အိမ်ခြံမြေဂျာနယ်

အိမ်ခြံမြေဂျာနယ် Información de contacto, mapa y direcciones, formulario de contacto, horario de apertura, servicios, puntuaciones, fotos, videos y anuncios de အိမ်ခြံမြေဂျာနယ်, Agente inmobiliario, Toluca.

စရံငွေပေးရုံဖြင့်ထပ်မံလွှဲပြောင်းရောင်းချခွင့်ရှိ၊မရှိ--------/အိမ်ခြံမြေတိုက်ခန်း တွေကို ဝယ်ဖို့စရန်ပေးပြီးရင် ထပ်မံ ပြ...
21/01/2026

စရံငွေပေးရုံဖြင့်ထပ်မံလွှဲပြောင်းရောင်းချခွင့်ရှိ၊မရှိ--------/
အိမ်ခြံမြေတိုက်ခန်း တွေကို ဝယ်ဖို့စရန်ပေးပြီးရင် ထပ်မံ ပြန်ရောင်းလို့ရပြီလား??

ဒီလိုကိစွတွေမှာ အထူးသဖြင့် ဝယ်ရောင်း သမားတွေက ငွေလှည့်တဲ့အနေနဲ့လုပ်ကြတာအများဆုံးတွေ့ရပါတယ်။
စရန်ပေးတယ်ဆိုတာ အာမခံထားတဲ့ သဘောပဲ။
ပစွည်းရောင်းသူက အဲ့ဒီ့ပစွည်းကို နောက်တစ်ယောက်ထံ ထပ်မံမရောင်းဖို့ ပစွည်းဝယ်သူကလည်း ကတိမပျက် ငွေချေဖို့ ဆ်ိုတဲ့ အာမခံသဘော တင်ထားတာပဲ ဖြစ်ပါတယ်.

အိမ်ခြံမြေ၊တိုက်ခန်း အရောင်းအဝယ် ကတိစာချုပ်တွင် ဝယ်သူမှ မှစရန်ငွေပေးချေပြီးနောက်တွင် ရောင်းသူ ၏ပျက်ကွက်မှုကြောင့် အရောင်းအဝယ်အထမမြောက်ပါကလည်းကောင်း၊ တခြားတစ်ဦးဦးအား လွှဲပြောင်းရောင်းချလျှင်သော်လည်းကောင်း၊ရောင်းသူက ဝယ်သူ၏ နစ်နာကုန်ကျစရိတ်များနှင့် ဝယ်သူထံမှကြိုတင်ရယူထားသော စရန်ငွေ၏ နစဆ ကုိ ဝယ်သူသို့ ရောင်းသူက ပေးလျော်ရန် နစ်ဦးနစ်ဖက်သဘောတူကြောင်း စည်းကမ်းချက်တစ်ရပ်ပါရှိသည်။

ရောင်းသူက အရောင်းအဝယ် ပဋိညာဥ် ကို ပျက်ကွက်မှုမရှိစေရန်အတွက် အာမခံချက်တစ်ရပ်အဖြစ် ချုပ်ဆိုခြင်းမှာ ဝယ်သူက အရောင်းအထည့်သွင်းထားခြင်းဖြစ်သည်။

အရောင်းအဝယ်ကတိစာချုပ် ချုပ်ဆိူခြင်းမှာ ဝယ်သူကအရောင်းအဝယ်ပြုလုပ်လိုသည့်
ပစွည်းကို ရယူလိုသဖြင့် အဖိုးစားနား ပေးကာ ဝယ်ယူခြင်းဖြစ်သည်။
ရောင်းသူကလည်း အရောင်းအဝယ်ပြုသည့်
ပစွည်းကို အဖိုးစားနား ဖြင့်ဝယ်သူအား လွှဲပြောင်းရောင်းချရန် ဖြစ်သည်။ ဝယ်သူကရောင်းသူထံ လျော်ကြေးတောင်းရန် ရည်ရွယ်ချက်ဖြင့် ချုပ်ဆိုခြင်း မဟုတ်ပါ။

ဒါ့ကြောင့် စရန်ငွေကြေးဟာ ပစွည်းကို ပိုင်ဆိုင်ခွင့် မရှိသေးဘဲ တစ်ပါးသူအား မရောင်းရန် ဦးစွာဝယ်ယူထားသူအဖြစ် အာမခံထားတဲ့ သဘောဖြစ်ပါတယ်။

တစ်လောလေးက
မိတ်ဆွေတစ်ဦးမှ ပေ၂္၀.၆၀ မြေကွက်တစ်ကွက်ကို ဝယ်ပြီးအိမ်ဆောက်လိုက်ပါတယ်။ မူလရှိတာက ပေ၄၀.၆၀ ပါ. မြေရောင်းသူက ရှေ့ဘက်က ပေ၂၀.၆၀မှာအိမ်ဆောက်ထားပြီးနေတယ်မြေရောင်းသူ အပြောကတော့ မြေပိုင်ရှင်ကို စရန်ငွေပေးပြီးသား ကျန်ငွေကို အခု မိတ်ဆွေကိုရောင်းလို့ရတဲ့ငွေနဲ့ အပြီးချေမယ် ပြောလို့ယုံပြီးဝယ်လိုက်တာပေါ့.မကြာဘူး.မြေပိုင်ရှင်ဆိူတဲ့သူက ရောက်လာပြီး မိတ်ဆွေ ကို ကျူးကျော်အိမ်ဆောက်လုပ်နေထိုင်တယ်လို့စွပ်စွဲပြောဆိုပြီး တရားစွဲခံရပါတော့တယ်

မြေကွက်ကို လက်ညိုးထိုးရောင်းသွားသူက ကျန်တဲ့ငွေ မချေခြင်းကြောင့်ဖြစ်ပါတယ်။

စရန်ငွေပေးထားရုံနဲ့ ဝယ်လိုက်တဲ့ပစွည်းကို ပိုင်ဆိုင်ခွင့်မရသေးပါဘူး.လွှဲပြောင်းရောင်းပိုင်ခွင့်မရှိဘူး.လွှဲပြောင်းရောင်းပိုင်ခွင့်မရှိဘဲ တစ်ပါးသူကို ယုံကြည်အောင်ပြောဆိုပြီး ပစွည်းကို လွှဲပြောင်းရောင်းချခြင်းဟာ လိမ်လည်လှည့်ဖြားတဲ့ သဘောဖြစ်လိူ့ ချုပ်ဆိူထားတဲ့ အိမ်မြေအရောင်းအဝယ် ကတိစာချုပ်ကလည်း ပျက်ပြယ်သွားပြီဖြစ်ပါတယ်.
ဒါ့ကြောင့် အိမ်ခြံ​မြေတိုက်ခန်း စတဲ့ မရွှေ့မပြောင်းနိုင်တဲ့ ပစွည်းတွေကို ဝယ်မယ်ဆိုရင် ပိုင်ရှင် အစစ်အမှန် ဟုတ်မဟုတ်ကိူ သေချာစွာစုံစမ်းပြီးမှဝယ်ယူသင့်ပါတယ်။

Crd-ထိီယု(ဥပဒေအတိုင်ပင်ခံ)
#အိမ်ခြံမြေ
#အိမ်ခြံမြေဗဟုသုတ

အိမ်ခြံမြေ ဂရန် မိတ္တူခြမ်း ဝယ်ယူထားပြီးသည့်နောက် ဖြေရှင်းရမည့် အခက်အခဲ==================အိမ်ခြံမြေ အရောင်းအဝယ်တွေ ကောင်...
16/01/2026

