Donate For PDF

Donate For PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ၊ ဒေသကာကွယ်ရေး တပ်ဖွဲ့များအတွက် ရည်ရွယ်တည်ထောင်သည်။

30/11/2025

အရေးတော်ပုံ မုချအောင်ရမည်.......အရေးတော်ပုံ မုချအောင်ရမည်.....

စစ်ကိုင်းတိုင်း မုံရွာနဲ့ ဒီပဲယင်းနဲ့ ကနီမြို့နယ်တို့မှာ တိုက်ပွဲဖြစ်ပွားပြီး စစ်လက်နက်ပစ္စည်းနဲ့ ရိက္ခာတွေ သယ်ဆောင်လာတဲ...
03/12/2021

စစ်ကိုင်းတိုင်း မုံရွာနဲ့ ဒီပဲယင်းနဲ့ ကနီမြို့နယ်တို့မှာ တိုက်ပွဲဖြစ်ပွားပြီး စစ်လက်နက်ပစ္စည်းနဲ့ ရိက္ခာတွေ သယ်ဆောင်လာတဲ့ တွဲကားတွေ၊ စစ်ကောင်စီတပ်တွေ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂ ရက် မနက် ၁၁ နာရီလောက်က မန္တလေး- မုံရွာ လမ်းမကြီးပေါ်ရှိ မြေနဲကျေးရွာနားမှာ စစ်ကောင်စီတွဲကား ၁၁ စီး မိုင်းဆွဲတိုက်ခိုက်ရတာကြောင့် ၁ စီး ထိမှန်ခဲ့ပြီး ကား‌ခေါင်းခန်းနဲ့ ရှေ့ဘီး ပျက်စီးသွားကာ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် ပြင်းထန်စွာဒဏ်ရာရှိခဲ့တယ်လို့ မုံရွာညီနောင်မဟာမိတ် ၂ အဖွဲ့က ထုတ်ပြန်ထားပါတယ်။

အပြစ်မဲ့ ပြည်သူ ၂ ဦး မတော်တဆ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက် အပြည့်ဝတာဝန်ယူသွားလို့ ဆိုပါတယ်။

ဒီပဲယင်းမြိုနယ်၊ ကိုင်းကန်ကျေးရွာအနီးမှာလည်း ဒီဇင်ဘာ ၂ ရက်နေ့ ညနေ ၃ နာရီလောက်က ကိုင်းကန်ကျေးရွာဘက်ခြေလျင်လာတဲ့ စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတစ်ဦးက “ကျမတို့ရွာအနီးက ကိုင်းကန်ရွာကို စစ်ကောင်စီတပ်က အင်ပင်ရွာကနေ ခြေလျင်ထွက်လာတယ်။ အဲဒီထွက်လာတဲ့တပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းဆွဲလို အတော်လေးသေသွားတယ်။ ဖြစ်တာက ညနေ ၃ နာရီလောက်က မိုင်းကွဲသံ အကျယ်ကြီးကြားလိုက်ရတာ။ ကျမတို့လည်း အသံအကျယ်ကြီးကြားလိုက်တာနဲ့ ရွာကနေထွက်ပြေးရအောင် ပြင်ဆင်ထားရတယ်။ ကျမတို့ရွာနဲ့ ကိုင်းကန်ရွာနဲ့က ရွာချင်းကပ်နေတာလေ။ အဲရွာက စစ်ဘေးရှောင်တွေတောင် ကျမတို့ ရွာမယ် အခုရောက်နေတာ။ ထပ်ပြီး ကျမတို့ ရွာဘက်ထွက်လာခဲ့ရင် ပြေးကြရမယ်။ စစ်ကေုင်စီဘက်ကတော့ ၂၅ ယောက်ထက်မနည်း ကျဆုံးတယ်လို့ သတင်းကြားရတယ်။ အခုအချိန်အထိ အလောင်းတွေ မကောက်သေးဘူး” လို့‌ ပြောပါတယ်။

အင်ပင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ ၂ ရက်နေ့က ကိုင်းကန်ဘက်စစ်ကြောင်းထွက်ရာမှ မိုင်းဆွဲခံရတာလို့ သိရပါတယ်။

