ပြည်တွင်း၊ ပြည်ပသတင်းစုံ

ပြည်တွင်း၊ ပြည်ပသတင်းစုံ ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก ပြည်တွင်း၊ ပြည်ပသတင်းစုံ, อสังหาริมทรัพย์, Bangkok.

ပုသိမ်တွင်  လောင်းကစားဒိုင်တချို့ကို ရဲကဝင်ဖမ်းပြီး ငွေကျပ် သိန်းရာချီတောင်းယူ၍ ပြန်လွှတ်ပေး၊  ဧရာ၀တီတိုင်းရဲတပ်ဖွဲ့မှူး...
30/01/2025

ပုသိမ်တွင် လောင်းကစားဒိုင်တချို့ကို ရဲကဝင်ဖမ်းပြီး ငွေကျပ် သိန်းရာချီတောင်းယူ၍ ပြန်လွှတ်ပေး၊ ဧရာ၀တီတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးတင်ဇော်ထွန်းနှင့်လက်အောက်ခံရဲများက အဓိက လုပ်ဆောင်ခဲ့

ရန်ကုန်၊ ဇန်နဝါရီ ၃၀

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့တွင် လောင်းကစားဒိုင်တချို့ကို ရဲကဝင်ဖမ်းပြီးနောက် ငွေကျပ် သိန်းရာချီတောင်းယူ၍ ပြန်လွှတ်ပေးလိုက်ပြီး အဆိုပါ လွှတ်ပေးမှုနောက်ကွယ်တွင် ဧရာ၀တီတိုင်းရဲတပ်ဖွဲ့ ရဲမှူးကြီး တင်ဇော်ထွန်းနှင့်လက်အောက်ခံရဲများက အဓိ က ပါဝင်ပတ်သက်လျက်ရှိကြောင်း ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်အတွင်းတွင် လောင်းကစား၀ိုင်များ ပိုမိုများပြားလာပြီး အဓိကအားဖြင့် နယ်မြေခံရဲ၊ ထွေ/အုပ်နှင့်စစ်တပ်ကို လိုင်းကြေးပေး၍ လောင်းကစား၀ိုင်းများ တည်ထောင်ကြကြောင်း၊ လောင်းကစား၀ိုင်းများက လိုင်းကြေးပေးရသည့် ရဲ၊စစ်တပ်နှင့်ထွေ/အုပ် အဖွဲ့များ မတူညီသည့်အတွက် လိုင်းကြေးမရသည့်အဖွဲ့က ဝင်ရောက်ဖမ်းဆီးမှုများ ရှိကြောင်း၊ ထိုသို့ ဖမ်းဆီးခံရသည့်အခါ ငွေကြေးဖြင့် ညှိနှိုင်း ပေးကမ်း၍ ပြန်လည် လွတ် မြောက်လာကြကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေ ၆ နာရီခွဲအချိန် ပုသိမ်မြို့ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဖြိုးသူရနိုင်၊ အမှုစစ် အေးအေးအောင်၊ နယ်ထိန်း ဇေယျာမောင် ဦးဆောင်သော အဖွဲ့က ပုသိမ်မြို့၊ အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်း၊ နောင်ရိုး ဟိုတယ်ရှိ ဖဲ၀ိုင်းကို ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးစဉ် လောင်းကစားငွေကျပ် ၁၅၅ သိန်းနှင့် လောင်း ကစားသူ ၆ ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း၊ အဆိုပါ ဖမ်းဆီးရရှိသူများကို ရဲစခန်းသို့ခေါ်ဆောင်ပြီးနောက် သိန်း ၃၀၀ ဖြင့် ညှိနှိုင်းကာ ပြန်လည် လွှတ်ပေးလိုက်ကြောင်း သိရှိရသည်။

"ပုသိမ် နယ်မြေရဲစခန်းက တိုင်းတပ်ဖွဲ့မှူးဆီ ပုံမှန် ဂါကြေး(လာဘ်ငွေ) ရှာပေးနေတာ။ အဲဒါ ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေပိုင်းမှာ နောင်ရိုးဟိုတယ်မှာ လောင်းကစား၀ိုင်းကို ဝင်ဖမ်းပြီး တရားခံ ၆ ဦးကို ငွေ ၁၅၅ သိန်းနဲ့မိတယ်။ လက်ထိပ်မခတ်ဘဲ စခန်းခေါ်တယ်။ ပြီးတော့ ရဲသတင်းပေး နေမျိုးဝင်း(ရွှေဝါထွန်း)ကနေ ညှိပေးလိုက်တာမှာ သိန်း ၃၀၀ နဲ့တည့်ပြီး အားလုံး ပြန်လွှတ်ပေးလိုက်တယ်" ဟု ရဲသတင်းရင်းမြစ်က ရှင်းပြသည်။

ဧရာ၀တီတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးတင်ဇော်ထွန်းမှာ ၂၀၂၀ ခုနှစ်ကတည်းက ရှမ်းပြည်နယ်မှ ပြောင်းရွှေ့လာခြင်းဖြစ်ပြီး ဧရာဝီတိုင်းအတွင်းရှိ ရဲစခန်းများက လစဉ် ဂါကြေး(ဂါ၀ရပြုကြေး) ပေးပို့ရကြောင်း၊ ပုံမှန် ဂါကြေးပေးပို့နိုင်သော နယ်မြေရဲစခန်းများကို မျက်နှာသာပေးပြီး အပြောင်းအရွှေ့ မဖြစ်စေရန် ကာကွယ်စောင့်ရှောက်ပေးထားကြောင်း သိရှိရသည်။

လတ်တလော ပုသိမ်မြို့မှ ဒေသသတင်းရင်းမြစ်များ၏ အဆိုအရ ပုသိမ်မြို့နယ်အတွင်း လောင်းကစား၀ိုင်းများသာမက မူးယစ် ဆေးဝါးအရောင်းအဝယ်၊ ပြည့်တန်ဆာလုပ်ငန်းများ၊ နှစ်လုံး သုံးလုံးနှင့်ဘောလုံးလောင်းကစားများပါ ကျယ်ကျယ်ပြန့် ပြန့် ဖြစ် ထွန်းလျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဧရာ၀တီတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးတင်ဇော်ထွန်း
Crd
ပြည်တွင်း၊ ပြည်ပသတင်းစုံ

 မကျေပွဲဆော်ကြမယ့် အောင်လ နဲ့ အာဒိုဂန်*******ကာတာမှာ ကျင်းပမယ့် ONE 171 ပြိုင်ပွဲမှာ အောင်လ နဲ့ အာဒိုဂန် တို့ ထပ်ဆော်ကြမ...
29/01/2025



မကျေပွဲဆော်ကြမယ့် အောင်လ နဲ့ အာဒိုဂန်
*******

ကာတာမှာ ကျင်းပမယ့် ONE 171 ပြိုင်ပွဲမှာ အောင်လ နဲ့ အာဒိုဂန် တို့ ထပ်ဆော်ကြမှာပါ။

ပွဲ က ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ဖြစ်ပါတယ်။

🔥 ပြည်တွင်း၊ ပြည်ပသတင်းစုံ

မြ၀တီရှိ BGF ထိန်းချုပ်ထားသော ရွှေက္ကိုလ် ကျားဖြန့် လောင်းကစား မြို့ကို တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဌာန လက် ထောက် ဝန်...
29/01/2025

မြ၀တီရှိ BGF ထိန်းချုပ်ထားသော ရွှေက္ကိုလ် ကျားဖြန့် လောင်းကစား မြို့ကို တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဌာန လက် ထောက် ဝန်ကြီးက ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်အခြမ်းမှ ကြည့်ရှုစစ်ဆေး

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ စစ်တပ်လက်အောက်ခံ BGF နယ်ခြားစောင့်တပ်က ထိန်းချုပ်ထားသော ရွှေက္ကိုလ် ကျားဖြန့် လောင်းကစား မြို့ကို တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဌာန လက်ထောက်ဝန်ကြီး Liu Zhongyi က ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်အခြမ်းမှ ကြည့်ရှုစစ်ဆေးကြောင်း ထိုင်း The Reporter က သတင်းဖော်ပြသည်။

တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဌာန လက်ထောက်ဝန်ကြီး Liu Zhongyi က ကျားဖြန့်အွန်လိုင်းငွေလိမ်လည်ဂိုဏ်းများကို တိုက်ဖျက်ရန်နှင့် လူကုန်ကူးခံထားရသော တရုတ်နိုင်ငံသားများကို ကယ်တင်နိုင်ရေး ပူးပေါင်းဆောင်ရွက် ရန် ထိုင်းနိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်ပြီး ယနေ့တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှ တစ်ဆင့် သောင်ရင်းမြစ် တစ်ဖက်ကမ်းရှိ BGF ထိန်းချုပ်ထားသော ရွှေက္ကိုလ်မြို့ကို လာရောက် စစ်ဆေးကြည့်ရှုသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံ ၊ ပြည်သူ့လုံခြုံရေးရာ လက်ထောက်ဝန်ကြီးနှင့်အဖွဲ့က မြ၀တီမြို့ နယ်၊ ရွှေက္ကိုလ်မြို့တွင် တွေ့ရှိရသော အထပ်မြင့်အဆောက်အအုံကြီးများကို ကြည့်ရှုသွားခဲ့ပြီး Ya Tai ကုမ္ပဏီ ဆိုင်းဘုတ်ကိုပါ အဆောက်အအုံကိုလည်း မဲဆောက်ဘက် အခြမ်းမှ မြင်တွေ့သွားကြောင်း၊ အဖွဲ့ဝင်တချို့က ဓာတ်ပုံနှင့်ဗီဒီယိုမှတ်တမ်းများ ရယူသွားကြောင်း သိရှိရသည်။

ရွှေက္ကိုလ်သည် BGF နယ်ခြားစောင့်တပ်၏ လွှမ်းမိုးထားသည့် နယ်မြေဖြစ်ပြီး ယင်းဧရိယာတွင် နှစ် ၉၀ မြေအငှားဖြင့် တရုတ်လုပ်ငန်းရှင်များကို ခွင့်ပြုထားကြောင်း၊ ရွှေက္ကိုလ်အတွင်း ကာစီနိုများ၊ ဖျော်ဖြေရေးစခန်းများ၊ ဟိုတယ်များ အပါအဝင် အထပ်မြင့် အဆောက်အအုံ ၁၀၀ ကျော်ရှိကြောင်း သိရှိရသည်။

တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးရာ လက်ထောက်ဝန်ကြီး၏ ပြောဆိုချက်အရ ကျားဖြန့်ငွေလိမ်း တရုတ်ဂိုဏ်း ၃၆ ခုရှိပြီး လူပေါင်း ၁ သိန်းကို အလုပ်ခန့်ထားပြီး ငွေကြေးများ လိမ်လည်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- The Reporter။

Crd@

ပြည်တွင်း၊ ပြည်ပသတင်းစုံ

🚨 🚨 🚨 အရေးပေါ်သတိပေးချက်ရန်ကုန်တိုင်းဒေသကြီးမှာ ကာလဝမ်းရောဂါ (Cholera) ပျံ့နှံ့မှု စတင်နေတာကို တွေ့ရပါတယ်။ အဲ့အတွက် * လက...
06/07/2024

🚨 🚨 🚨 အရေးပေါ်သတိပေးချက်

ရန်ကုန်တိုင်းဒေသကြီးမှာ ကာလဝမ်းရောဂါ (Cholera) ပျံ့နှံ့မှု စတင်နေတာကို တွေ့ရပါတယ်။

အဲ့အတွက်

* လက်ကို ဆပ်ပြာဖြင့် မကြာခဏ ဆေးပါ။
* တကိုယ်ရေသန့်ရှင်းမှုဂရုစိုက်ပါ။
* ရေကိုကြိုချက်သောက်ပါ။
* အခုရက်အတွင်း အပြင်စာစားသောက်မှုကို တတ်နိုင်သမျှရှောင်ပါ။
* အသီးအရွက်များကို သေချာစွာဆေးကြောပါ။ အစိမ်းစားခြင်းရှောင်ပါ။
* အစားအစာများကို သေချာစွာကျက်အောင်ချက်ပါ။ ပူပူနွေးနွေးစားပါ။
* ယင်နားစာများမစားပါနှင့်။
* ဆန်ဆေးရေကဲ့သို့ဝမ်းများသွားပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ပြသ၍ ချက်ချင်းကုသမှုခံယူပါ။
crd
ပြည်တွင်း၊ ပြည်ပသတင်းစုံ

သံမဏိစိုးလင်းဦး ထိုင်းဖိုက်တာကို အလဲထိုးဖြင့် အနိုင်ယူဧရာ၀တီတိုင်းမ်ဇူလိုင် ၅ ရက်မြန်မာ့လက်ဝှေ့ ဂန္ထဝင်ဖိုက်တာ စိုးလင်းဦ...
05/07/2024

သံမဏိစိုးလင်းဦး ထိုင်းဖိုက်တာကို အလဲထိုးဖြင့် အနိုင်ယူ

ဧရာ၀တီတိုင်းမ်
ဇူလိုင် ၅ ရက်

မြန်မာ့လက်ဝှေ့ ဂန္ထဝင်ဖိုက်တာ စိုးလင်းဦးဟာ ဒီကနေ့ည ၇ နာရီမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းတဲ့ ONE Chanpionship ပြိုင်ပွဲမှာ ထိုင်းဖိုက်တာ ပွန်းဆီရိကို အလဲထိုးနဲ့အနိုင်ယူခဲ့ကြောင်း သိရပါတယ်။

စိုးလင်းဦးဟာ ထိုင်းဖိုက်တာကို ဒုတိယအချီမှာာ အလဲထိုးနဲ့ အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။

Ayeyarwaddy_Times #စိုးလင်းဦး

ပြည်တွင်း၊ ပြည်ပသတင်းစုံ
crd

မြ၀တီတွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် ရေကြီးနေရန်ကုန်၊ ဇွန် ၉ ကရင်ပြည်နယ်၊ မြ၀တီမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့်...
09/06/2024

မြ၀တီတွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် ရေကြီးနေ

ရန်ကုန်၊ ဇွန် ၉

ကရင်ပြည်နယ်၊ မြ၀တီမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် တစ်မြို့လုံးနီးပါး ရေကြီးနေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ဇွန်လ ၈ ရက်နေ့ ညသန်းခေါင်ယံချိန်မှစတင်ပြီး ယနေ့ နံနက်ပိုင်းအထိ မိုးများ သည်းထန်စွာ ရွာသွန်းခဲ့သဖြင့် မြ၀တီမြို့နေရာအများစုတွင် ရေကြီးနေကြောင်း၊ လတ်တလော ရေဘေးကြောင်း ပြောင်းရွှေ့ရသူမရှိသော်လည်း သွားလာရေးအခက်အခဲ ဖြစ်နေကြောင်း သိရှိရသည်။

"သောင်ရင်းမြစ်ရေကလည်း တန့်နေတော့ ရေကမဆင်းဘဲတောင့်နေတာ။ မိုးတိတ်သွားရင်တော့ ရေတွေ ပြန်ဆင်းသွားမှာပါ။ ပြောင်းရွှေ့ရတာမျိုးတော့မရှိသေးဘူး။ နေ့လယ် မိုးတိတ်ရင်တော့ ရေတွေ ဆင်းသွားမယ်ထင်ပါတယ်။ အခုထက်ထိတော့ မိုးက ရွာနေတုန်းပဲ"ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။

Khit Thit Media

ပြည်တွင်း၊ ပြည်ပသတင်းစုံ

ထိုင်းတွင် ဆေးရုံတက်နေတဲ့ မြန်မာလူငယ်ကို ပစ်သတ်ခဲ့သူမှာ ထိုင်းရဲအရာရှိတစ်ဦးဖြစ်နေBVJ/အိုင်းရစ် _ ဇွန် ၈ ၊ ၂၀၂၄ထိုင်းနိုင...
08/06/2024

ထိုင်းတွင် ဆေးရုံတက်နေတဲ့ မြန်မာလူငယ်ကို ပစ်သတ်ခဲ့သူမှာ ထိုင်းရဲအရာရှိတစ်ဦးဖြစ်နေ

BVJ/အိုင်းရစ် _ ဇွန် ၈ ၊ ၂၀၂၄

ထိုင်းနိုင်ငံမှာ ဆေးရုံတက်နေတဲ့ မြန်မာလူငယ်တစ်ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့သူမှာ ထိုင်းရဲအရာရှိ (ရဲတပ်ကြပ်) တစ်ဦးဖြစ်နေပြီး ၎င်းကို ဒီနေ့ စနေနေ့မှာ ဖမ်းဆီးရမိထားပြီလို့ အာဏာပိုင်များက ထုတ်ဖော်ပြောကြားထားပါတယ်။