အိမ်ခြံမြေ ဂရန် မိတ္တူခြမ်း ဝယ်ယူထားပြီးသည့်နောက် ဖြေရှင်းရမည့် အခက်အခဲ
==================
အိမ်ခြံမြေ အရောင်းအဝယ်တွေ ကောင်းနေတဲ့ ကာလတွေမှာတောင် ဝယ်ရသူတွေဟာ “ရော့ပတ္တမြား၊ ရော့နဂါး” ဆိုသလို လွယ်လွယ်နဲ့ ပိုင်ဆိုင်လက်ခံရရှိသူ နည်းပါးလှပါတယ်။ ခက်ခက်ခဲခဲနဲ့ ကြိုးစားယူကြရလိမ့်မယ်လို့ "မောင်ကောင်းဖေ" ထင်ပါတယ်။
လက်ရှိအနေအထားမှာတော့ မြေချပါမစ်မြေကွက်ဝယ်ရင်လည်း ပေါ့ပေါ့ဆဆဝယ်လို့မရ၊ ဂရန်မြေဝယ်ပြန်ရင်လည်း စာချုပ်အဆက်အစပ်တွေက ခပ်များများနဲ့မို့ မြေနဲ့အိမ် ဝယ်လိုသူတွေအဖို့ ပိုင်ဆိုင်မှုခိုင်ခိုင်မာမာနဲ့ စိတ်အေးလက်အေးနေထိုင်နိုင်ဖို့ အတော်ကြိုးစားယူရတာကို" မောင်ကောင်းဖေ"တွေ့ရပြန်ပါတယ်။
ဂရန်မြေဆိုရင်လည်း မြေအမည်ပေါက်မှန်ကန်ရင် ဝယ်ရတာ အလိမ်မခံရဘူးဆိုပေမယ့် အချို့သောသူများက ဂရန်မြေနဲ့ အိမ်ကို ဝယ်ထားသော်လည်း ကိုယ်အမည်မဖောက်ဘဲ မူလအမည်ပေါက်ထံက (General Power)ဖြစ်စေ၊ (Special Power) ဖြစ်စေ ယူထားပြီး သိမ်းထားတတ်ကြတယ်။
အချို့ဝယ်သူတွေကျပြန်တော့ လမ်းမကြီးတန်းက (40'×60') မြေကွက်ကြီးတစ်ခုလုံး မဝယ်နိုင်လို့ (20'×60')ပဲ ခွဲပြီး ဝယ်ထားတာကို တွေ့ရပြန်တယ်။ (20'×60') ဝယ်ထားပေမယ့် တရားဝင်ခွဲစိပ်ပြီး အမည်မပြောင်းဘဲ (20'×60') တစ်ခြမ်းဝယ် အရောင်းအဝယ်စာချုပ်ကို အခွန်ဆောင်ပြီး မှတ်ပုံတင်ထားတတ်ကြတယ်။ ဒါပေမဲ့ တချို့သောသူများက အမည်မပြောင်းဘဲ တစ်ခြမ်း (20'×60') အရောင်းအဝယ်မှတ်ပုံတင်စာချုပ်နဲ့ ဂရန်မူရင်းကြီးကို ကိုင်ထားတတ်ကြပြန်တယ်။
ဘာကြောင့် အဲဒီလို ပထမဝယ်သူက ဂရန်မူရင်းကြီးလည်း ကိုင်ထားပြီး (20'×60' ) တစ်ခြမ်းဝယ် မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ကြီးကိုလည်း အမည်မပြောင်းသေးဘဲ ထားရသလည်းဆိုရင် အမည်ပြောင်းခ ကုန်ကျစရိတ်နဲ့ ဂရန်ခွဲကုန်ကျစရိတ်တွေ အကုန်အကျမခံချင်ကြလို့ပဲပေါ့။အမည်မပြောင်းသေးသရွေ့ကတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့မြေစာရင်းမှာတော့ မူလဂရန်အမည်ပေါက်သူရဲ့နာမည်နဲ့ပဲ ရှိနေမှာပဲဖြစ်ပါတယ်။
မူလဂရန်အမည်ပေါက်သူတွေကတော့ ဘာဖြစ်လို့ ဂရန်မူရင်းကြီးကို ပေးလိုက်ရသလဲဆိုရင် ဂရန်မူရင်းပေးလိုက်ရင် ဈေးပိုရလို့ပါပဲ။ ဥပမာ~~မြေနဲ့ အိမ်တန်ဖိုးက သိန်း (၁၅၀၀)တန်တယ်ဆိုပါတော့ ရောင်းသူက ဂရန်မူရင်းလိုချင်ရင် (20'×60')တစ်ခြမ်းမြေကွက်ကို သိန်း (၈ဝဝ) သတ်မှတ်ပြီး ရောင်းတယ်။ ကျန်တဲ့မြေကွက်ကို ဝယ်သူ အနေနဲ့ကျတော့ ဂရန်မိတ္တူပဲရတယ်။ မြေဈေးနှုန်းကျတော့ သိန်း(၇ဝဝ) နဲ့ရောင်းလိုက်တယ်။ အဲဒီ မြေကွက်ထဲမှာရှိတဲ့ အိမ်ကိုတော့ ဂရန်အမည်ပေါက်သူတွေက ဖျက်ယူသွားတတ်ကြတယ်။
အဲဒီတော့ တစ်ဦးက ဂရန်မူရင်းကြီးကိုင်ထားပြီး ကျန်တစ်ဦးကျတော့ ဂရန်မိတ္တူပဲ ကိုင်ထားရတာလေ။ ပြန်ရောင်းတဲ့အခါမှာ မျက်နှာငယ်ရတာပေါ့။ ဂရန်မူရင်းကိုင်ထားသူကတော့ ခေါင်းရင်းခြမ်း(20'×60')ဝယ်ထားတဲ့ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ပြပြီး ဝယ်သူလာရင် အပေါ်စီးကနေ ဈေးတင်ရောင်းတာကို တွေ့ရတယ်။
ခြေရင်းဘက်ခြမ်း (20'×60')ဝယ်ထားသူကတော့ သူ့လက်ထဲရှိတာ အမည်ပေါက်ရဲ့မိတ္တူနဲ့ အရပ်ကတိအရောင်းအဝယ်စာချုပ်ပဲရှိတာလေ။ ပိုင်ဆိုင်မှုဆိုလို့ မြေကွက်ကိုပဲ လက်ညှိုးထိုးပြလို့ရတယ်။ ဂရန်မူရင်းနဲ့ ပိုင်ဆိုင်မှုတွေအားလုံးက ခေါင်းရင်းဘက်ခြမ်းက လူဆီမှာရှိနေတော့ စီးပွားရေးအဆင်မပြေလို့ ပြန်ရောင်းမယ်လို့ ပြင်ဆင်လိုက်တာနဲ့ ဂရန်မူရင်းရှိတဲ့သူကို မျက်နှာချိုသွေးရပြီပေါ့။
ဂရန်မူရင်းကိုင်ထားသူဆီကလည်း ဒီအတိုင်းတော့ အလွယ်တကူနဲ့ မငှားဘူး။ တန်ဖိုးတစ်ခုပေးမှ ဂရန်ကိုငှားတာလေ။ တန်ဖိုးတစ်ခုဆိုတာကလည်း တစ်သိန်း၊ နှစ်သိန်းအောက်မဟုတ်ဘူး၊ ဂရန်ငှားပြီး တစ်ခြမ်းအရောင်းအဝယ်လုပ်ဖို့ စည်ပင်မှာ အရောင်းမြေပုံကူးလိုက်ပေးရလို့၊ စာချုပ်ရုံးမှာ လိုက်ပေးရလို့၊ အခွန်ရုံးမှာလိုက်ပေးရလို့ဆိုပြီး (၁၅) သိန်းတောင် တောင်းတဲ့သူ "မောင်ကောင်းဖေ" ကြုံခဲ့ဖူးတယ်ဗျာ။အင်း..ဒါလည်း မှတ်သားစရာပါပဲ။
ဒါကြောင့် ဂရန်မိတ္တူနဲ့ မြေကွက်တစ်ခြမ်းဝယ်ထားမိသူတွေရဲ့ ဒုက္ခကလည်း မသက်သာလှပါဘူး။ ဒါကြောင့် ပြောတာ မြေဝယ်ရင် မိတ္တူနဲ့ဝယ်ရတာ “သူများနှာခေါင်းပေါက်နဲ့အသက်ရှူရသလို” ခံစားရတယ်ဆိုတာပေါ့။ 'ရွှေအကြောင်းဖယောင်းမှသိ၊ လူအကြောင်း ပေါင်းမှသိ” ဆိုတာ ဒီလိုလူမျိုးတွေပြောတာထင်ပါရဲ့။ အချို့ဂရန်မူရင်း​ခေတ္တအငှားလိုက်သူများဆိုရင် သူတို့ရဲ့ ဂုဏ်သိက္ခာကိုကြည့်ပြီး (၁၀)သိန်းတောင်းလိမ့်မယ်လို့ ထင်တောင်ထင်ရက်စရာမရှိပါဘူး။ ဒါပေ့မယ်လည်း ငွေနဲ့ပတ်သက်လာရင် “ဘယ်သူသေသေ ငတေမာရင် ပြီးရော’ဆိုတဲ့ စိတ်ဓာတ်မျိုးတွေ ရှိတတ်ကြတယ် မဟုတ်ပေဘူးလား။
အချို့သော ဂရန်မူရင်းကိုင်ထားသူများဟာဆိုရင် "ပြောတော့ဖြင့် တရားသဘောတွေပြောလိုက်ကြတာ၊ ကြားရသူအပေါင်း တရားကျလောက်ပါရဲ့။ သို့ပေမယ့် မထင်နဲ့ဗျို့။ တကယ်ဆက်ဆံကြည့်တော့မှ ငွေမျက်နှာတစ်ခုပဲ'ကြည့်တာကိုတွေ့ခဲ့ရတယ်။" ဘုရားမှတ်လို့ ကိုးကွယ်၊ ဖွတ်ထွက်မှ တောင်ပို့မှန်းသိ' ဆိုတာ ဒီလိုလူမျိုးကို ပြောတာထင်ပါရဲ့လို့ “မောင်ကောင်းဖေ” တွေးမိတယ်ဗျာ။
ဒီတော့ “မောင်ကောင်းဖေ” အနေနဲ့ အိမ်ခြံမြေဝယ်ကြတဲ့ သူများကို အသိပေးပါရစေ…မြေကွက် တစ်ကွက်လုံးဝယ်နိုင်ရင် ဝယ်ပါ။ မဝယ်နိုင်လို့၊ ဂရန်မိတ္တူပဲ ဝယ်ရတော့မယ်ဆိုရင်တော့ တစ်ခြမ်းဝယ် အထူးကိုယ်စားလှယ်လွှဲစာလုပ်ပါ။ ဒါအပြင် အရောင်းမြေပုံကူးနဲ့၊ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဖို့ ဂရန်မူရင်းကိုင်ထားသူက လိုက်ပါဆောင်ရွက်ပေးအောင်လည်း တာဝန်ယူပေးပါရန် တောင်းဆိုသင့်ပါကြောင်း အကြံပေး တင်ပြလိုက်ရပါတယ်။

Credit-လွှတ်တော်ရှေ့နေမောင်ကောင်းဖေ

လယ်ယာမြေကို ဝယ်ယူပြီး မိမိအမည်ပေါက်ဖြစ်အောင် ဘယ်လိုပြောင်းမလဲ???========================================၂၀၁၂ခုနှစ်လယ်ယာမ...
08/01/2026

