Thukha San Real Estate Service

Thukha San Real Estate Service help

15/08/2023

📜ပုံစံ(ပုံစံ၇) မဖြစ်မနေ လျှောက်ကြပါ

ပုံစံ (၇) ၊ ၁၀၅ ရှိရုံနဲ့ မိမိမြေ ပိုင်ဖြစ်ပြီ

ပုံစံ (၇) ၊ ၁၀၅ ရှိရုံနဲ့ လယ်ယာမြေပေါ်မှာ အိမ် ဆောက်ခြင်း၊ ဆိုင်ဆောက်ခြင်း၊ ဓါတ်ဆီဆိုင်ဖွင့်ခြင်း၊ စားသောက်ဆိုင်ဖွင့်ခြင်း၊ အကွက်ရိုက်ခြင်း စတဲ့အခြားနည်းလမ်းများ အသုံးပြုခွင့်မရှိပါဘူး။ အခြားနည်း အသုံးပြုရင် လယ်ယာမြေ ဥပဒေပုဒ်မ ၁၂(ဆ) ပါ စည်းကမ်းကို ဖေါက်ဖျက်ရာ ကျရောက်တဲ့အတွက် ပုဒ်မ ၁၉ ပါ စီမံခန့်ခွဲရေးပြစ်ဒက်များ၊ ပုဒ်မ ၃၅ ပါ တရားရုံး ပြစ်ဒဏ်များ ချမှတ်ခံရနိုင်တယ်လို့ ဥပဒေပညာရှင်တွေက သတိပေးထားပါတယ် ။

" အခုလက်ရှိဖြစ်နေတာက ဝယ်တုန်းက ပုံစံ (၇) ရှိတယ် ၊ ၁၀၅ ပေါက်တယ် ဆိုပြီး နားမလည်ပဲ လယ် ယာမြေမှာ အိမ်တွေဆောက် ၊ ဆိုင်တွေဆောက်လုပ်နေကြတာပေါ့ အစိုးရက နို့တစ် စာလာကပ်တော့မှ ပြဿနာတွေတက် နေ ကြတာကိုတွေ့နေရပါတယ်၊ ဒါတွေက ဖြေရှင်းလို့ရပါတယ် ။ ဥပဒေကြောင်းအရသွားရင် မိမိမြေလဲ ဆုံးရှုံးစရာမရှိပါဘူး " လို့ ဥပဒေပညာရှင်တစ်ဦးကပြောပါတယ် ။

ပုံစံ (၇) နဲ့ မြေပိုင်ဆိုင်ခွင့် ။

၂၀၁၂ လယ်ယာမြေ ဥပဒေပုဒ်မ ၃(ဃ) အရ လယ်ယာမြေသည် နိုင်ငံတော်ပိုင် ဖြစ်ပြီးတနည်းအားဖြင့် အစိုးရပိုင် ဖြစ်ပါတယ် ။ လယ်ယာမြေလုပ်ပိုင်ခွင့် လျောက်ထားသော တောင်သူကို လယ်ယာမြေ ဥပဒေနှင့်အညီ လုပ်ပိုင်ခွင့်ပေးခြင်းသာ ဖြစ်ပါတယ် ။

ပုံစံ (၇) တရားဝင် ဝယ်ယူလွဲပြောင်းခွင့်ရရှိထားပေမယ့် လယ် ယာမြေကို ပိုင်ဆိုင်ခွင့် (Legal Title) မရပါဘူး ။ လက်ရှိထား စိုက်ပျိုးလုပ်ကိုင်ခွင့် (Possessory Title) သာရရှိပြီး ထိုမြေပေါ်မှာ ပုံစံ ၇ ပါ သတ်မှတ်ထားတဲ့ နည်းလမ်းပါ သီးနှံကို စိုက်ပျိုးခွင့်ရှိတာဖြစ်ပါတယ် ။ နည်းလမ်းပြောင်း စိုက်ပျိုးခွင့်တောင်မရှိပါဘူး ၊ သီးနှံပြောင်းလဲ စိုက်ပျိုးလိုရင် လယ်ယာမြေဥပဒေ နည်း ဥပဒေအရ ခွင့်ပြုချက် တင်ပြပြီး ခွင့်ပြုမှသာ စိုက် ပျိုးရမှာဖြစ်ပါတယ် ။

