Ma Ei Singapore Real Estate

Call Directions Website Contact the business

Ma Ei Singapore Real Estate I believe in staying humble and working diligently—providing honest advice and dedicated service to every client.

🏡 စင်ကာပူ အိမ်ခြံမြေ အကျိုးဆောင် မအိ🏡

CEA Reg.No : R055935D


📲 65- 82260620 တိကျခိုင်မာကောင်းမွန်သော ဝန်ဆောင်မှူများ အတွက် မအိကိုဆက်သွယ်ပါ။

🏡၂၀၁၄ ခုနှစ်မှစ၍ ယုံကြည်စိတ်ချရပြီးကောင်းမွန်သော စင်ကာပူအိမ်ခြံမြေ ဝန်ဆောင်မှုများပေးဆောင်လျက်ရှိပါသည်။

ဒီနေ့ကြည့်တဲ့အိမ်ရဲ့view ကတော့ ကြိုက်ပြီ၊ ပြီးတော့ ဟို အပုံလိုက်  😆
01/10/2026

ဒီနေ့ကြည့်တဲ့အိမ်ရဲ့view ကတော့ ကြိုက်ပြီ၊

ပြီးတော့ ဟို အပုံလိုက် 😆

🇸🇬 စင်ကာပူမှာ PR၊ နိုင်ငံသားနဲ့ Work Pass အရေအတွက်တွေ ဘယ်လိုပြောင်းလဲလာလဲ? စင်ကာပူဟာ ကမ္ဘာတစ်ဝန်းက ပညာရှင်တွေ၊ ကျွမ်းကျင...
30/09/2026

🇸🇬 စင်ကာပူမှာ PR၊ နိုင်ငံသားနဲ့ Work Pass အရေအတွက်တွေ ဘယ်လိုပြောင်းလဲလာလဲ?

စင်ကာပူဟာ ကမ္ဘာတစ်ဝန်းက ပညာရှင်တွေ၊ ကျွမ်းကျင်ဝန်ထမ်းတွေနဲ့ အလုပ်သမားတွေကို ဆက်လက်ဆွဲဆောင်နေပါတယ်။ ဒါပေမယ့် အုပ်စုတိုင်းရဲ့ အရေအတွက်က တူညီတဲ့နှုန်းနဲ့ တိုးနေတာတော့ မဟုတ်ပါဘူး။

📊 ၂၀၂၃ ကနေ ၂၀၂၅ အတွင်း—

🔹 PR အသစ်ရရှိသူ
တစ်နှစ်ကို ၃၅,၀၀၀ ဝန်းကျင်နဲ့ အတော်လေးတည်ငြိမ်နေပါတယ်။

🔹 စင်ကာပူနိုင်ငံသား အသစ်ဖြစ်လာသူ
အရေအတွက် တိုးလာပါတယ်။

🔹 Employment Pass (EP) ကိုင်ဆောင်သူ
အရေအတွက်က သိသိသာသာ မပြောင်းလဲဘဲ တည်ငြိမ်နေပါတယ်။

🔹 ONE Pass ကိုင်ဆောင်သူ
နှစ်ဆကျော် တိုးလာပါတယ်။

🔹 Work Permit ကိုင်ဆောင်သူ
အရေအတွက်က သိသိသာသာ ဆက်တိုးလာပါတယ်။

💡 ဒီကိန်းဂဏန်းတွေက စင်ကာပူရဲ့ အလုပ်အကိုင်လိုအပ်ချက်၊ နိုင်ငံတကာပညာရှင်တွေကို ဆွဲဆောင်မှုနဲ့ ရေရှည်စီးပွားရေးဦးတည်ချက်ကို နားလည်ဖို့ အထောက်အကူပြုပါတယ်။

စင်ကာပူမှာ အလုပ်လုပ်နေသူ၊ နေထိုင်နေသူ၊ ဒါမှမဟုတ် မိသားစုရဲ့အနာဂတ်ကို ဒီမှာတည်ဆောက်ဖို့ စီစဉ်နေသူဆိုရင် ဒီအပြောင်းအလဲတွေကို စောင့်ကြည့်ထားဖို့ ကောင်းပါတယ်။ 🇸🇬

ရှမ်းပဲပုတ်အရမ်းကြိုက်တော့don don donki ကnattoကိုလဲကြိုက်ပါတယ် ကြက်ဉကြော်၊ ထမင်းဖြူ၊ စားချင်တဲ့အရွှက်ထည့် လက်ဖက်စိမ်းရေန...
27/09/2026