လယ်ယာမြေကို ဝယ်ယူပြီး မိမိအမည်ပေါက်ဖြစ်အောင် ဘယ်လိုပြောင်းမလဲ???
========================================
၂၀၁၂ခုနှစ်လယ်ယာမြေ ဥပဒေအာဏာတည်ပြီးသည့်နောက်
လယ်ယာမြေလက်ဝယ်ရှိခြင်းနှင့် စာချုပ်စာတမ်းဖြင့်တရားဝင်ပိုင်ဆိုင်ခြင်းမှာ ကွဲပြားမှုရှိလာပါသည်။
လယ်ယာမြေဥပဒေ အခန်း (၄) အပိုဒ် (၁၃) ပါ လယ်ယာမြေလုပ်ပိုင်ခွင့်
အငြင်းပွားမှုအရှပ်အရှင်းဖြစ်လာလျှင် ဦးစီးဌာနတွင် မှတ်ပုံတင်ထားပြီးမှသာ
တရားဝင်ဖြေရှင်း ဆောင်ရွက်နိုင်ခွင့် ရှိသည် ဟုပါရှိရာ လယ်ယာမြေကို ဝယ်ယူမည်ဆိုပါက
အောက်ဖေါ်ပြပါအဆင့်များအတိုင်း မှတ်ပုံတင်ခြင်း အမည်ပြောင်းခြင်းများ ပြုလုပ်ထားရန်လိုအပ်ပါသည်။
– လယ်ယာမြေကို ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်ဖြင့် လက်ခံရရှိသော
လယ်ယာမြေများအတွက် လယ်ယာမြေ လုပ်ပိုင်ခွင့်အမည်ပြောင်းရန်
လယ်ယာမြေတည်ရှိသည့် သက်ဆိုင်ရာရပ်ကွက် (သို့)ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင်
သတ်မှတ်ထားသည့် စတုရန်းပေ စျေးနှုန်းဖြင့် တန်ဖိုးတွက်၍ တံဆိပ်ခေါင်းခွန်ထမ်းဆောင်ပြီး စာချုပ်ချုပ်ဆိုရပါမည်။
– စာချုပ်ချုပ်ဆိုပြီးရက်ပေါင်း (၁၂၀) အတွင်း သက်ဆိုင်ရာမြို့နယ် ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရပါမည်။
(မှတ်ပုံတင်ပေးရန် နောက်ဆက်တွဲ (က) လျှောက်လွှာပုံစံ၊ ပုံစံ (၇)မူရင်း ၊ ပုံစံ (၁၀၅) ပူးတွဲတင်ပြရပါမည်။)
�– မှတ်ပုံတင်စာချုပ်ပြီးနောက် အမည်ပြောင်းလဲပေးရန်လျှောက်လွှာ ပုံစံ (၉)ဖြင့်
မြို့နယ်ဦးစီးဌာနရုံးသို့ လျှောက်ထားရပါမည်။(ပုံစံ (၇) မူရင်း၊ မှတ်ပုံတင်စာချုပ်တို့ကို ပူးတွဲတင်ပြရပါမည်။)
�– မြို့နယ်ဦးစီးဌာနရုံးသည် လျှောက်လွှာရရှိသည့်နေ့မှ (၇)ရက်အတွင်း
မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့သို့ တင်ပြ၍ မြို့နယ်လယ်စီအဖွဲ့သည် စိစစ်ပြီး
( ပုံစံ -၇ ပါ စည်းကမ်းချက်များ ချိုးဖေါက်ထားခြင်းမရှိလျှင်) အမည်ပြောင်းလဲခွင့်ပြုကြောင်း ပြန်လည်အကြောင်းကြားပေးပါသည်။
�– အမည်ပြောင်းလဲခွင့် ရရှိပါက ဦးစီးဌာနရငွေစာရင်းသို့ မှတ်ပုံတင်ကြေးပေးသွင်းပြီးလျှင်
မြို့နယ်လယ်စီအဖွဲ့သည် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ထုတ်ပေးပါသည်။
လယ်ယာမြေနည်းဥပဒေ အခန်း (၄) မှ ကောက်နုတ်ဖေါ်ပြပါသည်။
credit 😍

ရန်ကုန်မှာ အိမ်ဆောက်မည် ဆိုလျှင် ထားရှိရမည့် မြေချန်များ (မြေကျန်သတ်မှတ်ချက်များ)(၁)  ၃ထပ်နှင့် အောက် အဆောက်အအုံ ဆောက်လု...
07/12/2025

ရန်ကုန်မှာ အိမ်ဆောက်မည် ဆိုလျှင် ထားရှိရမည့် မြေချန်များ (မြေကျန်သတ်မှတ်ချက်များ)

(၁) ၃ထပ်နှင့် အောက် အဆောက်အအုံ ဆောက်လုပ်ပါက

*၄၀’ x ၆၀’ မြေကွက်အတွက် မိမိပိုင်နယ်နိမိတ် မှ ရှေ့ဘက် ၁၂’ ချန်ရမည်။ နောက်ဘက်တွင် BDS (နောက်ဖေးလမ်းကြား) မရှိပါက အဆောက်အုံ နံရံမှ ၆’ ချန်ရမည်။ BDS ရှိပါက ၁’ ချန်ရမည်။
ဘေးနှစ်ဘက်တွင် အမိုးစွန်းမှ ၃’ ချန်ရမည်။

*မျက်နှာစာအကျယ် ၂၅’ နှင့် ၃၉’ ကြားမြေကွက်များတွင် ဘေးနှစ်ဘက်တွင် အမိုးစွန်းမှ ၁’-၆” စီချန်ရမည်။

*မျက်နှာစာအကျယ် ၂၅’ အောက် မြေကွက်များတွင် ဘေးနှစ်ဘက်တွင် အမိုးစွန်းမှ ၁’ စီချန်ရမည်။

(၂) ၄ထပ်နှင့် အထက် အဆောက်အအုံ ဆောက်လုပ်လိုပါက

Downtown မြို့နယ်များ (လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တထောင်၊ ပုဇွန်တောင်)

ရှေ့ဘက်နှင့် ဘေးနှစ်ဘက်တွင် မြေပြည့်ဆောင်ရွက်နိုင်ပါသည်။ ဘေးမြေပြည့် ဆောက်လုပ်ပါက နံရံအပိတ် ဆောင်ရွက်ရမည်။

ကျန်မြို့နယ်များ

*၄၀’x ၆၀’ အရွယ် မြေကွက် များတွင် မိမိ ပိုင် နယ်နိမိတ် မှ ရှေ့ဘက် ၅’ Clear မြေချန် ရမည်။ ဘေးနှစ်ဘက် အမိုးစွန်းမှ အနည်းဆုံး ၃’ စီ မြေချန်ရမည်။ နောက်ဘက်တွင် BDS ရှိပါက ၁’ ချန်ရမည်။ BDS မရှိပါက ၆’ ချန်ရမည်။

*ရှေ့နောက် အရှည် (၅၀)ပေအရွယ်မြေကွက်များတွင် မိမိ ပိုင်နယ်နိမိတ်မှ
-ရှေ့ဘက်တွင် မြေညီထပ်မှ ၅’ မြေချန်ရမည်။ ကျန်အထပ်များတွင် Cantilever ၄’ ပြန်ထုတ်ပြီး ၁’ ချန်ရမည်။

*မျက်နှာစာအကျယ် ၂၅’ နှင့် ၃၉’ ကြားမြေကွက်များတွင် ဘေးနှစ်ဘက်တွင် အမိုးစွန်းမှ ၁’-၆” စီချန်ရမည်။ (ပြတင်း၊တံခါး ဆောင်ရွက်လိုပါက Slide Window (SW/LW) များသာဆောင်ရွက်ရမည်။

*မျက်နှာစာအကျယ် ၂၅’ အောက် မြေကွက်များတွင် ဘေးနှစ်ဘက်တွင် အမိုးစွန်းမှ ၁’ စီချန်ရမည်။ (ဘေးနှစ်ဘက်တွင် ၁’ စီချန်ပါက SW/LW များထည့်သွင်းဆောက်လုပ်နိုင်ပါသည်။)

(၃) အဓိက လမ်းမကြီးများတွင် ဆောက်လုပ်ခြင်း

ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ တက္ကသိုလ်ရိပ်သာလမ်း၊ ဦးဝိစာရလမ်း တို့တွင် မည်သည့်အဆောက်အုံမဆို ဆောက်လုပ်ပါက ပင်မအဆောက်အုံ ရှေ့ဘက်တွင် မိမိပိုင်နယ်နိမိတ်မှ ပေ ၂၀ ချန်၍ အဆောက်အုံ နယ်နိမိတ်ကို ရေးဆွဲ တင်ပြရမည်။

(၄) ၉ထပ်နှင့် အထက်အဆောက်အုံများအတွက် မြေချန်သတ်မှတ်ချက်

ရှေ့ဘက်တွင် မိမိပိုင်နယ်နိမိတ်မှ အနည်းဆုံး (၁၂)ပေ ချန်ရမည်။ ဘေး ဝဲ/ယာ၊ နောက်ဘက်တွင် မိမိပိုင်နယ်နိမိတ် မှ အနည်းဆုံး (၆) ပေ ချန်ရမည်။

(ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အဆောက်အုံဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများ စာအုပ်မှ ကူးယူဖော်ပြပါသည်။)

ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)



 #ဝါယာကြိုးဝယ်ယူသုံးစွဲတော့မယ်ဆိုရင်သိထားသင့်သောအချက်များ...1. #ဝါယာကြိုးsizeအတိုင်းအတာယူနစ်နိုင်ငံတကာမှာ International ...
20/11/2025

#ဝါယာကြိုးဝယ်ယူသုံးစွဲတော့မယ်ဆိုရင်သိထားသင့်သောအချက်များ...

