Julia Han - Property Agent Singapore

Call Directions Contact the business

Julia Han - Property Agent Singapore Providing the Finest Real Estate Services. Buy and Sell your property in one place.

21/09/2026

🏠 Upper Changi နဲ့ Simei MRT အနီး အိမ်ရာပိုမိုဆောက်နိုင်မည်

URA က Upper Changi နဲ့ Simei MRT ဘူတာတွေအနီးရှိ မြေကွက် ၃ ခုမှာ အိမ်ရာအရေအတွက် ပိုမိုဆောက်လုပ်နိုင်ရန် မြေသိပ်သည်းဆ (Gross Plot Ratio – GPR) ကို ပြန်လည်သုံးသပ်နေပါတယ်။

အဓိကအချက်တွေက—

* Expo MRT အနီး မြေကွက်မှာ အိမ်ခန်း/အိမ်ရာ ၆၀၀ ခန့် ဆောက်လုပ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ယခင်ခန့်မှန်းချက်က ၃၅၀ ခန့်ပါ။
* Upper Changi အခြားနေရာတစ်ခု မှာ အိမ်ရာ ၅၀၀–၅၅၀ ခန့် ဆောက်လုပ်နိုင်နိုင်ပါတယ်။
* Simei MRT အနီး မြေကွက်မှာ GPR ကို 3.4 အထိ တိုးမြှင့်ဖို့ အဆိုပြုထားပြီး အိမ်ရာ ၄၈၀–၅၃၀ ခန့် ဆောက်လုပ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

📌 ဘာကြောင့် အိမ်ရာပိုဆောက်မလဲ?

URA ရဲ့ ရည်ရွယ်ချက်က MRT ဘူတာတွေနဲ့ နီးတဲ့မြေနေရာတွေကို ပိုမိုထိရောက်စွာ အသုံးပြုပြီး အိမ်ရာပိုမိုဖန်တီးရန် ဖြစ်ပါတယ်။

Ref: Straits Times

Ref: Straits Times

07/09/2026

New residential development potential in Punggol East.

🏙️ Punggol East မှာ အိမ်ရာအသစ် 8,000 ကျော် ဆောက်လုပ်နိုင်မယ့် မြေဧရိယာကြီးတစ်ခု ပေါ်ပေါက်လာမယ်!

Punggol East ရဲ့ Sungei Serangoon အနီးမှာ စုစုပေါင်း 25 hectares လောက်ရှိတဲ့ မြေဧရိယာကို အနာဂတ်မှာ Residential Development အတွက် အသုံးပြုဖို့ သတ်မှတ်ထားပါတယ်။ 🏡

📍 အဆိုပါဧရိယာမှာ Residential Development အတွက် မြေကွက်ကြီး 5 ကွက် ပါဝင်ပြီး အနာဂတ်မှာ—

🏠 Private Condo နဲ့ HDB အိမ်ရာ စုစုပေါင်း 8,000 ကျော် ဆောက်လုပ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

အချို့ခန့်မှန်းချက်တွေအရ Private Condo အနေနဲ့ 8,400 units အထိ၊ Public Housing အနေနဲ့ 7,000 units နီးပါး ဆောက်လုပ်နိုင်ပါတယ်။

🌊 အထူးစိတ်ဝင်စားစရာကတော့ မြေကွက် 5 ကွက်ထဲက 4 ကွက်ဟာ Sungei Serangoon ရဲ့ မြစ်ကမ်းနားမှာရှိတာ ဖြစ်ပါတယ်။

🚇 ထို့အပြင် အနာဂတ်မှာ Cross Island Line (CRL) Punggol Extension နဲ့ ဆက်သွယ်လာမှာဖြစ်ပြီး 2032 ခန့်မှာ Riviera MRT Station ရှိလာနိုင်တာကြောင့် ဒီဧရိယာရဲ့ Connectivity နဲ့ Property Potential က ပိုကောင်းလာနိုင်ပါတယ်။