"ဆိုလိုတာက ပုံစံ ၇ ရှိပြီးသားမြေကို ဝယ်ယူထားတဲ့သူတွေ ဆိုတာကလည်း အဲ့ဒီမြေကို ပိုင်ဆိုင်ခွင့် ရသွားတာမဟုတ်ဘူး ၊ အဲ့မြေက အစိုးရမြေ ၊လယ်ယာမြေ ဖြစ်နေသေးတဲ့အတွက် ပိုင်ဆိုင်ခွင့်မရသေးပဲ လုပ်ပိုင်ခွင့်ကိုသာ ဆက်လက်ရရှိခြင်းဖြစ်ပါတယ် "

လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ ၇) မှာသတ်မှတ်ပေးထားတဲ့ သီးနှံစိုက်ပျိုးခွင့် ကို ဆက် လက် လုပ်ကိုင်ခွင့်ရှိတယ်လို့ဆိုလိုတာပါ ၊ လယ်ယာမြေကို လက်ရှိထား စိုက်ပျိုးခွင့် (Possessory Title) ရရှိပါမယ် ။ ပိုင်ဆိုင်ခွင့် မဟုတ်သေးပါဘူး ။

ပုံစံ (၇) ရရှိသူ တစ်ဦးအနေနဲ့ လယ်ယာစိုက်ပျိုးခြင်း မလုပ်လိုတော့ဘဲ လယ်မြေပေါ်မှာ အိမ်ဆောက် ဆိုင်ဆောက် စသဖြင့် အခြားနည်းသုံးစွဲလိုပါက ပုံစံ(၇)ရရှိသူသည် သက်သေခံမြေပုံ (၂)ပုံ ကူးယူ၍ လယ်ယာမြေ ဥပဒေပါ ပုံစံ(၁၄)ဖြင့် မြိုနယ်မြေစာရင်း ဦးစီးဌာနကို လျှောက်ထားရပါတယ် ။

အထက်အဖွဲ့အစည်းအဆင့်ဆင့်တင်ပြ စီစစ်ပြီးနောက် အခြားနည်းသုံးစွဲခွင့်အမိန့်ကို လယ်မြေအတွက်ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ပုံစံ(၁၅)နဲ့ လည်းကောင်း ၊ လယ်မြေမဟုတ်သော လယ်ယာမြေ(ဥယဥ်စသည်) အတွက် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ က ပုံစံ(၁၅-က)ဖြင့် ခွင့်ပြုမိန့်ထုတ်ပေးပါတယ် ။

ထိုပုံစံများဟာ လက်ရှိ အသုံးပြုခွင့် အမိန့်များသာ ဖြစ်တဲ့အတွက် မြေပိုင်ဆိုင်ခွင့်( Title Deed) မဟုတ်သေးပါဘူး။ ထိုမြေကို လယ်ယာမြေမှတစ်ပါး သတ်မှတ်ပေးတဲ့အခြားနည်း လုပ်ကိုင်ခွင့်သာ ဖြစ်ပါသည်။ ပုံစံ (၁၅)၊ ပုံစံ ၁၅(က)ဖြင့် မြေငှားဂရန် ဆက်လက် လျှောက်ထားရ ပါတယ် ၊ လျောက်ထားပါက ခရိုင်အုပ်ချုပ်ရေးမှူး (ကော်လိတ္တော်အရာရှိ) များမှ လယ်မြေအခြေခံဖြစ်၍ စက်မှု/စီးပွါးဂရန် (မြေငှားစာချုပ်)များနဲ့ ချပေးပါတယ် ။

မြို့မြေမဟုတ်ရင်တော့ လူနေအိမ်ယာဂရန်လိုမျိုး ချပေးမှာတော့မဟုတ်ဘူး ။ စက်မှု/စီးပွါးဂရန်လိုမျိုးချပေးတာတွေရှိပါတယ် ။ အဲ့ဒါတွေရရှိပြီးရင် အမည်ပေါက် မြေပိုင်ဆိုင်မှု (Title Deed) ဖြစ်လာပြီး မြေငှားဂရန် ရရှိမှသာ မြေကိုပိုင်ဆိုင်ခွင့် ဖြစ်လာတာပါ ။

