Khin Phyu Pyar Aung

Khin Phyu Pyar Aung " လိုတရ"ဘဝပိုင်ရှင်တွေ ဖြစ်ကြပါစေ။🙏

တောင်ကြီး ပြင်ဦးလွင်
19/07/2023

တောင်ကြီး ပြင်ဦးလွင်

💢တောင်ဥက္ကလာပမြို့နယ် 7 ရပ်ကွက် အိမ်အရောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။💢သုမင်္ဂလာ လမ်းမကြီး အနီး နန္ဒဝန်စျေးအနီး ရာဇဓိရာဇ် (-...
19/07/2023

💢တောင်ဥက္ကလာပမြို့နယ် 7 ရပ်ကွက် အိမ်အရောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။

💢သုမင်္ဂလာ လမ်းမကြီး အနီး နန္ဒဝန်စျေးအနီး ရာဇဓိရာဇ် (--) လမ်း

💢(10"60) ဂရံမိတတ္တူ အရှုပ်ရှင်းကင်း နှစ်ထပ်ပျဥ်ထောင်အိမ်

🍀တိုက်ခန်းစျေးလေးနဲ့ ​မြေပိုင်ရှင်ဖြစ်မည့် အခွင့်ရေး📌📌📌📌📌

💢အင်းဝမှတ်တိုင် နီး စျေးနီး ကျောင်းနီး

💢💰💰9️⃣5️⃣0️⃣ ညှိုနှိုင်း

#အိမ်ရှင်နဲ့တိုက်ရိုက်စျေးတွေ့ပြီးညှိုနှိုင်းလို့ရပါမည်။

#ဝယ်သူဘက်မှအကျိုးဆောင်ခလုံးဝမပေးရပါ။🙅

Khin Phyu Pyar Aung(agent)
☎09 450007885
☎09 951886684

💢တောင်ဥက္ကလာပမြို့နယ် 6 ထပ်တိုက် လုံးချင်းရောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။💢သစ္စာ လမ်းမကြီးပေါ် 10 ရပ်ကွက်💢PAE စနစ်ဖြင့် ဆော...
19/07/2023

💢တောင်ဥက္ကလာပမြို့နယ် 6 ထပ်တိုက် လုံးချင်းရောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။

💢သစ္စာ လမ်းမကြီးပေါ် 10 ရပ်ကွက်

💢PAE စနစ်ဖြင့် ဆောက်လုပ်ထား

💢ဂရံအမည်ပေါက် အရှုပ်ရှင်းကင်း။

💢💰💰1️⃣2️⃣5️⃣0️⃣0️⃣ညှိုနှိုင်း

#အိမ်ရှင်နဲ့တိုက်ရိုက်စျေးညှိုနှိုင်းလို့ရပါမည်။

Remark..... ခွဲမရောင်းပါ။

Khin Phyu Pyar Aung(agent).
☎09 450007885
☎09 951886684

🎲တောင်ဥက္ကလာပမြို့နယ် 13 ရပ်ကွက် အနော်မာ(--)လမ်း တိုက်ခန်း အရောင်းလေးနဲ့မိတ်ဆက်ပေးပါရစေ။🎲(18×54)ပေအကျယ် အပေါ်ဆုံးထပ် 🎲BC...
18/07/2023

🎲တောင်ဥက္ကလာပမြို့နယ် 13 ရပ်ကွက် အနော်မာ(--)လမ်း တိုက်ခန်း အရောင်းလေးနဲ့မိတ်ဆက်ပေးပါရစေ။
🎲(18×54)ပေအကျယ် အပေါ်ဆုံးထပ်
🎲BCC ကျပြီး စာရွက်စာတမ်းအပြည့်စုံရှိ
🎲အနော်မာ လမ်းမကြီး အနီး သံသုမာလမ်းမကြီး တို့အနီး
🎲တတိုက်လုံးကြွေပြားခင်းထား
🎲အမိုးတဝက် စလက်ခင်းထား
🎲ဘေးတိုက်မြင့်မရှိ လေဝင်လေထွက်ကောင်း
🎲💰💰💰8️⃣5️⃣0️⃣ ညှိုနှိုင်း
#အိမ်ရှင်နှင့်တိုက်ရိုက်စျေးညှိုနှိုင်းလို့ရပါမည်။
Khin Phyu Pyar Aung (agent)
☎09450007885
☎09951886684

18/07/2023

ဥယျာဥ်ခြံမြေ အကြောင်း

၁။ ဥယျာဥ်ခြံမြေဆိုတာ
၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေ အရ ဥယျာဥ်ခြံမြေဟာ လယ်ယာမြေ အမျိုးစားမှာ ပါပါတယ်။
မြေစာရင်း ပုံစံမှာ " G" အမှတ်သားနဲ့ ဖော်ပြပေးထားပါတယ်။ လူနေရပ်ကွက်ထဲ ပါတဲ့ "G" မြေတွေက တော့ လယ်ယာမြေထဲ မပါပါဘူး။ မြေစာရင်းထဲ ဥယျာဥ်မြေ လို့ စာရင်းဝင်ထားပေမယ့် လူနေရပ်ကွက် အတွင်း ရောက်နေတဲ့ မြေကွက်တွေလဲ အများကြီးရှိပါတယ်။