1. #ဝါယာကြိုးsizeအတိုင်းအတာယူနစ်
နိုင်ငံတကာမှာ International Electrotechnical Commission (IEC) Standard အရ ဝါယာကြိုး size များကို Cross Sectional Area (ကန့်လန့်ဖြတ် မျက်နှာပြင် ဧရိယာ) Square Millimeters (mm) နှင့် သတ်မှတ်ထုတ်လုပ် သုံးစွဲကြပြီး ကြိုးအရှည်ကို မီတာနှင့်သာ ထုတ်လုပ်ရောင်းချကြပါတယ်။
1.5mm, 2.5mm, 4mm, 6mm, 10mm, 16mm, ....

မြန်မာနိုင်ငံမှာတော့ IEC standard အပြင် ယခင် စနစ်ဟောင်း British Imperial System အရ inch လက်မနှင့် တိုင်းတာ ထုတ်လုပ်သည့် ဝါယာကြိုးများကို ဆက်လက်သုံးစွဲကြပါတယ်။ အိမ်နီးချင်းနိုင်ငံများမှ ဝါယာကြိုးစက်ရုံများပင် သူတို့နိုင်ငံတွင် သုံးစွဲမှုမရှိဘဲ မြန်မာနိုင်ငံအတွက် သီးသန့်ထုတ်လုပ်ပေးလျက် ရှိပါတယ်။ ကြိုးအရှည်ကို ကိုက်နှင့် ထုတ်လုပ်ရောင်းချကြပါတယ်။
3029, 3036, 7029, 7036, 7044, 7052, 7064, ...

100 မီတာ = 109.36 ကိုက်
91.44 မီတာ = 100 ကိုက်

တစ်ချို့ mm ကြိုး ထုတ်လုပ်တင်သွင်းသူတွေက ကြိုးတစ်ခွေဈေးနှုန်း သက်သာသွားအောင် 100 မီတာနှင့် မရောင်းကြပဲ 91.44 မီတာ(100ကိုက်) အရှည်နှင့် ထုတ်လုပ်မှာယူရောင်းချကြပါတယ်။ မီတာ 100 ကြိုးခွေထက် ဈေးနှုန်းအားဖြင့် 9% သက်သာသွားပါတယ်။
မီတာ 100 လို့ ရေးထားပြီး မီတာ 100 မပြည့်သည့် ဝါယာကြိုးများလဲ ဈေးကွက်ထဲမှာ ရောင်းချနေကြပါတယ်။

"3029 wire မှ 1.5mm wire သို့ ပြောင်းလဲ သုံးစွဲခြင်း"
*3029 wire မှာ ရှေ့ဆုံးက 3 သည် ကြေးမျှင် 3ချောင်း ကျစ်ထားသည်ဟု ဆိုလိုပြီး ကြေးမျှင် တစ်ခုချင်းရဲ့ Diameter(အချင်း)က 0.029 လက်မ ရှိတဲ့ ဝါယာကြိုးကို ဆိုလိုပါတယ်။
**1.5mm wire ဆိုတာ Cross Sectional Area (ကန့်လန့်ဖြတ် မျက်နှာပြင် ဧရိယာ) 1.5 square millimeter ရှိတဲ့ ဝါယာကြိုးကို ဆိုလိုပါတယ်။
1.5mm wire ကို IEC 01 Standard အရ ကြေးမျှင်အသေး 7ပင်လိမ် နှင့် ထုတ်လုပ်သလို ကြေးမျှင်အတုတ် 1 ချောင်းတည်းနဲ့လဲ ထုတ်လုပ်ပါတယ်။
*3029 wire ကို အရွယ်အစား တူညီတဲ့ Metric(မီလီမီတာ)စနစ်ကို ပြောင်းလဲပါက Cross Sectional Area (ကန့်လန့်ဖြတ် မျက်နှာပြင် ဧရိယာ) 1.28mm ရပါတယ်။
*သို့ပေမယ့် Metric စနစ်မှာတော့ အနီးစပ်ဆုံး 1mm နှင့် 1.5mm wire cable များသာ ထုတ်လုပ်သုံးစွဲပါတယ်။
**အသုံးများတဲ့ 3029, 3036, 7029, 7036, 7044, 7052, 7064 wire များမှ Metric(မီလီမီတာ)စနစ်သို့ ပြောင်းလဲသုံးစွဲရာတွင် အနီးစပ်ဆုံး တူညီတဲ့ mm size များကို ဖော်ပြထားပါတယ်။
3029 = 1.28mm (~1.5mm)
3036 = 1.97mm (~1.5mm)
7029 = 2.98mm (~2.5mm)
7036 = 4.6mm (~4mm)
7044 = 6.86mm (6mm)
7052 = 9.59mm (~10mm)
7064 = 14.53mm (~16mm)
ဒီပြောင်းလဲခြင်းက ဝါယာကြိုးစနစ် 2ခုလုံး ကြေးနီလုံးပတ် gauge ပြည့်နေမှ မှန်မှာပါ။

သို့ပေမယ့် မြန်မာနိုင်ငံမှာ ရောင်းနေကြတဲ့ 3029, 3036, 7029, 7036, 7044, 7052, 7064 လက်မစနစ်ဝါယာ တံဆိပ်အများစုက ကြေးနီလုံးပတ် gauge လျော့နေကြပါတယ်။ လက်မစနစ် ဝါယာတွေမှာ မူလရှိရမယ့် အလေးချိန်နဲ့ ကြေးနီလုံးပတ် gauge အပြည့်ရှိတဲ့ တံဆိပ်က အတော်နည်းသွားပါပြီ။

2.
အိမ်တွင်းသုံးဝါယာကြိုးများကို ကြေးနီကြိုးများ သုံးစွဲရပါတယ်။ ကြေးနီ တစ်တန်ကို 5,800$ ခန့် ရှိပြီး အလူမီနီယမ် တစ်တန်ကို 1,700$ ခန့် ရှိပါတယ်။ Copper သည် Aluminium ထက် resistance နည်းသောကြောင့် Energy loss အလွန်နည်းပါတယ်။ ကြေးနီကို အခြားဈေးနည်းသောသတ္တုစပ်ထားသော ဝါယာကြိုးများကို သုံးစွဲပါက resistance များပြီး စွမ်းအင်ဆုံးရှုံးမှုများတဲ့အတွက် လျှပ်စစ်မီတာခကို ပိုမိုကုန်ကျစေပါတယ်။ အခြားသတ္တု ရောထားသော ကြေးနီမစစ်သော ဝါယာကြိုးများသည် ၎င်းနှင့် size တူ ကြေးနီကြိုးများကဲ့သို့ Ampere(A) မသယ်ဆောင်နိုင်ပါ။ အခြားသတ္တုစပ်ထားသော ဝါယာကြိုးများကို ကြေးနီအစစ်ကြိုးများကဲ့သို့ loading သုံးစွဲပါက အပူလွန်ကဲပြီး မီးလောင်နိုင်ပါတယ်။ ဈေးနည်းသော သတ္တုများများ ရောစပ်လေ ဝါယာကြိုးဈေးနှုန်း သက်သာလေပါ။

အိမ်သုံးဝါယာကြိုး တစ်ချောင်းသည် ကြေးနီစစ်ဖို့လဲ လိုအပ်ပြီး weight ပြည့်ဖို့လဲ လိုအပ်ပါတယ်။ ကြေးနီအမျှင်တစ်ချောင်းချင်း size ပြည့်ဖို့ လိုအပ်ပြီး အမျှင်များကို (uniform twist) မှန်ကန်တိကျစွာ လိမ်ကျစ်ထားဖို့ လိုအပ်ပါတယ်။ ကြေးနီတော့ စစ်ပြီး အတွင်းမှာ သေချာ လိမ်ကျစ်မထားသော ဝါယာကြိုးများလဲ ရှိပါတယ်။ လိမ်ကျစ်ထားတဲ့ အပတ်ရေ လျော့နည်းနေမယ်ဆိုရင် ဝါယာကြိုးက weight လျော့နေမှာပါ။

IEC 01 Standard အရ အိမ်တွင်းသုံး ဝါယာကြိုး မီတာ 100 ခွေတွေမှာ အနည်းဆုံးရှိရမယ့် အလေးချိန်တွေကို ဖော်ပြပေးပါမယ်။
Copper/PVC (ကာဗာတစ်ထပ် အိမ်တွင်းသုံး ကြေးမျှင်7ပင်လိမ် ဝါယာကြိုး)
1.5mm - 2.2kg (၁ ပိဿာ ၃၄ ကျပ်သား)
2.5mm - 3.5kg (၂ ပိဿာ ၁၄ ကျပ်သား)
4mm - 5.0kg (၃ ပိဿာ ၆ ကျပ်သား)
6mm - 7.0kg (၄ ပိဿာ ၂၈ ကျပ်သား)
10mm - 12.0kg (၇ ပိဿာ ၃၄ ကျပ်သား)
16mm - 18.0kg (၁၁ ပိဿာ ၂ ကျပ်သား)
ဘယ်နိုင်ငံထုတ် ဘယ်တံဆိပ်ပဲနေနေ ဒီအလေးချိန်တွေမှ မရှိဘူးဆိုရင် အရှည်မီတာ သို့မဟုတ် ကြေးနီ လုံးပတ် gauge သို့မဟုတ် ကြေးနီသတ္တုသန့်စင်မှု တစ်ခုခုကို လျှော့ထားလို့ပါ။

