Naing Dhamma page

Naing Dhamma page ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Naing Dhamma page, อสังหาริมทรัพย์, Bangkok.

NaingDhamma page ဆီကိုအလည်လာပါလို့ဖိတ်ခေါ်လိုက်ပါတယ်တရားတော်များကိုလည်းနားကြားမျှဝေခြင်းဖြစ်ကုသိုလ်ပြုကြပါ
တင်သမျှတရား နာကြားနိုင်ရန်အတွက်
ကျွန်တော့်၏pageကိုလဲ Like & follow Share လုပ်ကာအားပေပါအုံး
https://www.youtube.com/channel/UCSCgXORo9eZ0uiX2CgAe0Tw

22/10/2025

“သူများအထင်ကြီးစေဖို့ ကိုယ့်ပိုက်ဆံကို သုံးပြနေတဲ့သူလောက်
တုံးအတဲ့သူ မရှိပါဘူး”

ဘဝထဲမှာ အချို့လူတွေဟာ တကယ်ပျော်ရွှင်နေခြင်းမဟုတ်ဘဲ
သူများရဲ့ အမြင်နဲ့ ချစ်ခြင်းကို အပေါ်ယံပေါ်မှာ တန်ဖိုးထားနေကြတတ်ပါတယ်။
အကြောင်းကတော့ “သူများမြင်ချင်သလို ကိုယ်ပြချင်တာ” ကို
အဓိကထားသွားတာကြောင့်ပဲ ဖြစ်ပါတယ်။

မိမိစီးပွားရေးအခြေအနေ မစဉ်းစားပဲ
မိမိတန်ဖိုးတင်စရာမလိုတဲ့အရာတွေကို ဝယ်ယူပြီး
ပတ်ဝန်းကျင်သူများတွေက “ဝင်ငွေကောင်းတယ်၊ ဂုဏ်ရှိတယ်” လို့
ထင်မြင်စေချင်တာမျိုးတွေ များလာတတ်ပါတယ်။
ဒါပေမဲ့ အဲ့လိုသုံးစွဲခြင်းတွေဟာ မိမိကိုယ်ကို
ပိုမိုနစ်နာအောင်သာ လုပ်နေခြင်းပါ။

တကယ်တန်ဖိုးရှိတာက “သူများမြင်တာ” မဟုတ်ဘဲ
“ကိုယ့်ဘဝကိုယ် ပြန်အမြဲသုံးသပ်နိုင်ခြင်း” ဖြစ်ပါတယ်။
အမှန်တကယ် ဂုဏ်ရှိသူဆိုတာ
ပြသဖို့ လိုအပ်သူမဟုတ်ပါဘူး။
တန်ဖိုးရှိသူဆိုတာ သူ့ဘဝအပေါ် တန်ဖိုးထားတတ်သူ၊
သူ့အတွက်သာ သုံးတတ်သူ ဖြစ်ပါတယ်။

အဲ့တာကြောင့် ကိုယ့်ဘဝအတွက် အကျိုးရှိအောင်သုံးဖို့ကောင်းတဲ့ ပိုက်ဆံကို သူများကြည့်ဖို့အတွက် သုံးမိနေမိတာမျိုး မဖြစ်အောင် သတိထားဖို့ လိုပါတယ်။

သူများရဲ့ အမြင်တန်ဖိုးအတွက် မသုံးမိပါစေနဲ့….
မိမိအတွက် အသုံးတန်အောင်သာ သုံးပါ…
အဲ့လိုလုပ်နိုင်တဲ့သူပဲ တကယ်တန်ဖိုးရှိသူ ဖြစ်ပါတယ်…



#စာတို

18/09/2024
ဝင်လေထွက်လေ ငြိမ်းပါစေ_________________________     အဆင့်မြင့်စွာ နေဖို့ရာ ပြည့်စုံရမည့် ရှစ်ခုမြောက်အကြောင်းအင်္ဂါကတော့...
30/07/2024

ဝင်လေထွက်လေ ငြိမ်းပါစေ
_________________________

အဆင့်မြင့်စွာ နေဖို့ရာ ပြည့်စုံရမည့် ရှစ်ခုမြောက်အ
ကြောင်းအင်္ဂါကတော့ ပဿဒ္ဓကာယသင်္ခါရော ဟောတိ
- ငြိမ်းပြီတဲ့ ကာယသင်္ခါရ ရှိရမယ် ကာယသင်္ခါရဆိုတာ
ယောဂီတို့ အသက်ရှူခိုက်မှာ ဖြစ်နေတဲ့ ဝင်လေထွက်
လေပါပဲ။ ဝင်လေထွက်လေ ငြိမ်းအောင်ကျင့်ရပါမယ်။ ဒါ
ဖြင့်ရင် အသက်မရှူပဲ အောင့်ထားရမှာလား သို့မဟုတ်
အသက်ရှူ လုံးဝရပ်စဲပြီး သေအောင်လုပ်ရတော့မှာလား
လို့ မေးစရာရှိလာပါတယ်။ တကယ်တော့ ဝင်လေထွက်လေ ချုပ်ငြိမ်းတဲ့ စတုတ္ထစျာန်ကိုရအောင် ကျင့်သုံးရမယ်လို့
ဆိုတာပါ။ စတုတ္ထစျာန်ကို ရရှိပြီးသူဟာ ဒီစျာန်ဝင်စားတဲ့
အခိုက်မှာ ဝင်လေထွက်လေ ချုပ်ငြိမ်းနေပါတယ်။

