Number-One RealEstate Agent

Number-One RealEstate Agent Real Estate

မဂ်လာပါ
12/06/2024

မဂ်လာပါ

နေချင်စဖွယ်အိမ်လှလှ
09/06/2024

နေချင်စဖွယ်အိမ်လှလှ

ယနေ့ ရွှေဈေး (ဇွန် - ၁ ရက်၊ ညနေ ၄ နာရီ)Voice of Myanmar-ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၂၇ ဒေါ်လာ-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးက...
01/06/2024

ယနေ့ ရွှေဈေး (ဇွန် - ၁ ရက်၊ ညနေ ၄ နာရီ)
Voice of Myanmar

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၃၂၇ ဒေါ်လာ

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၅၂၅၀၀၀၀ ကျပ်
ဝယ်ဈေး ၅၂၁၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၅၀၅၀၀၀၀ ကျပ်
ဝယ်ဈေး ၅၀၁၀၀၀၀ ကျပ်

လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။

ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

#ရွှေစျေး

01/06/2024

နည်းပညာ

30/05/2024

မိုးကောင်းကောင်းနဲ့လွမ်းစရာဆွေးစရာပေါ့

“ဗုဒ္ဓဘာသာ၀င်တစ်ဦး၏ တစ်နေ့တာလုပ်ငန်း”•••••••••••••••••••••••••••••••••••••••••••••••••••၁။ မေတ္တာဖြင့် နိုးထခြင်း~~~~~~~...
30/05/2024

“ဗုဒ္ဓဘာသာ၀င်တစ်ဦး၏ တစ်နေ့တာလုပ်ငန်း”
•••••••••••••••••••••••••••••••••••••••••••••••••••
၁။ မေတ္တာဖြင့် နိုးထခြင်း
~~~~~~~~~~~~~~~~~~
အရုဏ်ဦးအချိန်ကာလကား နေ့တစ်နေ့၏ အစဖြစ်၏။
ထိုအချိန်ကာလတွင် ဗုဒ္ဓဘာသာ၀င်တစ်ဦးသည်
မေတ္တာဖြင့် နိုးထ၍ နေ့တစ်နေ့ကို စတင်သင့်၏။
သတ္တဝါမှန်သမျှ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ ဟု
မေတ္တာပို့ခြင်းသည် အလွန်မွန်မြတ်သော အလုပ်ဖြစ်၏။
လောကကို မေတ္တာဖြင့် ရှုမြင်ခြင်း၊ အကောင်းမြင် အမြင်ဖြင့်
စတင်နိုးထခြင်းဖြစ်၏။ ဘာသာတရားကိုထိန်းသိမ်း၍
သူတော်ကောင်းဘဝြဖင့် တစ်နေ့တာ
ဆက်လက်ရပ်တည်ခြင်းလည်း မည်၏။
ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့ခြင်း စသော
မင်္ဂလာတရားနှင့်လည်း ညီ၏။ (ဝါ) မင်္ဂလာရှိပေ၏။

ရှေးဗုဒ္ဓဘာသာ၀င်တို့သည် အရုဏ်ဦးနိုးထစ ကာလမှာ
ဘုရား၀တ်ပြုခြင်း၊ မေတ္တာပို့သခြင်း၊ ကုသိုလ်အမျှကို
ပေးဝြေခင်းဖြင့် ကြေးစည်သံတဝေ၀ လွင့်ပျံ့အောင်
ရိုက်ခတ်လေ့ရှိကြသည်။ ကြေးစည်သံသည် ဘာသာတရား
ကိုင်းရှိုင်းမှု၏ သင်္ကေတ၊ သူတော်ကောင်း၏
သဘာ၀၊ မြန်မာ့ယဉ်ကျေးမှု၏ အလှအပတစ်ခုဖြစ်၏။
ထိုအစဉ်အလာကောင်းကို ဆက်လက်ထိန်းသိမ်းသင့်ပေသည်။

(၂)။ ရတနာသုံးပါးအား ရှိခိုးခြင်း
~~~~~~~~~~~~~~~~~~~~~~
ရတနာသုံးပါးကို ရှိခိုးသည့်အခါ ထိခြင်းငါးပါး ဖြင့် ရှိခိုးရ၏။
“ခြေ၊ လက်၊ နဖူး၊ တံတောင်၊ ဒူး ငါးဦးကြမ်းမှာတည်”
ဟူသည်နှင့်အညီ ခြေဖျား၊ လက်ဖဝါး၊ နဖူး၊ တံတောင်နှစ်ဖက်၊
ဒူးနှစ်ဖက်နှင့် ကြမ်းပြင်ကို ထိပြီး ဤထိခြင်း (တည်ခြင်း)
ငါးပါးဖြင့် ရတနာသုံးပါး၏ ဂုဏ်တော်ကို ရည်မှန်း၍ -
ဗုဒ္ဓံ ပူဇေမိ (မြတ်စွာဘုရားကို ပူဇော်ပါ၏)။
ဓမ္မံ ပူဇေမိ (တရားတော်မြတ်ကို ပူဇော်ပါ၏)
သံဃံ ပူဇေမိ (သံဃာတော်မြတ်ကို ပူဇော်ပါ၏)
ဟူ၍ စိတ်ဖြင့်ဖြစ်စေ၊ နှုတ်ဖြင့် အသံထွက်
ရွတ်ဆို၍ ဖြစ်စေ ရှိခိုးဦးချရပါမည်။
ယင်းနောက် သြကာသ ကန်တော့ချိုး ဖြင့် အပြစ်ခပ်သိမ်း
ပပျောက်စေရန် ကန်တော့ရပါမည်။
(မိမိအိမ်ရှိ ဘုရားဆင်းတုတော်ရှေ့၌ ရွတ်ဆိုနိုင်ပါသည်။)