ပုံစံ (၇) မရှိသေးတဲ့ သူကတော့လယ်ယာမြေ လုပ်ပိုင်ခွင့်ပင်တရားဝင် မရသေးသူ ဖြစ်ပါတယ် ၊ တရားဝင် လုပ်ပိုင်ခွင့် မရှိသူက လယ်ယာမြေကို အရောင်းအဝယ် ပြုလုပ်ခွင့် မရှိပါ။ ပြုလုပ်လျှင် ရောင်းချပိုင်ခွင့် မရှိသောသူထံမှ ရောင်းချခွင့် မရှိသောမြေကို ဝယ်ယူဖြင်းဖြစ်သည့်အတွက်ထိုအ ရောင်းအဝယ်စာချုပ်သည် ပဋိညာဉ် ဥပဒေပုဒ်မ ၂၃ အရ ပျက်ပြယ်ပါတယ် ၊ ဥပဒေကြောင်းအရ အ တည်မဖြစ်ပါ။ ပုံစံ ၁၀၅ ရှိနေတာဘဲဆိုသော် လည်း မြေစာရင်းပုံစံ ၁၀၅ (မြေပုံ)သည် မြေပိုင် ဆိုင်ခွင့် မဟုတ်ပါ။

ပုံစံ ၁၀၅ ဆိုတာ ။

" အခုမြေအရောင်းအဝယ် လုပ်နေကြတာတွေက ရှင်း ရှင်းပြောရရင် တရားမဝင်ဘူး ဘာလို့လဲဆိုရင် လယ်ယာမြေတွေကိုတရားဝင် လုပ်ပိုင်ခွင့် လျောက် ထားရယူခြင်း မရှိပဲ မြေခွန်ပြေစာနဲ့ မြေစာရင်းပုံစံ ၁၀၅ တွေပြပြီရောင်း ချနေတာတွေကိုတွေ့နေရတယ် အဲ့ဒီလိုလုပ်ပြီး လယ် ယာမြေတွေအရောင်း ဝယ်လုပ်လို့ မရပါဘူး တရား မဝင်ပါဘူး " လို့ဥပဒေပညာရှင် တွေကပြောပါတယ် ။

ပုံစံ ၁၀၅ ဆိုတာ “မြေစာရင်းဌာန” ကထုတ်ပေးတဲ့ ပုံစံ တစ်ခုသာဖြစ်ပါတယ်။အဲဒီ ပုံစံက လယ်ယာမြေပဲဖြစ် ဖြစ်၊ရွာမြေ၊ ဥယျာဉ်ခြံမြေပဲ ဖြစ်ဖြစ်၊ဂရန်မြေပဲ ဖြစ်ဖြစ် သက်ဆိုင်ရာမြေစာရင်း ဦးစီး ဌာနအပိုင်နယ်နိမိတ်အတွင်း မှာရှိတဲ့မြေတို့ရဲ့အ ကျယ်အဝန်းနဲ့အမျိုးအစားကို ဖော်ပြပေးတဲ့ပုံစံစာရွက်သာဖြစ်ပါတယ်။

လယ်ယာမြေကိုတရားဝင်အရောင်းအဝယ်လုပ်နိုင်ဖို့

၂၀၁၂ လယ်ယာမြေဥပဒေပုဒ်မ ၃(ဃ)အရ လယ် ယာမြေလုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ ၇) ကို ဥပဒေနှင့်အညီ လုပ်ပိုင်ခွင့်ရသူက ရောင်းချခွင့်ရှိပါတယ် ။

