02/08/2026
မြန်မာပြည်မှာ အိမ်ခြံမြေဈေးတွေ တက်နေတာ အိမ်ခြံမြေက ဘယ်တော့မှ မရှုံးဘူး”
ဒီစကားကို လူတော်တော်များများ ပြောကြပါတယ်။
ဒါပေမယ့် တကယ်တော့…
အိမ်ခြံမြေတိုင်း အမြတ်မပေးပါဘူး။
Location မှားရင် ရှုံးနိုင်တယ်။
အချိန်မှားရင် ရှုံးနိုင်တယ်။
Demand မရှိတဲ့ နေရာဝယ်မိရင် ရှုံးနိုင်တယ်။
ကမ္ဘာပေါ်က ချမ်းသာတဲ့ လူတွေ အိမ်ခြံမြေဝယ်တဲ့အခါ
“ဒီနေ့ ဘယ်လောက်တန်လဲ”
ဆိုတာထက်
“၅ နှစ်နေရင် ဒီနေရာကို လူတွေ ပိုလိုချင်လာမလား”
ဆိုတာကို ပိုကြည့်ကြပါတယ်။
ဥပမာ…
လွန်ခဲ့တဲ့ ၁၀ နှစ်က Bangkok ရဲ့ အချို့နေရာတွေကို လူအများစု စိတ်မဝင်စားခဲ့ကြဘူး။
ဒီနေ့မှာတော့ BTS ၊ MRT ၊ Shopping Mall ၊ Office Tower တွေ တည်ဆောက်ပြီးတဲ့နောက် အိမ်ခြံမြေတန်ဖိုးတွေ အများကြီး တက်လာခဲ့တယ်။
အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုရဲ့ လျှို့ဝှက်ချက်က
“အခုကောင်းနေတဲ့ နေရာကို ဝယ်တာ” မဟုတ်ဘူး
“နောက် ၅ နှစ်မှာ ကောင်းလာမယ့် နေရာကို ရှာပြီး ဝယ်တာ” ဖြစ်တယ်။
ဒါကြောင့် Property Investor တစ်ယောက်ဖြစ်ချင်ရင်
ဈေးနှုန်းကို မကြည့်ခင်
✔️ Infrastructure Development
✔️ Population Growth
✔️ Rental Demand
✔️ Transportation Projects
တွေကို အရင်လေ့လာဖို့ လိုပါတယ်။
အောင်မြင်တဲ့ Investor တွေက အိမ်ဝယ်တာထက် အနာဂတ်ကို ဝယ်ထားကြတာပါ။
သင်ရော…
အိမ်မှာနေဖို့ ဝယ်တာလား?
ရင်းနှီးမြှုပ်နှံဖို့ ဝယ်တာလား?
ဒါပေမယ့် နောက်ထပ်မေးခွန်းတစ်ခု ထပ်ရှိနေပါသေးတယ်။
“ဈေးတက်တာနဲ့ ရင်းနှီးမြှုပ်နှံမှုကောင်းတာဟာ အတူတူပဲလား?”
ကမ္ဘာပေါ်က အောင်မြင်တဲ့ အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူတွေက အိမ်ဝယ်တဲ့အခါ ဈေးနှုန်းတစ်ခုတည်း မကြည့်ကြပါဘူး။
✔️ လူဦးရေ တိုးလာမလား?
✔️ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်လာမလား?
✔️ အငှားဈေးကောင်းကောင်း ရနိုင်မလား?
✔️ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးလာမလား?
ဆိုတာတွေကို အရင်လေ့လာကြပါတယ်။
လက်ရှိ မြန်မာပြည်မှာ အိမ်ခြံမြေဈေးကွက်က ငွေကြေးဖောင်းပွမှု (Inflation) နဲ့ ကျပ်ငွေတန်ဖိုး ကျဆင်းမှုကြောင့် ဈေးတက်နေတဲ့ နေရာတွေရှိပါတယ်။
ဒါပေမယ့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေ ကြည့်တဲ့ အချက်ကတော့ “အိမ်ခြံမြေက ဝင်ငွေ ဘယ်လောက် ပြန်ထုတ်ပေးနိုင်သလဲ” ဆိုတာပါ။
ဥပမာ…
ထိုင်းနိုင်ငံ ဘန်ကောက်မှာ Condo တစ်ခန်းဝယ်ထားရင်
✅ နိုင်ငံခြားသားအမည်နဲ့ ပိုင်ဆိုင်နိုင်တယ်
✅ Tourism နဲ့ Expat Market ကြီးမားတယ်
✅ Rental Income ရနိုင်တယ်
✅ BTS / MRT လမ်းကြောင်းအသစ်တွေကြောင့် တန်ဖိုးတက်နိုင်တယ်
✅ နိုင်ငံခြားငွေဖြင့် ရောင်းဝယ်နိုင်တယ်
ဆိုတဲ့ အားသာချက်တွေ ရှိပါတယ်။
ဒါကြောင့် အိမ်ခြံမြေဝယ်မယ်ဆိုရင်
“ဈေးတက်မလား?” ဆိုတာထက်
“ဒီပိုင်ဆိုင်မှုက ငါ့ကို နှစ်စဉ် ဝင်ငွေဘယ်လောက်ရှာပေးမလည်းဆိုတာက ပိုအရေးကြီးပါတယ်
အောင်မြင်တဲ့ ရင်းနှီးမြုပ်နှံသူတွေက အိမ်ဝယ်တာမဟုတ်ပါဘူး
ဝင်ငွေစီးဆင်းမှု (Cash flow) ကိုဝယ်တာပါ
အားလုံး အတွေးလေးတခု ရနိင်ပါစေ