၃။ သြကာသ ကန်တော့ချိုး
~~~~~~~~~~~~~~~~~~
သွကာသ သွကာသ သွကာသ ကာယကံ ၀စီက မနောကံ
သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း
အကျိုးငှာပထမ ဒုတိယ တတိယ တစ်ကြိမ် နှစ်ကြိမ်
သုံးကြိမ်မြောက်အောင် ဘုရား ရတနာ တရားရတနာ
သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ
အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်
မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။

ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊
ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပတ္တိတရားလေးပါး၊
ဗျသနတရားငါးပါးတို့မှအခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍
မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။
မှတ်ချက် ။ ။ (ကန်တော့သူဆိုရန်) အကယ်၍
ဘုန်းကြီးထံမှာဆိုပါက ဘုန်းကြီးက ဆုပေးလျှင်
ပေးသောဆုနှင့် ပြည့်စုံရပါလို၏ ဟုဆိုရပါမည်။

(ကန်တော့ခန်းရှင်းလင်းချက် ကြည့်ရန်)

၄။ သရဏဂုံနှင့် ငါးပါးသီလတောင်းပုံ ပါဠိ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အဟံ ဘန်တေ တိသရဏနေ သဟ ပဉ်စသီလံ ဓမ်မံ ယာစာမိ၊
အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
ဒုတိယမ်ပိ အဟံ ဘန်တေ တိသရဏနေ သဟ
ပဉ္စသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
တတိယမ်ပိ အဟံ ဘန်တေ တိသရဏနေ သဟ ပဉ်စသီလံ ဓမ်မံ ယာစာမိ၊
အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

[အကယ်၍ ဘုန်းကြီးထံမှာဖြစ်ပါက ယ မဟံ ၀ဒါမိ၊
တံ ဝဒေထ (ငါဆိုသော စကားကို လိုက်ဆိုကြ) ဟု
ဘုန်းကြီးက ဆိုသောအခါ အာမ ဘန္တေ (မှန်ပါဘုရား) ဟု ကန်တော့သူကဆိုရမည်။]

“ဘုရားရှိခိုးပုံ”
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

“သရဏဂုံ ဆောက်တည်ပုံပါဠိ”
ဗုဒဓြံသရဏံ ဂစဆြာမိ။ ဓမမြံသရဏံ ဂစဆြာမိ။ သံဃံသရဏံ ဂစဆြာမိ။
ဒုတိယမပြိ ဗုဒဓြံသရဏံ ဂစဆြာမိ။ ဒုတိယမပြိ ဓမမြံသရဏံ ဂစဆြာမိ။ ဒုတိယမပြိ သံဃံသရဏံ ဂစဆြာမိ။
တတိယမပြိ ဗုဒဓြံသရဏံ ဂစဆြာမိ။ တတိယမပြိ ဓမမြံသရဏံ ဂစဆြာမိ။
တတိယမပြိ သံဃံသရဏံ ဂစဆြာမိ။
[အကယ်၍ ဘုန်းကြီးထံမှာဖြစ်ပါက တိသရဏဂမနံ ပရိပုဏ္ဏံ
(သရဏဂုံ ဆောက်တည်ခြင်းကိစ္စပြည့်စုံပြီ) ဟု
ဘုန်းကြီးက ဆိုသောအခါ အာမ ဘန္တေ (မှန်ပါဘုရား) ဟု
ကန်တော့သူကဆိုရမည်။]

“ငါးပါးသီလ ခံယူဆောက်တည်ပုံ ပါဠိ”

ပါဏာတိပါတာ ဝရေမဏိ သိက်ခာပဒံ သမာဒိယာမိ။
အဒိန်နာဒါနာ ဝရေမဏိ သိက်ခာပဒံ သမာဒိယာမိ။
ကာမသေုမိစ်ဆာစာရာ ဝရေမဏိ သိက်ခာပဒံ သမာဒိယာမိ။
မုသာဝါဒါ ဝရမဏေိ သိကခြာပဒံ သမာဒိယာမိ။
သုရာမရေယမဇ်ဇပ်ပမာဒဋ်ဌာနာ ဝရေမဏိ သိက်ခာပဒံ သမာဒိယာမိ။
[အကယ်၍ ဘုန်းကြီးထံမှာဖြစ်ပါက
တိသရဏဂမနံ သဟ ပဉ္စသီလံ ဓမ္မံ သာဓုကံ ကတွာ အပ္ပမာဒေန
သမ္ပာဒေထ (သရဏဂုံ နှင့် ငါးပါးသီလကို ကောင်းကောင်းမွန်မွန်
မမေ့မလျော့ စောင့်ရှောက်လေ) ဟု ဘုန်းကြီးက ဆိုသောအခါ
အာမဘန္တေ (မှန်ပါဘုရား) ဟု ကန်တော့သူကဆိုရမည်။]
ငါးပါးသီလဆောက်တည်ပုံ ပါဠိ ပြီး၏။

(၅)။ ရှစ်ပါးသီလတောင်းပုံ ပါဠိ
~~~~~~~~~~~~~~~~~~~~~~
သြကာသ ကန်တော့ချိုး ဆိုရန်

သရဏဂုံနှင့် ရှစ်ပါးသီလတောင်းပုံ ပါဠိ
အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ
ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
ဒုတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ
ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
တတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ
ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
နမောတဿ ဘုရားရှိခိုးပုံ ဆိုရန်

သရဏဂုံ ဆိုရန်

ရှစ်ပါးသီလခံယူဆောက်တည်ပုံပါဠိ
ပါဏာတိပါတာ ဝရေမဏိ သိက်ခာပဒံ သမာဒိယာမိ။
အဒိန်နာဒါနာ ဝရေမဏိ သိက်ခာပဒံ သမာဒိယာမိ။
အဗွဟ်မစရိယာ ဝရေမဏိ သိက်ခာပဒံ သမာဒိယာမိ။
မုသာဝါဒါ ဝရမဏေိ သိကခြာပဒံ သမာဒိယာမိ။
သုရာမရေယမဇ်ဇပ်ပမာဒဋ်ဌာနာ ဝရေမဏိ သိက်ခာပဒံ သမာဒိယာမိ။
၀ိကာလဘောဇနာ ဝရေမဏိ သိက်ခာပဒံ သမာဒိယာမိ။
နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿန မာလာ ဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
ဥစ်စာသယန မဟာသယနာ ဝရေမဏိ သိက်ခာပဒံ သမာဒိယာမိ။
ရှစ်ပါးသီလ ဆောက်တည်ပုံ ပါဠိ ပြီး၏။