ပုံစံ ၇ ကို အရောင်းအဝယ်ပြုလုပ်ရာမှာ ရောင်းသူဝယ်သူကြည်ဖြူပြီး နှစ်ဦးသဘောတူ အရပ်ကတိ စာချုပ် ချုပ်ဆိုယုံဖြင့် မလုံလောက်ပါဘူး။ လယ် ယာမြေ ဥပဒေပါ နည်းလမ်းများအတိုင်း ဆောင် ရွက်မှ တရားဝင်ပြီး အမည်ပြောင်းလဲခွင့် ရရှိပါတယ် ။ လယ်ယာမြေဥပဒေ ပုဒ်မ ၁၈ နှင့် နည်း ဥပဒေ ၂၄(က) နှင့် (ခ) အရ လယ်ယာမြေ အရောင်း အဝယ် ပြုလုပ်ရာမှာ ရပ်ကွက်နဲ့ ကျေးရွာ အုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ရှေ့မှောက်မှာ သတ် မှတ်ထားတဲ့ မြေတန်ဘိုးအတိုင်း တံဆိပ်ခေါင်းကပ်ပြီးအခွန်ဆောင် စာချုပ်ချုပ်ဆိုရပါတယ် ။ စာချုပ်ချုပ်ဆိုတဲ့နေ့မှစပြီးရက်ပေါင်း (၁၂၀) အတွင်း မြိုနယ် မြေစာ ရင်းဦးစီးဌာနမှာ မှတ်ပုံတင်ပြီးမှသာဥပဒေနဲ့ အညီ တရားဝင် လွှဲပြောင်းခွင့် ရရှိမှာဖြစ်ပါတယ် ။

လယ်ယာမြေကို ဥပဒေနှင့်အညီ မဟုတ်ဘဲ ဝယ်ယူသူများ၊ အကွက်ရိုက်ရောင်းသူများ၊ အခြားနည်း သုံးသူများ၊ အိမ်ဆောက်သူများသည် အရေးယူခံရနိုင်ခြင်း၊ မြေယာပြဿနာများ ရင်ဆိုင်ရခြင်း၊ မြေနှင့်အိမ်ကို သိမ်းဆည်းခံရနိုင်ခြင်း၊ ဖယ်ရှားခံရနိုင်ခြင်းတို့အပြင် တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ အရေးယူခံရနိုင်ခြင်းများဖြစ်လာနိုင်ပါတယ် ။

ဒါ့ကြောင့် လယ်ယာမြေကို ဥပဒေနဲ့အညီ အသုံးပြု ရောင်းဝယ်ကြစေလိုပါတယ် ။ တောင်သူများအနေနဲ့လယ်ယာမြေ ရှိရင်၊ အသုံးပြုနေရင် တရားဝင်ဖြစ်စေရေးအတွက် လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ ၇ လျောက်ထား ရယူကြစေလိုပါတယ် ။ တရားဝင် လုပ်ပိုင်ခွင့် ရရှိထားတဲ့ လယ်ယာမြေများကိုသာ ဥပဒေနဲ့အညီ ရောင်း ဝယ်လုပ်ကိုင်ခြင်းအားဖြင့် အရှုပ် အရှင်းပြဿနာများနဲ့အရေးယူခံရခြင်းများမှ လွတ်ကင်းနိုင်မှာဖြစ်တယ်လို့ ဥပဒေ ပညာရှင်တွေက အကြံပြုထားပါ

ဘဏ်ချိတ်နဲ့ တိုက်ခန်းဝယ်ရင် မဖြစ်မနေလုပ်ရမယ့် အဆင့် ( ၆ ) ဆင့်ဒေါ်လာဈေး တက်ခြင်းကြောင့် အိမ်ခြံမြေ ဈေးကွက်တွေ မတည်မငြိမ်...
11/08/2023

