16/12/2016
သဘာဝတရားတွေ နဲ့ အရမ်းလှနေတဲ့ အိမ်နီးချင်းနိုင်ငံလေး (Credit)
ဒီတစ်ခါရေးမယ့် အကြောင်းအရာက အရမ်းပျော်စရာကောင်းခဲ့ပြီး ဘ၀မှာ ဘယ်တုန်းကမှ မလုပ်ဖူး ခဲ့တဲ့ အရာတွေကို ရင်ခုန်စိတ်လူပ်ရှား စွာ စမ်းသပ်ကြည့်ခဲ့ပြီး အရမ်းကို ပျော်ခဲ့ရတဲ့ နေရာလေး နောက် ပြီး သုံးချင်သလို သုံးခဲ့တာ တောင်..ကိုယ့်ပိုက်ဆံအိတ် ပြန်ကြည့်ပြီး ဟယ်.. ဘာမှလဲ မကုန် ပါလားဆိုပြီး အံသြလောက်အောင်ဈေးပေါတဲ့ ကိုယ့်ဘေးအိမ် နိုင်ငံလေးပေါ့….
အရင်တစ်ပတ် ပိတ်ရက်တွေ မှာအားနေ တာနဲ့ အိမ်မှာ ကြာကြာမနေတတ်တဲ့ ထုံးစံ အတိုင်း ဘယ်သွားရင်ကောင်းမလဲ ဆိုပြီး စဉ်းစားရာကနေ ..အိမ်နီးချင်း နိုင်ငံလဲ ဖြစ်..ဗီဇာလဲ မလို..ဈေးလဲ အရမ်းပေါတယ် လို့ကြားထားပြီး ရက်အများကြီးပေးစရာ မလိုတဲံ လာအို နိုင်ငံကို သွားလည်မယ်ဆို ပြီး အတူတူ ခရီးသွားနေကျ ဖြစ်တဲ့ ရဲဖော်ရဲဖက်တွေ ကို တိုင်ပင်ဖြစ်တယ်.. ကိုယ်တွေ ခရီးသွားနေကျ အုပ်စု ထဲမှာ ကိုယ် ချပြတဲ့ နိုင်ငံ ကို တအံတသြပေါ့..ဘယ်သူမှလဲ မရောက်ဘူးကြတဲ့ အပြင် အဲ့ဒီ နိုင်ငံနဲ့ ပတ်သတ်တဲ့ လည်စရာနေရာတွေ ကို သိပ်ပြီး မကြားဘူး ကြလေတော့.. ဟဲ့ နင့်ဟာက ဘာရှိလို့ လဲ .ကုန်းတွင်းပိတ် နိုင်ငံ ကြီး .လည်စရာဆိုလို့ Laung Prabang မြို့နဲ့ မဲခေါင် မြစ်ပဲရှိတာ.. မြိုတော်.. ဗီယန်ကျင်း တောင် စိတ်ဝင်စား စရာမရှိ ဆို ပြီး ၀ိုင်းဝန်းအားပေးကြတာ. ကိုယ်ကလဲ ကိုယ့်ထုံးစံ အတိုင်းသွားချင်လာရင် မရဘူးဆိုတော့ကာ.. ဘယ်သူ့မှ မလိုက်လဲ ကိုယ့်ဟာကို တစ်ယောက်ထဲ သွားမယ်ဆိုပြီး ရန်ကုန် ဘန်ကောက် လေယာဉ်လက်မှတ်ကို ၀ယ်ပစ်လိုက်တယ်.. ကိုယ့်ဟာကိုယ် တစ်ယောက်ထဲ သွားစရာနေရာတွေ ရှာ ..ဘယ်လိုသွားမလဲ..ဘာနဲ့သွားမလဲ..ဘယ်မှာတည်းမလဲ ဆိုပြီး သွားခံနီး နှစ်ရက်လောက် အသေအလဲ ၇ှာတာပေါ့.. နောက်ဆုံး သွားမယ့်နေ့ မတိုင်ခင်တစ်ရက်မှ . group ထဲက သူငယ်ချင်း သုံးယောက်က လိုက်မယ်ဆိုပြီး လက်မှတ်တွေ ထ၀ယ်ကျတော့ ဈေးကြီးတွေမိတာပေါ့ (၀မ်းသာတယ် :P) ..အဲ့ဒါနဲ့ သူငယ်ချင်း လေးယောက် တစ်ခါမှ မရောက်ဘူးတဲ့ လာအိုခရီးစဉ်စပြီပေါ့.. သူတို့ခမျာ ကိုယ်နဲ့သာ လိုက်လာတာ ဘယ်မြို့သွားပြီး ဘာနဲ့သွားမလဲ ဆိုတာ မသိကြဘူးရယ်..( အဲ့လို ယုံကြည်ကြတာ) ..အဲ့ဒါနဲ့ ရန်ကုန်ကနေ ဘန်ကောက်ကို ရောက်လာတယ် ဆိုပါတော့ ..
