Myanmar Property Centre

Myanmar Property Centre Myanmar Property Centre for all buyer , seller, renter , agent and developer etc..

🔷🔷🔷 စင်္ကာပူတွင် ကျင်းပမည့် ကျပ်သိန်း (၂၀၀)မှ စသည့် အိမ်ရာအရောင်းပြပွဲကြီး☑ သိန်း (၂၀၀) ကျော်မှ စသော တိုက်ခန်းများ☑ သိန်း ...
10/08/2017

🔷🔷🔷 စင်္ကာပူတွင် ကျင်းပမည့် ကျပ်သိန်း (၂၀၀)မှ စသည့် အိမ်ရာအရောင်းပြပွဲကြီး

☑ သိန်း (၂၀၀) ကျော်မှ စသော တိုက်ခန်းများ
☑ သိန်း (၅၀၀) ကျော်မှ စသော ကွန်ဒိုများ
☑ လစဉ်ပေးသွင်းရမည့် ပမာဏ အနည်းဆုံး ကျပ်ငွေ (၃)သိန်းကျော် မှ စတင်ကာ
(၁)နှစ်မှ (၁၅)နှစ်အထိ အရစ်ကျ ငွေချေစနစ်

♦♦♦ 12 & 13 August (Raffles City Convention Centre, Level 4 - Stamford Ballroom)

စင်္ကာပူရောက် မြန်မာသူငယ်ချင်းများအားလုံးကို ဖိတ်ခေါ်ပါတယ်။

============================

☑ ယခုအပတ် စနေ၊ တနင်္ဂနွေ (12 & 13 Aug) တွင် City Hall MRT အနီး Raffles City Convention Centre (၄)လွှာရှိ Stamford Ballroom ကြီးမှာ iMyanmarHouse.com မှ ကြီးမှူး၍ စတုတ္ထအကြိမ်မြောက် မြန်မာအကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး ကျင်းပသွားပါမည်။

✴✴✴ iMyanmarHouse.com မှ တစ်ကြိမ်ထက် တစ်ကြိမ် ပိုကောင်းအောင် ၊ အမျိုးအစား ပိုစုံအောင် ၊ ဈေးနှုန်း ပိုသင့်တင့်အောင် ၊ ခိုင်မာမှု ပိုရှိအောင် ကြိုးစားထားသဖြင့် ယခု စတုတ္ထအကြိမ်မြောက်ပြုလုပ်မည့် ပွဲကို မဖြစ်မနေ လာရောက် လေ့လာဝယ်ယူဖို့ ဖိတ်ကြားချင်ပါသည်။

(၂၀၁၇ ခုနှစ်အတွက် စင်ကာပူတွင် နောက်ဆုံးအကြိမ် ပြုလုပ်မည့် ပြပွဲလည်း ဖြစ်ပါသည်။)

☑ City Hall MRT လက်မှတ်ဖြတ်ဂိတ် အရှေ့ တည့်တည့်ရှိ စက်လှေကားဖြင့် တက်လျှင် Raffles City Convetion Centre ရှိ Shopping Mall သို့ ရောက်ရှိပါမည်။ ထိုမှ (၄) လွှာသို့ တက်၍ Stamford Ballroom သို့ လာပါ။

============================

ဝယ်ယူရရှိနိုင်မည့် Project များမှာ

✔ ️ ကွန်ဒိုမီနီယမ် ဥပဒေနှင့် အညီ တည်ဆောက်ထားသည့် The Leaf Residence သည် 884 sqft မှ စသော အဆင့်မြင့်ကွန်ဒို အခန်းများကို အထူးနှုန်းထားများ၊ ငွေချေစနစ်များဖြင့် ရောင်းချပေးပါမည်။

✔ ️ NHM Construction မှ သိန်း ၁၉၀ စသော တိုက်ခန်းများ နှင့် ကွန်ဒို Project ပေါင်း (၉) ခု

✔ ️ SMT Construction မှ သိန်း ၂၀၀ စသော တိုက်ခန်းများ နှင့် ကွန်ဒို Project ပေါင်း (၃၀) ကျော်

✔ ️ Tet Thit Nay Wun Construction မှ သိန်း ၂၀၀ စသော တိုက်ခန်းများ နှင့် ကွန်ဒို Project ပေါင်း (၄) ခု

✔ ️ UAT Construction မှ သိန်း ၂၀၀ ကျော်မှ စသော တိုက်ခန်း Project ပေါင်း (၅) ခု

✔ ️ AMPS Construction မှ ရန်ကုန်မြို့  ရှိ သိန်း ၂၀၀ ကျော်မှ စသော တိုက်ခန်းများအပါအဝင် နှင့် အခြား ကွန်ဒိုနှင့် လုံချင်းအိမ် Project ပေါင်း (၁၀) ခုကျော် ၊ ပုသိမ်မြို့ ရှိ သိန်း ၁၀၀ ကျော်မှ စသော အိမ်ယာစီမံကိန်းများ

✔ ️ TAT Construction မှ သိန်း ၃၀၀ ကျော်မှ စသော အသင့်နေ တိုက်ခန်း Project ပေါင်း (၆) ခု

✔ ️ Htun Construction မှ သိန်း ၃၀၀ ကျော်မှ စသော တိုက်ခန်း Project ပေါင်း (၆) ခု

✔ ️ MKT Construction မှ သိန်း ၈၀၀ ကျော်မှ စသော ကွန်ဒို Project ပေါင်း (၈) ခု

✔ ️ Taw Win Construction မှ သိန်း ၅၀၀ ကျော်မှ စသော ကွန်ဒိုအခန်းများနှင့် အဆင့်မြင့်ကွန်ဒို အခန်းများ

✔ ️ Yone Min Construction မှ သိန်း ၅၀၀ ကျော်မှ စသော ကွန်ဒို Project ပေါင်း (၁၃) ခု

✔ ️ Myat Su Mon Construction မှ သိန်း ၁၀၀၀ ကျော်မှ စသော အသင့်နေကွန်ဒို Project ပေါင်း (၅) ခု

============================

☑ လမ်းမတော်၊ လသာ၊ အလုံ၊ ကြည့်မြင်တိုင် ၊ စမ်းချောင်း၊ ကမာရွတ်၊ လှိုင် ၊ ရန်ကင်း၊ သာကေတ၊ ဒေါပုံ၊ ပုစွန်တောင်၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ တာမွေ၊ သင်္ဃန်းကျွန်း၊ အင်းစိန်၊ မရမ်းကုန်း၊ မင်္ဂလာတောင်ညွှန့်၊ မြောက်ဒဂုံ ၊ လှိုင်သာယာ စတဲ့ မြို့ နယ်များမှ ဆောက်လုပ်ပြီး ဆောက်လုပ်ဆဲ တိုက်ခန်း၊ ကွန်ဒိုများ

☑ သိန်း (၂၀၀) ကျော်တန် တိုက်ခန်းများသည် အရေအတွက် အကန့်အသတ်ရှိ၍ ဦးရာလူစနစ်ဖြင့်သာ ရောင်းချပေးမည့်အကြောင်း အသိပေးလိုပါသည်။

☑ မည်သူမဆို အမည်စာရင်းပေးပြီး (အခမဲ့) လာရောက်လေ့လာနိုင်ပါပြီ
http://www.imyanmarhouse.com/expo-singapore

♦ အရောင်းပြပွဲ အသေးစိတ်အစီအစဉ် ♦
Rafles City Convention Centre (Stamford Ballroom, Level 4)
12 & 13 August 2017 (စနေ၊ တနင်္ဂနွေ)
မနက် (၁၀) နာရီမှ ညနေ (၉) နာရီ

၂ဝ၁၇- ၂ဝ၁၈ စည်းကြပ်နှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေဈေး နှုန်းတန်ဖိုးကို အခွန်စည်းကြပ် ပေးရာတွင် ဈေးနှုန်းများအား...
07/07/2017

၂ဝ၁၇- ၂ဝ၁၈ စည်းကြပ်နှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေဈေး နှုန်းတန်ဖိုးကို အခွန်စည်းကြပ် ပေးရာတွင် ဈေးနှုန်းများအား ယခင်နှစ်ကထက် လျှော့ချ ထားသောကြောင့် အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ် အနည်းငယ်ဦးမော့လာ ကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။

မြတ်လေးငုံ ၊ ရန်ကုန်၊ ယခု ၂ဝ၁၇- ၂ဝ၁၈ စည်းကြပ်နှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေဈေး နှုန်းတန်ဖိုးကို အခွန်စည်းကြပ် ပေးရာတွင် ဈေးနှုန်းများအား ယခင...

