Ye Kyaw Thu ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Ye Kyaw Thu, อสังหาริมทรัพย์, Bangkok.

သတိရတယ် မေ​ရယ်အတူတူရှိခဲ့တဲ့အချိန်လေးတွေအရမ်းလွမ်းတယ်ကောင်းရာဘုံဘဝရောက်ပါစေအမေ
29/06/2022

သတိရတယ် မေ​ရယ်
အတူတူရှိခဲ့တဲ့အချိန်လေးတွေအရမ်းလွမ်းတယ်
ကောင်းရာဘုံဘဝရောက်ပါစေအမေ

နီးခွင့်ရှိရင် နီးချင်တယ် လွမ်းခွင့်ရှိရင် လွမ်းချင်တယ် ...လွမ်းတယ် ... ဒါပေမယ့် ဘယ်သူကိုဆိုပြီး ခေါင်းစဥ်တပ်ပိုင်ခွင့်တ...
09/06/2022

နီးခွင့်ရှိရင် နီးချင်တယ် လွမ်းခွင့်ရှိရင် လွမ်းချင်တယ် ...

လွမ်းတယ် ... ဒါပေမယ့် ဘယ်သူကိုဆိုပြီး ခေါင်းစဥ်တပ်ပိုင်ခွင့်တွေမရှိသလို ဘယ်သူ့ကြောင့်ဆိုပြီး ဘယ်အရာကိုမှ လက်ညိုးမထိုးချင်တော့ပါဘူး ခင်ဗျားကိုလွမ်းတယ် ဒီလောက်ပဲ ပြီးတော့ ခင်ဗျားကို ချစ်တယ် ကျွန်တော် ရည်ညွှန်းတဲ့ နာမ်စားလေးက ဒီကမ္ဘာမှာ လူတစ်ယောက်ပဲ ရှိတာမို့ တခြားဘယ်သူနဲ့မှ မှားစရာမှမလိုပဲဟာ ။

နီးခွင့်ရှိရင် ဘယ်အရပ်ဒေသပဲရောက်ရောက် ကိုယ့်ကို တလိုက်ပါ အနီးဆုံးဆိုတဲ့အရပ်ကို အမြန်ဆုံး ပြေးလာမယ့်အထိ ကိုယ်နီးချင်တယ် ။ လွမ်းခွင့်ရှိမယ်ဆိုရင်လေ မင်းနာမည်ကို တပြီး လွမ်းချင်တယ် ။ အရာရာမှာ အခွင့်သာရှိမယ်ဆိုရင်ပေါ့ဆိုတဲ့ စကားနဲ့သာ အစပြုမယ်လေ ။ ဘာကြောင့်ဆို မင်းစိတ်နဲ့ အသက်ရှင်နေတဲ့ လူဖြစ်လို့ မင်းငြိုငြင်မှာတော့ ကြောက်တယ် ။

မပြုံးတော့ရင် ... ကိုယ်ဘာများမှားလို့လဲ လိုက်ရှာတတ်တဲ့ လူတစ်ယောက်က ခေါင်းတွေ ဘယ်မာနိုင်ပါ့မလဲ မာနတွေ ဘယ်ထားနိုင်ပါ့မလဲ ။ အတ္တတွေကို ဘယ်လိုလုပ်ရှေ့တန်းတင်ပါ့မလဲ။ အခွင့်ရှိမယ်ဆိုရင် ကိုယ် မင်းအနားမှာ နေချင်ပါတယ် အခွင့်မရှိလို့ ဝေးရမယ်ဆိုရင် ချန်ခဲ့လို့လဲရပါတယ် အရာရာ မင်းသဘောပေါ့ ဟုတ်တယ်မလား ...

အခွင့်ရှိမယ်ဆိုရင် မင်းကို လွမ်းချင်ပါတယ် ...

