Burma Hlaing Real Estate

Burma Hlaing Real Estate Bak K*t Teh Hot Pot & Charcoal Chicken Chilli Hot pot with delivery service

"လုပ်တိုင်းအောင် ကြံတိုင်းမြောက်အောင် ပီယအဆောင်ယတြာ" တခြားလုပ်ငန်းကိုင်ငန်းတွေထက် အထူးသဖြင့် မိမိကိုချစ်ခင်အောင် စိတ်ဝင်...
19/03/2025

"လုပ်တိုင်းအောင် ကြံတိုင်းမြောက်အောင် ပီယအဆောင်ယတြာ"

တခြားလုပ်ငန်းကိုင်ငန်းတွေထက် အထူးသဖြင့် မိမိကိုချစ်ခင်အောင် စိတ်ဝင်စားလာအောင် ဆောင်ရမယ့် အဆောင်မျိုးဖြစ်ပါတယ်။ အထူးသဖြင့် အချစ်ရေးတွေ အတွက်ဆို အဓိကလုပ်ဆောင်ရမဲ့ အဆောင်မျိုးဖြစ်တယ်။ သိပ့်ပြီးမခက်ခဲဘဲ မိမိသွားလေရာမှာ ပြောဆိုဆောင်ရွတ်တဲ့အခါမှာ မိမိလိုရာကိစ္စကို မိမိကပြောဆိုဆောင်ရွတ်တဲ့အခါမျိုးမှာ အဆင်ပြေအောင် အောင်မြင်အောင် မိမိကို တဖက်သားကနေပြီးတော့ လေးလေးစားစားနဲ့ ခင်ခင်မင်မင်ဖြစ်လာအောင် အကျိုးပြုသည့် အဆောင်မျိုးဖြစ်ပါတယ်။ နေ့သားအလိုက် မိမိနေ့နာမ်ကစလို့ ပဉ်စပှတျနံနဲ့ ဆုံးတဲ့အသားကို အရုပ်ထုရမှာ ဖြစ်တယ် ။အဲ့ဒိအရုပ်ကလည်း ပဉ္စပွတ်နဲ့ဆုံးတဲ့ နေ့နာမ်အသားကို ထုရမှာ ဖြစ်ပါတယ်။

ဥပမာ အားဖြင့်....တနင်္ဂနွေသားသမီးဆိုရင် သူ့ရဲ့ပဉ်စပှတျဆိုတာက တနင်္ဂနွေပြီးရင် တနင်္လါ အင်္ဂါ ဗုဒ္ဓဟူး ကြာသပတေး ဆိုတော့ မိမိကနေစပြီးတော့ ရေတွက်မယ်ဆိုရင် ငါးခုမြောက်နံက ပဉ္စပွတ်လို့ ခေါ်တာပါ။

တနင်္လါသားသမီးဆိုရင် သူ့ရဲ့ပဉ်စပှတျဟာ တနင်္လါ အင်္ဂါ ဗုဒ္ဓဟူး ကြာသပတေး သောကြာ (သောကြာ)က သူ့ရဲ့ ပဉ္စပွတ်နံဖြစ်တယ်

က.ခ.ဂ.ဃ.င. တနင်္လါနံ (2)
ဆ.စ.ဇ.ည. အင်္ဂါနံ (3)
တ.ထ.ဒ.ဓ.န. စနေနံ (7)
ပ.ဖ.ဘ.ဗ.မ. ကြာသာပတေးနံ (5)
ရ.ထ.လ.ဝ. ဗုဒ္ဓဟူးနံ (4)
သ.ဟ. သောကြာ (6)
အ. တနင်္ဂနွေ (1)

ဆိုတဲ့ ဒီယတြာလေးကိုတော့ အခြေခံ နံသင့်အက္ခရာယူနည်း ဂဏန်းယူနည်း သိထားမှ ဖြစ်ပါမယ်။

ပီယအဆောင် အနေနဲ့ ကိုယ့်ကို ချစ်ခင်စေဖို့ သမီးရည်းစားကိစ္စအဆင်ပြေဖို့ သွားလေရာ ရောက်လေရာ အရပ်ဒေသ၌ ကိုယ်ပြောဆိုလုပ်ကိုင်တဲ့ ကိစ္စတွေမှာ အဆင်ပြေဖို့ ကိုယ့်ကို အလေးထား စိတ်ဝင်စားပြီးတော့ ကိုယ့်ကို ချစ်ချစ်ခင်ခင်နဲ့ ကိုပြောသမျှ အောင်မြင်ဖို့ အတွက်က ဒီအဆောင်လေး ဆောင်ထားခြင်းဖြင့် အချစ်ရေးကိစ္စတွက်ဖြစ်စေ မေတ္တာရေးကိစ္စအတွက်ဖြစ်စေ ပိုပြီးတော့ အဆင်ပြေစေမှာ ဖြစ်ပါတယ်

တနင်္ဂနွေသားသမီးများ အောင်ပန်းဖြူအသားကို
လက်တဆစ်ခန့် ဖြတ်ပြီးတော့ ကြွက်ရုပ်ထုလုပ်၍ အမြဲ တမ်းဆောင်ရမှာ ဖြစ်ပါတယ်

