Beauty Diary - Wai Yan

Beauty Diary - Wai Yan လူ့သုံးကုန် ပစ္စည်းအမျိးမျိုးရောင်းဝယ်ရေး

"ရှိနေတဲ့အရာကို တန်ဖိုးထားပါ လူတစ်ယောက်နဲ့တစ်ယောက်ပေါင်းစည်းရခြင်းဆိုတာကတွေ့ဆုံခြင်းထက် ပိုခက်ခဲပါတယ်တွေ့ဆုံတိုင်းလည်း ပ...
03/11/2024

"ရှိနေတဲ့အရာကို တန်ဖိုးထားပါ

လူတစ်ယောက်နဲ့တစ်ယောက်
ပေါင်းစည်းရခြင်းဆိုတာက
တွေ့ဆုံခြင်းထက် ပိုခက်ခဲပါတယ်

တွေ့ဆုံတိုင်းလည်း ပေါင်းစည်းခွင့်ရဖို့မလွယ်သလို
ပေါင်းစည်းနေတိုင်းလည်း သက်ဆုံးတိုင်
့တည်မြဲဖို့ အရမ်းခက်ခဲနေတတ်တယ်

ချစ်သည်ဖြစ်စေ မုန်းနေသည်ဖြစ်စေ
လိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ
စွန့်လွှတ်ဖို့ မဖြစ်နိုင်သေးရင်တော့
အတတ်နိူင်ဆုံး တန်ဖိုးထားပြီး ခရီးဆက်ရမှာပါပဲ

တစ်ချို့အရာတွေက
ရုန်းထွက်ဖို့ခက်ခဲတဲ့ အကြွေးဆပ်ဖို့ ဖြစ်နေတတ်သလို
တစ်ချို့အရာတွေကတော့
အကြောင်းအမျိုးမျိုးကြောင့် ရေစက်မကုန်တာလည်း
ဖြစ်နေတတ်တယ်

ကိုယ့်စိတ်သဘောကျ လက်ခံလိုက်မိတဲ့
ဘဝလက်တွဲဖော်ပဲ ဖြစ်ဖြစ်
ဖိအားအမျိုးမျိုးကြောင့် မဖြစ်မနေ လက်ခံလိုက်ရတဲ့
လက်တွဲဖော်ပဲဖြစ်ဖြစ် တကယ်တမ်းတွေးကြည့်ရင်
လူတွေအများကြီးထဲကမှ ကိုယ့်အတွက်
ဖူးစာဖက်ဖြစ်ခဲ့တာလည်း အမှန်ပါပဲ

ရှိနေတဲ့အရာကိုတောင် တန်ဖိုးမထားတတ်ရင်တော့
နောက် ဖြစ်လာမယ့် ကိုယ်ပိုင်ဆိုင်ရမယ့်အရာတွေကို
တန်ဖိုးထားတတ်ဖို့ဆိုတာ ခက်ခဲသွားတတ်ပါတယ်

တကယ်လို့ ကိုယ့်ဘက်က
တန်ဖိုးထား ဂရုစိုက်နွေးထွေးနေပါလျက်နဲ့
သူ့ဘက်က တန်ဖိုးမသိဘဲ သစ္စာပျက်ယွင်းခဲ့ရင်တော့
အကြွေးကျေပြီလို့ မှတ်ယူပြီး
ဘဝကို အဓိပ္ပာယ် ရှိရှိ ဖြတ်သန်းပါနော်။

ကျွန်တော်ကတော့ မေတ္တာရှိပြီဆို ဘယ်လိုမှ သိုဝှက်မြိုသိပ်ပြီး မနေတတ်ဘူးရယ်မျက်နှာလေးမြင်ရဖို့လည်း နေ့တိုင်းအားထုတ်သလိုအကြေ...
02/11/2024