#ကျေးကို

" ကေသရီ သို့ "ငါ့အတွက် ငါရှိတယ် ဆိုပြီးအားတင်းထားလိုက်တယ်ပြီးတော့လဲမင်းမှ မရှိတော့တာ ဆိုပြီးငိုဖြစ်သွားတာပါပဲ။တဖြည်းဖြည်...
08/06/2022

" ကေသရီ သို့ "

ငါ့အတွက် ငါရှိတယ် ဆိုပြီး
အားတင်းထားလိုက်တယ်
ပြီးတော့လဲ
မင်းမှ မရှိတော့တာ ဆိုပြီး
ငိုဖြစ်သွားတာပါပဲ။

တဖြည်းဖြည်းနဲ့ မေ့သွားမှာပါ လို့
ကိုယ့်ကိုယ်ကို နှစ်သိမ့်ခဲ့တာ
တဖြည်းဖြည်းနဲ့
အတော်ကြာသွားခဲ့ပြီ။

အေးစက်သွားတဲ့ အထိ
ဘဝကို ကော်ဖီတွေထဲပဲ
ရောမွှေထားချင်တယ်
ခါးသက်သော တခြားအရာတွေ
ကျွန်တော် မနှစ်သက်လိုဘူး။

ကျွန်တော့်ကို
မျှော်လင့်ချက် ပေးလိုတဲ့အရာတွေ
များလာတယ်လို့ ထင်မိတယ်

ကော်ဖီအိတ် အခွံထဲက
ကံစမ်းမဲဟာ
"ပျော်ရွှင်ရကိန်း ရှိသည်"တဲ့
ပြုံးလိုက်မိရုံပါပဲ

ကျွန်တော် မျှော်လင့်ခဲ့သော
ပျော်ရွှင်ရကိန်း တွေဟာ
နှစ်သိမ့်ဆုတွေ ဖြစ်တဲ့အကြောင်း
သိပြီးတဲ့နောက်ပေါ့

"နောက်တစ်ကြိမ် ကံစမ်းပါအုံး"တဲ့လေ

လူနဲ့ အိပ်မက်
ရှင်ကွဲကွဲသွားတာပါ
လူသားဆန်စွာ
လွမ်းခွင့်ပြုပါ။

စက္ကန့်သံ အကျယ်ကြီးတွေ
ကျွန်တော် နားထောင်နေတဲ့ အချိန်
ခင်ဗျားလဲ
တစ်ယောက်ယောက်ဆိုပြတဲ့
ဖုန်းထဲက သီချင်းသံကို
နားထောင်ချင် နားထောင်နေမှာပေါ့

ဒီလိုတွေပါပဲ
စိတ်ကို သတ်မဲ့ အတွေးတွေ
လူကို သတ်မဲ့ဓားတွေ
ဒီရက်ပိုင်း ကိုယ်တိုင် ဖန်တီးဖြစ်တယ်။

ကျန်းမာပါစေ ကေသရီ
ပြီးတော့ ပျော်ရွှင်ပါစေ

ရိုးရိုးသားသား ပို့တဲ့ မေတ္တာပါ
ယုံပါ ပြီးတော့ ယူပါ။

ဒီစာရဲ့ အဆုံးမှာ
ကျွန်တော် မအိပ်ဖြစ်တဲ့ ညတွေမှာ
"ခင်ဗျားအေးချမ်းစွာ အိပ်စက်နိုင်ပါစေ"လို့
ဆုတောင်းလိုက်ပါတယ်။

- ဩရဆူး -

ဘာကြောင့် နာကျင်နေရတာလဲလို့ မေးရင် ကိုယ်ကိုယ်တိုင်ကြောင့်ပါ
08/06/2022

ဘာကြောင့်
နာကျင်နေရတာလဲလို့ မေးရင်
ကိုယ်ကိုယ်တိုင်ကြောင့်ပါ

“ကြယ်ကလေး ပုံပြင်”သိပ်ချစ်ပါတယ်တဲ့သူပြောခဲ့တုန်းကကျွန်တော့်ကောင်းကင်ဟာကြယ်တွေလင်းခဲ့တာပေါ့ဪ...အတုအယောင်အလင်းတန်းတွေနဲ့ကျ...
07/06/2022

“ကြယ်ကလေး ပုံပြင်”

သိပ်ချစ်ပါတယ်တဲ့
သူပြောခဲ့တုန်းက
ကျွန်တော့်ကောင်းကင်ဟာ
ကြယ်တွေလင်းခဲ့တာပေါ့
ဪ...အတုအယောင်
အလင်းတန်းတွေနဲ့
ကျွန်တော် သာယာခဲ့မိတာကိုး

ခုတော့
သူ့အလင်းတန်းတွေဟာ
တခြားကောင်းကင်မှာသာလို့ လင်းလို့

ပျော်ပါစေဗျာ
ကြယ်ကလေး ပျော်ပါစေ
မှောင်မဲမဲကောင်းကင်မှာ
ငိုနေရမဲ့ကြယ်ကလေးထက်စာရင်
တခြားကောင်းကင်မှာ
သူလင်းလက်နိုင်ပါစေ
ပျော်နေနိုင်ပါစေပေါ့
ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်


