နေပြည်တော် အိမ်ခြံမြေ
နေပြည်တော် အိမ်ခြံမြေ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from နေပြည်တော် အိမ်ခြံမြေ, Real Estate, South Oakalapa, Yangon.
08/08/2020
တက္ကသိုလ်ဝင်တန်းအောင်စာရင်း ဒီ Link များကနေကြည့်ပါ
ရန်ကုန်တိုင်း https://bit.ly/2C0VheD
မန္တလေးတိုင်း https://bit.ly/30rH2sD
နေပြည်တော် https://bit.ly/2BXLs0O
ဧရာဝတီတိုင်း https://bit.ly/3a1uawC
စစ်ကိုင်းတိုင်း https://bit.ly/2EWfweF
မကွေးတိုင်း https://bit.ly/33scGIk
ပဲခူးတိုင်း https://bit.ly/31m62AH
တနင်္သာရီတိုင်း https://bit.ly/3keabPT
ကချင်ပြည်နယ် https://bit.ly/3kdzAt0
ကယားပြည်နယ် https://bit.ly/31jwtHj
ကရင်ပြည်နယ် https://bit.ly/2Xu32RO
ချင်းပြည်နယ် https://bit.ly/2PnzTmT
ရခိုင်ပြည်နယ် https://bit.ly/30tzSE1
ရှမ်းပြည်နယ် https://bit.ly/30ukaZu
နိုင်ငံခြား https://bit.ly/39YoKT5
မွန်ပြည်နယ် https://bit.ly/3fsOnfS
Credit - မူရင်း
09/04/2020
ပေါ့တီးပေါ့စမနေကြပါနဲ့နော် ...
မိမိကိုယ် ကို မိမိက စပီး ဂရုစိုက်မှရမှာပါ ..
❗❗❗❗❗❗❗❗❗❗❗❗❗❗❗❗
သွေးထဲမှာ ၃၇ရက်ကြာသည်အထိ ရှိနေနိုင်ပါတယ်.
၁လကျော်ကြာပီးမှ ရောဂါလက္ခဏာ ပေါ်နိုင်မယ့်သဘောလည်းရှိပါတယ် ..👇👇👇
https://www.cbsnews.com/news/coronavirus-can-live-in-your-body-for-up-to-37-days-according-to-new-study/?fbclid=IwAR3mWKwgyAL36EpBudrlbkZJWcham_9OSYCUpaBEagEouFDr2gD5D-W_gDo။ 👈👈
❗❗❗❗❗❗❗❗❗❗❗❗❗❗❗❗
⚰️ Covid - 19 ⚰️
#ထိတိုင်းလည်းမကူးဘူး
#ဒါပေမယ့်ကူးချင်းလည်းကူးမယ်
#ကူးတိုင်းလည်းမသေဘူး
#ဒါပေမယ့်သေချင်လည်းသေမယ်
အဲ့လိုရောဂါမျိုး....
#ကိုယ်ခံအားကရောဂါပိုးကိုတိုက်မထုတ်နိုင်ရင်သေတာပဲ
❗❗❗❗❗❗❗❗❗❗❗❗❗❗❗❗
https://m.facebook.com/story.php?story_fbid=3314098998619382&id=199295433433103
‼️‼️‼️‼️‼️‼️‼️‼️‼️‼️‼️‼️‼️‼️‼️‼️
❗❗❗❗❗❗❗❗❗❗❗❗❗❗❗❗
❗❗❗❗❗❗❗❗❗❗❗❗❗❗❗❗
⚰️ Covid - 19 ⚰️
#ထိတိုင်းလည်းမကူးဘူး
#ကူးတိုင်းလည်းမသေဘူး
အဲ့လိုရောဂါမျိုး....
❗❗❗❗❗❗❗❗❗❗❗❗❗❗❗❗
နေပြည်တော်မှာ အငြိမ်းစားအမှုထမ်း ဝန်ထမ်းတွေ အငြိမ်းစားအငှားအိမ်ရာများ လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ကြေညာ--------------...