ကျွန်တော်ကတော့ မေတ္တာရှိပြီဆို
ဘယ်လိုမှ သိုဝှက်မြိုသိပ်ပြီး မနေတတ်ဘူးရယ်

မျက်နှာလေးမြင်ရဖို့လည်း နေ့တိုင်းအားထုတ်သလို
အကြောင်းမရှိအကြောင်းရှာပြီးလည်း စကားတွေသွားပြောတာပဲ

စားကောင်းတာလေးစားတဲ့အခါ ခေါ်ကျွေးချင်သလို
ကြိုက်တတ်တာလေး၊ လိုက်ဖက်မှာလေးမြင်မိလည်း ဝယ်ပေးချင်တာပဲ

ခလုတ်တိုက်တာစ အနာတရသေးသေးလေးဆိုရင်တောင်
အပွန်းပဲ့မခံနိုင်တဲ့ အဖိုးတန်ပစ္စည်းလို စိတ်မကောင်းဖြစ်ရတာမျိုးလေ

ပူပန်သောကတွေ ဝေးပြီး ပြုံးပျော်စေချင်တယ်
အဲ့ဒီအပြုံးဟာကျွန်တော့်ကြောင့်သာဆို ပိုလို့တောင်သဘောကျသေး

ကျွန်တော်ချစ်ပါတယ်ဆိုတဲ့အကြောင်း ပြောစရာမလိုဘဲ
အဲ့ဒီလူတင်မက ပတ်ဝန်းကျင်ကပါသိတဲ့ထိ ချစ်ခြင်းမေတ္တာအပေါ်မှာ ဟန်မဆောင်တတ်ပါဘူး

#2001
-crd

ကိုယ့်အနားမှာ တကယ်နေချင်တဲ့သူက ခက်ခဲပင်ပန်းရရင်တောင် ကိုယ့်နားမှာနေဖို့ နည်းလမ်းရှာလိမ့်မယ်။အချစ်မှာအကြောင်းပြချက်တွေမရှ...
02/11/2024

ကိုယ့်အနားမှာ တကယ်နေချင်တဲ့သူက
ခက်ခဲပင်ပန်းရရင်တောင်
ကိုယ့်နားမှာနေဖို့ နည်းလမ်းရှာလိမ့်မယ်။

အချစ်မှာအကြောင်းပြချက်တွေမရှိဘူး
မင်းအတွက်....မင်းနဲ့အတူဆိုတာတွေပဲရှိတယ်။

ကိုယ့်ကိုတကယ်ချစ်တဲ့သူက ကိုယ့်ဆီကိုပဲလာပါတယ်။
အချစ်တွေက ရိုးရှင်းပါတယ် စစ်မှန်ခဲ့ရင်ပေါ့ ..

လိုတာထက်ပိုပြီး ပစ်ထားခံရတာတောင်မင်းမရှိပဲ နေတတ်သွားမှာကို ကြောက်နေမိသေးတယ် ။မင်းသတိရရင် ဆက်လာမှာပေါ့ဆိုပြီးဖုန်းသံလေးချ...
02/11/2024

လိုတာထက်ပိုပြီး ပစ်ထားခံရတာတောင်
မင်းမရှိပဲ နေတတ်သွားမှာကို ကြောက်နေမိသေးတယ် ။

မင်းသတိရရင် ဆက်လာမှာပေါ့ဆိုပြီး
ဖုန်းသံလေးချဲ့ပြီး မျှော်ဖြစ်သေးတယ် ။

မင်းစာပို့ရင် မသိမှာစိုးလို့ဆိုတဲ့ စိုးရိမ်စိတ်နဲ့ ကိုယ့်မှာ
တခြား ဘယ်အရာမှ မလုပ်ဖြစ်တဲ့ ရက်တွေလဲ ရှိတယ် ။

မင်းပြောသလိုပါပဲ ကိုယ်က ချစ်ပဲ ချစ်တတ်တာ
မျက်ရည်ပဲ လွယ်တတ်တာ လူတစ်ယောက်ကိုယ့်ကို
သည်းသည်းလှုပ်ဖြစ်အောင် မချည်တတ်ခဲ့ဘူး ။

