Grace Sheh Property SG

Grace Sheh Property SG Real Estate

🇹🇭 ထိုင်းနိုင်ငံရဲ့ Real Estate Developer တွေထဲမှာ ထိပ်ဆုံးမှာ အမြဲရှိနေတဲ့ AP Thai ရဲ့ Condo Brand တွေအကြောင်း လေ့လာကြည...
08/05/2026

🇹🇭 ထိုင်းနိုင်ငံရဲ့ Real Estate Developer တွေထဲမှာ ထိပ်ဆုံးမှာ အမြဲရှိနေတဲ့ AP Thai ရဲ့ Condo Brand တွေအကြောင်း လေ့လာကြည့်ရအောင်။

AP ဆိုတာ ထိုင်းနိုင်ငံမှာ ကွန်ဒို ပရောဂျက်ပေါင်း ရာနဲ့ချီ တည်ဆောက်ထားတဲ့ နာမည်ကြီးထိပ်တန်း Developer ဖြစ်ပြီး AP ရဲ့ ပရောဂျက်ဆိုတာနဲ့တင် ဘယ်နေရာမှာလဲ ဆိုတာပဲ မေးရလောက်တဲ့ထိ ယုံကြည်မှုပေးခံထားရတာပါ။ Condo Projects တွေကိုလည်း High End ကနေ Entry Level ထိ Brand တွေခွဲပြီး တည်ဆောက်လေ့ရှိပါတယ်။

✅ THE ADDRESS

THE ADDRESS ကတော့ AP ရဲ့ Ultra Luxury အဖြစ်ဆုံး Flagship Condo Line Up ဖြစ်ပါတယ်။ တကယ့်အစည်ကားဆုံး Prime Location တွေဖြစ်တဲ့ Chidlom, Siam, Asoke စတဲ့ နေရာတွေမှာ ခမ်းခမ်းနားနားတည်ဆောက်လေ့ရှိပြီး Luxury အဖြစ်ဆုံး ကွန်ဒိုကြီးတွေပါ။ လက်ရှိအချိန်ထိ THE ADDRESS Brand အောက်မှာ ကွန်ဒို ၁၀ ခု တည်ဆောက်ထားပါတယ်။

✅ RHYTHM

THE ADDRESS ပြီးရင် သူ့အောက်မှာ RHYTHM Brand ရှိပါတယ်။ High End Brand တစ်ခုပဲဖြစ်ပြီး ဘန်ကောက်ရဲ့ Prime location တွေမှာ BTS လိုင်းတလျှောက် တည်ဆောက်လေ့ရှိပါတယ်။ လက်ရှိအချိန်ထိ RHYTHM ကွန်ဒိုပေါင်း ၂၀ ကျော်တည်ဆောက်ထားပါတယ်။

✅ LIFE

AP ရဲ့ Upper Mid Range Brand အဖြစ် Life ကွန်ဒိုတွေက နာမည်ကျော်ပါတယ်။ ခေတ်မီတဲ့ မြို့ပြနေထိုင်မှုပုံစံကို ဦးစားပေးလေ့ရှိပြီး CBD နဲ့ New CBD area တွေမှာ တည်ဆောက်လေ့ရှိပါတယ်။ AP ရဲ့ အအောင်မြင်ဆုံး Condo Brand လို့သတ်မှတ်ကြပြီး ကြီးမားတဲ့ ဈေးကွက်ဝေစုကို ရရှိထားပါတယ်။ Life Condo Project ပေါင်း 25 ခုကျော်တည်ဆောက်ထားပြီး ခုရက်ပိုင်းမှာတင် Life Sukhumvit - Rama 4 ကိုမိတ်ဆက်ထားပါတယ်။

✅ ASPIRE

AP ရဲ့ Mid Range Condo Brand ဖြစ်ပြီး LIFE နည်းတူ အအောင်မြင်ဆုံး ကွန်ဒိုတွေဖြစ်ပါတယ်။ BTS နဲ့ MRT Station တွေနဲ့နီးရာ လူနေထူထပ်တဲ့နေရာတွေမှာတည်ဆောက်လေ့ရှိပါတယ်။ လူငယ်တွေနဲ့ first time buyers တွေကို ဦးတည်တဲ့ brand ပါ။ သွားလာရေးအတွက် အဆင်ပြေဖို့ အထူးအလေးပေးပြီး ဒီအချက်က Aspire Condo တွေရဲ့ အထူးအားသာချက်ဖြစ်ပါတယ်။ လက်ရှိမှာ Aspire Condo ပေါင်း ၃၅ ခုကျော် တည်ဆောက်ထားပါတယ်။

✅ GOOD DAY

GOOD DAY ကတော့ AP ရဲ့ Condo Brand Line Up လို့ပြောဖို့ကခက်ပါသေးတယ်။ ဘာလို့ဆို Good Day Sukhumvit 93 တစ်ခုတည်းတည်ဆောက်ထားတာဖြစ်လို့ပါ။ Entry Level Condo ဖြစ်ပြီး မကြာသေးခင်ကမှ ပရောဂျက်ပြီးစီးပြီး အခန်းအပ်နေတဲ့ ကွန်ဒိုရဲ့ အောင်မြင်မှုက အားရစရာပါ။ ဒါကြောင့်ပဲ နောက်ထပ် GOOD DAY နာမည်နဲ့ ပရောဂျက်တွေ ထွက်ပေါ်လာဦးမလား စောင့်ကြည့်ရမှာပါ။

ဒီ Brand တွေအပြင် VITTRIO ဆိုတဲ့ Super Luxury ကွန်ဒိုနဲ့ COO ကွန်ဒိုတွေရှိပါသေးတယ်။ VITTRIO က နောက်ထပ်ထွက်ပေါ်မလာတော့တဲ့အပြင် COO ကလည်း ၂၀၁၅ လောက်တည်းက ရပ်တန့်သွားပြီး သူနဲ့ ပုံစံတူ Aspire Brand ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဒါတွေကတော့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး Developer AP Thai ရဲ့ Condo Brand တွေဖြစ်ပါတယ်။ လူကြီးမင်းတို့ရော ဒီထဲက ဘယ် Brand ကို သဘောကျကြလဲ? စိတ်ဝင်စားတာရှိရင် Grace Sheh ကို ဆက်သွယ်ပြီး ဆွေးနွေးကြည့်လို့ရပါတယ်နော်။

