new version

new version Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from new version, Real Estate, Singapore.

◼️ကွမ်းလုံမြို့ကို အပြီးသတ် သိမ်းပိုက်ပြီးစီးကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က တရားဝင် ကြေညာ၁၂ နိုဝင်ဘာ ||| နွေဦးအသံ ||| က...
12/11/2023

◼️ကွမ်းလုံမြို့ကို အပြီးသတ် သိမ်းပိုက်ပြီးစီးကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က တရားဝင် ကြေညာ

၁၂ နိုဝင်ဘာ ||| နွေဦးအသံ |||

ကွမ်းလုံမြို့ကို ညီနောင်မဟာမိတ်သုံးဖွဲ့က အပြီးသတ် သိမ်းပိုက်ပြီးစီးကြောင်း နိုဝင်ဘာ ၁၂ ရက်မှာ မှတ်တမ်းရုပ်သံနဲ့ တကွ တရားဝင်သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ သံချပ်ကာယာဉ်သုံးစီးကို ထပ်မံသိမ်းယူထားတာတွေ့ရတဲ့အပြင် အခြား စစ်သုံးမော်တော်ယာဉ်တွေ၊ သေတ္တာပုံးအလိုက် အမြောက်အမြားတွေ့ရတဲ့ လက်နက်ခဲယမ်းတိုက်တို့ကိုလည်း ညီနောင်မဟာမိတ်သုံးဖွဲ့က သိမ်းဆည်းရရှိခဲ့တာပါ။

MNDAA အလံတော်လွှင့်ထူထားတဲ့ ကွမ်းလုံရဲစခန်းနဲ့ အတူ ညီနောင်မဟာမိတ်သုံးဖွဲ့က သိမ်းပိုက်အပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံးဝ ကင်းစင်နေတဲ့ ကွမ်းလုံ မြို့တွင်း အခြေအနေတွေကို လှည့်လည်ပြသထားပါတယ်။

ပစ်ချခံခဲ့ရတဲ့ စစ်လေယာဉ်ရဲ့ ဆက်စပ်ပစ္စည်းတွေကို NUG ထုတ်ပြန်ပြသလာ++++++++++++++++++++++++++နိုဝင်ဘာ၊ ၁၂ မနေ့က နိုဝင်ဘာ ၁...
12/11/2023

ပစ်ချခံခဲ့ရတဲ့ စစ်လေယာဉ်ရဲ့ ဆက်စပ်ပစ္စည်းတွေကို NUG ထုတ်ပြန်ပြသလာ
++++++++++++++++++++++++++
နိုဝင်ဘာ၊ ၁၂

မနေ့က နိုဝင်ဘာ ၁၁ ရက်နေ့က ကရင်နီဒေသမှ ပစ်ချခံခဲ့ရတဲ့ စစ်လေယာဉ်ရဲ့ ဆက်စပ်ပစ္စည်းတွေကို NUG ရဲ့ ကာကွယ်ရေးဝန်ကြီး ဌာနက အသိပေး ထုတ်ပြန်လာပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်း စစ်ဌာန တပ်ရင်းများက သိမ်းဆည်းရမိသည့် စစ်လေယာဥ်သုံး ဆက်စပ်ပစ္စည်းများဟုဆိုကာ ထုတ်ပြန်လာခြင်းဖြစ်ပါတယ်။

တွေ့ရှိသိမ်းဆည်းရရှိမိတဲ့ ပစ္စည်းတွေကတော့ လေထီး (၁) စုံကယ်ဆယ်ရေး၊ လေထိုးလှေငယ် (၁) စင်း
ကားပြောစက်ကြီး (၁) လုံး၊ လက်ကိုင်စကားပြောစက် (၁) ခု၊ လေယာဉ်မှူးထိုင်ခုံ (၁) ပိုင်း၊
အသက်ရှုအောက်ဆီဂျင်စက် (၁) စုံ၊ Helmet (၁) လုံး၊ဆေးဝါးနဲ့ ဓာတ်စာတွေ ပါဝင်တယ်လို့ ထုတ်ပြန်လာပါတယ်။

