BKK Property Pro.

BKK Property Pro. Your trustworthy agent.....

Life Sukhumvit Rama 4 စပြီးရောင်းတုန်းကပေါ့။ 𝗕𝗧𝗦 𝗣𝗵𝗿𝗮 𝗞𝗵𝗮𝗻𝗼𝗻𝗴 နဲ့ မီတာ ၅၅၀။ ၄၆ ထပ် Tower။ အဖွင့်စျေး ၂.၉၉ သန်း။ဒီကိန်းသု...
11/07/2026

Life Sukhumvit Rama 4 စပြီးရောင်းတုန်းကပေါ့။
𝗕𝗧𝗦 𝗣𝗵𝗿𝗮 𝗞𝗵𝗮𝗻𝗼𝗻𝗴 နဲ့ မီတာ ၅၅၀။ ၄၆ ထပ် Tower။ အဖွင့်စျေး ၂.၉၉ သန်း။

ဒီကိန်းသုံးလုံး တစ်ကြောင်းတည်းမှာ အတူရှိနေတာ ပုံမှန်တော့ မဟုတ်နေပါဘူး။

မြေစျေးတွေ နှစ်တိုင်းတက်နေတဲ့ Bangkok မှာ ဒီလိုစျေးမျိုး ဘယ်လိုထုတ်နိုင်တာလဲ။

အဖြေက လွန်ခဲ့တဲ့နှစ်တွေတုန်းက Developer လုပ်ခဲ့တဲ့ အလုပ်တစ်ခုကြောင့်ပါ။ အဲဒီအလုပ်ရဲ့ နာမည်က -

𝗟𝗮𝗻𝗱 𝗕𝗮𝗻𝗸𝗶𝗻𝗴 ………..

𝗟𝗮𝗻𝗱 𝗕𝗮𝗻𝗸𝗶𝗻𝗴 ဆိုတာ Developer တွေက Project လုပ်ခါနီးမှ မြေဝယ်တာမဟုတ်ဘဲ — စျေးမတက်ခင်၊ ဇုန်မပွင့်ခင် နှစ်နဲ့ချီပြီး မြေတွေကို ကြိုဝယ်ထားတဲ့ မဟာဗျူဟာတစ်ခု ဖြစ်ပါတယ်။

ဆန်ကုန်သည်ကြီးတွေ စပါးပေါ်ချိန် စျေးအချိုဆုံးအချိန်မှာ ကျီတွေပြည့်အောင် ကြိုဝယ်ပြီး တစ်နှစ်ပတ်လုံး အေးဆေးရောင်းနိုင်သလိုပါပဲ။ Developer တွေအတွက် စပါးက မြေပါ။

မြေကို ဘယ်စျေးနဲ့ ရထားလဲဆိုတာက နောင်နှစ်တွေမှာ ထွက်လာမယ့် Condo ရဲ့ Cost Structure နဲ့ အဖွင့်စျေးအပေါ် အလွန်အရေးကြီးတဲ့ သက်ရောက်မှုရှိပါတယ်။

ဒါတွေဘာလို့ပြောနေရတာလဲဆိုတော့ ၊ အခုအချိန်မှာ ပိုသိသာလို့ပါ။

၂၀၂၆ ရဲ့ Bangkok စျေးကွက်မှာ ထူးခြားတဲ့အခြေအနေနှစ်ခု တစ်ပြိုင်နက် ဖြစ်နေပါတယ်။

တစ်ဘက်မှာ REIC ရဲ့ မြေစျေးအညွှန်းကိန်းတွေအရ Bangkok နဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ မြေစျေးတွေ ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး၊ ရထားလမ်းကြောင်းနဲ့ Infrastructure အသစ်တွေ ဝင်လာတဲ့ Area တွေက ပိုမြန်မြန် တန်ဖိုးတက်လာနေပါတယ်။

နောက်တစ်ဘက်မှာတော့ Condo ရောင်းစျေးတွေဟာ ပြိုင်ဆိုင်မှုကြောင့် အလွန်မြန်မြန်တက်လို့မရဘဲ၊ Developer တွေက ဝယ်သူလက်လှမ်းမီတဲ့ စျေးနှုန်းကို ထိန်းထားရတဲ့ အနေအထားမှာ ရှိနေပါတယ်။

ဒီကြားထဲမှာ ဒီနေ့ပေါက်စျေးနဲ့ မြေဝယ်ပြီး Project အသစ်စလုပ်မယ်ဆိုရင် အမြတ် Margin ကို ထိန်းထားဖို့ ပိုခက်လာပါတယ်။ ဒီနေရာမှာ အားသာချက်ပိုရှိသွားကြတာကတော့ မြေစျေးမတက်ခင်ကတည်းက Land Bank လုပ်ထားပြီးသား Developer တွေပဲ ဖြစ်ပါတယ်။

မြေပုံပေါ်မှာ AP ရဲ့ ခြေရာတွေကို စီကြည့်ရင် ဒီ Pattern ကို မြင်နိုင်ပါတယ်။

𝗟𝗶𝗳𝗲 𝗥𝗮𝗺𝗮 𝟰 – 𝗔𝘀𝗼𝗸𝗲 (၂၀၂၄ ပြီးစီး)