🔋1 ပိဿာ = 1.632932532 kg

1.5mm ဝါယာကြိုး မီတာ 100 ခွေ မှာ 2.2kg အနည်းဆုံး ရှိရပါတယ်။ မြန်မာနိုင်ငံမှာ မီးဆရာတွေ အသုံးများပြီး လျှပ်စစ်ပစ္စည်းဆိုင်အများစုမှာ ရောင်းချနေတဲ့ ဝါယာတံဆိပ်တစ်ချို့မှာ 2.0kg ဝန်းကျင်ပဲ ရှိပြီး 10% ခန့် weight လျော့နေကြပါတယ်။ အခြား size များတွင်လဲ 5% မှ 10% ထိ အသီးသီး weight တွေ လျော့နေကြပါတယ်။ Weight အပြည့်ဝါယာကြိုးများကဲ့သို့ Ampere(A) မသယ်ဆောင်နိုင်တော့ပါ။
နွေရာသီလို မီးအား Voltage ကျလို့ ဝါယာကြိုးတွေက Ampere(A) ပိုဆွဲတဲ့အခါမျိုးမှာ ဝါယာကြိုး ကြေးနီ လုံးပတ် gauge လျှော့ထားတာတွေ သုံးထားမယ်ဆိုရင် အပူလွန်ကဲပြီး မီးလောင်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။Packing စက္ကူဖယ်ပြီး ကတ္တားပေါ် ချိန်ကြည့်ရုံနှင့် weight လျော့မလျော့ အလွယ်တကူ သိရှိနိုင်ပါတယ်။

3.
Copper ကို Coated လုပ်ထားတဲ့ PVC ကလည်း လုံးပတ်တစ်လျှောက်လုံး အထူညီနေဖို့ လိုအပ်ပါတယ်။ PVC Insulation ရဲ့ ထုက ညီမနေဘူးဆိုရင် ဝါယာပေါက်ပြဲပြီး လျှော့ဖြစ်ဖို့ အလွန်လွယ်ကူပါတယ်။ Recycled PVC အသုံးပြုပြီး ထုတ်လုပ်ထားတဲ့ ဝါယာကြိုးတွေကတော့ ဈေးနှုန်း ပိုသက်သာပါတယ်။ PVC က Recycled ဖြစ်ရင် ဝါယာ သက်တမ်း ကြာရှည်မခံပါဘူး။

4. #အရောင်ခွဲခြားသုံးစွဲမှုစနစ်
AC Power Circuit မှာ Wire ကြိုးများကို အသုံးပြုတဲ့ Function အလိုက် ခွဲခြားသိဖို့အတွက် အရောင်တွေ သတ်မှတ်ပြီး သုံးစွဲကြပါတယ်။ အရောင် သတ်မှတ်ပေးတဲ့ အဖွဲ့အစည်းတွေ ရှိပါတယ်။
လက်ရှိမှာ EU နှင့် အိမ်နီးချင်းနိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံအများစု လက်ခံသုံးစွဲနေကြတာကတော့ International Electrotechnical Commission (IEC) အဖွဲ့က သတ်မှတ်တဲ့ Colour Code ဖြစ်တဲ့ Phase ကြိုး Line1,2,3 ကို အညို၊ အနက်၊ မီးခိုး၊ Neutral ကြိုးကို အပြာ နှင့် Earth ကြိုးကို စိမ်းဝါကြားတို့ပဲ ဖြစ်ပါတယ်။
USA နှင့် Canada မှာတော့ အဖြူနှင့် မီးခိုးရောင်ကို Neutral အတွက်သုံးစွဲကြပြီး Phase ကြိုး Line1,2,3 ကို အနက်၊ အနီ၊ အပြာ နှင့် Earth ကြိုးကို အစိမ်း၊ စိမ်းဝါကြားနှင့် Bare conductor သုံးစွဲကြပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိအများစု သုံးစွဲနေကြတာကတော့ UK Old colour code ဖြစ်ပြီး UK မှာ 2006 နောက်ပိုင်း မသုံးစွဲတော့တဲ့ Neutral အနက်၊ Phase Line 1,2,3 ကို အနီ၊ အဝါ၊ အပြာနှင့် Earth စိမ်းဝါကြား တို့ပဲ ဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံများမှ ဝါယာကြိုးစက်ရုံများပင် သူတို့နိုင်ငံတွင် သုံးစွဲမှုမရှိတော့တဲ့ အရောင်စနစ်တွေကို မြန်မာနိုင်ငံအတွက် သီးသန့်ထုတ်လုပ်ပေးနေကြပါတယ်











တချိန်က မြောက်ဒဂုံ နှင့် တောင်ဒဂုံ မှတ်တမ်းဓါတ်ပုံသင်တို့မှာလဲ အမှတ်တရလေးတွေရှိပါက Comment မှာ ရေးသွားပေးပါအုန်းPhoto cr...
19/11/2025

တချိန်က မြောက်ဒဂုံ နှင့် တောင်ဒဂုံ မှတ်တမ်းဓါတ်ပုံ

သင်တို့မှာလဲ အမှတ်တရလေးတွေရှိပါက Comment မှာ ရေးသွားပေးပါအုန်း

Photo credit ပါ

မှော်ဘီ မှာ...မြေယာတွေ မခိုင်မာဘူး လို့တင်postတွေ တွေ့လို့ပါ👱👱‍♀️ လူကြီးမင်းများ  သိထားစေချင်သော အချက်များ....👍1️⃣ ကုလား...
07/11/2025

မှော်ဘီ မှာ...မြေယာတွေ မခိုင်မာဘူး လို့တင်postတွေ တွေ့လို့ပါ
👱👱‍♀️ လူကြီးမင်းများ သိထားစေချင်သော အချက်များ....👍
1️⃣ ကုလားကုန်း ကြက်ခြံပေါက်မှတ်တိုင်မှ ဝင်ရတဲ့
ရွှေပြည်ရွာနားက မြေတွေက....
👉 စက်ပစ်ကွင်းမြေ နဲ့ ကြက်ဆူစိုက်ခင်းမြေတွေပါ... အခုလက်ရှိ ပြန်သိမ်းနေပါပြီ
2️⃣ မြောင်းတကာ နှင်းဆီမြိုင် စက်ပစ်ကွင်းမြေ
ပြန်သိမ်းမှာပါ
3️⃣ GTC နောက်ဘက် တပ်မတော် ဘီစကစ် စက်ရုံက သိမ်းထားတဲ့မြေ ဧက ထောင်ကျော် ပါတယ်
👉 ရွာမြေလို့ညာရောင်းနေပါတယ်
🔰 စာရွက်စာတမ်း မရှိပါဘူး...မြေစာရင်း အာမခံချက်မရှိပါဘူး
4️⃣ ဖူကြီး ကန်နား ရောင်းတဲ့မြေ... သစ်တောကြိုးဝိုင်း မြေပါ...အာမခံချက်မရှိပါဘူး
5️⃣ လယ်မြေကို အကွက်ရိုတ်ရောင်း နေတဲ့ နေရာများ အာမခံချက် မရှိပါဘူး....
6️⃣ လယ်မြေ R1 / R2 မြေပေါ် မှာ အဆောက်အဦး ဆောက်ထားတဲ့ မြေ... မဝယ်သင့်ပါဘူး...
✅👉 R3/R4 ပြသနာ မရှိပါ သအ သခြ ပါလျှင်ရွာအတွင်းမြေပြသနာမရှိပါ
7️⃣ လှည်းကူး ကြီးလေးကြီး တပ်သိမ်းမြေ တွေ ရှိပါတယ်....
8️⃣ ရန်ကုန် ကလာရင် ညာခြမ်း GTC မရောက်ခင်..
ခြံကွက်များ... စားကျက်မြေ အမျိုးအစားပါ
မှော်ဘီ မြေအမျိုးအစား... ခိုင်မာတဲ့မြေ
1️⃣ စလစ်မြေ
2️⃣ ခြံပြေစာ / မြေစာရင်း ပုံစံ ၈ နဲ့ ထွက်ထားတဲ့...
ဥယျဥ်ခြံ မြေ G / သအ သခြပေးထားသောမြေ
3️⃣ထောက်ကြန့် မှ ကြက်ဖြူကန်အထိ ရန်ကုန်မြို့တော် စည်ပင်ဧရိယာ အဖြစ်သတ်မှတ်ထားတဲ့ အတွက်...၁၉၈၉ / ၁၉၉၀ ခုနှစ်နောက်ပိုင်း အိမ်ခြံမြေ အားလုံး စာရွက်စာတမ်း မထွက်ပါဘူး
ဂရန်မြေ အဖြစ် ပြန်လျှောက်ရပါမယ်...မူလ လက်ငုတ်ပြေစာ ပါရှိရပါမယ်..
4️⃣ ဂရန်မြေ... ရှားပါတယ် မှော်ဘီမြို့နယ် အနည်းငယ် ပဲ ရှိပါတယ်
😘😘😘😘
1️⃣ အမှတ် ၃လမ်းမပေါ်.. တပ်သိမ်းမြေ များ ဝယ်ယူမသင့်ပါ... တပ်က တရားဝင် စွန်လွှတ်ပြီး ပြီလား သေချာစိစစ်ပါ

credit

ဝယ်ထားတဲ့ ပါမစ်မြေကွက်က ပါမစ်အမည်ပေါက်ထံကတစ်ဆင့်ဝယ်ထားတဲ့ ပါမစ်မြေကွက်မူရင်းစာရွက် ပျောက်သွားတာ။ အသစ်ပြန်လျှောက်လို့ရပါသ...
24/10/2025