"𝐁𝐚𝐧𝐠𝐤𝐨𝐤 𝐇𝐞𝐚𝐝 𝐎𝐟𝐟𝐢𝐜𝐞"
Level 23, Bangkok Bhiraj Tower at BITEC, 4345 Sukhumvit Road, - Bangna- Tai Sub-District, Bangna District, Bangkok 10260

"𝐂𝐡𝐢𝐚𝐧𝐠 𝐌𝐚𝐢 𝐁𝐫𝐚𝐧𝐜𝐡 𝐎𝐟𝐟𝐢𝐜𝐞"
No - 108/18, Ornsirin City Park, Chiang Mai

အသေးစိတ်မေးမြန်းစုံစမ်းရန်
Whatsapp - https://wa.me/6588951755

Line - https://line.me/ti/p/mOedOuSs6x
Phone - +66 806 733 550

#ထိုင်းကွန်ဒို #ထိုင်းအိမ်ခြံမြေ

ဒီတခါမှာတော့ ထိုင်း Property နဲ့ ပတ်သက်ပြီး မိတ်ဆွေတို့ အထင်မှားနေတဲ့ အချက်တွေ — တကယ့်အဖြေတွေနဲ့ ရှင်းပြပေးမယ်ထိုင်းမှာ ...
05/05/2026

ဒီတခါမှာတော့ ထိုင်း Property နဲ့ ပတ်သက်ပြီး မိတ်ဆွေတို့ အထင်မှားနေတဲ့ အချက်တွေ — တကယ့်အဖြေတွေနဲ့ ရှင်းပြပေးမယ်

ထိုင်းမှာ Property investment လုပ်တာနဲ့ ပက်သက်ပြီး အင်တာနက်ပေါ်မှာ လူတွေအထင်မှားနေကြတဲ့ အချက်တွေထဲက ၄ ချက်ကို ပုံလေးတွေကိုထောက်ပြီး အဖြေရှာနိုင်ပါတယ်။

မိတ်ဆွေတို့အနေနဲ့ ထိုင်းမှာ Property ၀ယ်ဖို့ စိတ်၀င်စားပြီးတော့

✅ ကိုယ်တိုင်နေဖို့
✅ Resale / Capital Gain
✅ Passive Income / အငှားတင်

ဒီလိုရည်ရွည်ချက်တွေကို အကောင်ထည်ဖော်ဖို့အတွက် —

✅ မိတ်ဆွေ၏ လိုအပ်ချက်နှင့် အကိုက်ညီဆုံး Project ရွေးချယ်ပေးခြင်း
✅ Thailand Real Estate Market — အားသာချက်၊ အားနည်းချက် အသေးစိတ် ရှင်းလင်းပေးခြင်း
✅ Legal Process မှ တရားဝင်ပိုင်ဆိုင်မှု အပြီးအဆုံး လမ်းပြဆောင်ရွက်ပေးခြင်း

💬စတာတွေကို အခမဲ့ ဆွေးနွေးမေးမြန်းနိုင်ပါတယ်။

"𝐁𝐚𝐧𝐠𝐤𝐨𝐤 𝐇𝐞𝐚𝐝 𝐎𝐟𝐟𝐢𝐜𝐞"
Level 23, Bangkok Bhiraj Tower at BITEC, 4345 Sukhumvit Road, - Bangna- Tai Sub-District, Bangna District, Bangkok 10260

အသေးစိတ်မေးမြန်းစုံစမ်းရန်
Whatsapp - https://wa.me/6588951755

Thai Head Office
Line: https://line.me/ti/p/RgJtCtAwpt
Phone: +66926667545

#ထိုင်းကွန်ဒို #ထိုင်းအိမ်ခြံမြေ

💸 𝟐.𝟗 𝐌 𝐓𝐇𝐁 ကနေစတင်မဲ့ 𝐀𝐏 ရဲ့ ပရောဂျက်အသစ်𝐋𝐢𝐟𝐞 𝐒𝐮𝐤𝐡𝐮𝐦𝐯𝐢𝐭 - 𝐑𝐚𝐦𝐚 𝟒CBD Area အဖြစ် အသွင်ကူးပြောင်းလာနေတဲ့ Rama 4 မှာ AP က စ...
04/05/2026

💸 𝟐.𝟗 𝐌 𝐓𝐇𝐁 ကနေစတင်မဲ့ 𝐀𝐏 ရဲ့ ပရောဂျက်အသစ်

𝐋𝐢𝐟𝐞 𝐒𝐮𝐤𝐡𝐮𝐦𝐯𝐢𝐭 - 𝐑𝐚𝐦𝐚 𝟒

CBD Area အဖြစ် အသွင်ကူးပြောင်းလာနေတဲ့ Rama 4 မှာ AP က စိတ်ဝင်စားစရာ အကောင်းဆုံး ပရောဂျက်အသစ်ကို မိတ်ဆက်လာပါတယ်။

🇹🇭 Rama 4 ကိုမှ ဖွံ့ဖြိုးမှု အမြင့်ဆုံး ဖြစ်တဲ့ Sukhumvit Area မှာဖြစ်နေတဲ့အချက်အပြင် နာမည်ရပြီးသား Life Series ဖြစ်နေတာက ဒီပရောဂျက်ရဲ့ အထူးအားသာချက်တွေပါ။

BTS Phra Khanong - 550 m
BTS Ekkamai - 1.2 km
BTS Thonglor - 2.1 km ဆိုတဲ့ အကွာအဝေးတွေက Ekkamai နဲ့ Thonglor ကို မိနစ်ပိုင်းအတွင်း လွယ်ကူစွာသွားနိုင်မယ်ဆိုတာ မြင်သာစေပါတယ်။

နာမည်ကျော် Emporium နဲ့လည်း နီးပြီး Summerhill, Ekamai Corner, Century The Movie Plaza, True Digital Park တို့နဲ့လည်း မဝေးတဲ့ ဒီလို နေရာမျိုးမှာ 2.9 M THB ကနေ AP ရဲ့ ကွန်ဒိုအခန်းကို ပိုင်ဆိုင်နိုင်မယ်ဆိုတာ လုံးဝလက်လွတ်မခံသင့်တဲ့ အခွင့်အရေးပါ။

၄၆ ထပ်ပါဝင်မဲ့ High Rise Condo အမျိုးအစားဖြစ်ပြီး အခန်းအမျိုးအစားတွေအနေနဲ့

✅ 1 Bedroom
✅ 1 Bedroom Plus
✅ 2 Bedrooms 2 Bathrooms ဆိုပြီး ရွေးချယ်နိုင်ပါမယ်။

