း စွဲဆိမှုတွင် အချင်းဖြစ်ပစ္စည်း၏ တန်ဖိုအပေါ် ဇယား ၁ ၊ အပိုဒ် -၁ ပါ နှုန်းထားအတိုင်းထမ်းဆောင်ရမည်။ ( ရုံးခွန် အက်ဥပဒေ ပုဒ်မ ၇(၅)(င) )

ကျူးကျော်သည်ဟု အဆိုရှိသောမြေမှာ မြေတစ်ကွက်လုံးမဟုတ်ပဲ ဂရံမြေ၏တစ်စိတ်တစ်ဒေသ ဖြစ်လျှင် ကာလတန်ဖိုးအလျှောက် ရုံးခွန်တော်ထမ်းဆောင်ရမည်၊ (ရုံးခွန် အက်ဥပဒေ ပုဒ်မ ၇(၅)(ဃ) )
ဒေါ်ကျင် နှင့် ဒေါ်ငွေမြ ၁၉၈၉ မတစ ၁

ပုဒ္မ ၉

မရွှေ့မပြောင်းနိုင်သည့်ပစ္စည်း လက်ဝယ်ထားပိုင်ခွင့်ပြန်ရရန် လက်ရောက်ရလိုမှုတွင် အမှုတန်ဖိုးအလျှောက် ဇယား ၁ ၊ အပိုဒ် ၁ တွင်သတ်မှတ်ထားသည့် ရုံးခွန် ၏ ထက်ဝက်ကိုသာ ထမ်းဆောင်ရပါမည်။
( ရုံးခွန် အက်ဥပဒေ ဇယား ၁၊ အပိုဒ် ၂ )

ကာလစည်းကမ်းသတ်
-----------------------
ပုဒ္မ ၈

မရွှေ့မပြောင်းနိုင်သောပစ္စည်းလက်ရောက်ရလိုကြောင်းစွဲဆိုသည့် အမှုသည် ကာလစည်းကမ်းသတ် ဥပဒေ၏ ပထမ ဇယား အမှတ်စဉ် ၁၄၂ သို့မဟုတ် အမှတ်စဉ် ၁၄၄ နှင့် သက်ဆိုင်သည်။
တရားလိုအဖြစ်တရားစွဲဆိုသူသည် အချင်းဖြစ်မြေကို လက်ရှိထားစဉ် တရားပြိုင်က ကျူးကျော်ဝင်ရောက်သဖြင့် တရားလိုက လက်မဲ့ဖြစ်လျှင် သို့မဟုတ် တရားလိုကိုယ်တိုင်က ယင်းပစ္စည်းကို လက်လွတ်လိုက်လျှင် ၊ပြန်လည်လက်ရေက်ရလိုမှု စွဲဆိုသည့်အခါ အမှတ်စဉ် ၁၄၂ အရ ဖယ်ရှားခြင်းခံရသည့် နေ့ (သို့) လက်ရှိစွန့်လွှတ်သည့်နေ့မှ ၁၂ နှစ်အတွင်း တရားစွဲဆိုရမည်ဖြစ်သည်။

ထိုသို့ မဟုတ်လျှင် တရားစွဲဆိုသူသည် အမှတ်စဉ် ၁၄၄ အရ သတ်မှတ်ထားသည့်ကာလစည်းကမ်းသတ် အတွင်းစွဲဆိုရမည်။ယင်းသို့စွဲဆိုရာ၌ မြေ လက်ရှိရယူသူ တရားပြိုင်များသည် တရားစွဲဆိုသူတရားလိုအား ဆန့်ကျင်လက်ရှိ ထားသည့်နေ့ မှ ၁၂ နှစ်အတွင်း တရားစွဲဆိုရမည်ဖြစ်သည်။

ပုဒ္မ ၉

ပစ္စည်း လက်ရှိဖြစ်နေရာ မှ လက်လွတ်ဖြစ်သည့်အခါကစ၍ ၆ လအတွင်း စွဲရသည်။တနည်းအားဖြ့် ကျူးကျော်ဝင်ရောက်သည့်နေ့ကစ၍ သို့မဟုတ် ဖယ်ရှားခံရသည့်နေ့ကစ၍ ၆ လအတွင်းစွဲဆိုရမည်၊
ကာ/စည်း သတ် ပထမဇယား အပိုဒ် ၃ စဉ် ၃
#မူရင်းပိုင်ရှင်crd

 #မှတ်သားလေ့လာသင့်သောဥပဒေများ # မူရင်းတင်သူ ဆရာကြီးဦးကြည်စိုးအား credit      ပေးပါသည်
14/12/2019