𝗔𝘀𝗽𝗶𝗿𝗲 𝗦𝘂𝗸𝗵𝘂𝗺𝘃𝗶𝘁 – 𝗥𝗮𝗺𝗮 𝟰 (၂၀၂၅ ပြီးစီး)

အခု 𝗟𝗜𝗙𝗘 𝗦𝘂𝗸𝗵𝘂𝗺𝘃𝗶𝘁 – 𝗥𝗮𝗺𝗮 𝟰 (၂၀၂၈ ပြီးစီးမည်)

Corridor တစ်ခုတည်းပေါ်မှာ Project တစ်ခုပြီးတစ်ခု ဆက်တိုက် ထွက်လာတာကို ကြည့်ရင် AP ဟာ ဒီ Area မှာ စုဆောင်းထားတဲ့ Land Bank ကို ဆက်လက်အသုံးချနေတဲ့ Strategy တစ်ခုရှိတယ်လို့ သုံးသပ်နိုင်ပါတယ်။

နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ ကိန်းဂဏန်းတစ်ခုလည်း ရှိပါတယ်။

Bangkok Post ဖော်ပြချက်အရ AP ရဲ့ မြေဝယ်ဘတ်ဂျက်ဟာ ၂၀၂၅ ခုနှစ်မှာ ဘတ် ၁၂.၃ ဘီလီယံ ရှိခဲ့ပြီး၊ ၂၀၂၆ ခုနှစ်မှာ ၁၅ ဘီလီယံဘတ် အထိ တိုးမြှင့်ထားပါတယ်။

စျေးကွက်အေးနေတဲ့အချိန်မှာတောင် မြေပိုဝယ်နေတယ်ဆိုတာ အခုအချိန်ဟာ Developer တွေအတွက် မြေဝယ်ယူတဲ့အခါ ညှိနှိုင်းဖို့ ပိုအဆင်ပြေနိုင်တဲ့အချိန်ဖြစ်ပြီး ရေရှည် Project တွေအတွက် ကြိုတင်ပြင်ဆင်နေတယ်လို့ မြင်နိုင်ပါတယ်။

အခုချိန် ဝယ်ထားတဲ့ မြေတွေဟာ ၂၀၂၈၊ ၂၀၂၉ နဲ့ အဲဒီနောက်ပိုင်းမှာ ထွက်လာမယ့် Project တွေရဲ့ Cost Structure နဲ့ အဖွင့်စျေးတွေကို သက်ရောက်မှုရှိလာနိုင်ပါတယ်။

ဒါကြောင့် Condo တစ်ခုရဲ့ အဖွင့်စျေးကို မြင်တိုင်း “ဘာလို့ ဒီလောက်ချိုတာလဲ” လို့ အံ့သြမယ့်အစား—

“ဒီ Developer က ဒီမြေကို ဘယ်တုန်းက ရထားတာလဲ” လို့ မေးကြည့်တတ်လာရင် စျေးနှုန်းတစ်ခုရဲ့ နောက်ကွယ်က ဇာတ်လမ်းတစ်ခုလုံးကို မြင်လာပါလိမ့်မယ်။

𝗟𝗮𝗻𝗱 𝗕𝗮𝗻𝗸𝗶𝗻𝗴 ကို နားလည်တဲ့ ဝယ်သူဟာ Developer တွေ ကစားနေတဲ့ ရေရှည်ဂိမ်းကို မြင်တတ်သွားပြီး၊ အခွင့်အလမ်းကောင်းတစ်ခု ရှေ့ရောက်လာတဲ့အခါ ပိုပြီး ယုံကြည်မှုရှိရှိ ဆုံးဖြတ်နိုင်ပါလိမ့်မယ်။

ဒီလို စျေးကွက်နောက်ကွယ်က ဇာတ်လမ်းတွေကို ဆက်ဖတ်ချင်ရင် BKK Property Pro.ကို Follow လုပ်ထားပေးပါ။

အဆင်ပြေကြပါစေ။

03/07/2026

ချင်းမိုင်မှာ အိမ်ဝယ်ဖို့ စဉ်းစားနေရင် Ornsirin City Park အကြောင်းကို မသိလို့မဖြစ်ဘူးနော်! 🏔️✨

ဒီအိမ်လေးက ချင်းမိုင်ရဲ့ နာမည်ကြီး Ornsirin Developer ရဲ့ စီမံကိန်းတစ်ခုဖြစ်တဲ့ "Believe City Park" ပဲ ဖြစ်ပါတယ်။

အိမ်ထဲခြေချလိုက်တာနဲ့ ဧည့်ခန်းရော၊ ထမင်းစားခန်းပါ ကျယ်ကျယ်ဝန်းဝန်းနဲ့ သဘာဝအလင်းရောင် အပြည့်အဝရလို့ နေချင်စဖွယ် Vibe မျိုးကို တန်းခံစားရမှာပါ။ စာဖတ်မလား၊ Work from Home လား... စိတ်ကြိုက်အာရုံစိုက်လို့ရမယ့် သီးသန့် Working Space ပါဝင်တဲ့အပြင်၊ အိပ်ခန်းတွေကလည်း တစ်နေ့တာအမောတွေကို ပျောက်ကွယ်သွားစေမယ့် Cozy Mood မျိုးနဲ့ သက်တောင့်သက်သာ ပြင်ဆင်ပေးထားပါတယ်။ 🥰🛏️