AP ရဲ့ Life Series ဖြစ်တဲ့အတွက် Facilities တွေလည်း ပြည့်စုံစွာပါဝင်မှာဖြစ်ပြီး Green Space များများနဲ့ Roof top facilities တွေလည်း ပါဝင်မှာဖြစ်ပါတယ်။

Location လည်းကောင်း၊ Developer လည်း ထိပ်တန်း နဲ့ Price လည်း သင့်တော်နေတဲ့ Life Sukhumvit - Rama 4 က ပထမဆုံး အရောင်းမှာ လက်မြန်သူတွေသာ အခွင့်အရေးရမှာမို့ Grace Sheh Property ကိုဆက်သွယ်ပြီး အသေးစိတ် လေ့လာကြည့်လိုက်ရအောင်နော်။

"𝐁𝐚𝐧𝐠𝐤𝐨𝐤 𝐇𝐞𝐚𝐝 𝐎𝐟𝐟𝐢𝐜𝐞"
Level 23, Bangkok Bhiraj Tower at BITEC, 4345 Sukhumvit Road, - Bangna- Tai Sub-District, Bangna District, Bangkok 10260

"𝐂𝐡𝐢𝐚𝐧𝐠 𝐌𝐚𝐢 𝐁𝐫𝐚𝐧𝐜𝐡 𝐎𝐟𝐟𝐢𝐜𝐞"
No - 108/18, Ornsirin City Park, Chiang Mai

အသေးစိတ်မေးမြန်းစုံစမ်းရန်
Whatsapp - https://wa.me/6588951755

Line - https://line.me/ti/p/mOedOuSs6x
Phone - +66 806 733 550

#ထိုင်းကွန်ဒို #ထိုင်းအိမ်ခြံမြေ

Delay ခဏခဏ ကြုံနေရတဲ့ ချင်းမိုင် Light Rail Transit Project က ဒီတစ်ကြိမ်မှာ တကယ်ပဲ ဖြစ်လာတော့မှာလား❓2027 မှာ စတင်ပြေးဆွဲ...
04/05/2026

Delay ခဏခဏ ကြုံနေရတဲ့ ချင်းမိုင် Light Rail Transit Project က ဒီတစ်ကြိမ်မှာ တကယ်ပဲ ဖြစ်လာတော့မှာလား❓

2027 မှာ စတင်ပြေးဆွဲမယ်လို့ ရည်ရွယ်ထားခဲ့တဲ့ စီမံကိန်းဟာ အကြောင်းအမျိုးမျိုးကြောင့် နောက်ဆုတ်သွားခဲ့ရပြီး ခုချိန်မှာတော့ အကောင်အထည်ဖော်ဖို့ ပြန်လည်ကြိုးပမ်းလာပါပြီ။

တွက်ချက်မှုနဲ့ လမ်းကြောင်းချိန်ညှိမှုတွေ ပြီးဆုံးသွားပြီလို့ တာဝန်ယူဆောက်လုပ်မဲ့ Mass Rapid Transport Authority of Thailand (MRTA) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကနဦးလမ်းကြောင်းအဖြစ် Nakornping Hospital ကနေ Mae Hia ထိ Old City တဝိုက်ကို ဖြတ်သန်းပြီး station 16 ခုနဲ့ ပြေးဆွဲသွားမှာဖြစ်ပါတယ်။

သတ်မှတ်ထားတဲ့ Timeline အရ အစိုးရ ခွင့်ပြုချက်ကို 2027 မှာအရယူပြီး 2028 မှာ တည်ဆောက်ရေးလုပ်ငန်းစဉ် စတင်ကာ 2032 မှာ စတင်ပြေးဆွဲမယ်လို့ MRTA ကထုတ်ပြန်ထားပါတယ်။

ခွင့်ပြုချက်ရဖို့ အဓိက စိန်ခေါ်မှုဖြစ်တဲ့ Environmental Impact Assessment (EIA) ခွင့်ပြုချက်ရဖို့ကိုလည်း လက်ရှိလုပ်ဆောင်နေပါတယ်။

လိုအပ်တဲ့ EIA Approval နဲ့ Cabinet Approval ရရှိပြီးသွားရင်တော့ စီမံကိန်း တကယ်စတင်နိုင်တော့မှာဖြစ်လို့ ပထမဆုံး စတင်ပြေးဆွဲမဲ့ လမ်းကြောင်းတလျှောက်နေရာတွေရဲ့ ကွန်ဒိုနဲ့ အိမ်ရာ ဈေးကွက်ကတော့ ပြောင်းလဲမှုတွေရှိလာတော့မှာဖြစ်ပါတယ်။

2017 ခုနှစ်မှာ Draft Plan အတည်ပြုပြီးတည်းက အကြိမ်ကြိမ် နောက်ဆုတ်နေခဲ့ရတဲ့ ချင်းမိုင်ရဲ့ Public Transport စီမံကိန်းဟာ ဒီတစ်ခါမှာတော့ တကယ်ဖြစ်လာတော့မလား စောင့်ကြည့်ရတော့မှာပါနော်။

"𝐁𝐚𝐧𝐠𝐤𝐨𝐤 𝐇𝐞𝐚𝐝 𝐎𝐟𝐟𝐢𝐜𝐞"
Level 23, Bangkok Bhiraj Tower at BITEC, 4345 Sukhumvit Road, - Bangna- Tai Sub-District, Bangna District, Bangkok 10260

"𝐂𝐡𝐢𝐚𝐧𝐠 𝐌𝐚𝐢 𝐁𝐫𝐚𝐧𝐜𝐡 𝐎𝐟𝐟𝐢𝐜𝐞"
No - 108/18, Ornsirin City Park, Chiang Mai

အသေးစိတ်မေးမြန်းစုံစမ်းရန်
Whatsapp - https://wa.me/6588951755

Line - https://line.me/ti/p/mOedOuSs6x
Phone - +66 806 733 550

#ထိုင်းကွန်ဒို #ထိုင်းအိမ်ခြံမြေ #ချင်းမိုင်

🇹🇭 ထိုင်းမှာ ကွန်ဒိုဝယ်ပြီး ရင်းနှီးမြှုပ်နှံချင်တယ်... ဒါပေမဲ့ ဘာဝယ်ရမလဲစဉ်းစားရခက်နေတယ်ဆိုတဲ့သူတွေအတွက်Grace Sheh က ဒီ...
04/05/2026

