27/12/2025
မတူညီမှုတွေနဲ့ကြုံရတဲ့အခါ ကောင်းမွန်တဲ့အတွေးအခေါ်နဲ့
အမြင်ကျယ်ကျယ်ကြည့်တတ်ဖို့လိုပါတယ်”
လူတစ်ယောက်ရဲ့ အနေအထိုင်၊
အမူအကျင့် အပြောအဆိုတွေကိုကြည့်ပြီး
မပျော်နိုင်တဲ့စိတ်နဲ့ အလိုမကျဖြစ်နေကြတာ
မညီမျှခြင်းတွေကို တူညီတဲ့စည်းဘောင်းတွေချပြီး
တိုင်တာမိနေတဲ့ ကိုယ့်ရဲ့အားနည်းချက်တွေပါ။
နေထိုင်ရာဒေသတွေ မတူကြသလို
ရှင်သန်ကြီးပြင်းပုံတွေကလဲ ကွားခြားနိုင်ပါတယ်။
လှုပ်ရှားရုံးကန်ရင်း ရင်ဆိုင်ခဲ့ရတဲ့ဒုတ္ခတွေကလဲ
တစ်ဦးနဲ့တစ်ဦး မတူညီကြလို့
စဥ်းစားတွေးခေါ်ပုံတွေ ဆုံးဖြတ်ချက်တွေက
ထပ်တူမကြနိုင်တာလဲ ဖြစ်နိုင်ပါတယ်။
လောကနိယာမ အရ ဖြစ်တည်မှုတွေရဲ့
အလှည့်အပြောင်းတွေနဲ့ ကြုံရတဲ့အခါ
ငါဆိုတဲ့ အတ္တ/မာန အလွဲတွေနဲ့
ရှုထောင့်မတူလို့ အမြင်ကွာခြားမှုရှိတာကို
လက်မခံနိုင်တာ ရှိတက်ပါတယ်။
ဒီလိုအချိန်မျိုးတွေမှာ ကောင်းမွန်တဲ့ အတွေးအခေါ်တွေနဲ့
အမြင်ကျယ်ကျယ် ကြည့်တက်ဖို့လိုပါတယ်။
မတူညီတဲ့ ပတ်ဝန်းကျင်တစ်ခုမှာရခဲ့တဲ့
ဘဝသင်ခန်းစာတွေက ထပ်တူမကြတဲ့အခါ
လူတစ်ယောက်ရဲ့ ဖြစ်တည်မှု
အတွေးအကြံနဲ့ ရည်မှန်းချက်တွေမသိပဲ
မျက်တောင်တစ်ဆုံးရဲ့ အမြင်လေးနဲ့
မတူညီနိုင်မှုတွေကို အပစ်မတင်လိုက်ပါနဲ့
ဘယ်သူမှ မထိခိုက်ဘူးဆိုရင်
လွတ်လပ်စွာ နေထိုင်ပြောဆိုခွင့်ရှိတာ
လူတစ်ယောက်ရဲ့ မွေးရာပါအခွင့်ရေးဖြစ်လို့
မတူညီမှုတွေကို လက်ခံပေးလိုက်ပါ…..