10/10/2025
လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း အိမ်အရောင်းအဝယ် စာချုပ်ချုပ်ဆိုရာမှာ ရန်ကုန်ရှေ့နေ နှင့် ချုပ်ဆိုခဲ့တယ် ။
ရန်ကုန်ရှေ့နေစီကို အမှုတစ်ခုတက်လာတယ်
ပါမစ်အတုတဲ့ ဓာတ်ပုံပါ အတုနော်
ပါမစ်အဝယ်တွေ သေချာစစ်ဆေးပြီးမှ
ဝယ်ယူကြပါရှင် ။
တတ်ကျွမ်းနားလည်တဲ့ အိမ်ခြံမြေ ရှေ့နေတွေနဲ့ ဂရုတစိုက် စစ်ဆေးပြီးမှ ဝယ်ယူကြပါ ။
ပါမစ်မြေ ကို ဝယ်ယူမည်ဆိုပါက အရေးကြီးဆုံး လုပ်ဆောင်သင့်သည့် အချက်များ 🤗🤗
(ခုမှ မြေကွက်စဝယ်ယူသော မိတ်ဆွေများ အတွက် ပါ)
၁။ ပါမစ်မူရင်းကို စစ်ဆေးကြည့်ရှု့ရာတွင် မူရင်းစာရွက်စာတမ်းစစ်မှန်သလား (သို့) Scan ဖတ်ထားသည့် စာရွက်စာတမ်းဖြစ်နေသလားဆိုသည်ကို ကြည့်ရှု့စစ်ဆေးရပါမည်။ အိုးအိမ်ရုံးတွင် စစ်ဆေးနိုင်သလို (လောလောဆယ် ပိတ်ထား ) ၊ အိမ်၊ခြံ
မြေ နားလည်သော ရှေ့နေ ဖြင့် စစ်ဆေး ဝယ်ယူပါ၊ ပါမစ်စာရွက်တွင်ပါဝင်သော (အမည်ပေါက်မိသားစု ဓာတ်ပုံ၊ အမည်ပေါက်ကိုယ်ရေးရာဇဝင်၊အိမ်ရာဆောက်လုပ်နေထိုင်ခွင့်၊ အမည်ပေါက်မိသားစု သန်းခေါင်စာရင်း လေးရွက်ပါရှိပါတယ်၊ ချွင်းချက်အနေဖြင့် ပါမစ်အစောင် တစ်ရာမှာ နှစ်စုံလောက်သာ ငွေသွင်းချလံ ပါပါတယ်👍
၂။ ဒုတိယအချက်အနေဖြင့် ရောင်းသူထံတွင်ရှိသော ပါမစ်သည် အမည်ပေါက်မှန် မမှန် ၊ ဂရန်လျှောက်ထား ခြင်း ရှိ မရှိကို မြို့တော်စည်ပင်တွင် စုံစမ်းစစ်ဆေးရပါမည်။ (အိုးအိမ်ရုံးတွင် စုံစမ်းစစ်ဆေးနိုင်သော်လည်း အိုးအိမ် ရုံးတွင် အမည်ပေါက်မှန်မမှန်ကိုသာ သိရှိနိုင်မည်ဖြစ်ပြီး စည်ပင်တွင် စစ်ဆေးပါက ပါမစ်မှ ဂရန်လျှောက်ထားခြင်း ရှိ မရှိ၊ ကနိ့ကွက်ထားခြင်း ရှိ၊မရှိ ကိုပါ သိနိုင်သည်ဖြစ်၍ ပါမစ်စုံစမ်းစစ်ဆေးရန်နေရာကို မြို့တော်စည်ပင်တွင် မြေရာဇဝင် စစ်ပေးရန် လိုအပ်ပါ သည်။ )တစ်ချို့ ရပ်ကွက်ပါမစ်များသည် စည်ပင်စာရင်း မရောက်ပဲ ကျန်ခဲ့တာတွေ ရှိပါတယ် ဌာနဆိုင်ရာခြင်း ကျန်ရှိနေသေးတဲ့ အလုပ်မို့ ပါမစ်မှန်ပါက စည်ပင်စာရင်း မရောက်လဲ ဂရံလျောက်လို့ ရသလို၊ ဝယ်ယူလို့ရပါတယ်
၃။ ပါမစ်မှန်ကန်ပါက သတင်းစာတွင် ကန့်ကွက်နိုင်ကြောင်း ကြော်ငြာထည့်သွင်းသင့်ပါသည်။ ( သတင်း စာတွင် ကြော်ညာထည့်သွင်းသင့်ကြောင်း အကြံပြုရခြင်းမှာ မြေကွက်နှင့် ပတ်သက်၍ အရှုပ်အရှင်း ရှိ မရှိ သိရှိနိုင် ရန်နှင့်
ရနိုင်သမျှသော အထောက်အထားများရှိနိုင်ရန်အတွက် ဖြစ်ပါသည်။ )
#အိမ်ခြံမြေAgecy
Credit To Original 🙏
#ဆောက်လုပ်ရေး