ဘန်ကောက်ကနေ လာအို သို့
ဘန်ကောက်ကနေ..လာအိုနိုင်ငံရဲ မြို့တော် ဗီယန်ကျင်း ကို 403 မိုင် ပဲရှိတော့ကာ..ရန်ကုန် မန္တလေး ထက် ၁၀ မိုင်ကျော်ကျော် လောက်ပဲ ပိုဝေးပါတယ်.. လေယာဉ်..ကား..ရထားတို့နဲ့ သွားလို့ရတယ်.. လေယာဉ်ကတော့ မြန်မာပြည် ကနေ တိုက်ရိုက် မ၇ှိဘူးရယ်.. ဘန်ကောက် ကနေတဆင့် Thai Airways, Bangkok Airways, Air Asia နဲ့ lao Airlines တို့ နဲ့သွားလို့ရတယ်..Air Asia နဲ့ လက်မှတ် ကြိုဝယ်ထားရင်.ဘနကောက် ဗီယက်ကျင်း ကို အသွားအပြန်မှ 100$ လောက်နဲ့ ရတယ်.. ကားနဲ့လဲ သွားလို့ရတယ်.. ဘန်ကောက် ရဲ့ Northern Terminal ဖြစ်တဲ့ Mochit Station ကနေ နှစ်ထပ်ကားတွေ ရှိတယ်.. VIP Bus ကို ဘတ် 728 (မြန်မာငွေ 25000 ) ပေးရပြီး ည 8 နာခွဲ မှာထွက်ပါတယ်.. ရိုးရိုး Bus ကိုတော့ 468 ဘတ်(မြန်မာငွေ 16000 )ပဲပေးရပြီးည 9 နာရီ 45 မှာထွက်တယ်.. မောင်းချိန်ကတော့ 10 နာရီကြာတယ်.. မနက် 6နာရီကျော်လောက်ဆို ထိုင်းဘက်က Nong Khai နယ်စပ်ကို ရောက်သွားပြီ.. ကိုယ်တွေ သွားခဲ့တာ ကတော့ ရထားနဲ့ပေါ့.. တခါမှ ထိုင်းမှာ ရထားမစီးဖူးလို့ စမ်းကြည့်ချင်တာနဲ့ စီးခဲ့တာ..
ထိုင်းနိုင်ငံ ရဲ့ရထားတွေ ..
ဘန်ကောက်ကို နေ့လည်ပိုင်းရောက်လာတော့ ညဘက်ထွက်တဲ့ ရထားစီးမယ်ဆိုပြီး ဘန်ကောက်ရဲ့ ဘူတာကြီး ကို tuk tuk နဲ့ လက်မှတ်သွားဝယ်ကြတာပေါ့..ဘူတာ ကြီးက ဘန်ကောက် china town နားမှာပါ. Hualamphong Station လို့ခေါ်တယ်.. ပတူနမ်း ကနေဆိုရင် ကားမပိတ်ရင် 15မိနစ်လောက်ပဲမောင်းရတယ်. ဘူတာကြီးရောက်တာနဲ့ All Train Tickets ဆိုတဲ့ ကောင်တာတွေ တန်းစီနေတာ.. အဲ့ဒီမှာ ကိုယ်သွားချင်တဲ့ ဘူတာ ပြောပြီးဝယ်လိုက်ရုံပါပဲ… ကိုယ်က ဘယ် class ကနေစီးမလဲ ဆိုတာ သူတို့ ကွန်ပြူတာမှာ ကြည့်ပြီးဝယ်လို့ရတယ် .. ကိုယ်တွေ စီးခဲ့တာ ပထမတန်း ညအိပ်တွဲ ကို 1217 ဘတ် (40000ကျပ်) ဈေးကြီးတယ် လို့ဆိုရမယ်.. သူက အခန်းလေးနဲ့ နှစ်ယောက်တစ်ခန်း လေးယောက်ခန်းဖြစ်ချင်ရင် အလယ်ကတံခါးလေးကိုဖွင့်လိုက်ရုံပဲ ..အခန်းထဲမှာ Air Con လဲပါတယ် ..ဘေစင်လေးနဲ့ တော်တော်မိုက်ပါတယ်.. နောက်တစ်ဆင့်နိမ့်တာက တော့ 778 ဘတ် (27000 ကျပ် ) ပဲ၇ှိတဲ့ အိပ်စင် တွဲ ..သူကတော့ အခန်းနဲ့ မဟုတ်ဘူး ..တစ်တွဲ လုံး အပေါ်အောက် အိပ်စင်တွေပေါ့ ..အမှန်က အဲ့ဒီ အတွဲပဲ စီးခဲ့သင့်တာ ..သူလဲ Air Con ပါတယ်.. ဈေးလဲသက်သာတယ်..နောက်ထိုင်ခုံနဲ့ တွဲတွေလဲ ရှိတယ်.. သူကတော့ ဈေးတော်တော်ပေါတယ်.. ဘတ် 498 (17000 ကျပ်) ပဲပေးရပြီး Air Con လဲပါတယ်.. ဒါမယ့် ကိုယ်က ဟိုရောက်ရင် လျောက်လည်မယ့်လူ ဖြစ်လို့ အိပ်စင်တွဲ စီးပြီး သာသာယာယာ ခြေဆန့်လက်ဆန့် အိပ်ပြီးလိုက်သွားသင့်တယ်.. ရထားပေါ်မှာ စားသောက်ဆိုင်တွဲလဲ ပါတယ်.. ဗိုက်ဆာရင် သွားစားရုံပါပဲ.. သွားမစားချင်ရင် သူတို့ ၀န်ထမ်းတွေက ဗီနူး ယူလာပေးတယ်..ကြည့်ပြီးမှာလိုက် ရုံပဲ..ထမင်း ဟင်းတွေ တော်တော် စားကောင်းပြီးဈေးပေါပါတယ်.. အိမ်သာကလဲ သန့်ပါတယ်.. နောက်ပြီးရေချိုးခန်းလဲ ပါလို့ စိတ်ပါရင်ရေချိုးလို့တောင် ရတယ်.. ရထားကလဲ လုံးက အငြိမ်..ပုခက်လွှဲနေသလိုပဲ..အိပ်လို့ သိပ်ကောင်းတာ.. Air con ကလဲ အေးစိမ့်နေတော့ မနက် ဘူတာ ရောက်ခါနီးမှ နိုးတယ်..
နယ်စပ်ဖြတ်ကျော်..