✨ Punggol East ဟာ Waterfront Living + Future MRT Connectivity + New Residential Development တွေကြောင့် အနာဂတ်မှာ စောင့်ကြည့်သင့်တဲ့ Property Area တစ်ခု ဖြစ်လာနိုင်ပါတယ်။

📌 ဒါပေမယ့် လက်ရှိအချိန်မှာ Development ရဲ့ အသေးစိတ်အချိန်ဇယားကို အတည်ပြုကြေညာထားခြင်း မရှိသေးပါဘူး။

🏡 Punggol / Sengkang ဘက်မှာ Property ဝယ်ယူဖို့ စဉ်းစားနေသူများအတွက် အနာဂတ် Development တွေကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။

Source: The Business Times

🔥 NOVENA မှာ FREEHOLD Condo အသစ်ရှာနေပါသလား? 🔥💎 The Serra Residences – Freehold Luxury Living📍 Prime District 11 | Noven...
04/09/2026

🔥 NOVENA မှာ FREEHOLD Condo အသစ်ရှာနေပါသလား? 🔥

💎 The Serra Residences – Freehold Luxury Living
📍 Prime District 11 | Novena

Freehold + MRT အနီး + Boutique Development
ဒီ 3 ခုလုံးကို တစ်နေရာတည်းမှာ ရချင်သူတွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့ Project လေးပါ။ ✨

🏡 133 Units သာရှိတဲ့ Boutique Condo
🚇 Novena MRT အနီး
🛍️ Square 2 | Velocity | United Square အနီး
🏥 HealthCity Novena အနီး
🏊 50m Swimming Pool
🎾 Tennis Court
💎 Freehold

✨ ကိုယ်တိုင်နေဖို့ Luxury Lifestyle
✨ ရေရှည်ပိုင်ဆိုင်ဖို့ Freehold Advantage
✨ Prime Location ကြောင့် Investment အတွက်လည်း စဉ်းစားသင့်

📩 Price / Unit / Floor Plan / Payment Schedule သိချင်ရင် Message ပို့ပြီး မေးမြန်းနိုင်ပါတယ်ရှင့်။ 🥰

The Serra Residences – Own a piece of Freehold Novena. 💎

🏡 အိမ်အသစ်လေးနဲ့ ပျော်ရွှင်စရာအစပြုခြင်း ❤️ကျွန်မရဲ့ ချစ်စရာ Client များမှ Blk 664A, Jurong West Street 64 မှ 5-Room HDB...
01/09/2026

🏡 အိမ်အသစ်လေးနဲ့ ပျော်ရွှင်စရာအစပြုခြင်း ❤️

ကျွန်မရဲ့ ချစ်စရာ Client များမှ Blk 664A, Jurong West Street 64 မှ 5-Room HDB Flat လေးကို အောင်မြင်စွာ ဝယ်ယူပြီးစီးသွားပါပြီ။ 🎉🔑

📍 Location အရမ်းကောင်းတဲ့နေရာ ဖြစ်ပြီး Boon Lay MRT နဲ့ Jurong Point Shopping Mall တို့ကို အလွန်နီးကပ်စွာ သွားလာနိုင်တဲ့အတွက် နေထိုင်ဖို့ အထူးအဆင်ပြေတဲ့နေရာလေးပါ။ 🚇🛍️

✨ အိမ်အတွင်းမှာလည်း Renovation လှလှလေး လုပ်ထားပြီးသားဖြစ်လို့ ပြန်လည်ပြုပြင်စရာ မလိုတော့ပါဘူး။

🛋️ ဒိအပြင် Seller များမှ အရည်အသွေးကောင်းတဲ့ Furniture အသစ်များကိုပါ ချန်ထားပေးခဲ့တာ ကြောင့် Client များအတွက် ပိုမိုအဆင်ပြေပြီး အိမ်အသစ်လေးကို စိတ်ချမ်းသာစွာနဲ့ အသင့်နေထိုင်နိုင်မှာ ဖြစ်ပါတယ်။ ❤️