#မှတ်သားလေ့လာသင့်သောဥပဒေများ
# မူရင်းတင်သူ ဆရာကြီးဦးကြည်စိုးအား
credit ပေးပါသည်

14/12/2019
 #ဂရန်လျှောက်နိုင်သည့်မြေ1)လိုင်စင်မြေ2)ပါမစ်မြေ(သို့)လိုင်စင်မိတ္တူ3)စကွာတာမြေ #ဂရန်သစ်လျှောက်လျှင်ဘာတွေလိုလဲ 1)နိုင်ငံ...
10/12/2019

#ဂရန်လျှောက်နိုင်သည့်မြေ
1)လိုင်စင်မြေ
2)ပါမစ်မြေ(သို့)လိုင်စင်မိတ္တူ
3)စကွာတာမြေ

#ဂရန်သစ်လျှောက်လျှင်ဘာတွေလိုလဲ
1)နိုင်ငံသားစီစစ်ရေးကတ်ပြား
2)ပါမစ်(သို့)လိုင်စင်မြေ
3)မှတ်ပုံတင်စာချုပ်စာတမ်းး(စကွာတာမြေ)
4)နောက်ဆုံးပေးဆောင်ထားသည့် မြေခွန်ပြေစာ(မူရင်း) တို့နှင့်အတူဋ္ဌာနမှ သတ်မှတ်ပုံစံတွင် ဖြည့်စွက်လျှောက်ထားရမည်။

#စီစစ်/လက်ခံခြင်း
အထောက်အထားမိတ္တူများကို မူရင်းနှင့် တိုက်ဆိုင်စီစစ်ပါသည်။ တင်ပြသည့်အထောက်အထားများနှင့် မြေစာရင်းရှိ အထောက်အထားများ တူညီမှန်ကန်မှုရှိပါက မြို့နယ်ထွေ/အုပ် ဦးစီး အုပ်ချုပ်ရေးမှုးရုံးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးများတွင် (၁၄) ရက်မတွင်း ကန့်ကွက်ရန် ရှိ/မရှိ ကြော်ငြာနိုင်ပါသည်။
အမည်ပေါက် မဟုတ်ပါက #၁၄ရက်အတွင်း ကန့်ကွက်ရန်ရှိ/မရှိ ကြော်ငြာနိုင်သည်။

#ဂရန်သစ်ထုတ်ပေးခြင်း
ကန့်ကွက်မှုတစုံတရာ မရှိပါက ဋ္ဌာနမှခွင့်ပြုပေးပြီး သတ်မှတ်ဝန်ဆောင်ခများ ပေးသွင်းရပါမည်။
ပါမစ်(သို့) လိုင်စင်မူရင်းကို ဋ္ဌာနသို့အပ်နှံရပါမည်။
ဋ္ဌာနမှုးနှင့် လျှောက်ထားသူတို့သည် နှစ်ဖက်သက်သေ(၁) ဦးစီဖြင့် မြေငှားစာချုပ်ပေါ်တွင်လက်မှတ်ရေးထိုး၍ မြေငှားစာချုပ်(ဂရန်) ထုတ်ပေးပါသည်။

#ဒါတွေသင်လုပ်ရမည်
လျှောက်ထားသူသည် ရရှိသည့် မြေငှားစာချုပ်(ဂရန်)တွင် အခွန်ရုံးမှ မြန်မာနိုင်ငံတံဆိပ်ခေါင်းအခွန်ဥပဒေအရ သတ်မှတ်နှုန်းအတိုင်း အထူးကပ်တံဆိပ်ခေါင်း သွားရောက်ကပ်ရပါမည်။ မြေငှားစာချုပ်(ဂရန်) ထုတ်ပေးခံရသူအမည်ဖြင့် ၃လတစ်ကြိမ်၊ ၁နှစ် (၄)ကြိမ် စည်းကြပ်သောမြေငှားခ(မြေခွန်)ပေးဆောင်ရမည်။ သတ်မှတ်သက်တမ်းကာလ ကုန်ဆုံးသောအခါ ဂရန်စာချုပ်သက်တမ်းတိုးလျှောက်ထားရမည်။