ကိုင်းကန်ကျေးရွာဟာ အိမ်ခြေ ၂၀၀ နီးပါလောက်ရှိပြီး စစ်ကောင်စီတပ်တွေ ဝင်ရောက်နေတာကြောင့် ဒေသခံတွေ ညနေ ၃ နာရီအချိန်ကတည်းက ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၂ ရက် မနက် ၉ နာရီလောက်ကလည်း ကနီမြို့နယ် နတ်ကြီးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ အပြန်အလှန်ပစ်ခတ်ခဲ့ကြတယ်လို့ သိရပါတယ်။

နတ်ကြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ဖြစ်တာက နှစ်ကြိမ်ဗျ။ နတ်ကြီးနဲ့ဝက်ချောင်းလေးကျေးရွာကြားမှာ တစ်ကြိမ်ရယ်၊ ဝက်ချောင်းလေး ကျေးရွာနဲ့ ချောင်းဝကြီးကျေးရွာမှာ တစ်ကြိမ်ဖြစ်ခဲ့တယ်။ သူပစ်၊ ကိုယ်ပစ်ပဲ။ ကျနော်တို့ ပစ်လိုက်တဲ့ လက်နက်ကြီးကျည်က သူတို့အဖွဲ့ကြား ကျသွားတာတော့ မြင်လိုက်ရတယ်။ ဘယ်နှယောက်သေမယ်ဆိုတာတော့ မပြောနိုင်ဘူး။ ကျနော်တို့ဘက်ကတော့ အကျဆုံး မရှိဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကနီမြို့နယ် နတ်ကြီးကျေးရွာမျာ နိုဝင်ဘာ ၂၅ ရက်ကတည်းက တပ်စွဲထားတာကြောင့် ‌နတ်ကြီးအုပ်စုအတွင်းက နတ်ကြီးကျေးရွာအပါအဝင် ကျေးရွာ ၈ ရွာက ဒေသခံတွေ စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။
https://youtu.be/1k7sjfnP2hA

Crd:

DVB TV - စစ်ကိုင်းတိုင်း မုံရွာနဲ့ ဒီပဲယင်းနဲ့ ကနီမြို့နယ်တို့မှာ တိုက်ပွဲဖြစ်ပွားပြီး စစ်လက်နက်ပစ္စည်းနဲ့ ရိက...

လှိုင် (ဖောင်းဒိုင်း) 📍ဒီနေ့ နံနက် ၈နာရီဝန်းကျင် လှိုင်မြို့နယ် (၅)ရပ်ကွက်ဈေးလေးမှာ ပိတောက်ချောင်းရဲစခန်းက ဝုတ် ဝုတ် တစ်...
03/12/2021

လှိုင် (ဖောင်းဒိုင်း) 📍
ဒီနေ့ နံနက် ၈နာရီဝန်းကျင် လှိုင်မြို့နယ် (၅)ရပ်ကွက်ဈေးလေးမှာ ပိတောက်ချောင်းရဲစခန်းက ဝုတ် ဝုတ် တစ်ကောင် နှုတ်ခမ်းနီ လေး တောင့်ဆိုးခံရပြီး ရင်၊ကျော ပေါက် ဂန့်ဟု ကနဦးရေမွှေးရ။
∆ နယ်ထိန်း ခင်မောင်ဝင်းဟုသတင်းရရှိ။
∆ ပစ်တဲ့သူ (CCTV) ထည်းပါသွားတယ်လို့
လည်းသိရပါတယ် / သတိထားနိုင်ရန်
∆ ခြေစုံနယ်မြေခံပြည်သူများမှ
အတည်ပြုပေးထားပါတယ်။
TIME - 11:32 AM
DECEMBER (3.12.2021)
SOURCE - WD SCOUT NEWS
( Telegram Channel ) ⬇️⬇️
https://t.me/Newsinfomation
Crd: # S C O U T N E W S

PDF Hero 2 Version 1.0.1 က ကြော်ငြာတွေ ပေါ်ပြီး ဝင်ငွေတွေ ရနေပါပြီ။Update လုပ်ပြီး ဆော့ပေးကြပါ။ပထမ PDF Hero Game မှာတုန်...
03/12/2021