၂။ ဥယျာဥ်ခြံမြေ အားသာချက်။
၂၀၁၂ နောက်ပိုင်း ပြဌာန်းချက် ဥပဒေအရ ဥယျာဥ်မြေကို ရောင်းဝယ်၊ ငှားရမ်း လုပ်ပိုင်ခွင့်တွေ အပြင် မြေက ရတဲ့ အကျိုးမြတ်အားလုံးကိုလည်း ခံစားပိုင်ခွင့် အပြည့်ရှိပါတယ်။ မြို့မြေ တွေထက် စာရင် စျေးနှုန်း အများကြီးသက်သာပါတယ်။ နောက်ပိုင်း မိမိမြေပေါ် အသီးနှံစိုက်ပျိုးပြီး အခြားနည် လျှောက်ခွင့်လဲ လွယ်ကူ လာတာကြောင့် ဥယျာဥ်မြေကို လူကြိုက်များလာပါတယ်။ ဥယျာဥ်မြေဟာ နောက်ပိုင်းပုံစံမျိုးစုံ သုံးစွဲနိုင်ခွင့် ရှိလာတာကြောင့် ရေရှည် ရင်းနှီးမြုပ်နှံဖို့ရာ အခွင့်လမ်းကောင်း တစ်ခုဖြစ်လာပါတယ်။ လူနေရပ်ကွက်ပေါ်က "G" မြေများဟာ
ခိုင်မာမှုရှိပြီး စျေးကောင်းဖြင့် အရောင်းဝယ် ပြုလုပ်နေတာ တွေ့ရမှာပါ။

၃။ ဥယျာဥ်ခြံမြေအားနည်းချက်။
လူနေအိမ်နဲ့ မနီးတဲ့ ဥယျာဥ်ခြံမြေမျိုးဟာ လယ်ယာမြေအမျိုးစားထဲ ပါဝင်နေဆဲဖြစ်ပြီး
စာရွက်စာတမ်းနဲ့ ခိုင်မာမှု့ အထောက်ထား အားနဲ့တာမျိုး တွေ့ရပါတယ်။ လူနေအိမ် အဝေးက ဥယျာဥ်ခြံမြေမျိုးဆို ပုံစံ(၇) မှာဆက်လက် အခြေတည်နေ၍ လူနေအိမ်ဆောက်လုပ်နေထိုင်နိုင်ရန် ဌာနဆိုင်ရာများသို့ အဆင့်ဆင့် ပြန်လျှောက်တင်ရပါတယ်။ အခြားနည်းလျှောက်တဲ့ခါမှာလဲ မွေးမြူ စိုက်ပျိုးအတွက်သာ လွယ်ကူစေတာမျိုး တွေ့ရပါတယ်။

၄။ ဥယျာဥ်ခြံမြေကို ဂရံလျှောက်ခြင်း။
ပထမဆုံး မြေစာရင်းမှာ ပုံစံ ၁၀၅/၁၀၆ ရေးကူးရပါတယ်။ ပြီးရင် လယ်ယာမြေပုံစံ (၇)ကိုလျှောက်ရပါတယ်။ ဒါဆိုရင် မြေပိုင်ဆိုင်မှု နှင့် လုပ်ပိုင်ခွင့် အတွက် ခိုင်မာသွားပါပြီ။ အခြားနည်း အသုံးပြုခွင့် အတွက် မြို့နယ်လယ်စီမှာ ကိုယ်အသုံးပြုမယ့် ရည်ရွယ်ချက် အတွက် " လ/ယ ၃၀" လျှောက် ရပါမယ်။ အသုံးပြုခွင့်ကျလာရင် (၆)လ အတွင်း စသုံးရပါမယ်။ ပြီးရင် ဂရံ လျှောက်လို့ရပါပြီ။

၅။ ဥယျာဥ်ခြံမြေဝယ်ယူတော့မယ်ဆို
အရင်ဆုံး မြေစာရင်းမှာ လယ်ယာမြေ ဟုတ်/မဟုတ် သေချာစစ်ဆေးဖို့လိုပါတယ်။ ဝယ်ယူမယ့်အချိန်မှာလဲ မြေကွက်/ခွဲစိတ်ထားခြင်း ရှိ/မရှိ သတိထားသင့်ပါတယ်။ အရပ်စာချုပ်နှင့် ဝယ်ယူတာထက် တက်ကျွမ်းနားလည်တဲ့ ရှေ့နေများနဲ့အတူ တရားဝင်စာချုပ်ဖြင့် ဝယ်ယူသင့်ပါတယ်။ မြေစာရင်းမှာ အမည်ပေါက် မှန်/ မမှန် ၊ စာရွက်စာတမ်းအစုံရှိ/မရှိ ကိုလဲ သေချာစစ်ဆေးပါ။ အကုန်မှန်ပြီဆို မြေတိုင်းရပါမယ်၊ မြေပြင်နဲ့ မြေစာရင်း အတိုင်းတာ ကွဲလွဲနေတာမျိုး ရှိနေတက်ပါတယ်။