ရထားက ထိုင်းနယ်စပ်ဖြစ်တဲ့ Nong Khai နယ်စပ်မှာ ရပ်ပါတယ်.. ရထားပေါ်က ဆင်းလိုက် ပြီး အပြင်ထွက်လိုက်ရင် tuk tuk လေးတွေ တန်းစီ၇ပ်နေတာ ငှားပြီး ထိုင်း immigration ကိုသွားရပါတယ်..နီးနှီးလေးပါ ဘတ် 20 ပဲပေးရတယ်.. ကားနဲ့လာမယ်ဆိုရင်တော့ immigration အထိရောက်တယ်.. အပြန်မှာ ကားသို့ ရထားနဲ့ နယ်စပ်ဖြတ်ပြီး ပြန်မယ် ဆိုရင်တော့ ထိုင်ပြန်ဝင်ဖို့ အတွက် re-entry visa လိုပါတယ်.. အဲ့ဒါလဲ ထိုင်း immigration မှာတစ်ခါတည်း ဘတ် ၁၀၀၀ ပေးပြီးယူလိုက်ရုံပါပဲ.. ကိုယ်တွေကတော့ re-entry အတွက် ဘတ် ၁၀၀၀ လဲပေးရအုန်းမယ်.. ရထား(သို့) ကားခ ကလဲ ၁၀၀၀ လောက်ကျ အုန်းမယ် ဆိုတော့ 60$ ကုန်မယ်ဆိုပြီး မတန်တာနဲ အပြန် လေယာဉ်နဲ့ပဲ ပြန်ခဲ့ပါတယ်.. ထိုင်း immigration ဖြတ်ပြီးတာ နဲ့ လာအို immigration ဖြတ်ဖို့ ကို ရပ်ထားတဲ့ shuttle bus လေးစီးရပါတယ်.. ဘတ် ၂၀ ပေးရတယ်.. 5မိနစ်လောက် စီးပြီး လာအို immigration ရောက်ပါတယ်.. လာအို က မြန်မာ တွေ အတွက် ဗီဇာ မလိုပါဘူး ..အေးဆေး arrival form လေးဖြည့်ပြီး တာနဲ့ တန်းဖြတ်လိုက်ရုံပါပဲ..
လာအိုရဲ့ မြို့တော် ဗီယန်ကျင်း
တစ်ခုထူးဆန်းတာ က လာအို ရဲ့ immigration ဖြတ်ပြီးတာ နဲ့ ရောက်သွားတဲ့ မြို့က ဗီယန်ကျင်းမြို့ ပါပဲ.. တစ်ခြားနိုင်ငံတွေ လို မဟုတ်ပဲ..နယ်စပ်မှာ ပဲတည်၇ှိနေတဲ့ မြို့တော် ဖြစ်နေတာပါ.. မြို့လယ်ခေါင်ကိုတော့ ထုံးစံအတိုင်း မိနစ် နှစ်ဆယ်လောက်မောင်းရပါတယ်.. ကိုယ်တွေ လည်ခဲ့တဲ့ မြို့က ဗီယန်ကျင်း မဟုတ်ပါဘူးး ..ကားနဲ့ ဖြတ်သွားရုံ ကြည့်ခဲ့တာတော့ ဘန်ကောက်တို့ ဟိုချီမင်းတို့လို အုန်းအုန်းကျတ်ကျတ် စည်ကားနေတာ မတွေ့ရဘူးး မဲခေါင်မြစ်ပေါ်မှာတည်ရှိပြီး အေးအေးချမ်းချမ်းရှိနေတဲ့ နယ်မြို့လေးနဲ့ ပိုပြီးတူလှပါတယ်..ကိုယ်တွေ ဘယ်မှ မရောက်ခဲ့လို့ မသိတာလဲ ပါမှာပေါ့လေ.. အမှန်က တစ်ရက်လောက်ပိုနေပြီး ဗီယန်ကျင်းမှာ လည်သင့်ပါတယ်.. immigration ဖြတ်ပြီးတာနဲ့ မြင်ရမယ့် ကားလက်မှတ် အရောင်းကောင်တာတွေမှာ ကိုယ်တွေ သွားမယ့် မြို့လေး Vang Vieng အတွက် ကားလက်မှတ်ဝယ်လိုက်လို့ရပါတယ်.. တစ်ယောက်ကို လာအိုငွေ 50000 kip ပေးရပါတယ် ( 8000ကျပ်) ကားတွေကတော့ အံစာတုန်းကားလေးတွေပါ..Taxi ငှားသွားလဲ ရတယ်..တစ်စီးလုံးမှ 90$ ပဲပေးရတယ်.. ကိုယ်တွေကတော့ မစောင့်ချင်တာ နဲ့ taxi ပဲငှားသွားလိုက်တာ တစ်ယောက်မှ 28$ လောက်ပဲ ကျတယ်.. ၀ယ်ပြီးတာ နဲ့ ကား ပေါ်တက်ထိုင်လိုက် ရုံပြီးလူပြည့်တာကို စောင့်လိုက်ရုံပါပဲ.. သုံးနာရီလောက်စီးရမှာ ဆိုတော့ ဗိုက်ဆာ နိုင်လို့ ကားဂီတ်နား ကဆိုင်တွေမှာ မုန့်ဝယ်မုန့်စား ပြီးမှသွားကြပါ.. ဖုန်းကဒ်လဲ အဲ့ဒီနားတွေမှာပဲ ၀ယ်လို့ရပါတယ်.. သူ့မှာလဲ internet unlimit ၇ ရက် package ရှိတယ်.. 10 $လောက်တော့ရှိပါတယ်..