စတုတ္ထစျာန်ကို ရရှိပြီးသူဟာ စိတ်တည်ငြိမ်မှု သ
မာဓိအားကောင်းလာပါတယ်။ သမာဓိကောင်းတော့ နာမ်
ရုပ် သင်္ခါရတရားတွေရဲ့ လက္ခဏာကို အမှန်တိုင်းသိမြင်မှု
ပညာလည်း အားကောင်းလာပါတယ်။ မြတ်စွာဘုရားက
အကောင်းဆုံးနည်းလမ်းကိုညွှန်ပြလိုက်တာပါ။ စျာန်ကို
အခြေခံပြီး ဝိပဿနာရှုသူတွေအတွက် ညွှန်ပြလိုက်တာပါ
။စျာန်အခြေခံမရှိဘဲ ဝိပဿနာသန့်သန့်အားထုတ်တဲ့ ပုဂ္ဂို
လ်တွေလည်း မဂ်ဉာဏ်ဖိုလ်ဉာဏ် ဆိုက်ပြီး ရဟန္တာဖြစ်
သွားကြတာ ရှိပါတယ်။ တရားအားထုတ်တာ ကိလေသာ
ကုန်ခန်းဖို့ပါ။ စျာန်မရဘဲ ကိလေသာကုန်အောင် ကျင့်နိုင်
ရင်လည်း ကောင်းတာပါပဲ။ စတုတ္ထစျာန်ကို ရရင်တော့ပို
ပြီး ကောင်းတာပေါ့။ စျာန်ရတဲ့သူပဲဖြစ်ဖြစ် စျာန်မရတဲ့ သူ
ပဲဖြစ်ဖြစ် ကိလေသာကုန်ခန်းပြီး ရဟန္တာ ဖြစ်ရင်တော့ဒုက္ခ
အားလုံး ချုပ်ငြိမ်ချင်းသဘောကတော့ အတူတူပါပဲ။ မြတ်
စွာဘုရား သက်တော် ထင်ရှားရှိတော်မူစဉ်က စက္ခုပါလ
ထေရ်အရှင်မြတ်ကြီးဟာ စျာန်မရဘဲ ရဟန္တာ ဖြစ်တယ်ဆို
တာ ဓမ္မပဒအဋ္ဌကထာမှာ ဖော်ပြထားပါတယ်။

ဝနဝါသီ အရှင်ဝါသေဋ္ဌာဘိဝံသ
ကျောက်တစ်လုံးတောရ ဆရာတော်

ဆက်ပါဦးမည်။
စျာန်အဆင့်ဆင့် အခြေမြင့် တင့်တယ်နိုင်ကြစေ။ ။

30/07/2024
https://youtu.be/WiAAKCFVPMw
26/07/2024

https://youtu.be/WiAAKCFVPMw

တရားချစ်ခင်သူတော်စဉ်အပေါင်းတို့ တရားတော်များကို နာကြားသည့် အချိန်အတွင်းမှာ ဗဟုသုတများစွာရရှိနိုင်ပါစေလ.....

(ချမ်းသာရေးလမ်းညွှန်) #တစ်ဖက်သတ်ချစ်ရသူ_________________________           သူဟာ အတိတ်ဘဝက ရုပ်ရည်ချောမောလှပပြီးဦးခေါင်းကဆ...
26/07/2024