မနေ့က သောကြာနေ့ နံနက်အစောပိုင်းမှာ အသက် ၂၉ နှစ်အရွယ် မြန်မာလူငယ်တစ်ဦး Muang Khon Kaen ခရိုင် အစိုးရဆေးရုံမှာ ၎င်းရဲ့ ကျောဘက်အကြိတ် ခွဲစိတ်ကုသမှုခံယူဖို့ ဆေးရုံတက်နေချိန် သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

သေနတ်နဲ့ပစ်ခတ်ခဲ့သူ ထိုင်းရဲအရာရှိက မြန်မာလူငယ်ကို ၎င်းကိုယ်တိုင် ပစ်ခတ်ခဲ့ကြောင်းလည်း ဝန်ခံထားပါတယ်။ ပစ်ခတ်မှုအခြေအနေကို ပြန်လည်ထွက်ဆိုရာမှာ ယင်းဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေတဲ့ ဖခင်က ၎င်းရဲ့ဘေးကုတင်မှာရှိနေတဲ့ မြန်မာလူငယ်နဲ့ပတ်သက်ပြီး စိတ်အနှောင့်အယှက်ဖြစ်နေတာကို သိရတာကြောင့် ပစ်သတ်ခဲ့တာဖြစ်တယ်လို့လည်း ထွက်ဆိုထားပါတယ်။

သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ အသက် ၃၄ နှစ်အရွယ် ထိုင်းရဲတပ်ကြပ် Veeraphong Buayen က Khon Kaen ခရိုင် Phra Yuen ရဲစခန်းမှာ တာဝန်ထမ်းဆာင်နေသူတစ်ဦးဖြစ်ပြီး ဒီနေ့မနက် ၉ နာရီခွဲဝန်းကျင်မှာ Khon Kaen ရဲစခန်းမှာ လာရောက်အဖမ်းခံခဲ့တာလည်း ဖြစ်ပါတယ်။

“ပစ်သတ်ခံခဲ့ရတဲ့ မြန်မာလူငယ်နဲ့ ထိုင်းရဲတပ်ကြပ်က တစ်ယောက်နဲ့တစ်ယောက် မသိကျွမ်းပါဘူး။ သူတို့နှစ်ဦးကြားမှာ ဘာပြဿနာမှာလည်း မရှိပါဘူး။ သူ့စိတ်ထဲမှာ သူ့အဖေ ကုတင်ဘေးမှာရှိနေတဲ့ မြန်မာလူငယ်က သူ့အဖေအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာ ဖြစ်နေတယ်လို့ သူ ခံစားနေရတယ်။ အဲ့ဒါကြောင့် သူဟာ မြန်မာလူငယ်ကို ပစ်သတ်လိုက်တာပါပဲ။ ပစ်ခတ်ပြီးတော့မှ သူ ဘာကြောင့် ဒီလိုလုပ်မိလဲဆိုတာ သူကိုယ်တိုင် ဝေခွဲမရဖြစ်နေတယ်”လို့ ထိုင်းရဲတပ်ကြပ်ရဲ့ ထွက်ဆိုချက်ကို ကိုးကားပြီး ခရိုင်ရဲမှူး Anuwat Suwannaphum က ပြောကြားထားပါတယ်။

မြန်မာလူငယ်ကို ပစ်ခတ်ခဲ့သူ ထိုင်းရဲတပ်ကြပ်ဟာ နှလုံးသွေးကြောကျဉ်းရောဂါရှိနေပြီး စိတ်ကျဝေဒနာကို ခံစားနေရတယ်လို့ ၎င်းနဲ့ ရင်းနှီးသူများကလည်းက တာဝန်ရှိသူများကို ပြောကြားပါတယ်။

အမျိုးသားလူနာဆောင် ၅ လွှာမှာ ဆေးဝါးကုသမှုခံယူနေတဲ့ ဖခင်ဖြစ်သူဟာ ဘေးကုတင်မှာရှိနေတဲ့ မြန်မာလူငယ်ကြောင့် ညဘက်တွေမှာ အိပ်လို့မရကြောင်း သားဖြစ်သူ ရဲတပ်ကြပ် ရောက်ရှိလာချိန် တိုင်တန်းခဲ့ပါတယ်။

ယင်းမြန်မာလူငယ်ဟာ ကနဦးက အမျိုးသားလူနာဆောင် ၅ လွှာ ရဲတပ်ကြပ်ရဲ့ ဖခင် ဘေးကုတင်မှာရှိနေခဲ့တာဖြစ်ပြီး အခင်းဖြစ်ပွားရက် သောကြာနေ့မှာတော့ ခွဲစိတ်ကုသမှု ခံယူဖို့အတွက် ၆ လွှာကို ရွှေ့ပြောင်းခဲ့ရပါတယ်။

ဖခင်ဖြစ်သူရဲ့ တိုင်တန်းချက်ကြောင့် ရဲတပ်ကြပ်ဟာ ၆ လွှာ မြန်မာလူငယ်အခန်းရှိရာနေရာကို သွားရောက်ခဲ့ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာလည်း ဖြစ်ပါတယ်။ (မြန်မာလူငယ်အခန်းနေရာကို ဆေးရုံသူနာပြုအား မေးမြန်းခဲ့ပြီးနောက် သွားရောက်ခဲ့ပစ်ခတ်ခဲ့တာဖြစ်တယ်လို့လည်း ကနဦးသတင်းများတွင် ဖော်ပြထားပါတယ်)

သေဆုံးသူ မြန်မာလူငယ်ရဲ့ ချစ်သူ ထိုင်းအမျိုးသမီးက ဥပဒေစိုးမိုးရေးလုပ်ကိုင်သူတစ်ဦးအနေနဲ့ အခုလိုပြစ်မှုမျိုး ကျူးလွန်မယ်လို့ မထင်ထားခဲ့မိဘူးလို့ ပြောပါတယ်။ သေဆုံးသူမြန်မာလူငယ်ဟာ ညဉ့်နက်ချိန်အထိ ဖုန်းနဲ့ ဂိမ်းကစားပေမဲ့ ဘေးကုတင်မှာရှိနေတဲ့ ထိုင်းရဲတပ်ကြပ်ရဲ့ ဖခင်ကို အနှောင့်အယှက်ဖြစ်စေတဲ့အထိ မရှိခဲ့ဘူးလို့ ထိုင်းအမျိုးသမီးက ပြောပါတယ်။ ဒါပေမဲ့ အခုလို ပစ်ခတ်ခံရပြီးနောက် နစ်နာသူ သေဆုံးသူအတွက် ဘာမှပြန်ပြီး အစားထိုးလို့မရတော့ဘူးလို့လည်း သူမက ပြောပါတယ်။

Ref: Bangkok Post

ပြည်တွင်း၊ ပြည်ပသတင်းစုံ

အယ်နီညိုထွက်ခတ်ခတ်မည်၂၀၂၄ ဧပြီလ ပထမပတ်အတွင်းမြန်မာနိုင်ငံတနိုင်ငံလုံးမှာ ပူပြင်းခြောက်သွေ့နိုင်ပြီး အထူးသဖြင့် ဧပြီလ ၆ရက...
01/04/2024

အယ်နီညိုထွက်ခတ်ခတ်မည်
၂၀၂၄ ဧပြီလ ပထမပတ်အတွင်း
မြန်မာနိုင်ငံတနိုင်ငံလုံးမှာ ပူပြင်းခြောက်သွေ့နိုင်ပြီး အထူးသဖြင့် ဧပြီလ ၆ရက်နေ့ ၇ရက်နေ့ ၈ရက်နေ့တွေမှာ နေ့အပူချိန်များသိသိသာသာပိုမိုပူပြင်းနိုင်ပါတယ်
နေပူထဲအပြင်ထွက်လျှင်ထီး ဦးထုတ်ဆောင်းကြပါ သနပ်ခါးကိုထူထူလိမ်းပါ
ဖြစ်နိုင်လျှင် အရိပ်အာဝါသကောင်းရာမှာနေထိုင်ကြပါ
မနက်၁၀နါရီမှ ညနေ၅နာရီအတွင်းရေမချိုးကြပါနှင့်
ISSUED TIME
01/04/2024 7:07am(MMT)
Su Su San မင်း ဂွတ် သီး
𝙈𝙚𝙩𝙚𝙤𝙧𝙤𝙡𝙤𝙜𝙞𝙘𝙖𝙡 𝘾𝙚𝙣𝙩𝙧𝙚

ပြည်တွင်း၊ ပြည်ပသတင်းစုံ

သားပိုင်ရှင်များသတိထား*************************     သားယောက်ျားလေးများကို ပြုစုပျိုးထောင်ခြင်းက ထင်သလောက်မလွယ်ပါ။ သုတေသန...
25/03/2024