အမေးများတဲ့ Customers များအတွက် ဥယျာဥ်ခြံမြေ အကြောင်း ဖြေပေးလိုက်ပါတယ်။

အားလုံးပဲ အဆင်ပြေပါစေကြောင်း
Credit 😍😍😍

ပြန်လည်ကူးယူဖော်ပြပါသည်

🍀တောင်ဥက္ကလာပမြို့နယ် 7 ရပ်ကွက် အိမ်အရောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။🍀20"60 ပေအကျယ် 🍀18*54 RC သုံးထပ်ခွဲ BCC ကျပြီး🍀💰💰5500/...
18/07/2023

🍀တောင်ဥက္ကလာပမြို့နယ် 7 ရပ်ကွက် အိမ်အရောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။

🍀20"60 ပေအကျယ်

🍀18*54 RC သုံးထပ်ခွဲ BCC ကျပြီး

🍀💰💰5500/- ညှိုနှိုင်း

Khin Phyu Pyar Aung(Agent).
☎09 450007885
☎09 951886684

 #ကတိ စကားလုံး ၂လုံးထဲရယ်အဲစကားလုံး ၂လုံးကပင် လူ့ဘောင် လူ့လောက လူ့ပတ်ဝန်းကျင်မှာစကားတွေပြောသွားကြတယ်လူတစ်ယောက်ဟာဘယ်နေရာမ...
18/07/2023

#ကတိ

စကားလုံး ၂လုံးထဲရယ်

အဲစကားလုံး ၂လုံးကပင်
လူ့ဘောင် လူ့လောက လူ့ပတ်ဝန်းကျင်မှာ
စကားတွေပြောသွားကြတယ်

လူတစ်ယောက်ဟာ

ဘယ်နေရာမဆို

ဘာအလုပ်ပဲလုပ်လုပ်

အပေါင်းအသင်းမိတ်ဆွေကြား

မိသားစုကြား

ချစ်သူနှစ်ဉီးကြား

လုပ်ငန်းခွင်ကြား

ဘယ်နေရာမဆို

တာဝန်ခံမူ တာဝန်ယူမူ

ကတိပေးထားရင် ကတိတစ်လုံးကို

တန်ဖိုးထားပြီး နေရပါတယ်

ကတိကို လွယ်လွယ် မသုံးရပါဘူး

# ကတိ ဆိုတာ
လူ့ ဂုဏ် သိက္ခာ

# ကတိ မတည်ရင်
လူ မယုံကြည်

# ကတိ တည်မှ
လူ ပီသ

#ကတိ
တည်လိုက်ကြစို့ တဲ့။

နာမည်တစ်လုံးကြားလိုက်တာနဲ့
သူက ကတိတည်တယ်နော် ဆိုလိုက်တာနဲ့
အရာအားလုံးဟာ ဖြောင့်ဖြူးနေတတ်ပါတယ်

နာမည်ကြားလိုက်တာနဲ့
ဟာ... သူကိုတော့သတိထားနော်
သူက ကတိမတည်ဘူးနော်
သတိထားဆိုလိုက်တာနဲ့ အရာအားလုံးဟာ
ဆုံးရှုံးသွားတတ်ကြပါတယ်

ဒါကြောင့် ကတိကို လွယ်လွယ်မသုံးပါနဲ့
လွယ်လွယ်မပေးပါနဲ့

ကိုယ့်ရဲ့ပုံရိပ်ဟာ ကတိတလုံးနဲ့တင်

အမြဲတမ်းမှေးမိန်သွားနိုင်သလို
အမြဲတမ်းတောက်ပသွားနိုင်ပါတယ်

ကတိဆိုတဲ့စကားနှစ်လုံးဟာ သိပ်ကိုစွမ်းအား ကြီးမားတယ်ဆိုတာ မယုံမရှိပါနဲ့။

🔹ရွှေပေါက်ကံ  အိမ်အရောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။🔹(40"60") ပေအကျယ် 15 ရပ်ကွက်ဂရံအမည်ပေါက် sp လွှဲပေးမည်။🔹💰💰3️⃣0️⃣0️⃣0️⃣ညှ...
18/07/2023