၆။ ကိုးပါးသီလတောင်းပုံ ပါဠိ
~~~~~~~~~~~~~~~~~~~~~
သြကာသ ကန်တော့ချိုး ဆိုရန်

သရဏဂုံနှင့် ကိုးပါးသီလတောင်းပုံ ပါဠိ
အဟံ ဘန်တေ တိသရဏနေ သဟ န၀မသမန်နာဂတံ
ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
ဒုတိယမ်ပိ အဟံ ဘန်တေ တိသရဏနေ သဟ န၀မသမန်နာဂတံ
ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
တတိယမ်ပိ အဟံ ဘန်တေ တိသရဏနေ သဟ န၀မသမန်နာဂတံ
ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

နမောတဿ ဘုရားရှိခိုးပုံ ဆိုရန်

သရဏဂုံ ဆိုရန်
ကိုးပါးသီလခံယူဆောက်တည်ပုံပါဠိ
ပါဏာတိပါတာ ဝရေမဏိ သိက်ခာပဒံ သမာဒိယာမိ။
အဒိန်နာဒါနာ ဝရေမဏိ သိက်ခာပဒံ သမာဒိယာမိ။
အဗွဟ်မစရိယာ ဝရေမဏိ သိက်ခာပဒံ သမာဒိယာမိ။
မုသာဝါဒါ ဝရမဏေိ သိကခြာပဒံ သမာဒိယာမိ။
သုရာမရေယမဇ်ဇပ်ပမာဒဋ်ဌာနာ ဝရေမဏိ သိက်ခာပဒံ သမာဒိယာမိ။
၀ိကာလဘောဇနာ ဝရေမဏိ သိက်ခာပဒံ သမာဒိယာမိ။
နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿန မာလာ ဂန္ဓ ဝိလေပန ဓာရဏ
မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
ဥစ်စာသယန မဟာသယနာ ဝရေမဏိ သိက်ခာပဒံ သမာဒိယာမိ။
မတျတောသဟဂတနေ စတသော သဗျဗပါဏ ဘူတသေု ဖရိတှာ ဝိဟရာမိ။
ကိုးပါးသီလဆောက်တည်ပုံ ပါဠိ ပြီး၏။

၇။ အာဇီ၀ဋ္ဌမကသီလတောင်းပုံ
~~~~~~~~~~~~~~~~~~~~~~
သြကာသ ကန်တော့ချိုး ဆိုရန်

သရဏဂုံနှင့် အာဇီ၀ဋ္ဌမကသီလတောင်းပုံ ပါဠိ
အဟံ ဘန်တေ တိသရဏနေ သဟ အာဇီ၀ဋ်ဌမကသီလံ ဓမ်မံ ယာစာမိ၊
အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
ဒုတိယမ်ပိ အဟံ ဘန်တေ တိသရဏနေ သဟ အာဇီ၀ဋ်ဌမကသီလံံ ဓမ်မံ ယာစာမိ၊
အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
တတိယမ်ပိ အဟံ ဘန်တေ တိသရဏနေ သဟ အာဇီ၀ဋ်ဌမကသီလံ
ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

နမောတဿ ဘုရားရှိခိုးပုံ ဆိုရန်

သရဏဂုံ ဆိုရန်

အာဇီ၀ဋ္ဌမကသီလခံယူဆောက်တည်ပုံပါဠိ
ပါဏာတိပါတာ ဝရေမဏိ သိက်ခာပဒံ သမာဒိယာမိ။
အဒိန်နာဒါနာ ဝရေမဏိ သိက်ခာပဒံ သမာဒိယာမိ။
အဗွဟ်မစရိယာ ဝရေမဏိ သိက်ခာပဒံ သမာဒိယာမိ။
မုသာဝါဒါ ဝရမဏေိ သိကခြာပဒံ သမာဒိယာမိ။
ပိသုဏဝါစာ ဝရေမဏိ သိက်ခာပဒံ သမာဒိယာမိ။
ဖရုသဝါစာ ဝရေမဏိ သိက်ခာပဒံ သမာဒိယာမိ။
သမ်ဖပ်ပလာပါ ဝရေမဏိ သိက်ခာပဒံ သမာဒိယာမိ။
မိစ်ဆာဇီဝါ ဝရေမဏိ သိက်ခာပဒံ သမာဒိယာမိ။
အာဇီ၀ဋ္ဌမကသီလ ဆာက်တည်ပုံ ပါဠိ ပြီး၏။

၈။ ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အရဟတာဒိ န၀ဂုဏေဟိ - အရဟံအစရှိသော
ကိုးပါးသော ဂုဏ်တော်တို့နှင့်၊
သမန္နာဂတံ - ပြည့်စုံတော်မူသော၊
နာထံ - လူနတ်တို့၏ ကိုးကွယ်ရာဖြစ်တော်မူထသော၊
ဗုဒ္ဓံ - သက်တော်ထင်ရှားသဗ္ဗညု မြတ်စွာဘုရားကို
ဥဒ္ဒိဿ - ရည်မှတ်၍၊
၀ဏ္ဏ ဂန္ဗ ရသ သမ္ဗန္နံ - အဆင်းအနံ့ အရသာနှင့်ပြည့်စုံသော -
ဣမံ ပိဏ္ဍပါတံ - ဤဆွမ်းတော်ကို၊
ဣမံ ဥဒကံ - ဤသောက်တော်ရေချမ်းကို၊
ဣမံ ပုပ္ပံ - ဤပန်းကို၊
ဣမံ ပဒီပံ - ဤဆီမီးကို၊
အဟံ - ကျွန်ုပ်သည်၊ ဒေမိ ပူဇေမိ - ကပ်လှူပူဇော်ပါ၏ အရှင်ဘုရား၊
မေ - အကျွန်ုပ်၏၊ ဣဒံ ပုညံ-ဤကောင်းမှုသည်၊
အာသဝက္ခယာဝဟံ-အာသဝေါတရား လေးပါးတို့၏
ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်ဖိုလ်နိဗ္ဗာန်ကို ရွက်ဆောင်သည်၊
ဟောတု-ဖြစ်ပါစေသတည်း။
[ ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီးတို့ကို တစ်မျိုးချင်း ကပ်လှူလိုပါက မလိုအပ်သည်များကို ချန်၍ ကပ်လှူပါ။ ]