19/01/2020
နေပြည်တော်မှာ အငြိမ်းစားအမှုထမ်း ဝန်ထမ်းတွေ အငြိမ်းစားအငှားအိမ်ရာများ လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ကြေညာ
-----------------------------
နေပြည်တော်၊ဇန်နဝါရီလ-၁၈ ရက်။နေပြည်တော်ရှိ ဒက္ခိဏသီရိမြို့နယ်အတွင်းမှာ အငြိမ်းစားအမှုထမ်းဝန်ထမ်းတွေအတွက် အဆောက်အဥိီး (၁၂)ခန်းတွဲ (၅)ထပ် အဆောက်အဦ(၅)လုံး အခန်းပေါင်း(၃၀၀) တည်ဆောက်ပြီးစီးပြီဖြစ်တဲ့အတွက် အငြိမ်းစား အငှားအိမ်ရာ လျှောက်ထားနိုင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သည်ကနေ့ သတင်းထုတ်ပြန်ပါတယ်။
နေရာကတော့ ဒက္ခိဏသီရိမြို့နယ် ၊ မြို့ပတ်လမ်းနှင့် ရတနာမဥ္ဇူလမ်း အကြားရှိ မြေဧရိယာ(၃၂)ဧကပေါ်မှာဖြစ်ပြီး အငြိမ်းစားယူပြီးတဲ့ အမှုထမ်းဝန်ထမ်းများအနက် ပူးတွဲ(က)ပါ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီသူတွေကို အငှားချထားပေးရေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
အငြိမ်းစား အငှားအိမ်ရာ လျှောက်ထားလိုသူတွေဟာ ပူးတွဲ(ခ)ပါ လျှောက်လွှာပုံစံမှာ ဖြည့်စွက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာန မှတဆင့် အမြဲတမ်းအတွင်းဝန် လက်မှတ်ရေးထိုးပြီး အခန်းနေရာချထားရေးကော်မတီ ၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ရုံးအမှတ်(၄၀) ၊ နေပြည်တော်သို့ သည်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့ရမှာ ဖြစ်ပါတယ်။
အခန်းနေရာချထားရေးကော်မတီ သို့ ပေးပို့လာတဲ့အမည်စာရင်းတွေကို နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ တည်ဆောက်ရေးကော်မတီ ထံ တင်ပြအတည်ပြုချက်ရယူပြီး နေထိုင်ခွင့်ရရှိသူများစာရင်းကို အကြောင်းပြန်ကြားသွားမှာဖြစ်တယ်လို့ အသိပေး ကြေညာထာပါတယ်။
https://m.facebook.com/story.php?story_fbid=2654069561328354&id=212802105455124
💯💯💯💯💯💯💯💯💯💯💯💯💯💯💯💯
-----------------------------
နေရာကတော့ ဒက္ခိဏသီရိမြို့နယ် ၊ မြို့ပတ်လမ်းနှင့် ရတနာမဉ္ဇူလမ်း အကြားရှိ မြေဧရိယာ(၃၂)ဧကပေါ်မှာဖြစ်ပြီး အငြိမ်းစားယူပြီးတဲ့ အမှုထမ်းဝန်ထမ်းများအနက် ပူးတွဲ(က)ပါ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီသူတွေကို အငှားချထားပေးရေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
04/06/2019
" အမှန်တကယ်မလုပ်ဘဲ စာရင်းသာတင်ထားသည့် မြေကိစ္စစိစစ်မှု နေပြည်တော်၌ စတင်မည် "