လက်ရှိ အချိန်အထိ လေယာဉ်မှူးကို နှစ်ဖက်တပ်ဖွဲ့တွေ အပြင်းအထန် ရှာဖွေနေတယ်လို့လည်း သိရပါတယ်။

24/09/2023

ကိုပိုးလေး ( ဟာသလူရွင်တော် ) မေး။မင်းအောင်လှိုင်စစ်တပ်ကြီးဘာဖြစ်နေပြီလဲလိုမေးရင် ဗိုလ်မှူး ဘယ်လို ဖြေမလဲ။
ဗိုလ်မှူးတင်လင်းအောင် ( CDM )။ပြည်သူတဦးတယောက်ကသာ ကျွန်တော်ကို မေးလာရင်

ဟာသလူရွှင်တော်ကိုပိုးလေး ( ဟားငါးကောင် ) နှင့် CDM ဗိုလ်မှူးတင်လင်းအောင်တို့နှစ်ဦးခဏတာ တွေ့ဆုံခိုက်ဆွေးနွေးပြောဆိုထားတဲ့ရုပ်သံဗီဒီယိုကိုကြည့် ရူ့နိုင်ပါပြီ။

10/09/2023

ဒေါညေးခူ ပြည်သူတို့၏ နေအိမ်များကို မွှေနှောက်ဖျက်ဆီးလုယူ မီးရှို့ သွားသော အကြမ်းဖက် မအလ စစ်ခွေး (မကောင်ဆိုးဝါး) များကို မောင်းထုတ်ရန် ကရင်နီ တော်လှန်ရေးတပ်ပေါင်းစုများမှ ဒေါညေးခူ သို့ စစ်ကြောင်း(၅)ကြောင်းဖြင့် ထိုးသည့်အချိန်

ခွေးအောင်လှိုင်တပ် #ခလရ (၈၀) မှ စစ်ခွေးကလေးနှစ်ကောင်က ရွာသားအရပ်၀တ်ဖြင့် ထွက်ပြေးလာရာ ကျနော်တို့ တောင်ပေါ်စစ်ကြောင်းက (ရွာသားထင်ပြီး ခနခေါ်စကားပြောမည်လုပ်၍) လိုက်သော်လည်း မမှီဘဲ ထွက်ပြေးသွား၍ တောင်အောက်က စစ်ကြောင်းနှင့်တိုး၍ ဖမ်းမိသောအခါ 👇👇👇

03/09/2023
31/08/2023

စစ်ကောင်စီတပ်က သိမ်းဆည်းရရှိထားတဲ့ ၁၂၀ မမ လက်နက်ကြီးနဲ့ စစ်ကောင်စီတပ်ကို ပြန်လည်ပစ်ခတ်တိုက်ခိုက်တဲ့ ဗီဒီယိုဖိုင် Karenni Army Drone Forc ထုတ်ပြန် (ရုပ်/သံ)
+++++++++++++++++++
ကရင်နီပြည်နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို ၎င်းတို့ထံက သိမ်း ဆည်းထားတဲ့ ၁၂၀ မမ လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ဗီဒီယိုဖိုင်ကို Karenni Army Drone Force က ထုတ်ပြန်ပြသလာပါတယ်။

ဗီဒီယိုဖိုင်တွင် ကရင်နီတော်လှန်ရေးတပ်က စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး သေဆုံးဒဏ်ရာရရှိသူတွေကို သယ်ဆောင်ပြီး ခြေဉီးတည်ရာ ထွက်ပြေးနေကြတဲ့ စစ်သားတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

