MOFA နဲ့ပက်သက်သမျှဖလှယ်ကြမယ်

MOFA နဲ့ပက်သက်သမျှဖလှယ်ကြမယ် Just want to sharing about MOFA.

 #မူရင်းpostပိုင်ရှင်ကိုcreditပေးပါတယ်
11/05/2025

#မူရင်းpostပိုင်ရှင်ကိုcreditပေးပါတယ်

𝗠𝗢𝗙𝗔 ရုံးမှာ 𝗡𝗼𝘁𝗮𝗿𝘆 စာရွက်တံဆိပ်တုံး
အတွက်ဘယ်လိုဆောင်ရွက်ရမလဲ။
===
Process မစခင်တော့ အရင်ဆုံး
Notary ပြန်ထားရပါမယ်နော်။

၁) ပြီးရင်တော့အရင်ဆုံး လသာလမ်းနဲ့
ကမ်းနားလမ်းထောင့်မှာရှိတဲ့ ဘဏ်(၅)မှာ
အရင်ဆုံး ငွေသွင်းရပါမယ်။ ကိုယ်တုံးထုမယ့်
Notary စာရွက်အရေအတွက်အလိုက်
ငွေသွင်းမယ့်ချလံအရေအတွက်ကိုတောင်းယူပီးသွင်းရမှာပါ။
ဥပမာ-ကိုယ်က
notary စာရွက် (၆) စောင်ဆိုရင်
ငွေသွင်းမယ့်ချလံကလည်း (၆)စောင်
တောင်းရမှာပါ။
တစ်ရွက်ကို (၅၀၀)သွင်းရပါမယ်။
စောစောသွားပီး ယူတာစိတ်ချရပါမယ်။
ဘဏ်(၅)က နေ့လည်(၂)နာရီအထိတော့
ငွေသွင်းလက်ခံပါတယ်။

(MOFA ရုံးကိုမသွားခင်တော့ အရင်ဆုံး
မူရင်းစာရွက်တွေကို Copy ဆွဲထားပါ။
မူရင်းစာရွက်တွေ၊ Notary ပြန်ထားတာတွေ၊
မှတ်ပုံတင်၊ သန်းခေါင်စာရင်းအစရှိတာတွေ ဆွဲထားဖို့လိုပါမယ်။)

၂) ငွေသွင်းပြီးချလံကိုယူပြီး
စကားဝါလမ်းမှာရှိတဲ့ MOFA ရုံးကိုသွားပါ။
မနက် (၉) နာရီလောက်သွားနိုင်ရင်
အကောင်းဆုံးပါ။
၉နာရီလောက်ရောက်ရင်တောင်
ကိုယ့်ရှေ့မှာ အနည်းဆုံး လူ (၂၀)/ (၃၀) လောက်ရောက်နေနှင့်လောက်ပါပြီ။
တန်းစီပြီး အပေါက်ဝမှာ ကိုယ့်ရဲ့
Information အရင်ဖြည့်ရဦးမှာပါ။
ပြီးမှ အထဲဝင်လို့ရပါမယ်။
MOFA ရုံးမှာ Notary တုံးထုပေးတာက
(MON-WED-FRI) အဲ့(၃)ရက်ထဲပါ။
မနက် (၁၀-၁၂)ကို စာရွက်စာတမ်းတွေ
စိစစ်လက်ခံပေးပြီးတော့ ညနေ (၃-၄) ကို
စာရွက်စာတမ်းတွေပြန်ထုတ်ပေးတာပါ။
စာရွက်ထုတ်တာကတော့
(MON-WED-FRI)မဟုတ်ရင်လည်း
ထုတ်လို့ရပါတယ်။

၃) MOFA ရုံးထဲက Notary တုံးထုပေးတဲ့နေရာရောက်ရင်
အရင်ဆုံး form ဝယ်ပါ။
Form တစောင်ကို (၁၀၀၀) ကျသင့််ပြီတော့
Form တစ်စောင်မှာ Notary (၃)စောင်အထိ
တုံးထုပေးပါတယ်။ အကယ်လို့ကိုယ်က
Notary (၆) စောင် တုံးထုမယ်ဆို
Form (၂) စောင်ဝယ်ရပါမယ်။

၄) Form ဖြည့်ပီးရင် တုံးထုမယ့်
Notary စာရွက် Original တွေနဲ့အတူ
မိတ္တူ (၁)ရွက်စီ၊
မူရင်း Notary မပြန်ထားတဲ့ စာရွက်ရဲ့မိတ္တူ (၁) ရွက်စီ၊
အိမ်ထောင်စုဇယား မိတ္တူ (၁)ရွက်၊
မှတ်ပုံတင်မိတ္တူ (၁)ရွက်နဲ့
ဘဏ်(၅)က ငွေသွင်းချလံ (original) တွေကို
တွဲပြီး စာရွက်စာတမ်းစစ်တဲ့နေရာမှာ တန်းစီပါ။
သူတို့စစ်ပြီးတဲ့အခါကျရင် ညနေ(၃)နာရီ၊
ဒါမှမဟုတ် ရှေ့မှာစာရွက်စာတမ်းတွေ
အရမ်းများနေရင် နောက်နေ့ (၃)နာရီ
လာထုတ်ဖို့ပြန်ချိန်းပါလိမ့်ပါ။