အမိုက်ဆုံးအချက်ကတော့ City Park အိမ်ရာဝန်းထဲမှာတင် ကြီးမားလှပတဲ့ သဘာဝရေအိုင်ကြီး ရှိနေတာကြောင့် အမြဲတမ်း လေကောင်းလေသန့်ရပြီး စိတ်အေးချမ်းဖို့ အရမ်းကောင်းတာပါပဲ။ 🌊

အိမ်ရာဝန်းထဲ မှာတင် ကော်ဖီဆိုင်၊စားသောက်ဆိုင်တွေအပြင် 7-Eleven နဲ့ တခြားလိုအပ်တဲ့ ဆိုင်လေးတွေအစုံအလင်ရှိနေတဲ့ Commercial Area ပါရှိပြီးသားဆိုတော့ လူနေမှုဘဝက တကယ့်ကို ပြည့်စုံလွန်းနေပါပြီ။ ☕🛒

ချင်းမိုင်မြို့ရဲ့ နေရာကောင်းမှာ မိသားစုနဲ့အတူ စိတ်အေးချမ်းသာစွာ နေထိုင်ဖို့အတွက် "Ornsirin City Park" ကိုပဲ ရွေးချယ်သင့်ပါတယ်ရှင့်။ 💯
📲 အသေးစိတ်ကို BKK Property Pro မှာ အခုပဲ လာရောက်မေးမြန်းစုံစမ်းနိုင်ပါပြီရှင့်။ #ချင်းမိုင်

Critical Mass TheoryCritical Mass ဆိုတာ ရူပဗေဒက ငှားသုံးထားတဲ့ စကားလုံးပါ — တစ်ခုခုက သူ့ဘာသာသူ ဆက်လည်ပတ်နိုင်တဲ့ အနည်းဆု...
03/07/2026

Critical Mass Theory

Critical Mass ဆိုတာ ရူပဗေဒက ငှားသုံးထားတဲ့ စကားလုံးပါ — တစ်ခုခုက သူ့ဘာသာသူ ဆက်လည်ပတ်နိုင်တဲ့ အနည်းဆုံးပမာဏကို ဆိုလိုပါတယ်။

ဒေသတစ်ခုမှာ လူနေ၊ အလုပ်၊ စားဝတ်နေရေး အထောက်အပံ့တွေ အလုံအလောက် စုမိသွားပြီဆိုရင် အဲဒီဒေသဟာ ပြင်ပအားကိုးစရာမလိုဘဲ သူ့ဘာသာသူ ကြီးထွားလာပါတယ်။

လူများလို့ ဆိုင်ဖွင့်တယ်၊ ဆိုင်များလို့ လူထပ်လာတယ်၊ လူထပ်များလို့ Developer က Condo ထပ်ဆောက်တယ် — ဒီလိုသံသရာလည်သွားတာကို Critical Mass ရောက်ပြီလို့ ခေါ်ပါတယ်။

ဒေသတစ်ခု Critical Mass ရောက်၊ မရောက် စစ်ချင်ရင် အောက်ပါ အင်္ဂါရပ်ငါးခု စုံ၊ မစုံ ကြည့်ပါ။

Mall
Mall ကြီးတစ်ခုဆိုတာ ဒေသတစ်ခုရဲ့ စီးပွားရေးဗဟိုချက်ပါ။ Central၊ The Mall၊ Robinson လို Retail Group ကြီးတွေဟာ ဆိုင်ခွဲမဖွင့်ခင် ဒေသရဲ့ ဝယ်နိုင်စွမ်း၊ လူဦးရေတိုးနှုန်းတွေကို နှစ်ချီပြီး လေ့လာလေ့ရှိပါတယ်။

ဒါကြောင့် Mall ကြီးတစ်ခု ဒေသတစ်ခုမှာ လာဖွင့်တယ်ဆိုတာ — အဲဒီ Retail Group ရဲ့ သုတေသနအဖွဲ့က "ဒီဒေသ အလားအလာရှိတယ်" လို့ အတည်ပြုလိုက်တာနဲ့ အတူတူပါပဲ။

ကျွန်တော်တို့ Agent တွေကြားထဲမှာ "Central လိုက်ဝယ်" ဆိုတဲ့ စကားရှိပါတယ် — Central ဆောက်မယ့်နေရာကြေညာရင် အနီးအနားက မြေစျေး လိုက်တက်တာ အကြိမ်ကြိမ် သက်သေပြပြီးသား ဖြစ်လို့ပါ။

Office

Office ဆိုတာ နေ့ခင်းဘက် လူဦးရေ (Daytime Population) ကို ဆွဲခေါ်တဲ့ အင်္ဂါရပ်ပါ။ Office Tower တွေရှိတဲ့နေရာမှာ နေ့လယ်စာစျေးကွက်၊ Coffee Shop စျေးကွက်၊ ပြီးတော့ အရေးအကြီးဆုံး — "ရုံးနားမှာ နေချင်တယ်" ဆိုတဲ့ ငှားရမ်းသူစျေးကွက် ပေါ်လာပါတယ်။