01/06/2017

အိမ်ခြံမြေအဆောက်အအုံများ ဝယ်ယူ၊ လွှဲပြောင်း၊ ပေါင်နှံခြင်းနှင့်သက်ဆိုင်သည့် တံဆိပ်
ခေါင်းခွန်နှုန်းထားကို လေးရာခိုင်နှုန်းသို့ လျှော့ချကောက်ခံတော့မည်ဟု ပြည်တွင်းအခွန်
ဦးစီးဌာနက ထုတ်ပြန်လိုက်သည်။

ပြည်တွင်းရှိ အိမ်ခြံမြေရောင်းဝယ်မှုများသည် အခွန်ကောက်ခံမှုနှုန်းထားများကြောင့်
အရောင်းအဝယ်လေးလံနေသဖြင့် အခွန်နှုန်းထားများ ပြင်ဆင်မည်ဟု စိမံကိန်းနှင့်ဘဏ္ဍာ
ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မေ ၂ဝ ရက်က စီးပွားရေးလုပ်ငန်းရှင်များကို
ပြောကြားခဲ့သည်။

ယင်းသို့ပြောခဲ့ပြီးနောက် ယခု မေ ၃၁ ရက်တွင် တံဆိပ်ခေါင်းခွန်နှုန်းထားကို
လျှော့ချလိုက်သည့် အသိပေးကြေညာချက်တစ်ရပ်ကို ပြည်တွင်းအခွန်ဦးစီးဌာနက
ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

''အခွန်ထမ်းတွေအတွက် မှန်ကန်မျှတတဲ့အခွန်ဖြစ်ရမယ်၊ ထမ်းဆောင်နိုင်တဲ့အခွန်လည်း
ဖြစ်ရမယ်၊ နိုင်ငံတော်အတွက် တကယ်ကို အထောက်အပံ့ဖြစ်တဲ့ အခွန်ဖြစ်ရမယ်။
ပြန်လည်ပြင်ဆင်နိုင်တဲ့ အခွန်အခတွေအတွက် ပြန်လည်စဉ်းစားသွားပါမယ်။ ရွှေ၊
အိမ်ခြံမြေ ရောင်းဝယ်မှုနဲ့ တံဆိပ်ခေါင်းခွန်တွေကို ပြင်ဆင်ဖို့ စီစဉ်နေပါတယ်''ဟု
ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက မေ ၂ဝ ရက်က ပြုလုပ်သည့် လုပ်ငန်းရှင်များနှင့်
တွေ့ဆုံစဉ် ပြောခဲ့သည်။

လက်ရှိတွင် အိမ်ခြံမြေအဆောက်အအုံများ ဝယ်ယူ၊ လွှဲပြောင်း၊ ပေါင်နှံခြင်းနှင့်
သက်ဆိုင်သည့် တံဆိပ်ခေါင်းခွန်ကိုငါးရာခိုင်နှုန်းဖြင့် ကောက်ခံနေသည်။ သို့ရာတွင်
ယခုထုတ်ပြန်ချက်အရ တံဆိပ်ခေါင်းခွန်မှာ လေးရာခိုင်နှုန်းဖြင့်သာ ကျသင့်စေတော့မည်
ဖြစ်သည်။

ထို့အတွက် အိမ်ခြံမြေအဆောက်အအုံများ ဝယ်ယူ၊ လွှဲပြောင်း၊ ပေါင်နှံခြင်း ပြုလုပ်မည့်
သူများသည် တံဆိပ်ခေါင်းခွန်ကို စနစ်တကျ လိုက်နာပေးဆောင်ရန်လည်း အသိပေး
ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ပြည်ထောင်စုဝန်ကြီး၏ ကတိပေးချက်အရ အခွန်ပြင်ဆင်မည့် နယ်ပယ်များ အနက် ယခု
တံဆိပ်ခေါင်းခွန်နှင့် ပတ်သက်သော အခွန်ပြင်ဆင်မှု ထွက်ပေါ်လာပြီဖြစ်သော်လည်း
ရွှေနှင့်အိမ်ခြံမြေရောင်းဝယ်မှုနှင့် သက်ဆိုင်သည့် အခွန်များ ကျန်ရှိနေဆဲဖြစ်သည်။

Source: MM time

ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ခြံမြေ ရောင်းဝယ်မှုများပြုရာတွင် အခွန်ပေးဆောင်ရမည့် တစ်ပေပတ်လည်နှုန်းထား သတ်မှတ်ဈေးနှုန်းမျ...
27/04/2017

ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ခြံမြေ ရောင်းဝယ်မှုများပြုရာတွင် အခွန်ပေးဆောင်ရမည့်
တစ်ပေပတ်လည်နှုန်းထား သတ်မှတ်ဈေးနှုန်းများကို ယခုဘဏ္ဍာနှစ်တွင် အသစ်ပြင်ဆင်နိုင်ရန်
လက်ရှိ မြေပြင်ဈေးနှုန်းများကို စတင်ကောက်ခံနေပြီ ဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာန
လက်ထောက်ညွှန်ကြားရေးမှူး ဦးထင်အောင်လင်းက ပြောသည်။

''စံနှုန်း ပြန်ပြင်ဖို့ ရှိတယ်။ ပြန်ပြင်ဖို့ စီစဉ်ဆောင်ရွက်နေပြီ ဖြစ်တဲ့အတွက် အချက်အလက်တွေ
စကောက်နေပြီ၊ မြို့နယ်အခွန်ရုံးတွေကတစ်ဆင့် မြေပြင်က လက်ရှိကာလ ပေါက်ဈေးတွေကို
ကောက်ခံပြီး ကျွန်တော်တို့ဌာနက ဘုတ်အဖွဲ့အစည်အဝေးထိုင်ပြီး သတ်မှတ်လိုက်တဲ့
နှုန်းတွေကို တိုင်းဒေသကြီးအစိုးရကို တင်ပြသွားပါမယ်''ဟု ၄င်းက ပြောသည်။

အိမ်ခြံမြေ အရောင်းအဝယ် ဖြစ်သူများက ဝင်ငွေခွန် ပေးဆောင်ရန် လက်ရှိသတ်မှတ်ထားသည့်
မြို့နယ်အလိုက်၊ လမ်းအလိုက် တစ်ပေပတ်လည် နှုန်းထားများတွင် မရမ်းကုန်းမြို့နယ် (မေခနှင့်
မလိခလမ်း) များတွင် တစ်ပေပတ်လည်နှုန်း ကျပ် ၁၃၅,ဝဝဝ သတ်မှတ်ထားပြီး စမ်းချောင်းမြို့နယ်
(ပြည်လမ်းပေါ်ရှိ) တစ်ပေပတ်လည်နှုန်းများကို ကျပ် ၂၇၅,ဝဝဝ သတ်မှတ်ထားသည်။

