BagoZaytan - Real Estate

BagoZaytan - Real Estate တရားမျှတမှုဆိုသည်မှာ တရား၍မျှတသောစိတ်ရှိမှပေါ်ထွန်းမည်။

25/04/2025
30/11/2024

မြေ ၂၂ မျိုး

လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ ရာသီဥတုနှင့် ကောက်ပဲသီးနှံအစီရင်ခံစာပါ ရာကောက်-၂ အသုံးချလျက်ရှိသည့် မြေများကို မြေအမျိုးအစားအလိုက် ခွဲခြားဖော်ပြသောစာရင်းတွင် မြေအုပ်စု သုံးစု၊ မြေမျိုး ၂၂ မျိုးနှင့် မြေတည်ရှိမှု ဧရိယာများကို ဖော်ပြထားပါသည်။

အုပ်စု(၁)၌ လယ်ယာမြေဆိုသော စကားရပ်တွင် အကျုံးဝင်သောမြေမျိုး ခြောက်မျိုး၊ အုပ်စု (၂) ရှိ သစ်တောသစ်ပင်ဖုံးလွှမ်းမြေမျိုး သုံးမျိုးနှင့် အုပ်စု(၃)ရှိအခြားမြေ ၁၃ မျိုး စုစုပေါင်း မြေအမျိုးအစား ၂၂ မျိုး ဟူ၍ ခွဲခြားထားပါသည်။

အုပ်စု(၁)ရှိ လယ်ယာမြေဆိုသော စကားရပ်တွင် အကျုံးဝင်သောမြေမျိုး ခြောက်မျိုးမှာ လယ်မြေ၊ ယာမြေ၊ ကိုင်း/ ကျွန်းမြေ၊ ဥယျာဉ်မြေ၊ ဓနိမြေနှင့် တောင်ယာမြေတို့ဖြစ်ပါသည်။

အုပ်စု(၂)ရှိ သစ်တောသစ်ပင်ဖုံးလွှမ်းမြေမျိုးများတွင်ပါဝင်သော မြေသုံးမျိုးမှာ ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တောမြေ၊ တောရိုင်းမြေနှင့် မြေရိုင်းမြေ တို့ဖြစ်ပါသည်။

အုပ်စု(၃)ရှိ အခြား(OA) မြေအမျိုးအစား ၁၃ မျိုးမှာ သတ္တုတွင်းမြေ၊ ကျွဲ၊ နွားစားကျက်မြေ၊ မီးရထားလမ်းမြေ၊ လမ်းမြေ၊ ဆည်မြောင်း၊ ကန်၊ တာတမံမြေ၊ မြစ်ချောင်းနှင့် ရေအောက်မြေ၊ အင်းအိုင်မြေ၊ စက်ရုံမြေ၊ မြို့မြေအတွင်း လူနေထိုင်သည့်မြေ၊ ရွာမြေ၊ လေယာဉ်ပျံ ကွင်းမြေ၊ သာသနာ၊ သုသာန်နှင့် အဆောက်အအုံ စသည့် မြေများနှင့် ကျန်အခြားမြေတို့ဖြစ်ပါသည်။

Address

Bago, Myanmar
Bago City
08018

Alerts

Be the first to know and let us send you an email when BagoZaytan - Real Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BagoZaytan - Real Estate:

Share

Category