🔹ရွှေပေါက်ကံ အိမ်အရောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။

🔹(40"60") ပေအကျယ် 15 ရပ်ကွက်
ဂရံအမည်ပေါက် sp လွှဲပေးမည်။

🔹💰💰3️⃣0️⃣0️⃣0️⃣ညှိုနှိုင်း

#အိမ်ပိုင်ရှင်နဲ့တိုက်ရိုက်တွေ့ပြီးညှိုနှိုင်းလို့ရပါမည်။

#ဝယ်သူဘက်မှအကျိုးဆောင်ခမပေးရပါ။

Khin Phyu Pyar Aung (Agent)
☎09 450007885
☎09 951886684

 #မြေဂရန်_မိတ္တူရှိသူထံမှ_အိမ်နှင့်မြေကို_ဝယ်မည်ဆိုလျှင်ဂရန်မိတ္တူနဲ့ အရောင်းအဝယ် လုပ်လို့ရပါသလားဟု မိတ်ဆွေ တစ် ဦးက စာရေ...
17/07/2023

#မြေဂရန်_မိတ္တူရှိသူထံမှ_အိမ်နှင့်မြေကို_ဝယ်မည်ဆိုလျှင်

ဂရန်မိတ္တူနဲ့ အရောင်းအဝယ် လုပ်လို့ရပါသလားဟု မိတ်ဆွေ တစ် ဦးက စာရေးသူထံ လာရောက်မေး မြန်းဆွေးနွေးပါသည်။

ဂရန်မိတ္တူနဲ့ အရောင်းအဝယ် လုပ်လို့ မရပါဘူး။ ဂရန်မူရင်းက ပျောက်ဆုံးသွားလို့လား စာရေးသူက မေးခွန်းပြန်ထုတ်လိုက်မိသည်။

မူရင်းဂရန်ကတော့ရှိပါတယ်။ ဒါပေမယ့် မြေကွက်တစ်ခြမ်း ဝယ် ထားသူက လက်ဝယ်ရယူထားလို့ ပါ

ရောင်းမယ်ဆိုတဲ့ မြေကွက်က အကျယ်အဝန်းဘယ်လောက်ရှိသလဲ

ပေ ၂ဝ x ပေ ၆ဝ မြေကွက် ပါ။ အိမ်ကတော့ ပျဉ်ထောင်အိမ် တစ်ထပ်

ဒါဆိုရင် မူလဂရန်မြေကွက်က ပေ ၄ဝ x ပေ ၆ဝ မြေကွက်မဟုတ် လား

ဟုတ်ပါတယ်။ ပေ ၂ဝ x ပေ ၆ဝ ခွဲပြီး ရောင်းထားတာပါ။ ဝယ် ထားသူတွေအနေနဲ့ တရားဝင်ခွဲစိတ် ရခြင်း မရှိသေးတော့ ဂရန်မူရင်း က ပေ ၄ဝ x ပေ ၆ဝ မြေကွက်ဂရန်ပဲ ဖြစ်နေလိမ့်မယ်ထင်တယ် ဆရာ

သိပ်တော့ မခဲယဉ်းပါဘူး။ မူရင်း ဂရန်ကို ငှားပြီး အရောင်းအ ဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဆိုလို့ရ ပါတယ်။ အိမ်ပွဲစားပါတယ် မဟုတ် လား

အိမ်ပွဲစားကတော့ ဆရာပြော သလို ဂရန်မူရင်းကို ငှားပြီးဆောင် ရွက်လို့ရတယ် ပြောပါတယ်

အချို့ ပုဂ္ဂိုလ်တွေက ဂရန်မူရင်း ငှားတာကို ငှားရမ်းခတောင်းတာတွေ ရှိတယ်လို့ ကြားတယ်

အိမ်ပွဲစားကပြောတော့ ဂရန် မူရင်းခသဘောမျိုး ငွေကြေးတော့ ပေးရမယ်ပြောပါတယ်

မူရင်း ဂရန်စာချုပ်ကို ရယူ ထားသူက မြေဂရန်အမည်ပေါက် လား

အဲဒါအခက်အခဲရှိနေတာ ဆရာ။ သူကလည်း နှစ်ဆင့်လောက် ပိုင်ရှင်ပြောင်းထားတယ်။ အဲဒီလိုပဲ ဂရန်မိတ္တူရထားတဲ့သူကလည်း နှစ် ဆက်လောက်ရောင်းထားတယ်။ ဒါ ကြောင့် ဘယ်လိုဆောင်ရွက်ရမယ် ဆိုတာ သိချင်လို့ ဆရာ

အဓိကအချက်က မူလ အ မည်ပေါက်ကို ရှာလို့ လွယ်ကူရင် တော့ ငွေကြေးအနည်းငယ်ကန်တော့ ပြီး လိုက်ပါ ဆောင်ရွက်ပေးဖို့ ပြောရ မယ်ထင်တယ်

