Laitu Chin ပရဟိတအသင်း

Laitu Chin ပရဟိတအသင်း Laitu Chin Charity Association Rakhine State

လိုင်းတူချင်းလူမှုကူညီရေးအဖွဲ့အစည်းမှအဖွဲ့ဝင်အသစ်များ ဖိတ်ခေါ် ခြင်း________________________________________________    ...
03/04/2026

လိုင်းတူချင်းလူမှုကူညီရေးအဖွဲ့အစည်းမှအဖွဲ့ဝင်အသစ်များ ဖိတ်ခေါ် ခြင်း
________________________________________________
လိုင်းတူချင်းလူမှုကူညီရေးအဖွဲ့အစည်း ကို ၂၀၂၆ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့ တွင် ပြည်ပရောက် လိုင်းတူချင်း လူငယ်များ မှ လူမူကူညီရေး နှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်နိုင် ရန် ရည်ရွယ်၍ ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ပါသည်။

ကျွန်ုပ်တို့အဖွဲ့အစည်းသည် လူမူအခက်အခဲကြုံတွေ့နေရသော ပြည်သူများအား လူသားချင်းစာနာမူဖြင့် ကူညီထောက်ပံ့နိုင်ရန်ရည်ရွယ်​ကြ ပါသည်။

ထို့အပြင် ကျန်းမာရေးချို့တည့်သူများ အားကူညီထောက်ပံ့ပေးနိုင်ခြင်း၊ ဆင်းရဲနွမ်းပါးသည့်ပြည်သူများအား အစားအစာနှင့် အခြားအ​ခြေခံ လိုအပ်ချက်များ ကူညီပေးနိုင် ခြင်း၊ သဘာဝဘေးအန္တရာယ်သင့် သည့်​နေရာ ဒေသများကို ကူညီထောက်ပံ့ပေးနိုင် ခြင်း စသော လူမူကူညီရေး လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

လူမှုအကျိုးပြုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လိုသော လူငယ်များ နှင့် စိတ်ပါဝင်စားသူများအား အဖွဲ့ဝင်အဖြစ်ပါဝင်လာရန် လေးစားစွာဖိတ်ခေါ် အပ်ပါသည်။

အဖွဲ့ဝင်အဖြစ်ပါဝင်ခြင်းအားဖြင့် လူမှုကူညီရေးလုပ်ငန်းများတွင် အတူတကွပူးပေါင်း ဆောင်ရွက်နိုင် ကြ မည်ဖြစ်ပါသည်။ စိတ်ပါဝင်စားသူများအနေဖြင့် L.C.H.O page မှ တစ်ဆင့် ဆက်သွယ်နိူင်ပါသည်။
`` လူသားချင်း စာနာမူဖြင့် အတူတကွ ပူးပေါင်း ကူညီကြ ပါစို့"

ကျနော်တို့၏ Laitu Chin ပရဟိတအသင်း ကို ပြည်ပရောက်   လူငယ်အနည်းစုမှ ဦးစီးဦးဆောင် ၍ဖွဲ့စည်းတည်ထောင်ကြပါသည်။ ဤ အဖွဲ့စည်းသည...
02/04/2026

