30/09/2025
မြိုင်ကြီး ... ဟုခေါ်သည်
🔹️ပြင်ဦးလွင်မှာ ... 🔹️
မြေကွက်ဝယ် အိမ်ဆောက်မယ်ဆိုရင်
ဒီဗီဒီယိုလေး ကြည့်ဖြစ်အောင်ကြည့်ပေးပါ
~~~◇◇◇◇◇◇◇◇◇◇◇◇~~~
✔️️ငွေကြးဥစ္စာကိန်းဂဏန်းတွေထက်
တစ်သက်တာလုံး ဖြည့်ဆည်းတည်ဆောက်လာခဲ့တဲ့
✔️ ကိုယ့်ရဲ့မိသားစုဘဝဟာ ... ပိုတန်ဖိုးရှိတယ်လို့ယုံကြည်တယ်ဆိုရင် ...
🔸️အဖိုးကြီးမားတဲ့ကျောက်မျက်ရတနာတွေကို
ရွှေစင်နဲ့ ကွပ်ပြီး ... ဆင်မြန်းရသလိုပဲ
တန်ဖိုးထားတဲ့ ကိုယ့်မိသားစုဘဝ ... ကိုလည်း
🔸️စိတ်ပိုင်းရုပ်ပိုင်း ကောင်းမွန်တိုးတက်စေဖို့
အဘက်ဘက်က အထောက်အပံ့ပေးမယ့်
🔸️ပြီးပြည့်စုံပြီး သာယာအေးချမ်းမှုရှိတဲ့ နေအိမ်လေးတွေမှာ ...
နားခိုနေထိုင်သင့်တယ်လို့ ... ယုံကြည်တယ်ဆိုရင်
👍ဒီ (၁၅) မိနစ်စာ ဗီဒီယိုလေးဟာ
မိတ်ဆွေတို့အတွက်ပါ ... ပဲ
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
ကျွန်တော် ... ဟာ
လွန်ခဲ့နှစ် (၃၀) ကျော်ကတည်းက
ပြင်ဦးလွင်မှာ ... သွားလာနေထိုင်ခဲ့ပြီး
တောင်ပေါ်ဒေသရဲ့ စစ်မှန်တဲ့သဘာဝအရသာကို နှစ်သက်မြတ်နိုးမိတာနဲ့အညီ
သိပ်ကို အေးချမ်းသာယာတဲ့ သိမ်အင်းကျေးရွာလေးမှာ ...
Second Home လေး တည်ဆောက်ပြီး
ရန်ကုန်နဲ့ ... အိမ်ဦးနဲ့ကြမ်းပြင်ဆိုသလို
အမြဲသွားလာနေထိုင်နေဖြစ်ခဲ့တဲ့အပြင်
တောင်ပေါ်ဒေသ သဘာဝနဲ့ ကျေးရွာသဘာဝ အပြည့်အဝရတဲ့ ကျေးရွာလေးတွေမှာလည်း
မြေကွက်လေးတွေ ဝယ်ယူစုဆောင်းလေ့ရှိပါတယ်
အထူးသဖြင့် ...
✔️လားရှိုးလမ်းမကြီး မေးတင် (သို့) တိုက်ရိုက်ပေါက်တဲ့
✔️ရေမီး ပြည့်စုံပြီ လူသူလေးပါးအမြဲရှိတဲ့
✔️တောတောင်ရေမြေသဘာဝနဲ့ ကျေးလက်သာဘာဝ ... ရှိနေတဲ့
ကျေးရွာလေးတွေမှာ နေအိမ်မြေကွက်တွေနဲ့ ဧကကွက်လေးတွေ ဝယ်ဖြစ်ပါတယ်
ပြီးခဲ့တဲ့ (၃) နှစ်လောက်က ... တော့
👉ခဲလောင်ချောင်းဝှမ်းလွင်ပြင်လေးရဲ့ လယ်ယာစိုက်ခင်းတွေရယ်
👉စိမ်းစိုသာယာနေတဲ့ နောက်ခံတောင်ကြောနဲ့ သစ်တောတွေရယ်
👉ရာသီ သီးနှံစိုက်ခင်းလးတွေ တွဲဆက်နေတဲ့ အေးချမ်းသာယာတဲ့
ကျေးလက်သဘာဝ နေအိမ်လေးတွေနဲ့
👉မေမြို့နာရီစင်ကနေ (10)မိုင်လောက်အကွာ ... လားရှိုးလမ်းမကြီး မေးတင်နေတဲ့
🔹️မြိုင်ကြီးကျေး ရွာလေး ... ကို
ရေသရောက်ကုန်းနှစ်ထပ်ကွေ့နေရာက
ကျေးရွာတစ်ခုလုံး တွေ့မြင်စီးမျောခံစားမိပြီးတဲ့ ... နောက်မှာတော့
