Chin MaTupi Times

Chin MaTupi Times Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chin MaTupi Times, Real Estate, Kajang.

22/11/2025

🟦ချင်းတောင်ကို ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲတွင် CNA/CNF တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး
--------------
The Matupi Times ၊ နိုဝင်ဘာလ ၁၉ ၊ ၂၀၂၅

ကလေးမှချင်းပြည်နယ်အတွင်းသို့ ထိုးဖောက်ဝင်ရန် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲတွင် CNA/CNF တပ်ဖွဲ့ဝင် Salai San Peter သည် တိုင်းပြည်နှင့်လူမျိုးအတွက် မြင့်မြတ်စွာအသက်ပေးလှူခဲ့ကြောင်း သိရသည်။

Salai San Peter သည် ဇိုတုန်နယ်ဒေသခံတစ်ဦးဖြစ်ပြီး ယမန်နေ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့ မနက်ပိုင်း၌ အကြမ်းဖက်စစ်တပ်နဲ့ထိတွေ့တိုက်ပွဲတွင် ကျဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ချင်းတောင်ကို အင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်တပ်ကို ချင်းလဲန်းကောင်စီ၊ချင်းညီနောင်နှင့် တော်လှန်ရေးမဟာမိတ် အဖွဲ့တို့ပူးပေါင်း တိုက်ခိုက်လျက်ရှိပြီး ၊ ယခုနိုဝင်ဘာလအတွင်း ကလေး၊ ဂန့်ဂေါ ၊ ဖလမ်း၊ တီးတိန် တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် စစ်သားအင်အား ၁၀၀ ခန့် ချေမှုန်းနိုင်ခဲ့တယ္လို့ ချင်းလဲန်းအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန က ယမန်နေ့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ္။

ဓာတ်ပုံ-ဆလိုင်းဆန်းပီတာ(CNA/CNF)
------

22/11/2025
27/10/2025
29/05/2025
29/05/2025

🟦နာရေးသတင်း
----------
The Matupi Times ၊ မေလ ၂၈ ၊ ၂၀၂၅
မတူပီမြို့၊ လောင်ဗန်းရပ်ကွက်၊ ဘောလုံးကွင်းအနီးတွင် နေထိုင်သည့် ဦးဆောမ်ခေး၏ အကြီးဆုံးသား ဦးထန်လျဲန်း (Boei Thang Pa)သည် ယ​နေ့မလေးရှားနိုင်ငံတွင် ဆုံးပါးသွားကြောင်းသိရပါတယ္။

ဦးထန်လျဲန်းသည် ကျန်းမာရေးကြောင့် ယနေ့ည မြန်မာစံတော်ချိန် ၉ နာရီ ၁၅ မိနစ်အချိန်၌ ဆုံးပါးသွားခြင်းဖြစ်ကြောင်းသိရပြီး မိသားစုဝင်များရှိရာ မြန်မာနိုင်ငံသို့ ရုပ်အလောင်းသယ်ယူရန် အစီစဥ်ရှိကြောင်း နီးစပ်သူတစ်ဦးထံကသိရပါတယ္။


#နာရေးသတင်း

07/04/2025
07/04/2025
24/11/2024

Address

Kajang

Website

Alerts

Be the first to know and let us send you an email when Chin MaTupi Times posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category