ငွေကောင်းကင် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း

  • Home
  • Myanmar
  • Yangon
  • ငွေကောင်းကင် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း

ငွေကောင်းကင် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ငွေကောင်းကင် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း, Real Estate, Mingalar Taung Nyunt, Yangon.

အိမ်/ခြံ/မြေ ဝင်ငွေခွန်ဆောင်ကြမယ်➖➖➖➖➖➖➖➖➖➖➖➖➖မူရင်းတင်ပြသူအား Crd:ပေးပါသည်။၁ ကျပ် - ၃၀၀၀ သိန်း (၃%) ၉၀ သိန်း၊ တံဆိပ်ခေါ...
23/01/2025

အိမ်/ခြံ/မြေ ဝင်ငွေခွန်ဆောင်ကြမယ်
➖➖➖➖➖➖➖➖➖➖➖➖➖
မူရင်းတင်ပြသူအား Crd:ပေးပါသည်။

၁ ကျပ် - ၃၀၀၀ သိန်း (၃%) ၉၀ သိန်း၊ တံဆိပ်ခေါင်းခွန် (၄%) ၁၂၀ သိန်း၊ ပေါင်း ၂၁၀ သိန်း

၃၀၀၁ သိန်း - ၆၀၀၀ သိန်း (၅ %) ၁၅၀ သိန်း၊ တံဆိပ်ခေါင်းခွန် (၄%) ၁၂၀ သိန်း၊ ပေါင်း ၂၇၀ သိန်း

၆၀၀၀ သိန်း - ၁၀၀၀၀ သိန်း (၁၀%) ၄၀၀ သိန်း၊ တံဆိပ်ခေါင်းခွန် (၄%) ၁၆၀ သိန်း၊ ပေါင်း ၁၀၄၀
သိန်း

၁၀၀၀၁ သိန်း - ၃၀၀၀၀ သိန်း (၁၅%) ၃၀၀၀ သိန်း၊ တံဆိပ်ခေါင်းခွန် (၄%) ၈၀၀ သိန်း၊ ၄၈၄၀ သိန်း

🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺

အဆောက်အဦးပါရင်
➖➖➖➖➖➖➖

ပထမတန်းစားအာစီ 1 Sqft 40000L

ဒုတိယတန်းစားအာစီ 1 Sqft 25000L

Steel Structure ၃ ထပ်မှ ၇ ထပ်အထိ 40000L

သစ်သားအုတ်ညှပ် 1 Sqft 20000L

သစ်သားအိမ် 1 Sqft 10000L

ပထမတန်းစား ၁၂ ထပ်အထက် 1 Sqft 60000L
ပထမတန်းစား ၁၂ ထပ်အထိ 1 Sqft 50000L
ပထမတန်းစား ၇ ထပ်အထိ 1 Sqft 45000L

➖➖➖➖➖➖➖➖➖➖➖➖➖➖

အရောင်းသမားက ၁၀% ဆောင်ရမယ် စာချုပ်စာတမ်းရုံးမှာ ၁၀၀၀၀ နဲ့ ဝယ်အဝယ်စာချုပ်ပြီး ပြန်ရောင်းတော့ ၁၅၀၀၀… အမြတ်ငွေ ၅ ထောင်ပေါ် မူတည်ပြီး ၁၀ % ဆောင်ရပါမယ်

(လွတ်လပ်စွာ ကူးယူဖော်ပြနိုင်သည်)
©®

10/01/2025
ဘာလို့မြေရှင်လက်မှတ်ဆိုတာ အရေးပါလာတာလဲတိုက်ခန်းတစ်ခန်း အရောင်းအဝယ်လုပ်တိုင်း မြေရှင်လက်မှတ် ရမှာလားဆိုတာ အရေးကြီးမေးခွန်...
16/09/2024

ဘာလို့မြေရှင်လက်မှတ်ဆိုတာ အရေးပါလာတာလဲ

တိုက်ခန်းတစ်ခန်း အရောင်းအဝယ်လုပ်တိုင်း မြေရှင်လက်မှတ် ရမှာလားဆိုတာ အရေးကြီးမေးခွန်းအနေနဲ့ ဝယ်သူတွေမေးလာကြတဲ့ မေးခွန်းတစ်ခုပါ.......