မြေအမည်ပေါက်က လှိုင်သာ ယာမြို့နယ်ဘက်ပြောင်းသွားတယ်လို့ အကြမ်းဖျဉ်းသိရတယ်။ သေချာမသိ တော့ ဆက်သွယ်လို့မရဖြစ်နေတယ်

ကုန်ကျစရိတ်ကများမှာဖြစ် လို့ စဉ်းစားတော့ ဝယ်သင့်တယ်

ဟုတ်ကဲ့ ဆောင်ရွက်ရမယ့် အဆင့်တွေ သိထားချင်လို့ပါ။ ဒါမှ လည်း ကုန်ကျစရိတ်ကို မှန်းဆနိုင်မှာ ဖြစ်တယ်

ပထမအချက်အနေနဲ့ အရောင်း အဝယ်မှတ်ပုံတင်စာချုပ် ချုပ်ဆိုဖို့ မြေပုံမြေရာဇဝင်ကူးယူရပါမယ်။ အဲဒီ မှာ မူရင်းဂရန်ကို တင်ပြရတယ်။ အမည်ပေါက် ဒါမှမဟုတ် အမည် ပေါက်ရဲ့ ကိုယ်စားလှယ်စာရသူက လျှောက်ထားနိုင်ပါတယ်

ဒါဆိုရင် မူရင်းဂရန်ရှိသူက မြေအမည်ပေါက်ထံက ကိုယ်စား လှယ်စာရှိမယ်ဆိုရင် သူက လျှောက် ထားနိုင်တာပေါ့

ဟုတ်ပါတယ်။ ဒါကြောင့် မြေ အမည်ပေါက်ထံက မူရင်းဂရန်ရှိသူ ကို ကိုယ်စားလှယ်လွှဲစာပေးထားခြင်း ရှိ မရှိ ဦးစွာမေးမြန်းစုံစမ်းရမှာဖြစ် တယ်။ ကိုယ်စားလှယ်လွှဲစာပေးထား တယ်ဆိုရင်တော့ မြေပုံမြေရာဇဝင် ကူးပေးဖို့ ညှိနှိုင်းတောင်းဆိုရမယ်

တကယ်လို့ မြေအမည်ပေါက် မြေရှင်ကို ရှာဖွေတွေ့လို့ ကျွန်တော်က သူ့ထံမှ ကိုယ်စားလှယ်လွှဲစာ တိုက် ရိုက်ယူထားရင် ဖြစ်ပါသလား

ဒါပေမယ့် မူရင်း ဂရန်တင်ပြမှ မြေပုံ မြေရာဇဝင်ကူးယူခွင့်နဲ့ စာချုပ် စာတမ်းမှတ်ပုံတင် အရောင်းအဝယ် စာချုပ် ချုပ်ဆိုနိုင်မှာဆိုတော့ မူရင်း ဂရန်ကိုတော့ ခေတ္တငှားရမှာဖြစ် တယ်

ဘယ်လိုပဲဖြစ်ဖြစ် မူရင်း ဂရန် လက်ဝယ်ရှိသူနဲ့တော့ ညှိနှိုင်းဆောင် ရွက်ရမှာပေါ့နော်

ဟုတ်ပါတယ်။ ပိုင်ရှင်နှစ်ဆင့် လောက်ပြောင်းသွားပြီဆိုတော့ သူတို့ က အရပ်စာချုပ်နဲ့ ဝယ်ကြသလား။ မှတ်ပုံတင် အရောင်းအဝယ် စာချုပ် ပြုလုပ်ဝယ်ထားသလားဆိုတာ စုံစမ်း ဖို့ လိုပါတယ်

ပြောစကားအရတော့ ဂရန်မူ ရင်းရှိသူတွေကလည်း အရပ်စာချုပ် နဲ့ပဲ ဝယ်ကြတယ်ပြောတယ်

အခုရောင်းမယ်ဆိုတဲ့ ဂရန် မိတ္တူပိုင်ရှင်ကလည်း အရပ်စာချုပ်နဲ့ ပဲဝယ်ထားကြမှာပေါ့

မှန်ပါတယ်။ ဒါကြောင့် တရား ဝင်အောင် ဆောင်ရွက်ချင်လို့ပါ

အစောက ပြောသလို မြေအ မည်ပေါက် ပိုင်ဆိုင်သူရဲ့ ကိုယ်စား လှယ်လွှဲစာကို မူရင်းဂရန် လက်ဝယ် ရှိသူက ရရှိထားမယ်ဆိုရင် မြေပုံ မြေ ရာဇဝင်ကို သူ့အနေနဲ့ ကူးယူလျှောက် ထားရမယ်

မြေပုံမှာတော့ ပေ ၄ဝ x ပေ ၆ဝ မြေကွက်အနေနဲ့ပဲ ထွက်မှာပေါ့ နော်

မှန်ပါတယ်။ အဲဒီ ပေ ၄ဝ x ပေ ၆ဝ မြေကွက်ထဲက အခုရောင်း မယ့် ပေ ၂ဝ x ပေ ၆ဝ မြေကွက် အပေါ် အရောင်းအဝယ်မှတ်ပုံတင် စာချုပ် ချုပ်ဆိုရပါမယ်

