07/02/2026
🔴Manchester United VS Tottenham Hotspur ⚪
🔴ဒီကနေ့ည အိုးထရက်ဖို့ဒ် (Old Trafford) မှာ ကစားမယ့် ကျနော်တို့ရဲ့ချစ်ရပါသောမန်ချက်စတာယူနိုက်တက်နဲ့ စပါးအသင်း တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၂၅) ဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ရော၊ အသင်းနှစ်သင်းလုံးရဲ့ ဂုဏ်သိက္ခာအတွက်ပါ အလွန်အရေးကြီးတဲ့ ပွဲစဉ်ဖြစ်ပါတယ်။
🔴မန်ချက်စတာယူနိုက်တက်ဟာအိမ်ကွင်းမှာ ကစားရမှာဖြစ်ပြီး မကြာသေးခင်က ရလဒ်တွေ ပြန်တက်နေပါတယ်။ Greenwood ပြန်လာမယ့်သတင်းတွေကြောင့် ပရိသတ်တွေကြား စိတ်လှုပ်ရှားမှုတွေ ရှိနေသလို၊ တိုက်စစ်ပိုင်းကလည်း အရင်ကထက် ပိုမိုမြန်ဆန်လာတာ တွေ့ရပါတယ်။ပီးခဲ့တဲ့ပွဲစဉ်တွေမှာတုန်းကလဲ(မန်စီးတီး-အာဆင်နယ်-ဖူဟမ်)သုံးသင်းစလုံးကိုအနိုင်ကန်ပြထားတဲ့နည်းပြကြီး"ကာဒစ်"ရဲ့ကစားကွက်ပိုင်းဟာတော်တော်လေးအားရစရာကောင်းလှပါတယ်။ဒီကနေ့ညမှာယောလန်ဒန်က(ကြက်ဖ)ကြီးကို(အိမ်မက်ပြဇာတ်ရုံ)ကြီးခေါ်တီးပြနိုင်ဦးမလာဆိုတာစောင့်ကြည့်ရဦးမယ်ဗျာ။
⚪စပါးအသင်းဟာ"အန်ဂီပိုစတီကိုဂလူး"ရဲ့ တိုက်စစ်ဖွင့်ကစားဟန်က အားကောင်းနေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အဝေးကွင်းပွဲစဉ်တွေမှာ ခံစစ်ပိုင်း ဟာကွက်လေးတွေ ရှိနေတတ်တာက သူတို့အတွက် စိုးရိမ်စရာပါ။premier League ရဲ့အမှတ်ပေး=(၆)ပွဲမှာလဲ(၄)ပွဲသရေနဲ့(၂)ပွဲရှူံးထားသေးပါတယ်ရလဒ်ပိုင်းတွေဆိုးရွားနေတဲ့"စပါး"အသင်းဟာ။ဒီကနေ့ညမှာတော့(Old Trafford)မှာအနိုင်(၃)မှတ်ရယူနိုင်မလားဆိုတာစောင့်ကြည့်ရဦးမယ်ဗျာ။
📌ပွဲကြိုခန့်မှန်းသုံးသပ်ချက်📌
ယူနိုက်တက်ရဲ့ ကွင်းလယ်ထိန်းချုပ်မှုနဲ့ စပါးရဲ့ မြန်ဆန်တဲ့ ကောင်တာတိုက်စစ် ဘယ်သူက အသာစီးရမလဲဆိုတာ ပွဲရဲ့အဖြေ ဖြစ်လာနိုင်ပါတယ်။
အိမ်ကွင်းအသာစီးဖစ်တဲ့အိုးထရက်ဖို့ဒ်ရဲ့ ပရိသတ်အားက ယူနိုက်တက်အတွက် အမြဲတမ်း တွန်းအားဖြစ်စေပါတယ်။မနှစ်က(EUROPA LEAGUE ) Final မှာတုန်းရှုံးကြွေးကိုလဲပြန်ဆပ်ခွင့်ရဦးမယ်ဗျာ"စပါး"အသင်းဟာလဲ(Premier League)မှာနောက်ဆုံး(၆)ပွဲထိကိုနိုင်ပွဲပျောက်ဆုံးနေတာကိုရပ်တန့်နိုင်မလားဆိုတာဟာ။ဒီကနေ့ညမြန်မာစံတော်ချိန်(7:00 PM) ထိုင်းအချိန်နဲ့ဆိုရင်(7:30 PM)တို့မှာကစားမှာဖစ်ကြပါတယ်။ပွဲကောင်းတစ်ပွဲဖစ်ဦးမယ့်ပွဲလေးပါဗျာ။
✅(ခန့်မှန်းလူစာရင်း)
🔴 Manchester United
(GOALKEEPER)- Bayindir,Heaton, Lammens
(DEFENDERS)-Dalot,Heaven,Maguire,Malaci,Licha Martinez,Mazraoui,Shaw,Yoro.
(MIDFIELDERS)-Casemiro,Bruno Fernandes,Mainoo,Ugarte.
(FORWARDS)-Amad Diallo,Cunha,Mbeumo,Sesko,Zirkzee.
⚪ Tottenham Hotspur
(GOALKEEPER)- Vicario, Kinsky, Austin
(DEFENDERS)-Romero,Udogie,Dragusin,Souza,Byfield.
(MIDFIELDERS)-Palhinha, Gray, Sarr,Simons, Gallagher,Bissouma.
(FORWARDS)-Odobert,Solanke,Kolo Muan,Mathys Tel.
📌စပါးအသင်းဟာ ဂိုးရဖို့အတွက် အမြဲတမ်း ခြိမ်းခြောက်နိုင်စွမ်းရှိတဲ့ အသင်းဖြစ်ပေမဲ့၊ ယူနိုက်တက်ကလည်း အိမ်ကွင်းမှာဆိုရင် အမှားနည်းအောင် ကစားလေ့ရှိပါတယ်။ ဒီပွဲဟာ ဂိုးအပြန်အလှန် ရှိနိုင်ပြီး အကြိတ်အနယ် ရှိမှာပါ။
📝မန်ချက်စတာယူနိုက်တက် ၃- ၁ စပါး (သို့မဟုတ်) ၃- ၂ ။
Fabrizio Romano