Empress Empire Real Estate

Empress Empire Real Estate - Relentless Solutions For Your Dream Home -

ထိုင်းကွန်ဒိုတစ်ခုကို နိုင်ငံခြားသား အမည်ပေါက် နဲ့ တရားဝင်ပိုင်ဆိုင်ဖို့ ဘာတွေပြင်ဆင်ရမလဲ? ထိုင်းနိုင်ငံမှာ အိမ်ခြံမြေရင...
15/09/2026

ထိုင်းကွန်ဒိုတစ်ခုကို နိုင်ငံခြားသား အမည်ပေါက် နဲ့ တရားဝင်ပိုင်ဆိုင်ဖို့ ဘာတွေပြင်ဆင်ရမလဲ?

ထိုင်းနိုင်ငံမှာ အိမ်ခြံမြေရင်းနှီးမြှုပ်နှံချင်တဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ကွန်ဒိုတစ်ခုကို တရားဝင်ပိုင်ဆိုင်ဖို့ စဉ်းစားနေပြီဆိုရင် ယေဘုယျအချက်တွေအပြင် လက်တွေ့မှာ တကယ်လိုအပ်မယ့် အသေးစိတ်အချက်အလက်တွေကို Empress Empire ကနေ မျှဝေပေးလိုက်ပါတယ်။

1️⃣ ၄၉% နိုင်ငံခြားသား ပိုင်ဆိုင်ခွင့်
ထိုင်းနိုင်ငံရဲ့ ဥပဒေအရ နိုင်ငံခြားသားတွေက ကွန်ဒိုတွေကို တရားဝင် အမည်ပေါက်ဝယ်ယူပိုင်ဆိုင်ခွင့် ရှိပါတယ်။ အဓိပ္ပာယ်ကတော့ ထိုင်းလူမျိုးတွေနည်းတူ Title Deed (Chanote - ချနုတ်) လို့ခေါ်တဲ့ ဂရန်အမည်ပေါက် ရရှိမှာဖြစ်ပြီး ရောင်းချခွင့်၊ အမွေဆက်ခံခွင့် အပြည့်အဝရှိပါတယ်။
ကွန်ဒိုစီမံကိန်းတစ်ခုလုံးရဲ့ ၄၉ ရာခိုင်နှုန်းကိုသာ နိုင်ငံခြားသား Freehold အနေနဲ့ ရောင်းချခွင့်ပေးထားတာ ဖြစ်ပါတယ်။

2️⃣ဝယ်ယူသူဘက်မှ မဖြစ်မနေ ပြင်ဆင်ထားရမယ့် အချက်များ
👉Passport ဝယ်ယူမယ့်သူရဲ့ သက်တမ်းရှိ (Valid) ပတ်စ်ပို့ လိုအပ်ပါတယ်။
👉FET Form (Foreign Exchange Transaction) ဒါက နိုင်ငံခြားသားတွေအတွက် အရေးအကြီးဆုံးပါ။ မိမိဝယ်ယူမယ့် ကွန်ဒိုတန်ဖိုးကို ထိုင်းနိုင်ငံပြင်ပ (ဥပမာ - စင်ကာပူ၊ ဩစတြေးလျ စသည်) မှတစ်ဆင့် နိုင်ငံခြားငွေ (USD, SGD စသည်) ဖြင့် လွှဲပြောင်းရမှာဖြစ်ပြီး ထိုင်းဘဏ်ရောက်မှသာ Thai Baht သို့ ပြောင်းလဲရမှာဖြစ်ပါတယ်။
‼️အထူးသတိထားရမှာက ငွေလွှဲတဲ့အခါ Transfer Purpose လွှဲပြောင်းရခြင်း ရည်ရွယ်ချက်က "For purchasing a condominium in Thailand" ဆိုပြီး တိတိကျကျ ထည့်သွင်းရေးသားဖို့ မမေ့ဖို့ပါ။ ဒါမှထိုင်းဘဏ်ကနေ အမည်ပေါက်ဝယ်ယူခွင့်အတွက် အရေးပါတဲ့ FET Form ကို အလွယ်တကူ ထုတ်ပေးမှာ ဖြစ်ပါတယ်။

3️⃣ငွေပေးချေမှု အဆင့်ဆင့်နဲ့ ထပ်ဆောင်းကုန်ကျစရိတ်
ကွန်ဒို ဝယ်တော့မယ်ဆိုရင် ငွေပေးချေရမယ့် အဆင့်တွေကတော့
👉Deposit (Booking Fee): မိမိနှစ်သက်တဲ့ အခန်းကို ရွေးချယ်ပြီး စရန်ငွေ ပေးချေရပါမယ်။ (ဒီအဆင့်မှာ Passport Copy ပေးရန် လိုအပ်ပါတယ်)။
👉Contract Fees: အရောင်းအဝယ်စာချုပ် ချုပ်ဆိုတဲ့အခါ ပေးချေရမယ့် ငွေဖြစ်ပါတယ်။
👉Final Payment: ပိုင်ဆိုင်မှုလွှဲပြောင်းတဲ့အခါ Transfer မလုပ်မီပေးချေရမယ့် လက်ကျန်ငွေ ဖြစ်ပါတယ်။
👉Add-on Fees: အိမ်ဖိုးအပြင် Transfer fees (အမည်ပေါက်ပြောင်းခ - ပုံမှန်အားဖြင့် ၂%)၊ Sinking Funds (ရေရှည်ပြုပြင်ထိန်းသိမ်းရန် တစ်ကြိမ်သာပေးရသော ရန်ပုံငွေ) နဲ့ Maintenance Fee (၁ နှစ်စာ လစဉ်ထိန်းသိမ်းစရိတ်) တို့ကိုလည်း ထပ်ဆောင်း ထည့်သွင်းတွက်ချက်ထားဖို့ လိုအပ်ပါတယ်။

4️⃣ဝယ်ယူတဲ့အခါ ဂရုစိုက်ပြီး စစ်ဆေးသင့်တဲ့ စာရွက်စာတမ်းများ
ဝယ်ယူတဲ့ လုပ်ငန်းစဉ်အတွင်းမှာ ကိုယ့်ဘက်ကနေ မှန်ကန်မှုရှိမရှိ သေချာစစ်ဆေး၊ လက်ခံရယူရမယ့် စာရွက်စာတမ်းတွေကတော့-
👉Purchase Agreement: အချက်အလက်တိကျစွာ ပါဝင်တဲ့ အရောင်းအဝယ်စာချုပ်
👉Title Deed (Chanote): တရားဝင် ပိုင်ဆိုင်မှု ဂရန် မိမိအမည် မှန်/မမှန် စစ်ဆေးဖို့
👉Developer Documents: အဆောက်အဦးသစ်များအတွက် Developer ဘက်မှ တရားဝင်ထုတ်ပေးသော အခြားအထောက်အထားများ ဖြစ်ပါတယ်။

နိုင်ငံခြားသားတစ်ယောက်အနေနဲ့ ထိုင်းနိုင်ငံမှာ အိမ်ခြံမြေဝယ်ယူတဲ့အခါ ငွေလွှဲပြောင်းမှုကိစ္စတွေနဲ့ ဥပဒေပိုင်းဆိုင်ရာတွေမှာ အမှားအယွင်းမရှိစေဖို့ ကျွမ်းကျင်တဲ့ အကြံပေးရှိဖို့ အလွန်အရေးကြီးပါတယ်။