ရှမ်းပဲပုတ်အရမ်းကြိုက်တော့

don don donki ကnattoကိုလဲကြိုက်ပါတယ်

ကြက်ဉကြော်၊ ထမင်းဖြူ၊ စားချင်တဲ့အရွှက်ထည့်

လက်ဖက်စိမ်းရေနွှေးကြမ်းနဲ့ဆို perfect meal ပါ 😍

🇸🇬 စင်ကာပူ လူဦးရေ ၆.၂၁ သန်းကျော်လာပြီ!၂၀၂၆ ဇွန်လအထိ စင်ကာပူရဲ့ လူဦးရေဟာ ၆.၂၁ သန်း ရှိလာပြီး ၁ နှစ်အတွင်း ၁.၆% တိုးလာပါတယ...
26/09/2026

🇸🇬 စင်ကာပူ လူဦးရေ ၆.၂၁ သန်းကျော်လာပြီ!

၂၀၂၆ ဇွန်လအထိ စင်ကာပူရဲ့ လူဦးရေဟာ ၆.၂၁ သန်း ရှိလာပြီး ၁ နှစ်အတွင်း ၁.၆% တိုးလာပါတယ်။

အထူးသဖြင့် Infrastructure Project တွေ၊ Changi Airport T5 လို စီမံကိန်းကြီးတွေကြောင့် Foreign Workers အရေအတွက်လည်း တိုးလာတာကို တွေ့ရပါတယ်။

📌 Citizens — 3.68M
📌 PRs — 0.55M
📌 Non-residents — 1.98M

✅All citizen and PRs က အိမ်မငှါးဘူးလို့တွက်ကြည့်ရင် တောင် အနဲဆုံး အိမ်ငှါးမယ့် Non-Residentsလူဦးရေ က ၈-၉သိန်းလောက်တော့ ရှိပါမယ် ။

❌1.98 mil လူဦးရည် အိမ်ငှါးမယ်လို့တွက်လို့မရပါဘူး

✅တချို့က အဆောင်မှာနေကြပါတယ်
✅တချိုု့က Domestic helper ဆိုတော့အိမ်ငှါးဖို့မလိုပါဘူး

💎 LUCERNE GRAND – 💎❗️indicated ဈေးနှုန်း – $2,251 psf မှ စတင်ပါမယ်🏠 အခန်းအမျိုးအစားနှင့် ဈေးနှုန်းများ🔹 2 Bedroom — $1.4...
26/09/2026

💎 LUCERNE GRAND – 💎

❗️indicated ဈေးနှုန်း – $2,251 psf မှ စတင်ပါမယ်

🏠 အခန်းအမျိုးအစားနှင့် ဈေးနှုန်းများ

🔹 2 Bedroom — $1.498M မှ စတင်
🔹 2 Bedroom + Study — $1.598M မှ စတင်
🔹 3 Bedroom — $1.988M မှ စတင်
🔹 3 Bedroom + Study — $2.328M မှ စတင်
🔹 4 Bedroom — $2.788M မှ စတင်
🔹 4 Bedroom + Study — $3.228M မှ စတင်

👉 စက်တင်ဘာလ 18 ရက် (သောကြာနေ့) မှာ Preview စတင်ပါမယ်။

Showflat သွားကြည့်ချင်သူများ ကြိုတင် Booking ပြုလုပ်နိုင်ပါတယ်။

✨ LUCERNE GRAND ကို ဘာကြောင့် စိတ်ဝင်စားသင့်လဲ?

🚇 Lakeside MRT နဲ့ တိုက်ရိုက်ချိတ်ဆက်ထားပါတယ်
အလုပ်သွား၊ အလုပ်ပြန်အတွက် သွားလာရေး အလွန်အဆင်ပြေပါတယ်။

🛍️ အဆောက်အအုံအောက်မှာ Shopping နဲ့ စားသောက်ဆိုင်တွေ ရှိပါတယ်
ခန့်မှန်းခြေ 700 sqm ရှိတဲ့ Supermarket လည်း ပါဝင်တာကြောင့် နေ့စဉ်အတွက် အလွန်အဆင်ပြေပါတယ်။

🏫 ကျောင်းကောင်းများအနီးမှာရှိပါတယ်

1 km အတွင်း Government Primary School 4 ကျောင်း ရှိပြီး
Rulang Primary School လည်း ပါဝင်ပါတယ်။

🌏 International School နဲ့ University တွေလည်း အနီးမှာရှိပါတယ်
Canadian International School၊ Dulwich College၊ River Valley High School နဲ့ NTU – Nanyang Technological University တို့လည်း အနီးအနားမှာရှိပါတယ်။