PDF Hero 2 Version 1.0.1 က ကြော်ငြာတွေ ပေါ်ပြီး ဝင်ငွေတွေ ရနေပါပြီ။
Update လုပ်ပြီး ဆော့ပေးကြပါ။
ပထမ PDF Hero Game မှာတုန်းက တရက်ကို ဝင်ငွေ ၁၅ သိန်းကျော် ရဖူးပါတယ်။
ဒီနေ့ ၁ သိန်းနီးပါးပဲ ရပါသေးတယ်။ Game မှာ လိုအပ်ချက်တွေ အများကြီး ရှိပေမယ့် သည်းခံပြီး ဆော့ပေးကြတာ ကျေးဇူးတင်ပါတယ်။ ဒီထက်ပိုဆော့လို့ကောင်းအောင် ကြိုးစားနေပါတယ်။
Mission 5 လောက်အထိ ပြီးရင် iOS အတွက် ကြိုးစားပါမယ်။
Learn To Donate Page ကို သူငယ်ချင်းတွေကိုလဲ Invite လုပ်ပေးပါ။
PlayStore Link
https://bit.ly/3nwc3qJ
APK Pure
https://apkpure.com/p/com.learntodonate.PDFHero2
Mediafire
https://www.mediafire.com/.../PDFHero2_V1.0.1.apk/file
Join Our Telegram Link
https://t.me/LearnToDonate2



MediaFire is a simple to use free service that lets you put all your photos, documents, music, and video in a single place so you can access them anywhere and share them everywhere.

03/12/2021

မြိန်လိုက်တာ........

ဗဟင်းရဲစခန်းကို မြိုင် PDF အလစ်ဝင်တိုက် ၊အကျဆုံးများ
မြိုင်၊ ဒီဇင်ဘာ ၂၊ ၂၀၂၁။
မြိုင်မြို့နယ်မှာရှိတဲ့ ဗဟင်းရဲစခန်းကို မြိုင် PDF က အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အကျဆုံးများနိုင်တယ်လို့ မြိုင် PDF ရဲ့ တာဝန်ခံက ပြောပါတယ်။
"၄ နာရီလောက်မှာ ဗဟင်းစခန်းကိုဝင်ပစ်တာပေါ့ဗျာ၊ဒီကောင်တွေအလစ်အငိုက်ခံလိုက်ရတဲ့အတွက်အကျအဆုံးတော့တော်တော်များများရှိတယ်ဗျ၊တော်တော်လဲထိခိုက်ဒဏ်ရာရတယ်၊အကျအဆုံးရှိတယ်ဗျ၊ဗဟင်းစခန်းကို တပ်ကူလာတဲ့Mark 2 ကား ၁စီး နဲ့ ဖောကား ၁ စီးကိုလည်း လမ်းကနေဖြတ်ပြီးတော့မိုင်းဆွဲတိုက်ခိုက်သေးတယ်ခင်ဗျ" လို့ ‌မြေလတ်အသံကို ပြောပါတဘ်။
ကျဆုံးသွားတဲ့အာဇာနည် ခေါင်းဆောင်ကြီးMyaing PDFရဲ့ခေါင်းဆောင်ကြီးအောင်ကျော်ဌေးနှင့်တစ်ကွ ၃ လပိုင်း ၁၁ ရက်နေ့မှာကျဆုံးသွားတဲ့သူရဲကောင်း ၆ ဦးအတွက် မြို့ပြတိုက်ပွဲတွေဆက်တိုက် တိုက်ပြီးလက်စားချေသွားမှာဖြစ်သလို အရှိန်ဟုန်ပြင်းပြင်းနဲ့လာနေပြီဖြစ်လို့ ပြည်သူတွေလဲဂရုစိုက်နေကြပါ လို့ မြိုင် PDF ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
#မြေလတ်အသံ

လွတ်မြောက်နယ်မြေဖြစ်ဖို့နီးစပ်လာတဲ့ စစ်ကိုင်းတိုင်း=============================PDF News Channelအခုလက်ရှိ မြန်မာတစ်ပြည်လ...
03/12/2021