ပြည်တွင်းအခွန်များ ဦးစီးဌာနက အိမ်ခြံမြေဈေးများကို ၂ဝ၁၃ ခုနှစ်မှ စတင်ကာ
ကာလပေါက်ဈေးနှင့်ချိန်ညှိ၍ ထိုသို့ တန်ဖိုးနှုန်းသတ်မှတ်ခဲ့ခြင်းဖြစ်ပြီး အိမ်ခြံမြေ
ဝယ်ယူ၊ရောင်းချသူများက အခွန်ဆောင်ရာတွင် အဆိုပါသတ်မှတ်ထားသည့်နှုန်းဖြင့်
အရောင်းအဝယ်ဖြစ်သည့် ပမာဏအလိုက် ဝင်ငွေခွန်ကျသင့် ပေးဆောင်ရမည် ဖြစ်သည်။

''တကယ်ဆို အခွန်က စံနှုန်းတွေ သတ်မှတ်ဖို့မလိုဘူး။ ဒါပေမဲ့ အခွန်ရှောင်တဲ့သူတွေ
များလို့သာ စံနှုန်းတွေ သတ်မှတ်ပေးရတာ။ ဝင်ငွေခွန်ဥပဒေအရ သူတို့ရဲ့ အရောင်းအဝယ်ဖြစ်တဲ့
တန်ဖိုးပေါ်မှာပဲ ဆောင်ရမှာ၊ ဒါပေမဲ့သူတို့က အရောင်းအဝယ်ဖြစ်တဲ့ အပေါ်မှာ အခွန်မဆောင်တော့
အစိုးရဘက်က စံနှုန်း သတ်မှတ်ပေးလိုက်ရတာ''ဟု ၄င်းက ပြောသည်။

အိမ်ခြံမြေ အခွန်ဆောင်ရာတွင် သတ်မှတ်ထားသည့် စံနှုန်းနှင့် ပေးဆောင်ရန် ၂ဝ၁၃ ခုနှစ်တွင်
စတင်ခဲ့ပြီးနောက် နှစ်စဉ် ကာလပေါက်ဈေးဖြင့် ပြန်လည်ညှိနှိုင်းကာ အသစ် သတ်မှတ်သော်လည်း
၂ဝ၁၅-၁၆ ဘဏ္ဍာနှစ်တွင် အစိုးရအပြောင်းအလဲကြောင့် စံနှုန်းအသစ် မသတ်မှတ်ဖြစ်ခဲ့ပေ။

''အခုလောလောဆယ်တော့ အိမ်ခြံမြေအခွန်ဆောင်ရင် ၂ဝ၁၄ က စံနှုန်းနဲ့ ဆောင်နေတယ်။
နှစ်နှစ်ကျော်ရှိပြီ။ မနှစ်က မပြင်ခဲ့ဖြစ်ဘူး၊ အစိုးရ အပြောင်းအလဲမှာ။
ပြည်တွင်းအခွန်များ ဦးစီးဌာနကတော့ မနှစ်ကလည်း နှုန်းထားတွေ ကောက်ပြီးအသစ်တင်ပြတယ်၊
ဒါပေမဲ့ အစိုးရက အပြောင်းအလဲတွေကြောင့် မသတ်မှတ်နိုင်ခဲ့ဘူး''ဟု ၄င်းက ပြောသည်။

ထို့ကြောင့် ယခုဘဏ္ဍာနှစ် အတွက် စံနှုန်းအသစ်ပြင်ဆင်ရန် ပြည်တွင်းအခွန်များ ဦးစီးဌာနက
ကာလပေါက်ဈေးများကို ကောက်ခံနေခြင်းဖြစ်ကာ မေလအတွင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ
စံနှုန်းအသစ်များကို တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

''လောလောဆယ်တော့ မြို့နယ်အကုန်လုံး စာတွေမရသေးတဲ့အတွက် ဘုတ်အဖွဲ့ မထိုင်ရသေးဘူး။
ဒီနှစ်ကတော့ ငါးလပိုင်းဆို တင်ပြမယ်၊ အစိုးရအဖွဲ့က အတည်ပြုတာနဲ့ ချက်ခြင်းတရားဝင်
စာထုတ်မယ်''ဟု ဦးထင်အောင်လင်းက ပြောသည်။

အိမ်ခြံမြေအကျိုးဆောင်များကမူ ယခုဘဏ္ဍာနှစ်အတွက် စံနှုန်းအသစ်များမှာ ယခင်နှစ်များထက်
နှုန်းထား လျှော့နည်းနိုင်ပြီး လက်ရှိ အိမ်ခြံမြေ ကာလပေါက်ဈေးများမှာလည်း အနည်းငယ်
ကျဆင်းလျက်ရှိကြောင်း ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးမှ ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်အတွက် အခွန်လေးမျိုးဖြစ်သည့် ကုန်သွယ်ခွန်၊
ဝင်ငွေခွန်၊ တံဆိပ်ခေါင်းခွန်နှင့် အထူးခွန်တို့အားလုံး ကောက်ခံရရှိမှုမှာ ကျပ် ၇၅၄
ဘီလျံဖြစ်ပြီး ယင်းဘဏ္ဍာနှစ်အတွက် လျာထားသတ်မှတ်ချက်မှာ ကျပ် ၆၆၈ ဘီလျံသာဖြစ်သည့်
အတွက် လျာထားချက်ထက် ကျော်လွန်ရရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၁၁၂ ဒသမ ၉၃ ရာခိုင်နှုန်း
ရှိကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ခြံမြေ ရောင်းဝယ်မှုများပြုရာတွင် အခွန်ပေးဆောင်ရမည့် တစ်ပေပတ်လည်နှုန်းထား သတ်မှတ်ဈေးနှုန်းများကို ယခုဘဏ္ဍာနှစ်တွင် အသစ်ပြင်ဆင်နိုင်ရန် လက်ရှိ မြေပြင်ဈေးနှုန်းများကို စတင်ကောက်ခံနေပြီ ဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာန ...

အဝယ်လိုက်လာပေမဲ့ အခွန်က အတားအဆီးဖြစ်နေဦးမယ့် အိမ်ခြံမြေဈေးကွက်မန္တလေးမြို့ရဲ့ အိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ်ဟာ ပြီးခ...
19/04/2017

အဝယ်လိုက်လာပေမဲ့ အခွန်က အတားအဆီးဖြစ်နေဦးမယ့် အိမ်ခြံမြေဈေးကွက်

မန္တလေးမြို့ရဲ့ အိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ်ဟာ ပြီးခဲ့တဲ့နှစ်ထက်စာရင် လတ်တလော
အရောင်းအဝယ် အနည်းငယ်ဖြစ်လာပေမဲ့ အခွန်နှုန်းထား သတ်မှတ်ချက်ဟာ ဈေးကွက်အပြည့်အဝ
လည်ပတ်နိုင်မှုအပေါ်မှာတော့ ကြီးမားတဲ့ အတားအဆီးအဖြစ် ဆက်ရှိနေဦးမယ်လို့
အတွေ့အကြုံရင့်ကြက်တဲ့အိမ်ခြံမြေအကျိုးဆောင်တွေက ပြောပါတယ်။

အိမ်ခြံမြေဈေးကွက်ဟာ ပြီးခဲ့တဲ့ ၂ဝ၁၁ခုနှစ် ကုန်ပိုင်းလောက်က စတင်ပြီး အရောင်းအဝယ်
သိသိသာသာ အေးစက်နေခဲ့ပါတယ်။ အဲဒီအချိန်က အဓိကအားဖြင့် အိမ်ခြံမြေတန်ဖိုးတွေဟာ
လက်ရှိ ပေါက်ဈေးတန်းတွေကနေ သိသာစွာ ခုန်တက် မြင့်မားသွားခဲ့တာကြောင့် ဈေးကွက်
အရောင်းအဝယ် တန့်သွားခဲ့ရခြင်း ဖြစ်ပေမဲ့ လတ်တလောကာလမှာတော့ အဆိုပါဈေးနှုန်းမြင့်တဲ့
အကြောင်းအရာအပြင် ရာဖြတ်တန်ဖိုး သတ်မှတ်ချက်နဲ့ အခွန်နှုန်းထား သတ်မှတ်ချက်တွေကြောင့်
ဈေးကွက်လည်ပတ်မှုဟာ ပိုနှေးကွေးရတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်အများစုကသုံးသပ်ကြပါတယ်။