Condo ကို ငှားစားဖို့ဝယ်မယ်ဆိုရင် "ဒီနားမှာ ရုံးတက်နေတဲ့သူ ဘယ်နှယောက်ရှိလဲ" ဆိုတာ ပထမဆုံးမေးရမယ့် မေးခွန်းပါ။ ငှားမယ့်သူဆိုတာ အများစုက အလုပ်နဲ့နီးတဲ့နေရာကို ရွေးကြတာမို့ Office ရှိတဲ့နေရာက Rental Demand အမြဲရှိပါတယ်။

School

ကျောင်းကောင်း၊ အထူးသဖြင့် International School တွေဟာ မိသားစုစျေးကွက်ကို ဆွဲခေါ်ပါတယ်။ ကလေးကျောင်းအပ်ပြီးရင် မိသားစုတစ်စုဟာ အနည်းဆုံး ၁၀ နှစ်လောက် အဲဒီဒေသမှာ အခြေချလေ့ရှိတဲ့အတွက် School ဆွဲခေါ်တဲ့ Demand က ရေရှည်တည်တံ့တဲ့ Demand ပါ။

Bangkok မှာ နာမည်ကြီး International School တွေ စုနေတဲ့ ဒေသတွေရဲ့ လုံးချင်းအိမ်ငှားခနဲ့ Condo စျေးတွေက ဒီသီအိုရီရဲ့ သက်သေပါ။ ငှားစျေးကွက်ထဲမှာလည်း "ကျောင်းနီးတဲ့အိမ်" ဆိုတာ ဈေးပိုပေးပြီး ငှားလေ့ရှိတဲ့ အမျိုးအစားပါ။

Hospital
ဆေးရုံကြီးတစ်ရုံဟာ ဝန်ထမ်းထောင်ချီရှိတဲ့ အလုပ်ရှင်ကြီးတစ်ဦးလည်းဖြစ်၊ လူနာနဲ့ မိသားစုဝင်တွေ နေ့စဉ်ဝင်ထွက်နေတဲ့ Traffic စက်ရုံလည်း ဖြစ်ပါတယ်။

Bumrungrad၊ Bangkok Hospital လို နိုင်ငံတကာဆေးရုံတွေနားမှာ Medical Tourism ကြောင့် ရေရှည်တည်းခိုငှားရမ်းတဲ့ စျေးကွက် (Serviced Apartment / Condo ငှား) သီးသန့်ရှိပါတယ်။ ပြီးတော့ လူကြီးပိုင်းဝယ်သူတွေအတွက် "ဆေးရုံနီးတာ" ဆိုတာ ဝယ်ဆုံးဖြတ်ချက်ကို တိုက်ရိုက်လွှမ်းမိုးတဲ့ အချက်ပါ။

Transportation
နောက်ဆုံးအင်္ဂါရပ်က သယ်ယူပို့ဆောင်ရေးပါ — ဒါပေမဲ့ ဒီအချက်က အရေးကြီးလွန်းလို့ နောက်အခန်းမှာ သီးသန့်ခန်းဖွင့်ပြီး ပြောပါမယ်။

ဒီနေရာမှာ မှတ်ထားစေချင်တာက — အင်္ဂါရပ်ငါးခုထဲက Transportation ဟာ ကျန်လေးခုကို ချိတ်ဆက်ပေးတဲ့ ကြိုးပါ။ Mall ရော Office ရော School ရော ရှိပေမယ့် ရောက်ဖို့ခက်ရင် Critical Mass မဖြစ်နိုင်ပါဘူး။

ငါးခုစလုံး စုံနေပြီဆိုရင် အဲဒီဒေသဟာ ရင့်ကျက်ပြီးသား (Mature) ဖြစ်လို့ စျေးလည်းမြင့်နေပါပြီ။ ရင်းနှီးမြှုပ်နှံသူအတွက် အကောင်းဆုံးအချိန်က — သုံးခု၊ လေးခု စုံနေပြီး ကျန်တာတွေ ဆောက်နေဆဲ/ကြေညာပြီးစ အချိန်ပါ။ Critical Mass မရောက်ခင် တစ်လှမ်းစောဝယ်ထားနိုင်ရင် တန်ဖိုးတက်တဲ့အရသာကို အပြည့်ခံစားရမှာပါ။

02/07/2026

ကိုယ့်ရဲ့ မိသားစုဝင်တွေအတွက် အကောင်းဆုံးနဲ့ အလုံခြုံဆုံး ပတ်ဝန်းကျင်ကိုပဲ ဖန်တီးပေးချင်တယ်ဆိုရင်... Habitat Mahidol ထက် ပိုပြီး ပြည့်စုံတာ မရှိတော့ပါဘူးရှင်။ 🏡✨👪

ချင်းမိုင်မြို့ရဲ့ First Ring ထဲမှာတင် ရှိတဲ့ Luxury အိမ်ရာ Project ဖြစ်ပါတယ်။ မဟီဒေါလ် (Mahidol) လမ်းမကြီးပေါ်မှာတင် တည်ရှိတာမို့လို့ Old Town (မြို့ဟောင်းပိုင်း) ဘက်ကိုလည်း
မိနစ်ပိုင်းအတွင်း အလွယ်တကူ သွားလို့ရပါတယ်။