သားပိုင်ရှင်များသတိထား
*************************

သားယောက်ျားလေးများကို ပြုစုပျိုးထောင်ခြင်းက ထင်သလောက်မလွယ်ပါ။ သုတေသနများအရ သားလေးများက သမီးလေးများထက် ကျောင်းပြေးဖို့၊ စာမေးပွဲကျဖို့၊ ဆေးလိပ် အရက်နှင့် မူးယစ်ဆေးဝါး စမ်းသုံးကြည့်ဖို့၊ မတော်တဆ ထိခိုက် ဒဏ်ရာ ရဖို့၊ စိတ်ဓာတ်ကျ ရောဂါ ရဖို့ ဖြစ်နိုင်ချေ ပိုများသည်ဟု ဆိုသည်။

သားယောက်ျားလေးများ၏ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို စိတ်ပညာရှင် အချို့က အဆင့် ၃ ဆင့် ခွဲကြသည်။

(၁) မွေးကင်းစမှ ၆ နှစ် - သားကို ဘယ်သူ လွှမ်းမိုးသလဲ။

သားသည် မိခင်ကို အဓိက တွယ်တာသည်။ ဤ အဆင့်တွင် မိခင်ဆီမှ အရေးကြီးဆုံး၊ အလိုအပ်ဆုံး အရာသည် ချစ်ခြင်းမေတ္တာနှင့် နွေးထွေးလုံခြုံမှုဖြစ်သည်။ မိခင်၏ ဂရုစိုက်မှု၊ ပြုစုစောင့်ရှောက်မှုများက သားငယ်လေး တစ်ယောက်ကို စိတ်ကျန်းမာ ပျော်ရွှင်သည့် ကောင်လေး တစ်ယောက်အဖြစ် ပြောင်းလဲစေနိုင်သည်။

မိခင်၏ အပြောအဆို၊ အပြုအမူများက သားလေး၏ အပြောအဆို၊ အပြုအမူများကို လွှမ်းမိုးနိုင်စွမ်းရှိသည်။ မိခင်ဆီမှ ဆက်ခံနိုင်သော အရည်အသွေးက ယဉ်ကျေး ပျူငှာ ဖော်ရွေခြင်း ဖြစ်သည်။

(၂) ၆ နှစ်မှ ၁၄ နှစ် - သားကို ဘယ်သူ လွှမ်းမိုးသလဲ။

သားငယ်လေးက ကောင်လေးတစ်ယောက်ဖြစ်လာဖို့ စတင် သင်ယူချင်သည်။ မိခင်ကို တွယ်တာဆဲ ဖြစ်သော်လည်း ဖခင်ကို ပို၍ စိတ်ဝင်စားလာသည်။ ဖခင်၏ စကားလုံး၊ ကိုယ်နေဟန်ထား၊ ဝတ်စားဆင်ယင်မှုတို့ကို မသိမသာ လေ့လာသည်။

ဤ အဆင့်တွင် ကောင်လေး၏ အရည်အချင်းတစ်မျိုးမျိုးကို မြေတောင် စမြှောက်ပေးနိုင်ဖို့ အရေုးကြီးဆုံးက ဖခင် ဖြစ်သလို၊ ကိုယ်ချင်းစာ ကြင်နာတတ်ပြီး အကြမ်းဖက်မှု မလိုလားတတ်စေရန်လည်း ဖခင်က စံနမူနာ ပြနိုင်သည်။ ထို အချိန်ကို နောက်ကျမှ ပြန်မရနိုင်၍ စီးပွား အတွက် အလုပ်များလွန်းသူ ဖေဖေများ ပို ဂရုစိုက်ပါ။

(၃) ၁၄ နှစ် မှ ၁၈ နှစ် - သားကို ဘယ်သူ လွှမ်းမိုးသလဲ။

ဖခင်၏ အပြောအဆို၊ အပြုအမူ တို့ထက် ပတ်ဝန်းကျင်မှ အမျိုးသားတို့၏ အပြုအမူနှင့် လုပ်ဆောင်ချက်များကို ကောင်လေးက စတင် သင်ယူချင်သည်။ ဥပမာ အတန်းကြီးမှ ကစားဖော်များ၊ စကားပြောဖော်များ၊ တစ်လမ်းတည်းသား ဂစ်တာတီးဖော် အစ်ကိုကြီးများ၊ ကျောင်းဆရာ၊ ကျူရှင်ဆရာများကို အထင်ကြီးလွယ်သည်၊ မိသားစုထက် ပိုယုံစားလွယ်သည်။

ဤ အဆင့်တွင် မိခင်ရော ဖခင်ပါ လိမ္မာ ပါးနပ်ဖို့ လိုသည်။ အမြင်မတူလျှင် မဆန့်ကျင်ပါနှင့်၊ တူလာအောင် စည်းရုံးပါ။ မတင်းကြပ်ပါနှင့်၊ ပြေလည်ဖို့ ညှိနှိုင်းပါ။ မိမိသားနှင့် ပေါင်းသင်း ဆက်ဆံနိုင်ချေရှိသူများကို ကြိုတင်လေ့လာစူးစမ်းပါ။ တားမြစ်ဖို့ လိုလျှင် အချိန်မီပါစေ။ မိမိသားကို လမ်းမှန်သို့ လက်တွဲခေါ်မည့်သူကို အသိအမှတ်ပြုပါ။ လိုအပ်လျှင် သား လေးစားသော သား၏ ဦးလေး၊ ဘကြီး၊ အဖိုးတို့၏ အကူအညီကို ရယူပါ။

သားပိုင်ရှင်များက ကလေး၏ အသက်အပိုင်းအခြားအရ သတိမူစရာများ သတိမူနိုင်ရန်၊ ကျန်းမာပျော်ရွှင် ထူးချွန်ထက်မြက်သော သားယောက်ျားလေးများ ပျိုးထောင်နိုင်ရန် ရည်ရွယ်ရေးပါသည်။

Credit
ပြန်လည်မျှဝေပါသည်

💦💦💦💦💦💦💦💦💦💦💦💦💦💦

ပြည်တွင်း၊ ပြည်ပသတင်းစုံ
(

မြန်မာစစ်တပ်ရဲ့ ပြစ်ဒဏ်မှကင်းလွတ်တဲ့ ယဉ်ကျေးမှုကို အဆုံးသတ်ရမယ်လို့ ဗြိတိန် ဆိုဧရာဝတီတိုင်းမ်မတ် ၂၁ ရက် မြန်မာစစ်တပ်ဟာ က...
21/03/2024

မြန်မာစစ်တပ်ရဲ့ ပြစ်ဒဏ်မှကင်းလွတ်တဲ့ ယဉ်ကျေးမှုကို အဆုံးသတ်ရမယ်လို့ ဗြိတိန် ဆို

ဧရာဝတီတိုင်းမ်
မတ် ၂၁ ရက်

မြန်မာစစ်တပ်ဟာ ကျေးရွာတွေမီးရှို့တာ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာနဲ့ အရပ်ဘက်ပစ် မှတ်တွေကို လေကြောင်းတိုက်ခိုက်တာတွေ အပါအဝင် အကြမ်းဖက်မှုတွေ ဆက်လက် ကျူးလွန်နေပြီး အပြစ်မဲ့အရပ်သားတွေဟာ အခုလိုမျိုး တိုက်ခိုက်ခံမှုတွေအတွက် တရားမျှတမှု မရရှိဘူးလို့ ဗြိတိန်နိုင်ငံ ရဲ့ လူ့အခွင့်အရေး သံအမတ်ကြီး ရီတာဖရန့်က ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအစီရင်ခံစာတင်ပြသူရဲ့ အစီရင်ခံစာအတွက် ထုတ်ပြန်ချက်မှာ ၎င်းက အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုအခြေအနေက ဆိုးရွားနေပြီး ပြည်သူ ၁၈ သန်းကျော်ဟာ အ ကူအညီ လိုအပ်နေကာ အိုးအိမ်စွန့်ခွာရသူ ၂ ဒသမ ၆ သန်းကျော် ရှိတယ်လို့ သူက ဆိုပါတယ်။

မြန်မာပြည်သူတွေ သောကပိုဖြစ်စေမယ့် စစ်ကောင်စီရဲ့ မကြာသေးမီက စစ်မှုထမ်းဉပဒေ ကြေ ညာမှုနဲ့ပတ်သက်လို့ ဗြိတိန်နိုင်ငံက အလွန်အမင်း စိုးရိမ်မိတယ်လို့ သူက ဆက်ပြောပါတယ်။