လုပ်ငန်းဆောင်ရွက်နေသည်၊ ပြီးစီးပြီ စသဖြင့် စာရင်းတင်ထားသော်လည်း အမှန်တကယ် လုပ်ကိုင်ခြင်းမရှိ သည့် မြေလွတ်၊ မြေလပ်နှင့် မြေ ရိုင်းစိစစ်မှုကို အုပ်ချုပ်ရေး မြို့ တော် နေပြည်တော်တွင် စတင် မည်ဟု မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်(၉) အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေက ပြောသည်။
‘‘ဌာနဆိုင်ရာက လိမ်ထားတာတွေ။ သူတို့က စီမံကိန်းအကောင်အထည်ဖော်ပြီးသားပါလို့ လိမ်ပြီးတော့တင်ထားတယ်။ ဘာလို့ လိမ်တင်ထားလဲဆိုတာက တော့ အဲဒီလုပ်ကွက်တွေ ယူထားတဲ့ သူတွေက အရင်တာဝန်ကြီး ကြီးယူခဲ့တဲ့ သူတွေဖြစ်တဲ့အခါကျ တော့ လိမ်တင်ထားတယ်’’ဟု​ ၎င်းက ပြောသည်။
စစ်ဆေးမှုကို ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖွဲ့စည်းထားသည့် မြေလွတ်၊ မြေလပ်၊ မြေ ရိုင်းများ ကွင်းဆင်းစစ်ဆေးရေး အထူးအဖွဲ့က ဆောင်ရွက်မည် ဖြစ်သည်။
ထိုသို့ စီမံကိန်းအကောင်အ ထည်ဖော်ခြင်းမရှိသေးသည့် နေ ပြည်တော်ရှစ်မြို့နယ်ရှိ နေရာများ ကို စစ်ဆေးရန် မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟို အဖွဲ့သို့ တင်ပြရာ ခွင့်ပြု၍ လာမည့် တစ်ပတ်အတွင်း (ဧပြီ ၂၄ ရက်) စတင်စစ်ဆေးနိုင်ဖွယ် ရှိကြောင်း စစ်ဆေးရေးအထူးအဖွဲ့တွင် ပါဝင်သူ ဦးမောင်မောင်ဆွေက ရှင်းပြသည်။
‘‘လုပ်ငန်းစဉ်ပါတဲ့အတိုင်း မဆောင်ရွက်တဲ့ လုပ်ငန်းရှင်တွေ ကို ဥပဒေအတိုင်း အရေးယူပြီးတော့ အဲဒါကို အစိုးရမြေအဖြစ် သတ်မှတ်ပြီးတဲ့အခါမှ ဒေသခံ တောင်သူတွေကို သေချာစိစစ်ပြီး တကယ်လုပ်ဆောင်မယ့် တောင်သူတွေလက်ထဲ ပြန်ထည့်မှာဆို တော့ မြေမရှိတဲ့ တောင်သူတွေ မြေရသွားမှာပေါ့’’ဟု တောင်သူ လယ်သမားအရေး ဆောင်ရွက်နေသူ ကိုထွန်းဝင်းက ပြောသည်။
တစ်နိုင်ငံလုံးတွင်ခွင့်ပြုထား သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဧက နှစ်သန်းသုံးသိန်းရှိပြီး အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်မှု မရှိသော ဧက ၁ ဒသမ ၃၇ သန်းကို ပြန်လည်သိမ်းယူထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဒီဇင်ဘာတွင် လွှတ်တော်၌ ဖြေကြားထားဖူးသည်။
Credit: 7Daydaily
https://www.imyanmarhouse.com/news/read/822169
04/06/2019
" နေပြည်တော်မှကျူး ၉၀ဝ ကျော်အတွက် မြေ (သို့မဟုတ်) တိုက်ခန်းများစီစဉ်ပေးရန်ရှိ "
=========================================================
နေပြည်တော် စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်းရှိ ကျူးကျော်များ၊ အိုးခွဲအိမ်ခွဲများနှင့်မြေအစားမရသေး သူများအတွက် မြေကွက် ချပေးခြင်းသို့မဟုတ် အဆောက်အဦးဆောက်ကာ တိုက်ခန်း ပေးရန်အစီအစဉ်ရေးဆွဲနေကြောင်း စည်ပင်သာယာရေးကော်မတီမှ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်ကပြောသည်။