သဘာဝတရားကြီးထဲက ပျော်စရာ မြို့ငယ်လေး Vang Vieng
ဗီယမ်ကျင်းကနေ သုံးနာရီခွဲလောက် ကားစီးသွားရမယ့် လာအို အလယ် ပိုင်းရဲ့ မြို့ငယ်လေးက ကိုယ်တွေကို အေးချမ်းစွာ ကြိုဆိုနေလေရဲ့ .. လာအိုရဲ့ နာမည်ကျော် မြို့နှစ်မြို့ ဖြစ်တဲ့ လောင်ပရာဘမ် နဲ့ ဗီယမ်ကျင်းကို သွားတဲ့ သွားတဲ့ ကားလမ်းမပေါ်မှာ ရှိတဲ့ မြို့ငယ်ပေမယ့် ဘာလို့ လူငယ် traveler တွေအရူးအမူးဖြစ်နေလဲဆိုတာ မသွားခင်စာထဲမှာ ဖတ်ဖူးလို့ သိရပေမယ့် တကယ်ရောက်သွားတဲ့ အချိန်မှာ တော့ မြို့ကို စစ၀င်ချင်းမှာတင်လူငယ် တွေစက်ဘီးတွေ စီးပြီး လျောက်သွားနေတာ မြင်ရတာနဲ့ ကျောက်တောင်တွေ ထိုးထိုးထောင်ထောင် ကြားမှာ သန့်ရှင်းပြီး ချစ်စရာ မြစ်ငယ်လေးက ဖြတ်သန်းနေတာ ရယ် မြစ်ပေါ်မှာ ထိုးထားတဲ့ လမ်းလျောက်လို့ ကောင်းမယ့် မြန်မာပြည်တော ရွာတွေ ကလို ၀ါးတံတားလေး တွေ …မြစ်ထဲမှာ ကို ပဲ တဲလေးတွေ အစီအရီ ပေါ်မှာ ဘီယာထိုင်သောက်နေ ကြတဲ့ အနောက်တိုင်း လူငယ်တွေ ရယ် ကိုရီးယားမလေးတွေရယ် ကို မြင်ရရင် ရုံကို ပဲ ကိုယ်တွေ အုပ်စု ဆို တာ Wow …WoW..WOW !! … ဆိုပြီး မနေနိုင်အောင် ထအော် မိတဲ့ အထိကို ပျော်ရွှင်သွားလေရဲ့ .. မြို့လေးက တော်တော် သေးပါတယ်.. အဓီက လမ်းမ ကြီး သုံးခုထက်ပို မ၇ှိတဲ့ ဒီမြို့ဟာလမ်းလျောက်..စက်ဘီးစီး လို့ကိုတော်တော်ကောင်းတာ.. အရမ်းကို သန့်ရှင်း သပ်ရပ်နေ ပြီးလေကောင်းလေသန့်လေးတွေ ရူရှိုက် ရင်း ဆောင်းဝင်နေပြီ ဖြစ်လို့ ရာသီဥတုကလဲ အရမ်းကို သာယာနေတာပေါ့..
ဘယ်မှာနေကြမလဲ
မသွားခင် Agoda မှာ ဟိုတယ် booking လုပ်တော့ ဈေးတွေကို ကြည့်ထဲက ပျော်နေတာ.. တစ်ခန်းကို 20$ 30$ ..တော်တော်လေးကောင်းတဲ့ River View Hotel တွေမှ 50$ 60$ ရယ်..ကိုယ်တွေနေတဲ့ ဟိုတယ် က တစ်ခန်း 30$ တန်..ရေကူးကန်လဲပါတယ်.. တောင်တွေ ကိုလှမ်းမြင်နေရတယ်..မြစ်ကမ်းဘေး ဟိုတယ် မယူခဲ့ မိလို့ တော်တော် နောင်တရမိတယ်.. အခန်းတေဘာတွေကတော့ တော်တော် ကောင်းပါတယ်.. မြစ်ဘေးက ဟိုတယ်တွေမှာနေရရင်တော့ ပိုကောင်းမှာပါ. ဟိုတယ်ကနေ မြစ် နဲ့ စည်တဲ့ နေရာကို တော့ 5 မိနစ်လောက်လမ်းလျောက်ရတယ်.. တကယ်တော့ မြစ်ဘေး နားက ပိုပြီးလဲစည်တယ်.. ဘားတွေ စားသောက်ဆိုင်တွေလဲအများ ကြီးပဲမို့ ..မြစ်ဘေးမှာ ပဲနပါလို့ အကြံပေးပါရစေ..
ဘယ်တွေသွားလည်ကြမလဲ
တကယ်တော့ ဒီမြို့လေးဟာ သဘာဝ ကစားကွင်းကြီးနဲ့ တူတယ်.. တစ်နေ့တစ်နေ့ ဆော့နေ ပျော်နေတာ နဲ့တင် စိတ်ညစ်နေတဲ့ လူတွေလာရင်တောင် ပျော်မယ်လို့ ရဲရဲ ကြီးအာမခံတယ်.. ကိုယ်တွေ ဒီရောက်နေတယ်လို့ fb မှာ check-in တင်တုန်းကတောင် တခြားနိုင်ငံက သူငယ်ချင်းတွေက ပျော်ခဲ့..ဟိုဟာလုပ်ခဲ့..ဒီဟာစီးခဲ့..ဒီနေရာသွားနဲ့ ၀ိုင်းပြီး ပြောကြတာ..အဲ့လောက်ထိကို သွားဖူးပြီးခဲ့တဲ့ သူတွေတောင် ကိုယ်တွေ သွားတာမြင်ပြီး မရိုးမ၇ွဖြစ်နေကြတာ..