ဘဏ်ချိတ်နဲ့ တိုက်ခန်းဝယ်ရင် မဖြစ်မနေလုပ်ရမယ့် အဆင့် ( ၆ ) ဆင့်

ဒေါ်လာဈေး တက်ခြင်းကြောင့် အိမ်ခြံမြေ ဈေးကွက်တွေ မတည်မငြိမ် ဖြစ်နေသလို တိုက်ခန်းတွေ ဆိုရင်လည်း ငှားတာထက် ရောင်းတဲ့ ပိုစ့်တွေပဲ တွေ့လာရပါတယ်။ တိုက်ခန်းတွေ၊ မြေကွက်တွေဟာ အနာဂါတ်မှာ ရှိမယ့်ငွေဈေးအတိုင်း တန်ဖိုးပြောင်းလဲနိုင်လို့ လူအများစုဟာ ငွေစက္ကူထက် အိမ်ခြံခြေကို လက်ကိုင်ထားချင်ကြပါတယ်။ တိုက်ခန်းဝယ်ယူသူတွေကလည်း အပြီးအစီး ငွေအလုံးအရင်းလိုက်ပေးပြီး ငွေချေဝယ်ယူသလို ဘဏ်ချိတ်နဲ့ ဝယ်ယူကြတာတွေလည်း အခုတလော ခပ်စိတ်စိတ် တွေ့လာရပါတယ်။

နိုင်ငံတကာမှာလည်း အိမ်ခြံမြေ၊ ကားတွေကို ဘဏ်နဲ့ ဆက်သွယ်ပြီး အရစ်ကျ ငွေပေးချေစနစ်နဲ့ ဝယ်ကြတာဖြစ်လို့ ဒီစနစ်ဟာ တော်တော်လေး အဆင်ပြေတယ်လို့ ပြောလို့ရပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာတော့ ၂၀၁၇ ခုနှစ်လောက်ကတည်းက ဘဏ်ချိတ်ရောင်းဝယ်မှုတွေ စတင်ခဲ့ပြီး K.B.Z Bank၊ Aya Bank၊ Yoma Bank၊ C.B Bank၊ A.G.D Bank တွေက ဘဏ်ချိတ် အိမ်ခြံမြေ ရောင်းဝယ်ခြင်းတွေကို ဆောင်ရွက်ပေးနေပါတယ်။

ဘဏ်ချိတ်ဝယ်ယူတာဟာ ရိုးရိုး ငွေအပုံလိုက်ပေးပြီး တိုက်ခန်းဝယ်ယူတာထက် ပိုအလုပ်များသလို အချိန်စောင့်ရတာတွေလည်း ရှိပါတယ်။ ဘဏ်ချိတ်တိုက်ခန်း ဝယ်မယ်ဆိုရင် ဒီအချက်တွေကို မဖြစ်မနေ လုပ်ဖို့ လိုအပ်ပါတယ်။

အဆင့် (၁) - မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရှိ အိမ်ရာ အရောင်းပြခန်းတွေမှာ သွားရောက်ပြီး လိုချင်တဲ့ အိမ်ခန်းကို ရွေးချယ်ပါ။ အကြံပြုချက်များ ခံယူပါ။

အဆင့် (၂) - အိမ်ခန်းရွေးချယ်ပြီးရင်တော့ သက်ဆိုင်ရာ ဘဏ်မှာ လျှောက်လွှာယူကာ သွားရောက်လျှောက်ထားပါ။

အဆင့်(၃) - အိမ်ရဲ့ အရှုပ်အရှင်းတွေကို လေ့လာပါ။ ဘဏ်က သင်ဝယ်မယ့် တိုက်ခန်းဟာ ယုံကြည်စိတ်ချရခြင်း ရှိ၊ မရှိ။ တိုက်သက်တမ်း စတာတွေကို ကြည့်ဦးမှာ ဖြစ်ပါတယ်။

အဆင့် (၄) - အိမ်ထောင်စုဇယား၊ လစာ ၆ လစာ လစာဖြတ်ပိုင်း၊ ရပ်ကွက်ထောက်ခံစာ၊ အခွန်စာအုပ် စတာတွေကို ဘဏ်မှာ ပြရပါမယ်။

အဆင့်( ၅) - ပြီးရင်တော့ Down Payment ၃၀ % သွင်းပြီး အကျိုးတော်ဆောင်ကို သက်သေထား၊ အိမ်ရောင်းမယ့်သူနဲ့အတူ စာချုပ်ချုပ်ဆိုရပါမယ်။ စာချုပ်ချုပ်ဆိုရာမှာ ရှေ့နေနဲ့ ချုပ်ဆိုခြင်းဟာ အရှုပ်အရှင်းတစ်စုံတစ်ရာ ဖြစ်ခဲ့ရင် တရားဥပဒေအရ ဖြေရှင်းနိုင်တာကြောင့် ရှေ့နေကို သက်သေထား ချုပ်ဆိုဖို့ အကြံပြုချင်ပါတယ်။

