09/02/2021
ရန်ကင်းသားတွေတတ်နိုင်သလောက်ကူကြပါဦး
Hello ... Attention please ‼️
ရန်ကင်း ကန်ဘဲ့လမ်းအတွင်းမှာ ရှိတဲ့ YCDC အိမ်ရာမှာနေတာပါ။ ည ၈နာရီဆို လူစုပြီး သံပုံးတီး သီချင်းဆိုလေ့ရှိပါတယ်။ ဝန်းထဲမှာရှိတဲ့ အသားထဲက လောက်ထွက်တချို့က တိုင်လို့ ဒီညကစပြီး မတီးရပါဘူး။ ဦးဆောင်ပြီးလုပ်တဲ့ volunteer အကိုတွေကို အိမ်ခန်းကနေ ချက်ချင်းဖယ်ပေးရမယ်လို့ ဖိအားပေးပါတယ်။ အလုပ်မလာတဲ့သူတွေလည်း အလုပ်ထုတ်မယ် ဖိအားပေးလို့ သက်ကြီးပိုင်းတွေထဲက ကြောက်တတ်တဲ့သူတွေက သွားနေတုန်းပါ။ အခုဆိုရင် လွတ်လပ်စွာ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်တောင်မရတော့ပါဘူး။ သံပုံးမတီးရ သီချင်းမဆိုရတော့ပါဘူး။ အများသိအောင်ဖြန့်ဝေပေးပါဦးနော်။
စာကို ကော်ပီယူပြီးတင်ပေးပါနော်
Credit လည်းပေးစရာမလိုပါဘူး
#စစ်အာဏာရှင်စနစ်ကျဆုံးရမည်။