'' ဒီကျူးကျော်တင်မက၊ အိုးခွဲအိမ်ခွဲများ၊ အချို့မြေအစားမရသေးတဲ့သူတွေအတွက်ကိုလည်း စီစဉ်ဖို့အတွက် Planing ပြန်လုပ်နေပါတယ်။ အဲဒီ Planning ထွက်လာတဲ့အပေါ်မှာ မြေကွက်တွေပေးမှာလား၊ အထပ်မြင့်အဆောက်အဦးတွေဆောက်ပြီး ဆောင်ရွက်ပေးမလားဆိုတာတော့ မူဝါဒမထွက်သေးပါဘူး''ဟု မေ ၁၅ ရက်နေ့ကကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲ တွင် ၄င်းကပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါမြေကွက် သို့မဟုတ် တိုက်ခန်းပေးမည့်အစီအစဉ်ကိုလည်း ယခုအစိုးရသက်တမ်းအတွင်းတွင်ပင်ဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။
နေပြည်တော် ရှိကျူးကျော်နေထိုင်သူများမှ နေပြည်တော်တည်ဆောက်ရေးကာလအတွင်း အခြားဒေသအသီးသီးမှ လာရောက်ကာ နေထိုင်လုပ်ကိုင်ခဲ့ကြသူများဖြစ်ပြီး ၄င်းတို့သည်နေရပ်သို့မပြန်တော့ဘဲ နေပြည်တော်စည်ပင်သာယာရေး ကော်မတီပိုင်မြေဧရိယာများအတွင်း ဖြစ်သလိုနေထိုင်လျက်ရှိသူများဖြစ်သည်။
ထို့အပြင် နေပြည်တော်မတည်ဆောက်ခင်ကတည်းက လာရောက်ကာ ကျူးကျော်နေထိုင်သူများလည်းရှိနေသည်။
'' ပျဉ်းမနားကနေ လယ်ဝေးဘက်အထွက်မှာပေါ့။ အဲဒီမှာ ကြွက်တဲဆိုတာရှိတယ်။ သူတို့ကဟိုးအရင်ကတည်းက ဆည်မြောင်းဖောက်တဲ့လုပ်ငန်းခွင်ကို အညာကနေရောက်လာကြတာ။ ခုထိလည်း ကျူးကျော်လိုပဲနေနေကြတယ်''ဟု သပြေ လှရပ်ကွက်နေ ကိုနေစိုးကပြောသည်။
မြေအစားမရသေးသူများမှာ နေပြည်တော်တည်ဆောက်ရေးကာလအတွင်း မြို့ပြစီမံကိန်းနှင့်မလွတ်သဖြင့် နေအိမ် ရွှေ့ပြောင်းပေးခဲ့ရသူများဖြစ်ကြောင်းသိရသည်။ သို့သော်လည်း ယခင်အစိုးရလက်ထက်များကတည်းက မြေအစားပြန်ပေးခဲ့မှုများလည်း အများအပြားရှိခဲ့သောကြောင့် သေချာပြန်စီစစ်ရမည်ဖြစ်ကြောင်းလည်း နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးမင်းသူကပြောကြားထားသည်။
Credit: The Myanmar Times
https://www.imyanmarhouse.com/news/read/827449
04/06/2019
နေပြည်​​တော်​ ဥတ္တရသီရိ အိုးရှင်းနားရှိအိမ်တွင်စုပေါင်းနေထိုင်မည့် အမျိုးသမီးအခန်းဖော် ၂ ဦးအလိုရှိသည်။
အိပ်ခန်း ၃ ခန်းပါသည်။
အသေးစိတ်သိလိုပါက ဖုန်းနံပါတ် 09428628688သို့ဆက်သွယ်နိုင်ပါသည်။
12/05/2019
09/12/2018
 #နေပြည်တော်အကြောင်း(နေပြည်တော်အကြောင်း သိကောင်းစရာ)(written by မောင်ထက်)****************************နေပြည်တော်မြို့သည်...
17/09/2018
#နေပြည်တော်အကြောင်း
(နေပြည်တော်အကြောင်း သိကောင်းစရာ)
(written by မောင်ထက်)