တစ်ခါတုံးက တန်ဖိုးသင့် ရိုးရိုးကန်ထရိုက်တိုက်ခန်းတစ်ခု ပြပေးရတုံးက လာကြည့်တဲ့ဧည့်သည်က တိုက်ခန်းအမည်ပေါက်ရမှာလားလို့ မေးတာ ကြုံဖူးပါတယ်။ အမည်ပေါက်ဖောက်ချင် ဖောက်လို့ရပါတယ်။ အခွန်တော့ ဆောင်ရပါမယ်လို့ ပြန်ပြောလိုက်တော့ ငြိမ်သွားပါတယ်..။ အခွန်ဆောင်မှ နာမည်ပေါက်ရမှာလား........? တိုက်ခန်းနာမည်ပေါက်တယ်ဆိုတာ ဘာလဲ.......? ဘယ်သူ့ဆီမှာ နာမည်ပေါက်တာလဲ?

ဝါရင့်အိမ်ခြံမြေ ရှေ့နေတစ်ယောက်ကလည်း ရိုးရိုးကန်ထရိုက်တိုက်ခန်းက နာမည်ပေါက်ဖောက်စရာမလို..၊ အခွန်ဆောင်စရာမလိုလို့ ပြောနေတာ ကြားခဲ့ရဖူးပါတယ်..။တစ်ခြားရှေ့နေတစ်ယောက်ကတော့ နာမည်ပေါက် ဖောက်ချင်ရင် အခွန်ဆောင်ရင် ရပါတယ်လို့ ပြောပါတယ်..။ ရိုးရိုးကန်ထရိုက်တိုက်ခန်းတွေ အခွန်ဆောင်ရင် နာမည်ပေါက်ရတယ်ဆိုတာ ဥပဒေကျွမ်းကျင်သူတွေတောင် မသိတာ ဘာကြောင့်လဲ.......?

အစိုးရရဲ့ တရားဝင်သတ်မှတ်ချက်အရဆိုရင် တိုက်ခန်းတွေကိုလည်း ရာဖြတ်ဖြတ်..၊ အခွန်ဆောင်ပြီး အစိုးရဆီမှာ တရားဝင်နာမည်ပေါက် ဖောက်ခိုင်းပါတယ်..။ အောက်မှာပြထားတဲ့ ပုံ(၁)အရ အလုံ၊တာမွေ၊ကြည့်မြင်တိုင်၊တောင်ဥက္ကလာ၊သင်္ဃန်းကျွန်း၊လှိုင်၊ရန်ကင်း၊အင်းစိန်မြို့နယ်တွေမှာရှိတဲ့ အတွင်းလမ်းက မြေညီတိုက်ခန်းတစ်ခန်းကို ၁စတုရန်းပေ ၄၅,၀၀၀ ကျပ် သတ်မှတ်ထားပါတယ်..။

၁၂ခွဲ x ၅၀ပေရှိတဲ့ မြေညီထပ်တစ်ခန်းဆိုပါစို့..။ စုစုပေါင်း ၆၂၅ စတုရန်းပေရှိပါတယ်..။ ၆၂၅ x ၄၅,၀၀၀=၂၈,၁၂၅,၀၀၀ သိန်းရှိပါတယ်..။ အဲဒီတော့ ရာဖြတ်တန်ဖိုး ၂၈၁သိန်းကျော်ပါတယ်..။ ၂၈၁.၂၅သိန်းပေါ်မှာ အခွန် ၁၅%+ တံဆိပ်ခေါင်းခွန် ၄% = စုစုပေါင်း ၁၉%ဖြစ်တဲ့ ၅,၃၄၃,၇၅၀ သိန်း အခွန်ဆောင်ရပါမယ်..။(အခွန် ၁၅% က ငွေဖြူရှိရင် ချေ(Claim)လို့ရပါတယ်..။ ၄%ဖြစ်တဲ့ တံဆိပ်ခေါင်းခွန်ကတော့ မဆောင်မနေရပါ..။ ချေလို့မရပါ..။)