💰 နေထိုင်ရန်ရော ရင်းနှီးမြှုပ်နှံရန်ပါ စဉ်းစားနိုင်တဲ့ Project တစ်ခုပါ
MRT အနီးမှာရှိခြင်း၊ ပတ်ဝန်းကျင်အဆင်ပြေမှုနဲ့ Jurong Lake District ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကြောင့် ဝယ်ယူသူများ စိတ်ဝင်စားတဲ့နေရာတစ်ခု ဖြစ်ပါတယ်။

🌳 Jurong Lake Gardens အနီးမှာရှိပါတယ်
သဘာဝအပင်အစိမ်းရောင်များနဲ့ နီးစပ်ပြီး မိသားစုနဲ့ နေထိုင်ရန်လည်း သင့်တော်ပါတယ်။

🏙️ Jurong Lake District – Singapore ရဲ့ ဒုတိယ C*D အဖြစ် ဖွံ့ဖြိုးလာနေတဲ့ဧရိယာ
ဒေသဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ အနာဂတ်အိမ်ခြံမြေတန်ဖိုးကို စောင့်ကြည့်သင့်တဲ့ဧရိယာတစ်ခု ဖြစ်ပါတယ်။

📩 အခန်းအမျိုးအစား၊ ဈေးနှုန်း၊ Payment Plan နဲ့ Showflat ကြည့်ရန်အတွက် အသေးစိတ်သိချင်ရင် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

☎️ မအိ
📱 8226 0620

JB က စားကောင်းတဲ့ပုဇွန်ကြော် 👍😍Address: 72, Jalan Lembah 1, Taman Desa Jaya, 81100 Johor Bahru, Johor.Hours: 10am - 5pm ...
25/09/2026

JB က စားကောင်းတဲ့ပုဇွန်ကြော် 👍😍

Address: 72, Jalan Lembah 1, Taman Desa Jaya, 81100 Johor Bahru, Johor.
Hours: 10am - 5pm (Closed on Sun)
Contact: 013-723 5526

🏡 80B Meyer Road • **အငှား — S$14,500/လ**• Strata Bungalow • အိပ်ခန်း 5+1 ခန်း + Family Room• ၂ ထပ် + Attic + Basement• ...
24/09/2026

🏡 80B Meyer Road
• **အငှား — S$14,500/လ**

• Strata Bungalow
• အိပ်ခန်း 5+1 ခန်း + Family Room
• ၂ ထပ် + Attic + Basement
• Ensuite Bathroom ၆ ခန်း
• ကျယ်ဝန်းသော Living & Dining Area
• ကိုယ်ပိုင် Swimming Pool + Outdoor Terrace များ
• ကိုယ်ပိုင် Garage + အိမ်ရှေ့ Covered Parking
• လူနေအိမ်ခြေသိပ်သည်းမှုနည်းသော Landed Residential Area
• East Coast Park သို့ လမ်းလျှောက် ၁၀ မိနစ်ခန့်
• Katong Park MRT (TEL) သို့ လမ်းလျှောက် ၆ မိနစ်ခန့်
• Shenton Way သို့ ကားဖြင့် ၁၀ မိနစ်ခန့်
• ကျောင်းများအနီး
• ချက်ချင်းနေထိုင်နိုင်

Ma EI | ERA Realty Network Pte Ltd
Mobile : 82260620

✨ Meyer Road ရဲ့ လူကြိုက်များတဲ့ Landed Residential Area ထဲမှာ နေရာကျယ်ဝန်းမှု၊ Privacy နဲ့ သွားလာရလွယ်ကူမှုကို တစ်ပြိုင်နက်တည်း ရရှိနိုင်တဲ့ ရှားပါးတဲ့ Landed Home တစ်လုံးပါ။

🇸🇬 AI ကုမ္ပဏီကြီးတွေ Singapore ကို ဘာကြောင့် ရွေးချယ်ပြီးလာဖွင်.ကြတာလဲ?Google DeepMind၊ OpenAI၊ Anthropic (Claude)、NVIDI...
24/09/2026

🇸🇬 AI ကုမ္ပဏီကြီးတွေ Singapore ကို ဘာကြောင့် ရွေးချယ်ပြီးလာဖွင်.ကြတာလဲ?

Google DeepMind၊ OpenAI၊ Anthropic (Claude)、NVIDIA စတဲ့ AI ကုမ္ပဏီကြီးတွေ Singapore မှာ Research Centre၊ AI Lab နဲ့ Regional Team တွေ တိုးချဲ့လာကြပါတယ်။

ဘာကြောင့်လဲ?