နေ့စဉ်လူနေမှုဘဝအတွက် အရမ်း Smooth ဖြစ်စေမယ့်အချက်တွေကတော့:
• Lifestyle: အိမ်ရှေ့တင် 'The Backyard Community Mall' ရှိလို့ လမ်းလျှောက်ရုံနဲ့တင် အရာရာအဆင်ပြေပါတယ်။
• Everyday Convenience: Central Chiangmai Airport၊ နာမည်ကြီးဆေးရုံတွေနဲ့ အနီးကပ်ဆုံး ဖြစ်လို့ စိတ်အေးရပါတယ်။
• Education: သားသမီးတွေအတွက်လည်း Varee Chiangmai School နဲ့ Montfort College လို နာမည်ကြီးကျောင်းတွေနဲ့ပါ အရမ်းနီးပါတယ်။

မိသားစုအတွက် ပြီးပြည့်စုံပြီး သီးသန့်ဆန်တဲ့ Privacy ကိုပါ ပေးစွမ်းနိုင်မယ့် အိမ်ရာကောင်းတစ်ခုမို့ လက်မလွှတ်သင့်ပါဘူးနော်။

အသေးစိတ်ကို Bkk property pro မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့် #ချင်းမိုင်

30/06/2026

Coming Soon ……….



အဝါလိုင်းတစ်လျောက်က ကျနော်ကြိုက်တဲ့နေရာတွေအဝါလိုင်း MRT ကို ကြည့်လိုက်ရင် ကျနော်ကြိုက်တဲ့ ဘူတာက ထူးထူးခြားခြား ၂ ခု ရှိပ...
20/06/2026

အဝါလိုင်းတစ်လျောက်က ကျနော်ကြိုက်တဲ့နေရာတွေ

အဝါလိုင်း MRT ကို ကြည့်လိုက်ရင် ကျနော်ကြိုက်တဲ့ ဘူတာက ထူးထူးခြားခြား ၂ ခု ရှိပါတယ်။ 𝐒𝐭𝐚𝐭𝐢𝐨𝐧 တိုင်းကတော့ သူ့အားသာချက်ကိုယ်စီရှိကြပါတယ်။ သို့ပေမယ့် လူတစ်ကိုယ် စိတ်တမျိုး၊ ကိုယ့် 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐅𝐚𝐯𝐨𝐫𝐢𝐭𝐞 နေရာလေးတွေရှိကြတဲ့အတိုင်း ကျနော်သဘောကျမိတဲ့ နေရာလေးတွေထဲက ရထားဘူတာ ၂ ခုအကြောင်းပါ။

𝐈𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭 𝐌𝐞𝐭𝐫𝐢𝐜 တွေအရ သဘောကျမိတဲ့နေရာတွေ၊ 𝐂𝐨𝐧𝐯𝐞𝐧𝐢𝐞𝐧𝐜𝐞 ဖြစ်မှုရှိတဲ့ နေရာတွေဖြစ်ပါတယ်။ ဒီနေရာတွေအကြောင်း ပြောကြတာပေါ့။

ပထမဦးဆုံး မေးခွန်းလေးနဲ့ စလိုက်ရအောင်။

အဝါလိုင်းတစ်လျောက်မှာ ညဈေးရယ် 𝐌𝐚𝐥𝐥 အကြီးကြီးရယ် ရှိတဲ့ ရထားဘူတာတွေကို ပြပါဆိုရင် ဘာတွေရှိမလဲ ?

အဲဒီဘူတာတွေကတော့ The 𝐌𝐚𝐥𝐥 Bangkapi တည်ရှိတဲ့ Bang Kapi (YL08) ဘူတာနဲ့ Seacon Square တည်ရှိတဲ့ Suan Luang Rama IX (YL15) ဘူတာတို့ပါပဲ။

ဒီနေရာနှစ်ခုလုံးကိုက အဝါလိုင်းဘူတာရှိလို့ ကြိုက်တာမဟုတ်ဘဲ ဒီနေရာနှစ်ခုမို့လို့ ဒီ 𝐒𝐭𝐚𝐭𝐢𝐨𝐧 ကို သဘောကျတာမျိုးပါ။

တကယ်တော့ ဒီနေရာတွေက ရုတ်တရက် အဝါလိုင်းဝင်လာလို့မှ ချက်ချင်းစည်ကားလာတဲ့ နေရာသစ်တွေ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၃ ခုကျော်ကတည်းက လူဦးရေရော၊ စီးပွားရေးလည်ပတ်မှုရော အခိုင်အမာရှိပြီးသား နေရာဟောင်းတွေပါ။

The Mall Bangkapi နဲ့ Seacon Square 𝐌𝐚𝐥𝐥 ကြီးနှစ်ခုလုံးဟာ ၁၉၉၄ ခုနှစ်မှာ ပေါ်ထွက်လာခဲ့ကြတာပါ။