Empress Empire Real Estate မှ သွန်းက လူကြီးမင်းတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် လိုအပ်တဲ့ စာရွက်စာတမ်းကိစ္စတွေကအစ အားလုံး အဆင်ပြေချောမွေ့အောင် ကူညီဆောင်ရွက်ပေးနေပါတယ်။

🔺🔺🔺🔺

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အသင့်နေ (Ready to Move) နှင့် ဆောက်လုပ်ဆဲ (Off-plan) Condo များကို စိတ်ဝင်စားပါက

Empress Empire Real Estate
📱📞 WhatsApp/ Viber : +95 9 772218286
📱📞 Mobile/ Line : +66 9 27083171 သို့ တိုက်ရိုက်သော်လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါတယ်…

လူကြီးမင်းတို့ရဲ့ လိုအပ်ချက်နှင့် အကိုက်ညီဆုံးသော အကောင်းဆုံး အိမ်များကို စိတ်ချမ်းသာစွာ ဝယ်ယူနိုင်ရန် သွန်းကိုယ်တိုင် ဝန်ဆောင်မှုပေးပါရစေ... 👩🏻‍💼🤝🏼

🇹🇭 ဘန်ကောက်ရဲ့ ရွှေမြေ Bangna - Udomsuk ဧရိယာမှာ ကွန်ဒိုရွေးတော့မယ်ဆိုရင် ဒီ Project (၆) ခုကို အရင်ဆုံး ကြည့်ထားသင့်တယ်န...
13/09/2026

🇹🇭 ဘန်ကောက်ရဲ့ ရွှေမြေ Bangna - Udomsuk ဧရိယာမှာ ကွန်ဒိုရွေးတော့မယ်ဆိုရင် ဒီ Project (၆) ခုကို အရင်ဆုံး ကြည့်ထားသင့်တယ်နော် 🏢

Rama 9 လိုပဲ Bangna - Udomsuk ဧရိယာဆိုတာလည်း Mega Projects တွေဖြစ်တဲ့ Bangkok Mall, Cloud 11 နဲ့ True Digital Park တို့ကြောင့် Investor တွေအကြား အမြဲတမ်း ရေပန်းစားနေတဲ့ Location တစ်ခုပေါ့။

လာရောက်လေ့လာကြတဲ့ Lookers တွေရော၊ ရင်းနှီးမြှုပ်နှံဖို့ သေချာစဉ်းစားနေတဲ့ မိတ်ဆွေတွေပါ မျက်စိကျနေကြတဲ့ Bangna - Udomsuk က Project (၆) ခုအကြောင်း သွန်း သေချာလေး ရွေးချယ်ပြီး ရှင်းပြပေးမယ်နော် 👩🏻‍💼👇🏼

1️⃣ Aspire Sukhumvit 103 (Off-Plan)
Sukhumvit 103 Udomsuk လမ်းရဲ့ မျက်နှာပွိုင့်မှာရှိပြီး BTS Udomsuk နဲ့ နီးတဲ့အပြင် အနာဂတ်မှာ တိုးချဲ့လာမယ့် လမ်းကြောင်းတွေနဲ့လည်း ချိတ်ဆက်ထားတယ်။ နာမည်ကြီး AP Developer ရဲ့ အမှတ်တံဆိပ်ဖြစ်ပြီး Udomsuk ဧရိယာမှာ ရှားပါးတဲ့ Pet-Friendly Low-Rise Condo ဖြစ်တယ်။ Pet Grooming နဲ့ အိမ်မွေးတိရစ္ဆာန်တွေအတွက် သီးသန့်စိမ်းလန်းဧရိယာ ပါဝင်ပြီး အများသုံး Facilities ဧရိယာ စတုရန်းမီတာ ၆,၀၀၀ ကျော်တောင် ထည့်သွင်းပေးထားပါတယ်။ Bangkok Mall နဲ့ Cloud 11 တို့နဲ့ နီးလို့ နေထိုင်ဖို့ရော အငှားဈေးကွက်အတွက်ပါ အရမ်းသင့်တော်ပါတယ်။
💰 Starting Price: ဘတ် ၂.၅၉ သန်း

2️⃣ Life Udomsuk Station (Off-Plan)
BTS Udomsuk ဘူတာနဲ့ လက်တစ်ကမ်းအကွာမှာ တည်ရှိတဲ့ AP ရဲ့ High-Rise Project ကြီးတစ်ခုပါ။ Location အလွန်ကောင်းပြီး မြို့ထဲသို့ သွားလာရ အရမ်းလွယ်ကူတယ်။ အလုပ်သွားအလုပ်လာ လုပ်တဲ့ နိုင်ငံခြားသား Expats တွေနဲ့ Office Workers တွေအတွက် အဓိက Target ထားလို့ရပါတယ်။ High-Rise ပရောဂျက်တစ်ခုဖြစ်တာမို့ အဆောက်အအုံအတွင်းမှာ အဆင့်မြင့် Facilities တွေ စုံလင်စွာပါဝင်ပြီး မြို့ပြ Lifestyle ကို ဦးစားပေးတဲ့ အိမ်ငှားတွေကို ဆွဲဆောင်နိုင်လို့ Capital Gain ရော Rental Yield ပါ ကောင်းမွန်တဲ့ Project တစ်ခုပါ။
💰 Starting Price: ဘတ် ၃.၈၄ သန်း

3️⃣ Flexi Mega Space Bangna (Ready to Move)
Buanakarin လမ်းမပေါ်က Mega Bangna ဧရိယာအနီးမှာရှိတဲ့ Modern Japandi စတိုင် ကွန်ဒိုအသစ်စက်စက်ပါ။ အခန်းမျက်နှာကြက်အမြင့် ၂.၉ မီတာအထိရှိပြီး ဂျပန်စတိုင် Smart Tatami (Build-in ကုတင်ခုံ) တွေ အံဝင်ခွင်ကျ ထည့်သွင်းပေးထားပါတယ်။ Mega Bangna နဲ့ IKEA Bangna လို Mall ကြီးတွေနားမှာ ရှိတာကြောင့် အငှားဈေးကွက်မှာ လူငယ်တွေနဲ့ အဲ့ဒီဇုန်ဘက်က ဝန်ထမ်းတွေကြားမှာ ရေပန်းစားပါတယ်။
💰 Starting Price: ဘတ် ၂.၁၃ သန်း

4️⃣ Supalai Veranda Sukhumvit 117 (Ready to Move)
Sukhumvit လမ်းမကြီးဘေးမှာ တည်ရှိပြီး BTS Pu Chao ဘူတာနဲ့ မီတာ ၂၀၀ သာကွာဝေးတဲ့ Project ပါ။ ရထားတစ်ဆင့်တည်းစီးရုံနဲ့ Siam ကို တိုက်ရိုက်ရောက်ရှိနိုင်ပါတယ်။ ဈေးနှုန်းချိုသာပြီး နေထိုင်ရတဲ့ နေရာအကျယ်အဝန်းကလည်း တန်ကြေးရှိပါတယ်။ Facilities တွေ စုံလင်စွာ တပ်ဆင်ထားပြီး Samrong-Pu Chao ဇုန်မှာ အလုပ်လုပ်တဲ့ Working class တွေအတွက် ဝင်ငွေအသင့်အတင့်နဲ့ ငှားနေဖို့ အကောင်းဆုံးဖြစ်လို့ Rental Yield တည်ငြိမ်တဲ့ Project တစ်ခုလို့ပြောလို့ရပါတယ်။
💰 Starting Price: ဘတ် ၁.၇၉ သန်း