ဝယ်ထားတဲ့ ပါမစ်မြေကွက်က ပါမစ်အမည်ပေါက်ထံကတစ်ဆင့်ဝယ်ထားတဲ့ ပါမစ်မြေကွက်မူရင်းစာရွက် ပျောက်သွားတာ။ အသစ်ပြန်လျှောက်လို့ရပါသလား သိပါရစေ။
ဓာတ်ပုံမြေချ ပါမစ်မြေကွက်တွေကိုထုတ်ပေးထားက ရန်ကုန်မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပေးထားပါတယ်။
အိုးအိမ်မြေချပါမစ်ကို မူလ အမည်ပေါက်ရှိ၊ မရှိသိလိုတာပဲ ဖြစ်စေ၊ အတု နဲ့ အစစ် ခွဲခြားသိချင်လို့ပဲ ဖြစ်ဖြစ်၊ မြေချပါမစ် ပျောက်သွားလို့ဘယ်လို ဆောင်ရွက်ရမယ်ဆိုတာ သိလိုရင်ပဲဖြစ်စေရန်ကုုန်တိုင်း အိုးအိမ်ရုံးမှာပဲ သွားပြီးစုံစမ်းကြတယ်။ အဲဒီရုံးက သက်ဆိုင်ရာမြို့နယ် တာဝန်ခံက ရှင်းပြပေးပါတယ်။
အခုတော့ မြို့သစ် မြေကွက်ပါမစ်တွေကိုအိုးအိမ်ကနေ မြို့တော်စည်ပင်မြေယာဌာနကိုလွှဲပြောင်းလိုက်ပြီလို့ သိရတယ်။
ဒီတော့ အကောင်းဆုံး အကြံပြုချင်တာကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို.ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှု ဌာနက လက်ခံဆောင်ရွက်ပေးနေတဲ့ လိုအပ်မယ့်အချက်အလက်တွေကိုပြောပြလိုက်မယ်။
ပထမဆုံး မြေချပါမစ်အမည်ပေါက်ကိုပြန်ရှာရမယ်။ တွေ့ခဲ့ရင်အမည်ပေါက်ကိုယ်တိုင် မြေချပါမစ်ပျောက်ဆုံးသွားကြောင်း မိမိမြေကွက်ရှိတဲ့ ရပ်ကွက်ရုံးက ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှာ ထောက်ခံချက် သွားယူရမယ်။ အဲဒီမြေချပါမစ် ပျောက်ဆုံးကြောင်း ထောက်ခံချက်ကို တင်ပြပြီး သက် ဆိုင်ရာ မြို့နယ်ရဲစခန်းက ထပ်ဆင့် ထောက်ခံချက် ယူရမယ်။အဲဒီထောက်ခံချက် (၂)ခုရရင် အိမ်အပြောင်းအရွှေ့ ပြုလုပ်စဉ် မြေချပါမစ်များ ပျောက်ဆုံးသွားကြောင်း ပါမစ် အမည်ပေါက် က တရားရုံးမှာ ကျမ်းကျိန်ရမယ်။ အဲဒီ (၃) မျိုး စုံရင်တော့အမည်ပေါက်ရဲ့ နိုင်ငံသား ကတ်ပြားမူရင်းနဲ့ မိတ္တူ (၁) စုံစီ ယူဆောင်ပြီး ရန်ကုန်မြို့တော်ခန်းမမှာ ရှိတဲ့ မြေယာဌာနမှာ လျှောက်လွှာဝယ်ပြီး ပါမစ်ပျောက်လို့ဂရန်အသစ် မြေဌားစာချုပ် ထုတ်ပေးပါရန် လျှောက်ထားရမယ်။ မြေယာဌာနက ညွှန်ပြတဲ့အတိုုင်း သတင်းစာမှာ ကန့်ကွက်ရန်ရှိ/မရှိ ကြော်ငြာရမယ်။လျှောက်ထားတဲ့ မြေကွက် ကွင်းဆင်း စစ်ဆေးလိမ့်မယ်။
အဲ…တစ်ခုတော့ ကြိုပြီးပြောထားရဦးမယ်။ ဂရန်သစ် မလျှောက်မီကတည်းက ကိုယ်ရထားတဲ့ မြေကွက်ထဲမှာ အိမ်ဆောက်ပြီး လျှောက်ထားသူ ကိုယ်တိုင် နေရမယ်။ မြေကွက်မှာလာပြီး ကွင်းဆင်း စစ်ဆေးတဲ့ မြေတိုင်း တာဝန်ခံနဲ့ မြေကွက်လျှောက်သူ ကိုယ်တိုုင် ကိုယ့်မြေကွက် ကိုယ့်အိမ်ရှေ့မှာ နှစ်ယောက်တွဲပြီး ရိုက်ထားတဲ့ဓာတ်ပုံကို မြေယာဌာနမှာ တင်ပြရမယ်။
အဲဒီလို အချက်အလက်တွေ စုံပြီးရင် မြေကွက်ရှိတဲ့အုုပ်ချုပ်ရေးမှူးရုုံးနဲ့ မြို့နယ်အုုပ်ချုပ်ရေးမှူးရုံး တိုု့မှာ ဂရန်သစ်လျှောက်ထားမှုနဲ့ ပတ်သက်လို့ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာရသေးတယ်။ သတင်းစာနဲ့ အုုပ်ချုပ်ရေးမှူး ရုံးတွေမှာလည်း ကန့်ကွက်သူမရှိတော့ဘူး ဆိုရင်တော့ ဌာနက ဂရန် ထုတ်ပေးနိုင်ဖို့အတွက် အဆင့်ဆင့် ဆောက်ရွက်ပေးရတယ်။ ဂရန်အသစ် ထုတ်ဖို့ အကြောင်း ကြားလာရင် (ပေ ၄၀ x ပေ ၆၀) မြေကွက်ဖိုးငွေ ပေးသွင်းရတယ်။ ငွေသွင်းခွင့် ရရင်တော့ ဂရန် မြေငှါးစာချုပ်ကိုမကြာခင် သွားရောက် ထုတ်ယူလို့ရပါပြီ။
Photo credit ကူးယူဖော်ပြပါသည်။

💢11/0.4 kV Sub-station တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပုံအဆင့်ဆင့်💢=======================Earthing လုပ်ငန်းအတွက် မြေတူးလ...
05/10/2025