''လက်ရှိအနေအထားမှာ အရောင်းဘက်က (ဈေးနှုန်းကို) လိုက်လိုက်လျောလျောရောင်းပေးနေတာ
တွေ့ရပါတယ်။ အဲဒါကြောင့် အမှန်တကယ်လိုအပ်လို့ ဝယ်တဲ့သူနဲ့တွေ့ရင် အလုပ်ဖြစ်လာပါတယ်''
လို့ ဖိုးလမင်းအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက ဦးဝဏ္ဏစိုးက ဧပြီ ၇ ရက်မှာ ပြောပါတယ်။

အရောင်းအဝယ်ဖြစ်ရာမှာ ဖောင်းပွတဲဈေးနှုန်း (ရှိသင့်တဲ့ ဈေးတန်းထက် မြင့်မားတဲ့ဈေးနှုန်း) မျိုး
မဟုတ်ပဲ ရောင်းသူဘက်က အဆင်ပြေအောင် ညှိနှိုင်းရောင်းချလာလို့အလုပ်ဖြစ်လာတာမျိုး ဖြစ်ကြောင်း
ဦးဝဏ္ဏစိုးက ပြောပါတယ်။

''ဝယ်ယူကြသူတွေရဲ့ အသိစိတ်တွေထဲမှာအခွန်ဆောင်ရမယ်။ နာမည်ပေါက်လုပ်ရမယ်ဆိုတဲ့
အသိမျိုးတွေ အရင်ကထက် ပိုရှိလာကြပါတယ်။ အရင်ကဆို အထူးကိုယ်စားလှယ် လွှဲစာမျိုးလုပ်ဖို့ပဲ
စဉ်းစားကြတာများပါတယ်။ ဒါပေမဲ့ အိမ်ခြံမြေအတွက် အခွန်နှုန်းကများနေတယ်လို့
သုံးသပ်ချင်ပါတယ်။ ဒီနှုန်းထားတွေကို ပြန်သုံးသပ်သင့်တယ်လို့ ထင်ပါတယ်''လို့ ပြောပါတယ်။

၂ဝ၁၆ ခုနှစ် အခွန်အကောက်ဥပဒေသစ်အရ ဝင်ငွေရလမ်းတင်ပြနိုင်ခြင်းမရှိရင် အိမ်မြေတန်ဖိုး
ကျပ်သိန်း ၃ဝဝ အထိကို ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃ဝဝ မှ ကျပ်သိန်း ၁,ဝဝဝ အထိ ၂ဝ
ရာခိုင်နှုန်း၊ ကျပ်သိန်း ၁,ဝဝဝ အထက်ကို၃ဝ ရာခိုင်နှုန်းပေးဆောင်ဖို့ သတ်မှတ်ထားပါတယ်။
ဒီသတ်မှတ်ချက်အရ အိမ်မြေတန်ဖိုးမြင့်မားလေ၊ ပေးဆောင်ရမယ့် အခွန်နှုန်းမြင့်လေ ဖြစ်မှာပါ။

ဒီဥပဒေသစ်မတိုင်မီက အိမ်ခြံမြေတန်ဖိုးကျပ်သိန်း ၁,ဝဝဝ အထိကို သုံးရာခိုင်နှုန်း၊
ကျပ်သိန်း ၁,ဝဝဝ မှ ကျပ်သိန်း ၅,ဝဝဝ အထိကို ငါးရာခိုင်နှုန်း၊ ကျပ်သိန်း ၅,ဝဝဝ ကနေ
ကျပ်သိန်း ၁ဝ,ဝဝဝ အထိကို ၁ဝ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁ဝ,ဝဝဝ ကနေ ကျပ်သိန်း ၁၅,ဝဝဝ
အထိကို ၂ဝ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၅,ဝဝဝအထက်ကို ၃ဝ ရာခိုင်နှုန်းပေးဆောင်ဖို့သတ်မှတ်
ထားပါတယ်။ ဒီသတ်မှတ်ချက်ဟာ လက်ရှိသတ်မှတ်ချက်နဲ့ နှိုင်းယှဉ်ရင် အိမ်မြေဝယ်ယူမယ့်သူတွေ
အတွက် အတော် အသက်ရှူချောင်တယ်လို့ ဆိုနိုင်ပါတယ်။

မန်းမြေရာဇာ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက အုပ်ချုပ်မှုဒါရိုက်တာ ဦးကျော်ဝင်းက
အိမ်မြေအခွန်ရော၊ ရာဖြတ်တန်ဖိုးသတ်မှတ်ချက်ပါ များပြားနေတာထက် တစ်ခုခုကို
လျှော့ပေးသင့်ကြောင်း ပြောပါတယ်။

''တန်ဖိုးတစ်ခုကို နှိမ့်လိုက်ရင် (အများစုအခွန်ဆောင်ချင်လာတဲ့အခါ) တစ်ယောက်တည်းဆီက
အခွန်ရတာနဲ့ ၁ဝ ယောက်ဆီကရတာ မတူနိုင်ဘူးလား။ လူတိုင်းက အခွန်တာဝန်သိလာရင်
နိုင်ငံတော်လည်း အကျိုးရှိပါတယ်။ လက်ရှိက အိမ်မြေ အရောင်းအဝယ်နည်းနည်း ပြန်လိုက်လာတယ်။
ဒါကလည်းလက်ချိုးရေလို့ ရနေပါသေးတယ်။ မြေဈေးကကျတယ်ထင်ရပေမဲ့ ပိုက်ဆံရှိတဲ့သူရဲ့
လက်ထဲက မြေကတော့ ဈေးမကျဘူး'' လို့ ဦးကျော်ဝင်းက ဧပြီ ၆ ရက်မှာ တယ်လီဖုန်းနဲ့
ဆက်သွယ်မေးမြန်းရာမှာ ပြောပါတယ်။

အခွန်နှုန်းသတ်မှတ်ချက် မြင့်မားရင် မြေကွက်လှောင်(ဝယ်ထား)ပြီး ဈေးကစားတာတွေ
နည်းပါးပြီး အိမ်မြေဈေးနှုန်း ကြီးမြင့်မှုက ကျဆင်းလာနိုင်မယ်လို့ တွက်ဆတာအပြင်
တစ်ဖက်မှာ အခွန်ဆောင်လိုက်ရတာကြောင့် အဲဒီအခွန်နှုန်းပါထပ်ပေါင်းပြီး မကာမိရင်
မရောင်းတော့တာမျိုးလည်း ရှိနိုင်တယ်လို့ အိမ်မြေအကျိုးဆောင်တချို့က သုံးသပ်ပါတယ်။

အခွန်အတွက် မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းနဲ့ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းလို့ ခွဲခြားကြည့်ရင်
အိမ်မြေဟာ မရွှေ့ပြောင်းနိုင်တဲ့ အထဲမှာပါဝင်ပြီး မသမာတဲ့ နည်းလမ်းနဲ့ ပြင်ပကိုထွက်လို့
မရတာကြောင့် လက်ရှိ အိမ်မြေအခွန်သတ်မှတ်ချက်ကို ပြန်သုံးသပ်သင့်တယ်လို့လည်း
တချို့က ယူဆပါတယ်။ ယခုအခါ အရောင်းအဝယ် အနည်းငယ် ပြန်လိုက်လာတဲ့ အခါမှာ
အခွန်နှုန်းထားကလည်း လူးသာလွန့်သာ ပြောင်းလဲလာခဲ့ရင် ဈေးကွက်လည်ပတ်မှုကို
ပိုအထောက်အပံ့ ဖြစ်လာမယ်လို့ ယုံကြည်ကြပါတယ်။