၉။ မေတ္တာပို့ခြင်း
~~~~~~~~~~~~~~
ဘုရားရှိခိုးပြီးနောက် ပရိတ်ကြီး (၁၁) သုတ်မှ
လိုရာသုတ်ကိုဖြစ်စေ၊ အန္တရာယ်ကင်းပရိတ်ဂါထာကိုဖြစ်စေ၊
အခြားမိမိတို့ ကြိုက်နှစ်သက်ရာ ပရိတ်ဂါထာများကို ဖြစ်စေ
ရွတ်ပွား၍ ဘ၀အတွက် အရံအတား ပြုလုပ်ရပါမည်။

ပရိတ်တော်အရံအတားပြုပြီးနောက်
သတ္တဝါတို့အား မေတ္တာပို့သရမည်။
အရပ်မျက်နှာ အသီးသီးကို ဖြန့်ကြက်၍ ပို့သသော
(ဒိသာဖရဏ) မေတ္တာပို့ကို ဖော်ပြပေးပါမည်။
တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အဘိဓဇမဟာရဋ္ဌဂုရု
ဘဒ်ဒန်တဝိစိတ်တသာရာဘိဝံသက
ပဋိသမ္ဘိဒါမဂ်ပါဠိတော်နှင့်အညီ
ရေးသားတော်မူသည့်မေတ္တာပို့ဖြစ်သည်။

အရပ်ဆယ်မျက်နှာ မေတ္တာဖြန့်ဝေခြင်း=
ဒိသာဖရဏ မေတ္တာဘာဝနာ ပွားနည်း။
•••••••••••••••••••••••••••••••••••••••
၁။ အရှေ့အရပ်၌ ရှိသော
အနန္တစင်္ကြာဝဠာအနန္တသတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်းငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ။

၂။ အနောက်အရပ်၌ ရှိသော
အနန္တစင်္ကြာဝဠာအနန္တသတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်းငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ။

၃။ မြောက်အရပ်၌ရှိသော
အနန္တစင်္ကြာဝဠာအနန္တသတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်းငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ။

၄။ တောင်အရပ်၌ ရှိသော
အနန ္တစင်္ကြာဝဠာ အနန ္တ သတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်းငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ။

၅။ အရှေ့တောင်ထောင့်အရပ်၌ ရှိသော
အနန္တစင်္ကြာဝဠာအနန္တသတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်းငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ။

၆။ အနောက်မြောက်ထောင့်အရပ်၌ ရှိသော
အနန္တစင်္ကြာဝဠာအနန္တသတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်းငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ။

၇။ အရှေ့မြောက် ထောင့် အရပ်၌ ရှိသော
အနန္တစင်္ကြာဝဠာအနန္တသတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်းငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ။

၈။ အနောက်တောင်ထောင့် အရပ်၌ ရှိသော
အနန္တစင်္ကြာဝဠာအနန္တသတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်းငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

၉။ အောက်အရပ်၌ ရှိသော ထက်ဝန်းကျင်
အနန ္တစင်္ကြာဝဠာ အပါယ်ဘုံသား အနန္တ သတ္တဝါ တို့ -
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်းငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

၁၀။ အထက်အရပ်၌ ရှိသော ထက်ဝန်းကျင်
အနန ္တစကြာဝဠာ အနန ္တ နတ်ဗြဟ္မာတို့ -
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်းငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

မေတ္တာဘာ၀နာ (၁၁) မျိုး

ဤမေတ္တာဘာ၀နာ (၁၁) မျိုးကား မေတ္တသုတ်
ပရိတ်တော်လာ မေတ္တာပို့နည်းဖြစ်သည်။
တိပိဋကဓရ ဓမ္မာဘဏ္ဍာဂါရိက အဘိဓဇမဟာရဋ္ဌဂုရု
ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ ဆရာတော်က
ရွတ်ဆိုလွယ်စေရန် သံပေါက်ကဗျာဖြင့် ရေးဖွဲထားပါသည်။
“မေတ္တာသုတ်လာ မေတ္တာ ဘာဝနာပွားနည်း (၁၁)နည်း။”
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••
၁။ လုံးစုံများစွာ၊ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး၊ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

၂။ ကြောက်တတ်၊ မကြောက်တတ်၊ နှစ်ရပ်များစွာ
သတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

၃။ မြင်အပ်၊ မမြင်အပ်၊ နှစ်ရပ်များစွာ၊
သတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

၄။ ဝေးနေ၊ နီးနေ၊ နှစ်ထွေများစွာ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

၅။ ဘ၀ဇာတ်ဆုံး၊ မဆုံးများစွာ၊ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

၆။ ရှည် တို အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

၇။ ကြီး ငယ် အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

၈။ ဆူ ကြုံ အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

၉။ လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။

၁၀။ အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။

၁၁။ ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။

မေတ္တာပို့ပြီး၏။

၁၀။ ဆုတောင်းအမျှဝေ
~~~~~~~~~~~~~~~~~~~~~
မေတ္တာပို့ပြီးသောအခါ အာနာပါန (ထွက်သက် ၀င်သက် ရှုမှတ်မှု)
စသော သမထကျင့်စဉ် တစ်မျိုးမျိုးကိုဖြစ်စေ၊ ဝိပဿနာကျင့်စဉ်ကိုဖြစ်စေ
ရှုမှတ်ရမည်။ လုပ်ငန်းအားလုံး ပြီးဆုံးပြီးနောက် ပြုလုပ်ပြီးသမျှ
ကုသိုလ်ကောင်းမှုနှင့် ပတ်သက်၍ ဖော်ပြလတ္တံ့ပါအတိုင်း
ဆုတောင်းပြီး အမျှဝေရမည် ဖြစ်သည်။
ဤသို့ပြုရ၊ မြတ်ပုညကြောင့်၊ ချမ်းမြအေးကြည်၊
ဘေးမဲ့မည်သည်၊ ရွှေပြည်ထုတ်ချောက်၊ လမ်းမကောက်ဘဲ၊
ရောက်ရပါလို၊ တောင်းဆုဆို၏။ ထိုထိုဘ၀၊ ကျင်လည်ရလည်း၊
ဒုက္ခဘေးဒဏ်၊ ရန်မာန်အပေါင်း၊ မကောင်းဟူသမျှ၊ မတွေ့ရဘဲ၊
သဗ္ဗဣ စ္ဆာ၊ မင်္ဂလာကို၊ ရွယ်ကာ တ တိုင်းရစေသော်။
ယနေ့ယခု၊ ပြုပြုသမျှ၊ မြတ်ဘာဂကို၊ မိဘဆရာ၊ မျိုးသဟာနှင့်၊ ကိုယ်မှာစောင့်ကြပ်၊ ကိုယ်စောင့်နတ်က၊ အရင်းစ၍၊ ရှိသမျှလုံးစုံ၊ ဘုံသုံးဆယ့်တစ်၊ ဖြစ်ဖြစ်သမျှ၊ ဝေနေယျတို့၊ ရကြပါစေ၊ ပေးငှဝေသည်၊ များထွေသာဓုခေါ်စေသော်။
ဆုတောင်းအမျှဝြေပီး၏။