ဒီ 𝐌𝐚𝐥𝐥 ကြီးတွေရဲ့ အဓိကအားသာချက်က နိုင်ငံခြားသားတွေထက်စာရင် ဒေသခံတွေကို အဓိက 𝐓𝐚𝐫𝐠𝐞𝐭 ထားပြီး ဖွံ့ဖြိုးလာခဲ့တာပါပဲ။

ဒါကြောင့်လည်း ၁၉၉၇ ခုနှစ် တုန့်ယမ်းကွန်း စီးပွားရေးပျက်ကပ်လို အဆိုးရွားဆုံး အကျပ်အတည်းကာလကို ဖြတ်ကျော်နိုင်ခဲ့ပြီး ယနေ့အချိန်အထိ သူ့ဧရိယာရဲ့ အဓိက 𝐋𝐚𝐧𝐝𝐦𝐚𝐫𝐤 တွေအဖြစ် ဆက်လက်ရပ်တည်နေကြတာ ဖြစ်ပါတယ်။

Bang Kapi ဧရိယာဘက်ကို အရင်ကြည့်ရအောင်။

အဝါလိုင်း မပေါ်ခင်ကတည်းက သူက ဘန်ကောက်ရဲ့ အကြီးမားဆုံး ဆင်ခြေဖုံး 𝐇𝐮𝐛 တွေထဲက တစ်ခုလို့ ဆိုရမှာပါ။

အနီးအနားမှာ Ramkhamhaeng University၊ NIDA တို့လို ထင်ရှားတဲ့ တက္ကသိုလ်ကြီးတွေရှိတော့ ကျောင်းသားတွေ၊ အလုပ်သမားတွေ သောင်းနဲ့ချီ နေ့စဉ် သွားလာလှုပ်ရှားနေကြပါတယ်။

ဒါ့အပြင် Happy Land Bus Hub နဲ့ Saen Saep Canal Boat Service တွေဟာ မြို့ထဲကို နေ့စဉ် လူအများအပြား ပို့ဆောင်ပေးနေတဲ့ အဓိက သွေးကြောတွေပါပဲ။

အခုဆိုရင် The Mall Bangkapi ဟာ ရိုးရိုး 𝐌𝐚𝐥𝐥 အဆင့်ကနေ The Mall 𝐋𝐢𝐟𝐞𝐬𝐭𝐨𝐫𝐞 အဖြစ် အကြီးစား မွမ်းမံမှုတွေ လုပ်ထားပါတယ်။

ဘူတာကနေ 𝐒𝐤𝐲𝐰𝐚𝐥𝐤 နဲ့ တိုက်ရိုက်ချိတ်ဆက်ထားလိုက်တော့ ပိုပြီးတောင် ခေတ်မီသွားပါသေးတယ်။

ဒီဧရိယာမှာ The Mall အပြင် Makro၊ Lotus’s တို့လို 𝐇𝐲𝐩𝐞𝐫𝐦𝐚𝐫𝐤𝐞𝐭 ကြီးတွေပါ တစ်စုတစ်ဝေးတည်း တည်ရှိနေတဲ့ အချက်အချာနေရာပါ။

ဒေသခံတွေက The Mall ထဲမှာ ဈေးဝယ်ကြသလို ညဘက်ရောက်ပြီဆိုရင်လည်း Tawanna Community Market နဲ့ အနီးအနားက ဈေးတန်းတွေမှာ လမ်းဘေးစာလေးတွေစား၊ ပစ္စည်းလေးတွေဝယ်ကြနဲ့ စည်ကားနေတတ်ပါတယ်။

လက်ရှိအချိန်မှာ အထူးခြားဆုံးကတော့ Bang Kapi ဧရိယာဟာ မြန်မာ 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 အခိုင်အမာ အခြေချနေထိုင်တဲ့ နေရာတစ်ခုပါ ဖြစ်လာတာပါပဲ။

မြန်မာအစားအသောက်နဲ့ ကုန်ပစ္စည်းတွေ လွယ်လွယ်ကူကူ ရနိုင်သလို လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်တာကြောင့် မြန်မာတွေအတွက် သွားရေးလာရေးရော နေထိုင်ရေးပါ အလွန်အဆင်ပြေတဲ့ 𝐇𝐮𝐛 တစ်ခု ဖြစ်နေတာကလည်း စီးပွားရေးလည်ပတ်မှုကို ပိုမိုအားကောင်းလာစေပါတယ်။

Suan Luang Rama IX ဘူတာရှိတဲ့ Srinagarindra ဧရိယာဘက်ကို ကြည့်ရင်လည်း အလားတူ ခိုင်မာတဲ့ သမိုင်းကြောင်းကို တွေ့ရမှာပါ။

Srinakarin လမ်းမဟာဆိုရင် အရှေ့ဘန်ကောက်ရဲ့ အဓိကလမ်းမကြီးတစ်ခုပါ။

၁၉၈၀ ပြည့်လွန်နှစ်တွေကတည်းက အိမ်ရာစီမံကိန်းကြီးတွေ အများဆုံး တည်ဆောက်ခဲ့ကြတဲ့ 𝐂𝐨𝐫𝐫𝐢𝐝𝐨𝐫 တစ်ခုလည်း ဖြစ်ပါတယ်။