ကျနော်တို့၏ Laitu Chin ပရဟိတအသင်း ကို ပြည်ပရောက် လူငယ်အနည်းစုမှ ဦးစီးဦးဆောင် ၍ဖွဲ့စည်းတည်ထောင်ကြပါသည်။ ဤ အဖွဲ့စည်းသည် ဒေသစွဲ၊ မျိုးနွယ်စုအစွဲ ၊ ဘာသာစွဲနှင့် ပုဂ္ဂိုလ်ရေး စွဲခြင်းများကို တွန်းလှန်ပြီး LaituChin လှူမှူအသိုင်းဝိုင်းကြား ပိုမိုစည်းလုံးညီညွတ်ကြ စေရန်၊ အမျိုးသားရေး၊ ပညာရေး ၊ ကျန်းမာရေး နှင့် လိုအပ်သော ပရဟိတ ကဏ္ဌများတွင် ပိုမို ကူညီမှူများ(အထူးအလေးနက်ထားလျှက်) ဆောင်ရွက်ကြရန် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပရဟိတ စိတ်အားထက်သန်ကြပါသော အမျိုးကိုချစ်ခင်တန်ဖိုးထားကြပါသော လူငယ်များကို ကျနော်တို့နှင့် ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းနှိူးဆော် အပ်ပါသည်။ ကိုယ်ကျိုးအတွက်မဟုတ်ပဲ တကိုယ်ကောင်းမဆန်သည့် LaituChin လူမှူအသိုင်းဝိုင်း ကိုဦးဆောင်နိုင်သည့် ခေါင်းဆောင်ကောင်း တဦးကိုလည်း အမြဲတမ်း ကျနော်တို့လူငယ်များမှ မျှော်လင်းကြပါသည် ။
ကျနော်တို့သည် ဦးဆောင်ကော်မတီများဖြစ်ကြသော်လည်း နေရာ၊ရာထူး ဂုဏ်သတင်းကြောင့်မဟုတ်ပဲ LaituChin လူမှူအသိုင်းဝိုင်း အတွက်တာဝန်တရပ်အနေ ဖြင့်သာ အစပျိုးဦးဆောင်နေကြခြင်းဖြစ်ပါသည်။ ကျနော်တို့အသင်းကို ဦးဆောင်နိုင်မည့် လူငယ်ပညာတတ်များ၊ တတ်ကျွန်းနားလည်သည့် စီနီယာ ပုဂ္ဂိုလ် များသော်လည်းကောင်း ရှိလာခဲ့သော် အမြဲတမ်း တလှိုက်တလှုဲကြိုဆိုပါသည်။ စည်းလုံးညီညွတ် ကြပါစို့။
ပရဟိတအသင်း (L.C.C.A.R) မှ လူမှူကူညီရေးအသင်း (L.C.H.O) အဖြစ် (1.4.2026)ညတွင် Online အစည်းဝေးမှတဆင့် ပြောင်းလဲအတည်ပြု လိုက်ပါသည်။
လူမှူကူညီရေးအသင်း၏ အဓိကရည်ရွယ်ချက် အဓိဌာန် မှာLaitu Chin လူမှူအသိုင်းဝိုင်း ကြားပိုမိုစည်းလုံးညီညွတ်ကြစေရန်နှင့် ဒေသအတွင်း အကူညီလိုအပ်သော နေရာများတွင် ကူညီ ထောက်ပံ့နိုင်ရန်ဖြစ်ပါသည်။
ချစ်ခင်လေးစားစွာဖြင့်/
__@ung___♥(သတင်းနှင့်ပြန်ကြားရေးမှူ)

  လူမှူအသိုင်းဝိုင်းများနှင့် အများပြည်သူလူထုကို လက်လှမ်းမှီတတ်စွမ်းနိုင်သလောက် လူသားကောင်းကျိုး ဒေသကောင်းကျိုး ပရဟိတ လု...
26/03/2026

လူမှူအသိုင်းဝိုင်းများနှင့် အများပြည်သူလူထုကို လက်လှမ်းမှီတတ်စွမ်းနိုင်သလောက် လူသားကောင်းကျိုး ဒေသကောင်းကျိုး ပရဟိတ လုပ်ငန်းများအားလုပ်ဆောင်နိုင်ရန် ရည်ရွယ်၍ ရခိုင်ပြည်နယ်မှ ပြည်ပရောက် LaituChin လူငယ်များ ဦးဆောင်လျှက် Laitu Chin ပရဟိတအသင်း အားစတင်တည်ထောင်ဖွဲ့စည်း လိုက်ပါကြောင်း အစီရင်ခံအပ်ပါသည်။
______________________________________________
အနယ်နယ်အရပ်ရပ်မှ Laitu Chin လူမှူအသိုင်းဝိုင်း
ကြားပိုမိုစည်းလုံးညီညွတ်လာစေရန်နှင့်
ပညာရေး ၊ကျန်မာရေး ၊သာရေးနာရေး များအပါအဝင် သဘာဝဘေးအန္တရယ်များကြောင့်ဖြစ်ပေါ်လာသော အခြေနေဆိုးများကို ပြည်သူလူထုနှင့်ထပ်တူ လက်တွဲညီညီ တတ်စွမ်းနိုင်​သလောက် ကူညီထောက်ပံ့နိုင်ရန် အတွက်အဓိက ရည်ရွယ်အပ်ပါသည်။
ပရဟိတ စိတ်ထက်သန်သော စည်းလုံးညီညွတ်လိုသော မျိုးချစ် လူငယ်များကို ကျွန်တော်တို့ နှင့်တကွ ပူးပေါင်းပါဝင်ကြပါရန် ထပ်ဆင့်နှိူးဆောင်အပ်ပါသည်။ ကျွန်တော်တို့အားလုံး၏အနာဂတ်နှင့်နောင်လာ မျိုးဆက်လူငယ်တွေအတွက်
စည်းလုံးညီညွတ် လက်တွဲကြပါစို့။
🤝🏻🤝🏻🤝🏻

Address

12, Jalan Sesenduk 21
Kuala Lumpur
41050

Website

Alerts

Be the first to know and let us send you an email when Laitu Chin ပရဟိတအသင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category