(ချမ်းသာရေးလမ်းညွှန်)
#တစ်ဖက်သတ်ချစ်ရသူ
_________________________
သူဟာ အတိတ်ဘဝက ရုပ်ရည်ချောမောလှပပြီး
ဦးခေါင်းကဆံပင်တွေကို ငါးစုငါးမွှာစုစည်းလို့ ကျောက်
ကုန်းပေါ်ချထားတဲ့ လုလင်ပျိုတစ်ယောက်ပါ။ သူ့မိဘ
တွေကတော့ လက်လုပ်လက်စား သမားတွေပါပဲ။ လု
လင်ပျိုဟာ သူတစ်ပါးထံကနေ အခကြေးငွေယူပြီး နွား
တွေကို ထိန်းကျောင်းတဲ့အလုပ်နဲ့ မိဘကို အလုပ်ကျွေး
ပြုနေပါတယ်။
အဲဒီခေတ်က သူတို့ဒေသမှာ အခကြေးငွေယူပြီး
နွားကျောင်းသူတွေထဲမှာ ပဉ္စသီခက ခေါင်းဆောင်ပေါ့။
သူ့မှာ လူနေမှုအဆင့်တန်း နိမ့်ကျနေသော်လည်း စိတ်
ထားကတော့ မွန်မြတ်ပါတယ်။ ဘဝတူနွားကျောင်းသား
တွေကို ဦးဆောင်ပြီး ရွာရဲ့အပြင်ဘက် ခရီးလမ်းဆုံးတွေ
မှာ တည်းခိုစရာဇရပ်တွေ ဆောက်လုပ်ပေးတယ်။ ရေ
တွင်းရေကန်တွေကို တူးဖော်ပေးတယ်။ တံတားတွေခင်း
ပေးတယ်။ လမ်းတွေရှင်းပေးတယ်။ မညီညွတ်တဲ့လမ်း
တွေကို ပြုပြင်ပေးတယ်။ အဲဒီလို လူမှုဝန်ထမ်းအလုပ်
တွေကို မနေမနားဆောင်ရွက်ခဲ့ပါတယ်။
ဒါပေမယ့် သူဟာ အသက်တိုရရှာပါတယ်။ ငယ်
ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားတယ်။ သူရဲ့ ကုသိုလ်ကံစေ
တနာက အကျိုးပေးဖို့ အခွင့်သာတာကြောင့် စတုမဟာ
ရာဇ်နတ်ဘုံမှာ ဂန္ဓဗ္ဗနတ်သား (စောင်းသမားနတ်သား)
သွားဖြစ်တယ်။ သူ့ခန္ဓာကိုယ်ဟာ ရွှေတုံးကြီးလို တင့်
တယ်လှပပါတယ်။ အမြဲတမ်း နီမြန်းတဲ့ အဝတ်ပုဆိုးကို
ဝတ်လေ့ရှိတယ်။ ရွှေနားတောင်းကိုလည်း ပန်ဆင်ထား
တယ်။ လူ့ပြည်မှာတုန်းက မိမိရဲ့ ဆင်ယင်ထုံးဖွဲ့မှုပုံစံ
ကို ကပ်ငြိတွယ်တာခဲ့တာကြောင့် နတ်ပြည်ရောက်သော်
လည်း ဆံပင်ကိုငါးစုငါးပုံခွဲလို့ စုစည်းပြီး နောက်ကျော
မှာ အထုံးငါးခုချထားပါတယ်။ အဲဒါကြောင့် သူ့ကို ဦး
စွန်းငါးဖုတ်ရှိသူလို့ ခေါ်ဝေါ်သမုတ်ကြတယ်။
သူဟာ စောင်းတီးတဲ့အတတ်ပညာမှာ အလွန်ထင်
ပေါ် ကျော်ကြားပါတယ်။ သူ့ရဲ့စောင့်ခွက်က ဥသျှစ်သီး
မှည့်လို ဝါဖျော့ဖျော့ အဆင်းရှိပါတယ်။ အဲဒါကြောင့်
ဗေလုဝပဏ္ဍု(အဝါနုရောင်)စောင်းလို့ခေါ်ပါတယ်။တစ်
ကြိမ်တစ်ခါတီးလိုက်ရင် လေးလကြာတဲ့တိုင်အောင် အ
သံမစဲသေးပါဘူး။ သူ့ရဲ့သီချင်းဆိုသံ စောင်းတီးသံတွေ
ဟာ စည်းဝါးကိုက်ညီလှတဲ့အတွက်ကြောင့် အလွန်ဆွဲ
ဆောင်မှုရှိပါတယ်။ အနုပညာရှင်နတ်သားတစ်ယောက်
ဆိုပြီး လူသိများပါတယ်။ သူ့ရဲ့ထင်ပေါ်ကျော်ကြားမှု
ရုပ်ရည်ချောမောလှပမှုကြောင့် နှစ်သက်မြတ်နိုးကြတဲ့
နတ်သမီးကညာတွေကလည်း ရေတွက်မကုန်နိုင်လောက်
အောင်များပြားလှပါတယ်။ အဲ့ဒီလောက် နတ်သမီးက
ညာအလှအပတွေ များပြားသော်လည်း ပဉ္စသီခနတ်သား
ကတော့ စိတ်ကူးထဲကိုတောင် တစ်ယောက်တစ်လေ
ထည့်မယဉ်ခဲ့ပါဘူး။
ပဉ္စသီခအနေနဲ့ တိမ္ဗရုနတ်မင်းကြီးရဲ့သမီတော်
သူရိယဝစ္ဆသာကိုပဲ တစ်ဖက်သတ် စွဲလမ်းနေပါတယ်။
နေအရုဏ် တက်သစ်စအဆင်းလို နီမြန်းတဲ့ကိုယ်အ
ရောင် ရှိလို့ သူရိယဝစ္ဆသာလို့ ခေါ်ကြတာပါ။ ပဉ္စသီခ
နတ်သားက အသည်းကျွမ်းလုအောင် စွဲလမ်းနေရတာ
ကြောင့် နေ့စဉ်နေ့တိုင်း တိမ္ဗရုနတ်မင်းကြီးရဲ့ ဗိမာန်အနီး
မှာ ရင်ဖွင့်တဲ့ သီချင်းတွေကို သီဆိုပြီး စောင်းတီးလေ့ရှိ
ပါတယ်။ ဒါပေမယ့်လို့ သူရိယဝစ္ဆသာ နတ်သမီးကတော့
ပဉ္စသီခနတ်သားကို စိတ်ကူးနဲ့တောင် မကြိုက်ပါဘူး။
သိကြားမင်းရဲ့ ရထားထိန်းဖြစ်သူ မာတလိရဲ့သား သိခ
ဏ္ဍီနတ်သားနဲ့ သူရိယဝစ္ဆသာနတ်သမီးတို့ဟာ အချင်းချ
င်းမေတ္တာသက်ဝင် ချစ်ခင်နေကြပါတယ်။ ကိုယ်ရချင်
တာ မရတာကလည်း ဒုက္ခတစ်မျိုးပါပဲ။ လောကမှာ ရ
တာမလို လိုတာမရတဲ့သဘောကလည်း ဖြစ်တတ်ပါ
တယ်။ ဒါကတော့ အတိတ်က ပဉ္စသီခနတ်သားရဲ့ အ
ကြောင်းနဲ့စပ်ပြီး ယောဂီတို့ သိထားစေချင်တာမို့ ပြော
ပြတာပါ။
#ဝနဝါသီအရှင်ဝါသေဋ္ဌာဘိဝံသ
#ကျောက်တစ်လုံးတောရဆရာတော်
ဆက်ပါဦးမည်။
အသည်ကျွမ်းကွဲ ချစ်မိလည်း ချစ်လွဲ မရပြီ။ ။