****************************
နေပြည်တော်မြို့သည် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သော မြန်မာနိုင်ငံ၏ ဗဟိုတွင်တည်ရှိပြီး အရှေ့ဘက်တွင် ရှမ်းရိုးမနှင့် အနောက်ဘက်တွင် အလယ်ရိုးမ(ခေါ်) ပဲခူးရိုးမကြားတွင်တည်ရှိသည်။ မန္တလေးတိုင်း ရမည်းသင်းခရိုင် ပျဉ်းမနားမြို့၏ အနောက်ဘက် (၃) ကီလိုမီတာ အကွာတွင် မြို့တော်သစ်အဖြစ် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီအစိုးရ လက်ထက် (၂၀၀၂)ခုနှစ်နှောင်းပိုင်းတွင် စတင်တည်ဆောက်ခဲ့ပြီး
(၂၀၀၆)ခုနှစ်တွင် မြို့တော်အဖြစ်ပေါ်ပေါက်ခဲ့သော မြို့တော်သစ်ဖြစ်သည်။ (၂၀၀၉) ခုနှစ် နိုဝင်ဘာလ(၁၁)ရက်နေ့တွင် ယခင်အစိုးရရုံးစိုက်သော ရန်ကုန်မြို့မှ ၀န်ကြီးဌာနများအားလုံး
ကို မြို့တော်သစ် နေပြည်တော်သို့ ပြောင်းရွှေ့ခဲ့သည်။
နေပြည်တော်ပြည်ထောင်စုနယ်မြေ ကို နိုင်ငံတော်၏ ဗဟိုချက်မျက်နှာစာတွင် မြို့တော်အင်္ဂါရပ်နှင့်အညီ နိုင်ငံတကာအဆင့်မီ တည်ဆောက်ထားပြီး ရန်ကုန်-နေပြည်တော်-မန္တလေးလမ်းနှင့် အခြားအဝေးပြေးလမ်းများ မှတဆင့် ကိုယ်ပိုင်မော်တော်ယာဉ် (သို့) အဝေးပြေးကားဖြင့်သော်လည်းကောင်း၊ နေပြည်တော်ဘူတာကြီးမှ မီးရထားခရီးစဉ်များဖြင့်လည်းကောာင်း၊ နေပြည်တော်လေဆိပ်မှ လေကြောင်းလမ်းဖြင့်လည်းကောင်း အဆင်ပြေစွာ လာရောက်နိုင်ပါသည်။
**************************
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA Game)ပွဲ ကြီးကိုလည်း ၂၀၁၃ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် နေပြည်တော်တွင်ကျင်းပခဲ့ပါသည်။ နိုင်ငံတော်ထိပ်သီ်းအစည်းအဝေးပွဲများ၊ အာဆီယံထိပ်သီးအစည်းအဝေးပွဲများ ကျင်းပခဲ့ပြီး အစည်းအဝေးပွဲများ၊ ညီလာခံများ၊ ပြပွဲများကျင်းပခဲ့ပြီး
နိုင်ငံတကာ သံရုံးများနှင့် / UN/ INGO ရုံးများ မကြာမှီ နေပြည်တော်တို့ ပြောင်းရွှေ့လာမည်ဖြစ်သည်
JICA မှ နေပြည်တော်ကို ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နိုင်သော Green City အဖြစ်ဖွံ့ဖြိုးလာစေရန်အတွက် ကူညီပံ့ပိုးနေသည်။
*************************
#(၈)လမ်းသွားလမ်းမကျယ်ကြီးများရှိခြင်း
#(၁၂)လမ်းသွားလမ်းမကြီးများရှိခြင်း
လမ်းမကြီးများကိုလည်း လှပသော Landscape များဖြင့်တန်ဆာဆင်ထားပြီး စိမ်းလမ်းစိုပြေစွာတွေ့ရခြင်း
#ယာဉ်ကျောကျပ်တည်းမှုမရှိခြင်း
လေကောင်းလေသန့်ရခြင်း
#လုံခြုံမှုအပြည့်ရှိခြင်း
#ရေ-မီး မှန်ကန် ကောင်းမွန်မှုရှိပြီး
#မြေဈေးများ သက်သာခြင်း
အေးချမ်းသာယာမှုရှိပြီး
မြန်မာနိုင်င်ငံတစ်ဝှမ်း မည်သည့်မြို့ကိုမဆို သွားလာရလွယ်ကူသော နေရာတွင်ရှိသော နေပြည်တော်မြို့တော်ကို
ဒက္ခိဏခရိုင်၊ ဥတ္တရခရိုင် ဟူသော ခရိုင်(၂)ခုဖြင့် ဖွဲ့စည်းခဲ့ပြီး မြို့နယ်ပေါင်း (၈)မြို့နယ်ရှိသည်။
------------------------------------------