''လုပ်ငန်းလုပ်ဖို့ဖြစ်ဖြစ်၊ နေထိုင်ဖို့ဖြစ်ဖြစ်နေစရာဆိုတာက အမြဲလိုအပ်ချက်
ဖြစ်နေတာပါပဲ။ လုပ်ငန်းလုပ်ဖို့ဆိုရင် မဝယ်ရင် ငှားရမှာဖြစ်လို့ ရှာနေကြရမှာပဲ။
သင်္ကြန်အပြီးမှာ အခုထက်ပိုပြီး ဈေးကွက်က တည်တည်ငြိမ်ငြိမ်နဲ့ကောင်းလာဖို့
မျှော်လင့်ပါတယ်'' လို့ ဦးဝဏ္ဏစိုးက ပြောပါတယ်။

မန္တလေးမြို့ရဲ့ အိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ်ဟာပြီးခဲ့တဲ့နှစ်ထက်စာရင် လတ်တလော အရောင်းအဝယ်အနည်းငယ်ဖြစ်လာပေမဲ့ အခွန်နှုန်းထားသတ်မှတ်ချက်ဟာ ဈေးကွက်အပြည့်အဝ လည်ပတ်နိုင်မှုအပေါ်မှာတော့ ကြီးမားတဲ့ အတားအဆီးအဖြစ် ဆက်ရှိနေဦးမယ်လို့ ...

Smart home
18/04/2017

Smart home

ရန်ကုန်တိုင်းရှိစက်မှုဇုန်များသည် အရည်အသွေးလိုအပ်ချက်များစွာရှိနေခြင်းကြောင့် စက်မှုဇုန်အသစ်များကို ထပ်မံအကောင်အထည်ဖော်တည်...
13/04/2017

ရန်ကုန်တိုင်းရှိစက်မှုဇုန်များသည် အရည်အသွေးလိုအပ်ချက်များစွာရှိနေခြင်းကြောင့် စက်မှုဇုန်အသစ်များကို ထပ်မံအကောင်အထည်ဖော်တည်ဆောက်မည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှပြောကြားသည်။

ရန်ကုန်တိုင်းရှိစက်မှုဇုန်များသည် စတင်တည်ထောင်စဉ်ကပင်ကောင်းမွန်သည့်ဖွဲ့စည်းတည်ဆောက်မှုမရှိခဲ့ခြင်း ကြောင့်လက်ရှိအချိန်တွင်ရှိပြီးသားစက်မှုဇုန်များကိုအရည်အသွေးမြှင့်တင်ရန်ခက်ခဲသောကြောင့် စက်မှုဇုန်အသစ်များကို ထပ်မံအကောင်အထည်ဖော်ရန် စီစဉ်ရခြင်းဖြစ်ကြောင်းသိရသည်။

စက်မှုဇုန်အသစ်များကိုအကောင်အထည်ဖော်ရာတွင်ငွေကြေးအရင်းအနှီးလုံလောက်သည့်လုပ်ငန်းရှင်များကို သာ ဆောင်ရွက်ခွင့်ပြုမည်ဟု သိရသည်။

စက်မှုဇုန်များအကောင်အထည်ဖော်တည်ဆောက်ရာတွင်လုပ်ငန်းလုပ်ကိုင်လိုသူတစ်ဦးချင်းကို မြေငှားရမ်းပြီး ရရှိလာသောငွေကြေးဖြင့် တည်ဆောက်ရေးလုပ်ငန်းများလုပ်ကိုင်မည့် အစီအစဉ်ကိုအစိုးရကလက်ခံမည် မ ဟုတ်ကြောင်း၊အမှန်တကယ်ရင်းနှီးမြှုပ်နှံပြီးအကောင်အထည်ဖော်တည်ဆောက်နိုင်သည့်ငွေကြေးအရင်းအနှီးရှိသူကိုသာစက်မှုဇုန်များတည်ထောင်ခွင့်ပေးမည်ဟုသိရသည်။
စက်မှုဇုန်အသစ်များထပ်မံအကောင်အထည်ဖော်မည်ဖြစ်သော်လည်း မည်သည့်အချိန်တွင်အကောင်အထည် ဖော်မည်ကိုဝန်ကြီးကပြောကြားခဲ့ခြင်းမရှိပေ။
စက်မှုဇုန်များတည်ထောင်ရန် ရင်းနှီးမြှုပ်နှံမှုငွေကြေးပမာဏများခြင်းကြောင့် ပြည်တွင်းလုပ်ငန်းရှင်များထက် ပြည်ပလုပ်ငန်းရှင်များသာလုပ်ကိုင်နိုင်သည့်အခြေအနေမျိုး ဖြစ်နေသည်ဟု လှိုင်သာယာ စက်မှုဇုန် စီမံ ခန့်ခွဲမှုကော်မတီနာယကပြောကြားသည်။
ရန်ကုန်တိုင်းတွင် စက်မှုဇုန်များကို ၁၉၉၄ ခန့်တွင်လယ်မြေများ၌ စတင်အကောင်အထည်ဖော်ခဲ့သည်။ ထိုစဉ်ကမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက တစ်ကွက်ချင်းစီရောင်းချပြီး ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်းရှင်က မြေ ဖို့ခြင်း၊ မြောင်းဖောက်ခြင်းတို့ လုပ်ကိုင်ခဲ့ရသည်ဟု လှိုင်သာယာစက်မှုဇုန်မှ ထုတ်ကုန်လုပ်ငန်းရှင် တစ်ဦးမှ ပြောကြားသည်။
လက်ရှိ၌မြန်မာနိုင်ငံတွင်စက်မှုဇုန်အသစ်များအကောင်အထည်ဖော်ရာ၌ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန်ဟောင်ကောင် နှင့်တောင်ကိုရီးယားနိုင်ငံတို့မှစီးပွားရေးလုပ်ငန်းရှင်များကစိတ်ဝင်စားနေကြောင်းမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အတွင်းရေးမှူးမှပြောကြားသည်။

Description Here

သင်္ကြန်မှာ အားလုံး ပျော်ရွင်ကြပြီး ဘေးရန်ကင်းကြပါစေ။
13/04/2017

သင်္ကြန်မှာ အားလုံး ပျော်ရွင်ကြပြီး ဘေးရန်ကင်းကြပါစေ။

ရန်ကုန်-ဒလကို ဆက်သွယ်မည့် ကိုရီးယား-မြန်မာ ချစ်ကြည်ရေးတံတားတည်ဆောက်ရန်  လေ့လာစိုးမိုးအောင်စာသင်ကျောင်းတွေ၊ ဘာသာရေး အဆောက...
20/02/2017

ရန်ကုန်-ဒလကို ဆက်သွယ်မည့် ကိုရီးယား-မြန်မာ ချစ်ကြည်ရေးတံတားတည်ဆောက်ရန် လေ့လာ
စိုးမိုးအောင်

စာသင်ကျောင်းတွေ၊ ဘာသာရေး အဆောက်အဦတွေနဲ့ နေအိမ်တချို့ကို စီမံကိန်းကာလ အတွင်း ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြစ်အောင် လုပ်ဆောင်မှာဖြစ်တဲ့အတွက် တချို့အဆောက်အဦ တွေကို ကြိုတင်ဖြိုဖျက်တာတွေ မလုပ်ဆောင်ဖို့ တံတားတည်ဆောက်ရေးအဖွဲ့ကနေ ပြောဆိုခဲ့ပါတယ်။

အခုအချိန်မှာ အသေးစိတ် ပုံစံရေးဆွဲနေတဲ့ တံတားစီမံကိန်းကို မကြာမီကာလမှာ စတင်အကောင်အထည်ဖော်နိုင်မှာဖြစ်ပြီး တည်ဆောက်ချိန်မှာ...