ဓမ္မရေးရာပြဿနာများ ပထမတွဲ #မိစ္ဆာဝါဒကွယ်ပပါစေ       ယနေ့ကာ (၁၃၆၂)ခုနှစ် တပေါင်းလဆုတ်ဆယ်ရက်(၁၇.၂.၂၀၀၁)နေ့တည်း။ ဤအရှင်သည် ...
26/07/2024

ဓမ္မရေးရာပြဿနာများ ပထမတွဲ
#မိစ္ဆာဝါဒကွယ်ပပါစေ
ယနေ့ကာ (၁၃၆၂)ခုနှစ် တပေါင်းလဆုတ်ဆယ်ရက်
(၁၇.၂.၂၀၀၁)နေ့တည်း။ ဤအရှင်သည် မော်လမြိုင်မြို့
ရွှေဗျိုင်းဖြူဘုရား ပုရဝုဏ်အတွင်းသို့ ရောက်ရှိနေပေ
သည်။ ယနေ့ညဥ့် တရားဟောပြောပေးရန် တာဝန်ရှိပေ
သည်။ တရားဟောရန် အချိန်လိုနေသေးသဖြင့် နားနေ
ဆောင်မှာ ခေတ္တဆိုင်းငံ့နေစဥ် ဒကာကြီးတစ်ယောက်က
အရှင်ဘုရား အိမ်တွေမှာပျားစွဲတာ ကောင်းသလား
ဘုရား
ကောင်းတာပေါ့ ဒကာကြီး စားရကံကြုံ မုတ်ဆိတ်
ပျားစွဲဆိုတဲ့စကားတောင် ရှိသေးတယ်မဟုတ်လား၊ အခု
လည်း ဒကာကြီးမှာ စားရကံကြုံလာလို့ ပျားစွဲတာရှိမှာ
ပေါ့
တပည့်တော်အိမ်မှာတော့ မကြာမကြာ ပျားစွဲတယ်
ဘုရား တပည့်တော်လည်း ပျားတွေကိုသနားတာကြောင့်
မောင်းမထုတ်ပါဘူးဘုရား။ အချို့လူတွေက ပျားစွဲတာ
အောက်ကစွဲမှကောင်းတယ်၊ အပေါ်ကစွဲရင် မကောင်း
ဘူးဆိုပြီးတော့ အတိတ်နိမိတ်တွေ ကောက်တယ်ဘုရား။
အရှင်ဘုရားတို့ ပရိတ်ရွတ်တဲ့အခါမှာလည်း ယံဒုန္နိမိတ္တဥ္
စ အကြင်မကောင်းသော အတိတ်ဆိုး နိမိတ်ဆိုးသည်လ
ည်ကောင်း ၊ယံ အဝမင်္ဂလဥ်စ အကြင်မကြားချင် မမြင်
ချင် မတွေ့ချင်သော အနိဋ္ဌမင်္ဂလာ အဖြာဖြာသည်လည်
ကောင်း စသည်ဖြင့် အတိတ်ဆိုး နိမိတ်ဆိုးတွေ ပပျောက်
ဖို့ ရွတ်ဆိုနေတယ် မဟုတ်လားဘုရား။
ဒါကတော့ ဒကာကြီးရယ် ရဟန်းတော်များအနေနဲ့
မိမိတို့ရဲ့ ဒကာဒကာမများအတွက် မကောင်းတဲ့ဘေးရန်
တွေ ကင်းစင်ပါစေဆိုတဲ့ မေတ္တာ ကရုဏာ စေတနာတွေ
ရှေ့ထားပြီးတော့ ဒီဒကာဒကာမများ အလိုမရှိတဲ့ နိမိတ်
ဆိုးတွေတောင်မှပဲ မတွေကြုံပါစေနဲ့ဆိုတဲ့ စေတနာနဲ့ရွတ်
ဆိုခြင်းသာ ဖြစ်ပါတယ်၊ လက်ရှိတွေ့ကြုံနေရတဲ့ နိမိတ်
ကိုမှီပြီး နိမိတ်အတိုင်း ကောင်းကျိုးဆိုးပြစ်တွေဟာ ဖြစ်
တာလည်း ရှိချင်ရှိမယ်။ မဖြစ်တာလည်း ရှိချင်ရှိမှာပေါ့
ဒီလိုဆိုရင် အရှင်ဘုရား အမိန့်ရှိတာဟာ နိမိတ်တွေ
ကိုလိုက်ပြီး ကောင်းကျိုးဆိုးပြစ် ဘယ်လိုဖြစ်မယ်လို မှ
တ်သားစရာမလိုတော့ဘူးပေါ့ဘုရား
ဟုတ်တယ်ဒကာကြီး နိမိတ်တွေနဲ့ ကောင်းကျိုးဆိုး
ပြစ်တွေ ဘာမှမဆိုင်ဘူး ဒကာကြီး
တပည့်တော်တို့ရဲ့ ဇမ္ဗူဒီပါ လကျာ်တောင်ကျွန်း
ဟာ အတိတ်နိမိတ်ထွန်းတယ်၊ တစ်စုံတစ်ခုဖြစ်တော့မယ်