လွတ်မြောက်နယ်မြေဖြစ်ဖို့နီးစပ်လာတဲ့ စစ်ကိုင်းတိုင်း
=============================
PDF News Channel
အခုလက်ရှိ မြန်မာတစ်ပြည်လုံး အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်ရာမှာ စစ်ကိုင်းတိုင်းဟာ လွတ်မြောက်နယ်မြေဖြစ်ဖို့ အနီးစပ်ဆုံး တိုင်းဒေသဖြစ်လာနေပါပြီ။ စစ်ကိုင်းတိုင်းဟာ မြို့နယ်ပေါင်း ၃၇ ရှိပြီး မြို့နယ်တိုင်းမှာ PDF တပ်ဖွဲ့တွေရှိနေကြပါတယ်။ စစ်ကိုင်းတိုင်းမှာ PDF အဖွဲ့ပေါင်း ၅၀ နီးပါးခန့်ရှိတယ်လို့ PDF ထံမှ သိရှိရပါတယ်။ တစ်ရွာနှင့် တစ်ရွာ၊ တစ်မြို့နယ်နှင့် တစ်မြို့နယ် PDF အချိတ်အဆက် အားကောင်းနေတယ်လို့ ပြောပါတယ်။ စစ်တပ်ခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးတွေ မရှိတော့ပါဘူး။
စစ်ကိုင်းတိုင်းဟာ တတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့တဲ့ အလောင်းမင်းတရားလို့ခေါ်တဲ့ ဦးအောင်ဇေယျရဲ့ ဇာတိမြို့ဖြစ်တဲ့ ရွှေဘိုမြို့တည်ရှိတဲ့ ဒေသလည်း ဖြစ်ပါတယ်။ သူတို့သမိုင်းမှာ ကြီးကျယ်တဲ့ သူရသတ္တိတွေရှိခဲ့ကြပြီး အခုလည်း စိတ်ဓာတ်ခိုင်မာစွာနဲ့ ပြင်းထန်သော တိုက်ပွဲကို ဆင်နွှဲနေကြတယ်။
စစ်ကိုင်းတိုင်းရဲ့ မြောက်ဘက်ကနဲ့ ကချင် KIA ၊ အနောက်ဘက်မှာ ချင်း CNA, CDF၊ တောင်ဘက်မှာ မကွေးတိုင်း PDF တွေနဲ့ ပူးပေါင်းပြီး အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်နေကြတာပါ။ မြေပြင်မှာ စစ်တပ်က လုံးဝထိုးစစ်ဆင်နိုင်ခြင်း မရှိလို့ ရဟတ်ယာဉ် ၆ စီးနဲ့ လက်နက်ကြီးတွေနှင့်ပါတိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမဲ့လည်း မြေပြင်မှာ လုံးဝ စစ်တပ်က မထိန်းချုပ်နိုင်တော့ပါ။ ဇော်မဲလုံးကိုယ်တိုင်လည်း BBC နဲ့အင်တာဗျူးတဲ့အချိန်မှာ ဝန်ခံထားပါတယ်။
စစ်ကိုင်းတိုင်းကိုသာ PDF ကအပြည့်အပြည့်ဝ ထိန်းချုပ်လာနိုင်ရင် ဒီတော်လှန်ရေးဟာ ကြီးမားတဲ့ ပြောင်းလဲမှုဖြစ်လာမှာပါ။ အပြည့်အဝထိန်းချုပ်နိုင်ဖို့က လက်နက်ကောင်းတွေလိုအပ်နေတာပါ။ တူမီးသေနတ်နဲ့တောင် ဒီလောက်တိုက်ခိုက်နိုင်တာ လက်နက်ကောင်းတွေသာရှိရင် သူတို့နယ်မြေ အပြည့်အဝထိန်းချုပ်နိုင်မှာပါ။ NUG အစိုးရက အတတ်နိုင်ဆုံး ကြိုးစားပေးနေသလို ကျွန်ုပ်တို့အားလုံးလည်း စစ်ဘေးရှောင်ပြည်သူတွေကို တတ်နိုင်တဲ့ဘက်ကနဲ့ ကူညီကြပါစို့။

Address

Kay Poh Road
Singapore
248973

Alerts

Be the first to know and let us send you an email when Donate For PDF posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category