#မြေငှားစာချုပ်(ဂရန်)ပျောက်ဆုံး/ပျက်စီးလျှင်မြေငှားဂရန်စာချုပ်မူရင်း ပျောက်ဆုံးလျှင်သော်လည်းကောင်း၊ ပျက်စီးလျှင်သော်လည်းကောင်း မြေငှားဂရန်စာချုပ်မိတ္တူ လျှောက်ထားနိုင်ပါသည်။ ထို့သို့ လျှောက်ထားလာပါက မူလအမည်ပေါက်ဖြင့်ပင်​မြေငှားစာချုပ် (ဂရန်)မိတ္တူမှန် ထုတ်ပေးပါမည်။ နိုင်ငံသားစီစစ်ရေးကတ်ပြား၊မြေငှားဂရန်စာချုပ်အမှန်တကယ် ပျောက်ဆုံးပျက်စီးကြောင်း တရားရုံးကျမ်းကျိမ်လွှာ၊ပျောက်ဆုံးခြင်းကြောင့်ဖြစ်ပါက မြို့နယ်ထွေ/အုပ် ဦးစီး အုပ်ချုပ်ရေးမှုးရုံး ထောက်ခံချက်၊ ရဲစခန်းသို့တိုင်ကြားချက်၊ မှတ်ပုံတင်စာချုပ်စာတမ်း(သို့မဟုတ်)တရားရုံးစီရင်ချက်နှင့် ဒီဂရီအရလျှောက်ထားခြင်းဖြစ်လျှင် ယင်းအထောက်အထားများ၊ နောက်ဆုံးပေးဆောင်ထားသည့် မြေခွန်ပြေစာ(မူရင်း) တို့နှင့်အတူဋ္ဌာနမှ သတ်မှတ်ပုံစံတွင် ဖြည့်စွက်၍ လျှောက်ထားရမည်။

#စီစစ်ထုတ်ပေးခြင်း
-ဋ္ဌာနမှကွင်းဆင်းစစ်ဆေးခြင်း
-မြို့နယ်ထွေ/အုပ် ဦးစီးဋ္ဌာန အုပ်ချုပ်ရေးမှုးရုံးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးများတွင် (၁၄)ရက်အတွင်း -ကန့်ကွက်နိုင်ကြောင်းကြေငြာခြင်းနှင့် သတင်းစာများတွင်သီးခြားကြေငြာခြင်းတို့ကို ပြုလုပ်ပါသည်။
-ကန့်ကွက်သူမရှိ၊ တရားရုံးအမှုအခင်းများ ကင်းရှင်းပြီး မြေပြင်တွင် ပြဿနာတစ်စုံတရာမရှိပါက ဂရန်သစ်ထုတ်ပေးစဉ်သကဲ့သို့ပင် -သတ်မှတ်ဝန်ဆောင်ခပေးသွင်းစေပြီး မြေငှားဂရန်မိတ္တူ ထုတ်ပေးပါသည်။
-မြေငှားဂရန်စာချုပ်အမှန်တကယ် ပျောက်ဆုံးပျက်စီးကြောင်း တရားရုံးကျမ်းကျိမ်လွှာ
ဂရန်မိတ္တူ တွင် အခွန်တံဆိပ်ခေါင်းကပ်ရန် မလိုပါ။

#မြေငှားစာချုပ်(ဂရန်) #သက်တမ်းတိုးခြင်း
-သတ်မှတ်သက်တမ်းကာလ ကုန်ဆုံးသောအခါ သက်တမ်းတိုးလျှောက်ထားရမည်။
-အမည်ပေါက်သူ၊ မှတ်ပုံတင်စာချုပ် အဆင့်ဆင့်ဖြင့်နောက်ဆုံးပိုင်ဆိုင်သူ၊ ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တရားရုံးစီရင်ချက်နှင့် -ဒီဂရီရထားသူကသာ လျှောက်ထားနိုင်သည်။
-ဌာနမှ သတ်မှတ်ပုံစံနှင့်အတူ နိုင်ငံသားစီစစ်ရေးကတ်ပြား၊ သက်တမ်းကုန်ဂရန်နှင့် အမည်ပေါက်ပိုင်သူမဟုတ်ပါက -ပိုင်ဆိုင်မှုစာချုပ်စာတမ်း(သို့) တရားရုံးစီရင်ချက် ဒီဂရီနှင့် နောက်ဆုံးပေးဆောင်ထားသည့် မြေခွန်ပြေစာမူရင်း တို့ဖြင့်လျှောက်ထားရမည်။
-သက်တမ်းကုန်ဆုံးသောအခါ ဂရန်အားပြန်လည်အပ်နှံရမည်ဖြစ်ပြီး ဂရန်ပျောက်ဆုံးနေပါက သတ်မှတ်ဒဏ်ကြေးငွေ ပေးဆောင်ရမည်။