ရိုဟင်ဂျာတွေဟာ ဆယ်စုနှစ်ချီ စနစ်တကျ ခွဲခြားဆက်ဆံမှု ခံနေရဆဲဖြစ်ပြီး ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ရက္ခိုင့်တပ်တော် (AA) ကြား တိုက်ပွဲတွေမှာ ကြားညှပ်နေတယ်လို့ ရီတာဖရန့်က ပြောပါတယ်။

ဒါကြောင့် ဗြိတိန်နိုင်ငံက စစ်ကောင်စီရဲ့ စစ်လက်နက်နဲ့ ဝင်ငွေရပေါက်တွေကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဆက်လက်ပြုလုပ်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တယား (IIMM) နဲ့ Myanmar Witness တို့ကို ဗြိတိန်နိုင်ငံက ဆက်လက်ထောက်ခံပြီး မြန်မာစစ်တပ်ရဲ့ ပြစ်ဒဏ်ကနေကင်းလွတ်နေတဲ့ ယဉ် ကျေးမှုကို အဆုံးသတ်ရမယ်လို့ သူက ဆိုပါတယ်။

ကိုးကား - https://www.gov.uk
Ref; UN Human Rights Council 55: UK Statement on Myanmar



copy
ပြည်တွင်း၊ ပြည်ပသတင်းစုံ

တောင်ကြီးတန်ဆောင်တိုင်လည်ပတ်မည့် ဧည့်သည်များ အတွက်သတိပြုရန် (***ဧည့်သည်)ဒီနှစ်ပွဲတော်ရက် စောပါတယ်Nov 21 ရက်ကနေ 27 ရက်အထိ...
25/10/2023

တောင်ကြီးတန်ဆောင်တိုင်လည်ပတ်မည့် ဧည့်သည်များ အတွက်သတိပြုရန် (***ဧည့်သည်)

ဒီနှစ်ပွဲတော်ရက် စောပါတယ်
Nov 21 ရက်ကနေ 27 ရက်အထိ

(1) ဘွတ်ဖိနပ် မဖြစ်မနေ စီးစေချင်ပါတယ်။ ပြီးတော့ တချို့နှစ်တွေ တော်တော်အေးလို့ မာဖလာ(သို့) ခြုံသဘက်များ ဆောင်ပေးပါ။ ပွဲခင်းထဲ ထိုင်ရန် ယိုးဒယားဖျာ များယူသွားနိုင်ပါသည်။ ပွဲခင်းထဲတွင် ဇာလာအိတ်များ ရောင်းသည်။

(2)ပွဲတော်ထဲတွင်း ရောင်းသောဆိုင်များတွင်ဖြစ်နိုင်ရင် မဝယ်စားပါနဲစျေးအရမ်းကြီးလွန်းပါတယ် ဆိုင်ခန်းခ စျေးကြီးသောကြောင့်ဖြစ်ပါတယ် ပွဲလည်ပြီးတာနဲ ညစျေးမှာ ဝင်စားလိုက်ပါညလုံးပေါက်ဖွင့်ပါတယ်

(2) မိန်းကလေးများ ကုတ်အကျီအရှည်ဖြင့် လည်ပတ်လျှင်ပို၍သင့်တော်ပါမည်။ မိမိ မိန်းကလေးအဖွဲ့မှာ အနည်းဆုံး ယောက်ကျားလေး နှစ်ယောက် (သို့) အဒေါ်အရွယ် များပါ လျှင် ပိုကောင်းပါမည်။ ခါးပတ်နိူက် သတိပြုပါ။ မီးပုံးပျံ လွှတ်တင်ခြင်း အချိန်ဇယားယူထားပါ။ တည ပျမ်းမျှ 12 လုံးခန့်လွှတ်တင်သည်။ စိန်နပန်း (မီးပုံးဖြင့်အလှဆင်) နှင့် ညမီးကြီး(မီးရူးမီးပန်း) အမြိုးအစားတှကေ ညလွှတ်များဖြစ်သည်။

(3) လမ်းပိတ်သောကြောင့် ကားနှင့်သွားသော ဧည့်သည်များ စောစော ပွဲခင်းသို့ သွားသင့်သည်။ ၆ နာရီ ၇ နာရီခန့် ။ ဖွင့်ပွဲနေ့တွင် 3 နာရီ ခန့်အရောက်သွားမှ အဆင်ပြေပါလိမ့်မယ်နော်။အဖိတ်နေ့နဲလပြည့်နေ့ကားနဲသွားမယ်ဆို နေ့လည် ၁၂နာရီလောက်ကတည်းကသွားမှ အဆင်ပြေပါ့မယ်(နောက်ကျရင်မိုးလင်းသွားမယ် ကွင်းထဲမရောက်ဘူးဖြစ်မယ်) ။တောင်ပေါ်ဒေသ၏ ယဉ်ကျေးမှု ရိုးရာအလှ အကများမြင်တွေ့နိုင်တဲ့ အရမ်းလှတဲ့ဖွင့်ပွဲကို မလွတ်ပါစေနှင့်။(တကယ်လှ လွန်းလို့ပါ) လူကွဲသွားပါက ပြန်ဆုံရန် ပွဲခင်းထဲတွင် ဆုံမှတ် တခုသတ်မှတ်ပါ။

(4) ပွဲစျေးလမ်းတလျောက် သိပ်မငေးဖို့ အကြံပေးပါရစေ။ ကိုယ့် အဖော်လက်ကို တွဲထား၊ ပခုံးဖက်ပြီး သွားပါ။ လူကြပ်သောနေရာများတွင် မီးရထားလို ပုံစံ လုပ်ပြီးသွားကြသည်။သွားမှရသည်။

(5) ညမီးကြီး မီးပုံးပျံ လွတ်တင်ရန်အနေအထားတခုတွင် သင်က လေလမ်းကြောင်း၏ ဆန့်ကျင်ဘက်တွင် နေပါ။( လေလမ်းကြောင်းအား မီးစာ၊ မီးဇော် အငွေ့များ မြူနှင်းအားများ ကြည့်ခြင်းဖြင့်သိနိုင်သည်။) အိပ်နေသူများအား နိုးပါ သတိရှိပါ။ ညမီးကြီး ၏မီးရူးမီးပန်းများ ကိုယ့်ဆီအနီးကပ်လာဝှန်းပါက အပေါ်ကြည့်၊ အောက်ကြည့်၊ လှည့်ကြည့်လျက် ပြေးပါ။ ကျောပေးပြီး လျှောက်မပြေးပါနှင့်။(ကျနော် ကျောပေးပြီး ပြေးခဲ့တုန်းက အနွေးထည် အင်ကျီ မီးရူးမှန်ပေါက်ပြဲပြီး အပေါ်မကြည်ဘဲ ပြေးသောကြောင့် မီးပုံးပျံက ကိုယ့်ခေါင်းပေါ်တည့်တည့်ရောက်နေတာမျိုး:D)။ မရယ်နှင့် တကယ်ကြုံလာရင် သွေးရူးတမ်းရူးလျောက်ပြေးကြတာ။ စိန်နပန်းမီးပုံးပျံက တော့ အန္တရယ်နည်းပြီး အနီးကပ်ကြည့်နိုင်ပါတယ်။

(6) လောင်းကစားဝိုင်းရှိတယ် အပျော်တမ်းလောက်တာကောင်းသည်။ လောင်းကစား အစား ဒေသ အစားအစာများ၊ အဝတ်အထည်များ၊ စျေးသည်လေးများအား အားပေးဝယ်ယူသုံးဆောင်ခြင်းဖြင့် သင့်လာရောက်လည်ပတ်သောဒေသအား အထောက်အကူပြုပါစေ။

(7) အဖိတ်နေ့နှင့် လပြည့်နေသည် လူများသောကြောင့် ကြုံဖူးမှ သိလိမ့်မယ် တညတည လူပျောက်ကြေငြာတွေ ရာချီ ပြန်ကြားရေးအဖွဲ့မှ အော်ပေးနေရသည်။ လူများပါက ဦးဆောင်သူ လူတလောက်အား မိုးပျံပူပေါင်းကိုင်စေခြင်းဖြင့် လူမပျောက်အောင် လုပ်ပါ (သို့) တယောက်နှင့် တယောက် လက်တွဲခြင်း နောက်ဖက်မှ ပခုံးတွဲခြင်းများလုပ်ပါ။ ( ဖုန်းလိုင်းကြပ်သောကြောင့် လူပျောက်လျှင်ရှာရခက်သည်။ ပြန်ကြားရေးတို့ အကူအညီတောင်းနိုင်သည်၊)

