Nwe Life Boy ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Nwe Life Boy, อสังหาริมทรัพย์, Bangkok.

ဝဠ်ကြွေးကြောင့်
09/04/2024

ဝဠ်ကြွေးကြောင့်

တန်ဖိုး ထားသင့်တယ်
07/03/2024

တန်ဖိုး ထားသင့်တယ်

ပြန်မလာနဲ့ ငါ့ကောင်~~~~~~~~~~~~~~~~~ဒီနိုင်ငံဟာ ဘုရားမမြင်နိုင်အောင်မာရ်နတ်ဖွက်ထားတဲ့ အရပ်ပါကွာ ...   ဆီတန်းစီ  ဆန်တန်းစ...
12/02/2024

ပြန်မလာနဲ့ ငါ့ကောင်
~~~~~~~~~~~~~~~~~

ဒီနိုင်ငံဟာ
ဘုရားမမြင်နိုင်အောင်
မာရ်နတ်ဖွက်ထားတဲ့
အရပ်ပါကွာ ...

ဆီတန်းစီ
ဆန်တန်းစီ
ဓာတ်ဆီတန်းစီရတဲ့
ဘဝကရုံးထွက်ဖို့
Passport ရုံးမှာ
တန်းစီရတယ်။

လက်ဖဝါးအရွယ်
စာအုပ်အနီလေးမှာ
လယ်ယာ၊ ကျွဲနွား
အိမ်ဝိုင်းစာချုပ် ထည့်ထားတယ်
နေ့ပြန်တိုး လပြန်တိုး
နှစ်ပြန်တိုးတွေ ထည့်ထားတယ်။

လက်ဖဝါးအရွယ်
စာအုပ်လေးထဲမှာ
အဖေ့ မျှော်လင့်ချက်တွေရှိတယ်
အမေ့ မျက်ရည်တွေရှိတယ်

နောက်ပြီး ...
အချစ်လက်ဖဝါးလေး
လွှတ်ခဲ့ရတာရှိမယ် ...

PV နဲ့ သွားသွား
PJ နဲ့ သွားသွား
ရောက်ဖို့က အရေးကြီးတယ်။

သွား ... ငါ့ကောင်
နောက်ပြန်မကြည့်နဲ့
ခပ်ပြတ်ပြတ်လှမ်း ငါ့ကောင်။

ငါ့သူငယ်ချင်း
နိုင်ငံခြားသွားမဲ့နေ့က
သူ့ အမေဟာ
အိမ်အောက်က မြေကြီးခဲလေးကောက်
ထမိန်အထက်ဆင်နဲ့ ထုပ်လို့
ဘယ်ဒေသရောက်ရောက်
ကိုယ့်မြေမှာ နေသလို သဘောထား
မင်းအမေရဲ့
ဇာတိမာန်ကို နားလည်ပါရဲ့

သို့ပေမဲ့ ...
ဒီမြေမှာ တမ်းတစရာ
ဘာများရှိလို့လဲ ...

ဘုရင်ဖြစ်ချင်သူတွေ
အပေါဆုံးက ဒီနိုင်ငံ
#မင်းမဲ့စရိုက်အများဆုံးကလည်း ဒီနိုင်ငံ

ဓာတ်ကြိုးတွေ
အရှုပ်ဆုံးက ဒီနိုင်ငံ
#မီးမလင်းဆုံးကလည်း ဒီနိုင်ငံ

ညောင်စေ့လောက် လျှပ်စစ်မီးရပီး
ညောင်ပင်ကြီးလောက်
မီတာခဆောင်ရတဲ့ နိုင်ငံ

ကိုယ့်အသက်ကို ဖက်နဲ့ ထုပ်ရင်း
ငါ အသေအချာမှာလိုက်မယ်
ပြန်မလာနဲ့ ငါ့ကောင်ရေ ...

တခါတလေ
ရွှေတိဂုံ၊ ပုဂံ၊ အင်းလေး၊ မုံရွာ
ထိုးမုန့်နဲ့ ဟာလဝါကို
လွမ်းချင်လွမ်းပေါ့။
ပြန်တော့မလာနဲ့ ငါ့ကောင် ...။

ပိုင်ရှင်မဲ့ အလောင်းတွေ
မိဘမဲ့ ကလေးတွေ
လက်သည်မပေါ်တဲ့ ရာဇဝတ်မှုတွေ
နတ် နဂါး ပူးကပ်သူနဲ့
မီးပွိုင့်မှာ
#တောင်းစားသူတွေအလွန်ပေါတဲ့ နိုင်ငံ

ဓာတ်ငွေ့နဲ့ လျှပ်စစ်ကို