🇹🇭 ထိုင်းမှာ ကွန်ဒိုဝယ်ပြီး ရင်းနှီးမြှုပ်နှံချင်တယ်... ဒါပေမဲ့ ဘာဝယ်ရမလဲစဉ်းစားရခက်နေတယ်ဆိုတဲ့သူတွေအတွက်

Grace Sheh က ဒီနေ့တော့ ကြိုပွိုင့်ပရောဂျက် ၃ ခုကို ရွေးချယ်ပေးချင်ပါတယ်။

✅ Love by Sansiri

ပထမဆုံး ပရောဂျက်ကတော့ ကျောက်ဖရားမြစ်ကြီးရဲ့ အလှကို တဝကြီးခံစားနိုင်မဲ့ Sansiri ရဲ့ Love Charoen Nakhon ပါ။ ဘန်ကောက်ရဲ့ နာမည်ကျော်မြစ်ကြီးရဲ့အနီးကပ်မြင်ကွင်းနဲ့ Asiatique The Riverfront တို့ရဲ့ ခမ်းနားမှုကို တသက်တာ အပိုင်ရရှိမဲ့ အချက်က ဒီကွန်ဒိုကြီးရဲ့ အဖိုးမဖြတ်နိုင်တဲ့ အရာပါပဲ။ ICONSIAM နဲ့လည်းအနီးလေးမှာရှိပြီး ဘန်ကောက်ရဲ့ Luxury Location မှာ တည်ဆောက်နေတဲ့ ဒီကွန်ဒိုကြီးက facilities တွေကိုလည်း ကောင်းပေ့ ညွန့်ပေ့ ဆိုတာတွေချည်းထည့်သွင်းပေးထားပါတယ်။ စတင်အရောင်းဖွင့်ချိန်မှာတင် Investor တွေရော ကိုယ်တိုင်နေထိုင်မဲ့သူတွေပါ ကြိုတင်လက်ဦးမှုယူထားကြတဲ့ Love Charoen Nakhon ကွန်ဒိုကြီးရဲ့အခန်းတွေကို 𝐒𝐭𝐚𝐫𝐭𝐢𝐧𝐠 𝐏𝐫𝐢𝐜𝐞 - 𝟑.𝟑𝟗 𝐌 𝐓𝐇𝐁 ကနေစတင်ဝယ်ယူနိုင်ပါတယ်။

✅ XT 10 Ekkamai

လတ်တလော Hot Chart မှာ နံပါတ် ၁ ပြေးနေတာကတော့ Sansiri ရဲ့ XT 10 Ekkamai ပါ။ ထိုင်းကွန်ဒိုတွေနဲ့ မစိမ်းတဲ့သူတွေအတွက် XT ကွန်ဒိုတွေဟာ ဘယ်လောက်ထိ နာမည်ကျော်လူကြိုက်များလဲဆိုတာ အထူးတလည်ပြောပြနေစရာလိုမယ်မထင်ပါဘူး။ ဘန်ကောက်ရဲ့ Prime Location တစ်ခုဖြစ်တဲ့ Ekkamai ရဲ့ အစည်ကားဆုံးနေရာမှာ တည်ဆောက်နေတာဖြစ်ပြီး Thonglor Donki Mall နဲ့လည်း 150 m ပဲ ဝေးပါတယ်။ ကွန်ဒိုအခန်းဝယ်ယူသူတွေအနေနဲ့ XT Condo တွေအားလုံးရဲ့ Common Area တွေကို အသုံးပြုနိုင်မယ်ဆိုတဲ့ Co-sharing Facilities ကလည်း XT ကွန်ဒိုတွေရဲ့ Brand Image ကိုမြှင့်တင်ပေးထားတဲ့အချက်ပါ။ အမိုက်ဆုံးက ဒီလိုနာမည်ကျော် Condo series ရဲ့ နောက်ဆုံးပေါ်ဖြစ်လာမဲ့ XT 10 Ekkamai ကို မထင်မှတ်ထားတဲ့ ဈေး 𝟒.𝟐 𝐌 𝐓𝐇𝐁 ကနေစတင်ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။

✅ Aspire Huaikhwang

ဘန်ကောက်ရဲ့ Chinatown ဖြစ်တဲ့ Huaikhwang မှာပေါ်ပေါက်လာမဲ့ ကွန်ဒိုကြီးက 2027 နှစ်လည်မှာ ပရောဂျက်ပြီးစီးနိုင်ဖို့ရည်ရွယ်ထားတာပါ။ ခုချိန်ထိ 62% ကျော် ပြီးစီးနေပြီဖြစ်ပြီး ဒါကပဲ အချိန်အကြာကြီး မစောင့်ချင်ဘူးဆိုတဲ့သူတွေအတွက် ဝယ်ယူဖို့ အသင့်တော်ဆုံးဖြစ်နေစေတာပါပဲ။ Developer AP Thai က ဆောက်လုပ်နေတဲ့ Aspire Huaikhwang ကွန်ဒိုကြီးဟာ သူ့ရဲ့ တည်နေရာနဲ့ လိုက်ဖက်အောင် ခမ်းနားစွာတည်ဆောက်နေတာဖြစ်ပြီး facilities ပေါင်း ၃၃ မျိုးထိပါဝင်ပါမယ်။ သူ့ရဲ့ အထူးခြားဆုံးအချက်က Level 3 ဆင့်ပါဝင်တဲ့ Triplex Room တွေကို ပထမဆုံးထည့်သွင်းတည်ဆောက်နေတဲ့ ကွန်ဒိုကြီးပါ။ ဘန်ကောက် Chinatown မှာ ခန့်ခန့်ညားညားပေါ်ထွက်လာတော့မဲ့ Aspire Huaikhwang ကွန်ဒိုကြီးကို 𝐒𝐭𝐚𝐫𝐭𝐢𝐧𝐠 𝐏𝐫𝐢𝐜𝐞 - 𝟑.𝟗 𝐌 𝐓𝐇𝐁 ကနေစတင်ဝယ်ယူနိုင်မှာပါ။