5️⃣ Supalai Sense Srinakarin (Ready to Move)
Srinakarin - Suan Luang Rama 9 ဧရိယာမှာတည်ရှိပြီး MRT Suan Luang Rama 9 ဘူတာ၊ Seacon Square ဈေးဝယ်စင်တာတို့နဲ့ အနီးဆုံးမှာရှိတဲ့ အထပ်နိမ့် ကွန်ဒိုစီမံကိန်းလေးပါ။ အိမ်မှာနေရင်း အပန်းဖြေခရီးထွက်နေရသလို ခံစားရစေမယ့် ပုံစံမျိုး သေချာဖန်တီးထားပြီး၊ အခန်းထဲကနေ ရေကူးကန်ထဲကို တိုက်ရိုက်ဆင်းလို့ရတဲ့ ရှားရှားပါးပါး အခန်းဒီဇိုင်းမျိုးတွေ ပါဝင်ပါတယ်။ ဈေးနှုန်းသင့်တင့်သလို တိတ်ဆိတ်အေးချမ်းတဲ့ နေထိုင်မှုပုံစံကို ပေးစွမ်းနိုင်တာကြောင့်၊ ကိုယ်တိုင် အေးအေးချမ်းချမ်း နေထိုင်ဖို့ပဲဖြစ်ဖြစ်၊ ဆူညံတာကိုမကြိုက်တဲ့ နိုင်ငံခြားသားတွေကို ပြန်လည်ငှားရမ်းဖို့ပဲဖြစ်ဖြစ် အထူးသင့်တော်တဲ့ စီမံကိန်းတစ်ခုဖြစ်ပါတယ်။
💰 Starting Price: ဘတ် ၁.၅၂ သန်း

6️⃣ Regent Home Bangna (Ready to Move)
Bangna-Trat လမ်းမကြီးဇုန်မှာ တည်ရှိပြီး ကြီးမားတဲ့ High-Rise Project တစ်ခုပါ။ ဝင်ငွေအလယ်အလတ်ရှိသူတွေအတွက် Budget အသက်သာဆုံးနဲ့ Unit ကျယ်ကျယ်ဝန်းဝန်း ရနိုင်တဲ့ နေရာဖြစ်ပြီး Bangna-Trat လမ်းမကြီးပေါ်က အချက်အချာကျတဲ့ နေရာမှာ ရှိပါတယ်။ Entry Price သက်သာတာကြောင့် ဝယ်ယူထားပြီး ပြန်လည်ငှားချတဲ့အခါ Yield ကောင်းကောင်းပြန်ရနိုင်လို့ Budget ကန့်သတ်ချက်ရှိတဲ့ Investor တွေအတွက် အသင့်တော်ဆုံးပါပဲ။
💰 Starting Price: ဘတ် ၁.၃၅ သန်း

ကဲ... Bangna - Udomsuk ဘက်က Project တွေထဲမှာ မိတ်ဆွေတို့ရဲ့ Budget နဲ့ Plan နဲ့ အကိုက်ညီဆုံးက ဘယ်တစ်ခုဖြစ်မလဲ? 🤔

ရင်းနှီးမြှုပ်နှံဖို့ပဲဖြစ်ဖြစ်၊ ကိုယ်တိုင်နေဖို့ပဲဖြစ်ဖြစ် လိုအပ်ချက်လေးတွေ ပြောပြပေးတာနဲ့ သွန်းကိုယ်တိုင် စိတ်ရှည်လက်ရှည် ထပ်မံရွေးချယ် အကြံပေးပေးသွားမှာပါရှင် 👩🏻‍💼🤝🏼

🔺🔺🔺🔺

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အသင့်နေ (Ready to Move) နှင့် ဆောက်လုပ်ဆဲ (Off-plan) Condo များကို စိတ်ဝင်စားပါက

Empress Empire Real Estate
📱 WhatsApp / Viber : +95 9 772218286
📞 Mobile / Line : +66 9 27083171 သို့ တိုက်ရိုက်သော်လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါတယ်…

လူကြီးမင်းတို့ရဲ့ လိုအပ်ချက်နှင့် အကိုက်ညီဆုံးသော အကောင်းဆုံး အိမ်များကို စိတ်ချမ်းသာစွာ ဝယ်ယူနိုင်ရန် သွန်းကိုယ်တိုင် ဝန်ဆောင်မှုပေးပါရစေ... 👩🏻‍💼🤝🏼

12/09/2026

🪄 တခြား Condo တွေနဲ့မတူ Company ရုံးခန်းပါတွဲဖွင့်လို့ရမယ့်....

Modiz Voyage Srinakarin Condo

ဒီ Condo လေးကတော့ Modiz Voyage Srinakarin ဆိုတဲ့ Condo လေးပါ သူတည်နေရာလေးကတော့ Srinakarin လမ်းမကြီးပေါ် မှာရှိပြီးတော့ ...

အဝါရောင်လိုင်း BTS Yellow Line နဲ့ မီတာ ၃၀၀ ပဲမို့ လမ်းလျှောက်အကွာအဝေး (၅) မိနစ် ပဲရှိပါတယ်။
Airport rail link နဲ့ အဝါလိုင်းဆုံရာ Huamak station နဲ့လဲ တမှတ်တိုင်ပဲမို့ သုဝဏဘူမိလေဆိပ်ကိုဆို (၁၅)မိနစ် နဲ့ ရောက်ရှိနိုင်ပါတယ်ရှင်။ မကြာမီပြီးစီးတော့မယ့် လိမ္မော်ရောင်လိုင်း MRT Orange Line ကို ကားနဲ့ဆို (၃)မိနစ်ပဲဆိုတော့ Location အရ 💯

🎓သားသား၊ မီးမီးတွေ ပညာရေး အတွက်ဆို

🏦RAMKHAMHAENG University
🏦ABAC University
🏦KASEM BUNDIT University
🏦NIDA University
🏦THAI-NICHI Institute of Technology
🏦TRAILL International School
🏦BOODINDECHA (SING SINGHASENI) School

🩺 ကျန်းမာရေး ဘက်ကကြည့်မယ်ဆိုရင်လဲ....

🏥RAMKHAMHAENG Hospital
🏥SAMITIVEJ SRINAKARIN Hospital
🏥PETCHARAVEJ Hospital

🛒 Shopping ကြိုက်တဲ့ သူတွေအတွက်ဆိုလဲ
🛍️TESCO LOTUS
🛍️THE MALL RAM 3
🛍️THE MALL BANGKAPI ....တို့ကလဲ ရှိနေတာမို့ အရမ်းကိုမိုက်တဲ့ နေရာလေးပါ။

ဒီ Condo လေးမှာတော့...
- အလွှာ ၃၇ လွှာ
- အခန်း ၈၁၃ ခန်း
- လူ‌နေခန်း ၆၃၈ ခန်း
- Company အခန်း ၁၇၀ ခန်း နဲ့
- ဆိုင်ခန်း ၅ ခန်း ...... ပါဝင်ပြီး

ရုံးခန်းအတွက်...
1 Bedroom - 29 SQ.M
Wise Suite – 34.10 SQ.M ဆိုပြီးပါဝင်မှာပါ။

လူကြီးမင်းတို့၏ လိုအပ်ချက်နှင့် အကိုက်ညီဆုံးသော အသင့်တော်ဆုံး အကောင်းဆုံးသော အိမ်များကို စိတ်ချမ်းသာစွာ ဝယ်ယူနိုင်ရန် သွန်းကိုယ်တိုင် ဝန်ဆောင်မှုပေးပါရစေရှင်… 👩🏻‍💼🤝🏼