သတင်းနှင့်ဓာတ်ပုံ အပြည့်အစုံ...
http://burmese.dvb.no/archives/190603

ဘဏ်အပ်ငွေမှရရှိသည့် အတိုးအပေါ်တွင် ၀င်ငွေခွန် ကောက်ခံမည့် အစီအစဉ်ကို ယခုအစိုးရလက်ထက်၌ လုံးဝ ဆောင်ရွက်မည်မဟုတ်ကြောင်း စီမံ...
20/02/2017

ဘဏ်အပ်ငွေမှရရှိသည့် အတိုးအပေါ်တွင် ၀င်ငွေခွန် ကောက်ခံမည့် အစီအစဉ်ကို ယခုအစိုးရလက်ထက်၌ လုံးဝ ဆောင်ရွက်မည်မဟုတ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦး အောင်နိုင်ဦးက 7Day Daily သ တင်းစာအား ပြောကြားသည်။
ဘဏ်အပ်ငွေမှရရှိသည့် အ တိုးအပေါ်တွင် ၀င်ငွေခွန်ကောက် ခံမည်ဟု ပြည်တွင်းသတင်းမီဒီ ယာအချို့၌ ဖော်ပြပြီး ပြည်သူ လူထုအကြား ဝေဖန်မှုများထွက် ပေါ်လာပြီးနောက် ၎င်းကအထက် ပါအတိုင်း ပြောကြားသည်။

‘‘၀န်ကြီးဌာနအနေနဲ့ ပြန် လည်ရှင်းလင်းတင်ပြလိုတာက အစိုးရအနေနဲ့ ပြည်သူလူထုရဲ့ အကျိုးကို ရှေးရှုပြီးတော့၊ နောက် တစ်ခုက နိုင်ငံတော်ရဲ့စီးပွားရေး တည်ငြိမ်မှုရှိအောင် ဘဏ်တွေမှာ အပ်တဲ့ငွေရဲ့ အတိုးအပေါ်မှာ ၀င် ငွေခွန်ကောက်ခံဖို့ လုံးဝလုပ်ဖို့မရှိ ပါဘူး’’ဟု ဦးအောင်နိုင်ဦးက ပြောသည်။

ဝင်ငွေခွန်ဥပဒေအရ ဘဏ် အပ်နှံငွေအတိုးအပေါ်တွင် အခွန် ကောက်ခံနိုင်သော်လည်း နိုင်ငံ့ စီးပွားရေးတည်ငြိမ်စေရန်နှင့် ငွေ ကြေးဈေးကွက် လှုပ်ခတ်မှုဖြစ်လာ နိုင်၍ အဆိုပါအတိုးကို ကောက်ခံ မည်မဟုတ်ကြောင်း ၎င်းကရှင်းပြ သည်။

‘‘အခွန်ကောက်လိုက်ရင် သူ့ ရဲ့ဟာက အခွန်ရတာတစ်ခုတည်း မဟုတ်ဘဲ Negative Impact (အဆိုးသက်ရောက်မှု)တွေ အ များကြီးရှိတယ်။ ဖြစ်လာနိုင်တဲ့ တခြားအခြေအနေတွေပေါ့။ ဥပ မာပြောပြရရင် ဘဏ်မှာသွားအပ် ရင်အခွန်ကောက်ခံရမယ်ဆို တော့ အခွန်မဆောင်ချင်တဲ့သူက ဘဏ်မှာ ဘယ်သွားအပ်တော့ မ လဲ။ တခြားကိစ္စတွေ ဥပမာ အိမ် ခြံမြေတွေမှာ သွားရင်းနှီးမြှုပ်နှံ တာတွေ ဒါမျိုးတွေဖြစ်သွားနိုင် တယ်။ ဖြစ်တော့ ငွေကြေးဈေး ကွက်ကြီးပါ လှုပ်သွားနိုင်တာပေါ့။ ဖြစ်နိုင်တာတွေ အများကြီးပေါ့။ ချဲ့ရင်ချဲ့သလောက်ဖြစ်သွားနိုင် တာပေါ့’’ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။

ထို့အပြင် နိုင်ငံပိုင်မြန်မာ့အ သံနှင့် ရုပ်မြင်သံကြား (MRTV) ကလည်း ဖေဖော်ဝါရီ ၁၉ ရက်က ဘဏ်များတွင် အပ်နှံထားသည့် ငွေမှရရှိသည့်အတိုးအပေါ် အ ခွန်ပေးဆောင်ရန် ၀င်ငွေခွန်ဥပ ဒေအရ ပြဋ္ဌာန်းထားသော်လည်း ပြည်တွင်းအခွန်များဦးစီးဌာနအ နေဖြင့် လက်ရှိအခြေအနေ၌ အတိုးရငွေမှ အခွန်ကောက်ခံရန် အစီအစဉ်မရှိကြောင်း ကြေညာ သည်။

ဖေဖော်ဝါရီ ၁၈ ရက်ထုတ် The Voice Daily သတင်းစာနှင့် ဖေဖော်ဝါရီ ၁၉ ရက်ထုတ် Daily Eleven သတင်းစာတို့တွင် ပြည် တွင်းအခွန်များဦးစီးဌာန ကို ကိုး ကား၍ ဘဏ်တွင်ငွေကြေးပမာ ဏ များစွာအပ်နှံထားသူများ ရရှိသည့် အတိုးနှုန်းအပေါ်တွင် ၀င်ငွေခွန်ကောက်ရန် စီစဉ်နေ ကြောင်းဖော်ပြခဲ့သည်။

ဘဏ်အပ်ငွေမှရရှိသည့် အတိုးအပေါ်တွင် ၀င်ငွေခွန် ကောက်ခံမည့် အစီအစဉ်ကို ယခုအစိုးရလက်ထက်၌ လုံးဝ ဆောင်ရွက်မည်မဟုတ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦး အောင်နိုင်ဦးက 7Day Daily သ တင်းစာအား ပြောကြားသည်။ ဘဏ်အပ်ငွေမှရရှိသည့် အ တိုးအပေါ်တွင် ၀င်ငွေခွန်ကောက် ခံမည်ဟု ပြည်တွင်းသတင်းမီ...

မန်မာနိုင်ငံတွင် ပထမဆုံးသော ပင်လယ်ပြင်ကို မျက်နှာမူထားသည့် ခေတ်မီ Sea View Condo မြိတ်မြို့ ၌ တည်ဆောက်မြိတ်၊ ဇန်နဝါရီ ၁၁...
12/01/2017

မန်မာနိုင်ငံတွင် ပထမဆုံးသော ပင်လယ်ပြင်ကို မျက်နှာမူထားသည့် ခေတ်မီ Sea View Condo မြိတ်မြို့ ၌ တည်ဆောက်