29/08/2023

မပြည့်စုံမှု‌တွေကြားထဲက လေယာဉ်ဒဏ်ကို
ဖျက်မြင်းညီကိုတွေ ရှယ်ခံနေရတယ်ဗျာ..
Po*int 5 Sni*per အတွက် Target က သိန်းလေးထောင်ကျပ်ဖြစ်ပေမယ့်လို့ မိဘပြည်သူတွေ တစ်ယောက် (၁,၀၀၀) တစ်ထောင်ကျပ်နှုန်းပဲလှူပါဦး လက်သုံးချောင်းထောင်ခဲ့တဲ့ မိဘပြည်သူ ၂၀၀,၀၀၀ ပါဝင်ရင်ပဲ သိန်း ၂,၀၀၀ ပြည့်ပြီး လက်ရှိရာခိုင်နှုန်းနဲ့ဆိုရင် (၇၅) ရာခိုင်နှုန်း ရောက်ရှိသွားမှာပါ။ ဒါကြောင့် Video လေးကြည့်မိရင် မြန်မာငွေ (၁,၀၀၀) ကျပ်လောက် အားဖြည့်ပေးဖို့ လက်မနှေးခဲ့ပါနဲ့ခင်ဗျာ။

ဖျက်မြင်းညီကိုတွေ မိဘပြည်သူတစ်ယောက်ချင်း အားဖြည့်ပေးမယ့် (၁,၀၀၀)ကျပ်ကို Messenger မှာ မျှော်နေပါတယ်ခင်ဗျာ။ 🙏

(၁,၀၀၀) ကျပ်ပါဝင်အားဖြည့်မယ့် မိဘပြည်သူဆီရောက်အောင် RCS လေးလည်း လုပ်ပေးခဲ့ပါဦးခင်ဗျာ။ 🙏


#ဖျက်မြင်း

27/08/2023

ကနီမြို့နယ် ပန်းတိမ်ပြင်ရွာ သစ်ကွင်းမှ သစ်တွေ ခိုးယူနေတဲ့ အကြမ်းဖက်စစ်သားတွေကို မဟာမိတ်တပ်ပေါင်းစုက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)
++++++++++++++
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကနီမြို့နယ် ပန်းတိမ်ပြင်ရွာ သစ်ကွင်းမှ သစ်တွေ ခိုးယူနေတဲ့ အကြမ်းဖက်စစ်သားတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ FBGA အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

သြဂုတ်လ ၂၄ ရက် ညနေ ၃ နာရီ ၅ဝ မိနစ်အချိန်ခန့်တွင် ယင်းမာပင်-ဆားလင်းကြီး လက်နက် ကြီး မဟာမိတ်တပ်ပေါင်းစု အဖွဲ့တွေ စုပေါင်းပြီး ကနီမြို့နယ် ပန်းတိမ်ပြင်ရွာ သစ်ကွင်းမှ သစ် တွေ ခိုးယူနေတဲ့ စစ်သားတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်သားတွေ ထိခိုက်မှုကို မြေပြင်အခြေအနေအရ အသေးစိတ်မသိရသေးဘဲ စစ်သားတွေကလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ဆင်ရေးကို Fighter Brotherhood Guerrilla Army နဲ့ Salingyi Border Task Force (SBTF)၊ Eagle Defense Force(EDF)၊ စွန်ရဲပြည်သူ့ကာကွယ်ရေးတပ် (MRDA ရင်း၆ခွဲ၁ )၊ မဲမှောင်ပြောက်ကျားတပ်ဖွဲ့ ၊ နယ်စည်းမခြားဇာမဏီပြောက်ကျားတပ်ဖွဲ့ ၊ ယက္ခညီနောင်၊ တောသားကြီး ပြည်သူ့ကာကွယ်ရေးတပ်၊ တောကျီးကန်း ပြည်သူ့ကာကွယ်ရေးတပ်၊ အခြားမဟာမိတ်များ ဖြစ်ကြတဲ့ ခရိုင်ရင်း ၃၀ DRPA ၊ Black Shadow (ရင်း၃၀ ခွဲ ၄) ၊ Black Team (ခရိုင်ရင်း ၂၇ ခွဲ၄)၊ Black Vote Fighter ၊ Brother Defence Force၊ ဝဂ်ပါ ၊ ဒေါင်မင်းစစ်ကြောင်းတို့က ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