လူတစ်ယောက်နဲ့ တစ်ယောက် ရေရှည် လက်တွဲတော့မယ်ဆိုရင်လေ အတွေးအမြင်၊ ခံယူချက်....ခံစားချက်တွေ တူနေဖို့က တကယ် အရေးကြီးဆုံးပဲ။ဒ...
02/11/2024

လူတစ်ယောက်နဲ့ တစ်ယောက်
ရေရှည် လက်တွဲတော့မယ်ဆိုရင်လေ

အတွေးအမြင်၊ ခံယူချက်....ခံစားချက်တွေ
တူနေဖို့က တကယ် အရေးကြီးဆုံးပဲ။

ဒါဟာ... တစ်ယောက်က ပန်းသီး ကြိုက်တဲ့အခါ
တစ်ယောက်ကလည်း ပန်းသီးကိုပဲ
လိုက်ကြိုက်ရမယ်လို့ ဆိုလိုတာမျိုးတော့
ဘယ်ဟုတ်မလဲ။

တကယ် လိုအပ်လာရင်......
ကိုယ့်ဘက်က ပန်းသီးမစားပဲ
နေပေးနိုင်ဖို့လိုအပ်သလို
သူ့ဘက်ကလည်း
ပန်းသီးလိုက် စားပေးနိုင်တဲ့ အချိန်မျိုးပြန်ရှိရမယ်။

"ဒါ....ညှိနှိုင်း နားလည်ပေးခြင်းပဲ"

အကြိုက်တွေတူနေဖို့ မလိုဘူး။
နှစ်ယောက်စလုံးရဲ့ရင်ထဲမှာ အဲဒီလိုဖြည့်ဆည်းတွေးခေါ်ပေးတတ်တဲ့အကျင့်တွေ တူတူရှိနေရင်ရပြီ။

တစ်ယောက်က dramaတွေ ခံစားတတ်ပြီး
တစ်ယောက်က ဟာသတွေနဲ့မှ ရယ်မောပျော်ရွှင်နိုင်တယ်ဆိုလည်း ရှင်းရှင်းပဲ။

သူ dramaကြည့်ငိုတဲ့အခါ ကိုယ်ကနှစ်သိမ့်ပေးပြီး ကိုယ့်ဟာသတွေမှာလည်း သူကလိုက်ရယ်မောပေးနိုင်ရမယ်။

အဲဒီ့လို...ကျွန်တော်ပြောတဲ့ ထပ်တူညီခြင်းဆိုတာက

တစ်ယောက်အတွက် တစ်ယောက်က ပေးနိုင်တဲ့
နားလည်မှု။ ဘယ်လူသားကမှ မပြည့်စုံဘူးတဲ့။
အမှားတွေရှိလာတဲ့အခါ အချင်းချင်းပြန်လည်ဖြည့်တွေးပေးတတ်တဲ့ အကျင့်စရိုက်တွေ။
အတူတူရှိနေတာမျိုးကို ဆိုလိုချင်တာပဲ။

ဒီလိုဆို....ပန်းသီးမကြိုက်တာကလည်း
ပြသနာမဟုတ်တော့သလို..... dramaပဲ
ကြည့်တတ်တာကလည်းအပြစ်ဖို့စရာ မဟုတ်တော့ဘူး။

လူပဲ.......။ နေ့စဉ်ဖြစ်တည်မှုတွေထဲ တစ်ဦးနဲ့တစ်ဦး
သူကြိုက်တာကြီး ငါလိုက်ကြိုက်ရမယ်။
ငါလုပ်တာကြီး သူလိုက်လုပ်ရမယ်ဆိုရင်တော့
ဘယ်လိုမှ ဒီဆက်ဆံရေးတစ်ခုဟာ အချိန်တွေအကြာကြီးထိ တည်တံ့နေနိုင်တော့မှာ မဟုတ်ဘူးလေ။