မြိတ်၊ ဇန်နဝါရီ ၁၁

မြန်မာနိုင်ငံတွင် ပထမဆုံးသောပင်လယ်ပြင်ကို မျက်နှာမူပြီး တည်ဆောက်မည့် အဆင့်မြင့်ခေတ်မီဒီဇိုင်းဖြင့် Sea View Condo ကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် စတင်တည်ဆောက်နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ Sea View Condo သည် မြန်မာနိုင်ငံတွင် ပထမဆုံး သော ပင်လယ်နှင့် နီးစပ်သည့် အဆင့် မြင့်လူနေအိမ်ခန်းများ၊ စားသောက် ဆိုင်ခန်းများ၊ ဖျော်ဖြေရေးနှင့် အပန်းဖြေအနားယူရန်နေရာများပါရှိ သော စီမံကိန်းတစ်ခုဖြစ်သည်။ ''Sea View Condo စီမံကိန်းက မြိတ်မြို့ကမ်းနားလမ်းမှာတည်ရှိ ပြီး စီမံကိန်းစုစုပေါင်းအကျယ်အဝန်းက ၂၈ ဧကရှိကာ ပထမကာလအ ကောင်အထည်ဖော်မယ့် မြေအကျယ်အဝန်းက ၁၁ ဒသမ ၈ ဧကကျယ် ဝန်းပါတယ်။ အဆောက်အအုံတွေ ကတော့ အထပ်မြင့်အဆောက်အအုံက ၁၂ လုံးဖြစ်ပြီး အနိမ့်ဆုံးက ၂၂ ထပ်နဲ့ အမြင့်ဆုံးက ၃၂ ထပ်အထိဖြစ်ပါတယ်။ ပေ ၃ဝဝ ကျော် အထိ မြင့်မားတဲ့ အဆောက်အအုံ ဒီဇိုင်းတွေနဲ့ အခန်းပေါင်း ၂၅ဝဝ ကျော်ရှိပါတယ်''ဟု စီမံကိန်းတာဝန် ခံဦးထွန်းထွန်းက ဇန်နဝါရီ ၈ ရက် တွင် ပြောကြားသည်။

အဆိုပါ ကွန်ဒို ၁၂ လုံး၏ တည်ဆောက်မှုစီမံကိန်းကာလမှာ သုံးနှစ်မှ ငါးနှစ်အတွင်းဖြစ်ပြီး စီမံကိန်းတွင် ခေတ်မီအားကစားခန်းမ၊ ရေကူးကန်၊ ဆေးခန်း၊ ဘဏ်လုပ်ငန်းများ၊ ဖူဆယ်ဘောလုံးကွင်း၊ ကလေးကစား ကွင်း၊ လမ်းလျှောက် ဈေးများပါ ပါဝင်မည်ဖြစ်သည်။ တိုက်ခန်းများကို အရစ်ကျစနစ် ဖြင့်ရောင်းချသွားမည်ဖြစ်ပြီး ဈေး နှုန်းအနေဖြင့် တစ်ခန်းလျှင် အကြမ်းထည်ငွေကျပ်သိန်း ၈ဝဝ မှကျပ်သိန်း ၄ဝဝဝ ထိ အမျိုး အစားအလိုက် ခွဲထားကြောင်း သိရသည်။ အဆိုပါစီမံကိန်းကို ပြည်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်က ရင်းနှီးမြှုပ်နှံ၍ South Asia International Investment Group Co., Ltd တို့မှ နိုင်ငံ တကာ အတွေ့အကြုံ ရှိသော ဆောက်လုပ်ရေးအင်ဂျင်နီယာများ၊ ဗိသုကာပညာရှင်များမှ တာဝန်ယူကာ တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။

မြိတ်၊ ဇန်နဝါရီ ၁၁ မြန်မာနိုင်ငံတွင် ပထမဆုံးသောပင်လယ်ပြင်ကို မျက်နှာမူပြီး တည်ဆောက်မည့် အဆင့်မြင့်ခေတ်မီဒီဇိုင်းဖြင့် Sea View Condo ကို တနင်္သာရီတိုင်း...

ယခု ၂ဝ၁၇ ခုနှစ်တွင် ဆယ်စုနှစ်တစ်ခုခန့်ကြာအောင် အရစ်ကျ ငွေပေးချေစနစ်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်သော တိုက်ခန်းများ ပိုမို အရောင...
12/01/2017

ယခု ၂ဝ၁၇ ခုနှစ်တွင် ဆယ်စုနှစ်တစ်ခုခန့်ကြာအောင် အရစ်ကျ ငွေပေးချေစနစ်ဖြင့် ဝယ်ယူနိုင်မည်
ဖြစ်သော တိုက်ခန်းများ ပိုမို အရောင်းအဝယ်ကောင်းမွန်လာမည်ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်များက
ဆိုကြသည်။

အိမ်ခြံမြေဈေးကွက်အတွင်း လက်ငင်းငွေအကျေ ပေးချေဝယ်ယူရသော အိမ်ရာများနှင့် ကြိုတင်
ငွေပေးစနစ်ဖြင့် ဝယ်ယူရသော တိုက်ခန်းများ လွန်ခဲ့သော နှစ်နှစ်ခန့်ကတည်းက အရောင်းအဝယ်
ကျဆင်းနေသော်လည်း အရစ်ကျဝယ်ယူနိုင်သော တိုက်ခန်းအိမ်ရာများမှာ ဝယ်လိုအား များပြားလျက်
ရှိပြီး ရောင်းအား ကောင်းမွန်နေကြောင်း iMyanmarHouse.com မှ အုပ်ချုပ်မှုဒါရိုက်တာ
ဦးနေမင်းသူက ပြောသည်။

အိမ်ခြံမြေဈေးကွက် ကျဆင်းနေသော်လည်း အစိုးရက အကောင်အထည်ဖော်ဆောက်လုပ်ကာ
အရစ်ကျစနစ်ဖြင့် ရောင်းချပေးနေသော တန်ဖိုးနည်းအိမ်ရာများကို ဝယ်ယူလိုသူများပြားခဲ့ပြီး
ဈေးကွက်ကောင်းမွန်ခဲ့သောကြောင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များပါ ဘဏ်များနှင့် ချိတ်ဆက်ပြီး
တိုက်ခန်းများကို အရစ်ကျစနစ်များဖြင့် ရောင်းချရန် လိုအပ်ကြောင်း အာရှဆောက်လုပ်ရေးလုပ်ငန်းမှ
အထွေထွေမန်နေဂျာ ဦးရန်အောင်က ပြောသည်။

''အစိုးရက တန်ဖိုးနည်းအိမ်ရာတွေကို အရစ်ကျစနစ်နဲ့ ရောင်းချပေးနေပြီး ဝယ်ယူသူတွေကလည်း
အရစ်ကျတိုက်ခန်းတွေကိုပဲ ဝယ်ယူလိုကြလို့ ဆောက်လုပ်ရေးလုပ်ငန်းရှင် တွေကလည်း သူတို့
တိုက်ခန်းတွေကို ဘဏ်တွေနဲ့ချိတ်ဆက်ပြီး အရစ်ကျစနစ်နဲ့ စတင်ရောင်းချလာကြပါတယ်။ ဒီနှစ်မှာ
အိမ်ရာစီမံကိန်းတွေကို အရစ်ကျဝယ်ယူနိုင်မယ့် စနစ်က အရင်ကထက် ပိုပီပီပြင်ပြင်အကောင်အထည်
ပေါ်လာမှာပါ''ဟု ၄င်းက ပြောသည်။

မြန်မာနိုင်ငံ၏ အကြီးမားဆုံး အိမ်ခြံမြေအရောင်းပြပွဲများကို ၂ဝ၁၅ ခုနှစ်နှင့် ၂ဝ၁၆ ခုနှစ်အတွင်း
လေးကြိမ် ကြီးမှူးကျင်းပခဲ့သော iMyanmarHouse.com မှ ယခု ၂ဝ၁၇ ခုနှစ်အတွင်း ပြည်တွင်း
ဘဏ်တစ်ခုနှင့် ပူးပေါင်းကာ နှစ်ရှည် အရစ်ကျဝယ်ယူနိုင်မည့် တန်ဖိုးနည်းအိမ်ရာ အထူးအရောင်းပြပွဲ
တစ်ခုကို ကျင်းပသွားမည်ဖြစ်ကြောင်း ဦးနေမင်းသူက ပြောသည်။