(Notary တုံးထုတာကို ကိုယ်တိုင်လုပ်ဖို့
အဆင်မပြေတဲ့သူတွေရှိရင် ကိုယ့်မိသားစုဝင် (သန်းခေါင်စာရင်းထဲပါ) တွေထဲကတယောက်ယောက်လာလုပ်ပေးလို့ရပါတယ်။
အဲ့လိုမရှိဘူးဆိုရင်လည်း ကိုယ်စားလှယ်လွှဲစာနဲ့ ကိုယ်စားလုပ်ပေးလို့ရပါတယ်။
အကျိုးဆောင်ဆိုရင်တော့ သူတို့လက်ခံမယ်
လက်မခံဘူးမသေချာပါဘူး။
အကျိုးဆောင်လို့ထင်ရင် ပြောလွှတ်ရင်လွှတ်ပါတယ်။

ရန်ကုန် MOFA ရုံးလိပ်စာကတော့
တော်ဝင်စင်တာဘေး စကားဝါလမ်းပဲခူးကလပ် မှတ်တိုင်မှာပါ။

Mofa ရုံးမသွားခင်
လသာနဲ့ကမ်းနားလမ်းထောင့်မှာ
ဘဏ်ချလန်အရင်ယူရတယ်နော်။
Mofa ရုံးသွားရင် မူရင်း၊ မိတ္တူ
နှစ်စုံဆွဲသွားရပါတယ်။

အချိန်မပေးနိုင်သူများနှင့် နယ်သမားများအတွက် MOFA တုံးပါယူချင်ပါတယ်ဆိုရင် လည်းကျနော် ကျမတို့ ရဲ့ HandHonline law firm မှ၀န်ဆောင်မှုပေးလျှက်ရှိပါတယ်...

09450117079
H&H online law firm
Crd

 Unmarried Certificate သမားများအတွက်
11/05/2025


Unmarried Certificate သမားများအတွက်

11/05/2025
08/05/2025

SMS နဲ့ MOFA booking ယူတဲ့အခါ ကိုယ်စားသွားမယ့်သူရဲ့ ကိုယ်ရေးအချက်အလက်တွေထည့်ရတာ မဟုတ်ဘူးနော် ကာယကံရှင် MOFA ယူမယ့်သူရဲ့ အချက်အလက်တွေကိုထည့်ရတာပါ ကိုယ်စားသွားယူပေးတဲ့သူက MOFA ရုံးသွားတဲ့နေ့မှ သန်းခေါင်စာရင်းနဲ့မှတ်ပံုတင်ယူသွားရတာပါ

 ဒါကတော့ နိုတြီပြန်ရင်သတိထားရမယ့် စာရင်းပါ။
08/05/2025


ဒါကတော့ နိုတြီပြန်ရင်သတိထားရမယ့် စာရင်းပါ။

MOFA booking ယူရန်အတွက် ဖုန်းနံပါတ်ပါ
03/05/2025

MOFA booking ယူရန်အတွက် ဖုန်းနံပါတ်ပါ

03/05/2025

ဒါ admin ကိုယ်တိုင် အပ်ခဲ့တဲ့ notary service ပါ
စျေးနှူန်းလဲမှန်တယ် တိကျသေချာပါတယ် admin နယ်သာလန်သွားဖို့ လိုအပ်သမျှ စားွက်စာတမ်းတွေကို ရွှေသံလွင်နဲ့ပဲ အပ်ခဲ့တာပါ
၁၀၀% recommend ပေးပါတယ်

https://www.facebook.com/share/18mcLYh5BJ/?mibextid=wwXIfr

Notary Service

 MOFA ‼️ Update ‼️ (၂-၅-၂၀၂၅)MOFA တံဆိပ်တုံး ထုရန်အတွက် ရက်ချိန်း (Booking) ယူရာတွင် SMS စနစ်ဖြင့် ယနေ့ စတင်ယူနိုင်ပြီဟု...
03/05/2025



MOFA ‼️ Update ‼️ (၂-၅-၂၀၂၅)

MOFA တံဆိပ်တုံး ထုရန်အတွက် ရက်ချိန်း (Booking) ယူရာတွင် SMS စနစ်ဖြင့် ယနေ့ စတင်
ယူနိုင်ပြီဟု သိရပါတယ်။