ဆိုရင် အတိတ်တွေနိမိတ်တွေက အရင်လက်ဦးဖြစ်ရတ
ယ်မဟုတ်လားဘုရား
ဟုတ်တယ်ဒကာကြီး ဒါပေမယ့်မဟုတ်ဘူး
အရှင်ဘုရားပြောမှ တပည့်တော်ဘာနားလည်ရမှန်း
မသိတော့ဘူးဘုရား၊ ဟုတ်တယ်လည်းဆိုသေးတယ်၊ မ
ဟုတ်ဘူးလည်းဆိုသေးတယ်ဘုရား။
ဒီလိုပါ ဇမ္ဗူဒီပါ လကျာ်တောင်ကျွန်းမှာ အတိတ်
နိမိတ်ထွန်းတယ်ဆိုတာတော့ ဟုတ်တယ်။တစ်စုံတစ်ခု
ဖြစ်တော့မယ်ဆိုရင် အတိတ်တွေနိမိတ်တွေက အရင်ပထ
မဖြစ်ရတယ်ဆိုတာ မဟုတ်ဖူးလို့ဆိုလိုတာပါ။ ဖြစ်လာတဲ့
အခြေအနေတွေဟာ အတိတ်နိမိတ်တွေနဲ့ ဘာမှမဆိုင်ပါ
ဘူး။
ဒါဖြင့်ဇမ္ဗူဒိဗ်နိမိတ်ထွန်းဆိုတဲ့စကားက ဘယ့်နယ်
လုပ်ပေါ်လာတာလဲဘုရား
ဒါက ဒီလိုပါ။ ဘုန်းကြီးတို့ ဇမ္ဗူဒိပ်ကျွန်းသူ ကျွန်း
သားတွေဟာ မြင်သမျှကြားသမျှတွေကို အစွဲပြုပြီးတော့
အတိတ်နိမိတ်ကောက်တတ်တယ်လို့ ဆိုလိုတာပါ။ သူ
တို့ကောက်တဲ့အတိုင်း ဖြစ်ချင်လည်းဖြစ်မှာပဲ။ မဖြစ်ချင်
လည်း မဖြစ်ဘူး။
ဒီလိုဆိုရင် မြင်သမျှကြားသမျှ အတိတ်နိမိတ်တွေ
ဟာ တပည့်တော်တို့နဲ့ မဆိုင်ဘူးပေါ့ဘုရား။
ဟုတ်တယ်လေ ဒါနဲ့ပတ်သက်လို့ ဇာတကအဋ္ဌက
ထာ အဋ္ဌကနိပါတ် အဋ္ဌသဒ္ဒဇာတ်မှာလာတဲ့ သာဓကလေး
ထုတ်ပြလိုက်ရင် ပိုရှင်းသွားမယ် ဒကာကြီး
အမိန့်ရှိပါဘုရား ကျမ်းဂန်စကားတွေနဲ့ဆိုရင် ပို‌ေ
ကာင်းတာပေါ့ဘုရား
ရှေ့တုန်းက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး
ရဲ့ပညာရှိ ပုရောဟိတ် အမတ်ကြီးမှာ သားတစ်ယောက်
ထွန်းကားခဲ့တယ်။ ပုရောဟိတ်ကြီးဟာ သူ့ရဲ့သားငယ်ကို
ငယ်ရွယ်စဥ်မှာ ဆရားသမားကောင်းထံအပ်နှံပြီး ပညာ
သင်ကြားစေခဲ့တယ်။ ပညာတတ်မြောက်လာပြီးနောက်
မိဘတွေကွယ်လွန်သွားတော့ မိမွေဖမွေကို တစ်ယောက်
ထဲ ရရှိလိုက်တယ်ပေါ့။ နောက်များမကြာမီမှာ လောက
ကြီးထဲနေရတာ ငြီးငွေ့ပြီးတော့ စည်းစိမ်တွေအားလုံးကို
စွန့်ပြီး ဟိမဝန္တာ တောထဲမှာ ရသေ့ဝတ်နဲ့နေခဲ့တာ စျာန်
အဘိညဥ်တန်ခိုးတွေလည်း ရခဲ့ပါတယ်။ မိုးရာသီအချိန်‌ေ
ရာက်တော့ ဟိမဝန္တာအရပ်မှာ မိုးများတာကတစ်ကြောင်း
ချဥ်သီးတို့ဆားတို့ မှီဝဲလိုတာကလည်းတစ်ကြောင်း‌ေ
ကြာင့် ဗာရာဏသီပြည် ပြန်ကြွလာပြီးတော့ မင်းကြီးရဲ့
ဥယျာဉ်ထဲမှာ သီတင်းသုံးနေတယ်။သန်းခေါင်ယံအချိန်
တစ်ခုသောညဥ့်မှာ မင်းကြီးဟာ ထူးခြားတဲ့အသံရှစ်မျိုး
ကို ကြားလိုက်ရပြီး အကျိုးအကြောင်း ဘယ်လိုလဲဆိုတာ
မဝေခွဲတတ်ဖြစ်သွားတယ်။