Blue Lagoon
Lagoon ဆိုတဲ့ အဓိပါယ်က ပင်လယ် / ရေကန်ကြီး သို မြစ်ကြီး ကနေ ရေတွေက ခွဲထက်နေပြီး ဘေးနားလေးမှာ သီးသန့် အိုင်လေး လိုဖြစ်နေပြီး ရေတိမ်..ရေကြည်နေတဲ့ အပိုင်းလေးဖြစ်တယ်.. ရေကတိမ်ပြီး ကြည်လင် ပြာလဲနေရင်တော့ တန်ဖိုးရှိပြီးလူတွေလာရောက် လည်ပတ်ရေကစားလို့ကောင်းတဲ့ blue lagoon လေးဖြစ်သွားပေါ့.. များသော အားဖြင့် ကမ္ဘာပေါ်က နာမည်ကြီး တခြား blue Lagoon တွေကတော့သွားလည်ဖို့ကိုတော်တော် ဈေးကြီးလှတယ်.. ပင်လယ်ထဲက blue Lagoon တွေဆိုဈေးကြီးလွန်းလို့ money island လို့တောင်ခေါ်တယ်.. ထားပါလေ.. ကိုယ်တွေ ကတော့ ကံကောင်းထောက်မစွာနဲ့ ဘ၀မှာ ပထမ ဦးဆုံး အိမ်နီးချင်းနိုင်ငံက blue lagoon ကို ဈေးပေါပေါ နဲ့သွားလညိခွင့်ရခဲ့တယ်.. သိပ်လှတဲ့ Vang Vieng မှာ မနာလို စရာ ကောင်းလှအောင်ကို Blue Lagoon သုံးခုရှိတယ်.. ကိုယ်တွေ ကတော့ နှစ်ခုပဲရောက်ခဲ့တယ်.. ရေတွေ မြင်လိုက်ထဲက တခါထဲ ပြေးပြီး ခုန်ဆင်းသွားချင်အောင်ကို ပြာလဲကြည်လင်ပြီး ပြီးသန့်ရှင်းနေတာ.. သစ်ပင်ပေါ်ကနေ ရေကူးချန်ပီယံတွေ လို တစ်ဝုန်းဝုန်းနဲ့ ဒိုင်ဗင်ထိုး ချလိုက်.. တောထဲ ကတာဇံတွေ လို ..ကြိုးတွေ ဆွဲပြီး ရေထဲ ခုန်ချလိုက်နဲံ ပျော်တာပျော်တာဆိုတာ..ငယ်ဘ၀ ခနပြန်ရောက်သွားသလိုပဲ.. ကိုယ်တွေ ရောက်ခဲ့ တဲ့ Blue Lagoon 3 ဆို ဘေးမှာကျောက်တောင်ကြီးတွေနဲ့.. သူကရေအိုင်ပို ကြီးပြီး ငါးအုပ်တွေကကိုယ့်ဘေးမှာ .. လင့်စင်ပေါ်ကနေ ခုန်ချလိုက်ရင် ကို အသဲ ကို အေးနေတာ.. ပထမ တစ်ခါပဲ နဲနဲ တွန့်ဆုတ်ဆုတ် ဖြစ်နေတာ.. နောက်ခေါက်တွေ ကျတော့ တော်ပါတော့လို့ ပြောယူရလောက်အောင်ကို ညှိတာ.. မောလာရင် လေးနားကတဲလေးတွေ မှာ ခနနားပြီး လာအို အစားအစာ ဖြစ်တဲ့ ၀က်သားဟင်း ပင်စိမ်းနဲ့ စပ်စပ်လေးချက်ထားတာကို ကောက်ညှင်းလေးနဲ့ တို့ပြီးစား ..လာအိုဘီယာလေး အစပ်ပြေသောက်နဲ့ ရေထဲ ပြန်ဆင်းလိုက်နဲ့ကို သာယာတာ .. Lagoon တွေ၇ှိတဲ့ နေရာက တောအုပ်တွေ များလို့ နေပျောက်တောင် မထိုးဘူးရယ်.. ရေထဲ ကို တစ်ဗွမ်းဗွမ်းကျ သံ..လူတွေ ရဲ့ ရီသံ..ကျေးငှက်လေးတွေ ရဲ့အော်သံလေး တွေ နဲ့ သဘာဝ ကြီးထဲ ပျော်မြူးနေကြတာ လောကကြီးကိုတောင်မေ့တယ်.. အမိုက်တစ်စပ် မရှိ.. တော အစပ်မို့ လိပ်ပြာ အကောင် ကြီး ဘေးမှာ တင်ပျံဝဲနေတာ.. တခါမှ အဲ့လို မမြင်ဘူးဘူးရယ်… ၀င်ကြေးဆိုလဲ မြန်မာငွေ နဲ့ မှ ၁၅၀၀ လောက်ဆိုတော့ ရီချင်စရာတောင်ကောင်းသေးတယ်နော်.. life Jacket တွေ ဘောတွေ ငှားမှ မြန်မာငွေ ၈၀၀ လောက်ဆိုတော့ ချောင်းသာထက်တောင်ဈေးပေါသေးတယ်.. အဲ့ဒီ Blue Lagoon နှစ်ခု မှာ ဆော့နေတာ နဲ့ တင်တစ်ရက်ကုန်တယ်..