ဒါတွေဟာ Grace Sheh Property ညွှန်းပေးချင်တဲ့ ကြိုပွိုင့် ပရောဂျက်တွေထဲက ၃ ခုကို ဖော်ပြပေးထားတာပါ။ လူကြီးမင်းတို့ရော ဘယ်ပရောဂျက်ကို နှစ်သက်ကြလဲ? စိတ်ဝင်စားတယ်ဆိုရင်တော့ Grace Sheh Property ကို ဆက်သွယ်ပြီး အသေးစိတ်လေ့လာကြည့်လိုက်ရအောင်နော်။

"𝐁𝐚𝐧𝐠𝐤𝐨𝐤 𝐇𝐞𝐚𝐝 𝐎𝐟𝐟𝐢𝐜𝐞"
Level 23, Bangkok Bhiraj Tower at BITEC, 4345 Sukhumvit Road, - Bangna- Tai Sub-District, Bangna District, Bangkok 10260

"𝐂𝐡𝐢𝐚𝐧𝐠 𝐌𝐚𝐢 𝐁𝐫𝐚𝐧𝐜𝐡 𝐎𝐟𝐟𝐢𝐜𝐞"
No - 108/18, Ornsirin City Park, Chiang Mai

အသေးစိတ်မေးမြန်းစုံစမ်းရန်
Whatsapp - https://wa.me/6588951755

Line - https://line.me/ti/p/mOedOuSs6x
Phone - +66 806 733 550

#ထိုင်းကွန်ဒို #ထိုင်းအိမ်ခြံမြေ

🇹🇭 ချင်းမိုင်မြို့ရဲ့ future plan အခိုင်မာဆုံး City Park ProjectCity Park ဆိုတာ ချင်းမိုင်မှာ Ornsirin Developer က plan ...
21/04/2026

🇹🇭 ချင်းမိုင်မြို့ရဲ့ future plan အခိုင်မာဆုံး City Park Project

City Park ဆိုတာ ချင်းမိုင်မှာ Ornsirin Developer က plan ကောင်းကောင်းနဲ့ ရည်ရွယ်ချက်ကြီးမားစွာ တည်ဆောက်နေတဲ့ ပရောဂျက်ဖြစ်ပြီး ချင်းမိုင်ရဲ့ best seller ပရောဂျက်လို့ဆိုရမှာပါ။

ဆောက်ပြီးသား အိမ်တွေအကုန် ရောင်းထွက်ထားပြီး Demand မြင့်မားတာကြောင့် တည်ဆောက်မှု Process ကိုအလျင်အမြန်ချဲ့ထွင်နေရတာဖြစ်ပါတယ်။

ဆိုတော့ ဘာကြောင့် City Park လဲ? ဘာတွေထူးခြားကောင်းမွန်နေလို့လဲ? ဆိုတာ အောက်ပါ အချက် ၃ ချက်ကိုလေ့လာကြည့်လိုက်ရအောင်...

1. Future Plan

Ornsirin က City Prak ကို ပုံမှန် အိမ်ရာတွေအဖြစ် တည်ဆောက်ဖို့ ရည်ရွယ်ထားတာမဟုတ်ဘဲ နာမည်အတိုင်း မြို့ငယ်လေးတစ်ခု တည်ဆောက်ဖို့ရည်ရွယ်ထားတာပါ။ ခုလက်ရှိတည်ဆောက်ပြီးသား Belive, Habitat နဲ့ Shophouse တွေဟာ ပုံမှန်ပရောဂျက်တွေအတွက်တော့ ကြီးမားကျယ်ပြန့်နေပြီဖြစ်ပေမဲ့ City Park အတွက်တော့ အစကနဦး ပဲရှိပါသေးတယ်။ Project area 1.28 million sqm သတ်မှတ်ထားပြီး အိမ်အလုံးပေါင်း ၂၀၀၀ ကနေ ၃၅၀၀ အတွင်း တည်ဆောက်မှာပါ။ 7/11 ကိုလည်း ဝင်းအတွင်း City Park Office ရှေ့မှာပဲ မြေနေရာ သတ်မှတ်ထားပြီး အနားမှာ Community Mall တည်ဆောက်ဖို့လည်းရှိပါတယ်။ ဒါ့အပြင် နှစ်ပေါင်း ရာချီသက်တမ်းရှိတဲ့ နာမည်ကျော် Mill Hill International School ကိုလည်း ထိုင်းနိုင်ငံရဲ့ ပထမဆုံးကျောင်းအဖြစ် City Park ဝင်းထဲမှာပဲ စတင်ဖွင့်လှစ်ပေးထားပါတယ်။ ဒီလိုကြီးမားတဲ့ future plan က ရင်းနှီးမြှုပ်နှံသူတွေအတွက် မျက်နှာမလွှဲနိုင်လောက်အောင်ဖြစ်ပြီး ရောင်းမလောက် ဆောက်မလောက်ဖြစ်နေတာပါ။

2. Location

တည်နေရာအနေနဲ့ ချင်းမိုင်မြို့ရဲ့ Outer Ring Road ပေါ်မှာတည်ရှိပါတယ်။ ချင်းမိုင်ရဲ့ Ring Road တွေဆိုတာ မြို့ကို ပတ်နေတဲ့ လမ်းမကြီးတွေပါ။ ချင်းမိုင်ကနေ တခြားမြို့တွေကိုသွားတဲ့ လမ်းမဟုတ်ဘဲ မြို့ပတ်လမ်းပေါ်မှာတင် ဒီလောက်ကျယ်တဲ့ ပရောဂျက်မြေနေရာကို လက်ဦးထားနိုင်တယ်ဆိုတာ Ornsirin ရဲ့ ကြီးမားတဲ့ အောင်မြင်မှုလို့ ဆိုရမှာဖြစ်ပြီး ထိုက်တန်တဲ့ စီမံကိန်းကို အရှိန်အဟုန်နဲ့ တည်ဆောက်နေတာ ဖြစ်ပါတယ်။ နောက်တစ်ခုက အစီအစဉ်အတိုင်းဆို ခုချိန်မှာ စတင်နေပြီးဖြစ်ရမှာပေမဲ့ အစိုးရအပြောင်းအလဲကြောင့် approval ကျဖို့ စောင့်နေရတဲ့ Chiang Mai Light Rail Transit စီမံကိန်းပါ။ ဒီစီမံကိန်းကလည်း City Park ရဲ့ ပတ်ဝန်းကျင်ကို မြို့ထဲနဲ့မခြား ပြောင်းလဲတိုးတက်သွားစေဖို့ ရှိနေပါတယ်။