-【ဗုဒ္ဓဘာသာကောင်း တစ်ယောက် နှာ၅၂ - ၆၅ မှ
ကောက်နှုတ်ပူဇော်မျှဝေပါသည်။ 】

🙏🙏🙏၃၀..၅..၂၀၂၄.🙏🙏🙏ကြာသပတေးနေ့ 🔹🔹

မြန်မာနိုင်ငံက တနသာ်ရီ ကမ်းရိုးတန်း ဒေသဘယ်လောက်လှလဲ
28/05/2024

မြန်မာနိုင်ငံက
တနသာ်ရီ ကမ်းရိုးတန်း ဒေသ
ဘယ်လောက်လှလဲ

အမှဲ့လွန် ငှက်ပျောသီးများအား လွှင့်မပစ်ပဲ သင့်ဥယျာဉ်ထဲမှာ ချိတ်ဆွဲ၍ အသုံးပြုပါ၁။ အကျိုးပြု အင်းဆက်များအား ဆွဲဆောင်တယ်- အ...
26/05/2024

အမှဲ့လွန် ငှက်ပျောသီးများအား လွှင့်မပစ်ပဲ သင့်ဥယျာဉ်ထဲမှာ ချိတ်ဆွဲ၍ အသုံးပြုပါ

၁။ အကျိုးပြု အင်းဆက်များအား ဆွဲဆောင်တယ်- အမှဲ့လွန် ငှက်ပျောသီးများရဲ့ မွှေးတဲ့ ရနံ့ဟာ လိပ်ပြာတွေ ပျားတွေ နဲ့ ladybug (ပိုးတောင်မာ)တွေကို ဆွဲဆောင်တယ်။

၂။ အဟာရကြွယ်ဝတဲ့ မြေဆွေး - အင်းဆက်တွေကို ဆွဲဆောင်ပြီးနောက် အဟာရကြွယ်ဝတဲ့ မြေဆီလွှာအတွက် ငှက်ပျောသီးအား သင့်ရဲ့ မြေဆွေးပုံထဲ ထည့်နိုင်တယ်။

၃။ သဘာဝ မြေဩဇာ - ငှက်ပျောသီး ပုပ်သိုးပျက်စီး (ဓါတ်ပြိုကွဲ)စဉ်မှာ ၎င်းဟာ မြေဆီလွှာထဲသို့ အဟာရတွေ တိုက်ရိုက် ထုတ်လွှတ်တယ်။ သဘာဝ မြေဩဇာ တခုအဖြစ် ထမ်းဆောင်တယ်။

၄။ အချို့သော ပိုးမွှားတွေကို နှင်ထုတ်တယ်- အမှဲ့လွန် ငှက်ပျောသီး ရဲ့ ပြင်းထန်တဲ့ အနံ့ဟာ ပျပိုး / ဖြုတ်စိမ်းများ နဲ့ မှက်များအား နှငျထုတျနျိုငျတယျ။

၅။ တီကောင်များ လှုပ်ရှားတက်ကြွမှုအား ထောက်ပံ့တယ် - အမှဲ့လွန် ငှက်ပျောသီးများဟာ တီကောင်များအား သင့် ဥယျာဉ်စိုက်ခင်းများဆီသို့ ဆွဲဆောင်တယ်။ ဒါကြောင့် မြေဆီလွှာ ကျန်းမာရေးကို တိုးတက်စေတယ်။

Living off the land page တွင် တင်ထားသည့် ပို့စ်အား မြန်မာလို ပြန်တင်ပါသည်။

မျက်စိကိုအေး၍စိတ်ကိုချမ်းသာနေရောပြင်ဆင်ထားပုံတွေကphoto crd
22/05/2024

မျက်စိကိုအေး၍စိတ်ကိုချမ်းသာနေရော
ပြင်ဆင်ထားပုံတွေက

photo crd

မြေကွက်ဝယ်ယူပြီးမှ အရှုပ်အရှင်းများ ဖြစ်မလာစေရန် သတိထားသင့်တဲ့ အချက် ( ၅ ) ချက်၁။ ပိုင်ဆိုင်မှု ခိုင်မာပါစေငွေပေါပေါ ရှိ...
20/05/2024