ထပ်ပြီး နည်းတူ။

တစ်ယောက်ဘက်ကပဲ ဆက်တိုက်တစ်ဖတ်သတ်
လိုက်ညှိယူနေရမယ်ဆိုရင်လည်း တစ်နေ့နေ့မှာ သေချာပေါက်ပြိုပျက်သွားဖို့ များပါတယ်။

' ယုံကြည်ရာတွေ တူဖို့မလိုဘူး '
' ယုံကြည်ပေးတတ်ဖို့တော့ လိုအပ်တယ် '

ဒါဆို....တစ်ခရီးထဲ အတူတွဲလျှောက်လို့ရပြီပဲ။

မညီမျှခြင်းတွေကိုသာ လက်ခံပေးနိုင်စွမ်းရှိရင်
ညီမျှတဲ့ ကောင်းကင်တစ်ခုထဲရဲ့ အောက်ကို
ကျွန်တော်တို့အတူတူ....
ဆိုက်ရောက်ဖို့ အခွင့်အရေးရှိပါတယ်။

မူရင်းရေး သား သူကို လေးစား လျက်
#ဗဟုသုတ စာပေများ

02/11/2024

တန်ဘိုးမထားတတ်တဲ့
လူတယောက်ကို
တန်ဘိုးထားမိသွားရင်
ရလာမဲ့အဖြေက
သင့်ရဲ့ တန်ဘိုး
လျော့နည်းသွားချင်ပါပဲ။

#ချစ်သောသူသိစေဖို့
# ဝေယံ

" နားလည်မှု "____________     တစ်ယောက်နဲ့တစ်ယောက်အဆင်ပြေဖို့...     သူ့ဘက်ကငါ့ကို " ဘယ်လောက်နားလည်ပေးနိုင်မလဲ " ဆိုတာထက်...
02/11/2024

" နားလည်မှု "
____________
တစ်ယောက်နဲ့တစ်ယောက်အဆင်ပြေဖို့...
သူ့ဘက်ကငါ့ကို " ဘယ်လောက်နားလည်ပေးနိုင်မလဲ " ဆိုတာထက်...
ငါ့ဘက်ကသူ့ကို" ဘယ်လောက်နားလည်ပေးနိုင်မလဲ " ဆိုတာပဲ သိပ်အရေးကြီးတယ် ။
" ကိုယ်ကလည်း အဲဒီအတွေးရှိမယ်...
သူကလည်း အဲ့ဒီအတွေးရှိမယ် " ဆိုရင်...
အဲ့ဒီဆက်ဆံရေးဟာ သိပ်ကိုအဆင်ပြေပါတယ် ။
တခါတေလ...
တဖက်က အရမ်းတင်းလာခဲ့ရင်တောင်
တဖက်က အရမ်းလျော့ပေးတတ်ရတယ် ။
အဲ့လိုမှ မဟုတ်ပဲ...
သူတင်း ကိုယ်တင်းနဲ့ဆိုရင်တော့
သေချာတယ်...
အဲ့ဒီဆက်ဆံရေးဟာ သိပ်အဆင်မပြေတော့ဘူး..။
နောက်ပြီး...
တစ်ယောက်နဲ့တစ်ယောက် အနိုင်လိုချင်စိတ်တွေနဲ့
အသေးအမွှားလေးတွေကအစ...
အကြီးကြီးတွေလို ချချပြနေပြန်ရင်လည်း သိပ်မဟုတ်သေးဘူး ။
တစ်ခုတော့ရှိတာပေါ့...။
ကိုယ်တစ်ယောက်ထဲအဆင်ပြေဖို့ဆိုရင်
ကိုယ့်ဘက်ကပဲအနာခံပြီး နားလည်ပေးနေရင်တော့ရတာပေါ့ ။
ဒါပေမဲ့...
နှစ်ယောက်အဆင်ပြေဖို့အတွက်ကတော့
တဖက်ထဲချည်းပဲ နားလည်ပေးနေလို့မဖြစ်ဘူး ။
တဖက်နဲ့တဖက်မျှမျှတတ
သူတလှည့် ကိုယ်တလှည့်...
သူ့ဘက်ကိုယ့်ဘက်ကြည့်ပြီးနားလည်ပေးတတ်ရတယ် ။
ဒီနားလည်မှုတွေက ကွဲလွဲကြပြီဆိုရင်...
အစပြန်ကောက်ဖို့ကလည်း အင်မတန်ခက်ခဲတယ် ။
တစ်ယောက်ကနားလည်းပေးပြီး နောက်တစ်ယောက်ကနားလည်မပေးပြန်ရင်လည်း ဆက်ဆံရေးတွေက အလိုလိုကြဲလာတယ် ။
ကိုယ့်ရဲ့ဆက်ဆံရေးတွေ မပြိုလဲချင်ဘူးဆိုရင်...
ကိုယ်တွဲထားတဲ့လက်တွေ မကွဲချင်ဘူးဆိုရင်...
သူ့ဘက်ကငါ့ကို " ဘယ်လောက်နားလည်ပေးနိုင်မလဲ " ဆိုတဲ့စိတ်ထက်...
ငါ့ဘက်ကသူ့ကို" ဘယ်လောက်နားလည်ပေးနိုင်ရမယ် " ဆိုတဲ့စိတ်ပဲ ရှိဖို့လိုတာပါ ။
တကယ်တော့
" နားလည်မှု " ဆိုတာ
စကားလုံးလှလှလေးနဲ့ခြုံထားတဲ့ အကောင်းမြင်စိတ်ကလေးပါပဲ ။

