14/09/2026
Bangkok ရဲ့ အနာဂတ် ရွှေရောင်ဇုန်...💫
"Bang Pho – Bang Sue Transit Zone" ကို မိတ်ဆက်ပေးလိုက်ပါတယ် 🌊🏙️
ဘန်ကောက်မှာ အိမ်ခြံမြေ ဝယ်ယူ/ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားတဲ့အခါ မြို့ထဲက ဈေးကြီးပြီးသား Zone တွေထက် Mega Projects တွေ စုဆုံနေပြီး မြေတန်ဖိုး အရှိန်အဟုန်နဲ့ တက်လာမယ့် Hidden Gem Location တွေကို စောင့်ကြည့်ဖို့ လိုပါတယ်။
ဒီအထဲမှာမှ Chao Phraya မြစ်ဘေး Lifestyle Vibe ရော၊ လမ်းပန်းဆက်သွယ်ရေး ကွန်ရက်ပါ အပြည့်အစုံဆုံး ရှိနေတဲ့ Bang Pho – Bang Sue Transit Zone ရဲ့ အဓိက Highlights တွေကို မိတ်ဆက်ပေးလိုက်ပါတယ် -
📌 ၁။ ၆ လမ်းသွား Kiakkai ကြိုးဆိုင်းတံတားသစ်နဲ့ သွားလာရေးကွန်ရက် (สะพานเกียกกาย)
* Chao Phraya မြစ်ကို ဖြတ်ဖောက်ထားတဲ့ ၆ လမ်းသွား Kiakkai တံတားသစ်ကြီး ကြောင့် Bang Pho/Kiakkai ဘက်မှ မြစ်တစ်ဖက်ကမ်း Charan Sanitwong Road (Thonburi / MRT Bang O) ဘက်သို့ တိုက်ရိုက် လွယ်ကူစွာ ပေါက်သွားမှာဖြစ်လို့ ကူးရတာ အရမ်း မြန်ဆန်သွားပါပြီ။
* ဒါ့အပြင် လွှတ်တော်သစ် (Parliament)၊ Samsen နဲ့ Rama VI လမ်းမကြီးများမှတစ်ဆင့် Bang Sue Grand Station ဘက်သို့ပါ သွားလာရ အလွန် ပွင့်လင်းသွားမှာ ဖြစ်ပါတယ်။
* Bangpho Pier (မြစ်ကြောင်းသွား ရေယာဉ်လိုင်း)၊ Srirat Expressway (အမြန်လမ်း) တို့အပြင် Pracharat Sai 1 & Sai 2 လမ်းမကြီးတွေပါ ချိတ်ဆက်ထားလို့ မြို့တွင်း/မြို့ပြင် သွားရတာ အလွန် လွယ်ကူပါတယ်။
📌 ၂။ 4-Line Interchange Transit Node (ရထားလိုင်း ၄ လိုင်း ချိတ်ဆက်မှု)
* MRT Blue Line (Bang Pho / Taopoon): ဘန်ကောက်ရဲ့ စက်ဝိုင်းပတ် Loop Line ဖြစ်ပြီး Silom, Asoke, Rama 9 နဲ့ Chinatown ကို တိုက်ရိုက် သွားလို့ရတယ်။
* MRT Purple Line (Tao P**n / Bang Son): Nonthaburi ဘက်ကို ရောက်သလို အနာဂတ် Purple Line South Extension (MRT Parliament House, Si Yan) စတဲ့ မြို့တောင်ဘက်ပိုင်းတွေနဲ့လည်း ဆက်လက် ချိတ်ဆက်ပေးမှာပါ။
* SRT Red Line (Bang Sue / Bang Son): Don Mueang လေဆိပ်နဲ့ Rangsit ဘက်ကို ရောက်ရှိ စီးနင်းနိုင်ပါတယ်။
* BTS Green Line Interchange: MRT မှတစ်ဆင့် ချက်ချင်း ကူးပြောင်းပြီး BTS Mo Chit / Chatuchak Park / Saphan Khwai / Ari စတဲ့ အထက်တန်းကျ Lifestyle Zone တွေကို ၁-၂ မှတ်တိုင်အတွင်း အလွယ်တကူ သွားလို့ရပါတယ်။
📌 ၃။ ASEAN ရဲ့ အကြီးဆုံး Transport Hub - Bang Sue Grand Station
* ဧရိယာရဲ့ အချက်အချာမှာ တည်ရှိတဲ့ Krung Thep Aphiwat Central Terminal (Bang Sue Grand Station) ဟာ အာဆီယံမှာ အကြီးဆုံး ရထားလမ်းဆုံ Hub ကြီး ဖြစ်ပါတယ်။
* အနာဂတ် လေဆိပ် ၃ ခုချိတ် အမြန်ရထားလိုင်းများ၊ လာအို-တရုတ် အမြန်ရထားလိုင်းများနဲ့ Smart City Mixed-Use Development စီမံကိန်းကြီးများ ဝင်ရောက်လာမှာမို့ ဧရိယာတစ်ခုလုံးရဲ့ Value ကို နှစ်ဆ တိုးတက်စေမှာပါ။
📌 ၄။ ခိုင်မာသည့် Lifestyle Hub & Tenant Demand (အငှားဈေးကွက်)
* Lifestyle & Shopping: Gateway Bangsue၊ JJ Mall၊ JJ Weekend Market နဲ့ သဘာဝ ပန်းခြံကြီးဖြစ်တဲ့ Wachira Benchatat Park (Rot Fai Park) တို့နဲ့ နီးကပ်စွာ ရှိနေပါတယ်။
* High Tenant Demand Zone: SCG ရုံးချုပ်ကြီးများ၊ လွှတ်တော်သစ် (Parliament Building), Siriraj Hospital (New Branch), Bangpho Hospital, Yanhee Hospital, Vajira Hospital နဲ့ King Mongkut's University (KMUTNB) တို့နဲ့ ဝန်းရံထားတာကြောင့် ဆရာဝန်များ၊ အစိုးရအရာရှိများ၊ ကျောင်းသားများနှင့် Corporate ဝန်ထမ်းများရဲ့ ခိုင်မာတဲ့ Rental Demand ကို အပြည့်အဝ ပံ့ပိုးပေးထားပါတယ်။
💡Bang Pho - Bang Sue Zone ဟာ မြစ်ဘေး အပန်းဖြေ Lifestyle Vibe ကို ပေးစွမ်းနိုင်ရုံတင်မကဘဲ ၆ လမ်းသွား တံတားသစ်၊ ရထားလိုင်း ၄ လိုင်း Interchange၊ Mega Projects တွေနဲ့ အစိုးရ/ဆေးရုံ/ကျောင်း အချက်အချာကျတဲ့ နေရာဖြစ်တာကြောင့် "ကိုယ်တိုင်နေထိုင်ဖို့ သက်တောင့်သက်သာရှိပြီး ရင်းနှီးမြှုပ်နှံသူတွေအတွက် အနာဂတ် Capital Gain တက်ဖို့ အသေချာဆုံး Prime Zone" ပဲ ဖြစ်ပါတယ်။