ဒါဆိုရင် ဂရန်မူရင်းရှိသူက လိုက်ပါဆောင်ရွက်ပေးရမယ့် သဘော ပေါ့

မှန်ပါတယ်။ ပြီးမှမြေကွက်ခွဲ စိတ်ပေးဖို့ လျှောက်ထားရမှာဖြစ် တယ်

မြေကွက်က တစ်ဖက်သတ်ခွဲ စိတ်လို့ရပါသလား

ဥပဒေအရတော့ တစ်ဖက် သတ်ခွဲစိတ်ပေးဖို့ မြေယာဌာနမှာ လျှောက်ထားရပါတယ်။ မြေတိုင်း ဌာနက လာရောက်ကြည့်ရှုစစ်ဆေး ပြီး မြေကွက်ခွဲပေးမှာဖြစ်ပါတယ်

မြေကွက် ခွဲလိုက်ရင် ဂရန်သီး ခြားစီ ရပါသလား

အကောင်းဆုံးကတော့ ဂရန်မူ ရင်းရှိသူကလည်း မြေကွက်ခွဲပေးဖို့ ပြိုင်တူလျှောက်ထားမယ်ဆိုရင်တော့ ဂရန်သီးခြားစီခွဲထွက်လာမှာဖြစ်တယ်

ဂရန်မူရင်းရထားသူက မြေ ကွက်ခွဲစိတ်ဖို့ အတူမလျှောက်ရင် ဘယ်လိုဖြစ်နိုင်သလဲ

မူရင်းဂရန်အမည်ပေါက်နဲ့ ဂရန်သီးခြားထုတ်ပေးထားတော့ရှိ တယ်

ဆိုလိုတာက ကျွန်တော်တို့က မြေကွက်ခွဲစိတ်ဖို့ လျှောက်ခဲ့ရင် ပေ ၂ဝ x ပေ ၆ဝ မြေကွက်ကို ကျွန်တော် တို့ အမည်နဲ့ ဂရန်သစ်ခွဲပေးမယ်။ ကျန် ပေ ၂ဝ x ပေ ၆ဝ မြေကွက်က တော့ မူလအမည်ပေါက်နဲ့ပဲ ခွဲစိတ် ပေးမယ့် သဘောပေါ့

ဟုတ်ပါတယ်။ ဒါကြောင့် မူရင်း ဂရန်လက်ဝယ်ရှိသူနဲ့ ဦးစွာ ညှိနှိုင်းဆွေးနွေးဖို့ လိုအပ်ပြီး မူရင်း ဂရန်လက်ဝယ်ရှိသူက ဂရန်အမည် ပေါက်ထံမှ ကိုယ်စားလှယ်လွှဲစာရယူ ထားခြင်းရှိ မရှိ စုံစမ်းရမှာဖြစ်တယ်

မူရင်း ဂရန်ရှိသူထံမှာ အမည် ပေါက်ရဲ့ ကိုယ်စားလှယ်လွှဲစာမရှိခဲ့ ရင် ဘယ်လိုဆောင်ရွက်မလဲ

တရားရုံးမှာ မှတ်ပုံတင် အရောင်းအဝယ်ချုပ်ဆိုပေးစေလိုမှုအ ဖြစ် တရားစွဲဆို တောင်းခံရမှာဖြစ် တယ်လို့ ရှင်းပြလိုက်ပါသည်။

Credit to: ဈေးကွက်ဂျာနယ်

"ဝယ်ထားသည့် ပါမစ်မြေကွက်မှာ ဂရန်သစ်လျှောက်ထားသူရှိနေလျှင် ဘယ်လိုလုပ်ပါ့မလဲ"အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်လောကတွင် အိမ်၊ ခြံ၊...
17/07/2023

"ဝယ်ထားသည့် ပါမစ်မြေကွက်မှာ ဂရန်သစ်
လျှောက်ထားသူရှိနေလျှင် ဘယ်လိုလုပ်ပါ့မလဲ"

အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်လောကတွင်
အိမ်၊ ခြံ၊ မြေ များ ရောင်းကြ ဝယ်ကြသောအခါ
ရောင်းသူ ဝယ်သူများမှာ မြေကွက်ဖြစ်စေ၊
မြေနှင့် အိမ်ဖြစ်စေ၊
တိုက်ခန်းဖြစ်စေ၊
ယင်းမြေနှင့်အိမ်၊ တိုက်ခန်းတို့နှင့်
ပတ်သက်၍ မှန်ကန်မှု ရှိမရှိ စုံစမ်းကြလေ့ရှိသည်။