ချစ်တယ်ဆိုရင် ပစ်မထားပါနဲ့ ...ဒီစာမရေးခင် အရင်ဆုံးတောင်းပန်ချင်တာကကျနော့်ကောင်မလေးပါပဲအရင်ကဆို နေ့ပဲဖြစ်ဖြစ် ညပဲဖြစ်ဖြစ်...
02/11/2024

ချစ်တယ်ဆိုရင် ပစ်မထားပါနဲ့ ...

ဒီစာမရေးခင် အရင်ဆုံးတောင်းပန်ချင်တာက
ကျနော့်ကောင်မလေးပါပဲ

အရင်ကဆို နေ့ပဲဖြစ်ဖြစ် ညပဲဖြစ်ဖြစ် စကားတပြောပြောနဲ့
Relationship တစ်ခုကို ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ကျနော်တို့နှစ်ယောက် အတူတူဖြတ်သန်းခဲ့ကြတယ်

မနေ့ညက အလုပ်ပင်ပန်းလို့ဆိုပြီး သူမကိုပစ်ထားသလို ၊ အလေးနက်မထားသလိုဖြစ်သွားခဲ့တယ်
သူမဆီ စာလဲမပို့ဖြစ်သလို ၊ ဖုန်းလဲမခေါ်ဖြစ်ခဲ့ဘူး
စောစောအိပ်ယာဝင်ဖြစ်ခဲ့တယ်ပေါ့

မနက်မိုးလင်းလို့ ဖုန်းကိုကျနော်ဖွင့်ကြည့်တော့
ကျနော့်ဆီ သူစာတွေပို့ထားတယ်

သူပို့ထားတဲ့စာကြည့်ပြီး စိတ်မကောင်းလဲဖြစ်ရသလို
ကိုယ့်ကိုကိုယ်လဲ အပစ်တွေတင်နေမိတယ်
ပင်ပန်းလို့အိပ်ချင်တယ်ဆိုရင်တောင်
သူ့ကို ကျနော်ပြောပြခဲ့သင့်တယ်မဟုတ်လား