#မြေငှားဂရန်စာချုပ်ခွဲစိတ်ပေးခြင်း
-သက်တမ်းရှိမြေငှားစာချုပ်ကို ဂရန်ခွဲအဖြစ်ထုတ်ပေးနိုင်ပါသည်။
-ဌာနမှ သတ်မှတ်ပုံစံနှင့်အတူ နိုင်ငံသားစီစစ်ရေးကတ်ပြား၊ ပိုင်ဆိုင်မှုအထောက်အထားများနှင့်အတူ ဋ္ဌာနမှ ခွင့်ပြုထုတ်ပေးထားသည့် -မြေကွက်ခွဲ အတည်ပြုပုံစံနှင့်မြေကွက် ခွဲစိတ်တိုင်းတာသည့်မြေပုံများတင်ပြရမည်။
-အမည်ပေါက်ကိုယ်တိုင်မှ လျှောက်ထားလျှင် သတင်းစာကြေငြာခြင်းမပြုဘဲ အမည်ပေါက်သူမှလျှောက်ထားခြင်းမဟုတ်ပါက -သတင်းစာတွင်(၁၄)ရက်အချိန်ပေး ကြေငြာပါသည်။
-ကန့်ကွက်သူမရှိပါက သတ်မှတ်ဝန်ဆောင်ခပေးသွင်းစေပြီး မြေကွက်အမှတ်အသစ်ဖြင့် ဂရန်ခွဲထုတ်ပေးပြီး မူလမြေငှားစာချုပ်အား ပြန်လည်သိမ်းယူမည်။
-မူလမြေငှားစာချုပ်(ဂရန်)၏ အစိတ်အပိုင်းကိုသာ ဂရန်ခွဲထုတ်ခြင်းဖြစ်ပါက ထို့သို့ဂရန်ခွဲထုတ်ကြောင်းကို မူလစာချုပ်ပေါ်တွင် ရေးမှတ်ပေးပါသည်။ဂရန်ခွဲထုတ်ပေးသူအမည်ဖြင့် မြေခွန်စည်းကြပ်နိုင်ရေး ဆောင်ရွက်ပါသည်။

#အမည်ပေါက်ပြောင်းလဲပေးခြင်း
-မြေပိုင်မြေ၊ မစိုက်ပျိုးသော ဘိုးဘွားပိုင်မြေ၊ ဂရန်ရှိမြေပိုင်မြေနှင့် သက်တမ်းရှိသော မြေငှားဂရန်မြေတို့ကို မြေအမည်ပေါက် ပြောင်းလဲမှတ်သားပေးပါသည်။
-ဌာနမှ သတ်မှတ်ပုံစံနှင့်အတူ နိုင်ငံသားစီစစ်ရေးကတ်ပြား၊ မြေပိုင်မြေဖြစ်ပါက အမည်ပေါက်စာချုပ်၊ ဂရန်မြေဖြစ်ပါက မြေငှားဂရန်၊ -နောက်ဆုံးပေးဆောင်ထားသည့် မြေခွန်ပြေစာ၊ စာချုပ်အဆက်ဆက်ဖြင့် ပိုင်ဆိုင်သူဖြစ်ပါက မြေငှားဂရန်၊ -နောက်ဆုံးပေးဆောင်ထားသည့် မြေခွန်ပြေစာ၊ စာချုပ်အဆက်ဆက်ဖြင့် ပိုင်ဆိုင်သူဖြစ်ပါက စာချုပ်သက်တမ်း၊ -တရားရုံးအမိန့်ရရှိထားသူဖြစ်ပါက ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ စီရင်ချက်နှင့် အမိန့်ဒီဂရီများနှင့် လျှောက်ထားရမည်။
-ဂရန်သစ်လျှောက်ထားစဉ်သကဲ့သို့ပင် စီစစ်ပြီး ကန့်ကွက်သူမရှိပါက သတ်မှတ်ဝန်ဆောင်ခပေးသွင်းစေပြီး စာချုပ်မူရင်း -(သို့မဟုတ်)မြေငှားဂရန်မူရင်းတွင် အမည်ပြောင်းလဲခြင်းမှတ်တမ်းရေးဖြည့်၍ ပြည်လည်ထုတ်ပေးမည်။
-ဂရန်မြေဖြစ်ပါက အမည်ပြောင်း၍ မြေခွန်စည်းကြပ်နိုင်ရေး ဆက်လက်ဆောင်ရွက်ပါသည်။

Credit Photo – YCDC

Credit to ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

07/12/2019
ဆောက်လုပ်ရေးဝန်ကြီးဌာနစုပေါင်းပိုင်အဆောက်အအုံစံချိန်စံညွှန်းများ သတ်မှတ်ခြင်းဆိုင်ရာ ညွှန်ကြားချက်အမှတ် (၁/၂၀၁၉)
07/12/2019

ဆောက်လုပ်ရေးဝန်ကြီးဌာန

စုပေါင်းပိုင်အဆောက်အအုံစံချိန်စံညွှန်းများ သတ်မှတ်ခြင်းဆိုင်ရာ ညွှန်ကြားချက်အမှတ် (၁/၂၀၁၉)

Address

Yangon

Telephone

+959404088278

Website

Alerts

Be the first to know and let us send you an email when Maharnwe.Real Estate services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Maharnwe.Real Estate services:

Share

Category