3. The Best Time to Invest

City Park အတွင်း တည်ဆောက်ပြီးစီးပြီးသားအနေနဲ့ Belive, Habitat နဲ့ Shophouse တွေရှိပါတယ်။ Belive နဲ့ Habitat အိမ်ရာ ၂ ခုမှာ ready to move in က ရောင်းကုန်သလောက်ဖြစ်သွားတာမို့ ပရောဂျက်နေရာ တိုးချဲ့ကာ အသစ်ဆောက်နေရတာပါ။ ဆောက်လုပ်နေတဲ့အိမ်တွေဟာလည်း တိုင်မထူခင်တည်းက ရောင်းထွက်ထားတဲ့အနေအထားပါ။ 1.28 million sqm ကျယ်ဝန်းတဲ့ ပရောဂျက်ကြီးထဲမှာ လက်ရှိ Phase က အကောင်းဆုံးနေရာတွေမှာတည်ရှိနေလို့ ဝယ်ယူဖို့အတွက် Golden time ပါပဲ။ မြို့လယ်ခေါင်နဲ့ မဝေးပေမဲ့ Developing ဖြစ်နေဆဲ ဧရိယာမှာ future plan ကောင်းကောင်းနဲ့ အိမ်ရာတွေဟာ Capital Appreciation ကို ကောင်းကောင်းကြီး ခံစားရဖို့ ရှိနေလို့ မြန်မြန်ဝယ်လေ များများ မြတ်လေပါပဲ။

ဒီအချက်တွေက Investor ရှုထောင့်ကနေ ဖော်ပြပေးထားတာဖြစ်ပြီး မိသားစုလိုက် ကိုယ်တိုင်နေထိုင်ဖို့အတွက်လည်း အေးချမ်းစိမ်းလန်းတဲ့ တောင်တန်းရှုခင်းတွေ၊ ကျယ်ဝန်းတဲ့ ရေကန်ကျယ်ကြီးရဲ့အလှ၊ ပညာရေးအတွက် စိတ်ချထားနိုင်တဲ့ Mill Hill International School၊ Business ပေါင်းများစွာ လည်ပတ်နေ၊ လည်ပတ်လာဖို့ ရှိနေတဲ့ Shophouse တွေက အေးချမ်းသာယာပြီး လိုအပ်သမျှအနားမှာတင်ပြည့်ဝနိုင်မဲ့ Lifestyle တစ်ခုကို ကောင်းကောင်းကြီး ပေးစွမ်းနိုင်မှာဖြစ်ပါတယ်နော်။

"𝐁𝐚𝐧𝐠𝐤𝐨𝐤 𝐇𝐞𝐚𝐝 𝐎𝐟𝐟𝐢𝐜𝐞"
Level 23, Bangkok Bhiraj Tower at BITEC, 4345 Sukhumvit Road, - Bangna- Tai Sub-District, Bangna District, Bangkok 10260

"𝐂𝐡𝐢𝐚𝐧𝐠 𝐌𝐚𝐢 𝐁𝐫𝐚𝐧𝐜𝐡 𝐎𝐟𝐟𝐢𝐜𝐞"
No - 108/18, Ornsirin City Park, Chiang Mai

အသေးစိတ်မေးမြန်းစုံစမ်းရန်
Whatsapp - https://wa.me/6588951755

Line - https://line.me/ti/p/mOedOuSs6x
Phone - +66 806 733 550

#ထိုင်းကွန်ဒို #ထိုင်းအိမ်ခြံမြေ #ချင်းမိုင်

SGD 60,000 လောက်ရှိရင် စင်္ကာပူမှာ Condo ပိုင်ရှင်ဖြစ်နိုင်ပါသလား?နိုးပါ မိတ်ဆွေ — ဒါဆိုရင် Bangkok မှာကော Condo ပိုင်ရှ...
20/04/2026

SGD 60,000 လောက်ရှိရင် စင်္ကာပူမှာ Condo ပိုင်ရှင်ဖြစ်နိုင်ပါသလား?
နိုးပါ မိတ်ဆွေ — ဒါဆိုရင် Bangkok မှာကော Condo ပိုင်ရှင် ဖြစ်နိုင်ပါသလား?

စင်္ကာပူမှာ SGD 60,000 ဆိုတာ Condo တစ်ခန်းရဲ့ တစ်စိတ်တစ်ဒေသတောင် မဝယ်နိုင်သေးပါဘူး။ Average Condo စျေးနှုန်းက SGD 800,000 ကျော်နေပြီး နိုင်ငံခြားသားတွေအနေနဲ့ ဝယ်မယ်ဆိုရင် ABSD (Additional Buyer's Stamp Duty) 60% ထပ်ဆောင်းပေးရပါသေးတယ်။
Bangkok မှာကျတော့ SGD 60,000 လောက်ဆိုရင် Freehold Condo တစ်ခန်းကို တရားဝင် ကိုယ်ပိုင်နာမည်ပေါက် ပိုင်ဆိုင်နိုင်ပါတယ်။ နိုင်ငံခြားသားများအတွက် ထပ်ဆောင်းအခွန် မရှိပဲ Down Payment ကိုသာ ဦးစွာပေးသွင်းပြီး ဝယ်ယူနိုင်ပါတယ်။

Investment Return — (Estimated Calculation)

ပြန်ငှားမယ်ဆိုရင် —
Bangkok Condo တစ်ခန်းကို ငှားရမ်းလျှင် လစဉ် SGD 480–600 ဝင်ငွေ ရရှိနိုင်ပါတယ်။ တစ်နှစ်ဆိုရင် SGD 5,760–7,200 ဖြစ်ပြီး Rental Yield အနေနဲ့ 7%–9% ရနိုင်တဲ့ project တွေ ရှိပါတယ်။ Singapore မှာ နေရင်းနဲ့ပဲ အပို၀င်ငွေရရှိနေမှာဖြစ်ပါတယ်။

Resale လုပ်မယ်ဆိုရင် —
Bangkok မှာ ဖွံ့ဖြိုးဆဲ Zone တွေမှာ property တန်ဖိုးက နှစ်စဉ် 5%–8% တက်တဲ့ နေရာတွေ ရှိပါတယ်။ SGD 60,000 ဖြင့် ဝယ်ထားပြီး ၅ နှစ်အကြာ ရောင်းချမယ်ဆိုရင် ခန့်မှန်း SGD 76,000–88,000 ဝန်းကျင် ရရှိနိုင်ပြီး Capital Gain အနေနဲ့ SGD 16,000–28,000 ရနိုင်ပါတယ်။