25/08/2023

ရေစကြိုနယ်ဂွေးချိုပျူရွာနဲ့ ဆင်ချောင်းပျူရွာအကူးလမ်းတစ်နေရာမှာ ပျူစောထီးကားကို ပစ်ခတ်တိုက်ခိုက်ရာ ပျူ ၆ ဦးသေဆုံးပြီး ကာဘိုင်သေနတ် ၅ လက် သိမ်းဆည်းရရှိ (ရုပ်/သံ)
+++++++++++++++
ဒီကနေ့ မနက် ၆နာရီအချိန်ခန့်က မကွေးတိုင်း၊ ရေစကြိုနယ်၊ ဂွေးချိုပျူရွာနဲ့ ဆင်ချောင်းပျူရွာအကူး လမ်းတစ်နေရာမှာ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးတွေ စီးလာတဲ့ ကားကို ကာကွယ်ရေးတပ်တွေက ပစ်ခတ်တိုက်ခိုက်ရာ ပျူ ၆ ဦးသေဆုံးပြီး ကာဘိုင်သေနတ် ၅ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဒီကနေ့မှာ ရေစကြိုပကဖက အတည်ပြုထုတ်ပြန်ပါတယ်။

23/08/2023

ဂန့်ဂေါမြို့နယ် ကပစ ၂၃ စခန်းကုန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၃ဦး သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

၂၃၊ ဩဂုတ်၊ ၂၀၂၃-ချင်းတွင်းရိုးမ

မကွေးတိုင်း ဂန့်ဂေါမြို့နယ် ကျောမြို့ အခြေစိုက် ကပစ ၂၃ စခန်းကုန်းကို ယောကာကွယ်ရေးတပ်က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့သည့်အပြင် လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့သည်ဟု ယောကာကွယ်ရေးတပ် - YDF ကထုတ်ပြန်ထားသည်။

ယမန်နေ့ ဩဂုတ်လ ၂၁ရက်နေ့ နံနက် ၉နာရီခွဲ ဝန်းကျင်အချိန်၌ ဂန့်ဂေါမြို့နယ် အရှေ့ပိုင်း ကျောမြို့ အခြေစိုက် ကပစ (၂၃) ၏ စစ်ရေးဗျူဟာ အချက်ချာကျသည့် စစ်ကောင်စီစိုးမိုးကုန်းကို ယောကာကွယ်ရေးတပ် ယောနက စစ်ကြောင်းက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိုတိုက်ခိုက်မှုသည် မိနစ် ၂၀ ဝန်းကျင်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့ပြီး ထိုထဲတွင် တပ်ကြပ်ကြီး တစ်ဦး ပါဝင်ခဲ့သည်ဟု သိရသည်။

ထို့ပြင် MA-3 (၂) လက်၊ ကျည် (၁၃) ဘောက်၊ ကျည် (၃၄၃) တောင့်၊ အီကွေးမန့် (၄)ခု၊ ကျောပိုးအိတ် (၁)လုံး၊ ဖုန်း (၄) လုံးနှင့် ပါဝါဘန့် (၂)လုံး သိမ်းဆည်းရရှိခဲ့ပြီး ကာကွယ်ရေး တပ်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။

21/08/2023

လက်ခက်တောင်တွေ လင်းယုန်တွေ
စွန်ရဲ တွေ သိမ်းငှက် တွေ J fighters
တွေ ဘယ်လို အစာကောက် လဲ
တော့မသိ
ကော့ကရိတ်မြိုနယ်၊ရွာသစ်ကုန်း
မြင်ကွင်း ကတော့
[...]ရေ ခင်ဗျားတို့ ဘယ်နေရာကနေ
စ ခွာကြမှာလဲ ခွာတာတွေတော့များ
တော့နေ.....

Address

Singapore

Telephone

+6581414308

Website

Alerts

Be the first to know and let us send you an email when new version posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category