မြေကွက်ဝယ်ယူပြီးမှ အရှုပ်အရှင်းများ ဖြစ်မလာစေရန် သတိထားသင့်တဲ့ အချက် ( ၅ ) ချက်

၁။ ပိုင်ဆိုင်မှု ခိုင်မာပါစေ

ငွေပေါပေါ ရှိလို့ ဝယ်လိုက်သည်ဖြစ်စေ၊ အနှစ်နှစ်အလလ စုထားရတဲ့ ချွေးနှဲစာ ငွေလေးနဲ့ ဝယ်ယူသည်ဖြစ်စေ ဝယ်ပြီးမှတော့ လွယ်လွယ်နဲ့ ဆုံးရှုံးချင်မှာ မဟုတ်ဘူးနော်။ ဒါကြောင့် ပထမဆုံး အနေနဲ့

( က ) မိမိဝယ်ယူလိုတဲ့မြေကွက်ရဲ့ အမည်ပေါက်ဟာ ဘယ်သူလဲ၊
(ခ ) မြေပိုင်ဆိုင်မှု အထောက်အထား၊
( ဂ ) စာရွက်စာတမ်းတွေစုံ/မစုံ၊
( ဃ ) မူရင်းစစ်မှန်မှုရှိ/မရှိ၊ အရှုပ်အရှင်းကင်းမကင်း၊
( င ) မြေငှားခ ကြွေးကျန် ရှိ၊ မရှိ
( စ ) မြေပုံ/မြေရာဇဝင် နဲ့
( ဆ ) စည်ပင်သာယာ (သို့မဟုတ်) မြေစာရင်းရုံးရဲ့ နောက်ဆုံးမှတ်တမ်းမှာ ဘယ်လိုရေးသွင်းမှတ်သားထားလဲဆိုတာတွေကို တိကျရှင်းလင်းစွာ စစ်ဆေးရပါမယ်။

၂။ မြေအမျိုးအစားကို သေချာစစ်ဆေးပါ

ကိုယ်ဝယ်မယ့်မြေဟာ ဘိုးဘွားပိုင်မြေလား၊ ဂရန်မြေလား၊ မြေချမိန့်ရထားတဲ့မြေလား၊လယ်မြေလား၊ ယာမြေလား၊ မီးလောင်မြေချထားမိန့်နဲ့လား၊ ပုံစံ-၇ ရထားတဲ့မြေလား ဆိုတာ သေချာစစ်ဆေးရပါမယ်။

၃။ မြေကွက်ကို ရောင်းချသူ ဘယ်လိုပိုင်ဆိုင်ခဲ့တယ် ဆိုတာကို စစ်ဆေးပါ

မြေကွက်ပိုင်ရှင် ရောင်းချသူဟာ ကိုယ့်ရဲ့ မိတ်ဆွေရင်းကြီး ဖြစ်နေရင်တောင် သေချာစစ်ဆေးဖို့ လိုပါတယ်။ ရောင်းချသူဟာ မြေကွက်ကို အမွေရခဲ့တာလား၊ ကိုယ်တိုင်ဝယ်ယူခဲ့တာလား၊ လက်ဆောင်ရထားတာလား ဆိုတာကို သေချာစုံစမ်းဖို့ လိုပါတယ်နော်။

၄။ စာချုပ်စာတမ်း စုံ၊ မစုံ စစ်ဆေးပါ

စာချုပ်စာတမ်း စစ်ဆေးရာမှာ
ဂရန်မြေဆိုရင်
(က) မြေချထားမိန့်မူရင်း
(ခ) ငွေသွင်းပြေစာမူရင်း
(ဂ) ဂရန်စာချုပ်မူရင်း၊ မြေပုံ/မြေရာဇဝင်
(ဃ)မှတ်ပုံတင်စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများ
(ဇ) အိမ်ခွန်၊ မြေခွန်ပြေစာများ

ဘိုးဘွားပိုင်မြေဆိုရင်

(က) ဘိုးဘွားပိုင်မြေမှတ်တမ်းစာချုပ်
(ခ) မြေပုံ/မြေရာဇဝင်
(ဃ) မှတ်ပုံတင်စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများ

ပုံစံ-၇ ထုတ်ပေးထားတဲ့မြေဆိုရင်

(က) ပုံစံ-၇ မူရင်း
(ခ) မြေပုံ၊ မြေရာဇဝင်
(ဂ) ရပ်/ကျေးမှတ်တမ်း
(ဃ) စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများကို စုံအောင် စစ်ဆေးရပါမယ်။

၅။ စာချုပ်ချုပ်ဆိုခြင်း

စာချုပ်စာတမ်းတွေ စစ်ဆေးပြီးရင်တော့ စရံပေးစာချုပ်( ကတိစာချုပ် ) ချုပ်ဆိုခြင်း၊ အရောင်အဝယ် ပြုလုပ်ခြင်းအား ကန့်ကွတ်လိုသူ ရှိ၊ မရှိ သတင်းစာမှာ ကြေညာခြင်း၊ သတင်းစာမှာထည့်ပြီး စောင့်ကြည့်နေစဉ်အတွင်း အရောင်းအဝယ်စာချုပ် မှတ်ပုံတင်ခြင်း၊ မြေပုံ၊ မြေရာဇဝင် ရေးသားခြင်းတို့ လုပ်ဆောင်ရပါမယ်။ ကန့်ကွတ်သူ မပေါ်လာရင်တော့ ငွေအပြည့်ချေပြီး မြေလက်ရောက် လွှဲပြောင်းယူခြင်း၊ ဝယ်ယူတဲ့မြေနဲ့ ဆိုင်တဲ့ ပိုင်ဆိုင်မှု စာရွက်စာတမ်း (မူရင်း) အားလုံး
အခွန်ဆောင်ထားသော မှတ်တမ်းမှတ်ရာများ၊ စာချုပ်စာတမ်းများ၊ ဂရန်မူရင်း (သို့) ပုံစံ-၇ မူရင်း အစရှိတဲ့ စာရွက်စာတမ်းတွေ တစ်ခါတည်းအရယူထားရပါမယ်။

အထက်ပါအဆင့်တွေအားလုံးပြီးရင်တော့ မှတ်ပုံတင် အရောင်းအဝယ်စာချုပ် လက်ထဲရတာနဲ့ မိမိအမည်ပေါက်ပြောင်းလဲဖို့ လျှောက်ထားကာ ပိုင်ဆိုင်မှုကို ပိုမိုခိုင်မာအောင် ဆက်လက်လုပ်ဆောင်နိုင်ပါပြီ။