ယခင်မြို့ဟောင်း ပျဉ်းမနားမြို့၊ တပ်ကုန်းမြို့၊ လယ်ဝေးမြို့များနှင့်
မြို့သစ်များဖြစ်သော ဇမ္ဗူသီရိမြို့၊ ဥတ္တရသီရိမြို့၊ ပုဗ္ဗသီရိမြို့၊ ဇေယျာသီရိမြို့၊ ဒက္ခိဏသီရိမြို့ စသော မြို့နယ် (၈)ခုဖြင့် ဖွဲစည်းခဲ့ပါသည်။ နေပြည်တော်ပြည်ထောင်စုနယ်မြေ (နေပြည်တော်ကောင်စီနယ်မြေ)အဖြစ်သတ်မှတ်ထားပြီး
လူဦးရေ (၁၁၆၀၂၄၂)ဦး၊ အကျယ်အ၀န်း၊ (၂၇၄၇၇၅) စတုရန်းမိုင်ရှိပြီး အိမ်ခြေ (၁၅၇၂၃၅)၊ အိမ်ထောင်စု (၁၆၁၂၀၈)စု၊ မြို့နယ်(၈)မြို့နယ်၊ ရပ်ကွက်(၃၄)၊ ကျေးရွာအုပ်စု (၁၈၃)၊ ကျေးရွာ (၇၅၇) ရွာရှိပါသည်။
---------------------------------
ဇမ္ဗူသီရိမြို့
**********
ဇမ္ဗူသီရိမြို့သည် နေပြည်တော်၏ အလယ်တွင်တည်ရှိသောမြို့ဖြစ်သည်။ ၂၀၀၆ခုနှစ် နေပြည်တော် စတင်တည်ကာစတွင် ဖော်ထုတ်သည်။
-----------------------
ဇမ္ဗူသီရိမြို့နယ်တွင်
လွှတ်တော်၊ သမ္မတအိမ်တော်၊ အစိုးရ၀န်ကြီးဌာနရုံးများ၊
မြို့တော်ခန်းမ၊ ဈေးကြီးများ-ပွဲရုံများ၊အဆင့်မြင့်ဈေးများ- ဈေးဝယ်စင်တာများ၊ ဘဏ်ကြီးများ၊ အစိုးရဆေးရုံ၊ ပုဂ္ဂလိကဆေးရုံများ၊ ၀န်ထမ်းအိမ်ယာများ၊ အဆင့်မြင့်စာတိုက်၊ ရုပ်ရှင်ရုံ၊ အပန်းဖြေလည်ပတ်အနားယူနိုင်စေရန် ရေပန်းဥယျာဉ်၊ ပြည်သူများလေ့လာနိုင်ရန် ပရဆေးဥယျာဉ် အားကစားရုံများ၊ နိုင်ငံတကာအဆင့်မှီ အားကစားပြိုင်ကွင်းများ၊ ကျောက်မျက်ရတနာပြတိုက်၊ ကျောက်စိမ်းဥယျာဉ်များရှိပြီး ဂေါက်ကွင်းများ စားသောက်ဆိုင်များ၊ အဆင့်မြင့်ဟိုတယ်ကြီးများရှိပြီး မြို့တော်အင်္ဂါရပ်နှင့်အညီ ဖွဲ့စည်းတည်ဆောက်ထားပါသည်။
*******************
ဝန်ထမ်းအိမ်ရာအများစုတည်ရှိသည်။ ရပ်ကွက်များအဖြစ် ဇေယျသိဒ္ဓိရပ်ကွက်၊ ပညာသိဒ္ဓိရပ်ကွက်၊ မင်္ဂလာသိဒ္ဓိရပ်ကွက် နှင့် ဘောဂသိဒ္ဓိရပ်ကွက်များရှိပါသည်။
ပြင်ပအရပ်သားများနေထိုင်သော သပြေကုန်းရပ်ကွက်၊ ရွှေကြာပင်ရပ်ကွက်စသည့် ရပ်ကွက်များရှိပြီး
သပြေကုန်းရပ်ကွက်တွင် ပေ(၆၀)ပတ်လည် မြေကွက်များနှင့် ယခုစားသောက်ဆိုင်များဖြင့် စည်ကားလျှက်ရှိသော ဧရာဝတီလမ်းမကြီး၏ ၀ဲဘက်နှင့် ယာဘက်တွင် ပေ(၁၀၀)ပတ်လည် မြေကွက်များရှိပါသည်။
ရွှေကြာပင်ရပ်ကွက်တွင် ပေ(၆၀)ပတ်လည်မြေကွက်အများစုရှိသည်
-----------------------------------
ပေ(၆၀-၈၀)၊မြေ ပေ(၄၀×၆၀) မြေကွက်အချို့ နှင့် ပေ(၁၀၀)ပတ်လည် အထူးအကွက်များရှိပြီး စည်ပင်ဧည့်ရိပ်သာ၊ ဇမ္ဗူသီရိဆေးရုံ၊ Grand ACE Villa အနီးတွင် တည်ရှိကာ ယခုအခါအထူးစည်ကားလျှက်ရှိသည်ကို တွေ့မြင်ရပါသည်။
----------------------------------------
ဥတ္တရသီရိမြို့
***********
ဥတ္တရသီရိမြို့သည် နေပြည်တော်၏