တနင်္လါသားသမီးများ ကသစ်သားကို လက်တဆစ်ခန့် ဖြတ်၍ ပူးအရုပ်ကလေး ထုလုပ်၍ ဆောင်ရမှာဖြစ်တယ်

အင်္ဂါသားသမီးများ စွယ်တော်သားကို လက်တဆစ်ဖြတ်၍ နဂါးရုပ်ထုပြီး ဆောင်ရမှာဖြစ်တယ်

ဗုဒ္ဓဟူးသားသမီးများ ဝါးကိုဖြတ်ပြီးတော့ ဂဠုန်ရုပ်ကို ထုလုပ်ပြီး ဆောင်စေရမည်

ကြာသာပတေးသားသမီးများ မန်ကျဥ်းသားကို လက်တဆစ်ခန့်ဖြတ်ပြီး ကျားရုပ်ထု၍ ဆောင်စေရမည်

သောကြာသားသမီးများ သစ်ဆိမ့်သားကို လက်တဆစ်ခန့်ဖြတ်၍ ခြင်္သေရုပ်ထု ၍ဆောင်စေရမည်

စနေသားသမီးများအတွက်က ဒန့်ဒလွန်သားကို လက်ဆစ်ခန့် ဖြတ်၍ ဆင်ရုပ်ထုပြီး အမြဲတမ်းဆောင်ရမှာ ဖြစ်ပါတယ်

ဒီအဆောင်တွေကတော့ နေ့၇နေ့မှာ ကိုယ့်နေ့အလိုက် ရုပ်ထုထုပြီးတော့ ဆောင်တဲ့အခါမှာ ပီယအဆောင်အနေနဲ့ အများအားဖြင့် စွမ်းအားသတ္တိကို ပေးမှာ ဖြစ်ပါတယ်

ကိုယ့်ကို ချစ်ခင်ပြီးတော့ ခင်မင်ပြီး အထောက်အပံပေးတာမျိုး အကူအညီပေးတာမျိုး စသည်ဖြင့် ပိုပြီးတော့ မိမိမှာ ပီယသတ္တိတွေရရှိလာစေမှာ ဖြစ်ပါတယ် မိမိတို့ရဲ့ ဘဝမှာ လုပ်ကိုင်ဆောင်ရွတ်တဲ့အခါ
အထူးသဖြင့် ချစ်ခင်မူ့နဲ့ ပတ်သက်ပြီး အထောက်အကူဖြစ်ပြီးတော့ မိမိလိုခြင်တဲ့ ပန်းတိုင်ကို ရောက်ရှိစေမှာ ဖြစ်ပါတယ်။ မိမိလုပ်ကိုင်တဲ့ နေရာမှာ မိမိရဲ့ ပြောရေးဆိုရေးကိစ္စတွေမှာ ပိုပြီးတော့ အဆင်ပြေပြီး အောင်မြင်တိုးတက်စေပါလိမ့်မယ်။

အားလုံး ကျန်းမာချမ်းသာ၍ လိုရာဆန္ဒ ပြည့်ဝကြပါစေ။

Zin Min Htet
ဣစ္ဆာသယမဟိဒ္ဓိလက်နက်ဝိဇ္ဇာစက်
@ဦးစားပေးဖော်ပြမှု

မျက်နှာပွင့် ဂါထာ============ပီယဆေး ပီယဂါထာ တောင်းထားသူများအတွက်ပီယဆေးအကြာင်း နောက်မှတင်ပေးပါမယ်။ယခု ပီယဂါထာ/မျက်နှာပွင်...
02/01/2025

မျက်နှာပွင့် ဂါထာ
============

ပီယဆေး ပီယဂါထာ တောင်းထားသူများအတွက်
ပီယဆေးအကြာင်း နောက်မှတင်ပေးပါမယ်။
ယခု ပီယဂါထာ/မျက်နှာပွင့်ဂါထာလေးကို
အရင်ဆုံး တင်ပေးလိုက်တယ်နော်

မြင်နှာမြင်တဲ့သူတိုင်းက ချစ်ဖို့ဆိုရင်
နေ့စဥ်သက်စေ့ ရွတ်ပေးရပါမည်။

တဦးတယောက်ထဲက ချစ်လာစေဖို့ဆိုရင်
အဲ့ဒီလူရဲ့မျက်နှာကို မြင်အောင်အာရုံပြုပြီးရွတ်ပါ။

၁လအတွင်း မမြင်ရမနေနိုင်အောင်
ချစ်ခင်လာလိမ့်မည်။
(ကိုယ်တွေဂါထာ ဖြစ်ပါသည်)

လူအများနဲ့ ထိတွေ့ဆက်ဆံရသောလုပ်ငန်ရှင်များ
အထူးအဓိဌာန်အနေနဲ့ ရွတ်ဆိုသင့်ပါသည်။

အဓိဌာန်နည်း

မျက်နှာပွင့် ပီယဂါထာဖြင့် အဓိဌာန်ဝင်ဖို့အတွက် မိမိမွေးနေ့တွင်စဝင်ပါ။ ပန်းအိုးတခုဖြင့် ကံ့ကော်၉ညွှန့် ဖယောင်းတိုင်၉တိုင် အမွေးတိုင်၉တိုင် မိမိအိမ်ဘုရားမှာကပ်လှူပြီး (ယနေ့မှစ၍ ဒီဂါထာအားနေ့စဥ် သက်စေ့ရွတ်ဆိုပါမည် ၉ရက်အဓိဌာန်ပြုပါသည်)
သက်ဆိုင်ရာ အစောင့်ရှောက်များမှ ကူညီစောင့်ရှောက်ပါ။အဲ့ဒီလို အဓိဌာဝင်ကာ၉ရက်တိတိ မပျက်မကွက် လုပ်ဆောင်ကာ ရွတ်ဆိုရပါမည်။