အဓိကအားဖြင့် ရောင်းမှား ဝယ်မှား ဖြစ်မှာ စိုးရိမ်သည့်
အတွက် စေ့စပ်သေချာအောင် ဆောင်ရွက်ကြခြင်း
ဖြစ်သည်။

ယင်းသို့ တက်စွမ်းသလောက် လေ့လာသည့်ကြားမှာပင်
မမျှော်လင့်သော အခက်အခဲများနှင့် ကြုံတွေ့ကြလေ့
ရှိကြသည်။

မကြာသေးမီက အိမ် ခြံ မြေ ဝယ်ရောင်း အမျိုးသမီး တစ်ဦး
ကြှနျုပျထံ ရောက်လာသည်။

သူဝယ်ထားသည့် ပါမစ်မြေကွက်မှာ အတု-အစစ် သိလို၍
ရန်ကုန်မြို့ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနသို့
သွားရောက်ကာ တာဝန်ရှိသူများထံတွင် ပြသစစ်ဆေးရာ
မှန်ကန်ကြောင်း သိခဲ့ရသည်။

ထိုမျှနှင့်အားရကျေနပ်မှုမရှိသဖြင့်
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊
မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှု ဌာနတွင်လည်း
နာမည်ပေါက်မှန်ကန်မှု ရှိ / မရှိ သွားရောက် စစ်ဆေးရာ
အမည်ပေါက်မှန်ကန်ကြောင်း ပြန်ကြားစာ ရရှိခဲ့သည်။

ထို့ကြောင့် ယင်းမြေကွက်ကို ဝယ်ယူပြီး မိမိအမည်ပေါက်
ဖြစ်ရန် နှစ် ၆၀ ဂရန်သစ်ထုတ်ပေးရန် မြေယာဌာနတွင်
လျှောက်ထားခဲ့သည်။

ပါမစ်မှ ဂရန်သစ်လျှောက်ထားပြီး ၁၄ ရက်ခန့် အကြာတွင်
ယခင်က မူလ အမည်ပေါက်ပိုင်ရှင်က ၂၀၁၀ ခုနှစ်က
ဂရန်သစ်လျှောက်ထားသည့် မှတ်ချက်ရှိ၍ ရှင်းလင်းရန်
စည်ပင်မြေယာဌာနမှ အကြောင်းကြားစာ ရောက်လာ
သဖြင့် ဘယ်လိုဆောင်ရွက်ရမည်မသိ၍ ကြှနျုပျထံ
ရောက်လာ မေးမြန်းခြင်း ဖြစ်သည်။

ဒီလို ဂရန်သစ် လျှောက်တဲ့အခါမှာ ပါမစ်တစ်ခုထဲတွင်
ဂရန်လျှောက်သူနှစ်ဦး ပေါ်တတ်ကြောင်း သိရသည်။

ယင်းသို့ဖြစ်ရခြင်းမှာ မူလ ဂရန်သစ်လျှောက်ထားသူ က
လျှောက်ထားသည့် မြေကွက်ပေါ်တွင် တစ်သက်လုံးနေရန်
ရည်ရွယ်၍ ဂရန်သစ်လျှောက်ထားသည်ကို တွေ့ရသည်။

နောက်ပိုင်းတွင် မိသားစု စီးပွားရေး အတွက် ဖြစ်စေ၊
စျေးကောင်းရ၍ပြန်ရောင်းရသည့်အခါမျိုးတွင် ဖြစ်စေ၊
မိမိ ယခင်က ဂရန်သစ် လျှောက်ထားဖူးကြောင်း ပြောဆိုရန်
မေ့နေတက်ကြသည်။

"ဂရန် မထုတ်ရသေးတာပဲ၊ အရေးမကြီးပါဘူးလေ"
ဟူသော အထင်ဖြင့် မေ့မေ့လျော့လျော့ နေတတ်ကြသည်။

ပါမစ်မူရင်းကို အခြားသူ တစ်ဦးဦးသို့ ရောင်းချပြီးသော်လည်း
မိမိလျှောက်ထားခဲ့သည့် ဂရန်အသစ်အမှုတွဲမှာ အရေးမပါဟု
ယူဆကြသဖြင့် မြေကွက်အရောင်းအဝယ်လုပ်သည့် အခါ
မိမိထံမှ ဝယ်ယူသူကို ဂရန်သစ်လျှောက်ထားသည့်
အကြောင်း မပြောဘဲ နေခဲ့မိသည်။

ထို့အတူ
"ဂရန်လျှောက်ထားစဉ်က ဂရန်သစ်လျှောက် အမှုတွဲအမှတ်
ပါသည့် ဝန်ဆောင်ခ ပေးသွင်းသည့်ပုံစံလျှောက်လွှာ"
တို့ကိုပါ ပေးအပ်ရန် မေ့တတ်ကြသည်။