အဆင့်(၆) - စာချုပ်ချုပ်ပြီးနောက် ဘဏ်က ငွေကျလာတာကို စောင့်ရပါမယ်။ အဲဒါကို အိမ်ရောင်းမယ့် သူကလည်း နားလည်သဘောပေါက်ထားဖို့လိုပါတယ်။ ဘဏ်က ငွေကျလာဖို့ အနည်းဆုံး ၁ လ နီးပါးလောက် စောင့်ရပါတယ်။

ဘဏ်ချေးငွေကျလာပြီးရင်တော့ ဝယ်ထားတဲ့ အိမ်မှာ သွားရောက်နေထိုင်ခွင့်ရပြီ ဖြစ်ပါတယ်။

ဒါကတော့ ဘဏ်ချေးငွေနဲ့ အိမ်ဝယ်မယ့် သူတွေအတွက် ဗဟုသုတရဖွယ် ဖော်ပြပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ Home Loan နဲ့ အိမ်ဝယ်ခြင်းဟာ ဘဏ်ကို အတိုးနှုန်း ပေးရတယ် ဆိုပေမယ့် အချိန်ကာလတစ်ခုအကြာမှာ အိမ်ပိုင်ရရှိသွားတာဖြစ်လို့ သေချာမှုရှိတဲ့ ၊ ခိုင်မာတဲ့ ရောင်းဝယ်မှုတစ်ခု ဖြစ်တယ်လို့ ပြောပါရစေ။

Credit >>>

မြန်မာနိုင်ငံအတွင်း ရှိ အိမ်ရာစီမံကိန်းအသစ်များ၊ ရောင်းရန် နှင့််ငှားရန်ရှိသော အိမ်ခြံမြေပေါင်း ၂၅၀၀၀၀ကျ...

08/08/2023

#စာချုပ်စာတမ်းမှတ်ပုံတင်လိုလျှင်"

စာချုပ်မှတ်ပုံတင်ချုပ်ချင်လျှင်
အခွန်တော် တံဆိပ်ခေါင်း ကပ်။

အခွန်တော်တံဆိပ်ခေါင်းကပ်ဖို့
မြေကွက်တန်ဖိုးသိရမယ်။

မြေကွက်တန်ဖိုးသိဖို့က
ရာဖြတ်တင်ရမယ်။

ရာဖြတ်တင်ဖို့က
မြေပုံမြေရာဇဝင် လိုပါတယ်။

အရောင်းအဝယ်စာချုပ် ချုပ်ပြီးဆိုလျှင် -

(ပထမအဆင့်အနေနဲ့)
စာချုပ်စာတမ်း မှတ်ပုံတင်ရုံးကိုသွားရပါမည်။
ရန်ကုန်နဲ့မန္တလေးမှာဆို "စာချုပ်စာတမ်းမှတ်ပုံတင်ရုံး" ဆိုပြီး သီးသန့်ရှိတယ်။ အခြား မြို့တွေမှာဆို မြေစာရင်းရုံးကို သွားရလိမ့်မယ်။

လိုအပ်မည့်စာရွက်စာတမ်းတွေကတော့

၁။ စာချုပ်နှင့် မြေပုံမြေရာဇဝင်
၂။ မြေငှားဂရန် နှင့် ဆက်စပ်စာချုပ် (မိတ္တူ)
၃။ ရောင်းသူရဲ့မှတ်ပုံတင် (မိတ္တူ)
၄။ ဝယ်သူရဲ့မှတ်ပုံတင် (မိတ္တူ)
၅။ ဝယ်သူရဲ့အိမ်ထောင်စုစာရင်း (မိတ္တူ)
#၎င်း(၅)မျိုးကို မိတ္တူ (၆)စုံဆွဲရမယ်။
( ၆စုံ ဆိုတာ စစ်ဆေးမည့်အဖွဲ့က ၆ဖွဲ့မို့ပါ)