တရုတ်ပြည်ကို ရောင်းပြီး
တရုတ်ထုတ်
ဘက္ထရီနဲ့ အင်ဗာတာကို
ပြန်ဝယ်ရတဲ့ နိုင်ငံမှာ

နောက်ဆို ...

ထိုင်းသနပ်ခါးကို
ငါတို့ ဝယ်ရတော့မယ်
ထိုင်းသကြင်္န်ဟာ
ယူနက်စကိုအမွေအနှစ်စာရင်း ဝင်သွားပြီ။

ဖြစ်နိုင်ရင် ...
သံလွင်မြစ်နဲ့ ဧရာဝတီမြစ်ကိုတောင်
နောက်ပြန်စီးခိုင်းချင်တဲ့
အိမ်နီးချင်းနိုင်ငံတွေကြား
ငါတို့ဟာ တူနာငါးလို
တစ်လွှာခြင်း ဖဲ့စားခံနေရတယ်။
ပြန်မလာနဲ့ ငါ့ကောင်

ဒုက္ခတွင်းထဲ ပြန်လာမဲ့အစား
ပြည်ပမှာ
ပျားလိုရှာ ခြလိုစုပြီး
မိသားစုကိုထောက်ပံ့
ပြန်မလာနဲ့ ငါ့ကောင် ...။

ဒီဖုန်းဆိုးမြေဟာ
ဘယ်မီးလှုံလှုံ မနွေးတဲ့အရပ်
ဘယ်ပန်းစိုက်စိုက် မမွှေးတဲ့အရပ် ..။

ဒီနိုင်ငံဟာ ဘုရားမမြင်အောင်
မာရ်နတ်ဖွက်ထားတဲ့ အရပ်ပါကွာ ...။

(ဆန်းကျော်စွာဝင်း)

ပညာမစုံ ကြင်ရာမစုံတဲ့ ဘဝမို့ဆွေမျိုးတွေကလည်း မိကွဲဖကွဲမျက်နှာမွဲ့မို အထင်သေးသူကလည်းခပ်များများရယ် ဘဝက ခါးလည်း လျှောက်တဲ့...
11/02/2024

ပညာမစုံ ကြင်ရာမစုံတဲ့ ဘဝမို့
ဆွေမျိုးတွေကလည်း မိကွဲဖကွဲ
မျက်နှာမွဲ့မို အထင်သေးသူကလည်း
ခပ်များများရယ်
ဘဝက ခါးလည်း လျှောက်တဲ့လမ်းက
ကြမ်းတမ်းတော့ သူများထက်နှစ်ဆ ပိုဘဝခါးတယ်
ဒါပေမဲ့ လောကဓံကို ဥပေက္ခာပြုပီး
ဆက်လျှောက်ရမှာပဲ
ကိုယ်လုပ်မှ ကိုယ်စားရမယ်ဘဝမို့................

#စောနရီ

လူတော်တော်များများကပေးဆပ်တတ်တဲ့သူဆိုရင် တန်ဖိုးရှိတယ်မမြင်ကြဘူး အပေါ်ယံဟန်လေးလုပ်ပြမှ တန်ဖိုးရှိသူလို့မြင်တတ်ကြတာစိတ်ပူလ...
08/02/2024

လူတော်တော်များများက
ပေးဆပ်တတ်တဲ့သူဆိုရင် တန်ဖိုးရှိတယ်မမြင်ကြဘူး အပေါ်ယံဟန်လေးလုပ်ပြမှ တန်ဖိုးရှိသူလို့
မြင်တတ်ကြတာ

စိတ်ပူလို့ စကားအများကြီးပြောတတ်တဲ့သူဆိုရင်
အလေးအနက်မထားချင်ကြဘူး ။

ပလီပလာ စကားလေးတစ်ခွန်းကမှ လေးနက်တယ်ထင်ကြတာ။

ပြောမနာဆိုမနာ အပြောခံတတ်တဲ့သူဆိုရင်
မလေးစားကြဘူး။
အလေးမစိုက်တဲ့ဟန်ကိုကျတော့မမြင်ဘဲ
ခေါင်းပဲညိတ်ပြနေတဲ့သူကမှ လေးစားစရာကောင်းတယ်ထင်ကြတာ။

အစဉ်တစိုက်ကြိုးစားနေတဲ့သူကိုဆိုရင်
အထင်မကြီးကြဘူး။
သူများနှာခေါင်းပေါက်နဲ့အသက်ရှူပြီး အောင်မြင်နေကြတဲ့သူတွေကိုမှ အထင်ကြီးပြီးလက်ခုပ်တီးပေးကြတာ။