ဒီယူနစ် လေးကို ရရှိသွားတာ တကယ်ကို ကံကောင်းတဲ့ဝယ်ယူမှုလေးတစ်ခုပါ။ 🏠✨

🎊 Congratulations to my lovely clients! 🎊
အိမ်အသစ်လေးမှာ မိသားစုနဲ့အတူ ပျော်ရွှင်စရာအချိန်တွေ၊ အမှတ်တရကောင်းတွေ အများကြီး ဖန်တီးနိုင်ကြပါစေရှင်။ 🥰🔑❤️

အိမ်ရောင်း၊ အိမ်ဝယ်နဲ့ ပတ်သက်ပြီး အကြံဉာဏ်လိုအပ်ရင် ကျွန်မကို ဆက်သွယ်နိုင်ပါတယ်ရှင်။ ❤️

🏡✨ Lucerne Grand Singapore - Lakeside ရဲ့ ထူးခြားတဲ့ New Launch Condo အသစ် ✨🏡📍 Lakeside Drive မှာ တည်ရှိပြီး Lakeside MR...
26/08/2026

🏡✨ Lucerne Grand Singapore - Lakeside ရဲ့ ထူးခြားတဲ့ New Launch Condo အသစ် ✨🏡

📍 Lakeside Drive မှာ တည်ရှိပြီး Lakeside MRT နဲ့ 1 မိနစ်ခန့်သာ လမ်းလျှောက်ရုံ နဲ့ ရောက်ရှိနိုင်တဲ့အပြင် Jurong Lake Gardens နဲ့လည်း အလွန်နီးကပ်ပါတယ်။ 🚇🌳

ဒီ Project ရဲ့ ထူးခြားချက်ကတော့ Condo တစ်ခုတည်းသာ မဟုတ်ဘဲ Retail + Dining + Supermarket တွေကိုလည်း Development အတွင်းမှာ ထည့်သွင်းထားတာပါ။ နေ့စဉ်လိုအပ်တဲ့ ပစ္စည်းတွေကို အောက်ဆင်းပြီး အလွယ်တကူ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ 🛍️🍜

🌟 Project Highlights
• Lakeside MRT နဲ့ တိုက်ရိုက်ချိတ်ဆက်ထားတဲ့ Location
• 1,000 sqm ခန့် Retail & Dining Space
• 700 sqm Supermarket
• Jurong Lake Gardens အနီး
• Primary Schools နဲ့ International School တွေရှိတဲ့ Education Catchment
• Jurong Lake District ဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ ရေရှည်အလားအလာကောင်းတဲ့ Location 📈

🏢 Project Details
• 570 Units
• 99 Years Leasehold
• 5 Blocks, 17 Storeys
• Developer – City Developments Limited (CDL)
• Expected Completion – 3Q 2029

📅 Preview – 18 September 2026
📅 Booking Day – 3 October 2026

🌿 နေရာကောင်း၊ MRT နီး၊ Shopping & Dining အဆင်ပြေပြီး Jurong Lake District ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အခွင့်အရေးယူနိုင်မယ့် Project အသစ်တစ်ခုပါ။

🏠 ကိုယ်တိုင်နေထိုင်ဖို့ပဲဖြစ်ဖြစ်၊ ရင်းနှီးမြှုပ်နှံဖို့ပဲဖြစ်ဖြစ် စိတ်ဝင်စားသူများအတွက် Unit Selection နဲ့ Price အကြောင်း အသေးစိတ် မေးမြန်းနိုင်ပါတယ်။

📩 စိတ်ဝင်စားရင် ကျွန်မကို တိုက်ရိုက် Message ပို့ပြီး မေးမြန်းနိုင်ပါတယ်။ ❤️ကျေးဇူးတင်လျှက်
CEA 025596G
ERA Realty Network Pte Ltd

🏡✨ GRAND DUNMAN Condominium project in Singapore📍 Dunman Road, District 15🚇 Dakota MRT အနီး🌿 271,622 sq ft ကျယ်ဝန်းတဲ့ မ...
23/08/2026

🏡✨ GRAND DUNMAN Condominium project in Singapore

📍 Dunman Road, District 15
🚇 Dakota MRT အနီး
🌿 271,622 sq ft ကျယ်ဝန်းတဲ့ မြေဧရိယာ