မြေညီတိုက်ခန်းတစ်ခန်းဝယ်ပြီး နာမည်ပေါက်ဖောက်ချင်ရင် သိန်း ၅၀ကျော် အခွန်ဆောင်ရမယ်လို့ ဖြစ်လာပါတယ်..။

ဒီနေရာမှာ စီးပွားရေးသမား ကန်ထရိုက်နဲ့ စီးပွားရေးတွက် တွက်တတ်ချက်တတ်တဲ့ အဝယ်တို့ လက်ဝါးရိုက်ပါပြီ..။ အခွန်ဘာလို့ ဆောင်နေမလဲ??? မြေရှင်ကို လက်မှတ်ထိုးခိုင်းလိုက်..၊ ပိုက်ဆံနည်းနည်းပါးပါး ပေးလိုက်ရင် ပြီးရောမဟုတ်လား..။ အမည်ပေါက် ဘာလို့ ဖောက်နေမလဲဆိုတဲ့ ရောင်းသူဝယ်သူ အသံတူတာတွေ ဖြစ်ကြပါလိမ့်မယ်..။

တိုက်ခန်းအရေအတွက်က များတာရယ်..၊ အမည်ပေါက်ဖောက်မယ့် လုပ်ငန်းအဆင့်တွေ များတာရယ်..၊ ရုံးမသွားချင်ကြတာရယ်..၊ ငွေမကုန်ချင်တာရယ်..၊ အခွန်ဆောင်လည်း ဘာအကျိူးရလဒ်မှ ထူးခြားထွက်ပေါ်မလာတာရယ်ကြောင့် အခွန်ဆောင်မနေတော့ပဲ မြေရှင်ကိုပဲ ခေါင်သူကြီးနေရာထားပြီး နှစ်ယောက်ရောင်း..၊ သုံးယောက်ရောင်းဖြစ်နေခဲ့ရင် မြေရှင် အသိအမှတ်ပြု လက်မှတ်ပါထားသူကအနိုင် စသဖြင့် သူ့အရပ်နဲ့သူ့ဇာတ် လုပ်ကြရင်း မြေရှင်လက်မှတ်ဆိုတာ အရေးပါတဲ့ ကဏ္ဍမှာ ပါဝင်လာပါတော့တယ်..။တိုက်ခန်းဥပဒေက အခုထိ အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်..။(အစိုးရရဲ့ စည်းမျဉ်းဥပဒေဟာ လက်တွေ့နဲ့ ကင်းကွာလို့မရဘူးဆိုတဲ့ သတိပြုသင့်တဲ့ အချက်တစ်ချက်ပါ..။)

အိုးအိမ်ဌာနကပိုင်တဲ့တိုက်ခန်းတွေမှာတော့ အမည်ပေါက်စာအုပ်ထုတ်ပေးထားပါတယ်..။ အမည်ပေါက်ဖောက်ချင်ရင် အခွန်ဆောင်ပြီး အမည်ပေါက် ပြောင်းလို့ရပါတယ်..။ တစ်ချို့လည်း အမည်ပေါက်မပြောင်းပဲ စာချုပ်အဆက်ဆက်နဲ့ ဆက်ဝယ်သွားကြတာလည်း ရှိပါတယ်..။ အိုးအိမ်တိုက်တွေမှာတော့ မြေရှင်လက်မှတ်ထိုးပေးဖို့ မလိုပါဘူး..။ဌာနမှာ အမည်ပေါက်စစ်ဆေးလို့ရပါတယ်..။

