30/08/2025
“ပညာရေးဇုန်က အဆင့်မြင့်အိမ်ရာ Habitat Ruamchok”
ကိုယ့်မိသားစုရဲ့ ခိုလှုံရာအိမ်တစ်လုံးကို ချင်းမိုင်မှာဝယ်ဖို့တွေးနေတဲ့သူတွေရှိလား…
ကလေးရှိတဲ့ မိသားစုမလို့ ကလေးတွေရဲ့ အနာဂတ်ပညာရေးအတွက်ပါ ထည့်စဉ်းစားတာမျိုးရော ရှိတယ်မလား…
ဒါဆိုရင်တော့ ချင်းမိုင်မှာ ကလေးတွေပညာရေးအတွက် အချက်အချာကျတဲ့နေရာမှာရှိတဲ့ Habitat Ruamchok အဆင့်မြင့်အိမ်ရာကို ရွေးချယ်လို့ရပါတယ်။
Habitat Ruamchok က ခေတ်မီတဲ့ ပြင်သစ်အိမ်ပုံစံဆောက်လုပ်ထားတဲ့ အဆင့်မြင့်အိမ်ရာပရောဂျက် တစ်ခုဖြစ်ပြီး Somphot Chiang Mai 700 Pi လမ်းမကြီးနံဘေးမှာရှိတာဖြစ်ပါတယ်။ ဒီနေရာကနေ ကလေးတွေ ကျောင်းတက်ဖို့အတွက် ကျောင်းကောင်းတွေကို မိနစ်ပိုင်းအတွင်းရောက်နိုင်ပါတယ်။
𝐍𝐚𝐤𝐨𝐫𝐧𝐩𝐚𝐲𝐚𝐩 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥
==========
US Curriculum နဲ့ အဓိကသင်ကြားပေးနေတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပြီး အနာဂတ်မှာ အမေရိကဘက်ကို ပို့ဖို့စိတ်ကူးထားတယ်ဆိုရင် ဒီကျောင်းကို ရွေးချယ်လို့ရပါတယ်။ Habitat Ruamchok ကနေ (၅) မိနစ်ဝန်းကျင်လောက် သွားရုံနဲ့ ရောက်မှာဖြစ်ပါတယ်။
𝐒𝐢𝐧𝐠𝐚𝐩𝐨𝐫𝐞 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 𝐂𝐡𝐢𝐚𝐧𝐠 𝐌𝐚𝐢
==========
ဒီကျောင်းနဲ့ဆိုရင် မိနစ် (၂၀) လောက်ပဲဝေးပါတယ်။ အာရှမှာ နာမည်ကြီးတဲ့ စင်္ကာပူသင်ရိုးကိုသုံးပြီး သင်ကြားပေးတာဖြစ်တဲ့အတွက် ကလေးတွေရဲ့အတွေးအခေါ်ပိုင်းနဲ့ Math ပိုင်းမှာ အားသာလာနိုင်ပါတယ်။ English နဲ့ Chinese နှစ်ဘာသာလုံးသင်ကြားရတဲ့ ကျောင်းမလို့ ကလေးတွေရဲ့ အနာဂတ်အတွက်လည်း အထောက်အကူဖြစ်စေတယ်။ နိုင်ငံတကာကအသိအမှတ်ပြုတဲ့ IGCSE ဖြေဖို့အတွက်ပါ လေ့ကျင့်သင်ကြားပေးတဲ့ ကျောင်းဖြစ်ပါတယ်။
𝐂𝐡𝐢𝐚𝐧𝐠 𝐌𝐚𝐢 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲
==========
ထိုင်းနိုင်ငံရဲ့ Top-ranked University ထဲက တက္ကသိုလ်တစ်ခုပါ။ Business | Engineering | IT စတဲ့ပညာရပ်တွေမှာ English Program ရှိတဲ့အတွက် အဆင်ပြေတယ်။ Medical, Agricultural, Environmental Science စတဲ့ sectors တွေမှာလည်း strong research base ရှိပါတယ်။ Habitat Ruamchok ကနေ သွားမယ်ဆိုရင်တော့ မိနစ် (၂၀) လောက်ပဲ အချိန်ပေးရမှာဖြစ်ပါတယ်။
ဒါကြောင့် Habitat Ruamchok မှာသာ အိမ်တစ်လုံးပိုင်ဆိုင်ထားမယ်ဆိုရင် ကလေးတွေရဲ့ပညာရေးအတွက်ပါ စိတ်အေးရမှာဖြစ်ပါတယ်။
Habitat Ruamchok မှာ အိမ်အမျိုးအစား (၃) မျိုးရှိပြီး
🏡 Petit - 210 sq.m
🏡 Maison - 247 sq.m နဲ့
🏡 Chateau - 300 sq.m ဆိုပြီး ရွေးချယ်ဝယ်ယူနိုင်ပါတယ်။
အသေးစိတ်မေးမြန်ချင်တယ်ဆိုရင်တော့ -
Phone - 0934434080
Line - 0934434080
Viber - 0934434080