ကံ့ကော်ပန်းကို နေ့စဥ် ပန်းမလဲနိုင်ရင်လည်းရပါသည်
အမွှေးတိုင် ဖယောင်းတိုင်တော့ နေ့စဥ် ၉တိုင်စီပူဇော်ကာ သက်စေ့ပြည့်အောင်ရွတ်ဆိုပါ။
အဆင်ပြေကြပါစေ။

10/12/2024

ပဋ္ဌာန်းကို အများကြီးရွတ်ရင် ‼️

1. ကိုယ့်အနားက အတွင်းစိတ်ဓာတ်မမှန်ကန်တဲ့သူတွေ မိတ်ဆွေတုတွေနဲ့ ဝေးစေတယ်။

2. အတွင်းဓာတ်ခံကောင်းတဲ့ မိတ်ဆွေစစ်တွေနဲ့
တွေ့စေတတ်တယ်။

3. လူတွေရဲ့ စိတ်တွေကို တဖြေးဖြေးသိလာတတ်တယ်။

4. ကိုယ်နဲ့ပတ်သတ်တဲ့ တခြားသူတွေရဲ့
အတွင်းစိတ်ဓာတ်တွေ အနာဂတ်မှာဖြစ်မှာတွေကို အိမ်မက်နဲ့ဖြစ်ဖြစ်သိလာတတ်တယ်။

5. နောင်ဘုရားဖူးလို့ ပဋ္ဌာန်းတရားဟောကြားတာကိုနာရရင်လည်း တိရစ္ဆာန် ဘဝရောက်နေရင်တောင် ကြည်ညိုစိတ်ဖြစ်ပြီး အဲဒီဘဝကနေ သုဂတိဘုံကိုရောက်နိုင်တယ်။

6. သုဂတိဘုံရောက်နေချိန် ဘုရားဟောတဲ့ ပဋ္ဌာန်းတရားနာကြားခွင့်ရရင် ရဟန္တာ အထိဖြစ်နိုင်တယ်။
ပဋ္ဌာန်းတန်ခိုး အကျိုးအနန္တ။

တရားတော်တွေကို ရိုရိုသေသေ လေးလေးစားစား သဒ္ဓါ တရားအပြည့်နဲ့ အဓိပ္ပါယ်ကိုနှလုံးသွင်းပူဇော်ရင် လူ့ချမ်းသာ နတ်ချမ်းသာကိုသာမက
နိဗ္ဗာန်ထိအောင် အကျိုးပေးနိုင်ပါတယ် ။

crd

အခုနောက်ပိုင်း အိမ်တွေမှာ ရှင်းလို့မနိုင်ဖြစ်လာတဲ့ အကောင်လေးတွေရဲ့ စိတ်ဝင်စားဖွယ် အကြောင်းရင်းကိုယ်နေတဲ့ အိမ်၊ ကိုယ်နေတဲ...
17/11/2024

အခုနောက်ပိုင်း အိမ်တွေမှာ ရှင်းလို့မနိုင်ဖြစ်လာတဲ့ အကောင်လေးတွေရဲ့ စိတ်ဝင်စားဖွယ် အကြောင်းရင်း

ကိုယ်နေတဲ့ အိမ်၊ ကိုယ်နေတဲ့ နေရာ ရဲ့ မျက်နှာကျက်တွေ နံရံတွေ ဘီရိုကြားတွေ မှာ တွဲလွဲ ခိုကပ်နေတဲ့ အဖြူရောင်လိုလို မီးခိုရောင်လိုလို ဘာမှန်း မသိတဲ့ အကောင်လေးတွေ ရှိနေကြလား။ (ရှိ ကို ရှိမှာပါ။) ထူးဆန်းတာက အဲ့သည့် အကောင်တွေကို သည်ဘက် နှစ်နှစ် လောက်မှ တွေ့လာရတာ၊ အရင် က မမြင်ခဲ့သလိုပဲ။

အစကတော့ ကိုယ့်အိမ်မှာပဲ ရှိတယ် ထင်နေတာ။ မဟုတ်ဘူး။ အိမ်တိုင်း နေရာတိုင်း လိုလိုပဲ။ ဘဏ်တွေ မှာလည်း တွေ့တယ်။ ရုံးတွေ မှာလည်း တွေ့တယ်။ ဆေးရုံ ဆေးခန်းတွေ မှာလည်း တွေ့တယ်။ ဆောက်ပြီးစ အိမ်အသစ်မှာတောင် နှစ်လလောက်နေရင် တွေ့ပြီ။ ဘယ်လိုရောက်လာလဲတော့ မသိဘူး။