ကိုယ့်ဆီက Reply ပြန်မလာရင်
သူဘယ်လောက်စိတ်မကောင်းဖြစ်နေမလည်း
တခုခုများဖြစ်ရင်ဆိုပြီး
သူဘယ်လောက်စိတ်တွေပူနေမလဲပေါ့

ဘာပဲဖြစ်ဖြစ် ဒါက ကျနော်အပစ်ပဲလေ
သူ့ဘက်ကနေ ကျနော်တွေးကြည့်ခဲ့သင့်တာပေါ့

ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ်
ဒီလိုလုပ်ရက်ဟာ ဒါဟာ နောက်ဆုံးဖြစ်သလို
ဘယ်တော့မှလဲ လုပ်ဖြစ်တော့မှာမဟုတ်ပါဘူး

သူလဲ မိန်းမထဲက မိန်းမတစ်ယောက်ပဲလေ
ဂရုအစိုက်မခံချင်တဲ့ မိန်းကလေး မရှိပါဘူး
သူလဲ ဂရုအစိုက်ခံချင်မှာ ၊ အလေးအနက်အထားခံချင်မှာပေါ့

အဲ့ဒါကြောင့် ကျနော့်လိုမျိုးမဖြစ်ရအောင်
ကိုယ်က သူ့ကို တကယ်ချစ်တယ် မြတ်နိုးတယ်ဆိုရင်
အချိန်အကြာကြီး ပစ်ထားတာမျိုး မလုပ်ပါနဲ့

အထူးသဖြင့် သူ့အပေါ် လေးလေးနက်ထားပေးပါ
ဂရုတစိုက်ရှိပေးပါ

မိန်းကလေးဆိုတာမျိုးက အချိန်အကြာကြီး
ပစ်ထား ခံရတဲ့အခါ ဘယ်လောက်ချစ်ချစ်
မင်းကို စိတ်နာသွားတတ်ပါတယ်

ဒီတော့ ကိုယ်တကယ်ချစ်တဲ့ ချစ်သူကို လူချင်းမတွေ့ရရင်တောင် ဖုန်းဆက်တာ၊ စာပို့တာလောက်တော့ အချိန်မှန်မှန်လုပ်ပေးပါ

ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ်
ကိုယ်ချစ်တဲ့သူအတွက် ဖုန်းလေးခဏဆက်ဖို့လောက်တော့ စာလေး တစ်ကြောင်း နှစ်ကြောင်း ပို့ဖို့လောက်တော့
အချိန်ရှိကြမှာပါ

သူ့အပေါ်အလေးနက်ထားပါ
တတ်နိုင်သလောက် သူ့အတွက် အပျော်တွေရှာဖွေပါ

အလေးနက်ထားတယ်ဆိုတာမျိုးကလည်း
ကြီးကြီးမားမား လုပ်ပြပြီး ဂရုစိုက်ပေးနေစရာမလိုပါဘူး

ဥပမာ - သူ့ရဲ့ မွေးနေ့မှာ နွေးထွေးတဲ့ စာလေးတစ်စောင်ပို့တာပဲဖြစ်ဖြစ်

နေမကောင်းဘူးဆိုရင် ဂရုစိုက်စကားလေးတွေပြောပေးတာပဲဖြစ်ဖြစ်

နောက်ဆုံး ရေချိုးခေါင်းလျှော်တာက အစ
ဂရုစိုက်ဖို့ မှာတဲ့စကားပဲဖြစ်ဖြစ် ပေါ့

ဒီလောက်ကတော့ ချစ်တဲ့သူအတွက် လုပ်ပေးဖို့ လိုအပ်တယ်မဟုတ်လား

ပစ်ထားခံရတယ် လစ်လျူရှုခံရတယ်ဆိုတာမျိုးက
ပစ်ထားတဲ့သူအတွက်လဲ မကောင်းသလို
ပစ်ပယ်ခံထားရတဲ့သူအတွက်လဲ နာကျင်ရပါတယ်