Credit : Ra Wai

ဆောက်လုပ်ရေးနှင့်ပတ်သက်သော ဝေါဟာရပေါင်း (၂၀၀) စုစည်းပြီးတင်ပေးလိုက်ပါတယ်ခင်ဗျ။1. Peg out -ပန္နက်2. Stake  /peg   -တိုင်င...
19/05/2024

ဆောက်လုပ်ရေးနှင့်ပတ်သက်သော ဝေါဟာရပေါင်း (၂၀၀) စုစည်းပြီးတင်ပေးလိုက်ပါတယ်ခင်ဗျ။

1. Peg out -ပန္နက်
2. Stake /peg -တိုင်ငုတ်ချွန်၊ပန္နက်တိုင်
3. Pole/Column -တိုင်
4. Concrete Pole-ကွန်ကရစ်တိုင်
5. Pillar -ဖောင်းအလှတိုင်
6. Wall -နံရံ
7. Beam -ထုတ်/ယက်မ
8. Floor -ကြမ်းခင်း /ကြမ်းပြင်
9. Balcony Floor -လသာဆောင်ကြမ်းခင်း
10. Toilet Floor - အိမ်သာကြမ်းခင်း
11. Polished Concrete -ချောမွတ်ပြောင်လက်နေသော ကွန်ကရစ်နံရံကြမ်းပြင်
12. Brick - အုတ်
13. Lime -ထုံး
14. Sand lime brick -သဲအုတ်
15. Paving brick -လမ်းခင်းအုတ်
16. Ventilation brick -ပန်းအုတ်
17. Concrete brick -ဘိလပ်မြေအုတ်(ဘောက်အုတ်)
18. Joint -နှာ(အုတ်စီ)
19. Raking back -နောက်ဆုတ်အုတ်စီနည်း
20. Stretcher -အုတ်လျား
21. Plinth level -အုတ်ခုံမျက်နှာ
22. Cement -ဘိလပ်မြေ
23. Water -ရေ
24. Sand -သဲ
25. Sand Coarse-သဲကြမ်း
26 . Sand fine -သဲနု
27. Gravel -ကျောက်စရစ်
28. Stone chipping -ကျောက်ဆန်ကွဲ
29. Marble -စကျင်ကျောက်
30. Shingle -ကျောက်စရစ်
31. Steel bar -၃မူးနှင့်အထက်ကြီးသောသံချောင်းများ
32. Steel Round Bar -ပြောင်ချောသံချောင်း
33. Steel plate -သံပြား
34. Steel flat bar -သံပြားအရှည်
35. Steel wire rod -သွတ်ကြိုး
36. Angle steel bar -ကျင်တွယ်သံချောင်း
37. Welded panels -သံဇကာ
38. Welded net -သံဇကာအသေး
39. Iron nail -သံမှို
40. Concrete nail -စတီးသံမှို
41. Bamboo -ဝါး
42. Timber -သစ်
43. Plastic rope-ပလတ်စတစ်ကြိုး
44. Nylon rope -နိုင်လွန်ကြိုး
45. Hardwood Squares -ပျဥ်(သစ်မာ)
46. Plywood -သစ်သားပြား
47. Lumber -သစ်ပွ
48. Earth -မြေကြီး
49. Dig earth -မြေကြီးတူး
50. Earth leveling construction-မြေကြီးညှိ
51. Cement earth -ဘိလပ်မြေညှိ(မျဥ်းတိုက်)
52. Construction site clearing -နေရာဌာနရှင်းလင်း
53. Hall -ဟောခန်း
54. Bedroom -အိပ်ခန်း
55. Living room -ဧည့်ခန်း
56. Shrine /Buddha room -ဘုရားခန်း
57. Dinning room -ထမင်းစားခန်း
58. Kitchen -မီးဖိူချောင်
59. Pantry -စားနပ်ရိပ်ခါထားရာအခန်း
60. Bathroom -ရေချိုးခန်း
61. Lounge room/sitting room-အပန်းဖြေခန်း
62. Basement -မြေအောက်ခန်း
63. Garage -ကား ထားရန်
64. Study -စာကြည့်ခန်း
65. Balcony -လသာဆောင်
66. Verandah -ဝရန်တာ
67. Path -လျှောက်လမ်း
68.Roof -အမိုး
69. Ceiling -မျက်နှာကျက်
70. Sheds -အဖီများ
71. Gate -ဝိုင်းဝင်တံခါး
72. Fence - ခြံစည်းရိုး
73. Letter box-အိမ်ဝန်းရှေ့စာတိုက်ပုံး
74. Door bell -အိမ်ဝန်းရှေ့ အချက်ပေးဘဲ
75. Ditch - ရေမြောင်း
76. Water tank -ရေလှောင်ကန်
77. Wattle -ဝါးကပ်
78. Metal -သတ်တု
79. Brass -ကြေးဝါ
80.Aggreate -ရောစာ
81. Marble tile -စကျင်ကျောက်ပြား
82. Marble chipping-စကျင်ကျောက်ဆန်ကွဲ
83. Abutment wall -မြေကာနံရံ
84. Chimney -မီးဖိုခေါင်းတိုင်
85. Gypsum - စကျင် သလင်းကျောက်
86. Lodedtone -သံလိုက်ကျောက်
87. Bismuth(cast iron) -သံကြွပ်
88. Chowket /door&window frame -ကျည်းဘောင်
89. Formwork -ကျောက်ပုံး
90. Flooring tile- ကျောက်ပြား
91. Span -ခန်းဖွင့်အကျယ်
92. ridge -ခေါင်ရိုး
93. ridge piece-ခေါင်ချုပ်
94. Folding door -ခေါက်တံခါး
95. Hollw brick -ခေါင်းပွအုတ်
96. Pudlog -ငြမ်းဆင့်
97. Puglog hole-ငြမ်းဆင့်ထိုးပေါက်
98. Scaffolding -ငြမ်းဆင်ခြင်း
99. Binder -ထိန်းချုပ်ဆေး
100. Ledged&battened door-ပျဥ်ထောင်တံခါး
101. Putty -ထေးဆေး
102.Turpentine -ထင်းရူးဆီ
103.Tallow -အမဲဆီ
104.Angle bracket -ထောင့်ချိုးသံပြား
105.Angle -ထောင့်မှန်ချိုး
106.Corner -ထောင့်ချိုး
107.Header-ထိပ်စီကျောက်