🔺🔺🔺🔺🔺

🇹🇭 Empress Empire Real Estate
📱 ထိုင်းဖုန်း/ Line : +66 9 27083171
📱 Viber/ WhatsApp : +95 9 772218286 သို့ တိုက်ရိုက် စုံစမ်းမေးမြန်းနိုင်ပါသည်ရှင်…

🇹🇭 ဘန်ကောက် New C*D (Rama 9) မှာ မျက်စိကျစရာ အကောင်းဆုံး Condo Project (၄) ခု🏢Rama 9 ဧရိယာအကြောင်းကတော့ ရင်းနှီးမြှုပ်နှ...
11/09/2026

🇹🇭 ဘန်ကောက် New C*D (Rama 9) မှာ မျက်စိကျစရာ အကောင်းဆုံး Condo Project (၄) ခု🏢

Rama 9 ဧရိယာအကြောင်းကတော့ ရင်းနှီးမြှုပ်နှံသူ မိတ်ဆွေတိုင်းနီးပါး ရင်းနှီးပြီးသားလည်းဖြစ်တယ်
သွန်းဆီလာပြီးမေးကြတဲ့ မိတ်ဆွေတွေဆိုလည်း "Rama 9 ဘက်မှာပဲ ကြည့်ချင်တယ်" လို့ တကူးတကကို ရွေးပြီး မေးကြတာ များပါတယ်။ ကိုယ်တိုင်နေဖို့ပဲဖြစ်ဖြစ်၊ ရင်းနှီးမြှုပ်နှံဖို့ပဲဖြစ်ဖြစ် Agent တွေရော Investor တွေပါ မျက်စိကျကြတဲ့ နေရာတစ်ခုပေါ့။

ဒါပေမဲ့ Rama 9 မှာရှိတဲ့ Project တိုင်းကိုတော့ မျက်စိမှိတ်ဝယ်လို့ မရဘူးနော်။
ကိုယ့်ရဲ့ Lifestyle, Budget နဲ့ Investment Plan အပေါ်မူတည်ပြီး ဘယ် Project က အကိုက်ညီဆုံးလဲဆိုတာ သွန်း ဒီနေ့ သေချာလေး ရွေးချယ်ပြပေးပါမယ်။

1️⃣ COBE Ratchada-Rama 9
Minimalist Design လေးနဲ့ Landscaping ကျယ်ကျယ်ဝန်းဝန်းပါဝင်တဲ့ ဒီ Project က နေချင်စဖွယ် အကောင်းဆုံးပါ။ ရင်းနှီးမြှုပ်နှံသူတွေ သဘောကျမယ့် အချက် (၃) ချက်ကတော့ -
👉Developer ကောင်း: ထိုင်းရဲ့ Top Developer ဖြစ်တဲ့ SC Asset က ဆောက်တာမို့ Quality ပိုင်း စိတ်ချရတယ်။
👉 နေရာကောင်း: Thiam Ruam Mit လမ်းမပေါ်မှာရှိပြီး MRT Thailand Cultural Centre ဘူတာကို လမ်းလျှောက် (၈) မိနစ်ပဲ။ Big C Extra နဲ့ Central Rama 9 ကလည်း အနီးလေးပါ။
👉ဈေးနှုန်းသင့်တော်မှု: Budget ပိုင်းမှာလည်း ရင်းနှီးမြှုပ်နှံသူတွေ အကြိုက်တွေ့မယ့် ဈေးနှုန်းမျိုးပါ။

ဒါ့အပြင် Pet-friendly ဖြစ်တဲ့အတွက် အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ပါ အတူနေလို့ရပါတယ်။ (လက်ရှိမှာ ဘတ် ၃ သန်း ဝန်းကျင် အခန်းအရေအတွက် နည်းသွားပြီမို့ လက်မလွတ်ရအောင် အမြန်ဆုံး ဆက်သွယ်ထားဖို့ တိုက်တွန်းချင်ပါတယ်)

2️⃣VAY Rama 9
ဘန်ကောက် New C*D ရဲ့ အချက်အချာကျတဲ့နေရာမှာ ရှိတဲ့ Modern High-Rise Condo လေးပါ။ Location နဲ့ Developer ကို ကြည့်မယ်ဆိုရင် အခုအချိန်မှာ မလွတ်သင့်တဲ့ Project တစ်ခုပေါ့။
👉MRT Rama 9 Station နဲ့ အလွယ်တကူ သွားလို့ရသလို၊ Central Rama 9, Fortune Town တို့လို Mall တွေအပြင် International Hospital တွေနဲ့လည်း နီးလို့ နေထိုင်ရေး အလွန်အဆင်ပြေပါတယ်။
💁‍♀️ဘာကြောင့် ရွေးသင့်လဲ?
Expats နဲ့ Office Workers တွေ များတဲ့ Area ဖြစ်လို့ Rental Demand အရမ်းကောင်းပါတယ်။ Capital Gain အလားအလာလည်း ကောင်းလို့ Investor တွေ မျက်စိကျကြပါတယ်။ (ဘတ် ၂.၇ သန်း ကနေ စတင်ဝယ်ယူနိုင်ပါတယ်)

3️⃣NUE Epic Rama 9
ထိုင်းနိုင်ငံရဲ့ Top 3 Developer တစ်ခုဖြစ်တဲ့ Noble Development ကနေ ၂၀၂၉ မှာ ဆောက်လုပ်ပြီးစီးမယ့် Project ကြီးပါ။
👉Office Tower တွေ၊ Mall ကြီးတွေနဲ့ အနီးဆုံးမှာ ရှိတာကြောင့် ရေရှည် Investment အတွက် အထူးသင့်တော်ပါတယ်။
💁‍♀️အားသာချက်ကတော့ -
ပတ်ဝန်းကျင် Project တွေမှာ 2 Bed / 3 Bed အခန်းရှားပေမယ့် ဒီမှာက အဲ့ဒါတွေကို အဓိကထားပြီး ရင်းနှီးမြှုပ်နှံလို့ရပါတယ်။ Pet-friendly လည်းဖြစ်လို့ Off-plan အနေနဲ့ ကြိုဝယ်ပြီး ဈေးတက်မယ့်အချိန်ကို စောင့်မယ့် ရေရှည် Investor တွေအတွက် လုံးဝ အိုခေပါပဲ။ (ဘတ် ၃ သန်း ဝန်းကျင်ကနေ စတင်ဝယ်ယူနိုင်ပါတယ်)

4️⃣ The Base Urban Rama 9
နိုင်ငံတကာအဆင့်မီ Developer "Sansiri" ရဲ့ လတ်တလော မျက်စိကျစရာ အကောင်းဆုံးနဲ့ အသစ်စက်စက် Project ပါ။
👉MRT Rama 9 Station နဲ့ နီးသလို G Tower၊ Unilever House တို့လို ဧရာမ Office Building တွေနဲ့လည်း အနီးဆုံးမှာ ရှိပါတယ်။ ကားပိတ်တာ ရှောင်ချင်တဲ့ နိုင်ငံခြားသား Expats တွေနဲ့ လုပ်ငန်းရှင်တွေကြားမှာ ဒီနေရာက အရမ်း Hot ဖြစ်ပါတယ်။
💁‍♀️ ဒီ Project ရဲ့ အားသာချက်က?
မြို့ပြရဲ့ Lifestyle နဲ့ အကိုက်ညီဆုံးဖြစ်အောင် ခေတ်မီ Co-working Space တွေ၊ ရေကူးကန်နဲ့ Rooftop တွေ အစုံအလင် ပါဝင်ပါတယ်။ City-centre မှာ နေချင်တဲ့သူတွေ အရမ်းများလို့ ဝယ်ပြီးတာနဲ့ Tenant (အိမ်ငှား) အမြန်ဆုံးရနိုင်ပြီး Rental Yield ကောင်းကောင်း ချက်ချင်းပြန်ရနိုင်တဲ့ အသေချာဆုံး Project ပါပဲနော်။ (ဘတ် ၃.၅၉ သန်း ကနေ စတင်ဝယ်ယူနိုင်ပါတယ်)