အရှေ့ဘက်ခြမ်းမှာ နေချင်သူတွေအတွက် Grand Dunman က တကယ်စိတ်ဝင်စားဖို့ကောင်းတဲ့ Project တစ်ခုပါ။
MRT နီး၊ စားသောက်ဆိုင်တွေ နီးပြီး East Coast နဲ့ Katong ရဲ့ လူနေမှုပုံစံကိုလည်း အလွယ်တကူ ခံစားနိုင်ပါတယ်။ ❤️

✨ Grand Dunman ကို ဘာကြောင့် စဉ်းစားသင့်လဲ?

🚇 Dakota MRT အနီး
နေ့စဉ်အလုပ်သွားအလုပ်လာ၊ City Centre ဘက်သွားလာတာတွေ အဆင်ပြေပါတယ်။

🏠 1 Bedroom ကနေ 5 Bedroom အထိ
Single ဖြစ်ဖြစ်၊ Couple ဖြစ်ဖြစ်၊ မိသားစုကြီးနဲ့ဖြစ်ဖြစ် ကိုယ့်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ Unit ကို ရွေးချယ်နိုင်ပါတယ်။

🌿 Facilities စုံလင်ပြီး အပန်းဖြေလို့ကောင်းတဲ့ Environment
အိမ်မှာပဲ အေးအေးဆေးဆေး အနားယူချင်သူတွေအတွက်လည်း သင့်တော်ပါတယ်။

🏫 Kong Hwa School အနီး
သားသမီးရှိတဲ့ မိသားစုတွေအတွက်လည်း Location ကောင်းတစ်ခု ဖြစ်ပါတယ်။

🍜 Old Airport Road Food Centre & Katong အနီး
အစားအသောက်ကောင်းတွေ စားချင်တဲ့အခါ၊ ကော်ဖီသောက်ချင်တဲ့အခါ၊ Weekend မှာ လည်ချင်တဲ့အခါ ရွေးချယ်စရာတွေ အများကြီးရှိပါတယ်။

💎 ကိုယ်တိုင်နေဖို့ပဲဖြစ်ဖြစ်၊ ရင်းနှီးမြှုပ်နှံဖို့ပဲဖြစ်ဖြစ် စဉ်းစားလို့ကောင်းတဲ့ Project တစ်ခုပါ။

📌 Grand Dunman 名门世家
📍 Dunman Road, D15
🚇 Dakota MRT အနီး
🏠 1–5 Bedroom
🌿 271,622 sq ft Site

📲 Unit တွေ၊ လက်ရှိဈေးနှုန်းနဲ့ Promotion တွေ သိချင်ရင် Message ပို့ပြီး မေးမြန်းနိုင်ပါတယ်ရှင်။ ❤️

🌿🏙️ RIVER GREEN Condominium project in Singapore Prime District 9 မှာ ရင်းနှီးမြှုပ်နှံဖို့ အထူးစဉ်းစားသင့်တဲ့ New Launc...
20/08/2026

🌿🏙️ RIVER GREEN Condominium project in Singapore
Prime District 9 မှာ ရင်းနှီးမြှုပ်နှံဖို့ အထူးစဉ်းစားသင့်တဲ့ New Launch Condo

📍 Prime District 9 – River Valley
🚇 Great World MRT (TEL) အနီး
🛍️ Great World City ကိုလည်း အလွယ်တကူ သွားနိုင်
🚇 Orchard MRT ၁ ဘူတာတည်း — City Centre ကို အလွန်လွယ်ကူစွာ ချိတ်ဆက်နိုင်

🔥 ဘာကြောင့် River Green ကို ရွေးချယ်သင့်လဲ?

