Dragon Brothers People Defense Force - YSO

Dragon Brothers People Defense Force - YSO Local အဖွဲ့စည်း

21/04/2026

နဂါးညီနောင်ပေဘာ

31/01/2026

ထီးချိုင့်မြို့သိမ်းတိုက်ပွဲ တော်လှန်ရေးတပ်များက ပြန်လည်စတင်လိုက်ပြီး စစ်တပ်၏ကာကင်းစခန်းတစ်ခုကို သိမ်းပိုက်ရရှိထား

ရန်ကုန်၊ ဇန်နဝါရီ ၃၀

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့သိမ်းတိုက်ပွဲကို ပြန်လည် စစ်တင်လိုက်ပြီး စစ်တပ်ကာကင်းစခန်းတစ် ခုကို သိမ်းပိုက်ရရှိထားကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၂၈ ရက် နံနက် ၅ နာရီမှစ၍ စစ်ကိုင်းတိုင်းနှင့်ကချင်ပြည်နယ်အစပ်ရှိ ထီးချိုင့်မြို့ကို သိမ်းပိုက်နိုင်ရေးအတွက် KIA ဦးဆောင်သောတော်လှန်ရေးတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက်နေ့က စစ်တပ်ကာကင်းစခန်းတစ်ခုကို သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။

“မြို့သိမ်းတိုက်ပွဲက ဇန်နဝါရီလ ၂၈ ရက်နေ့မနက် ၅ နာရီလောက်မှာ ပြန်စတာ၊ မနေ့ကတော့ စခန်းရှေ့က ကာကင်းစ ခန်းတစ်ခုရတယ်။ KIA ဦးဆောင်ပြီးတိုက်တာ။ PDF နဲ့ မဟာမိတ်တပ်တွေလည်းပါတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်‌ ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယင်းမြို့သိမ်းတိုက်ပွဲကြောင့် ထီးချိုင့်မြို့နေပြည်သူများနှင့် မြို့အနီးပတ်ဝန်း ကျင်တွင်နေထိုင်ကြ သောပြည်သူများမှာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရပြီး တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့များက လုံခြုံရေးအရ စတားလင့်အင်တာနက်လိုင်းများ အသုံးပြုမှုကိုလည်း ကန့်သတ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလက ထီးချိုင့်မြို့သိမ်းပိုက်နိုင်ရေး KIA ဦးဆောင်သော တော်လှန် ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မြို့တွင်းနေရာအတော်များများကို ထိန်းချုပ်နိုင်ခဲ့သော် လည်း အကြမ်းဖက်စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပြည်သူလူထုကို ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက်ခြင်း၊ နေအိမ်များအများအပြားကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခြင်းတို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့များက မြို့တွင်းမှ ပြန်လည်ဆုတ်ခွာပေးခဲ့လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ၂ နှစ်ကျော်အကြာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ထီးချိုင့်မြို့သိမ်းတိုက်ပွဲကို ပြန်လည် စတင်လိုက်ခြင်းဖြစ်သည်။

ဓာတ်ပုံ- ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း ထီးချိုင့်မြို့သိမ်းတိုက်ပွဲကာလ စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် မီးများလောင်ကျွမ်းနေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

Address

Yso
Yesagyo
YEASGO

Website

Alerts

Be the first to know and let us send you an email when Dragon Brothers People Defense Force - YSO posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category