အဲ့သည့် အကောင်တွေကို Case-bearing moths, Case-making moths, Case-holding moths လို့ အမျိုးမျိုး ခေါ်ပါတယ်။ ပိုးဖလံ တစ်မျိုးပါပဲ။ ဥ က ပေါက်လာပြီးတဲ့ ပိုးလောက်လမ်းသား လေး က ဖုန်တွေ အမှုန်တွေကို သူ့ကိုယ်က အကျိအချွဲတွေ နဲ့ အခွံအိတ်လေးလို ဖြစ်အောင် လုပ်ပြီး ဝင်နေတာပါ။ ပိုးအိမ် ထဲ က ပိုးတုံးလုံးပေါ့။ အရွယ်ရောက်တဲ့ အချိန်မှာတော့ ပိုးအိမ်ထဲ က ထွက်ပြီး ဖလံကောင် ဘဝ ပြောင်းသွားလို့ အခွံချည်း ကျန်ခဲ့ပါတယ်။ ဖလံကောင် ကလည်း သေးသေးလေးပါ။ တလက်မ ရဲ့ လေးပုံတပုံ လောက်ပဲ ရှိပါတယ်။

သတိထား ကြည့်ရင် အိမ်ထဲမှာ အဲ့လို ဖလံကောင်လေးတွေ တွေ့တတ်ပါတယ်။ ပိုးအိမ်ခွံ အရောင်ကတော့ ပတ်ဝန်းကျင် က ဖုန်၊ အမှိုက်နဲ့ အမှုန်အမွှား၊ အမျှင်အစ တွေပေါ် မူတည်ပြီး ကွဲပြား နိုင်ပါတယ်။ တကောင် စ၊ နှစ်ကောင် စ တွေ့နေရင်း ကို များများ လာတာမျိုးပါ။ ပုံမှန် အားဖြင့် အန္တရာယ် မရှိပေမယ့် အကောင် ရှိိနေတဲ့အချိန် ကိုင်မိ ထိမိတဲ့အခါ ဓါတ်မတည့်တာမျိုး ကြောင့် ယားယံတာ ဖူ-းရော-င် ကို-က်ခဲတာ ရေကြည်ဖု ထတာ ဖြစ်တတ်ပါတယ်။ (လူတိုင်းတော့ မဟုတ်ဘူးနော်။ ဓါတ်မတည့်တဲ့ သူတွေ မှ ဖြစ်တတ်တာပါ။)

အထူးသဖြင့် "ကလေးကို ဘာကောင် ကိုက်လိုက်မှန်း မသိဘူး" ဆိုတာမျိုး က အဲ့သည့် အကောင်ကြောင့် ဖြစ်နိုင်ပါတယ်။ စိုးရိမ်စိတ်ပူစရာ မဟုတ်ပေမယ့် သတိထားနိုင်ဖို့ပါ။ အဆိုပါ အကောင်လေးတွေကို ရှင်းလင်းနိုင်မယ့် နည်းလမ်း မတွေ့သေးပါဘူး။ ခြင်ဆေးနဲ့ ဖြန်းလို့ ရပေမယ့် ထပ်ပြီး ရောက်လာကြပါတယ်။ အခန်းကို အလုံပိတ်ပြီး ခြင်ဆေးဖြန်းတဲ့ နည်းလမ်းကပဲ လတ်တလော အသုံးဝင်ပါတယ်။

#ပိုးဖလံ
#အိမ်

✨အကျိုးပေးထူးသည့် သရဏဂုံ✨🙏✨
16/11/2024

✨အကျိုးပေးထူးသည့် သရဏဂုံ✨🙏✨

အံ့မိခြင်း. ဆိုတာ အောက်လမ်း လုံးဝမဟုတ်ပါဘူးရှင်အံ့မိခြင်း အံ့မိတယ်ဆိုတာဘာဖြစ်တာလဲအရောင်းအဝယ်တွေကောင်းနေရင်းကနေဗြုန်းကနဲ ...
12/11/2024

အံ့မိခြင်း. ဆိုတာ အောက်လမ်း လုံးဝမဟုတ်ပါဘူးရှင်
အံ့မိခြင်း
အံ့မိတယ်ဆိုတာဘာဖြစ်တာလဲ
အရောင်းအဝယ်တွေကောင်းနေရင်းကနေ
ဗြုန်းကနဲ လာဘ်တွေတိတ်သွားတယ်
စျေးရောင်းအား ကျသွားတယ်
ငွေတွေဝင်နေရင်း ငွေဝင်ရပ်သွားတယ်
ကျန်းမာရေးကောင်းနေရင်းကနေ ဖောက်သွားတယ်....
စသဖြင့်ပေါ့နော် ... အကောင်းတွေကနေ
မကောင်းဖြစ်သွားတယ်ဆိုတာ
တစ်ကယ်တော့အံ့မိသွားတာ။