Tubing
အာ၇ှရဲ့ နာမည်ကျော် Tubing က အဲ့ဒီလာအို Vang Vieng မြို့ရဲ့ Nang Song မြစ်ထဲမှာပေါ့ ..တကယ်တော့ မြစ်ရေစီးအတိုင်း ဘောနဲ့ လိုက်မျောချသွားတာကို ခေါ်တာပေါ့လေ.. ပထမတော့ပါလာတဲ့ သူငယ်ချင်းတွေကမသိဘူးရယ်.. tubing လုပ်မယ်ဆိုတော့ အေးဆေးပေါလေ.. နောက်မှ တကယ့်မြစ်ရေစီး အတိုင်းကို ၁ နာရီကျော်လောက်မျောချမှ ဆိုတော့ ..ဘာာာာာာ ..နင်ရူးနေလားတဲ့ ဆိုပြီးကောင်းချီးပေးတာပေါ့.. ဒါမယ့် ကိုယ်အဆွယ်ကောင်းတာနဲ့ မျောနေတဲ့ လူတွေကလဲ အများကြီးဆိုတော့ သူတို့ပါ ပါလာကျတယ်… tubing လုပ်ဖို့ ကြော်ငြာထားတာ အများ ကြီးဆိုတော့ ကိုယ်လဲဈေးတွေ လျောက်မေးတာ တစ်ယောက် ကို 50000 Kip ( 8000 ကျပ်) တဲ့ အပေါင်က 60000 kip ပေးရမယ်တဲ့.. သူတို့ ဆီကဘောကွင်းရယ် life jacket ရယ်ပေးလိုက်တယ်.. ပီးတော့ ကားပေါ်ကိုတင်ပြီး မြစ်အပေါ်ပိုင်းကို မောင်းသွာပေါ့.. နောက်မှ ကားရပ်ပေးပြီး ကိုယ့်ဟာကို ဘောတွေ ထမ်းပြီး မြစ်နားကို လှမ်းလျောက် .. Jacket ၀တ်ပြီး စီးသွားတာ.. မြစ်က ဘေးတွေ ကတော့ တော်တော်တိမ်တယ်.. အဖြူကောင်တွေ ကို၇ီးယားတွေ ကတော့ life jacket မ၀တ်ကြဘူး ..ကိုယ်တွေသာ.၀တ်စုံပြည့်နဲ…. မျောသွားတော့ မှ တော်တော် လေးမိုက်မှန်းသိတယ်.. ရန်ကုန်က water boom ထဲက lazy river အတိုင်းပဲ.. ဒီဟာကတော့ တကယ့်သဘာဝ ပြီးတော့ အရမ်းကြာတော့ ပိုမိုက်တာပေါ့လေ.. ရေစီးကလဲ ဖြည်းဖြည်းလေး.. ကိုယ်တွေဆို ဖုန်းတွေ ပွတ် facebook သုံးပြီး live တွေတောင်လွှင့်လိုက်သေးတယ်..ရူခင်းကတော့ အရမ်းလှတာ မြစ်ဘေးတစ်ဘက်တစ်ချက် စီမှာ ကျောက်ဆောင် ကြီးတွေ .တံတားသေးသေးလေးတွေကလဲ ကိုယ်တွေ ဖြတ်သွားတဲ့တလျောက်တွေ့ရတာ.. အပေါ်မှာ ငှက်တွေ ပျံနေတာ ကိုလဲ မြင်ရသေးတယ်..နောက်ပြီး ညနေပိုင်းစီး တော့ balloon တွေ စီးကြတာ..ကောင်းကင်ပေါ်မှာ နေရောင်နဲ့ သိပ်လှတာ...မြစ်ကလဲ သိပ်မကျယ် ..ရေကလဲ တိမ်တော့ life jacket တွေဘာတွေ ၀တ်ထားရင် အန္တရယ် မ၇ှိပါဘူးး .တလျောက်လုံး လဲမျောနေတဲ့ လူတွေ နဲ့ ..အချင်းချင်း နူတ်ဆက်ကျ ..နီးလာရင် ကိုယ့်ဘောနား ကပ်လာပြီး စကားလာပြော ကြ..ဘယ်နိုင်ငံကလဲ စပ်စု ကြနဲ့..ပျော်စရာ ကြီး.. ဘေးမှာလဲ kayaking လုပ်နေ ကြတဲ့လူတွေ နဲ့ ဘေးကနေ သူတို့ကလှော်သွား ကြရင် ကိုယ်တွေ က အော်ကြတာပေါ့… တစ်နာခွဲလုံးလုံး အားကို မအားကြဘူးး.. နောက် ရပ်ရမယ့်နေရာရောက်တော့ ရေက ဒူးလောက်ပဲ ရှိတော့တယ်.. ထထိုင်လိုက် ပြီး ကိုယ့်ဘောကွင်း ကိုယ်ကောက်သိမ်းပြီး သူတို့စောင့်နေတဲ့ ကားပေါ်တက်ပြီး လိုက်သွားရုံပါပဲ .. Tubing လုပ်ရင်တော့ နေ့လည် 2 နာရီ 3 နာ၇ီ လောက်စမျော ရင် အကောင်းဆုံးပါပဲ.. ကိုယ်တွေ စစီးတဲ့ အချိန်က ညနေတေစာင်းသွားလို့ ရပ်ခါနီ အချိန်ဆို မှောင်မဲ သွားတာ သိပ်မကောင်းဘူးရယ်.. ဒါမဲ့ ကျန်တဲ့ တစ်နာရီလုံးလုံးပျော်ခဲ့ ရပြီး ကိုယ်တွေ လို လူတွေ အများကြီးမို့ ကြောက်စရာတော့ မကောင်းပါဘူး… မြစ်ထဲမှာ ညမှောင်မှောင်မျောခဲ့ ဘူးတယ်ဆိုတဲ့ အတွေ့အကြုံအသစ်ပေါ့ကွယ်.. မြစ်ထဲ မှာ tubing လုပ်ဖို့ကြောက်တဲ့လူတွေ အတွက်ကတော ကိုယ်တိုင် kayaking လုပ်လို့ရသလို ..သူများလှော်ပေးတဲ့ လှေလေးနဲ့ မြစ်ကြောင်းတစ်လျောက်လိုက်စီးလို့လဲ ရပါတယ်..