၁၉၉၄ ခုနှစ်မှာ Seacon Square ကြီးနဲ့ အနီးနားက Seri Center (ယနေ့ Paradise Park) တို့ ပေါ်လာတဲ့အခါမှာတော့ ဒီဧရိယာဟာ အရှေ့ဘန်ကောက်တစ်ခုလုံး အားထားရတဲ့ 𝐑𝐞𝐭𝐚𝐢𝐥 𝐃𝐞𝐬𝐭𝐢𝐧𝐚𝐭𝐢𝐨𝐧 ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပါတော့တယ်။

ဒီဘူတာရဲ့ အကြီးမားဆုံး ဆွဲဆောင်မှုကတော့ Seacon Square ဘေးမှာ ကပ်လျက်ရှိနေတဲ့ Talad Rot Fai Srinagarindra ပါပဲ။

ဒီ 𝐓𝐫𝐚𝐢𝐧 𝐍𝐢𝐠𝐡𝐭 𝐌𝐚𝐫𝐤𝐞𝐭 ဟာ Bangkok ရဲ့ နာမည်အကြီးဆုံး ညဈေးတွေထဲက တစ်ခုဖြစ်ပြီး 𝐋𝐨𝐜𝐚𝐥 𝐅𝐨𝐨𝐝၊ 𝐕𝐢𝐧𝐭𝐚𝐠𝐞 ပစ္စည်းတွေနဲ့ 𝐑𝐞𝐭𝐫𝐨 𝐕𝐢𝐛𝐞 ကြောင့် လူသိများပါတယ်။

မြို့ထဲက 𝐓𝐨𝐮𝐫𝐢𝐬𝐭 ဆန်တဲ့ 𝐍𝐢𝐠𝐡𝐭 𝐌𝐚𝐫𝐤𝐞𝐭 တွေထက်စာရင် 𝐋𝐨𝐜𝐚𝐥 𝐀𝐫𝐞𝐚 ပိုဆန်တဲ့အတွက် ဈေးနှုန်းတွေကလည်း ပိုပြီး သက်သာတတ်ပါတယ်။

တကယ့် 𝐋𝐨𝐜𝐚𝐥 အစားအသောက်တွေ အလွန်ပေါများပြီး ရွေးချယ်စရာ စုံလင်လှပါတယ်။

သူ့ရဲ့ သီးသန့်ထူးခြားချက်ကတော့ 𝐖𝐚𝐫𝐞𝐡𝐨𝐮𝐬𝐞 𝐙𝐨𝐧𝐞 ဘက်မှာ တွေ့ရတဲ့ ဂန္ထဝင်ကားဟောင်းတွေ၊ ရှေးဟောင်းပစ္စည်းဆိုင်တွေနဲ့ 𝐑𝐞𝐭𝐫𝐨 အငွေ့အသက် အပြည့်ရှိနေတာပါပဲ။

ခေတ်မီတဲ့ Seacon Square 𝐌𝐚𝐥𝐥 နဲ့ 𝐂𝐥𝐚𝐬𝐬𝐢𝐜 ဖြစ်တဲ့ 𝐓𝐫𝐚𝐢𝐧 𝐍𝐢𝐠𝐡𝐭 𝐌𝐚𝐫𝐤𝐞𝐭 တို့ ပေါင်းစပ်နေမှု၊ 𝐋𝐨𝐜𝐚𝐥 𝐕𝐢𝐛𝐞 အပြည့်ရှိမှုတွေက လူတန်းစားပေါင်းစုံကို နေ့ရောညပါ အဆက်မပြတ် ဆွဲဆောင်ထားနိုင်ပါတယ်။

ဒီလို အလားအလာကောင်းတဲ့ နေရာတွေဖြစ်တဲ့အတွက် ဒီဧရိယာတွေနဲ့ အနီးဆုံးမှာ ထင်ရှားတဲ့ 𝐂𝐨𝐧𝐝𝐨𝐦𝐢𝐧𝐢𝐮𝐦 𝐏𝐫𝐨𝐣𝐞𝐜𝐭 တွေလည်း ရှိနေပါတယ်။

Seacon Square နဲ့ အနီးဆုံးမှာဆိုရင် Nue Z Square (Seacon Square) 𝐏𝐫𝐨𝐣𝐞𝐜𝐭 ကို တွေ့ရမှာဖြစ်သလို အဲဒီအနီးတဝိုက်မှာပဲ Supalai Sense Srinakarin တို့လို 𝐏𝐫𝐨𝐣𝐞𝐜𝐭 တွေလည်း တည်ရှိနေကြပါတယ်။

လက်ရှိမှာ Nue Z Square (Seacon Square) 𝐏𝐫𝐨𝐣𝐞𝐜𝐭 ကို အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်အောင် စီစဉ်ပေးထားတာတွေ ရှိနေပါတယ်။

ကဲ… ဒီတော့ ဒီနေရာနှစ်ခုကို ရင်းနှီးမြှုပ်နှံမှု သတ်မှတ်ချက်တွေအရ နိုင်ငံတကာ အိမ်ခြံမြေ စံနှုန်းတွေနဲ့ ချိန်ထိုးပြီး ဆက်ပြောပြပါမယ်။