မြောက်ပိုင်းတွင်တည်ရှိပြီး ၂၀၀၇ ခုနှစ်တွင် ဖော်ထုတ်ခဲ့သည်။ ၀န်ကြီးဌာနများနှင့်အနီးဆုံးနေရာတွင်ရှိပြီး
ရာဇသင်္ဂဟလမ်းမကြီးဘေးတွင် တည်ရှိသည်။
သတ္တသတ္တာဟစေတီတော်၊ မဟာသကျရံသီစေတီတော်၊ ၀န်ကြီးရုံးများ၊ အမျိုးသားပြတိုက်၊ အမျိုးသားစာကြည့်တိုက်၊ မော်ကွန်းတိုက်နှင့် ဥတ္တရသီရိဟိုတယ်ဇုံတို့ တည်ရှိပါသည်။
ဗဟိုဘဏ်နှင့် ဘဏ်ကြီးများရှိပါသည်။
မိန်းလမ်းမရာဇသင်္ဂဟလမ်းမကြီးရှိပြီး ရတနာသိဒ္ဓိရပ်ကွက်၊ ဥာဏဒီပရပ်ကွက်၊ ဇ၀နဒီပရပ်ကွက်စသော ရပ်ကွက်များရှိပါသည်။ Ocean Center, Sinma Living Mall, Western Park Royal စားသောက်ဆိုင်များရှိသည်။ အစိုးရဆေးရုံများနှင့် ပုဂ္ဂလိကဆေးရုံများရှိပြီး သားဖွားနှင့်မီးယပ်ဆေးရုံ၊ အရိုးအကြောဆေးရုံ၊ တိုင်းရင်းဆေးရုံ၊ မျက်စိဆေးရုံနှင့် အခြားဆေးရုံများလည်းရှိပါသည်။
လူနေရပ်ကွက်များအဖြစ် ရာဇသင်္ဂဟအိမ်ယာ(၁)တွင် ပေ(၂၀၀)ပါတ်လည် (၁၀၄)ကွက်ရှိပြီး ၀န်ကြီးများနှင့် တိုင်းမှူးများအားနေရာချထားပေးခဲ့သည်။ ယခုအခါ ရာဗသင်္ဂဟလမ်း၏ အရှေ့ဘက်ခြမ်းကို ပုဗ္ဗသီရိမြို့နယ်အတွင်းသို့ ရာဇသင်္ဂဟအိမ်ရာ(၁)တစ်ခုလုံး ရောက်ရှိသွားပြီဖြစ်သည်။ ရာဇသင်္ဂဟလမ်းမကြီး၏ အနောက်ဘက်ခြမ်းတွင် ရာဇသင်္ဂဟအိမ်ရာအမှတ် (၂)ရှိပြီး ဗိုလ်ချုပ်များ နှင့် ဒုဝန်ကြီးများအား ချပေးထားသော ပေ(၁၅၀)ပတ်လည် ၂၅၄ ကွက်ရှိပါသည်။ ညွှန်ချုပ်များ၊ ဗိုလ်မှူးကြီးများ နှင့် ဦးဆောင်ညွှန်ကြားရေးမှူးများအားချထားပေးသော ပေ(၁၀၀)ပတ်လည်ကွက် (၃၅၀)၀န်းကျင်ရှိပါသည်။ ရာဇသင်္ဂဟအိမ်ရာ(၂)သည် ဥတ္တရသီရိမြို့နယ်တွင် တည်ရှိပြီး ရွှေပုဇွန်-အင်ကြင်းပန်းအ၀ိုင်း၏ မြောက်ဘက်နားတွင် ကုမ္ပဏီကြီးများအား ချထားပေးသည့် ပေ(၁၂၀)ပါလည် အကွက် (၁၀၀)ကျော်ရှိပါသည်။ CAE ကိုယ်ပိုင်ကျောင်းအနီးတွင် ပေ(၈၀)ပတ်လည် ကွက် (၃၀၀)ကျော်ရှိပါသည်။ ရာဇသင်္ဂဟလမ်းမကြီးတစ်လျှောက်တွင် ပေ(၁၀၀×၂၀၀) မြေကွက်များနှင့် အဆင့်မြင့်ဈေးရှိပါသည်။ မြို့၏ မြောက်ဘက်ခြမ်းတွင် ဥတ္တရသီရိဟိုတယ်ဇုံရှိပါသည်။
--------------------------------------------
ပုဗ္ဗသီရိမြို့
*******--
ပုဗ္ဗသီရိမြို့သည် နေပြည်တော်အရှေ့မြောက်ပိုင်းနှင့် နေပြည်တော်ပျဉ်းမနားတို့နှင့် ဆက်စပ်တည်ရှိပြီး
ဥပ္ပါတသန္တိစေတီတော်၊ နေပြည်တော်ဘူတာကြီးနှင့် မင်္ဂလာဈေး၊ ပုဗ္ဗသီရိဈေး၊ တပ်မတော်ဂေါက်ကွင်းရှိပြီး ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှူးဦးစီးဌာန(က.ည.န)ရုံးတို့ တည်ရှိကာ အငြိမ်းစားဝန်ထမ်းများ အများစုနေထိုင်သောမြို့ဖြစ်သည်။ အရပ်ပုဗ္ဗ နှင့် တပ်ပုဗ္ဗဟူ၍ ပုဗ္ဗသီရိမြို့တွင်ရှိသည်။ အရပ်ပုဗ္ဗသည် ဘူတာကြီးနှင့် က.ည.န ရုံးအနီးတွင်ရှိပြီး လူနေရပ်ကွက် (၅)ရပ်ကွက်ရှိပါသည်။ မင်္ဂလာဒီပရပ်ကွက်၊ ဇ၀နဒီပရပ်ကွက်၊ ၀ဏ္ဏဒီပရပ်ကွက်၊ ရတနာဒီပရပ်ကွက်၊ သုခဒီပရပ်ကွက်များဖြင့် ဖွဲ့စည်းထားသည်။