အဒါကြောင့် ကိုယ့်ချစ်သူကောင်မလေးကို
ချစ်တဲ့ကြောင်း ၊ ဂရုစိုက်တဲ့အကြာင်းလေးတွေ လုပ်ပြပါ ဖော်ပြပါ
လစ်လျူရှုတာမျိုးတွေမလုပ်ပါနဲ့ ဂရုမစိုက်တာမျိုးတွေမလုပ်ပါနဲ့

ပစ်ထားခံရတာများလို့ မင်းဘေးနားမှာမနေချင်တော့လို့
ထွက်သွားတဲ့အချိန်ရောက်မှ ပြန်လိုချင်ရင်
သူ ပြန်လာတော့မှာ မဟုတ်တော့ပါ

အမှန်တရားကိုသိတိုင်းလူတိုင်းကိုရှင်းပြလို့မရဘူး"တစ်ချို့လူတွေကအမှန်တရားကိုမလိုချင်ပဲ"""သူတို့ဘက်ကအမြဲမှန်တာကိုပဲလိုချင်တ...
01/11/2024

အမှန်တရားကိုသိတိုင်း
လူတိုင်းကိုရှင်းပြလို့မရဘူး"

တစ်ချို့လူတွေက
အမှန်တရားကိုမလိုချင်ပဲ"

""သူတို့ဘက်ကအမြဲမှန်တာကိုပဲလိုချ
င်တယ် "

အဲ့တော့
ကိုယ့်ကိုယ်ကို ပါးစပ် ပိတ်နေလိုက်"

အချိန်တန်ရင် အမှန်တရားက ပေါ်လာမှာပဲ။

ဆရာအောင်သင်း- စာပေ

Sapalkhaing

Credit 🙏

 #တဖက်ကန်းနေကြသူများ(1)မျက်လုံးရှိရက်နဲ့သူများအပြစ်ကိုပဲမြင်တက်တာအကုလိုလ်မျက်လုံးပါ(2)နားရှိရက်နဲ့သူများဒုက္ခကိုသာကြားချ...
30/10/2024

#တဖက်ကန်းနေကြသူများ

(1)မျက်လုံးရှိရက်နဲ့သူများအပြစ်ကိုပဲမြင်တက်တာ
အကုလိုလ်မျက်လုံးပါ

(2)နားရှိရက်နဲ့
သူများဒုက္ခကိုသာကြားချင်တာ
အကုလိုလ်နားပါ

(3)ပါးစပ်ရှိရက်နဲ့
တစ်ဖတ်သားမကောင်းကြောင်း
ကိုယ့်ကောင်းကြောင်းပဲပြောတက်တာ
အကုလိုလ်ပါးစပ်ပါ

(4)လူတချို့က
ကိုယ့်ဘက်ကိုကြည့်ရင်
မျက်စိတစ်ဖက်ကန်းနေကြပါတယ်

(5)သူတစ်ပါး
ကြီးပွါးတိုးတက်ကြောင်းကြားရရင်
နားတစ်ဖက်ကန်းနေကြပါတယ်

(6)သူတစ်ပါး
ကောင်းကြောင်းပြောဖို့ကြုံလာရင်
နုတ်ဆိတ်ပီးအ နေတက်ကြပါတယ်

(7)လောကကြီးမှာလူပီသဖို့ရာ
ကိုယ်ချင်းစာတရားထားတက်မှ
လူဟာလူနဲ့တူမှာဖြစ်ပါတယ်

ဒါကြောင့်တစ်ဖက်စောင်းနင်းပြီး
တစ်ဖက်ပိတ်နေတဲ့အထဲမှာ
ကိုယ်မပါစေနဲ့

crd မေခ
ဓမ္မမိတ်ဆွေ
ပြန်လည်မျှဝေခြင်း

အချစ်ဆိုတာ ဘာလည်း လို့ ဆိုလျှင်                     " မျှဝေခြင်း "     လို့ အဓိပ်ပါယျ ဖွင့်ချင်တယ်။ပျှော်ရွှင်ခြင်း၊ဝမ်းန...
27/10/2024