💢11/0.4 kV Sub-station တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပုံအဆင့်ဆင့်💢
=======================
Earthing လုပ်ငန်းအတွက် မြေတူးလုပ်ငန်းအား အနက် ၁ ပေ အကျယ် ၁ ပေခန့်ရှိသော မြောင်းအား Grip ပုံစံ တူးဖော်ပြီး Earth Rod ရိုက်ခြင်းလုပ်ငန်းနှင့်
Earth Conductor ဖြန့်ခြင်းလုပ်ငန်းများအား Body Earth နှင့် L.A Earth နှစ်မျိုး သီးခြားစီခွဲပြီး ဆောင်ရွက်သွားရမည်။Earth Rod ရိုက်ခြင်းလုပ်ငန်း
နှင့် Earth Conductor ဖြန့်ခြင်းလုပ်ငန်းများ ပြီးစီးပါက Earth Conductor များ၏ ဆုံချက်များ၊ Conductor နှင့် Earth Rod ဆုံချက်များတွင် သက်ဆိုင်ရာ Clamp များ၊ Exothemic welding များဖြင့် ဆက်သွယ်တပ်ဆင်ရမည်။ပြီးလျှင် Earth Resistance တိုင်းတာပြီး Body Earth 5 Ohm ၊ L.A Earth 10 Ohm ၊ Transformer Neutral Earth 2 Ohm ထက်လျှော့နည်းသည့် Result ရရှိပါက Back Filling လုပ်ငန်းအား ဆက်လက်ဆောင်ရွက်ရမည်။
Earth Grid ပြီးစီးပါက Equipment Structure နေရာများ ၊ Lightening Arrester နေရာများ၊ Transformer နေရာများအား Earth Connection ပေးနိုင်ရန် Earth Conductor များအား ထုတ်ပေးထါးရမည်။ 11/0.4 kV Sub-station Accessories များမှ Concrete Pole နှင့် Transformer များအား Track Crane ဖြင့် တပ်ဆင်မည်ဖြစ်ပါသည်။အခြားကျန်ရှိသော Accessories များအား Skill Labour များမှ လူအင်အားဖြင့် တပ်ဆင်ကြရမည်။တိုင်ထူလုပ်ငန်းဆောင်ရွက်ရန်အတွက် မြေတူးလုပ်ငန်းကိုဆောင်ရွက်ရမည်ဖြစ်ပြီး သတ်မှတ်မြေဝင်အနက်ရရှိစေရမည်။ 'H' Pole Sub-station တပ်ဆင်ခြင်းလုပ်ငန်းအတွက် လိုအပ်သော Accessories များကို တပ်ဆင်မည့်နေရာသို့ Track Crane ဖြင့် ပို့ဆောင်ပေးထါးရမည်။တိုင်ထူလုပ်ငန်းဆောင်ရွက်ပြီးပါက Concrete Footing လုပ်ငန်းအား သတ်မှတ်စံညွှန်းအတိုင်း ဆောင်ရွက်သွားရမည်။ပြီးလျှင် LA ၊ DS ၊ DOF ၊ Transformer များအတွက် Structure Member များအား ဉီးစွာတပ်ဆင်ရမည်။Structure Member များအားလုံး တပ်ဆင်ပြီးစီးပါက Level ၊ Alignment များစစ်ဆေးပြီးနောက် Tightening လုပ်ငန်းအား သတ်မှတ်ထားသော Torque Wrench Limited ဖြင့် ဆောင်ရွက်သွားရမည်။
Structure Member များအားလုံး တပ်ဆင်ပြီးစီးပါက Structure များကို Earth Conductor များနှင့်ချိတ်ဆက်ပြီး Earth Connection ရရှိနိုင်ရန် ဆောင်ရွက်ရမည်။Lightening Arrester အား Nylon Sling Wire ၊ 'D' Shackle တို့ဖြင့် စနစ်တကျချည်နှောင်ပြီး လူအင်အားဖြင့် Pully ကိုအသုံးပြုပြီး Structure ပေါ်သို့မတင်ကာ Skill Labour များမှ Bolt & Nut များဖြင့် စနစ်တကျ တပ်ဆင်၍ Tightening ပြုလုပ်သွားရမည်။Disconnecting Switch ကိုလည်း ထိုနည်းအတူ တပ်ဆင်ရမည်။DS တပ်ဆင်ပြီးစီးပါက Operation Mechanism box
နှင့် Operation Accessories များကို စနစ်တကျ တပ်ဆင်ပြီး Open Position နှင့် Closed Position တို့တွင် Connecting Blade များ စနစ်တကျ ရှိစေရန် ချိန်ညှိထားရမည်။
ပြီးလျှင် Drop Out Fuse များကို တပ်ဆင်ပြီး Level ၊ Alignment များစစ်ဆေးပြီးနောက် Tightening လုပ်ငန်းအား ဆောင်ရွက်ရမည်။
ထို့နောက် Transformer အား Nylon Sling Wire ၊ 'D' Shackle တို့ဖြင့် စနစ်တကျ ချည်နှောင်ပြီး Track Crane ဖြင့် Structure ပေါ်သို့ မ တင်ကာ
Tightening ပြုလုပ်သွားရမည်။
=
H.T Connection အတွက် Conductor များအား လိုအပ်သော အတိုင်းအတာ အတိုင်း စနစ်တကျ Connection ပြုလုပ်သွားရမည်။Terminal Clamp များအား Equipment များတွင် အသင့်တပ်ဆင်ထားပြီး Connection ပြုလုပ်မည့် Conductor များအား စနစ်တကျ တပ်ဆင်ရမည်။
ထို့နောက် 400 V Distribution Panel နှင့် Capacitor Bank တို့အား စနစ်တကျ တပ်ဆင်ပြီး တပ်ဆင်ထားသော Cable Ladder များအပေါ်တွင် Cable များအား Transformer မှ 400 V Distribution Panel သို့လည်းကောင်း ၊ Distribution Panel မှ Capacitor Bank သို့လည်းကောင်း စနစ်တကျ Cable Laying ပြုလုပ်သွားရမည်။
Accessories များအားလုံး တပ်ဆင်ပြီးစီးပါက Earth Conductor များနှင့်ချိတ်ဆက်ပြီး Body Earth Connection ၊ LA Earth Connection ၊ Transformer Star Point Earth Connection တို့ ရရှိနိုင်ရန် ဆောင်ရွက်ရမည်။
Contruction လုပ်ငန်းအားလုံးပြီးစီးပါက Testing ပြုလုပ်ပြီး မှတ်တမ်းထားရှိရမည်။
Testing လုပ်ငန်းပြီးစီးပါက 11 kV Line နှင့် ချိတ်ဆက်အသုံးပြုနိုင်ရန် Connection Jumper များအား သတ်မှတ်ထားသော Design အတိုင်း တပ်ဆင်ရမည်။
မူရင်းရေးသားသူအား လေးစားစွာ credit ပေးအပ်ပါတယ်ခင်ဗျာ ။

မြေဧကတွက်နည်း။❖❖❖❖❖❖❖❖❖❖၁ ဧက   =   ၂၀၈.၇၁၁  ပေ ×  ၂၀၈.၇၁၁ ပေ၁ ဧက   =   ၄၀၄၇  စတုရန်းမီတာ၁ ဧက   =   ၄၃၅၆၀  စတုရန်းပေ၁ ပေ(...
04/10/2025

မြေဧကတွက်နည်း။
❖❖❖❖❖❖❖❖❖❖
၁ ဧက = ၂၀၈.၇၁၁ ပေ × ၂၀၈.၇၁၁ ပေ
၁ ဧက = ၄၀၄၇ စတုရန်းမီတာ
၁ ဧက = ၄၃၅၆၀ စတုရန်းပေ
၁ ပေ(sqft) = ၀.၀၉၂၉ Square metre
၁ မီတာ = ၃.၂၈၁ ပေ
၁ စတုရန်းမီတာ = ၁၀.၇၆၄ စတုရန်းပေ
၁ ဟက်တာ = ၂.၄၇၁ ဧက
Square Feet မှ ဧကပြောင်း
Sqft ÷ 43560 = ( ) ဧက
ဥပမာ 20000 Sqft ကို ဧကဖြင့် သိလိုလျှင်
20000 ÷ 43560 = 0.459 ဧက
ဧကမှ Sqft ပြောင်း
ဧကအကျယ် × 43560 = ( ) Sqft
ဥပမာ 0.5 ဧကကို Sqft ဖြင့်သိလိုလျှင်
0.5 × 43560 = 21780 Sqft
၁ ဧက = ၄၃၅၆၀ စတုရန်းပေ
၄၃၅၆၀ စတုရန်းပေ = ?
လက်မ (inch), ပေ (feet), ကိုက် (yard), သံကြိုး (Chain), ဖာလုံ (Furlong), မိုင် (Mile) စတဲ့ အတိုင်းအတာ ယူနစ်များဟာ Imperial Units ဖြစ်ပါတယ်။
၃ ပေ = ၁ ကိုက်
၂၂ ကိုက် = ၁ သံကြိုး (၆၆ ပေ)
၁၀ သံကြိုး = ၁ ဖာလုံ (၆၆၀ ပေ)
၈ ဖာလုံ = ၁ မိုင် (၅၂၈၀ ပေ)
၁ သံကြိုး (အလျှား) × ၁ ဖာလုံ (အနံ) = ၁ ဧက လို့သတ်မှတ်ပါသည်။
ထို့ကြောင့်
၆၆ ပေ × ၆၆၀ ပေ = ၄၃၅၆၀ စတုရန်းပေ
ဖြစ်ပါသည်။
၁ သံကြိုး အကျယ် နဲ့ ၁ ဖာလုံ အရှည် မြေကွက်ဟာ
တစ်ဧက (၄၃၅၆၀ စတုရန်းပေ) ဖြစ်ပါသည်။
၁ စတုရန်းမိုင် = ၆၄၀ ဧက
၁ စတုရန်းဖာလုံ = ၁၀ ဧက
၄၃၅၆၀ စတုရန်းပေ = ၁ ဧက
၂၀၈.၇၁ ပေ × ၂၀၈.၇၁ ပေ = ၁ ဧက
၂၀၀ ပေ × ၂၀၀ ပေ = ၁ ဧကခန့်
၁၀၀ ပေ × ၁၀၀ပေ = ဧက ၁ မူးခန့်
၅၀ ပေ × ၁၀၀ ပေ = ဧက ၁ မတ်ခန့်
၄၀ ပေ × ၆၀ ပေ = ၀.၀၅၅ ဧက
၂၀ ပေ × ၆၀ ပေ = ၀.၀၂၇၅ ဧက
crd

Bore Pile အကြောင်း================ Bored Pile ဆို တာ က တော့ သံ ကူ ကွန် က ရစ် (Reinforced Concrete) Pile အ မာ မျိုး အ စား...
07/09/2025