108.Lime concrete -ထုံးကွန်ကရစ်
109. Binder/stirrup -ထိန်းကွင်း
110.Collar truss -ဒိုင်းငယ်
111.Truss -ဒိုင်းငယ်
112.Cavity tie -နံရံချုပ်
113.Gutter -ရေတလျှောက်
114.Parapet gutter -နံရံကပ်ရေတလျှောက်
115.Valley -ရေလိမ်
116.Valley rafter -ရေလိမ်ဒိုင်း
117.Valley gutter -ရေလိမ်ရေတံလျှောက်
118.Flat or flush pointing -နှာပြည့်
119.Nosing -နှာစွန်း
120.Coping -နံရံထိပ်စီး
121.Batter -နံရံစောင်း
122.Layout plan - ပန္နက်ရိုက်ပုံစံ
123. Bond - ကွန်ကရစ်သိပ်သည်း
124.Stencil -ပုံဖော်ပြား
125.Eave board -ပန်းဆွဲ
126.Moulding (plaster)-ပြော့ကြောင်းထိုးခြင်း
127.Formwork -ပုံစံခွက်
128.Plastic emulsion paint -ပလပ်စတစ်ဆီဆေး
129.Main rod-ပင်မသံချောင်း
130.Cleat -ဖားတုံး
131.Mixing -ဖျော်စပ်ခြင်း
132.Gable -မြင့်မိုရ်
133.Glazed door -မှန်တံခါး
134.Glazed window -မှန်ကွက်ပြတင်း
135.Centre hung fanlight -မှန်လည်လေဝင်ပြတင်းပေါက်
136.Fixed fanlight -မှန်အသေတပ်ပြတင်းပေါက်
137.Barbed wire -သံဆူးကြိုး
138.Mortar -သရိုး
139.Plaster -သရွတ်
140.Plastering -သရွတ်ကျံခြင်း
141.Metal lath -သံဇကာဘိလပ်မြေ
142. Quick setting cement-အအိပ်မြန်ဘိလပ်မြေ
143.Slow setting cement -အအိပ်နှေးဘိလပ်မြေ
144.Rapid hardening cement -အမာမြန်ဘိလပ်မြေ
145. Reinforcement rod -အားကူသံချောင်း
146.Deformed reinforcement rod- အရစ်ပါသောအားကူသံချောင်း
147.Plywood -အထပ်သား
148. Balancing reservoir -ထိန်းညှိ ရေလှောင်ကန်
149. Balanced cantilever -အစွန်းထွက်ယက်မ
150. ballast - အောက်ခံကျောက်များ
151. base line -အခြေခံမျဥ်း
152. base plate -တိုင်အောင်ခံပြား
153. batten or reeper -အုတ်ကြွပ်တန်း
154. bed of pier -တိုင်ခြေ
155. bedding plate- ခံဆောင်ပြားများ
156. bond -အုတ်စီနည်း
157. bonder -တွဲဆက်ကျောက်
158.cement motar -ဘိလပ်မြေသရွတ်
159. cement sand screed -ဘိလပ်မြေ သဲ သရွတ်ခင်း
160.column footings -တိုင်ဖိနပ်
161. combined footing -တွဲဖိနပ်
162. commode step -ကမုဒ်အနင်း
163. copings -ထိပ်အုပ်
164. corble -အစွန်းထွက်
165. cornices -ပန်းကလပ်
166. corrosive -သတ္တုစားခြင်း
167. cross hair -ကန့်လန့်ဖြတ်အမှတ်
168. cross -section -ကန့်လန့်ဖြတ်အပိုင်း
169. Curved roofs -အမိုးခုံး
170. efflorescence -ဆားပွင့်ခြင်း
171. Filter bed -ရေစစ်ကန်
172. final setting of cement -ဘိလပ်မြေအပြီးသတ်အိပ်ချိန်
173. fine aggregate -ရောစာနု
174. flag stone -ကျောက်ပြား
175. fl**ge -ဖလန်းပြား
176. flat arch -ခုံးပြား
177. flight -လှေကားပြေး
178. Gypsum -ဂျစ်ပဆန်ကျောက်
179. Precast -ကြိုတင်သွန်းလောင်းခြင်း
180. rain water pipe -မိုးရေပိုက်
181.septic tank -မိလ္လာကန်
182. service reservior -ရေဝေကန်
183. setting tank -အနည်ထိုင်ကန်
184. sump -ရေစုကန်
185. spill way -ရေပိုလွှဲ
186. surplus works -ရေပိုလွှဲပိုက်
187. waste pipe -စွန့်ပစ်ရေလွှဲပိုက်
188. waste weir -ရေလွှဲဆည်
189. water seal -ရေခံ
190. wearing course-အပွန်းခံလွှာ
191. vent pipet -လေထွက်ပိုက်
192. filter bed -ရေစစ်ကန်
193.fish plate -ပိုးပြား
194. flag -stone ကျောက်ပြား
195. sun shade -နေကာမိုး
196. super -structure အထက်ပိုင်းအဆောက်အအုံ
197. support beam -ထောက်ရက်မ
198. surveying -မြေတိုင်းပညာ
199. suspended floor -အလွတ်ကြမ်းခင်း
200. suspended span -ဆိုင်းထား ခန်းဖွင့်

Credit to original Writer ✍️

Photo Credit

19/05/2024

နည်းပညာခေါတ်မှာ မိမိမြေကွက်ကိုဘယ်လိုအိမ်ဆောက်မလဲ... ?

Address

Yan King
Yangon

Alerts

Be the first to know and let us send you an email when Number-One RealEstate Agent posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Number-One RealEstate Agent:

Share

Category