🎯ကဲ... Rama 9 ရဲ့ ဘယ် Project က ကိုယ့်စိတ်ကြိုက်ဖြစ်မလဲ?
ရင်းနှီးမြှုပ်နှံဖို့ပဲဖြစ်ဖြစ်၊ ကိုယ်တိုင်နေဖို့ပဲဖြစ်ဖြစ် လူကြီးမင်းတို့ရဲ့ Budget, Location နဲ့ Investment Plan ပေါ်မူတည်ပြီး အသင့်တော်ဆုံး Condo တွေကို သွန်းကိုယ်တိုင် စိတ်ရှည်လက်ရှည် အကြံပေးပြီး ဝန်ဆောင်မှုပေးသွားမှာပါ🤝🏼✨

🔺🔺🔺🔺

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အသင့်နေ (Ready to Move) နှင့် ဆောက်လုပ်ဆဲ (Off-plan) Condo များကို စိတ်ဝင်စားပါက

Empress Empire Real Estate
📱📞 WhatsApp/ Viber : +95 9 772218286
📱📞 Mobile/ Line : +66 9 27083171 သို့ တိုက်ရိုက်သော်လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါတယ်…

လူကြီးမင်းတို့ရဲ့ လိုအပ်ချက်နှင့် အကိုက်ညီဆုံးသော အကောင်းဆုံး အိမ်များကို စိတ်ချမ်းသာစွာ ဝယ်ယူနိုင်ရန် သွန်းကိုယ်တိုင် ဝန်ဆောင်မှုပေးပါရစေ... 👩🏻‍💼🤝🏼

11/09/2026

🌸 The Monument Sathon 🌸

The Monument Sathorn သည် Sansiri ရဲ့ ၁၀ နှစ်ခန့်အကြာမှာ ပြန်လည်ယူဆောင်လာတဲ့ Ultra Luxury Series The Monument brand ဖြစ်ပြီး official စျေးနှုန်း အနေနဲ့ 9.9 million ဘတ် ကနေ စတင်ပါတယ်။

📍 Location ရဲ့ထူးခြားမှုက

Silom Line ရဲ့ BTS Saint Louis ကနေ 80 metres လောက်ပဲ ကွာတာဆိုတော့ BTS သွားဖို့ ကားစီးစရာမလိုဘဲ ၂မိနစ်လောက် လမ်းလျှောက်သွားနိုင်တဲ့အကွာအဝေးဖြစ်ပါတယ်

📌 ဒီ location ကို စိတ်ဝင်စားဖို့ကောင်းစေတာက—

Sathorn မှာ တည်ရှိနေတာပါ…
Sathorn သည် Bangkok ရဲ့ အရေးကြီးတဲ့ business/financial district တစ်ခုဖြစ်ပြီး office towers, multinational companies, embassies နဲ့ luxury hotels တွေ အများကြီးစုဝေးနေတဲ့ area ဖြစ်ပါတယ်။

📍အနီးမှာဆိုရင်_

• Sathorn Square – 400m
• The Empire – 500m
• King Power Mahanakhon – 600m
• Park Silom – 1.3 km
• One Bangkok – 2.1 km
. Dusit Central Park လိုမျိုး
Bangkok ရဲ့ major business destinations တွေရှိပါတယ်။

🛍️ Shopping အတွက်ဆိုရင်လည်း—

* Park Silom
* Silom Complex
* Dusit Central Park
* One Bangkok တို့ကလည်း အနီးမှာ ရှိပါတယ်

🌸 Lumphini Park ကလည်း 2.6 km ခန့်ပဲရှိပါတယ်။

✅ Sathorn Soi 10–12 ဘက်က restaurants, cafés, bars နဲ့ dining spots တွေကြောင့် office district ဖြစ်ပေမယ့် ညဘက်မှာလည်း lifestyle က အသက်ဝင်တဲ့နေရာပါ။

🏥 Hospital တွေ အနေနဲ့ —

• Saint Louis Hospital – 400m
• BNH Hospital – 1.1 km
• Health Land Sathorn – 290m တို့ကလည်း အနီးမှာရှိပြီး

🎓 School တွေ အနေနဲ့

• Saint Louis School – 600m
• Bangkok Christian College – 650m
• St. Joseph Convent – 1.2 km
• St. Andrews International School Sathorn – 1.3 km
• Shrewsbury International School – 3.4 km စတဲ့ school တွေရှိပါတယ်။

ဒီ project ရဲ့ အထူးခြားဆုံးအချက်ထဲက တစ်ခုက နှစ် 50 ကျော်ရှိတဲ့ ထိုင်းဆာကူရာပင်ကြီး ကို မခုတ်ပစ်ဘဲ project landscape ရဲ့ အစိတ်အပိုင်းအဖြစ် ထိန်းသိမ်းထားမှာ ဖြစ်ပါတယ်…

🏢 ဒီ project ကဆိုရင်_

- အထပ်ရေ 29-storey ပါဝင်တဲ့ ultra luxury condo ဖြစ်ပြီး
- 185 units သာရှိတဲ့ limited residence ဖြစ်ပါတယ်
- 1 Roi ရှိတဲ့
- Freeholdမြေပေါ်မှာ တည်ဆောက်မှာဖြစ်ပြီး
- အခန်းအမျိုးအစားတွေ အနေနဲ့
• 1 Bedroom — 40–70.6 sqm
• 2 Bedroom — 80–108.8 sqm
• 3 Bedroom — 131.8–203.2 sqm
• Penthouse — 243.6–304.3 sqm ဆိုပြီး ရှိပါမယ်
✅ Handover အနေနဲ့ - 2030 မှာ ဆောက်လုပ်ပြီးစီးမှာ ဖြစ်ပါတယ်

🐶 Pet Friendly project ဖြစ်ပြီး Pet Sky Lounge, Pet Sky Park နဲ့ pet grooming/spa စတဲ့ spaces တွေလည်း ထည့်သွင်းထားပါတယ်။

📌Freehold
📌Prime Sathorn location ရဲ့ ရှားပါးနေရာ
📌limited 185 units
📌Best developer ဆိုတာနဲ့တင်
✨ long-term investment လုပ်သင့်တဲ့ ကွန်ဒိုတခု ဖြစ်ပါတယ်

🔺🔺🔺🔺🔺

🇹🇭 Empress Empire Real Estate
📱 ထိုင်းဖုန်း/ Line : +66 9 27083171
📱 Viber/ WhatsApp : +95 9 772218286 သို့ တိုက်ရိုက် စုံစမ်းမေးမြန်းနိုင်ပါသည်ရှင်…

လူကြီးမင်းတို့၏ လိုအပ်ချက်နှင့် အကိုက်ညီဆုံးသော အသင့်တော်ဆုံး အကောင်းဆုံးသော အိမ်များကို စိတ်ချမ်းသာစွာ ဝယ်ယူနိုင်ရန် သွန်းကိုယ်တိုင် ဝန်ဆောင်မှုပေးပါရစေရှင်… 👩🏻‍💼🤝🏼

07/09/2026

🇹🇭 COBE Ratchada-Rama 9

🪴 ဒီတခါ ထိုင်းနိုင်ငံရဲ့ အရမ်းချစ်စရာအကောင်းဆုံးသပ်ရပ်သန့်ရှင်းပြီး Lanscaping ကောင်းကောင်းကျယ်ကျယ်ဝန်းဝန်းနဲ့ Minimalist Design လေးဖြစ်ပြီး နေချင်စဖွယ် Projectလေးကတော့ COBE Ratchada-Rama 9 ပဲ ဖြစ်ပါတယ်ရှင်..

