Mon Youth Organization Malaysia

Mon Youth Organization Malaysia We Are brothers 🫂❤️

🙏 အလှူရှင်များအားလုံးကို လေးစားစွာ ကျေးဇူးတင်ရှိပါသည် 🙏မမျှော်လင့်ထားလောက်အောင် မေတ္တာတရားများဖြင့် ပါဝင်ကူညီပေးခဲ့ကြသော...
15/07/2026

🙏 အလှူရှင်များအားလုံးကို လေးစားစွာ ကျေးဇူးတင်ရှိပါသည် 🙏

မမျှော်လင့်ထားလောက်အောင် မေတ္တာတရားများဖြင့် ပါဝင်ကူညီပေးခဲ့ကြသော အလှူရှင်တစ်ဦးချင်းစီတိုင်းအား Mon Youth Organization Malaysia မှ အထူးပင် ကျေးဇူးတင်ရှိပါသည်။

သဘာဝဘေးဒဏ်ကြောင့် အခက်အခဲများကြုံတွေ့နေရသူများအတွက် လက်ကမ်းကူညီပေးခဲ့ကြသော သင်တို့ရဲ့ စေတနာ၊ မေတ္တာနှင့် အားပေးမှုများသည် သူတို့အတွက် အားအင်တစ်ခု ဖြစ်ခဲ့ပါတယ်။

အစပိုင်းမှာ ဒီလောက်များပြားတဲ့ စေတနာရှင်များ ပါဝင်လာမယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။ သို့သော် လူတိုင်းရဲ့ နွေးထွေးတဲ့ စိတ်နှလုံးများ ပေါင်းစည်းမှုကြောင့် စုစုပေါင်း မြန်မာငွေ ၄၆၂၃၂၅၀ ကျပ် အထိ ရရှိခဲ့ပါတယ်။

ဒီအလှူမှာ ပါဝင်ပေးခဲ့သူတိုင်းရဲ့ အလှူငွေဟာ ပမာဏသေးသည်၊ ကြီးသည် မဟုတ်ဘဲ လိုအပ်နေသူများအတွက် မျှော်လင့်ချက်တစ်ခု ဖြစ်ခဲ့ပါတယ်။

အလှူရှင်များ၏ ယုံကြည်မှု၊ စေတနာနှင့် အားပေးမှုများကို တန်ဖိုးထားလျက် Mon Youth Organization Malaysia အနေဖြင့် ရရှိလာသော အလှူငွေများကို တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှုတို့ဖြင့် လိုအပ်နေသူများထံ ရောက်ရှိအောင် ဆက်လက်ဆောင်ရွက်သွားပါမည်။

ရှေ့ဆက်ပြီးလည်း အကူအညီလိုအပ်နေသော နေရာများတွင် ကျွန်ုပ်တို့နှင့်အတူ မေတ္တာတရားဖြင့် လက်တွဲပါဝင်ကူညီပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

❤️ ယနေ့ သင်ပေးခဲ့သော ကူညီမှုလေးတစ်ခုက မနက်ဖြန်တစ်ယောက်ယောက်ရဲ့ ဘဝမှာ မျှော်လင့်ချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။

နောက်လာမည့် အလှူအစီအစဉ်များတွင်လည်း အားပေးပါဝင်ပေးကြမည့် စေတနာရှင်အပေါင်းတို့အား ကြိုတင်ကျေးဇူးအထူးတင်ရှိပါသည်။ 🙏

ဂကောံပရဟိတဟံသာအဖွဲ့ဥက္ကဌ မုဟ်ဒုန် အဲမန် Saik Hong Sar

Mon Youth Organization Malaysia

"ပမာဏထက် စေတနာက ပိုအရေးကြီးပါတယ် "  အလှူရှင်တစ်ဦးချင်းစီတိုင်းကို ကျေးဇူးအထူတင်ရှိပါတယ်🙏🙏🙏
13/07/2026

"ပမာဏထက် စေတနာက ပိုအရေးကြီးပါတယ် " အလှူရှင်တစ်ဦးချင်းစီတိုင်းကို ကျေးဇူးအထူတင်ရှိပါတယ်🙏🙏🙏

"ပမာဏထက် စေတနာက ပိုအရေးကြီးပါတယ် "  အလှူရှင်တစ်ဦးချင်းစီတိုင်းကို ကျေးဇူးအထူတင်ရှိပါတယ်🙏🙏
13/07/2026

"ပမာဏထက် စေတနာက ပိုအရေးကြီးပါတယ် " အလှူရှင်တစ်ဦးချင်းစီတိုင်းကို ကျေးဇူးအထူတင်ရှိပါတယ်🙏🙏

Address

Kuala Lumpur

Opening Hours

Monday 00:00 - 00:00

Website

Alerts

Be the first to know and let us send you an email when Mon Youth Organization Malaysia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category