မိတ်ဆွေတို့ရဲ့ budget နဲ့ ဘယ် project တွေက အကိုက်ညီဆုံးလဲ သိချင်ရင် Grace Sheh Property SG ကို အခမဲ့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

"𝐁𝐚𝐧𝐠𝐤𝐨𝐤 𝐇𝐞𝐚𝐝 𝐎𝐟𝐟𝐢𝐜𝐞"
Level 23, Bangkok Bhiraj Tower at BITEC, 4345 Sukhumvit Road, - Bangna- Tai Sub-District, Bangna District, Bangkok 10260

အသေးစိတ်မေးမြန်းစုံစမ်းရန်
Whatsapp - https://wa.me/6588951755

Thai Head Office
Line: https://line.me/ti/p/RgJtCtAwpt
Phone: +66926667545

#ထိုင်းကွန်ဒို #ထိုင်းအိမ်ခြံမြေ

🏡 တန်ဖိုး 110 M THB ကနေစတင်ပြီး Private Lift ပါဝင်တဲ့ အခမ်းနားဆုံး Ultra Luxury အိမ်ရာ "CINQ ROYAL - The Eighteen" ပေးရတ...
11/04/2026

🏡 တန်ဖိုး 110 M THB ကနေစတင်ပြီး Private Lift ပါဝင်တဲ့ အခမ်းနားဆုံး Ultra Luxury အိမ်ရာ

"CINQ ROYAL - The Eighteen"

ပေးရတဲ့တန်ဖိုးနဲ့ ညီမျှတဲ့ Privacy ကိုရရှိနိုင်အောင် နာမည်အတိုင်း ပရောဂျက်တစ်ခုလုံးမှာ အိမ် ၁၈ လုံးပဲ ပါဝင်ပါတယ်။

Developer Asset Five ကဆောက်လုပ်ထားတဲ့ အိမ်ရာမှာ အိမ်တိုင်းက ၃ ထပ်ပါဝင်မှာဖြစ်ပြီး

House Area - 1070 sqm
- 6 Bedrooms
- 8 Bathrooms
- 2 Maid Rooms
- 6 Parking Spaces
- Private Lift
- ပါဝင်တဲ့ "Legacy" နဲ့

House Area - 748 sqm
- 5 Bedrooms
- 6 Bathrooms
- 1 Maid Room
- 2 Parking Spaces
ပါဝင်တဲ့ "Soul" ဆိုပြီး

အိမ်အမျိုးအစား ၂ မျိုး ပါဝင်မှာဖြစ်ပါတယ်။

Luxury Feeling ကိုအပြည့်အဝရရှိစေဖို့ အိမ်ရာထဲမှာ Green Space တွေကို သပ်ရပ်လှပစွာ ဖန်တီးပေးထားပြီး Park, Pavilion, Playground & Treehouse နဲ့ Basketball Court တွေပါဝင်ပါမယ်။

📍 Mega Bangna, Princ Hospital Suvarnabhumi, Concordian International School တို့အနီးလေးမှာရှိပြီး Bankok Mall အပြင် Bangna ရဲ့ နာမည်ကျော် International School နဲ့ ဆေးရုံတွေ များစွာ နဲ့ နီးတဲ့အတွက် အကောင်းဆုံးသော နေရာမှာ Premium အဖြစ်ဆုံး Luxury အိမ်တွေကို တည်ဆောက်ထားတာပါ။

ပေးရတဲ့ ဈေးနဲ့ ပြန်ရတဲ့ Quality ကိုက်ညီအောင် အမိုက်စား ဖန်တီးပေးထားတာကို ပုံတွေကြည့်ရုံနဲ့မြင်နိုင်ပြီး အိမ်ကြီးတွေရဲ့ အတွင်းအပြင် ခမ်းနားမှုက တကယ့်ကို ကျေနပ်စရာပါပဲ။

ယခု ၂၀၂၆ ခုနှစ် အစောပိုင်းကမှ ပြီးစီးထားတဲ့ Ready to Move in လုံးချင်းအိမ်ကြီးတွေရဲ့ လက်ရှိဝယ်ယူနိုင်မဲ့ အိမ်တွေကို မြေနေရာအကျယ်အလိုက် 110 M THB ကနေ 180 M THB အတွင်း ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်လို့

"CINQ ROYAL -The Eighteen- Bangna KM7" နဲ့အတူ ဘန်ကောက်ရဲ့ Ultra Luxury Housing အရသာကို လက်တွေ့ ခံစားကြည့်ချင်တယ်ဆိုရင်တော့...

"𝐁𝐚𝐧𝐠𝐤𝐨𝐤 𝐇𝐞𝐚𝐝 𝐎𝐟𝐟𝐢𝐜𝐞"
Level 23, Bangkok Bhiraj Tower at BITEC, 4345 Sukhumvit Road, - Bangna- Tai Sub-District, Bangna District, Bangkok 10260

"𝐂𝐡𝐢𝐚𝐧𝐠 𝐌𝐚𝐢 𝐁𝐫𝐚𝐧𝐜𝐡 𝐎𝐟𝐟𝐢𝐜𝐞"
No - 108/18, Ornsirin City Park, Chiang Mai

အသေးစိတ်မေးမြန်းစုံစမ်းရန်
Whatsapp - https://wa.me/6588951755
Line - https://line.me/ti/p/mOedOuSs6x
Phone - +66 806 733 550

#ထိုင်းကွန်ဒို #ထိုင်းအိမ်ခြံမြေ

🇹🇭 အသွားအပြန် Flight Ticket Free နဲ့ နှစ်သစ်မှာ ပိုင်ဆိုင်မှု အသစ်တွေ တိုးချဲ့ကြမယ်။Regent Home Bangna ရဲ့ အထူးပရိုမိုးရ...
09/04/2026

🇹🇭 အသွားအပြန် Flight Ticket Free နဲ့ နှစ်သစ်မှာ ပိုင်ဆိုင်မှု အသစ်တွေ တိုးချဲ့ကြမယ်။

Regent Home Bangna ရဲ့ အထူးပရိုမိုးရှင်း units တွေကို ပိုင်ဆိုင်နိုင်ဖို့ April တစ်လလုံးမှာ Appointment Booking တင်သူတိုင်းကို Grace Sheh Property ကနေပြီး