🪴 သွန်းကိုယ်တိုင်လဲ အရမ်းလိုချင်တဲ့ ဒီProject လေးကို သွန်းချစ်ရတဲ့ မိတ်ဆွေတွေအတွက် ဒီနေ့မိတ်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်…

ဒို့မိတ်ဆွေတွေက ကောင်း (၃) ကောင်းကို လိုချင်ကြတာမို့လား ပြော 👍🏼👍🏼👍🏼

>> နံပါတ် (၁) Developer ကောင်း

ထိုင်းနိုင်ငံရဲ့ Top Ten Developer ဖြစ်တဲ့ SC Asset ကဆောက်တာမို့လို့ ဒီအပိုင်းကတော့ စိတ်ချလိုက်တော့ 👍🏼

>> နံပါတ် (၂) နေရာကောင်း

👌🏼 Project လေးက လူနေမထူထပ်တဲ့ Huai Khwang, Rama 9 Area ၏ Thiam Ruam Mit လမ်းမပေါ် တည်ရှိပြီး MRT Thailand Culture Station ကို လမ်းလျှောက်အကွာအဝေး ၈မိနစ်ပဲ ရှိပါတယ် Rama 9 Area အကြောင်းကတော့ ဒို့မိတ်ဆွေတွေ ပိုသိ 🤭 (Rama 9 မှာပဲ လိုချင်တာနော်လို့တောင် ပြောပြီး မေးကြတာဆိုတော့) နောက်ပြီး အားလုံးမျှော်လင့်ထားတဲ့အတိုင်း ….

👌🏼 စျေးဝယ်ရတာကြိုက်တဲ့သူတွေအတွက် အရမ်းအဆင်ပြေတဲ့ Central World, Pratunam, Platinum,, Big C စတဲ့ နေရာများကို ၇မိနစ်လောက်ပဲ လမ်းလျှောက်ရတာမို့ အိုခေနော်

👌🏼 ကျောင်းဆိုလဲ နာမည်ကြီးကျောင်းတွေဖြစ်တဲ့
KIS International School
SISB International School
Regent’s International College စတဲ့ကျောင်းတွေနဲ့ နီးနီးလေးရှင်

Project လေးထဲမှာ_

🪴 Building : ၉ လုံး
🦮 Pet ချစ်သူများအတွက် Pet Friendly building ပါရှိပြီး

🪴အခန်းအမျိုးအစားများအနေနဲ့
- Studio Room ( 23 - 28 sqm )
- 1 Bedroom ( 30 - 34 sqm )
- 1 Bed Plus ( 35 - 40 sqm )
- 2 Bedrooms ( 50 - 72 sqm )
- 3 Bedrooms ( 106 sqm ) ဆိုပြီး ရှိပါတယ်ရှင်

လုံလောက်သော Car Parking အပြင် EV Car Charger အတွက်လည်း စီစဉ်ပေးထားတာမို့ ခုတလော အလွန်ကြိုက်ကြသော ကွန်ဒိုလေးပါရှင်…

နောက်တခုက >> နံပါတ် (၃) စျေးကောင်း

စျေးရဲ့ကောင်းချက်ကတော့ မိတ်ဆွေတို့အကြိုက် moonlight ပဲ 😋

စျေးချိုချက်က ဘတ် ၃သန်းကနေ ၁၁ သန်းဝန်းကျင်ထိပဲ မို့ မြန်သူရအခြေအနေပါရှင်

ဘတ် ၃ သန်း ဝန်းကျင် အခန်းလေးလဲ တအားနည်းနေပီ ဖြစ်တာကြောင့် သွန်းကိုအမြန်လေး ဆက်သွယ်မေးမြန်းဖို့တော့ လိုပါတယ်ရှင်… 🤫🤫🤫

🔺🔺🔺🔺

🇹🇭 ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၏ အသင့်နေ (သို့) ဆောက်လုပ်ဆဲကွန်ဒိုများ စိတ်ဝင်စားပါက_

Empress Empire Real Estate
📱📞 WhatsApp/ Viber : +95 9 772218286
📱📞 Mobile/ Line : +66 9 27083171 သို့ တိုက်ရိုက်သော်လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါသည်ရှင်…

လူကြီးမင်းတို့၏ လိုအပ်ချက်နှင့် အကိုက်ညီဆုံးသော အသင့်တော်ဆုံး အကောင်းဆုံးသော အိမ်များကို စိတ်ချမ်းသာစွာ ဝယ်ယူနိုင်ရန် သွန်းကိုယ်တိုင် ဝန်ဆောင်မှုပေးပါရစေရှင်… 👩🏻‍💼🤝🏼

05/09/2026

The Last One Bed Plus Unit in
COBE Ratchada Rama 9

Rare unit : 36.5 sqm
One Bed Plus

Best Offer : 5.7 MB
Fully Furnished

Empress Empire Real Estate

📱 Mobile/ Line : +66 9 27083171
📱 Viber/ WhatsApp : +95 9 772218286

Rama 9 ဆိုတာ ဘယ်လိုနေရာမျိုးလဲ ⁉️Rama 9 Area မှာရှိတဲ့ Projects တွေဆို ဘာကြောင့် ဦးစားပေးရွေးချယ်သင့်တာလဲ ‼️Investor တွေ...
04/09/2026

Rama 9 ဆိုတာ ဘယ်လိုနေရာမျိုးလဲ ⁉️
Rama 9 Area မှာရှိတဲ့ Projects တွေဆို ဘာကြောင့် ဦးစားပေးရွေးချယ်သင့်တာလဲ ‼️

Investor တွေကရော ဘယ်အချက်တွေကြောင့် ဒီ Area ကို စိတ်ဝင်စားကြတာလဲ ?🤔

Off-Plan Project ပဲဖြစ်ဖြစ်၊ Resale Property ပဲဖြစ်ဖြစ် “Rama 9 Area” ဆိုတာနဲ့ Agent တွေ၊ Investor တွေနဲ့ Real Estate ကျွမ်းကျင်သူတွေကြားမှာ မကြာခဏ Recommend ပေးကြတာကို တွေ့ရမှာပါ။ ဒါကြောင့် “Rama 9 ဆိုရင် Location ကောင်းတယ်၊ Investment အတွက်ကောင်းတယ်” ဆိုတာကိုတော့ အများစုက အကြမ်းဖျင်းသိထားကြပေမယ့် အသေးစိတ်ကျကျသိဖို့နဲ့ ဘယ်လိုနေရာမျိုးဖြစ်လို့ ဘယ်သူတွေအတွက် ပိုအသင့်တော်ဆုံး၊ ဘယ်သူတွေပိုရွေးချယ်အသင့်ဆုံးဆိုတာကိုတော့.. 📝သွန်းက ဒီပိုစ့်လေးမှာ ထပ်ရှင်းပြပေးပါမယ်။