✨ District 9 ရဲ့ Prime Location – Orchard, River Valley နဲ့ CBD တို့ကို လွယ်ကူစွာ သွားလာနိုင်
✨ MRT အနီး – နေထိုင်သူအတွက် Convenience ကောင်းပြီး အနာဂတ် Tenant Demand အတွက်လည်း အားသာချက်ရှိ
✨ Established Lifestyle – Great World City, Shopping, Dining & Entertainment တွေအားလုံး အနီးမှာရှိ
✨ New Launch + 99-Year Leasehold – အသစ်စက်စက် Project ဖြစ်တာကြောင့် ကိုယ်တိုင်နေဖို့နဲ့ ရင်းနှီးမြှုပ်နှံဖို့ နှစ်မျိုးလုံး စဉ်းစားနိုင်
✨ Only 524 Units – Project ကြီးမားလွန်းခြင်းမရှိဘဲ Exclusive ဖြစ်တဲ့ development
✨ Luxury Facilities – 50m Lap Pool, Tennis Court, Gym, Sky Facilities & Greenery

💎 အဓိကကတော့ — Prime District 9 + MRT + Great World City + New Launch ဆိုတဲ့ အားသာချက် ၄ ခုကို တစ်နေရာတည်းမှာ ရရှိနိုင်တာပါ။

📩 Price / Floor Plan / Available Units သိချင်ရင် Message ပို့ထားနိုင်ပါတယ်ရှင် ❤️

🏡✨ SORA – Jurong ရဲ့ Nature-Inspired New Launch Condo 🌿✨Singapore Jurong Lake Gardens ရဲ့ စိမ်းလန်းတဲ့ သဘာဝအလှကို နေ့စဉ်...
18/08/2026

🏡✨ SORA – Jurong ရဲ့ Nature-Inspired New Launch Condo 🌿✨
Singapore
Jurong Lake Gardens ရဲ့ စိမ်းလန်းတဲ့ သဘာဝအလှကို နေ့စဉ်ခံစားရင်း ခေတ်မီပြီး အေးချမ်းတဲ့ Condo Life ကို ရှာဖွေနေသူများအတွက် SORA ကို မိတ်ဆက်ပေးချင်ပါတယ်ရှင်။ ❤️

📍 Location – Yuan Ching Road, D22
🌳 Jurong Lake Gardens အနီး
🏠 99-Year Leasehold
🏢 စုစုပေါင်း 440 Units
🛏️ 1 Bedroom + Study မှ 5 Bedroom အထိ
🏊‍♀️ Facilities 60 ကျော်
🌿 Nature-inspired design နဲ့ Forest, Water & Sky concept ကို အဓိကထားဖန်တီးထားတဲ့ Project ဖြစ်ပါတယ်။

✨ SORA ရဲ့ အားသာချက်များ
• Jurong Lake Gardens ကို မျက်နှာမူထားတဲ့ ကျယ်ဝန်းတဲ့ frontage
• Nature နဲ့ Modern Lifestyle ကို ပေါင်းစပ်ထားတဲ့ Design
• Family အတွက် သင့်တော်တဲ့ Facilities များစွာ
• Lakeside / Chinese Garden MRT နှင့် Jurong East Hub တို့ကို လွယ်ကူစွာ သွားလာနိုင်ခြင်း
• JEM, Westgate, IMM တို့လို Shopping & Lifestyle amenities တွေနဲ့လည်း နီးစပ်ပါတယ်။

💰 လက်ရှိ Unit အမျိုးအစားနဲ့ ဈေးနှုန်းတွေက Unit အလိုက် ကွာခြားနိုင်ပါတယ်။
လက်ရှိ Available Units, Price List, Floor Plan နဲ့ Best Unit Selection ကို သိချင်သူများအတွက် အသေးစိတ်ရှင်းပြပေးနိုင်ပါတယ်ရှင်။ 😊

📩 Showflat Viewing / Price List / Floor Plan လိုချင်ရင် ကျွန်မကို Message ပို့ပေးနိုင်ပါတယ်ရှင်။

🏡 SORA – Live closer to nature, live connected. 🌿✨

The LakeGarden Residences (嘉湖庭) 🌿🏡Jurong Lake Gardens အနီးမှာရှိတဲ့ Premium Condo Project တစ်ခုဖြစ်ပြီး Wing Tai က Devel...
17/08/2026