အချစ်ဆိုတာ ဘာလည်း လို့ ဆိုလျှင်
" မျှဝေခြင်း "
လို့ အဓိပ်ပါယျ ဖွင့်ချင်တယ်။

ပျှော်ရွှင်ခြင်း၊ဝမ်းနည်းခြင်းကို
မျှဝေ ခံစားမယ်။
ဆင်းရဲခြင်း၊ချမ်းသာခြင်းကို
မျှဝေ ခံစားမယ်။

ဆိုးတူကောင်းဖက် ၊ ဒိုးတူဘောင်ဖက်
ဘဝရဲ့" နိမ့် ၊ မြင့် ၊တက် ၊ ကျ "တွေကို
အတူ ဝေမျှနိုင်ရမယ်။

သည်းသည်းလှုပ် ချစ်ပြနေတာမျိုးထက်
နားလည်မှု့ ပေးနိုင်တဲ့ ချစ်ခြင်း မေတ္တာ
မျိုးက ပိုပြီး ခိုင်မြဲပါတယ်...။

သွေးသားတော်စပ်ခြင်း မရှိတဲ့ ဖို/မ နှစ်ဦး
ဘာကြောင့် အချိန်ကြာကြီး နီးကပ်တဲ့
ဆက်ဆံရေး ရှိလည်း ဆိုရင် နားလည်မှု့
ပေးနိုင်တဲ့ ချစ်ခြင်း နဲ့ မျှဝေခံစားပေးနိင်ခြင်း
ကြောင့်ပါ....။

ချစ်ရင်လေ တားမြစ်ကြတာပါပဲညနက်ထိအပြင်မနေနဲ့ အသောက်အစားပဲအမြဲမလုပ်နဲ့ မကောင်းတဲ့သူတွေနဲ့မပေါင်းနဲ့ စသဖြင့်လေးတွေဟာ ချုပ်ချ...
20/10/2024

ချစ်ရင်လေ တားမြစ်ကြတာပါပဲ
ညနက်ထိအပြင်မနေနဲ့
အသောက်အစားပဲအမြဲမလုပ်နဲ့
မကောင်းတဲ့သူတွေနဲ့မပေါင်းနဲ့
စသဖြင့်လေးတွေဟာ
ချုပ်ချယ်တာမဟုတ်ပဲ မေတ္တာတွေပါ

ဂရုစိုက်ရင်လေ မေးကြတာပါပဲ
ဘာလုပ်နေတာလဲ ဘယ်ပျောက်နေတာလဲ ဘယ်သွားနေတာလဲ ဘယ်သူတွေနဲ့လဲ
စသဖြင့်သောမေးခွန်းတွေဟာ
စပ်စုတာရစ်တာမဟုတ်တဲ့ မေတ္တာတွေပါပဲ

ဖြစ်ထွန်းစေချင်ရင်လေ တိုက်တွန်းကြပါတယ်
အလုပ်လေးအာရုံစိုက်လုပ်ပါ
ကိုယ့်ကိုယ်ကိုယ်ကောင်းအောင်နေပါ
စသဖြင့်လေးတွေဟာ
အပြစ်တင်တာမဟုတ်ပဲ မေတ္တာတွေပါ

မေတ္တာတွေရလာတဲ့အခါ နားလည်လာပါလိမ့်မယ်

ဒီစာကိုဖတ်မိတဲ့အချိန်
တယောက်ယောက်ကိုပြေးမြင်ရင်
အဲ့ဒီလူဟာမင်းကို မေတ္တာထားတဲ့သူပါပဲ

တန်ဖိုးထားစေချင် ။

|| 18.10.2024

Address

Johor Bahru

Website

Alerts

Be the first to know and let us send you an email when Beauty Diary - Wai Yan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category