နံပါတ် 1️⃣ အချက် Rama 9 ကို New C*D Area လို့ အားလုံးက လက်ခံထားကြတယ်။ C*D ဆိုတာမျိုးကတော့ အလုပ်လုပ်ဖို့၊ နေထိုင်ဖို့၊ သွားလာဖို့နဲ့ Lifestyle အတွက် လိုအပ်တာတွေအကုန်လုံး တစ်နေရာတည်းမှာရှိနေတဲ့ Business + Residential Area သဘောမျိုးပါပဲ ဆိုတော့ Office Buildings တွေ၊ Condo တွေ၊ Shopping Malls တွေ၊ Restaurants & Lifestyle Facilities တွေ၊ Central Rama 9 နဲ့ Fortune Town တို့လို နေရာတွေနဲ့ စည်းကားတဲ့ Rama 9 မျက်စိကျစရာလေးဖြစ်နေတာပေါ့

2️⃣ နောက်ပြီး Transportation အပိုင်းကို ကြည့်ရင်လည်း MRT Blue Line ရဲ့ Phra Ram 9 Station ရှိတယ် ၊ ဘန်ကောက်ရဲ့ မိန်းလမ်းမတွေဆီကို သွားလို့လွယ်တယ်၊ Expressway Access ရှိတော့ ကိုယ်ပိုင်ကားရှိတဲ့ သူတွေအတွက်လည်းအဆင်ပြေတယ်။ Phetchaburi ဆိုရင် 1 Stop လောက် ၊ Sukhumvit (Asok) ဘက်ကိုဆိုလည်း 2 Stop Distance ပဲရှိတော့ သွားရလာရလွယ်တာကလည်း အားသာချက်တစ်ခုလိုဖြစ်နေတာပေါ့

3️⃣ စီးပွားရေးအပိုင်းကို ပြန်ကြည့်မယ်ဆိုရင်လည်း Rama 9 ရဲ့ အနီးတစ်ဝိုက်မှာ Office Buildings နဲ့ Commercial Developments တွေရှိတဲ့အတွက် ဒီဘက်မှာ အလုပ်လုပ်ပြီး အနီးအနားမှာပဲ Condo ငှားနေချင်တဲ့ Expats တွေ Professionals တွေလည်းရှိတယ်။ ဒါကြောင့် Investor တစ်ယောက်အနေနဲ့ Property ကိုကြည့်တဲ့အခါ “ဝယ်မယ့်သူရှိလား” တစ်ခုတည်းမဟုတ်ဘဲ “ငှားမယ့်သူရှိနိုင်လား” ဆိုတာပါ စဉ်းစားရတာဖြစ်ပြီး Rama 9 ရဲ့ အားသာချက်တစ်ခုက ဒီလို Rental Demand ကို Support လုပ်ပေးနိုင်တဲ့ Business District ဖြစ်သွားတယ်။

4️⃣ Lifestyle ဘက်ကို ကြည့်မယ်ဆိုရင် Rama 9 က Business Area ဖြစ်လို့ Office တွေပဲရှိတဲ့နေရာမျိုး မဟုတ်ဘူး .. Shopping, Restaurants, Supermarkets, Entertainment နဲ့ Daily-life Facilities တွေ ရှာရလွယ်တာကြောင့် ကိုယ်တိုင်နေထိုင်မယ်ဆိုလည်း Convenient ဖြစ်တဲ့ Area တစ်ခုပါ။

အဲ့ဒီတော့ ဘယ်သူတွေ ဝယ်သင့်လဲဆိုရင်
👉 City Lifestyle ကိုကြိုက်လို့ ကိုယ်တိုင်နေဖို့ဝယ်ချင်တဲ့ Working Professional တွေ၊
👉 Expats တွေ Professional တွေရဲ့ Tenant Demand ကို Target လုပ်ချင်တဲ့ Investor တွေ၊
👉 Area Development နဲ့ Infrastructure ကိုကြည့်ပြီး ရေရှည်ကိုင်ထားချင်တဲ့ ရင်းနှီးမြှုပ်နှံသူတွေဆို သင့်တော်ပါတယ်။

ဒါပေမဲ့လည်း သွန်း တစ်ခုအကြံပေးချင်တာကတော့ Rama 9 ရဲ့ Project ဆိုတိုင်း မျက်စိမှိတ်ဝယ်ချလို့တော့မရဘူး။ ❌

MRT နဲ့ ဘယ်လောက်ဝေးလဲ ? Developer ကဘယ်သူလဲ ? Unit Type နဲ့ Price က Market နဲ့ကိုက်ညီလား၊ Rental Target ကဘယ်သူလဲ၊ ကိုယ်ဝယ်တဲ့အချိန်မှာ Supply ဘယ်လောက်ရှိလဲဆိုတာတွေကို Project တစ်ခုချင်းစီ ပြန်ကြည့်ဖို့လိုပါတယ် 💁

Location ကောင်းတာက Investment တစ်ခုရဲ့ အခြေခံကောင်းတစ်ခုဖြစ်ပေမယ့် မှန်ကန်တဲ့ Project ကို ရွေးနိုင်မှသာ အဲ့ဒီ Location ရဲ့အားသာချက်ကို အပြည့်အဝအသုံးချနိုင်မှာပါ။

ဒါကြောင့် သွန်းကတော့ “Rama 9 က ကောင်းလား?” ဆိုတာထက် “Rama 9 ထဲက ဘယ် Project က ကိုယ့်နဲ့ အကိုက်ညီဆုံးလဲ?” ဆိုတာကို ပိုစဉ်းစားစေချင်ပါတယ်။ 👩🏻‍💼🤝🏼

🔺🔺🔺🔺

Rama 9 Projects တွေအကြောင်း အသေးစိတ် စိတ်ဝင်စားပါက...
Empress Empire Real Estate
📱📞 WhatsApp/ Viber : +95 9 772218286
📱📞 Mobile/ Line : +66 9 27083171 သို့ တိုက်ရိုက်သော်လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါတယ်…

လူကြီးမင်းတို့ရဲ့ လိုအပ်ချက်နှင့် အကိုက်ညီဆုံးသော အကောင်းဆုံး အိမ်များကို စိတ်ချမ်းသာစွာ ဝယ်ယူနိုင်ရန် သွန်းကိုယ်တိုင် ဝန်ဆောင်မှုပေးပါရစေ... 👩🏻‍💼🤝🏼

*D

‼️ ထိုင်းမှာ ကွန်ဒိုဝယ်ရုံနဲ့ ရနိုင်တဲ့ နှစ် (၂၀) Long Stay Visa ဆိုတာ ဘယ်လိုမျိုးလဲ ⁉️(မိသားစုနဲ့အတူ ရေရှည်နေထိုင်ဖို့ ...
02/09/2026

‼️ ထိုင်းမှာ ကွန်ဒိုဝယ်ရုံနဲ့ ရနိုင်တဲ့ နှစ် (၂၀) Long Stay Visa ဆိုတာ ဘယ်လိုမျိုးလဲ ⁉️

(မိသားစုနဲ့အတူ ရေရှည်နေထိုင်ဖို့ စဉ်းစားထားတယ်ဆိုရင်တော့ ဒီပိုစ့်လေးကို သေချာပေါက်ဖတ်ကြည့်ဖို့တော့ လိုပါမယ်ရှင်)

ထိုင်းနိုင်ငံမှာ ဘတ် (၃) သန်းတန် ကွန်ဒိုတစ်လုံး ဝယ်လိုက်တာနဲ့ နေထိုင်ခွင့်ဗီဇာ ပေးနေတယ်ဆိုတာကတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ တဆင့်စကား တဆင့်နားကြားနေရသလိုမျိုး ကွန်ဒိုဝယ်ရုံနဲ့ ဗီဇာ အော်တို တန်းရသွားတာမျိုးတော့ မဟုတ်ဘူးနော်..❌