''ဒီ ၂ဝ၁၇ ခုနှစ်အတွင်းမှာ ဧရာဝတီဘဏ်နဲ့ ပူးပေါင်းပြီး နှစ်ရှည်အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်တဲ့
တိုက်ခန်းအိမ်ရာ အရောင်းပြပွဲတစ်ခုကို စီစဉ်သွားပါမယ်။ အစိုးရကလည်း တန်ဖိုးနည်းအိမ်ရာတွေကို
အရစ်ကျစနစ်နဲ့ ရောင်းချပေးနေချိန်မှာ ပုဂ္ဂလိကဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကလည်း ဘဏ်တွေနဲ့
ပူးပေါင်းပြီး တိုက်ခန်းတွေကို အရစ်ကျစနစ်နဲ့ ရောင်းချပေးနိုင်မှ အရောင်းဈေးကွက် ကောင်းမွန်မှာ
ဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။

တပ်မတော်ခန်းမတွင် ပြီးခဲ့သော ဒီဇင်ဘာလလယ်က iMyanmarHouse.comက ကြီးမှူးကျင်းပခဲ့သော
စတုတ္ထအကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲတွင် တန်ဖိုး မြန်မာငွေ ၁၇ ဘီလျံခန့်အထိ တိုက်ခန်းများ
ရောင်းချခဲ့ရပြီး အများစုမှာ တစ်နှစ်မှ ၁ဝ နှစ်အထိ အရစ်ကျငွေပေးချေနိုင်သော တိုက်ခန်းများဖြစ်ကြောင်း
ဦးနေမင်းသူက ပြောသည်။

''တိုက်ခန်းအရောင်းဈေးကွက်က ကြိုပွိုင့်၊လက်ငင်းငွေချေစနစ်တွေကနေ အရစ်ကျငွေချေစနစ်ဆီကို
တဖြည်းဖြည်း ပြောင်းလဲလာနေပေမဲ့ လက်ရှိအချိန်မှာ ပုဂ္ဂလိကဘဏ်တွေနဲ့ ဆောက်လုပ်ရေး
လုပ်ငန်းရှင်တွေက အိမ်ရာ ဝယ်ယူလိုသူတွေအတွက် ၁ဝ နှစ်အထိသာ အရစ်ကျစနစ်နဲ့
ငွေချေးပေးနိုင်သေးတယ်။ ငွေချေးတဲ့အခါမှာလည်း စမသခနျ တွေများနေပြီး ဘဏ်တွေနဲ့
ချိတ်ဆက်ပြီး အရစ်ကျဝယ်ယူမယ်ဆိုရင် တိုက်ခန်းတန်ဖိုးရဲ့တစ်ဝက်ကို ငွေအကျေပေးဖို့
လိုအပ်ပါတယ်''ဟု ၄င်းက ပြောသည်။

ထို့ပြင် နှစ်ရှည် အိမ်ရာအရစ်ကျဝယ်ယူလိုသူများအတွက် နှစ်စဉ်ဘဏ်တိုး ၁၃ ရာခိုင်နှုန်းအတိုးနှုန်းမှာ
ကြီးမြင့်နေဆဲဖြစ်ကြောင်း ဦးနေမင်းသူက ပြောသည်။

''တိုက်ခန်းတွေကို ဘဏ်နဲ့ချိတ်ဆက်ပြီး ၁ဝ စုနှစ်တစ်ခုလောက်ထိ အရစ်ကျစနစ်နဲ့ဝယ်ယူမယ်ဆိုရင်
တစ်နှစ် ၁၃ ရာခိုင်နှုန်းအတိုးနှုန်းက များပြားနေပါတယ်။ တိုက်ခန်းဝယ်ယူဖို့ ငွေချေးသူတွေအတွက်
သင့်တော်တဲ့အတိုးနှုန်းတစ်ခုကို သတ်မှတ်ဖို့ လိုပါတယ်''ဟု ၄င်းက ပြောသည်။

အရစ်ကျစနစ်ဖြင့် ငွေပေးသွင်းဝယ်ယူနိုင်သော တိုက်ခန်းများအတွက် ပိုမိုသက်သာသော
အတိုးနှုန်းထားများ ရှိသင့်ပြီး ယခုနှစ်အတွင်း တိုက်ခန်းများ ဝယ်ယူရာတွင် အရစ်ကျ ပေးချေနိုင်သော
ဝန်ဆောင်မှုကို ဘဏ်များက ပိုမိုဝန်ဆောင်မှု ပေးလာနိုင်ကြောင်း မြတ်မင်းဆောက်လုပ်ရေးလုပ်ငန်းမှ
ဦးအောင်မင်းက ပြောသည်။

''ပြည်တွင်းဘဏ်တွေက အိမ်ရာဝယ်ယူလိုသူတွေအတွက် အရစ်ကျငွေပေးချေနိုင်တဲ့ ဝန်ဆောင်မှုပေးဖို့
စတင်ဆောင်ရွက်လာကြပါပြီ။ ပြီးခဲ့တဲ့နှစ်တွေက ဒီလိုဝန်ဆောင်မှုပေးဖို့ တိကျတဲ့ ဥပဒေမပြဋ္ဌာန်းရင်
မဖြစ်နိုင်ဘူးလို့ ဘဏ်တွေက ပြောနေပေမဲ့ အခုချိန်မှာ ဝန်ဆောင်မှုပေးဖို့ စတင် ပြင်ဆင်လာနေကြပါပြီ။
ဝန်ဆောင်မှုကို အသုံးပြုသူ များမယ်ဆိုရင် ဘဏ်တွေအချင်းချင်း အပြိုင်အဆိုင်ဈေးကွက်ဖြစ်လာပြီး
အရစ်ကျ ငွေပြန်သွင်းချိန် ပိုမိုကြာမြင့်လာနိုင်ပါတယ်''ဟု ၄င်းက ပြောသည်။

ဝင်ငွေနည်းပြည်သူများ အိမ်ရာပိုင်ဆိုင်နိုင်စေရန် နှစ်ရှည်ငွေပေးချေကာ အိမ်ရာဝယ်ယူနိုင်သော
စနစ်လိုအပ်ပြီး မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ နှစ်ရှည်ငွေပေးချေစနစ်ဟု ခေါ်ဆိုနိုင်သော
နှစ် ၃ဝ ခန့်ကြာမြင့်အောင် အရစ်ကျ ငွေပေးသွင်းနိုင်သော အိမ်ရာ မရှိသေးကြောင်း ဦးနေမျိုးသူက
ပြောသည်။

''စင်ကာပူနိုင်ငံမှာ နိုင်ငံသား ၉ဝ ရာခိုင်နှုန်းကျော်က ကိုယ်ပိုင်တိုက်ခန်း ပိုင်ဆိုင်ကြတာက နှစ် ၃ဝ၊
၃၅ နှစ်လောက် အရစ်ကျစနစ်နဲ့ အိမ်ရာဝယ်ယူနိုင်တဲ့ စနစ်မျိုးကိုစင်ကာပူအစိုးရက အကောင်အထည်
ဖော်ထားလို့ပဲ။ တခြားနိုင်ငံတွေမှာလည်း နှစ်ရှည်အရစ်ကျ ပေးသွင်းနိုင်တဲ့ အိမ်ရာစနစ်မျိုးရှိပေမဲ့
လက်ရှိမြန်မာနိုင်ငံမှာတော့ မရှိသေးပါဘူး။ နှစ်ရှည်အရစ်ကျ ငွေပေးသွင်းဝယ်ယူနိုင်တဲ့ အိမ်ရာစနစ်မျိုးရှိဖို့
တိကျတဲ့မူဝါဒတွေ လိုအပ်ပါတယ်''ဟု ၄င်းက ပြောသည်။

ယခု ၂ဝ၁၇ ခုနှစ်တွင် ဆယ်စုနှစ်တစ်ခုခန့်ကြာအောင် အရစ်ကျ ငွေပေးချေစနစ်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်သော တိုက်ခန်းများ ပိုမို အရောင်းအဝယ်ကောင်းမွန်လာမည်ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ဆိုကြသည်။

Address

Yangon

Alerts

Be the first to know and let us send you an email when Myanmar Property Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category