Water cave
သူက ကျောက်တောင်တွေ အရမ်းပေါတဲ့ အတွက် ဂူတွေလဲတော်တော် ပေါလှတယ်.. တစ်ခု ကျောက်တောင်တွေရဲ့အောက်မှ မြစ်လေး ချောင်လေးတွေ နဲ့ မို့ တစ်ခြားနေရာတွေ နဲ့မတူတာက ဂူတွေထဲ ကို လမ်းလျောက် ပြီး ကြည့်ရတာ မဟုတ်ပဲ .. အုပ်စုလိုက် ရေစီး အတိုင်း ဘောတွေ နဲ့လျောက်သွားရတာ.. ဂူထဲ ၀င်ရင် ကြိုးတွေ တန်းပေးထားပြီး ကြိုးတန်းကို ကိုင်ပြီး ကိုယ့်ရဲ့ ဘောကွင်းကို ရွေ့ပြီးသွားရတာ တအားမိုက်တယ်..တစ်ခါမှလဲ မလုပ်ဘူးတော့ တခါတလေ မရွေ့ဘူးရယ် ..ပျော်ဖို့တော်တော်ကောင်တယ်.. အထဲ တော်တော် ရောက် မှ တခြား ဂူတွေ ကို လမ်းလျောက် လည်လို့ရတယ်.. သူလဲ ဈေးမကြီးဘူးရယ် နေံတစ်ဝက် လုံးကားရော ၀င်ကြေးရော ..ဘောကွင်းရော..သူတို့ဦးဆောင် ခေါ်သွားတဲ့ လူပါပါမှ 100000 Kip ( 12000ကျပ်) ပေးရတယ်..
Zip Line
ဒီနေရာလောက် Zip Line ပေါ်တာ ဒီနေရာပဲရှိတယ်.. ကိုယ်တွေ အချိန်မရတာနဲ့ မလုပ်ခဲ့ရပေမယ်. နောက်တစ်ခါဆိုရင်တော့ သေချာပေါက်ကို လုပ်မှာ ..ကိုယ်တွေ မြစ်ထဲမှာ Tubing လုပ်နေတုန်း ကလဲ မြစ်ကို ဟိုဘက်ဒီ ဘက်ဖြတ်ပြီး Zip Line လုပ်နေကြတဲ့လူတွေ ကို အသဲယားစရာတွေရတယ်.. Cave တွေ မှာ လုပ်မလား ရေတံခွန်တွေမှာလုပ်မလား သာရွေးလိုက် ယုံပါပဲ..
Rock Climbing
ကျောက်တောင်တွေ သိပ်ကိုများတဲ့ အတွက် ကျောက်တောင်ကို ကြိုးတွေဆိုင်းပြီးတွယ်တက်တာ အရမ်းမိုက်ပါတယ်.. သူများတွေတက်နေကြတာ ကြည့်ရတာ..ကိုယ်လဲလိုက်လုပ်ချင်တယ်.. စမ်းပြီးလာခဲ့မိလို့ နှစ်ညအိပ်ပဲ နေခဲ့မိတဲ့ ကိုယ့်ကို ကိုယ်ပဲ ဒေါသတွေ အလိပ်လိုက်ထွက်တယ်..နောက်တစ်ခေါက်ဆိုရင်တော့ နည်းဆုံး သုံးညအိပ်မယ်.. Rock Climbing မလုပ်ခဲ့ရပေမယ့် ရိုးရိုး တက်လို့ရတဲ့တောင်ကို တော့တက်ခဲ့တယ်.. အပေါ်မှာ ကနေ ကြည့်ရင် အရမ်းလှတာ.. ဘာအံ ကကျောက်ဝိုင်းလိုမျိုးပဲ.. ဒါမဲ့သူက လှေကားနဲ့တက်ရတာ မဟုတ်ပဲ တကယ့်တောလမ်းအတိုင်းတက်ရတော့ ပိုပြီးခက်သလိုပါပဲ.. ဒါမဲ့ အပေါ်ရောက်တော့ မြင်ကွင်းအရမ်းလှပြီး လေအေးတွေတိုက်တော့ ပြန်တောင်မဆင်းချင်တော့ဘူးရယ်..
Hot Air Balloon
အမှန်အတိုင်းပြောရရင် Balloon အရမ်းစီးဖူးချင်ခဲ့တာပေါ့..ပုဂံမှ စီးဖို့မေးကြည့်တော့ 350$ လောက်ဆိုတော့ အရမ်းများတယ်တော့နှမြောတာနဲ့ မစီးဖြစ်ခဲ့ဖူးး.. အခုဒီရောက်တော့ တယောက်မှ 88$ ဆိုတော့ကာ..ချက်ချင်းပဲစီးမယ် ဆိုပြီး အားလုံးတက်ကြွကုန် ကြတာ..သူက မနက် ၆ နာ၇ီ နဲ့ ညနေ ၄ နာ၇ီ နှစ်ချိန် စီးလို့ရတယ်.. ကိုယ်တွေ ကတော့ အချိန်မရှိလို့ မနက်စောစော အချိန်ပဲ စီးခဲ့ ကြတာ.. တစ်ခါမှ မစီး ဖူးလို့လား မသိဘူး အရမ်းမိုက်တာ ပဲ..ကျောက်တောင်တွေ ထိုးထိုးထောင်ထောင်..မြစ်ကလေးက အဲ့ဒီ ကြားထဲမှာ အေးဆေးလေး ဖြတ်ပြီးစီးနေတာ . လယ်ကွင်းတွေကတမျော်တစ်ခေါ် ကြားထဲမှာ နေလုံး ကြီးက တဖြည်းဖြည်း မြင့်တက်လာတာ.. အပေါ်က ကြည့်မှပဲ မြို့လေးက သေးသေးလေးနဲ့ ချစ်စရာကောင်းလိုက်တာ..တိမ်တွေကလဲ ကိုယ့်ဘေးမှာပဲ ဖြတ်ပြီးသွားနေလိုက်တာ များလှမ်းကိုင်လိုက်ချင်တယ်..