ဘာကြောင့်အံ့မိလဲဆိုတော့
ဥပမာ ကျမအဝတ်အစားအသစ်ဝတ်တာမြင်ရင် " ဟာ ...လန်းနေပါလား... အံမယ် ... အဆင်ပြေနေပါလား လှလို့ ပလို့ ဝလို့ပါလား " အဲလို အံ့ဩတကြီးပြောခံရရင် အံ့မိပါတယ်
ရွှေတွေငွေတွေနဲ့အပြင်သွားတယ်
အဲ့မှာကိုယ့်ကိုမြင်တဲ့သူတွေက
ဟာ.....
မင်းကြည့်ကောင်းလာတယ်
စျေးတွေကိုယ်အရမ်းရောင်းနေရတဲ့အခါမှာ
ဟာ...အရမ်းရောင်းရတယ်နော်
မင်းကိုအားကျတယ်....
အဲ့လိုမျိုးကိုယ့်ကိုပြောလာတဲ့စကားတွေက
ကာယကံရှင်ကိုထိပါတယ်
အံ့မိစေပါတယ်
ကလေးလေးဝဝတုတ်တုတ်လေးကို
သနပ်ခါးအဖွေးသားလူးပီး
ရပ်ကွက်ထဲခေါ်သွားတော့ဘေးကလူတွေက
ဟယ်နင့်ကလေးလေးကဝတုတ်နေတာ ပဲ
ချစ်စရာကြီးနော်
အံ့သြတကြီးချီးကျူးကြတာ
အဲ့လိုဆိုအဲ့ကလေးဘာဖြစ်သွားလဲသိလား
နောက်ရက်နေမကောင်းဖြစ်တာ
အဲ့လိုလုပ်မပြောစေချင်ဘူး မလုပ်စေချင်ဘူး တားလို့မရပါဘူး
ပုထုစဉ်လူသားတွေမို့
မပြောပဲလည်းမနေနိုင်ကြပါဖူး
ကိုယ့်ကိုလာပြောတဲ့လူတွေကိုလည်း
အဲ့လိုလာမပြောနဲ့လို့လိုက်ပြောနေရင်ပါးချသွားမှာ
အဲလိုမပြောမိအောင် မုဒိတာပွားပေးရပါတယ်
သူလှတာက ကုသိုလ်ကောင်းလို့ လှတာ ဒီထက်မကလှပါစေ
ကျန်းမာပါစေ ချမ်းသာပါစေ အဲလိုလေး မုဒိတာပွားပြီးဝမ်းသာပေးရပါတယ် ကျမတို့ဆရာမင်းနိူင်ရဲ့တပည့်များလည်း
အဲဒီမုဒိတာစိတ်လေးဝင်အောင် ကြိုးစားပြီးကျင့်နေကြပါတယ်
အဲဒီမုဒိတာစိတ်လေးဟာ တူသောအကျိုးကို ကိုယ်လည်းထပ်တူရပါတယ်ခင်ဗျာ.....
အံ့မိရင်လွတ်အောင်လုပ်တဲ့နည်းရှိပါတယ်
ထမင်း ပူပူနွေးနွေး တစ်ပန်းကန် ခူး။
ကြက်ဥပြုတ် တစ်လုံး အခွံနွာ ထည့်။
နှင်းဆီပန်း အနီရဲရဲ တစ်ပွင့်ကနေ ပွင့်ဖတ်တွေ ခြွေယူပြီး ထမင်းပေါ် ပွင့်ဖတ်တွေ ဖြူးပါ....
အဲဒီ ပန်းကန်ကို အမြင့် တစ်နေရာမှာ တင်။
အံ့မိခြင်းနှင့် ဆိုင်သော နတ်များအား ကပ်လှူပါသည်။ အံ့မိခြင်း၊ ခမည်းလိုခြင်း စသည့်အထွေထွေမှ အကျွန်ပ်မှ အစပြု၍ တစ်မိသားစုလုံး ကင်းလွတ်ငြိမ်းရပါလို၏ ။
အဲလို ပြောပြီး ကပ်။ အနည်းဆုံး ခြောက်နာရီတော့ ထား။ ခြောက်နာရီကျော်ရင် စွန့်။ စွန့်ပြီးရင် ဘယ်သူမှ မစားရ။
အားလုံးအလုပ်အကိုင်တွေအစဉ်ပြေပီး စီးပွားတိုးတက်အဆင်ပြေကြပါစေ......
အံ့မိခြင်းကင်းကြပါစေ.....
အနုပညာလောကမှာရှိသောသူများအတွက်
မော်ဒယ်လ်များ သီချင်းဆိုသူများ ဖက်ရှင်ရှိုးလျှောက်သူများ
အနုပညာဖြင့်အသက်မွေးဝမ်းပြုသူများအားလုံးမှာ
ရင်ထဲမှာတုန်လှုပ်ခြောက်ခြားခြင်း ဘာမှန်းမသိတခုခုထိတ်လန့်ခြောက်ခြားခြင်း စိုးရိမ်ပူပန်ခြင်း ဒေါသထွက်ထွက်ခြင်း
စိတ်တိုနေခြင်း အဲသလို မကြာ မကြာ ဖြစ်နေတတ်ပါတယ်။ အဲလိုဖြစ်နေခြင်းဟာ အံ့မိနေခြင်းကြောင့်ဖြစ်ပါတယ်..... အဲလိုတွေဖြစ်နေခဲ့ရင် အခုအံ့မိခြင်းယတြာကို
၁ ပတ်တခါဖြစ်စေ ၁၀ ရက်တခါဖြစ်စေ ပြုလုပ်လို့ရပါတယ်...