ကန်ထရိုက်တိုက်ခန်းနဲ့ အိုးအိမ်တိုက်ခန်းလို့ (၂)မျိူးရှိရာမှာ ကန်ထရိုက်တိုက်ခန်းဝယ်မယ်ဆိုရင် မြေရှင်လက်မှတ်ဆိုတာ လိုပါတယ်..။အကြောင်းအမျိူးမျိူးကြောင့် မြေရှင်လက်မှတ်မထိုးချင်ရင်ဖြစ်ဖြစ်..၊ မြေရှင်က လက်မှတ်ထိုးမပေးရင် ဖြစ်ဖြစ်..ရာဖြတ်နူန်းအတိုင်း အခွန်ဆောင်ပြီး အမည်ပေါက်ဖောက်လို့ရပါတယ်..။အစိုးရဆီမှာ တရားဝင်အမည်ပေါက်ပြီးသားတိုက်ခန်းဆိုရင် မြေရှင်လက်မှတ်မလိုပါဘူး..။

(ကန်ထရိုက်တိုက်ခန်းကို အခွန်ဆောင်ပြီး အမည်ပေါက်ပြောင်းထားတယ်ဆိုတာ တစ်ခါပဲ ကြားဖူးခဲ့ပါတယ်..။တကယ့် တစ်ခါမှ တစ်ခါပါပဲ..။ မိသားစုအမွေအရှုပ်အရှင်းရှိလို့လို့ သိရပါတယ်..။)

ငွေကုန်ကြေးကျပိုများတာ..၊ အလုပ်ပိုတာရှိလာနိုင်တာမို့ မြေရှင်လက်မှတ်ပဲ တောင်းမလား..၊ အမည်ပေါက်ပဲ ဖောက်မလားဆိုတာ စဉ်းစားသင့်တဲ့ အချက်တစ်ချက်ဖြစ်တယ်ဆိုတာဖော်ပြလိုက်ပါတယ်။

Credit : Myanmar Builders Guide
Crd:
ပြန်လည်ကူးယူဖော်ပြပါသည်။
ကျေးဇူးပါ🌿🌿🌿

30/08/2024
Sold out 🔒ရောင်းမည် ဒေါပုံမြို့နယ် ၊ မြို့သစ်ရပ်ကွက် ၊ ရတနာသီရိလမ်း ၊ (12.5x50) 1BR, RC -ခင်း ,နောင်ဖေး ကြွေပြားခင်း/ကပ်...
24/06/2024

Sold out 🔒
ရောင်းမည်

ဒေါပုံမြို့နယ် ၊ မြို့သစ်ရပ်ကွက် ၊ ရတနာသီရိလမ်း ၊
(12.5x50) 1BR, RC -ခင်း ,နောင်ဖေး ကြွေပြားခင်း/ကပ် , ရှေ့သံပန်းဆန်းရှိတ်ပါပြီး၊ BCC ပါ၊ ကိုယ်ပိုင် မီတာ /ရေ
6လွှာ (အပေါ်ဆုံးထပ်)
စျေး - 570 သိန်း ( အလျော့အတင်းမရှိပါ)
🍀ဘေးတိုက်အမြင့်မရှိ လေဝင်လေထွက်ကောင်း 🍀
🍀 ဂျပန်တံတားအဆင်း၊ ဒေါပုံစျေး အနောက်ဘက် ၃လမ်းမြောက်၊ 🍀
🍀 ရပ်ကွက်သန့် ၊ လမ်းသန့် 🍀
🍀 တိုက်သက်တမ်း ၅နှစ် 🍀

🙏စျေးအတန်ဆုံးနဲ့ ရှယ်အိမ်ကြီး အရောင်း🙏🏡🏡🏡 သုဝဏ္ဏ ဗိုလ်ချုပ်ရွာ VIP (1)                 100' -100'🏡🏡🏡 ဂရမ်အမည်ပေါက်✅✅✅ မင...
13/06/2024

🙏စျေးအတန်ဆုံးနဲ့ ရှယ်အိမ်ကြီး အရောင်း🙏

🏡🏡🏡 သုဝဏ္ဏ ဗိုလ်ချုပ်ရွာ VIP (1)
100' -100'

🏡🏡🏡 ဂရမ်အမည်ပေါက်

✅✅✅ မင်္ဂလာ ရောင်းစျေး သိန်း ၂၈၀၀၀

Address

Mingalar Taung Nyunt
Yangon

Telephone

+959420063858

Website

Alerts

Be the first to know and let us send you an email when ငွေကောင်းကင် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category