၆။ မြေကွက်နှင့်အိမ်ဖြစ်လျှင် (ရှေ့ဖက်မှ) (ဓာတ်ပုံ၂ပုံ)
၇။ မြေကွက်နှင့်အိမ်ဖြစ်လျှင်(အနောက်ဖက်မှ) (ဓာတ်ပုံ၂ပုံ)

အဲ့ဒီ ၇ မျိုး ပါကိုပါရမယ်။ ဝယ်သူကိုယ်တိုင်ပါရမယ်။ ဝန်ခံချက်ပုံစံမှာ လက်မှတ်ထိုးရမယ်။ အများအားဖြင့် ရက်ချိန်း(၂)ပတ် ဝန်းကျင်လောက်ပေးလိမ့်မယ်။

(ဒုတိယအဆင့်အနေနဲ့)
လုပ်ဆောင်ရမှာတွေကတော့....

၁။ ရာဖြတ်တန်ဖိုးသိရလျှင် ဝယ်သူနေထိုင်ရာ မြို့နယ်အခွန်ဦးစီးဌာန ကိုသွား။

၂။ ရာဖြတ်တန်ဖိုးရဲ့ %ကို တွက်။
ကျသင့်ငွေကို တံဆိပ်ခေါင်းအခွန်အဖြစ် ဝယ်။
ချလန်တစ်စောင်ရလိမ့်မယ်။

၃။ ရာဖြတ်တန်ဖိုးအတွက် ငွေဖြူ/ ဝင်ငွေရလမ်း ဖော်ပြနိုင်တဲ့ငွေ/ အခွန်စည်းကြပ်ပြီးသောငွေကို ပြရမယ်။ ချလန်တစ်စောင် ထပ်ရမယ်။

၄။ မပြနိုင်လျှင် ဝယ်ယူတဲ့ပစ္စည်းတန်ဖိုး(ရာဖြတ်တန်ဖိုး) က
သိန်း ၁၀၀၀ အောက် - ၃%
သိန်း ၁၀၀၀ - ၅၀၀၀ ကြား - ၅%
သိန်း ၅၀၀၀ - ၁၀၀၀၀ ကြား - ၁၀%
သိန်း ၁၀၀၀၀ - ၁၅၀၀၀ ကြား - ၂၀%
သိန်း ၁၅၀၀၀ အထက် ဆို - ၃၀% အဝယ်ခွန် ပေးဆောင်ရမယ်။

၅။ စုစုပေါင်း ချလန်၂စောင်ဖြစ်မယ် မြို့နယ်အခွန်ဦးစီးဌာနက ညွှန်တဲ့ ဘဏ်ကိုသွား။ ငွေသွင်း။

၆။ ငွေသွင်းပြီးရင် ချလန်မူရင်း၂စောင်ပြန်ရလာမယ်။ မိတ္တူ ၂ စုံကူး။ မြို့နယ်အခွန်ဦးစီးဌာနကို ပြန်ပေး။

၇။ အခွန်တံဆိပ်ခေါင်းယူဖို့ ရက်ချိန်းပေးလိမ့်မယ်။

၈။ ထိုချိန်းတဲ့ရက် မြို့နယ်အခွန်ဦးစီးဌာနကို သွား၊ အခွန်တံဆိပ်ခေါင်း ယူ။ ၅% အတွက် တံဆိပ်ခေါင်း ရမယ်။ ကျန်တာအတွက် မရ။

(တတိယအဆင့်အနေနဲ့)

၁။ အခွန်ရုံးကထုတ်ပေးတဲ့ အခွန်တော်ခေါင်း၊
၂။ ဂရန်မူရင်း/မိတ္တူ ၊ ဆက်စပ်စာချုပ် မူရင်း/မိတ္တူ၊ အခွန်ဆောင်ရမယ့်အရောင်းအဝယ်စာချုပ်၊ မြေခွန် ကွာတားကြေး ပြေစာ၊ ရာဖြတ်ကစာရွက်။
၃။ ရောင်းသူ၊ ဝယ်သူ၊ သက်သေ၂ဦးရဲ့ မှတ်ပုံတင် မူရင်း၊ မိတ္တူ။

အထက်ပါစာရွက်စာတမ်းတွေနဲ့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးကိုသွား-