ဆရာမင်းနိုင်ကိုဦးခိုက်ကန်တော့ပါသည်...
ရွှင်လန်းသောစိတ်ဖြင့်ပြည့်စုံပါစေ......
Crd

ထူးခြားနေ့ရက် ၉ စနေ နှစ်ထပ် 🍀9.11.2024 စနေနေ့ ၁၃၈၆ခု တန်ဆောင်မုန်းလဆန်း ၉ ရက် စနေနေ့အင်္ဂလိပ်လို 9ရက်နေ့စနေနေ့မြန်မာလို ...
07/11/2024

ထူးခြားနေ့ရက် ၉ စနေ နှစ်ထပ် 🍀

9.11.2024 စနေနေ့
၁၃၈၆ခု တန်ဆောင်မုန်းလဆန်း ၉ ရက် စနေနေ့

အင်္ဂလိပ်လို 9ရက်နေ့စနေနေ့
မြန်မာလို ၉ရက်နေ့ စနေနေ့ ဖြစ်တာကြောင့် ၉ စနေနှစ်ထပ်ကျတဲ့ နေ့လို့ ခေါ်ပါတယ်။

၄င်းနေ့ရက်မှာ လောကီအစီအရင်များ ပြုလုပ်ရာတွင် အောင်မြင်မှု့ကို များစွာ ရတက် ချက်ချင်းအကျိုးပေးတက်ပါတယ်။

နဝင်းယတြာများကိုလည်း သေချာလေး ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ အကျိုးပေး မြန်ပါလိမ့်မယ်။ ၉ နဝင်းစေတီ ၊ ၉ တောင်ပြည့်စေတီ စသည် မှာ ပြုလုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်။
သွားဖို့လာဖို့ ခက်ခဲတဲ့သူတွေအတွက်တော့ နေအိမ်ဘုရားမှာပဲ မနက်၉နာရီလောက်မှာ ဆွမ်းပန်းရေချမ်း အမွှေးတိုင် ဖယောင်းတိုင် များကို ၉ခုစီ လှူပေးပါ။
သီလဆောက်တည်နိုင်သူတွေ သီလဆောက်တည်၍
ဂုဏ်တော် ၉ပါးကို ပုတီး ၉ပါတ် ၉ရက်တိတ်ိ အဓိဋ္ဌာန်ပြု၍ စိတ်ပါဗျာ။

နောက်တစ်ခုက
၉ စနေဖြစ်တာကြောင့် နဂါးသိုက် နဂါးဆက် နတ်နဂါး သိုက်နဂါး များကို ကုသိုလ်ပြုပေးခြင်း
နွားနို့ ပေါက်ပေါက်များ နှင်းဆီပန်းများ လှူခြင်း
ခန္ဓသုတ် ၉ ခေါက် ရွတ်ဖတ်၍ မေတ္တာပို့ပေးခြင်း အမျှဝေခြင်း ပြုလုပ်ပေးပါ။ ၉ ခါတိတိ အမျှဝေပေးရပါတယ်။

မိတ်ဆွေတို့မှာ ရှိနေတဲ့ ကြုံနေတဲ့ အခက်အခဲများ အားလုံး အဆင်ပြေသွားစေပါလိမ့်မယ် ။
လုပ်ငန်းအလုပ်အကိုင်တွေ အဆင်ပြေမယ်။
ငွေကြေး လာဘ်ရွင်စေ ဝင်စေပါမယ်။ ချဲ ထီ များ ပေါက်ပါလိမ့်မယ်။ ဝမ်းသာစရာ ကောင်းသတင်းများ ကြားရ ကြုံရပါလိမ့်မယ်ဗျာ....။

အကျိုးကိုသိ၍ အကျိုးရှိစွာ အသုံးချနိုင်ကြပါစေဗျာ...။

Htet Myat Aung(မြန်မာ့ရိုးရာ ဗေဒင်ပညာ)

အိမ်ခြံမြေကို ပေါက်ဈေးတန်းအောက် ချိုတာဝယ်ပြီး ပေါက်ဈေးအတိုင်းပြန်ရောင်းတာ"ဝယ်ရောင်း"အိမ်ခြံမြေကို ပေါက်ဈေးအတိုင်းပေးဝယ်ပ...
16/10/2024

အိမ်ခြံမြေကို ပေါက်ဈေးတန်းအောက် ချိုတာဝယ်ပြီး ပေါက်ဈေးအတိုင်းပြန်ရောင်းတာ
"ဝယ်ရောင်း"

အိမ်ခြံမြေကို ပေါက်ဈေးအတိုင်းပေးဝယ်ပြီး နေရာလှကို ဝယ်ပြီးသိမ်းထားတာ
"ဝယ်ဥ"

အိမ်ခြံမြေကို ပေါက်ဈေးအတိုင်းပေးဝယ်ပြီး ကိုယ်တိုင်နေတာ
"အနေသမား"

ဝယ်ရောင်းက ဈေးကိုအဓိကထားစဥ်းစားတယ်။
ဝယ်ဥက ပစ္စည်းကိုအဓိထားစဥ်းစားတယ်။

ကိုယ်ကဝယ်ရောင်းချင်တာလား? ဝယ်ဥချင်တာလား? နေချင်တာလား?ရည်ရွယ်ချက်မတူရင် အဓိကထားရတာချင်း မတူဘူး။

