09/08/2024
Bangkok မှာ ရွှေမြန်မာတို့ ကိုယ့်အိမ်ကိုယ့်ယာလို အဆင်ပြေမယ့် နေရာငါးခု
ဘယ်သူမဆို အမိဇာတိမြေကိုတော့ ချစ်ကြတဲ့လူတွေချည်းပါပဲ ။ ကျွန်တော်တို့ ရွှေမြန်မာတွေလည်း ထိုင်းနိုင်ငံကို အလုပ်ကြောင့်ဖြစ်စေ ၊ တခြားအကြောင်းအရင်းများကြောင့်ဖြစ်စေ လာရောက်နေထိုင်ရတဲ့အခါ အမိမြန်မာပြည်နဲ့ မြန်မာအစားအစာတွေကို လွမ်းကြရမှာပါ ။ ကျွန်တော်အခုပြောပြပေးမယ့် နေရာငါးခုကတော့ ကျွန်တော်တို့ရွှေမြန်မာတွေ ထိုင်းနိုင်ငံထဲမှာကိုပဲ မြန်မာပြည်ပြန်ရောက်နေသလိုခံစားရစေမယ့် နေရာငါးခုပဲဖြစ်ပါတယ် ။
အခုပြောပြမယ့် ခရိုင်ငါးခုကတော့ Bangkok မှာရွှေမြန်မာတွေအများဆုံးရှိတဲ့ထဲက နေလို့ကောင်းပြီး သွားရေးလာရေးပြေသလို အိမ်ခန်းဈေးလည်းအဆင်ပြေတဲ့နေရာတွေကိုရွေးထုတ်ပေးထားတာဖြစ်ပါတယ် ။ သင်ရော ထိုင်းနိုင်ငံကိုလာဖို့ဆုံးဖြတ်ထားတယ်ဆိုရင် ဘယ်မှာနေမလဲစဉ်းစားပြီးပြီလား အကယ်၍ ရွေးချယ်ရခက်နေတယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ Explore with Nara page မှာလာရောက်တိုင်ပင်ဆွေးနွေးလို့ရပါတယ် ။ Bangkok မှာ ရွှေမြန်မာတို့ ကိုယ့်အိမ်ကိုယ့်ယာလို အဆင်ပြေမယ့် နေရာငါးခုကိုအောက်ကပုံလေးတွေကိုတစ်ပုံချင်းစီထောက်ကြည့်လို့ရပါတယ်ခင်ဗျာ။
Ref: google