နောက်ပြီး ဒီဗီဇာကလည်း Developer တွေက တိုက်ရိုက်ထုတ်ပေးနေတာမျိုးလည်း မဟုတ်ပါဘူး။

ဒါဆိုရင် ကွန်ဒိုဝယ်ရင် ဗီဇာရတယ်ဆိုတဲ့ ကိစ္စက? 😯

တကယ်တော့ ကိုယ်ဝယ်ယူလိုက်တဲ့ Property ကတဆင့် Thai Long Stay Service (TLS) ကို ချိတ်ဆက်ပြီး ထိုင်းလဝကမှာ တရားဝင် Long Stay Visa လျှောက်ထားနိုင်တဲ့ ပုံစံမျိုး လုပ်ထားတာပါ။
ဒီလိုဆိုတော့ ဘယ်လိုရင်းနှီးမြှုပ်နှံမှုက ဒီ ဗီဇာကိစ္စမှာ အကျုံးဝင်သလဲဆိုတာ သွန်းတို့ ဆက်ရှင်းပြပေးပါမယ်။

Property ကနေ Long Stay Visa လျှောက်ထားမယ်ဆိုရင် နိုင်ငံခြားသားတွေအနေနဲ့ အနည်းဆုံး ဘတ် (၃) သန်းနဲ့အထက် တန်ဖိုးရှိတဲ့ အိမ်ခြံမြေမှာ ရင်းနှီးမြှုပ်နှံရပါမယ်။

ရင်းနှီးမြှုပ်နှံမှု ပုံစံတွေကတော့ ဒီလိုမျိုးပါ

1️⃣ Freehold (ဝယ်ယူခြင်း): အနည်းဆုံး ဘတ် ၃ သန်း တန်ဖိုးရှိတဲ့ ကွန်ဒိုကို အမည်ပေါက် ဝယ်ယူရပါမယ်။

2️⃣Leasehold (နှစ်ရှည်ငှားရမ်းခြင်း): ဘတ် ၃ သန်းနဲ့အထက် တန်ဖိုးရှိတဲ့ ကွန်ဒို (သို့) လုံးချင်းအိမ်ကို (၃) နှစ်နဲ့အထက် စာချုပ်ချုပ်ဆိုရပါမယ်။

3️⃣Renting (လစဉ်ငှားရမ်းခြင်း): တစ်လကို ဘတ် ၈၅,၀၀၀ နဲ့အထက် ငှားရမ်းပြီး လိုအပ်တဲ့ ကြိုတင်ငွေ (Advance Payment) ပေးချေထားရပါမယ်။

🟢 ဗီဇာရရှိပြီးပြီဆိုရင်တော့ တရားဝင် ဇနီး/ခင်ပွန်း၊ အသက် (၂၀) အောက် လူပျို/အပျို သားသမီးတွေနဲ့ အသက် (၅၀) အထက် မိဘတွေကိုပါ မှီခိုဗီဇာအနေနဲ့ တွဲလျှောက်နိုင်ပါတယ်။

🏡 Thai Long Stay Service ကုန်ကျစရိတ်က_

🔶 Membership Fee: အနှစ် (၂၀) စာအတွက် ၄,၀၀၀ ဘတ် ပေးသွင်းရပါမယ်။
🔶 Visa Application Fee: တစ်နှစ်ကို ၂၇,၀၀၀ ဘတ် ကျသင့်မှာဖြစ်ပြီး နှစ်စဉ် သက်တမ်းတိုး (Renewal) လုပ်ရပါမယ်။

ကဲ .. Visa ကိစ္စတွေ၊ စာရွက်စာတမ်း (Documents) အထောက်အထား ကိစ္စတွေဖတ်ပြီး ရှုပ်သွားပြီလား ??

👉🏽 ထိုင်းမှာ property တခု ဝယ်ချင်တယ်
👉🏽 Thailand long stay Visa ကိစ္စလေးလည်း အသေးစိတ်သိလိုတယ်
👉🏽ကိုယ်ပိုင်ကွန်ဒိုလေးဝယ်ပြီး မိသားစုနဲ့အတူ စိတ်အေးချမ်းသာစွာ ရေရှည်နေထိုင်ဖို့ စဉ်းစားနေတယ်ဆိုရင်... Budget နဲ့ Lifestyle အတွက် အသင့်တော်ဆုံးဖြစ်မယ့် Property တွေကို သွန်းတို့ဆီမှာ လာရောက်စုံစမ်းလိုက်ပါ။ 👩🏻‍💼🤝🏼

🔺🔺🔺🔺

အသေးစိတ် စိတ်ဝင်စားပါက...
Empress Empire Real Estate
📱📞 WhatsApp/ Viber : +95 9 772218286
📱📞 Mobile/ Line : +66 9 27083171 သို့ တိုက်ရိုက်သော်လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါတယ် ရှင်…

လူကြီးမင်းတို့ရဲ့ လိုအပ်ချက်နှင့် အကိုက်ညီဆုံးသော အကောင်းဆုံး အိမ်များကို စိတ်ချမ်းသာစွာ ဝယ်ယူနိုင်ရန် သွန်းကိုယ်တိုင် ဝန်ဆောင်မှုပေးပါရစေရှင်... 👩🏻‍💼🤝🏼

🦾 AP Thai ကတော့ ဒီရက်ထဲ ကြမ်းနေပြီရှေ့နှစ်က ဟိုးလေးတကျော် လက်မလည်အောင် ရောင်းခဲ့ရတဲ့ GOOD DAY Series ကိုမှ ဒုတိယ project...
02/09/2026

🦾 AP Thai ကတော့ ဒီရက်ထဲ ကြမ်းနေပြီ

ရှေ့နှစ်က ဟိုးလေးတကျော် လက်မလည်အောင် ရောင်းခဲ့ရတဲ့

GOOD DAY Series ကိုမှ ဒုတိယ project အနေနဲ့
GOOD DAY Rama 9 - Srinakarin ဆိုပြီး ထပ်မံ မိတ်ဆက်ပြီ

📅 VVIP's DAY: 5-6 September ONLY

🏥 Samitivej Srinakarin Hospital နဲ့ တလှမ်းအကွာတဲ့

🏫 Near ABAC, Ramkhamhaeng Uni., The Mall Lifestore

🏋️ Complete with The Productive Space, The Living Hall, The Hive, and Good Health Club

✨ စျေးနှုန်း Rama 9 မှာ 1 Large Bed, 29 Sq.m. ကိုမှ ဘတ် 2.19 သန်းကနေ စမှာ ဖြစ်လို့ ဒီတခါလဲ လုဝယ်ကြရအုံးမယ့် project

🔥 အခန်းအရေအတွက်အရမ်းနည်းတာမို့ သူများကို မစောင့်ပဲ Sold Out မဖြစ်ခင် လက်မနှေးစေချင်

အကောင်းဆုံးအခန်းတွေ ရွေးဖို့နဲ့ Project အသေးစိတ်အတွက်

သွန်းရဲ့ Empress Empire Real Estate

👉🏽WhatsApp/ Viber : +95 9 772218286
👉🏽 Mobile/ Line : +66 9 27083171 ကို တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်ရှင်

ที่อยู่

Bangkok

เบอร์โทรศัพท์

+66927083171

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Empress Empire Real Estateผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Empress Empire Real Estate:

ทางลัด

แชร์