✈️ ထိုင်း-မြန်မာ Free Round-trip Flight Ticket

ဒါမှမဟုတ် တခြားနိုင်ငံတွေကနေ လာရောက်မယ်ဆိုရင်

💸 15,000 THB Cashback

ဆိုတဲ့ သင်္ကြန်အထူးပရိုမိုးရှင်းလေး စီစဉ်ပေးထားပါတယ်နော်။

ပရိုမိုးရှင်း အစီအစဉ်မှာ ပါဝင်ဖို့က ❗ ဧပရယ်လကုန်ထိပဲဖြစ်ပြီး Regent Home Bangna ဆိုတဲ့ အမိုက်စား Condo ကြီးကို အတန်ဆုံးနှုန်းနဲ့ ပိုင်ဆိုင်နိုင်မဲ့ နောက်ဆုံးအခွင့်အရေးမို့

Grace Sheh Property ကိုဆက်သွယ်ပြီး အမြန်ဆုံး Booking တင်ထားလိုက်ရအောင်။

"𝐁𝐚𝐧𝐠𝐤𝐨𝐤 𝐇𝐞𝐚𝐝 𝐎𝐟𝐟𝐢𝐜𝐞"
Level 23, Bangkok Bhiraj Tower at BITEC, 4345 Sukhumvit Road, - Bangna- Tai Sub-District, Bangna District, Bangkok 10260

"𝐂𝐡𝐢𝐚𝐧𝐠 𝐌𝐚𝐢 𝐁𝐫𝐚𝐧𝐜𝐡 𝐎𝐟𝐟𝐢𝐜𝐞"
No - 108/18, Ornsirin City Park, Chiang Mai

အသေးစိတ်မေးမြန်းစုံစမ်းရန်
Whatsapp - https://wa.me/6588951755
Thai Head Office
Line: https://line.me/ti/p/RgJtCtAwpt
Phone: +66926667545
Line - https://line.me/ti/p/mOedOuSs6x
Phone - +66 806 733 550

#ထိုင်းကွန်ဒို #ထိုင်းအိမ်ခြံမြေ

နိုင်ငံခြားသားတွေ ထိုင်းမှာ အိမ် ဝယ်လို့ရသလား? အဖြေကတော့ "ရပါတယ် — ဒါပေမဲ့ သိထားရမယ့် Rule တွေတော့ရှိပါတယ်"ထိုင်းနိုင်ငံ...
07/04/2026

နိုင်ငံခြားသားတွေ ထိုင်းမှာ အိမ် ဝယ်လို့ရသလား?
အဖြေကတော့ "ရပါတယ် — ဒါပေမဲ့ သိထားရမယ့် Rule တွေတော့ရှိပါတယ်"

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားများ Condo / Apartment ကို Freehold အဖြစ် တရားဝင် ပိုင်ဆိုင်နိုင်ပါတယ်။
သို့သော် လုံးချင်းအိမ် (House/Villa) နှင့် မြေ (Land) ကိုမူ တိုက်ရိုက် မပိုင်ဆိုင်နိုင်ပါ။
Long-term Leasehold ဒါမှမဟုတ် Thai Company မှတဆင့်သာ၀ယ်ယူနိုင်ပါတယ်။
** (Long-term Leasehold အကြောင်းကို နောက်တပို့စ်မှာ ထပ်မံရှင်းပြပေးသွားပါမယ်) **

Freehold ဆိုတာကတော့ ကာလကန့်သတ်ချက်မရှိဘဲ အမြဲတမ်း ပိုင်ဆိုင်နိုင်တဲ့ မှတ်ပုံတင်ပိုင်ဆိုင်မှု ဖြစ်ပြီးတော့ အမွေဆက်ခံ၊ ရောင်းချ၊ ငှားရမ်းတာတွေပြုလုပ်နိုင်ပါတယ်။

Condo တစ်ဆောင်မှာ နိုင်ငံခြားသား 49% အထိ သာ ပိုင်ဆိုင်ခွင့်ရှိပြီးတော့ ကျန်တဲ့ 51% ကတော့ ထိုင်းနိုင်ငံသားတွေပိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။ High-demand projects တွေဆိုရင် Foreign quota ကုန်သွားနိုင်တာမလို့ အချိန်မလွန်ခင် အမြန်ဆုံး၀ယ်ယူထားသင့်ပါတယ်။

🇸🇬 စင်္ကာပူမှ ဝယ်သူများအတွက် အားသာချက်

စင်္ကာပူမှ ငွေလွှဲပြီး ထိုင်း Condo ဝယ်တဲ့အခါမှာ FET (Foreign Exchange Transaction) Form တင်ဖို့ မလိုတာကလည်း စလုံးရောက်မြန်မာတွေအတွက်အားသာချက်တစ်ခုပါပဲ။ ထိုင်းဥပဒေအရ SGD မှ THB သို့ ငွေလွှဲမှုသည် ရိုးရှင်းပြီး အချိန်ကုန်သက်သာ၍ ဝယ်ယူရေး process ပိုမြန်ဆန်တဲ့ အတွက် အရမ်းကို အဆင်ပြေပါတယ်။

ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေစျေးကွက်ကို စိတ်၀င်စားပြီးတော့ ရင်းနှီးမြှုပ်နှံဖို့ပဲဖြစ်ဖြစ် ကိုယ်တိုင်နေထိုင်ဖို့ ၀ယ်ယူချင်တာပဲဖြစ်ဖြစ် မိတ်ဆွေတို့နဲ့ ကိုက်ညီမယ့် Condo projects တွေကို Grace Sheh Property SG Messenger ဒါမှမဟုတ် WhatsApp မှ အခမဲ့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

"𝐁𝐚𝐧𝐠𝐤𝐨𝐤 𝐇𝐞𝐚𝐝 𝐎𝐟𝐟𝐢𝐜𝐞"
Level 23, Bangkok Bhiraj Tower at BITEC, 4345 Sukhumvit Road, - Bangna- Tai Sub-District, Bangna District, Bangkok 10260

အသေးစိတ်မေးမြန်းစုံစမ်းရန်
Whatsapp - https://wa.me/6588951755

Thai Head Office
Line: https://line.me/ti/p/RgJtCtAwpt
Phone: +66926667545

#ထိုင်းကွန်ဒို #ထိုင်းအိမ်ခြံမြေ

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Grace Sheh Property SGผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์