ထုတ်ပြန်ထားသော ညွှန်ကြားချက်ကို သေချာဖတ်ရှု့ပြီး SMS ပို့ကြဖို့ သတိပေးလိုပါတယ်။

‼️ ဖုန်းနံပါတ် တခုဖြင့် တကြိမ် သာ ပေးပို့လို့ ရမှာဖြစ်ပြီး ‼️
နာမည်၊ မှတ်ပုံတင်အမှတ်၊ ကိုယ့်ရဲ့ ဖုန်းနံပါတ်၊ တုံးထုမည့် အစောင်အရေအတွက် စသည်တို့ကို သေချာစွာ မှားယွင်းမှု မရှိအောင် ဂရုပြုစေလိုပါတယ်။
(ပေးပို့ရမည့် နမူနာ စာလဲ ညွှန်ကြားထားပြီးဖြစ်လို့ အဲ့ထဲကအတိုင်း ရေးဖို့လိုပါတယ်။
‼️ အမည် နဲ့ ဖုန်းနံပါတ် ‼️ ကို
အင်္ဂလိပ်ဘာသာဖြင့် ပေးပို့ဖို့ ညွှန်ကြားချက်မှာ ပါတာ သတိပြုပါ။)

MOFA အတွက် SMS စနစ်ဖြင့် လွယ်ကူ အဆင်ပြေသွားပြီဖြစ်လို့ ကျွန်တော့်အနေဖြင့်လည်း
သတင်းမျှဝေခြင်းကို ရပ်နားလိုက်ပါမယ်။

ကျွန်တော်က Agency က လဲ မဟုတ်သလို၊
ပွဲစား (အကျိုးတော်ဆောင်) လဲ
မဟုတ်ပါ။
ကိုယ်တိုင် MOFA ဝင်ရင်း
လမ်းကြုံ ကူညီခြင်းသာ ဖြစ်ပါတယ်။

ကျွန်တော်တင်ထားခဲ့သော Post များအရ
အဆင်မပြေမှုများရှိခဲ့သော် တောင်းပန်လိုပါတယ်။

အဆင်ပြေသွားကြသော် ပီတိဖြစ်ရပါတယ်။

တချို့ Agency Group များပါ
သူတို့ ကျောင်းသားများအတွက် ကော်ပီယူပြီး
သတင်းမျှဝေခဲ့တာလဲ တွေ့ရပါတယ်။

Messenger မှ ဝိုင်းဝန်းပြီး သတင်းမျှဝေပေးကြတဲ့ ကျောင်းသား/ကျောင်းသူများကိုလဲ
ကျေးဇူးတင်ပါတယ်ခင်ဗျာ။

အားလုံး ပူပန် သောက ကင်းဝေးပြီး
အဆင်ပြေ အောင်မြင်ကြပါစေ။

ဦးနိုင်
(၂-၅-၂၀၂၅)

ရုံးရှေ့မှ ညွှန်ကြားချက်စာကို ကျောင်းသူ
(FB အကောင့် - EricDora) မှ ရိုက်ယူ ပေးပို့ပါတယ်။ ကျေးဇူးတင်ပါတယ်။

Credit to owner

 PHOTO CREDIT TO OWNER
03/05/2025



PHOTO CREDIT TO OWNER

03/05/2025



ဒီနေ့တော့အောင်မြင်စွာနဲ့ Mofa တုံးရခဲ့ပါတယ် ဘိုကင်က ၃လပိုင်းထဲကပေးထားတာ ၅လပိုင်း ၁၀ရက်နေ့ကို ဖုန်းမဆက်တာနဲ့ ရုံးကိုဖုန်းဆက်မေးတော့ သူတို့ဘက်ကဖုန်းခေါ်တာလိုင်းမအားလို့နောက်ထပ်မခေါ်တော့ဘူးပြောတယ် ရုံးကိုဖုန်းထပ်ဆက်ပြီး ဝင်ဖို့ရက်သေချာမေးကြည့်ပြီး ၂ ရက်နေ့ နာမည်စာရင်းခေါ်တာစောင့်ကြည့်ပြီး နာမည်​ပါလို့ဝင်ခဲ့ရပါတယ် ဘိုကင်ရက်ကျော်ရင်ရုံးကိုသေချာမေးပါနော်

Credit to owner

03/05/2025


5လပိုင်း 23သမားတွေခုပဲဖုန်းခေါ်ပီး 5ရကိနေ့လာဖို့ချိနိးပါတယ်နော်.အားလုံးသိချင်နေကြမယ်ထင်လ်ု့ပါ.

Credit to owner

03/05/2025

MOFA နဲ့ဆိုင်တာတွေ sharing လုပ်ပေးတာ ၃နှစ်

ပြည့်တော့မယ် အခု Page ထပ်ပြီးလုပ်ဖြစ်တာပါ

Group ကနဲနဲစည်းကမ်းတွေများလို့ပါ အစဉ်ပြေရင်

Like and follow နဲ့ share လို့ရပါတယ်

Ps,မိုဖါနဲ့ပက်သက်တာတွေမျှဝေရုံသက်သက်ပါ

Adres

Grootebroek
1613TL

Website

Meldingen

Wees de eerste die het weet en laat ons u een e-mail sturen wanneer MOFA နဲ့ပက်သက်သမျှဖလှယ်ကြမယ် nieuws en promoties plaatst. Uw e-mailadres wordt niet voor andere doeleinden gebruikt en u kunt zich op elk gewenst moment afmelden.

Contact

Stuur een bericht naar MOFA နဲ့ပက်သက်သမျှဖလှယ်ကြမယ်:

Delen