အိမ်ခြံမြေဝယ်တဲ့အခါမှာ ဝိရောဓိတွေနဲ့ မြေတစ်ကွက်ထဲနဲ့ အကုန်လုံးစုံတာမျိုးလိုချင်လို့မရဘူး။ အကုန်လုံးစုံတာဝယ်ချင်ရင် ဈေးချိုလေ့မရှိဘူး။

လူတွေက အခုခေတ်မှာ ဝယ်ရောင်းလုပ်ချင်လို့ဆိုပြီး ခဏခဏလာပြောကြတယ်။အိမ်ခြံမြေဝယ်ရောင်းဆိုတာ လွယ်လွယ်မဖြစ်ဘူး။ အတွေ့အကြုံ၊ဗဟုသုတ၊ဈေးကွက်အကြောင်း၊စာရွက်စာတမ်းအကြောင်း အားလုံးစုံမှ ဝယ်ရောင်းဖြစ်တာ။

အိမ်ခြံမြေမှာ ဝယ်ရောင်းလုပ်ချင်ရင် များများဝယ်ဖူးဖို့လိုတယ်။ နယ်မြေကျွမ်းဖို့လိုတယ်။

ဝယ်ရောင်းဖြစ်ချင်ရင် အလွယ်ဆုံးနည်းက ဝယ်ဥကို အရင်လုပ်ဖို့လိုတယ်။ ဝယ်ဖူး၊ရောင်းဖူးတာများမှ ဝယ်ရောင်းဖြစ်မယ်။



#ပြင်ဦးလွင်
#မေမြို့
#အိမ်ခြံမြေ

ဝိဇ္ဇာတွေဆောင်တဲ့ ဂါထာ ဝိဝိဇ္ဇာလမ်း‌လျှောက်မယ်ဆိုရင်ဖြင့်"ဒိဝါတပတိဂါထာ"ဆောင်ကို ဆောင်ရပါတယ်။ ဝိဇ္ဇာလမ်း‌လျှောက်ပြီဆိုကတည...
27/09/2024

ဝိဇ္ဇာတွေဆောင်တဲ့ ဂါထာ

ဝိဝိဇ္ဇာလမ်း‌လျှောက်မယ်ဆိုရင်ဖြင့်
"ဒိဝါတပတိဂါထာ"ဆောင်ကို ဆောင်ရပါတယ်။

ဝိဇ္ဇာလမ်း‌လျှောက်ပြီဆိုကတည်းက စီးပွားရေးလုပ်ကိုင်ခြင်း မရှိရတော့ပြီ ဖြစ်တဲ့အတွက် ဝိဇ္ဇာ မဖြစ်ခင် ဝမ်းတထွာရေးအတွက် အဆောင်ဆိုတာ မပါမဖြစ်ဆောင်ကြရပါတယ်။

တချို့တွေ ကြုံကြိုက်ဖူးမှာပါ သန့်သန့်ပြန့်ပြန့် အဘိုးအို တယောက်တွေ့ရင် စိတ်ထဲက သဒ္ဒါစိတ်ပေါ်လာပြီး
ငွေ ကိုးရာ,တထောင်မျိုး ဒါနပြုမိတာမျိုးတွေ ကြုံကြရဖူးမှာပါ။

သူတောင်းစားနဲ့ မတူပါဘူး။

ဝိဇ္ဇာဆိုတာ အရူးယောင်ပဲဆောင်တယ်
ဒါနကိုလှည့်ဖျားဖို့ သူတောင်းစားယောင်မဆောင်ဘူး။

ဝိဇ္ဇာတွေရဲ့ သာသနာပြုလမ်းမှာလဲ "ဒိဝါတပတိဂါထာ" ကပဲ မဆောင်မဖြစ် ဂါထာပါပဲ။

လက်တွေ့ စမ်းသပ်လို့ရပါတယ်။

ဘုရားတည် ကျောင်းဆောက်ချင်တဲ့စိတ် ကလေးများဖြစ်လာရင်
ဖြစ်လာခဲ့ရင်
ဘုရားမှာ အဓိဌာန်
တနှစ်အတွင်း နှစ်နှစ်အတွင်း
တည်ရပါလို၏ ဆောက်ရပါလို၏ ဟုသာ ဆုတောင်းပြီး
ဒိဝါတပတိဂါထာ ကို တနေ့ဘယ်နှစ်ခေါက် ရွတ်မယ်ဆိုပြီး အဓိဌာန်

အဓိဌာန် အောင်တယ်
မအောင် မရှိ အောင်ကို အောင်တယ်

စီးပွားပျက်နေသလား
ကုန်းကောက်စရာမရှိအောင် မွဲနေသလား

အဓိဌာန် တင်သာရွတ်

ပျက်တဲ့စီးပွား ခြောက်လအတွင်း ပြန်အဖတ်ဆယ်လို့ရမယ်

ရွတ်ဆိုတဲ့နေရာမှာ
ယုံကြည်စိတ်
အဲစိတ်ကလေးကတော့ အရေးကြီးပါတယ်
ဒီဂါထာရွတ်လို့ အောင်ရမယ် ဆိုတဲ့စိတ်
အောင်ကို အောင်ရမယ်ဆိုတဲ့စိတ်
ဘုရားအပေါ် ဘုရားတန်ခိုးအပေါ် လုံးဝယုံမှားကင်းတဲ့စိတ်
နဲ့သာ ကြည်ညို ရွတ်ဆို ပူဇော်ပါ
လောကီချမ်းသာ ပြည့်စုံမယ်။