မှန်ရာကိုခပ်ပြတ်ပြတ်ပြောတတ်တဲ့သူကိုဆိုရင်
ပြတ်သားတတ်တယ်လို့ မထင်ကြဘူး။

စကားပေါ်မှာ ပျားရည်လေးလောင်းထားမှ
ချီးကျူးစရာကောင်းတယ်လို့မြင်ကြတာ။

ရှိရှိမရှိရှိ ရိုးရိုးသားသားနေတဲ့သူကိုဆိုရင်
လူရာမသွင်းချင်ကြဘူး။

ဟိတ်ကြီးဟန်ကြီးထုတ်ကြွားနိုင်တဲ့သူကိုမှ
လူရာဝင်တယ်ထင်ကြတာ။

မဟုတ်မခံပြန်ပြောတတ်တဲ့သူကိုဆိုရင်
အမှန်တရားကိုမြတ်နိုးတတ်သူလို့မမြင်ကြဘူး။

မှားမှားမှန်မှန် ပြောသမျှ ငြိမ်ခံနေမှ
လူလိမ္မာလို့သတ်မှတ်ကြတာ။

တကယ်လိုအပ်မှ ကူညီတတ်သူကို
စာနာစိတ်လေးရှိတယ်လို့မမြင်ကြဘူး။

မလိုအပ်ဘဲ နှမ်းလိုက်ဖြူးနေတဲ့သူတွေကိုမှ
ယဉ်ကျေးမှုရှိတယ်လို့ မြင်တတ်ကြတာ။

အပေါ်ယံကိုကြိုက်တဲ့လူတွေကြားထဲမှာ
သူတို့စိတ် သူတို့သဘော မလိုက်လျောနိုင်သရွေ့

ကိုယ်တို့ဟာ
ဗီလိန်တွေဖြစ်နေရဦးမယ်မဟုတ်လား.....။

#မနောသီရိ(အတွေးနဲ့အမြင်စာစုလေးများ)

မတရားမှုတွေကို မင်းစိတ်ထဲမှာ ရွံရှာနေသေးသရွေ့ မင်းဟာ ငါ့ မိတ်ဆွေဖြစ်နေတုန်းပဲcrd📖📖📖
08/02/2024

မတရားမှုတွေကို မင်းစိတ်ထဲမှာ

ရွံရှာနေသေးသရွေ့

မင်းဟာ ငါ့ မိတ်ဆွေဖြစ်နေတုန်းပဲ
crd📖📖📖

ခေါင်း ပါသော်လည်းဦးနှောက် မပါသူတွေအများကြီး တွေ့နေရတယ်။ရင်ဘတ်  ပါသော်လည်းနှလုံးသား  မပါသူတွေအများကြီး  တွေ့နေရတယ်။အလင်းရ...
06/02/2024

ခေါင်း ပါသော်လည်း
ဦးနှောက် မပါသူတွေ
အများကြီး တွေ့နေရတယ်။

ရင်ဘတ် ပါသော်လည်း
နှလုံးသား မပါသူတွေ
အများကြီး တွေ့နေရတယ်။

အလင်းရောင်ထဲ နေပြီး
အမှောင်ကျ နေသူတွေ
အများကြီး တွေ့နေရတယ်။

မျက်လုံး ပါသော်လည်း
အမှန်ကို မမြင်တဲ့သူတွေ
အများကြီး တွေ့နေရတယ်။

တရားတွေ ကျင့်နေ ပါသော်လည်း
တရားမျှတမှုကို ကျောပေး နေသူတွေ
အများကြီး တွေ့နေရတယ်။

မေးတော့ မေးရမယ် ``ကိုယ်ချင်းစာတရား ဆိုတာ
ဘယ်မှာလဲလို့ ပေါ့..
crd📖📖📖

ဆုံဖြစ်ရင်
05/12/2023

ဆုံဖြစ်ရင်

😢😢😢
05/12/2023

😢😢😢

ကြုံဘူးကြမှာပါ
13/11/2023

ကြုံဘူးကြမှာပါ

အတိုင်တာတစ်ခုထိပဲသီးခံပါ
13/11/2023

အတိုင်တာတစ်ခုထိပဲသီးခံပါ

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Nwe Life Boyผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์