နိုင်ငံတကာ 𝐑𝐞𝐚𝐥 𝐄𝐬𝐭𝐚𝐭𝐞 𝐌𝐞𝐭𝐫𝐢𝐜 တွေမှာ အဓိကကျတဲ့ 𝐖𝐚𝐥𝐤𝐚𝐛𝐢𝐥𝐢𝐭𝐲 နဲ့ 𝐓𝐫𝐚𝐧𝐬𝐢𝐭-𝐎𝐫𝐢𝐞𝐧𝐭𝐞𝐝 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 သတ်မှတ်ချက်တွေအရဆိုရင် ဒီနေရာတွေဟာ အမှတ်အများဆုံး ရနိုင်တဲ့ နေရာတွေပါ။

𝐌𝐚𝐥𝐥 တွေ၊ ဈေးတွေ၊ ဆေးရုံတွေ၊ ကျောင်းတွေက ခြေလျင်လျှောက်သွားနိုင်တဲ့ အကွာအဝေးမှာ စုစည်းနေပါတယ်။

အခုဆိုရင် MRT အဝါလိုင်းကပါ တိုက်ရိုက်ချိတ်ဆက်ပေးလိုက်တဲ့အတွက် 𝐂𝐨𝐧𝐯𝐞𝐧𝐢𝐞𝐧𝐜𝐞 𝐄𝐜𝐨𝐬𝐲𝐬𝐭𝐞𝐦 တစ်ခု ပိုမိုပြည့်စုံလာတာပေါ့။

ဒါကြောင့် ဒီဧရိယာတွေဟာ local တွေရဲ့ 𝐎𝐜𝐜𝐮𝐩𝐚𝐧𝐜𝐲 𝐑𝐚𝐭𝐞 အမြဲရှိနေတတ်သလို 𝐑𝐞𝐧𝐭𝐚𝐥 𝐌𝐚𝐫𝐤𝐞𝐭 လည်း တည်ငြိမ်နေတတ်ပါတယ်။

လူဦးရေ၊ စီးပွားရေးလည်ပတ်မှု၊ 𝐑𝐞𝐭𝐚𝐢𝐥 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐲 နဲ့ 𝐓𝐫𝐚𝐧𝐬𝐩𝐨𝐫𝐭𝐚𝐭𝐢𝐨𝐧 𝐍𝐞𝐭𝐰𝐨𝐫𝐤 တွေက ဆယ်စုနှစ်များစွာ အချိန်ယူပြီး တည်ဆောက်လာခဲ့တဲ့ အရာတွေ ဖြစ်ပါတယ်။

𝐏𝐫𝐨𝐣𝐞𝐜𝐭 အသစ်တစ်ခု ဆောက်လို့ရနိုင်သေးပေမယ့် ဒီလို 𝐄𝐜𝐨𝐬𝐲𝐬𝐭𝐞𝐦 ကြီးတစ်ခုလုံးကို အသစ်ပြန်ဖန်တီးဖို့ကတော့ မလွယ်ပါဘူး။

ဒါကြောင့် ရေရှည်မှာ လူနေလိုအပ်ချက်နဲ့ စီးပွားရေးလည်ပတ်မှုကို ဆက်လက်ထောက်ပံ့ပေးနိုင်တဲ့ နေရာတွေဟာ တန်ဖိုးကို ပိုမိုထိန်းထားနိုင်တယ်လို့ ကျနော်မြင်ပါတယ်။

ဒီနေ့ပြောခဲ့တဲ့ Bang Kapi နဲ့ Srinagarindra လို 𝐀𝐫𝐞𝐚 တွေအပြင် Bangkok က 𝐂𝐨𝐧𝐝𝐨 𝐏𝐫𝐨𝐣𝐞𝐜𝐭 များ၊ လုံးချင်းအိမ်ရာများ၊ 𝐓𝐨𝐰𝐧𝐡𝐨𝐦𝐞 𝐏𝐫𝐨𝐣𝐞𝐜𝐭 များအကြောင်း စိတ်ဝင်စားတယ်ဆိုရင်တော့ BKK Property Pro ကို အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ် ခင်ဗျာ။

18/06/2026

ချင်းမိုင်မြို့ Hang D**g က အေးအေးချမ်းချမ်းနဲ့ သဘာဝဆန်ဆန် နေချင်သူတွေအတွက် တစ်ထပ်တိုက် အိမ်လေးပါ
စိတ်ဝင်စားရင် ဆက်သွယ်နိုင်ပါတယ်

#ချင်းမိုင် **g

BTS concert ticket မဲပေါက်သွားတဲ့ acc ပိုင်ရှင်လေးပါရှင့်Congratulations ပါ ✨Page မှာ ticket ကိစ္စပြောဖို့ လာဆက်သွယ်ပေးပ...
17/06/2026

BTS concert ticket မဲပေါက်သွားတဲ့ acc ပိုင်ရှင်လေးပါရှင့်
Congratulations ပါ ✨
Page မှာ ticket ကိစ္စပြောဖို့ လာဆက်သွယ်ပေးပါဦးနော်

ที่อยู่

Onnut
Bangkok
10250

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ BKK Property Pro. โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์