ရှေ့တုန်းက သူတော်ကောင်းတွေဟာ တောထဲမှာ
နေတာ တယ်များပါလားဘုရား။
တောအရပ်ဆိုတာ အာရုံငါးပါးကင်းဆိတ်တာကြော
င့် သူတော်ကောင်းတွေ ပျော်မွေ့တာပေါ့ဒကာကြီး။ နား
ထောင်ဦး ဗြဟ္မဒတ်မင်းကြီးဟာ ဒီအသံတွေအပေါ်မှာ
သံသယအမျိုးမျိုးဖြစ်ပြီး ထိတ်လန့်မှု အားကြီးတာကြော
င့် နံနက်မိုးလင်းတဲ့အခါ ပုဏ္ဏားတွေကိုခေါ်ပြီး အကျိုးအ
ပြစ် ဘယ်လိုဖြစ်မယ်ဆိုတာ မေးမြန်းပါတယ်။ပုဏ္ဏား
တွေအနေနဲ့လည်း ဒီအသံတွေကြောင့် အကျိုးအပြစ်ဘ
ယ်လိုဖြစ်မယ်ဆိုတာ လုံးဝမသိပါဘူး။ ဒါပေမယ့်လို့ မ
သိဘူးလို့ မင်းကြီးကို တည့်တည့်ပြောလိုက်ရင်လည်း ကို
ယ့်အပေါ်မှာ အထင်သေးသွားမှာ စိုးရိမ်ရသေးတယ်ကိုး။
အဲ့ဒါကြောင့် အသင်မင်းကြီး ကြီးမားတဲ့အန္တရာယ်တွေ
ဖြစ်နိုင်ပါတယ်။ ဒီအန္တရာယ်တွေ ပပျောက်သွားလေအော
င် သဗ္ဗစတုက္ကယဇ်(အလုံးစုံလေးခုကိုပြုပြီး ပူဇော်ပွဲ)ကို
ပြုလုပ်သင့်ပါတယ်။ အသင်မင်းကြီး ဒီကိစ္စအတွက်
ကျွနု်ပ်တာဝန်ထားလိုက်ပါ။ အားလုံးကို ကျွနု်ပ်ပဲပြုလုပ်
ပေးပါရစေလို့ ပြောလိုက်ပါတယ်။
လောကမှာ ထင်ပေါ်ကျော်ကြားသူတွေဟာ ကိုယ်နား
မလည်တာကို နားမလည်ဘူးလို့ ပြောရမှာ အတော်ဝန်
လေးတယ်ဘုရား။
ဒါဟာကိုယ်နားမလည်ဘူးလို့ အမှန်တိုင်းပြောလိုက်
ရင် ဂုဏ်သိက္ခာ ကျဆင်းသွားမယ်ဆိုတဲ့ အယူအစွဲကရှိ
နေလို့ပေါ့ဒကာကြီး။ ဆက်နားထောင်ပါဦး၊ မင်းကြီးလည်
းမိမိအကျိုးကို မျှော်ကိုးပြီး ပုဏ္ဏားတွေကို လုပ်ပိုင်ခွင့်အ
မျိုးမျိုးပေးပြီး တာဝန်အရပ်ရပ် လွဲပေးလိုက်တယ်။ ပု
ဏ်ဏားတွေလည်း သဗ္ဗစတုက္ကပူဇော်ဖို့ လူယောကျာ်း
လူမိန်းမ ကျွဲ နွား ဆင်မြင်း ဆိတ်ဝက် အစရှိတဲ့ သတ္တဝါ
တွေကို လေးကောင်စီ အတင်းအဓမ္မ ဖမ်းဆီးယူတော့တ
ယ်၊ ပုဏ္ဏား ဆရာကြီးရဲ့ တပည့်တစ်ဦးက ပညာညာဏ်
နဲ့ဆင်ခြင်ပြီး ဆရာသမားများရဲ့ မှားယွင်းမှု ကြမ်းကြုတ်
မှုတွေကို တားမြစ်ပြောဆိုပါတယ်၊ အဲ့ဒီအခါ ပုဏ္ဏား ဆ
ရာကြီးက မင်းနားမလည်ရင် အသာနေစမ်း ဒီယဇ်ပူဇော်
မှုကြောင့် မင်းကြီးမှာ အကျိုးရှိတာ အကျိုးမရှိတာ အ
သာထား ငါတို့မှာ သားငါးတွေကို ဖောဖောသီသီ စားသုံး
ရတယ်ကွ၊ အဲ့ဒါကြောင့် ဒီကိစ္စမှာ မင်းအနေနဲ့ ရေငုံနှုတ်ပိ
တ်နေလိုက်စမ်းလို့ ပြောဆိုလိုက်ပါတယ်။
ဒီတပည့်မျိုးကို ဆရာ့ထက်သာတယ်လို့ ပြောရမှာ
ပေါ့နော်
ဟုတ်တယ် ဒကာကြီးဟုတ်တယ်။ တပည့်ငယ်က
ဆရာကြီးကို ဆရာ ကျွနု်ပ်အနေနဲ့ကတော့ ကိုယ့်ဝမ်းရေး