ဒါနပါတွဲ
"ဒိဝါတပတိဂါထာ" ရွတ်လို့
စီးပွားရေးလေးများ အဆင်ပြေလာရင် လှုဒါန်းဖို့မမေ့ကြနဲ့ကွဲ့ ဂါထာကိုက သာသနာပြုဂါထာ ဖြစ်နေလို့
အဆင်ပြေ စီးပွားတက်လေ ဆထက်ထမ်းပိုးလှုဒါန်းကြပါ။

ဒိဝါတပတိ ဂါထာ
**************
သဗ္ဗဇယ မင်္ဂလ ဂါထာ
🙏🙏🙏🙏🙏🙏

ဒိဝါ တပတိ အာဒိစ်စော၊ ရတ်တိမာ ဘာတိ စန်ဒိမာ။
သန္နဒ္ဓေါ ခတ္တိယော တပတိ၊ စျာယီ တပတိ ဗြာဟ္မဏော။
အထ သဗ္ဗ မဟောရတ္တိံ၊ ဗုဒ္ဓေါ တပတိ တေဇသာ။
တာဒိသံ တဇေသမ်ပန်နံ၊ ဗုဒ်ဓံ ၀န်ဒာမိ အာဒရံ။
နမက္ကာရာနုဘာဝေန၊ သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ။

( မှန်ကန်တိကျစွာ အသံထွက်နည်း )
----------------------------
ဒိဝါတပတိ အာဒိတ်စော၊ ရတ်တိမာ ဘာတိ စန်ဒိမာ။
သန်နတ်ဓော ခတ်တိယော တပတိ၊ စျာယီ တပတိ ဗြာန်မဏော။
အထ သတ်ဗ မဟောရတ်တိန်၊ ဗုတ်ဓော တပတိ တေဇသာ။
တာဒိသံ တေဇသန်ပန်နံ၊ ဗုတ်ဓံ ၀န်ဒါမိ အာဒရံ။
နမက်ကာရာ နုဘာဝေန၊ သတ်ဗေ ပူရင်တု သင်ကပ်ပါ။

( အနက်အဓိပ္ပါယ် )
------------------------
နေမင်းသည် နေ့အခါ၌သာ ထွန်းလင်းတောက်ပ၏။
လမင်းသည် ညအခါ၌သာလျှင် ထွန်းလင်းတောက်ပ၏။
ပြည့်ရှင်မင်းသည် မင်းမြောက်တန်ဆာငါးပါး ၀တ်ဆင်မှသာ တင့်တယ်၏။ ရဟန္တာအရှင်မြတ်တို့သည် စျာန်၀င်စားမှသာ တင့်တယ်၏။ မြတ်စွာဘုရားသော်ကား နေ့ညပတ်လုံး တန်ခိုးတော်ဖြင့် တင့်တယ်ပေသည်တကား။ ထိုသို့ တန်ခိုးတော်ဖြင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို တပည့်တော် ရိုသေစွာ ရှိခိုးပါ၏ဘုရား။ ဤသို့ ရှိခိုးရသော အကျိုးကြောင့် ကြံကြံသမျှ တောင့်တအရာရာ အဖြာဖြာတို့သည် လျင်မြန်စွာ ပြည့်စုံပါစေသတည်း။
🙏🙏🙏

မမေ့မလျော့ ရွတ်ဆိုကြဖို့
တိုက်တွန်းလိုက်ပါတယ်။

ရှေးဆရာတွေ ပြုပြင်စီရင်ထားတဲ့ ဂါထာလဲ မဟုတ်ဘူး
ရှေးအကျဆုံး ဂါထာလဲ ဖြစ်တယ်။
လာဘ်လာဘမှာလဲ ပြိုင်ဖက်ကင်းဂါထာလဲ ဖြစ်တယ်။

(၃၁)ဘုံတွင် ကျင်လည်ကြကုန်သော လူနတ်ဗြဟ္မာ သတ္တဝါအားလုံး ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ.. ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ🙏🙏🙏

{ မူရင်း - စာရေးသားသည့် ပုဂ္ဂိုလ်ကို မသိတော့ပါ။ အဘယ်ကြောင့်ဆိုသော credit ဟုသာပါပြီး၊ နာမည်မပါသောကြောင့်ဖြစ်ပါသည်။ စာလုံးပေါင်းမှားနေသောကြောင့်၎င်း၊ စာကြောင်းနှစ်ခု ပေါင်းစည်းရခြင်းဖြစ်တဲ့အတွက် စာကို အနည်းငယ် ပြန်လည်ပြင်ဆင်ထားပါသည်ခင်ဗျာ။ }

ယတြာလိုအပ်တဲ့သူများအတွက်🍀🍀🍀
27/09/2024

ယတြာလိုအပ်တဲ့သူများအတွက်🍀🍀🍀

Address

Yangon

Telephone

+9595129711

Website

Alerts

Be the first to know and let us send you an email when Burma Hlaing Real Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share