(8) တတ်နိုင်သလောက် သူများခြေထောက်မနင်းမိပါစေနှင့်။ ပခုံးမတိုက်မိပါစေနှင့် ။အထူးတဖြင့် ယောက်ကျားလေးများ ပခုံးတိုက်မိလျှင်လဲ နောက်ပြန်လှည့်မကြည့်ပါနှင့်။ပြဿနာ လာရှာပါက ရှောင်ပါ။ သင်ငေးလျှင် သင့်နောက်လူ က သင့်ဖိနပ် ဖွေးဖွေးအား နင်းလိမ့်မည်။

(9) အစားလျော့စားပါ။ ရေလျော့သောက်ပါ။မိန်းကလေးများ အပေါ့အလေး သွားဖို့ ခက်ခဲပါသည်။ ဝေးလံသည်။ယောက်ကျားလေးများ လျော့သောက်ပါ အမူးမလွန်စေနှင့်။ မသောက်လျှင်အကောင်းဆုံးပေါ့။

(10) မီးပုံးပျံ အဖွဲ့များအားမသိလျှင် ဝင်မရောပါနှင့်။ လမ်းမှာတွေ့ပါစေ ပွဲခင်းထဲတွေ့ပါစေ ယမ်းခွေကား အနီး မကပ်ပါနှင့်။မီးပုံပျံ အဖွဲ့များ ကြိုးကွင်း၍သွားလေ့ရှိသည်။ ကြိုးကွင်းထဲ မဝင်ပါနှင့် ၄င်းတို့အနီးဆေးဆိပ် မသောက်ပါနှင့်။ တောင်ပေါ်သားများ၏ ဖော်ရွှေမူသည် ကြိုးကွင်းအထဲတွင် ခြွင်းချက်ဖြစ်သည်။ စပ်စုနိုင်သည် လေ့လာနိုင်သည်။ အိုးစည်ဗုံးမောင်းများကြား ပျော်ရွှင်စွာ သင် နွဲပျော်နိုင်သည်။ကြိုးစည်းဝိုင်းထဲတော့ မဝင်ပါနှင့်။(အရိုက်ခံရမယ်)

(11) မီးပုံပျံ တလုံးကို လူအယောက်နှစ်ဆယ်ခန့် ၄ လ၅လ ခန့်အချိန်ယူရသည်။ ပင်တိုင် အဖွဲ့ဝင်များသည် နေ့မနား ညမအိပ် လုပ်ရသည်။ လူကော စိတ်ပါပင်ပန်းရပြီ အသက်အန္တရယ်များလှသည်။ စည်းနှင့်ကမ်းနှင့် လုပ်ကြရပြီ အမှားမခံ ကြပါဘူး။ တခုခုဖြစ်ခဲ့သော် ၄င်းတို့သည် စိတ်အလွန်ထိခိုက်ပြီး ဒေါသထွက်နေသောကြောင့် ဝေးဝေးနေပါ။

(13)သူတို့မီး တစ်ခုခု ဖြစ်လို့ ဝမ်းနည်းပူဆွေးနေတဲ့အချိန် က တာတို့ စောင့်းမြောင်းပြောတာတို့ မြောက်ကြွ မြောက်ကြွ လုပ်တာတို့ သွားမလုပ်ပါနဲ ပျားအုပ်ကို တုတ်နဲထိုးသလိုဖြစ်ပြီး ဆွမ်းအကြီးကြီးအလောင်းခံရပါမယ်(လွှတ်အောင်ပြေးပေတော့)
တန်ဆောင်တိုင်ပွဲက အရမ်းကိုပျော်ရွှင်ဖို့ကောင်းတဲ့ ပွဲပါ။ မြေပြန့်က ဧည့်သည်များအတွက် အန္တရယ်မဖြစ် စေလိုသောကြောင့် သတိပိုသည်မရှိဆိုသည့်အတိုင်း ရေးရခြင်းသာဖြစ်ကာ အရမ်းလဲ မစိုးရိမ်ပါနှင့်။ ပွဲလည်ဖို့ စည်းကမ်းမလိုပါဘူး။ လုပ်သင့်တာ မလုပ်သင့်တာတော့ သိထားတော့ လည်လို့ကောင်းတာပေါ့။

#သွားမယ်&တည်းမယ်

Group Post Myat Min Thaw

ပြည်တွင်း၊ ပြည်ပသတင်းစုံ

 #ပရိတ်သတ်ရဲ့အဆိုတော်ဆိုတာ ပျဉ်းမနားနှစ်ကျိပ်ရှစ်ဆူပွဲ မှာ ကားတွေနဲ့ လှည့်ဖျော်ဖြေကြတော့ လွှမ်းမိုး တို့တီးတဲ့ကားကြီးနား...
09/09/2023

#ပရိတ်သတ်ရဲ့အဆိုတော်ဆိုတာ

ပျဉ်းမနားနှစ်ကျိပ်ရှစ်ဆူပွဲ မှာ
ကားတွေနဲ့ လှည့်ဖျော်ဖြေကြတော့
လွှမ်းမိုး တို့တီးတဲ့ကားကြီးနားမှာ
လူစည်လာလိုက် တခြားအဖွဲ့ရဲ့ကားကြီး
က ဘေးနားလာရပ်ပြီး
ဒေါင်ဒေါင်ဒင်ဒင်လုပ်လိုက် ။

လွှမ်းမိုးတို့ကား က ရှောင်ပြီး
နောက်လမ်းဆုံတစ်ခုမှာရွှေ့တီးလိုက်
အဲ့ဒီ့ကား က ထပ်လိုက်လာပြီး
ဘေးမှာ ဒေါင်ဒေါင်ဒင်ဒင် လာလုပ်လိုက်။
အဲ့ဒီ့လို သုံးခါလောက်လိုက်
လာတော့ လွှမ်းမိုး ကတီးတာရပ် ပြီး
" ဟရောင့်တွေ မင်းတို့ ဒီလောက်လိုက်
တီးချင်ရင် အခုပြိုင်တူတီးမယ်
လက် ညောင်းပြီးလ မတီးနိုင်တော့တဲ့ လူ
လက်ဖြတ်ကြေး တီးမလား " လို့
စိန်ခေါ်လိုက်မှ အဲ့ဒီ့ကားကြီးက
မောင်းထွက်သွား

လိုက်ကြည့်နေတဲ့ ပရိတ်သတ်ထဲမှာ
နာမည်မကြီးသေးတဲ့
ကိုင်ဇာ ရဲ့ အားပေးတဲ့ အသံထွက်လာ
" အဲ့ဒါပဲကွ ကိုစိုး ကွ "
လွှမ်းမိုး ရဲ့ ငယ်နာမည်က စိုးစိုး
..

ကိုင်ဇာရဲ့ ပထမဆုံးကက်ဆက်ခွေ
ထွက်တော့ ကိုင်ဇာနဲ့ ဆယ်ကျော်
သက်အရွယ်သူငယ်ချင်းတစ်စု
အခွေလေးတွေအိတ်နဲ့လွယ်လို့
နယ်မြို့တွေဆီ ရထားတစ်တန်
ကားတစ်တန်နဲ့ အခွေလိုက်ရောင်းကြရ။

" အကျည်းတန်ရဲ့အထီးကျန်အထ္တုပတ္တိ "
အခွေ ကာဗာ မှာ
ကာတွန်းသရုပ်ဖော်ပုံလေးနဲ့ ။
နာမည်ကြီးအဆိုတော်မဟုတ်လို့ခေါင်းခါ
လက်ခါပြတဲ့တိတ်ခွေဆိုင်တွေရှိသလို။
လူငယ်တွေကိုအားပေးတဲ့
ဆိုင်လေးတစ်ချို့ကလည်းဝယ်။

ကိုင်ဇာ မေဆွိ တို့ဆယ်တန်း
အောင်စာရင်းထွက်တဲ့နေ့ အောင်လို့
လွပ်လွပ်လပ်လပ် မပျော်နိုင်အား။
စတီရီယိုမှာ ရက်ချိန်းယူပြီးသားဖြစ်နေလို့ သီချင်းသွားသွင်းရသေး။
ပထမဆုံးနေ့ အနမ်းပန်း စတဲ့သီချင်းတွေ
..