ညွှန်မှူးများအား ချထားပေးသော ပေ(၈၀)ပါတ်လည်မြေကွက်များနှင့် ဒုညွှန်-လက်ညွှန်များအားချထားပေးသော ပေ(၆၀-၈၀)မြေကွက်များ၊ အခြားအဆင့် ၀န်ထမ်းများအားချထားသော ပေ(၄၀×၆၀)မြေကွက်များရှိပြီး ယခုအခါ လူနေထူထပ် စည်ကားလျှက်ရှိသည်ကို တွေ့ရပါသည်။
တပ်ပုဗ္ဗသည် စစ်မှုထမ်းများအတွက် ချထားပေးသော နေရာဖြစ်ပါသည်။
လူနေရပ်ကွက်များအဖြစ် ဆင်ဖြူ ရှင်ရပ်ကွက် / တပင်ရွှေထီးရပ်ကွက် /နဝဒေးရပ်ကွက် စသောရပ်ကွက်များရှိပြီး
ဘူတာကြီး အနီးတွင် တည်ရှိသည်
************************
ဒက္ခိဏသီရိမြို့
************
ဒက္ခိဏသီရိမြို့သည် နေပြည်တော်၏ တောင်ပိုင်း ရန်ကုန်-နေပြည်တော်-မန္တလေးအမြန်လမ်းမှ နေပြည်တော်သို့အ၀င်မြို့ဖြစ်သည်။ ရွှေပြည်တော်ဝင်လမ်းနှင့် ရာဇသင်္ဂဟလမ်းမကြီးအနီးတွင်ရှိပြီး လယ်ဝေးမြို့နှင့်နီးသည်။ ဟိုတယ်ဇုံ၊ နိုင်ငံတော်ဧည့်ဂေဟာ၊ အဆင့်မြင့်ဈေးဝယ်စင်တာများ၊ INGO ရုံးများ၊ ကျောက်မျက်အချောထည်ဈေး နှင့် သံတမန်အိမ်ရာစီမံကိန်းများ၊ အဆင့်မြင့်ဂေါက်ကွင်းများရှိပြီး နေအိမ် အဆောက်အဦဈေးများဖြင့် စည်ကားလျှက်ရှိသည်။ ဖြောင့်ဖြူးသောလမ်းမကြီးများရှိပြီး လမ်းတိုင်းကို ကွန်ကရစ်ခင်းထားသော Infruacture အလွန်ကောင်းသော မြို့ဖြစ်သည်။ ပေ(၁၂၀)ပတ်လည်မြေကွက်များ၊ ပေ(၁၀၀)ပတ်လည်မြေကွက်များ၊ ပေ(၈၀)ပတ်လည်မြေကွက်များ၊ ပေ(၆၀)ပတ်လည် မြေကွက်များရှိပြီး အိမ်ကြီးအိမ်ကောင်းများဖြင့် ဧရိယာအကျယ်ဆုံးမြို့ဖြစ်သည်။
ဇေယျာသီရိမြို့
************
ဇေယျာသီရိမြို့သည် နေပြည်တော်၏ အရှေ့မြောက်နှင့် အရှေ့ပိုင်း ရန်ကုန်-မန္တလေးလမ်း တဖက်တချက်တွင်ရှိပြီး အမျိုးသားအထိမ်းအမှတ်ဥယျာဉ်၊ တိရိစ္ဆာန်ဥယျာဉ် နှင့် ဆာဖာရီဥယျာဉ်၊ စစ်သမိုင်းပြတိုက်၊ သူရဲကောင်း စစ်သည်ဗိမ္မာန်နက္ခတ်တာရာပြခန်း၊ အားကစားကွင်းနှင့် အားကစားရုံ နှင့် သုတေသနဌာနများ၊ ဇေယျာသီရိကုန်တိုက်နှင့် အဆင့်မြင့်ရုပ်ရှင်ရုံတို့ရှိပါသည်။
ကျေးဇူးပြု၍ လိုအပ်ချက် မှားယွင်းမှုရှိလျှင် ထောက်ပြအကြံပြုပေးနိုင်ပါသည်ခင်ဗျာ..
>>ကိုးကား … ဆရာ Nanda Kyaw
>>နေပြည်တော်လမ်းညွှန်
>>မူရင်း ဓာတ်ပုံ(ဆရာ/ပညာရှင်)များအား credit ပေးပါသည်။
Address
South Oakalapa
Yangon
95
Telephone
+959692790545
Website
Alerts
Be the first to know and let us send you an email when နေပြည်တော် အိမ်ခြံမြေ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Share
Category