#ကဗျာလေးတွေ

လိုချင်တာ မရလို့ဆိုပြီးပစ်သွားတဲ့သူက ပစ်သွားတာပါပဲ လိုချင်ရပြီးသွားလို့ပစ်သွားတဲ့တဲ့သူကလဲပစ်သွားတာပါပဲငါဘာများမှားနေသလဲလ...
07/06/2022

လိုချင်တာ မရလို့ဆိုပြီးပစ်သွားတဲ့သူက ပစ်သွားတာပါပဲ လိုချင်ရပြီးသွားလို့ပစ်သွားတဲ့တဲ့သူကလဲပစ်သွားတာပါပဲ

ငါဘာများမှားနေသလဲလို့ အဖြေရှာမနေပါနဲ့တော့ တချို့က ဝင်လာကတည်းက တချိန်ကျ

ထွက်သွားဖို့ အစီအစဥ်ရှိခဲ့ပြီးသားပါ

ကိုယ်ဘယ်လောက်ပဲဆွဲထားဆွဲထားလွတ်ထွက်သွားမှာပဲကိုယ် ဘာမှမမှားရင်တောင်မရှိရှိတာ ရှာကြံပြီးချန်ထားခဲ့မှာပဲလေ ။

အကွက်လေးတွေတော့... လှတယ် ။ ဘယ်တော့မှတော့ သူတို့ရက်စက်တယ်ဆိုတဲ့ ခေါင်းစဥ်တော့ အတပ်ခံမှာ မဟုတ်ဘူး ။ ပစ်ထားလို့ဝရင် အားအားရှိ ငိုနေတာပဲဆိုတဲ့စကားတွေဆိုမယ် ။

ဂရုမစိုက်ပဲ နေမိရင် ဂရုမစိုက်လို့ဆိုတဲ့အကြောင်းပြချက်လေးပေးမယ်... ဂရုတစိုက်လေး ရှိနေမိရင် နေရာတကာ ချုပ်ချယ်နေတာပဲဆိုတဲ့စကားနဲ့... မွန်းကျပ်နေတဲ့အကြောင်းတွေ ပြောမယ် ။

ဒီလိုပါပဲ... လူတချို့က အပြစ်မရှိရှိတာရှာပြီး ချန်ထားခဲ့တာပါပဲ ။

#ကျေးကို
crd
#စာအုပ်စာပေလူ့မိတ်ဆွေ

ပညာရှိအဖိုးအို ရဲ့ ဘဝလှဖို့ ဆုံးမစကား လက်ဆောင်စေားစေားအိပ်ပြီးစေားစေား ထပါစကား နည်းနည်းပြောပြီးများများ နားထောင်ပါစာ နည်...
06/06/2022

ပညာရှိအဖိုးအို ရဲ့ ဘဝလှဖို့
ဆုံးမစကား လက်ဆောင်

စေားစေားအိပ်ပြီး
စေားစေား ထပါ
စကား နည်းနည်းပြောပြီး
များများ နားထောင်ပါ

စာ နည်းနည်းဖတ်ပြီး
များများမှတ်ပါ
လူ နည်းနည်းပေါင်းပြီး
လူကောင်းနဲ့ပေါင်းပါ

နည်းနည်း ချစ်ပြီး
မေတ္တာ များများပေးပါ
ငွေ များများ ကြိုးစားရှာပြီး
ချွေတာသုံးပါ

ဖြေးဖြေးလျှောက်ပြီး
မှန်မှန်သွားပါ
နည်းနည်းဘဲ စိတ်ကူးယဉ်ပြီး
တကယ့် လက်တွေ့ လုပ်ဆောင်ပါ

အမှီအခို မပါဘဲရပ်တည်နိုင်တဲ့အထိ
ကိုယ့်အားကိုယ်ကိုးနိုင်အောင်
ကြိုးစားပါ

စိတ်ကောင်းမွေးပြီး
ဘဝကိုရှင်သန်ပါ
စိတ်ထားလှလှလေးနဲ့
နေ့ရက်တွေကိုရင်ဆိုင် ရင်း...
အခက်အခဲကြားမှာ အမြဲကြိုးစားနေရင်
မင်းဟာ လူတော်ဘဲ...တဲ့။

မေတ္တာဖြင့်
(ဘဝစာပေ)

စိတ်တွေသေတဲ့ အချိန်ဆိုတာတကယ်ရှိတယ်!ဘယ်အရာကို မှ လိုချင်တက်မက်မှု မရှိတော့တဲ့အချိန်တွေတကယ်ရှိတယ်!ဘယ်အရာကိုမှ မျှော်လင့်ချ...
05/06/2022

စိတ်တွေသေတဲ့ အချိန်ဆိုတာ
တကယ်ရှိတယ်!