ကိုင်ဇာ ဆိုတဲ့ `ရာဇူးကမမ`
သီချင်းရေးသူက စိုးလွင်လွင် ။
သူလည်း ပထမဆုံးအခွေ " မင်းထက်သာတဲ့သူ " အခွေထွက်တော့ လက်ကမ်းစာစောင်တွေ
လိုက်ဝေ လိုက်ကပ်လုပ်ခဲ့ရ။
လက်ဖက်ရည်ဆိုင်ကောင်တာတွေနား
သွား အခွေလေးပေး ပြီး ဒီအခွေလေး
ဖွင့်ကြည့်ပေးပါဗျာ ပြောတာမျိုးတွေလုပ်ခဲ့ရ

ဒုတိယအခွေ " ချစ်လူမိုက် " မှာလည်း
ခွေထွက်ပြီး ၃ လလောက်အထိငြိမ်နေတော့
` ဟာ ဒီတစ်ခွေလည်း သွားပြန်ပြီထင်တယ် ` လို့
သူ့ဇနီးကို ပြော။

အဲ့ဒီ့ကာလ စိုးလွင်လွင် က သူ့အဖေရဲ့
လေးဘီးကား ကိုယူမောင်းကားဆွဲနေချိန်။
သူငယ်ချင်း ဖြစ်သူ ဇာဂနာ မေးတော့
" အဆိုတော်မဖြစ်ရင်ဘာလုပ်မလဲ?"
`Taxi မောင်းမယ်` ဖြေခဲ့သေး

" ချစ်လူမိုက် " အခွေ ထွက်ပြီး ၆ လ
လောက်အကြာမှာအောင်မြင်တော့မှ
" သူရဲကောင်းတို့ရဲ့ နှလုံးသား "
` မာနမျက်နှာ ` ...

သူ့ သီချင်းတစ်ပုဒ်ရဲ့စာသားလို
"စိုးလွင်လွင် သီချင်းတွေနားထောင်ရတာ
ကံကောင်းလို့ "
လို့ ပြောရမလို
..

သံလွင်မြစ်ကမ်းဘေး သဘော်ပျက်ကြီး
ရဲ့ ကုန်းဘောင်ပျဉ်ပြားချပ်ပေါ်မှာ
စိတ်ဓာတ်ကျဆင်းနေတဲ့ လူငယ်တစ်ဉီး
Rum ကလည်းမူးမူး နဲ့
ညနက်လေ ရေကတက်လာလေနဲ့
သူငယ်ချင်းတွေကိုလည်း `အနားမလာကြနဲ့
ငါခုန်ချပလိုက်မယ်` ဆိုပဲ

ပါးလှပ်ပြီး သားဇောကပ်နေတဲ့မိခင်တစ်ဉီး ကုန်းဘောင်ပြားပေါ် ရေတက်နေတဲ့
ကြားက တရွေ့ရွေ့နဲ့ကြိုးစားသွားနေ
" သား ရေတက်နေပြီ အမေနဲ့ လိုက်ပြန်စို့"
` အမေပြန်နှင့် သားလိုက်ခဲ့မယ်
ငါ့အမေကို မပြောပါနဲ့ ဆိုတာ မင်းတို့
သွားပြောတယ်ပေါ့လေ `

လူငယ်ကတေးရေးဆရာဖြစ်ချင်သူ။
သူရေးထားတဲ့သီချင်းလေးတွေ
ရန်ကုန်တက်ပြီး သူနှစ်ခြိုက်တဲ့အဆို
တော်ကိုပြရာမှာ အဆိုတော်ကလိုလို
လားလားဆိုချင်ပုံမရ။
စိတ်ဓာတ်တွေကျဆင်းပြီး မော်လမြိုင်
ပြန်လာချိန်

" သား ဘာဖြစ်ချင်သလဲ
သားဖြစ်ချင်တာဖြစ်စေရမယ် "
အမေအို က ရှိစုမဲ့စု လေးတွေခြစ်ခြုပ်
ငွေ၂သောင်းခွဲ ထုတ်ပေးလို့။
သူရေးတဲ့သီချင်းတွေ သူကိုယ်တိုင်ဆိုမှ
ဖြစ်တော့မှာမို့ လူငယ်လေးလည်း
အသံသွင်းဖို့ ရန်ကုန်တက်လာ။

အမေ က ဒေါ်မြရင်
သားဖြစ်သူ က ကျော်မြင့်လွင်
နောက်တော့ ထူးအိမ်သင်
အခွေသွင်းပြီး ၆ လကျော်အကြာမှ
ပေါက်ခဲ့တဲ့အခွေလေးက
" နာရီပေါ်မှမျက်ရည်စက်များ "..

စိုင်းထီးဆိုင် ရဲ့ သီချင်း ၁၀ပုဒ် မှာ
၉ ပုဒ်ရဲ့ တေးရေးသူက ဆရာစိုင်းခမ်းလိတ် ။

ဒါပေမယ့်
" မန္တလေးရောက်ရှမ်းတစ်ယောက် "
သီချင်း နေရာတိုင်းဖွင့်နေချိန်ကာလ
တစ်ခုမှာ
ဆရာဝန်ဖြစ်ခါစ
ဆရာလိတ် နဲ့သူ့ဇနီး နှစ်ယောက်လုံး
ဆေးရုံ dutyဆင်းရတာမို့
သမီးဉီးလေး လသားအရွယ်ကို
အဖိုးအဖွားတွေဆီပို့ထားရ။
ရပ်ကွက်ထဲဆေးခန်းလေးငှားဖွင့်ဖို့မှ
ငွေစကြေးစမရှိ။
ဒီကြားထဲ ဆေးရုံသွားရင်စီးတဲ့ မိန်းမစီး
စက်ဘီးလေးကလူခိုးခံရ။
အဲ့ဒီ့အချိန် ဆရာလိတ်ရေးတဲ့ သီချင်း
က " နောက်ဆုံးသီချင်း " ။ တဲ့

အဲ့ဒီ့အချိန် စိုင်းထီးဆိုင် ကလည်း
စိတ်ဓာတ်ကျပြီး သူ့ဇာတိ လင်းခေး
ပြန်ပြီး ရေခဲခြစ် ဆိုင်လေး ဖွင့်ရောင်းနေ။

ဒါပေမယ့်ဝါသနာရဲ့စေ့စော်မှုကြောင့်
ဆရာလိတ် လည်း
နောက်ပိုင်းသီချင်းတွေဆက်ရေးဖြစ်ခဲ့။
နောက်တော့ သူ့ခေတ်မှာ သီချင်းတစ်ပုဒ်
တေးရေးခအများဆုံးရတဲ့ တေးရေးဆရာဖြစ်ခဲ့။

"နောက်ဆုံးသီချင်း" ရေးအပြီးမှာ
များရပ်ခဲ့ရင်...

ဆရာလိတ်ရေး
စိုင်းထီးဆိုင် ဆိုတဲ့ လောကသဘာဝ ရှုထောင့်စုံ သီချင်းလေးတွေဆက်နားထောင်ခဲ့ရတာ ကံသီပေလို့ ..

ပြည်မြို့ကမိဘတွေက ချောင်လည် ကြပေမယ့်
ရန်ကုန်မှာ အနုပညာအလုပ်တွေလုပ်ခိုက်
ဘိုင်ပြတ်တဲ့အခါ ကိုခင်ဝမ်း နဲ့ သူငယ်ချင်း
ပန်းချီမောင်ဒီ တို့နှစ်ဉီးဟာ
" ပြစ်မှုမဂ္ဂဇင်း " က လူသတ်မှုသတင်း
တွေအတွက် လူသေအလောင်းတွေအဖြစ်
ဓာတ်ပုံအရိုက်ခံကြပြီးပိုက်ဆံရှာ ။
ပန်းချီဆရာတွေမို့ ခံစားချက်ကလည်း
ပြင်းတော့ တကယ်အသတ်ခံရတဲ့
အလောင်းအစစ်တွေထက်တောင်
မျက်လုံးပြူး လျှာထွက်နဲ့ ပိုပီပြင်ကြသေး 😁

၁၉၈၇ နွေ မှာ ကိုခင်ဝမ်းတို့ သူငယ်ချင်း
တစ်စု ငပလီ သွားပြီးပြန်လာတော့ သူတို့
မျက်နှာရင်ဘတ်တွေမှာ ရေကူးရင်း
ကျောက်ဆောင်နဲ့တိုက်မိတဲ့ အစင်းခြစ်ရာတွေနဲ့ ။ အဲ့ဒီ့အတွေ့အကြုံတွေနဲ့
လှပတဲ့ " သောင်ကမ်းခြေ " ဆိုတဲ့
တေးတစ်ပုဒ် ဖြစ်တည်ခဲ့
..