Bore Pile အကြောင်း
================

Bored Pile ဆို တာ က တော့ သံ ကူ ကွန် က ရစ် (Reinforced Concrete) Pile အ မာ မျိုး အ စား တစ် မျိုး ပဲ ဖြစ် ပါ တယ်။ Bored Pile တွေ က အ ဆောက် အ ဦ တွေ ရဲ့ ကြီး မား တဲ့ ဒေါင် လိုက် ဝန် (Vertical Loads) တွေ ကို ထမ်း ဆောင် ရ ပါ တယ်။
Construction Site ဆောက် လုပ် ရေး လုပ် ငန်း ခွင် ထဲ မှာ တင် တပ် ဆင် တည် ဆောက် ရ တဲ့ (Cast-in-Situ) RC Pile အ မျိုး အ စား ဖြစ် ပြီး အ ခြား Spun Pile နဲ့ (RC Square Pile) လေး ထောင့် သ ဏ္ဍာန် သံ ကူ ကွန် က ရစ် Pile တွေ က တော့ Precast Concrete Pile တွေ ပဲ ဖြစ် ပါ တယ်။
Pile အ ပေါက် Drilled Shafts တွေ ကို Bored Piling Machine နဲ့ လှည့် သွင်း ဖောက် ရ ပါ တယ်။ အဲ ဒီ Bored Piling Machine တွေ ကို ထိုး ဖောက် ကိ ရိ ယာ (Drilling Tools), Buckets (မြေ ကြီး သယ် ခြင်း) နဲ့ Grabs (မြေ ကြီး ဆွဲ ထုတ် ခြင်း) ဆို တဲ့ အ ပိုင်း (၃) ပိုင်း နဲ့ Design လုပ် တည် ဆောက် ထား ပြီး မြေ ကြီး တွေ ကျောက် တွေ ကို ဖယ် ရှား ရ ပါ တယ်။
ပုံ မှန် အား ဖြင့် Bored Pilling Machine နဲ့ မြေ ကြီး အ နက် မီ တာ ၅ဝ (ပေ ၁၆ဝ) အ နက် အ ထိ လှည့် သွင်း ထိုး ဖောက် နိုင် ပါ တယ်။
Bored Pile အ သုံး ပြု ခြင်း ရဲ့ အ ဓိ က အ ကျိုး ကျေး ဇူး တ ချက် က တော့ ခေတ် ဟောင်း Pilling စ နစ် (Traditional Pilling System) များ နဲ့ယှဉ် ကြည့် လျှင် Pile ရိုက် သွင်း ချိန် တွင် တုန် ခါ မှု နှင့် ဆူ ညံ မှု တို့ ကို အ လွန် လျော့ ကျ စေ ပါ တယ်။
Bored Pile တွေ ကို များ သော အား ဖြင့် ဝန် (Load) တန် ပေါင်း ထောင် ချီ ကို ထမ်း ဆောင် ထိန်း ချုပ် (Bear) လုပ် နိုင် တဲ့ Pile Foundation တစ် ခု လို အပ် တဲ့ အထပ် မြင့် အ ဆောက် အ အုံ တွေ နဲ့ အ လွန် ကြီး မား တဲ့ စက် မှု လုပ် ငန်း ဆိုင် ရာ အ ဆောက် အ အုံ ကြီး များ နှင့် တံ တား တည် ဆောက် ခြင်း တွေ မှာ အ သုံး ပြု တည် ဆောက် ရ ပါ တယ်။
Bored Pile တူး ဖို့ အ တွက် ကျွမ်း ကျင် Bored Piling Contractor အ ဖွဲ့ လို အပ် ပြီး သာ မန် Piling Contractor ကို အ သုံး ပြု လို့ မ ရ ပါ ဘူး။
မြေ ကြီး တူး တဲ့ နည်း စ နစ် Drilling Method က မြေ ကြီး အ မျိုး အ စား အ ပေါ် မူ တည် ပြီး ကောင်း မွန် တဲ့ (Soil Investigation Report) တစ် ခု ရှိ ထား မှ သာ ဘယ် လို Drilling Technology ကို သုံး မ လဲ ဆို တာ ဆုံး ဖြတ် လို့ ရ မှာ ဖြစ် ပါ တယ်။
မှန် ကန် တဲ့ Drilling Technology ကို အ သုံး ပြု ဖို့နဲ့ ပတ် ၀န်း ကျင် မြေ ကြီး ကို ပြ ဿ နာ တ စုံ တ ရာ မ ဖြစ် စေ ဖို့ က Pilling Contractor ရဲ့ တာ ဝန် ဖြစ် ပါ တယ်။
အ လွန် ပျော့ ပြောင်း ပြီး ရေ ပါ ဝင် မှု များ တဲ့ မြေ အ နေ အ ထား မျိုး သဲ၊ ကျောက် စ ရစ် ရွှံ့ပါ ၀င် တဲ့ မြေ အ နေ အ ထား မျိုး နဲ့ မြေ အောက် ရေ ပြင် (Water Level) မြင့် နေ တဲ့ အ နေ အ ထား မျိုး တွေ မှာ ဆို ရင် Pile တူး ရာ တွင် မြေ တူး ပြီး သား အ ပေါက် (Drilled Shaft) ထဲ တွင် မြေ ကြီး ပြို ကျ နိုင် ပါ တယ်။
ထို သို့ မြေ ကြီး ပြို ခြင်း ကို Pile တူး ရာတွင် ဟောင်း လောင်း ပေါက် သံ ကွင်း (Steel Cages) ထည့် သွင်း ပြီး Pile တူး ခြင်း ဖြင့် ကာ ကွယ် နိုင် သ လို Pile တူး နေ စဉ် (Bentonite) အ ရည် ကို Pile အ ပေါက် ထဲ သို့ထည့် ပြီး Pile တူး ခြင်း ဖြင့် Pile အ ပေါက် ထဲ မြေ ကြီး ပြို ခြင်း ကို ကာ ကွယ် နိုင် ပါ တယ်။
Bored Pilling Machine ဖြင့် မြေ ကြီး တူး ခြင်း လုပ် ငန်း ပြီး ပါ က သံ ခြင်း (Reinforcement Bar) ကို (Drilled Pile) အ ပေါက် ထဲ ချ ပြီး Concrete လောင်း ထည့် ခြင်း ဖြင့် Bored Pile တည် ဆောက် ခြင်း ပြီး ဆုံး မှာ ဖြစ် ပါ တယ်။
Credit

✳️ အိမ်ခြံမြေ အခွန်ဆောင်မည့်သူများအတွက် ✳️.......ကျွန်မတို့တွေဟာ အခွန်ဆောင်တဲ့ နေရာမှာ ရာဖြတ်တန်ဖိုး မသိပဲ အခွန်ဆောင်လို...
04/09/2025

✳️ အိမ်ခြံမြေ အခွန်ဆောင်မည့်သူများအတွက် ✳️.......
ကျွန်မတို့တွေဟာ အခွန်ဆောင်တဲ့ နေရာမှာ ရာဖြတ်တန်ဖိုး မသိပဲ အခွန်ဆောင်လို့ မရပါဘူး။ ဒါကြောင့် ကျွန်မဒီနေ့မှာ အိမ်မြေ ဝယ်ခွန်အတွက် ရာဖြတ်တင်ပုံ တင်နည်းလေးကို ပြောပြပေးပါ့မယ်ဗျ။
(၁) ၄လအတွင်း ချုပ်ဆိုထားသော အရောင်း အဝယ်စာချုပ် (မူရင်းနှင့်မိတ္တူ)
(၂) ၁နှစ်အတွင်း ရေးဆွဲထားသော ရောင်း/ဝယ်အတွက် မြေပုံမြေရာဇဝင်(၁၀၅/၁၀၆)။
(၃)အမည်ပေါက်မှ ရောင်းချခြင်း (သို့) မှတ်ပုံတင် ဆက်စပ်စာချုပ်များ။
(၄)ရှေ့/နောက်/ညာ မြေကွက်ဓာတ်ပုံ(၁)စုံ။
(၅)ဝယ်ယူသူ၏ အိမ်ထောင်စုစာရင်း (မူရင်းနှင့် မိတ္တူ )။
(၆)ဝယ်ယူသူက အိမ်မြေ လက်ခံရရှိပြီးကြောင်း ဝန်ခံချက်။
(၇)တင်ပြချက်အားလုံး မှန်ကန်ကြောင်းဝန်ခံချက်စတဲ့ ကာလတန်ဖိုး စီစစ်ရေးအဖွဲသို့ တင်ပြလျှောက်ထားရမှာ ဖြစ်ပါတယ်။
အိမ်ခြံမြေကို တရားဝင် ဝယ်ယူဖို့အတွက် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ စာချုပ်မှတ်ပုံတင်ရပြီး အခွန်တံဆိပ်ခေါင်း များစွာကို ကပ်ရပါတယ်။
ရာဖြတ်လို့ခေါ်တဲ့ “ကာလတန်ဖိုး စိစစ်ရေးအဖွဲ့က သတ်မှတ်ပေးတဲ့ တန်ဖိုးရဲ့ ၄ % ဖိုးဝယ်ယူပြီး ကပ်ရပါတယ်။ အိမ်ခြံမြေဝယ်ရင် ဝယ်ယူမည့်ပစ္စည်းအတွက် “ရာဖြတ်” သတ်မှတ်ဈေးအတိုင်း ကိုယ့်မှာ “ငွေဖြူ” ရှိရင် ပိုပြီးသက်သာပါတယ်။
ငွေဖြူဆိုတာက ဝင်ငွေရလမ်းဖော်ပြနိုင်သောငွေ (သို့) အခွန်စည်းကြပ်ပြီးဖြစ်သောငွေကို ပြောတာပါ။
ငွေဖြူမရှိရင် သိန်း ၁၀၀၀ အောက်- ၃%၊ သိန်း ၁၀၀၀-၃၀၀၀ အထိ- ၅%၊ သိန်း ၃၀၀၀-၃၀၀၀၀ အထိ- ၁၀%၊ သိန်း ၃၀၀၀၀ အထက်- ၃၀% တို့ကို “ဝယ်ခွန်” အဖြစ်ပေးဆောင်ရမည်လို့ အခွန်ဥပဒေမှာလဲ ပြဌာန်းထားပါတယ်။
Credit

Dirección

Toluca
81

Página web

Notificaciones

Sé el primero en enterarse y déjanos enviarle un correo electrónico cuando အိမ်ခြံမြေဂျာနယ် publique noticias y promociones. Su dirección de correo electrónico no se utilizará para ningún otro fin, y puede darse de baja en cualquier momento.

Contacto La Empresa

Enviar un mensaje a အိမ်ခြံမြေဂျာနယ်:

Compartir