ကို အမှီပြုပြီး ဆရာတို့ငရဲကြီးတာ မဖြစ်စေချင်ဘူး။ ဒါ
ကြောင့် ဖမ်းထားတဲ့ သတ္တဝါတွေကို အမြန်ဆုံးပြန်လွတ်
ပေးလိုက်စမ်းပါလို့ ဆိုပါတယ်။ အဲ့ဒီအခါ ပုဏ္ဏား ဆရာ
ကြီးတွေက ဒီကောင်ဟာ ငါတို့ရဲ့ လဘ်လာဘကို အ ‌ေ
တာ်ဖျက်ဆီးတဲ့ကောင်ပဲလို့ဆိုပြီး ရိုက်နှက်ဖို့ ဝိုင်းရံလာ
ကြတယ်၊ တပည့်ငယ်က အလစ်ကိုစောင့်ပြီး ဥယျာဉ်ထဲ
ထွက်ပြေးတိမ်းရှောင်သွားပါတယ်။ ဥယျာဉ်ထဲရောက်
တော့ ဘုရားအလောင်းတော်ရသေ့ကို တွေ့မြင်လိုက်‌ေ
တာ့ ရှိခိုးဦးတင်ပြီး အရှင်ဘုရားတို့အနေနဲ့ သတ္တဝါတွေ
ကို သနားငဲ့ညှာတဲ့ ကရုဏာရှင်ဖြစ်တယ်ဆိုရင် အခုအချိ
န်အခါမှာ တပည့်တော်တို့ ရှင်ဘုရင်းကြီးရဲ့အမှားတွေကို
တားမြစ်ပေးဖို့ သင့်ပါတယ်ဘုရား။ ရှင်ဘုရင်ကြီးဟာ
သတ္တဝါတွေကို မညှာမတာ သတ်ဖြတ်ဖို့ စီမံနေပါပြီဘုရာ
းလို့ လျှောက်ထားလိုက်ပါတယ်။
ဂုဏ်ကြီးတဲ့ ဆရာသမားတွေရဲ့အမှားကို ပြောကြား
ရဲတယ်ဆိုတာလည်း လွယ်တဲ့ကိစ္စမဟုတ်ဘူးဘုရား
ကိုယ့်ဆရာသမားရဲ့ အကျိုးရှိမှုကို လိုလားရင်တော့
ပြောရဲရမှာပဲဒကာကြီး။ အခုလည်း ဆရားသမားရဲ့အ
ကျိုးကိုလိုလားလို့ တပည့်ငယ်က ဘုရားအလောင်ရသေ့
ကြီးထံ လျှောက်ထားပြလိုက်တာပါ။ အဲ့ဒီတော့ ရသေ့က
မင်းတို့ရှင်ဘုရင်နဲ့ ငါနဲ့ဟာ အချင်းချင်းသိကြတာ မဟုတ်
ဖူးကွ။ တကယ်လို့သာ မင်းတို့ရှင်ဘုရင် ငါ့ထံရောက်လာ
ရင်တော့ ငါကအကျိုးသင့် အကြောင်းသင့် ပြောဆိုပေး
ရမှာပေါ့လို့ ပြောလိုက်တော့ ဒါဖြင့်ရင် တပည့်တော်အခု
ပဲ မင်းကြီးဆီသွားပြီး သံတော်ဦးတင်မယ်ဘုရား။ အရှင်
ဘုရား ဘယ်ကိုမှ မကြွပါနဲ့ဘုရားလို့ လျှောက်ထားပြီး
မင်းကြီးထံ အရောက်သွားပြီးတော့ အရှင်မင်းကြီးရဲ့ ဥ
ယျာဥ်တော်အတွင်းမှာ ရှေ့ဖြစ်နောက်ဖြစ်တွေကို သိမြင်
တတ်တဲ့ တန်ခိုးရှင်ရသေ့ကြီးတစ်ပါးရောက်နေပါတယ်၊
အရှင်မင်းကြီး မနေ့ညဥ့်က ကြားခဲ့ရတဲ့ အသံတွေနဲ့ ပတ်
သက်ပြီး သံသယတွေ ရှင်းသွားအောင်မေးမြန်းကြည့်ရင်
ကောင်းမယ်လို့ ထင်ပါတယ်ဘုရားလို့ လျှောက်လိုက်‌ေ
တာ့ မင်းကြီးလည်း သိချင်ဇောနဲ့ ဥယျာဥ်ထဲသွားပြီး မေး
မြန်းတော့တာပေါ့။ ရသေ့ကလည်း ဖြစ်ရပ်မှန်ကို ရှင်းရှင်
းလင်းလင်း မိန့်ကြားလိုက်တယ်။
အရှင်မင်းကြီး ရှေ့ဦးပထမကြားရတဲ့အသံဟာ
ဗျိုင်းငှက်ရဲ့အသံပါ။ ဗျိုင်းငှက်တစ်ကောင်ဟာ အစာဝ
အောင်မစားရတော့ ဆာလောင်ပြီး အော်မြည်တဲ့အသံပါ။
ဒုတိယအသံကတော့ ကျီးမရဲ့အသံပါ။ ဆင်ထိန်း