-မူရင်းနဲ့ မိတ္တူတွေ တိုက်စစ်၊
-ပြည့်စုံလျှင် လက်ဗွေနိုပ်(ရောင်းသူ၊ ဝယ်သူ၊ သက်သေအမှတ်၁)
- အလုံးစုံ ပြည့်စုံလျှင် စာချုပ်စာတမ်းမှတ်ပုံတင် ဦးစီးအရာရှိက လက်မှတ်ထိုး။
- စာရေးမက ယာယီစာချုပ်နံပါတ် ထုတ်ပေး/ ရက်ချိန်းပေး။
- စာချုပ်စာတမ်းမှတ်ပုံတင်ရုံးကို အခွန်ပြေစာနံပါတ်၃ ( အခမ-၃) ရမှ ရုံးကနေ " မှတ်ပုံတင်ပြီးပြတ်သွားတဲ့အရောင်းအဝယ်စာချုပ်" ပြန်ပေးပါလိမ့်မယ်။

Credit-

14/01/2022

ရေကူးပို့ပေးအခိုက်အတန့်

14/01/2022
အခန်းကောင်း လမ်းသန့် နေရာကောင်း လေးနော်...လှိုင်မြို့နယ် သုခလမ်း အကျယ် [19×55] တတိယအထပ် အိပ်ခန်း ၂ ခန်းပါပါးကေးခင်း မီးဖိ...
07/05/2021

အခန်းကောင်း လမ်းသန့် နေရာကောင်း လေးနော်...
လှိုင်မြို့နယ် သုခလမ်း
အကျယ် [19×55]
တတိယအထပ်
အိပ်ခန်း ၂ ခန်းပါ
ပါးကေးခင်း မီးဖိုခန်းပြင်ဆင်ပြီး
လူနေထိုင်ခွင့် ပါမစ်ပါပြီး
ဈေးနှုန်း ၆၅၀ ညှိနှိုင်း
စိတ်ဝင်စားပါက. သုခစံ အိမ် ခြံ မြေ
09-550-5510
09 96-440-5510 သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

အခန်းကောင်း လမ်းသန့် နေရာကောင်း လေးနော်...လှိုင်မြို့နယ် သုခလမ်း အကျယ် [19×55] တတိယအထပ် အိပ်ခန်း ၂ ခန်းပါပါးကေးခင်း မီးဖိ...
07/05/2021

အခန်းကောင်း လမ်းသန့် နေရာကောင်း လေးနော်...
လှိုင်မြို့နယ် သုခလမ်း
အကျယ် [19×55]
တတိယအထပ်
အိပ်ခန်း ၂ ခန်းပါ
ပါးကေးခင်း မီးဖိုခန်းပြင်ဆင်ပြီး
လူနေထိုင်ခွင့် ပါမစ်ပါပြီး
ဈေးနှုန်း ၆၅၀ ညှိနှိုင်း
သုခစံ အိမ် ခြံ မြေ
09 550-5510
09 96-440-5510 သို့ဆက်သွယ်စုံစမ်းနိုင်ပါတယ်နော်....

07/05/2021
လှိုင်မြို့နယ် သုခလမ်း နေရာကောင်းလမ်းသန့်လေးမို့ အရောင်းခန်းလေးတင်ပေးလိုက်ပီနော် ချစ်တို့ရေ.....အကျယ်  (32×32) ပေပတ်လည်...
10/12/2020

လှိုင်မြို့နယ် သုခလမ်း နေရာကောင်းလမ်းသန့်လေးမို့ အရောင်းခန်းလေးတင်ပေးလိုက်ပီနော် ချစ်တို့ရေ.....
အကျယ် (32×32) ပေပတ်လည်
ဈေးနှုန်း သိန်း(550) ညှိနှိုင်းပေးမယ်နော်....
သုခစံအကျိုးဆောင်သို့ ဆက်သွယ်မေးမြန်းနိုင်ပါ ပီနော်.....
09 550-5510
09-06-440-5510
Viber -09-550-5510

Address

No. 150/A Thukha Street Hlaing Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+9595505510

Website

Alerts

Be the first to know and let us send you an email when Thukha San Real Estate Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category