1) ✅Talent 👩‍💻

NUS၊ NTU၊ A*STAR လို Research Institution တွေရှိသလို နိုင်ငံတကာ Technology Talent တွေကိုလည်း ဆွဲဆောင်နိုင်ပါတယ်။ Singapore မှာ AI Centres of Excellence 70 ကျော် ရှိလာပါပြီ။

2) ✅Tax + Business Environment 💰

Corporate Income Tax က 17% ဖြစ်ပြီး Technology နဲ့ R&D လုပ်ငန်းတွေအတွက် အစိုးရရဲ့ အထောက်အပံ့တွေရှိပါတယ်။

3) ✅Government Investment 🏗️

လာမယ့် ၅ နှစ်အတွင်း AI Research အတွက် S$1 billion ရင်းနှီးမြှုပ်နှံမယ်လို့ Singapore က ကြေညာထားပါတယ်။ OpenAI ကလည်း S$300 million ကျော် ရင်းနှီးမြှုပ်နှံဖို့ ကြေညာထားပါတယ်။

4) ✅Asia Gateway 🌏

Singapore က Southeast Asia နဲ့ Asia-Pacific Market တွေကို ချိတ်ဆက်ဖို့ တည်ငြိမ်လုံခြုံပြီးအရမ်းကောင်းတဲ့Gateway နိုင်ငံတစ်ခုပါ။

5) ✅Infrastructure ⚡

Cloud၊ Data Centre နဲ့ Digital Infrastructure တွေလည်း အားကောင်းပါတယ်။

6) ✅ Strong IP Protection 💰🔐

AI ကုမ္ပဏီတွေအတွက် အရမ်းအရေးကြီးတဲ့ Intellectual Property (IP) Protection လည်း အားကောင်းပါတယ်။

AI ကုမ္ပဏီတွေရဲ့ Software၊ Patent၊ Copyright၊ Proprietary Technology နဲ့ Trade Secrets လို အရေးကြီးတဲ့ နည်းပညာနဲ့ အချက်အလက်တွေကို ဥပဒေအရ ကာကွယ်နိုင်ပါတယ်။

Singapore က Singapore IP Strategy 2030 နဲ့ နိုင်ငံကို Asia ရဲ့ Technology၊ Innovation နဲ့ IP Hub တစ်ခုအဖြစ် ပိုမိုခိုင်မာအောင် တည်ဆောက်နေပါတယ်။

AI ကုမ္ပဏီတစ်ခုအတွက်တော့

Talent ရှိတာတင်မကဘဲ ကိုယ်ပိုင် Technology နဲ့ Innovation ကို လုံခြုံစွာ ကာကွယ်နိုင်တာ ကလည်း နိုင်ငံရွေးချယ်ရာမှာ အရေးကြီးတဲ့အချက်တစ်ခုပါ။ 🇸🇬

ဒါကြောင့် AI ကုမ္ပဏီတွေ ဝင်လာတာက ကုမ္ပဏီတွေ တိုးလာတာတင်မဟုတ်ပါဘူး။

✅Talent → ✅Capital → ✅Research → ✅Jobs → ✅Business → ✅Property Demand

⭐️⭐️ဒီလိုနဲ့ မြို့တစ်မြို့ရဲ့ စီးပွားရေး Ecosystem တစ်ခုလုံးကို ပြောင်းလဲစေနိုင်ပါတယ်။

Singapore Property ကိုကြည့်တဲ့အခါ လူဦးရေ | အိမ်ဈေးနဲ့ အတိုးနှုန်းတင်မကဘဲ ဘယ် Industry တွေ ဝင်လာနေသလဲ၊ Talent တွေ ဘယ်နေရာမှာ စုလာနေသလဲ ဆိုတာလည်း စောင့်ကြည့်သင့်ပါတယ်။ 🇸🇬

©မအိ | ERA Realty Network Pte Ltd
CEA Reg.No : R055935D

📌 ဒီ Post ရဲ့ အကြောင်းအရာ၊ စာသားနဲ့ အချက်အလက်တွေကို ကိုးကားအသုံးပြုနိုင်သော်လည်း မူရင်းရေးသားသူကို Credit ပေးပါရန် မေတ္တာရပ်ခံပါတယ်။🙏😊

23/09/2026

📣⭐️Thomson Reserve Project

Coming soon ~ 😊

Address

450 Lor 6 Toa Payoh, ERA APAC Centre
Toa Payoh
319394

Alerts

Be the first to know and let us send you an email when Ma Ei Singapore Real Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ma Ei Singapore Real Estate:

Share

Category