ဘယ်အရာကို မှ လိုချင်တက်မက်မှု မရှိတော့တဲ့အချိန်တွေ
တကယ်ရှိတယ်!

ဘယ်အရာကိုမှ မျှော်လင့်ချက်မရှိတော့တဲ့ အချိန်တွေ
တကယ်ရှိတယ်!

ဘာဖြစ်ချင်လို့ဖြစ်ချင် နေမှန်းမသိတဲ့ အခိုက်အတန့် တွေ
တကယ်ရှိတယ်!

ဘယ်သူ့ကိုစိတ်ဆိုးလို့ ဆိုးနေမှန်း မသိတဲ့အချိန်တွေ
တကယ်ရှိတယ်!

ဘာကိုအလိုမကျ ဖြစ်နေမှန်း မသိတဲ့အချိန်တွေ
တကယ်ရှိတယ်!

ဘယ်သူ့ကိုမှ စကားပြောချင်စိတ်မရှိတော့တဲ့အချိန်တွေ
"တကယ်ရှိတယ်"!

🥀🥀🥀

#ဂျူး

သတိရလားဆို ရပါတယ် သို့သော်ပြန်မလိုချင်တော့ဘူး #သျှင်ယွန်း
05/06/2022

သတိရလားဆို
ရပါတယ်
သို့သော်
ပြန်မလိုချင်တော့ဘူး

#သျှင်ယွန်း

လက်ဆောင်လေးပါလားသားသားကြိုက်
05/06/2022

လက်ဆောင်လေးပါလားသားသားကြိုက်

ဒီလိုပါပဲဗျာ
05/06/2022

ဒီလိုပါပဲဗျာ

"မနက်ဖြန်တွေ"============အသက်ရှင်နေသရွေ့တော့ နေရအုံးမယ်လောကဓံဆိုတာ ဘာလဲ မမေးနဲ့မနက်ဖြန်တိုင်းက ရှင်သန်ဖို့အတွက်အခွင့်အရေ...
04/06/2022

"မနက်ဖြန်တွေ"
============
အသက်ရှင်နေသရွေ့တော့ နေရအုံးမယ်
လောကဓံဆိုတာ ဘာလဲ မမေးနဲ့
မနက်ဖြန်တိုင်းက ရှင်သန်ဖို့အတွက်
အခွင့်အရေး ပေးပြီးသားမဟုတ်လား

ဘာလို့တွေးပြီး စိတ်ညစ်နေရအုံးမှာလဲ

ဒုက္ခတွေမရှိရင် သုခဆိုတာ ဖြစ်မလာပါဘူး
နေအပူဒဏ်ကို ကာကွယ်ဖို့အတွက် အများဆုံးတော့
သစ်ပင်တစ်ပင် ရှင်သန်ကြီးထွားနိုင်ဖို့ ရေလောင်းပေါင်းသင်းရတာ
နေပူပြင်ကပဲ မဟုတ်လား

ဘဝမှာ စိတ်ညစ်စရာဆိုတာ လူတိုင်းရှိကြတယ်
နားလည်မှုတွေနဲ့ ဆင်ချင်စဉ်စားပြီး စိတ်အေးအောင် နေရတာပါပဲ

ဒုက္ခကြုံလည်း မနက်ဖြန် ရှိသေးတယ်
အဝေးကြီးတွေးပြီး စိတ်ညစ်မနေနဲ့
ဘဝက သင်လိုချင်တဲ့အတိုင်း
ရေးလို့ရတဲ့ စာအုပ်တစ်အုပ်မှ မဟုတ်တာ
အနည်းဆုံးတော့ ပျော်သလိုနေရမှာပါ

လေးစားစွာဖြင့်✍✍✍
MayHsu(ရာမညမြေ)

ที่อยู่

Bangkok
10150

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Ye Kyaw Thuผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์