ညနေစောင်းတွေမှာ
မြစ်တလျောက်က ဘားလေးတွေမှာ tubing လုပ်ပြီးတဲ့လူတွေက ဘီယာတွေ ထိုင်သောက်ကြတာ sunset လေးကြည့်ပြီးတော့.. . တကယ်တော့ တဲလေးတွေ ..အပေါ်မှာ အိပ်လို့တောင်ရသေးတယ်..လာအို အစားအစာ... ကြက်သားကို အလုံးသေးသေးလေးလုပ်ပြီးကင်ထားတာ ..လာအိုဘီယာနဲ့ သိပ်လိုက်တာပေါ..နောက်ပြီးခေါက်ဆွဲ ကို သဘောင်္သီးထောင်းလို ထောင်းထားတာကလဲ စပ်စပ်လေးနဲ့ သိပ်အရသာရှိတာ.. sound box တွေ နဲ့ သီချင်းတွေက လဲ အကျယ်ကြီးဖွင့်ထားတာ ..ရေထဲဆင်းဆော့လိုက်..မုန့်စားလိုက်..ဘီယာ သောက်လိုက်နဲ့ ကိုယ့်ကို သင်္ကြန်ကျနေသလိုပဲ .. နည်းနည်းမှောင်လာပြီ ဆိုရင်တော့ မြို့ထဲက လာအို စာသောက်ဆိုင်တွေမှာ ညစာစားပြီး ခြေပစ်လက်ပစ်ထိုင်လို့ရတဲ့ ဘားလေးတွေမှာ သူတို့ဖွင့်ထားတဲ့ TV series လေးကြည့်ပြီး ဟိုဟာဒီဟာရတဲ့ မီနူးထဲက shake လေးတွေ မှာပြီး ဇိမ်ယူပြီး ဘော်ဒါတွေနဲ့ အခွီကြီးပဲတလိုင်း ပေါက်ကရလျောက်ပြောကြတာ....နောက်ဆုံး အပိတ်ကတော့ Vang Vieng ရဲ့နာမည်ကျော် Sakura Bar ထဲမှာ တခြားနိုင်ငံက လာတဲ့လူတွေနဲ့ Beer Pong တွေ ပြိုင်ဆော့ ပြီး ကွပ်ပစ်လိုရိုက်ထားတဲ့ အမိုက်စား Dancing Floor မှာတက်က… DJ တွေကလဲ အမိုက်စားအပြင်.. တခါတလေ..အချင်းချင်း Challenge လုပ်ပြီး သူတို့ ပြိုင် ကကြတာ သိပ်ကြည့်လို့ကောင်းတာပေါ့ .. ည ၂ နာရီ ဆို အဲ့ဒီဘား ပိတ်တဲ့အချိန် အကုန်လုံးပြန်ထွက်လာ ကြတာကျောင်းလွှတ်တဲ့ အတိုင်းပဲ အုပ်လိုက် ကြီး..မုန့်တွေ ၀ယ်စားကြတာ..ပြီးတော့မှ ဟိုတယ် ကို သီချင်းတွေအော်ဆိုပြီး လမ်းလျှောက်ပြန်ကြတာ ..လာအိုဆိုတဲ့ နိုင်ငံသေးသေးလေး ရဲ့ မြို့ပိစိလေး ထဲ အဲ့လောက်ငြိမ်းချမ်း ပျော်ရွှင်စရာကောင်းမယ်လို့ မို့ထင်မထားမိခဲ့တာ အမှန်ပဲ….
ဘယ်လောက် ကုန်ခဲ့ သလဲဆိုရင် တော့ လေယာဉ်နဲ့ ဘန်ကောက်က နေသွားမယ် ဆို၇င်တောင် .. 350$ ( bkk မှ) လောက်ပဲ ကုန်မှာ….ဒီမြို့လေးဟာ ငြိမ်းချမ်းပြီး ပျော်ရွင်စရာ ရင်ခုန်စိတ်လူပ်ရှားချင်စရာ ပကာသန မရှိ (အကျီဆို သုံးစုံလောက်ယူသွားရင်တောင်လောက်တယ်) သဘာဝကစားကွင်းကြီးထဲ ငယ်ဘ၀ ကို သုံးရက် လောက်ပြန်ရောက်သွားစေနိုင်တယ်.. ဘော်ဒါတွေ အုပ်စုလိုက်.. မိသားစု မောင်နှမတွေ.. Staff Party လုပ်မယ့်လူတွေ .. Company နှစ်ပတ်လည်တွေ ..ကျောင်းက ပျော်ပွဲစားထွက်မယ့် လူတွေ အတွက် သိပ်ကို သင့်တော်တယ်.. ပိုက်ဆံ သိပ်မကုန်တဲ့ အပြင် ပျော်စရာလဲကောင်း အချင်းချင်းစည်းလုံးပြီး သိပ်ချစ်လာ ခဲ့ကြပြီး ပြန်လာရင်တောင် ငါက ဘာလုပ်ခဲ့တယ်..သူကတော့ သိပ်ကြောက်နေခဲ့တယ်..သူ့ပုံစံက ရီချင်စရာ..စသဖြင့် စမြုံပြန်ပြီး ပြန်ပြောလို့ကို ပီးမှာ မဟုတ်ပဲ.. ပြန်သွား ချင်တဲ့ စိတ်တွေ ထိန်းမနိုင်သိမ်းမရဖြစ်နေမှာ ……
MZ