၁၉၇၃ မှာ " ကျေးဇူးတင်တယ်ကမ္ဘာကြီး
ရယ် " အခွေထွက်ပြီး မအောင်မြင်လို့
ကသာဘက်မှာ ကျောင်းဆရာ
ပြန်လုပ်နေတဲ့ ကိုခင်မောင်တိုး

ဝါသနာရဲ့စေ့ဆော်မှုကြောင့် ရန်ကုန်
ခရမ်းပြာဆောင် သူငယ်ချင်းတွေဆီပြန်
ရောက်လာပြီး
၁၉၈၁ ဝိုင်းရဲ့ဆည်းဆာ
၁၉၈၂ စောင်းကြိုးရှိုက်သံ အခွေတွေထုတ်

၁၉၈၄ မဟာဆန်သူ စီးရီး ကြမှနိုင်ငံတစ်
ဝှမ်းလုံးပျံ့နှံ့

ပထမဆုံး စီးရီးထွက်ပြီး ၁၁ နှစ်အကြာ
မှာမှ အောင်မြင်ခဲ့
..

ဇော်ဝင်းထွဋ် ဆယ်ကျော်သက်အရွယ်မှာ
မိခင် ဖြစ်သူ အဆိုတော် ထား နဲ့ အတူ
မြန်မာ့အသံမှာ
မြန်မာသံသီချင်း တွေ ကို ကျကျနန
သီဆိုခဲ့ရသေး

အဲ့ဒီ့အခြေ ခံတွေဟာလည်း
နောက်ပိုင်း မှ Rock သီချင်းတွေနဲ့
အောင်မြင်ရာမှာ အထောက်အပံ့ဖြစ်..

၁၉၈၆ မှာ အခွေသွင်းဖို့ ဟယ်ရီလင်း
ရန်ကုန်ရောက် ။သူငယ်ချင်း ဖြစ်သူ
လေးဖြူ ကလည်း ဂီတာတီးဖို့ပါလာ။
တေးရေးတွေက ဝင်းမင်းထွေး သော်ဒီဝေ။
အဲ့ဒီအချိန်မှာပဲ နိုင်ငံတော် က ငွေစက္ကူ
တွေတရားမဝင်တော့ဘူးကြေညာ။
အလုပ်တွေအကုန်ရပ်။
သီချင်းမသွင်းဖြစ် တပ်ခေါက်ပြန်ကြရ
နောက်တော့ ၈၈ အရေးအခင်းကြီးဖြစ်။

၁၉၉၁ ကြမှ " ဟယ်ရီလင်း ရဲ့ ဟယ်ရီလင်း "
အခွေ သွင်းဖြစ်။
အားလုံးပြန်ယူသွားပါ
လိပ်ပြာ
အဆိပ်ငွေကြေး
အချစ်နဲ့ပေါင်မုန့် ...

လေးဖြူကလည်း ၁၉၉၂ မှာ
"ကန္တာရလမင်း " နဲ့ နာမည်ကြီးလာ

၅၂ အရွယ်မှာ ဟယ်ရီလင်း ကွယ်လွန်
တော့ တစ်ချိန်ကဂစ်တာတီးဖို့ပါလာခဲ့
သူငယ်ချင်းလေးဖြူ ကလည်း
တာမွေပုသိမ်ညွန့်တိုက်ခန်းဆီ
body ကူသယ်ဖို့အရောက်လာခဲ့
..

မာရဇ္ဇ " ပုံရိပ်မဲ့ဂရပ်ဖစ်များ "
အခွေ သွင်းပြီးခါစ ကိုဇော်သစ်
နှင်းဆီလှိုင်းများ ကို
ဖြန့်ချီပေးဖို့ပြောတော့
" မင်း ငှက်ကြီး ( ထူးအိမ်သင်) ကိုပြ
ပြီးပြီလား " တဲ့

`ကိုငှက် ကျွန်တော့်အခွေလေးနားထောင်
ပါလား`
" ဖွင့်လေ "
တစ်ခွေလုံး ဆုံးတဲ့အထိ နားထောင်
အပြီးမှာ ဘာမှတော့မပြော

" ငှက်ကြီး ဘာပြောလဲ "
` ဘာမှမပြောဘူး `
" အေး အဲ့တာ ပဲ "
လို့ ကိုဇော်သစ်က ပြောတော့
မာရဇ္ဇ လည်း စိတ်ဓာတ်ကျသွား။

နောင် နှစ်အတော်ကြာမှ
" ခင်ဗျားပထမဆုံးအခွေ ဘာလို့
ကိုဇော်သစ် နဲ့မဖြန့်တာလဲ "
` ကိုငှက် ပဲ နားထောင်ပြီး ဘာမှမပြော
တော့ ဖြန့်မပေးဘူးလေဗျာ သူက `
" ဟာဗျာ ခင်ဗျားသီချင်းက Rock တွေ
ဆိုတော့ ကျွန်တော့်လိုင်းမဟုတ်လို့
ဘာမှဝင်မဝေဖန်တာပါဗျာ။ ဒီလူ့နှယ် "

အဲ့လို နားလည်မှုလွဲနေတာတွေကလည်းရှိတတ်သေး
..

နေရာ က
Myammar Idol စင်မြင့် ။
အကောင်းဆုံးသီဆိုယှဉ်ပြိုင်နေသူတွေ
ကိုတောင် လိုအပ်တာတွေထောက်ပြနေတဲ့နေရာ။
ဖျော်ဖြေအဆိုရှင်အဖြစ်လာရောက်သီဆိုပေးရသူက ကိုခိုင်ထူး

ပန်ကရိယကင်ဆာ ရယ်လို့အမည်နာမမသိရ
သေးပေမယ့် ကျန်းမာရေးယိုယွင်းစပြုနေချိန်
" အားလုံးကိုကျော်ဖြတ်ရမယ် " နဲ့
" တို့ လာတယ် " သီချင်းနှစ်ပုဒ် ကို
မာန်အပြည့်နဲ့ သီဆိုနေ

သူ့ပရိတ်သတ်အစစ်တွေကတော့
သူအော်တာ အရင်ရဲ့ ၇၀% လောက်သာ
ရှိတော့တာကိုသတိထားမိ

တို့ လာတယ်...
လို့နောက်ဆုံးအပိုဒ် ဆိုချအပြီးမှာ
တီးလုံးမဆုံးခင် စင်နောက်ကို
ကျောခိုင်းပြီးလှည့်ဝင်သွား

အန်ကယ်ကတော့ No ပါဆိုတဲ့
မြန်မာပြည်သိန်းတန် ကြီးလည်းလက်ခုပ်တီး။
တင်ဇာမော်နဲ့ ကျန်ဒိုင်တွေအားလုံး
မျက်ရည်တွေဝဲပြီး
မတ်တတ်ရပ် လက်ခုပ်တီးဂုဏ်ပြုကြ။

TV က ကြည့်မိတဲ့ တေးရေး/တေးဆို
ကိုJမောင်မောင် က သူ့ဂီတရောင်းရင်း
ကြီးကို ချက်ချင်းဖုန်းဆက်ပြော
" ဟာ ထူးကြီးကောင်းလှချည်လား
ဘယ်လောက်တောင်ပြင်ဆင်ထားတာ
လဲကွာ တကယ်ကောင်းချက် "

ကောင်းဆို ကိုခိုင်ထူး ရဲ့
နောက်ဆုံး Show ပွဲတွေထဲကတစ်ခု
လေ
..

ခုနေခါမယ် သီချင်းတစ်ပုဒ် ပေါက်ရုံနဲ့
မီဒီယာတွေက အလုအယက် ဝိုင်း ဗျူးကြ။
ကော့ကော်ကံကား ဖြေ လိုက်။
ပိုနာမည်ကြီးသွားလိုက်။
ပြန်တောင်းပန်လိုက် နဲ့
ရှုပ်ရှက်ခတ်နေတာတွေ တွေ့ရတော့
ဒီလောက်နဲ့တော့ အနုပညာရှင်
ဖြစ်မလာနိုင် သေး
ဆက်သက်သေပြရမယ့်
မှတ်တိုင်တွေရှိနေသေးတယ်လို့ ထင်

ကျွန်တော်တို့ရဲ့ ရင်ထဲရောက်တဲ့
သီချင်းတွေရဲ့ အဆိုတော်တွေဆိုတာ
လွယ်လွယ်နဲ့ ကြယ် တွေ ဖြစ်ခဲ့ကြတာမှ
မဟုတ်ဘဲလေ

ရေးသားသူ

Credit_ဘိုဘိုထွန်း တောင်ဉက္ကလာ ..

(ဖတ်မိခဲ့သော အနုပညာဆောင်းပါးများ
ရုပ်သံအင်တာဗျူး များ ။
အချက်အလက်အနည်းငယ်ကွဲလွဲမှု
ရှိပါက ကျွန်တော့်လိုအပ်ချက်သာ ။)

ပြည်တွင်း၊ ပြည်ပသတင်းစုံ

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ပြည်တွင်း၊ ပြည်ပသတင်းစုံผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์