👍ကျွန်တော် ဖန်တီးမယ့် Green Project အတွက် ... ဧကကွက်တွေကို
ဝယ်ယူ အကောင်အထည်ဖေါ်ဖြစ်ခဲ့သလို
👍ကျွန်တော့်လို စိတ်တူကိုယ်တူ ခံစားချက်တူတဲ့မိတ်ဆွေတွေအတွက်လည်း
👍Village Home လေးတွေကို Just Cost တန်ဖိုးနဲ့
ပိုင်ဆိုင်နေထိုင်စေချင်တဲ့ ဆန္ဒနဲ့
(40’x60’) မြေကွက်လေးတွေပါဝယ်ယူတည်ဆောက်ပေးဖြစ်ခဲ့ပါတယ်
🔸️ဒီ Village Home လေးတွေမှာ
နေထိုင်သူမိသားစုတွေ နေထိုင်ကြည့်မြင်ထိတွေ့ရာ
✔️အတွင်းအပြင် Building Layout & Landscape တွေနဲ့
✔️အခန်းတိုင်းနေရာတိုင်း ... က
Furniture & Furnishing အဖြစ် ဖြည့်ဆည်းထားတဲ့
ပရိဘောဂ နဲ့ ပန်းချီ၊ပန်းပင်၊ပန်းအိုး ... အရာရာအားလုံးကို
🔅အနှစ် (၂၀) ကျော်ဖြတ်သန်းစုဆောင်းလာခဲ့တဲ့
Construction & Decoration အသိပညာတွေရယ်
🔅(၁၀) နှစ်နီးပါး သင်ယူဆည်းပူးလာခဲ့တဲ့
Green Culture & Biophilic Concept တွေ …
Lucky Charms & Feng Shui Concept တွေရယ်နဲ့ ... ပေါင်းစပ်ပြီး
နေထိုင်သူမိသားစုတွေအတွက်
စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်တိုးတက်စေပြီး
စီးပွားရေး၊လူမှုရေး၊ကျန်းမာရေး ... အဘက်ဘက်က အထောက်အပံ့ဖြစ်စေဖို့
အသိပညာနဲ့စေတနာ အပြည့်ထားပြီး ဖန်တီးပေးဖြစ်ခဲ့ပါတယ်။
🔹️ရေမြေသဘာဝကောင်းမွန်လွန်းတဲ့ မြိုင်ကြီးကျေးရွာလေးဟာ
ရှေးပဝေဏသီကတည်းက ... ဓားမဦးချအစဥ်အဆက်
အခြေချနေထိုင်လာကြတဲ့ နေရာလေးဖြစ်လို့
👍ကျန်တော်တို့ မိသားစုတွေနဲ့ သိပ်ပြီး Harmony သဟဇာတဖြစ်စေသလို
👉Urban Sickness လို့ ခေါ်တဲ့ မြို့ပြရဲ့မွန်းကျပ်မှုတွေကနေ
ရှောင်ခွာနားခိုဖို့ရာ အကောင်းဆုံးနေရာလေးတစ်ခုလည်း ဖြစ်ပါတယ် ... ။
ဒီ Video Post လေးဟာ ...
🔺️ကျွန်တော်ဆောက်တဲ့ အိမ်လေးတွေ၀ယ်ယူဖို့ ...
🔺️ကျွန်တော်ရှိတဲ့ မြိုင်ကြီးမှာ လိုက်ဝယ်ဖို့ ... ဆိုလိုရင်းမဟုတ်ဘဲ
ပြင်ဦးလွင်တောင်ပေါ်မြို့လေးမှာ
သဘာဝနဲ့ အညီ နားခိုရာနေအိမ်လေးတွေပိုင်ဆိုင်ချင်တဲ့
ကျွန်တော့်မိတ်ဆွေမိသားစုတွေအတွက်
👍 ဘယ်လိုနေရာမှာ ... မြေဝယ်မယ်
👍 ဘယ်လိုနေအိမ်လေးတွေဖန်တီးမယ်
ဆိုတဲ့ အတွေးအမြင်လေးတွေ မျှဝေပေးချင်တာက ... အဓိကပါပဲ။
❤️မိတ်ဆွေမိသားစုများအားလုံး
ပြီးပြည့်စုံတဲ့ နားခိုရာ နေအိမ်လေးတွေပိုင်ဆိုင်ပြီး
အမြဲပျော်ရွှင် သာယာချမ်းမြေ့ကြပါစေ :)
Chit Ko Ko ( Biophilic Artisan )