The LakeGarden Residences (嘉湖庭) 🌿🏡

Jurong Lake Gardens အနီးမှာရှိတဲ့ Premium Condo Project တစ်ခုဖြစ်ပြီး Wing Tai က Developer ဖြစ်ပါတယ်ရှင်။

✨ 99-year Leasehold
🏢 306 Units
🏙️ 19 ထပ် အဆောက်အအုံ ၂ လုံး
📍 Yuan Ching Road, Jurong Lake District
🌳 Jurong Lake Gardens နဲ့ အလွန်နီးပါတယ်
🗓️ TOP – August 2027 ခန့်မှန်းထားပါတယ်

🔥 လက်ရှိ Available Unit ၃ ခန်းသာ ကျန်ရှိတော့ပါတယ်ရှင်။

Jurong Lake District ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့အတူ Location ကောင်းပြီး ရင်းနှီးမြှုပ်နှံမှုအတွက်လည်း စိတ်ဝင်စားစရာကောင်းတဲ့ Project တစ်ခုဖြစ်ပါတယ်ရှင်။

Unit တွေရဲ့ အထပ်၊ အကျယ်အဝန်း၊ Facing၊ View နဲ့ ဈေးနှုန်း အသေးစိတ်ကို သိချင်ရင် မေးမြန်းနိုင်ပါတယ်ရှင်။ ❤️

🎉🏡 ဂုဏ်ယူဝမ်းမြောက်စွာဖြင့် Congratulations ပါရှင်! 🥳❤️Canberra Crescent Residences မှာ S$2.48 million တန် 4 Bedroom BUC...
16/08/2026

🎉🏡 ဂုဏ်ယူဝမ်းမြောက်စွာဖြင့် Congratulations ပါရှင်! 🥳❤️

Canberra Crescent Residences မှာ S$2.48 million တန် 4 Bedroom BUC Unit လေး 1216 sq ft လဲကျယ် အိပ်ခန်း ၄ ခန်း ရေချိုးခန်း အိမ်သာ ၄ ခန်း 4 🛌 4 🛀 ကို ဝယ်ယူနိုင်ခဲ့တဲ့ ကျွန်မရဲ့ ချစ်ရတဲ့ Client များကို အထူးပင် Congratulations ပါရှင်။ 🎊🎉

သူတို့ရဲ့ အဓိကလိုအပ်ချက်က West Sun မထိဘဲ၊ အရှေ့အနောက် အမြင်ပိတ်ဆို့မှုမရှိတဲ့ Unblocked View ရှိတဲ့ အခန်းလေးကို ရှာဖွေဝယ်ယူဖို့ပါ။ ☀️🏡

ဒီလို West Sun မရှိ၊ Unblocked View ရတဲ့ Unit ကို Resale Market မှာ ရှာဖွေရတာ တော်တော်ခက်ခဲပါတယ်။ 🔎

အချိန်ယူပြီး သေချာရှာဖွေပြီးနောက်မှာတော့ သူတို့လိုချင်တဲ့ အချက်တွေနဲ့ ကိုက်ညီတဲ့ S$2.48 million တန် BUC Unit လေးကို နောက်ဆုံးမှာ ရှာတွေ့ပြီး ဝယ်ယူနိုင်ခဲ့ပါတယ်။ 🎉🔑

မိသားစုအတွက် သာယာလှပပြီး နွေးထွေးတဲ့ အိမ်လေးတစ်အိမ် ဖြစ်ပါစေ။ 🏡❤️
အနာဂတ်မှာလည်း ကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပြီး ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။ 🙏✨

ကျွန်မကို ယုံကြည်စွာနဲ့ ဒီအိမ်လေးရှာဖွေဝယ်ယူရာမှာ လက်တွဲပေးခဲ့တဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်။ ❤️

Congratulations to my wonderful clients! 🎉🔑🏡
S$2.48 Million — Your dream home, your new beginning! ❤️✨

Address

Singapore
641666

Telephone

+6592250088

Website

Alerts

Be the first to know and let us send you an email when Julia Han - Property Agent Singapore posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Julia Han - Property Agent Singapore:

Shortcuts

Share

Category