"သတိမမူတော့ ဂူမမြင်၊ သတိမူတော့ မြူစင်၍ ဂူမြင်သည်"
ဆိုသော ဆိုရိုးစကားအတိုင်း မူလအမည်ပေါက်ထံ မှ
ထပ်မံဝယ်ယူသူက ဂရန်သစ်လျှောက်သည့်အခါ ယခုလို
ဂရန်သစ်လျှောက်ထားသည့် မှတ်ချက်ကြီး က ပေါ်လာတော့
ဌာနက လာရောက်ရှင်းလင်းချက်ရေးသာတင်ပြပါဆိုပြီး
ခေါ်ယူတော့ စိတ်ညစ်စရာတွေနဲ့ ကြုံရတာပေါ့။

ဒီလို ကြုံရတဲ့အခါ မူလရောင်းသူအမည်ပေါက် သို့မဟုတ်
စာချုပ်အဆက်ဖြင့် ဂရန်လျှောက်ဖူးသူကို ပြန်ပြီးခေါ်၍
မြို့တော်ခန်းမ လက်ထောက်ဌာနမှူးရှေ့မှာ မိမိလျှောက်
ခဲ့သည့် ဂရန်သစ်အမှုတွဲ ပိတ်သိမ်းပေးဖို့
အခြားသူတစ်ဦးဦးအား ရောင်းချထားခြင်းကြောင့်
မိမိလျှောက်ထားချက်ရုတ်သိမ်းကြောင်း
စာတင်ခဲ့ရတယ်။

ကိုယ်တိုင်လာရောက်အမှုပိတ်သိမ်းသူမှန်ကန်ကြောင်း
၎င်းအရာရှိရှေ့မှာ လက်မှတ်ထိုးရတယ်။

အမှုပိတ်သိမ်းတဲ့ အမှုတွဲတင်ပြချက်နှင့် အတူ ပိတ်သိမ်းသူရဲ့
မှတ်ပုံတင်မိတ္တူ၊ ပါမစ်မိတ္တူ တစ်စုံစီကို ပူးတွဲတင်ပြရတယ်။

အဲဒီတင်ပြချက်တွေကို အရာရှိရှေ့မှာ ဒီအတိုင်း ထားခဲ့လို့
မရဘူး။ ဝင်စာလက်ခံတဲ့သူထံမှာ တင်ခဲ့ ရတယ်။
အဲဒီဝင်စာလက်ခံသူက ဝင်စာအမှတ် ( ) နဲ့ နေ့စွဲကို
ပြောပြတယ်။

ဥပမာ ဝင်စာအမှတ် ၉၉၉/ နေ့စွဲ ၂၉-၅-၂၀၁၄ လို့ပြောရင်
မှတ်သားထားရတယ်။ အဲဒီဝင်စာအား ဂရန်သစ်
လျှောက်ထားတဲ့မြေကွက်ပေါ်မှာ ရှိတဲ့ မှတ်ချက်ကို
ဖျက်ပေးလိုက်တယ်။

အဲဒီအခါမှ ဂရန်သစ်လျှောက်ထားသူအတွက်
- ဌာနက မြေတိုင်းကွင်းဆင်းစစ်ဆေးခြင်း
- သတင်းစာကြော်ငြာပေးခြင်း၊
- ဂရန်သစ်ထုတ်ပေးသည့်ဘုတ်အဖွဲ့သို့ တင်ပြခြင်း၊
- ခွင့်ပြုချက်ရလျှင် မြေကွက်တန်းဖိုး ငွေသွင်းခြင်း၊
ယင်းနောက်
- တာဝန်ရှိသူ အဆင့်ဆင့် လက်မှတ်ရေးထိုးပေးပြီး
- ဂရန်သစ်ထုတ်ပေးဖို့ အဆင်သင့်ဖြစ်တဲ့နေ့မှာ
လျှောက်ထားသူထံကို အကြောင်းကြား ပါတယ်။

ရုံးက အကြောင်းကြားစာရောက်မလာမီ မိမိကိုယ်တိုင်
မြို့တော်ခန်းမမှာ မကြာခဏ သွားစုံစမ်းလို့လည်း
ရပါတယ်။

မြတ်ဗုဒ္ဓ ဟောတယ်မဟုတ်လား။
"အတ္တာဟိ..အတ္တနော နာထော" တဲ့လေ။
"ကိုယ့်ကိုယ်ကိုပဲ အားကိုးရာပါ" ဆိုတော့ အမြန်ရအောင်
ခဏခဏ သွားစုံစမ်းပေါ့။

ဤသို့ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို
ကြှနျုပျက ပြောပြလိုက်သည့်အခါ လာရောက်မေးသူ
အမျိုးသမီးမှာလည်း သဘောပေါက်နားလည်ပြီး
ကျေးဇူးတင်ကြောင်း ပြော၍ ပြန်သွားလေတော့သည်။

credit - Shwe Sethtagan Journal

Address

Yangon

Alerts

Be the first to know and let us send you an email when Khin Phyu Pyar Aung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category