တွေက ကျီးမရဲ့သားကို မောင်းထုတ်ပြီး အသိုက်ကိုဖျက်
ဆီးပစ်လိုက်တာကြောင့် ညည်းတွားပြီး အော်မြည်တဲ့အ
သံဖြစ်ပါတယ်။
တတိယကြားရတဲ့အသံကတော့ ဃုဏအမည်ရှိတဲ့
ပိုးကောင်ရဲ့အသံပါ။ ဃုဏအကောင်ဟာ ပြဿဒ်ဆောင်
က တိုင်နံရံရဲ့အကာကို စားပြီးလာခဲ့တာ တဖြည်းဖြည်း
အနှစ်ကိုရောက်တော့ မစားနိုင်ပဲ အော်မြည်တဲ့အသံဖြစ်
တယ်။
စတုတ္ထ အသံကတော့ ဥဩငှက်မရဲ့အသံပါပဲ။ ဥ
ဩငှက်မတစ်ကောင်ကိုဖမ်းပြီး လှောင်ချိုင့်ထဲထည့်ထား
လိုက်တာကြာတော့ တောကိုလွမ်းပြီး အော်မြည်တဲ့အသံ
ပဲ။
ပဥ္စမအသံကတော့ မင်းကြီးရဲ့အိမ်တော်မှာမွေး
ထားတဲ့ သမင်ဖိုရဲ့အသံပါ။ သမင်ဖိုဟာ တောထဲမှာကျန်
တဲ့ သမင်မကိုလွမ်းတာကြောင့် အော်မြည်တဲ့အသံဖြစ်
တယ်။
ခြောက်ခုမြောက်အသံကတော့ နန်တော်မှာမွေးထာ
းတဲ့ မြောက်ရဲ့အသံပါ။တောထဲကနေပြီး မုဆိုးဖမ်းလာ
တဲ့မြောက်ဖိုဟာ တောထဲမှာ ကျန်ရစ်တဲ့ မြောက်မကိုလွမ်
းဆွတ်ပြီး အော်တဲ့အသံပါ။
ခုနှစ်ခုမြောက်ကြားရတဲ့အသံကတော့ အသင်မင်း
ကြီးရဲ့ နန်းတော်ထဲမွေးထားတဲ့ ကိန္နရာ ဖိုရဲ့အသံပါ။ ကိ
န္နရာဖိုဟာ ကျန်ရစ်ခဲ့တဲ့ ကိန္နရာမကို လွမ်းဆွတ်ပြီးအော်
မြည်တာပါ။
ရှစ်ခုမြောက်အသံကတော့ ပစ္စေကဗုဒ္ဓရဲ့အသံပါ။ န
န္နမူလိုဏ်ဂူမှာ သီတင်းသုံးနေတဲ့ ပစ္စေကဗုဒ္ဓ ါဟာ မိမိရဲ့
အသက်ကုန်ခန်းတော့မှာသိလို့ ဗာရာဏသီမင်းကြီးရဲ့ ဥ
ယျာဥ်တော်အတွင်းမှာ ခန္ဓာဝန်ချဖို့ အကြွမှာ မင်းကြီးရဲ့
နန်ပြဿဒ်အထက်ရောက်တော့ ဝမ်းမြောက်ဝမ်းသား
ဥဒါန်းကျူးရင့်လိုက်ပါတယ်။ အဲ့ဒီရှစ်ခုမြောက်အသံဟာ
ပစ္စေကဗုဒ္ဓရဲ့ ဥဒါန်းကျူးရင့်တဲ့အသံလို့မှတ်။ ဒီအသံရှ
စ်မျိုးကြောင့် အသင်မင်းကြီးမှာရော တိုင်သူပြည်သား
တွေမှာပါ အန္တရာယ်တစ်စုံတစ်ရာ ဖြစ်ပေါ်လာမှာ မဟုတ်
ပါဘူးလို့ ဘုရားအလောင်းတော်က မိန့်ကြားလိုက်ပါတယ်
ဒီလိုဆိုရင် သူဘာသာသူမြည်တဲ့အသံကို ပုဏ္ဏား
တွေက ရမ်းပြီးတော့ နိမိတ်ကောက်တယ်လို့ ဆိုရတော့
မှာပေါ့ဘုရား
ဟုတ်တယ်ဒကာကြီး သိပ်ဟုတ်တယ်။
ဒီလိုဆိုရင် မြင်ရကြားရသမျှတွေမှာ အတိတ်နိမိတ်
ကောက်ယူပြီး ကျင့်သုံးနေရင် အယူမှားမှု မိစ္ဆာဒိဋ္ဌိ မဖြစ်
ဘူးလားဘုရား
ဟာ သိပ်ဖြစ်တာပေါ့ဒကာကြီး ဒါ့ကြောင့်နိမိတ်ကျမ်
း အင်္ဂဝိဇ္ဇာ ကျမ်း ဗေဒင်ကျမ်း လောကသင်္ဂတကျမ်းများ
ဟာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေနေတစ်ခုခုကို ဘန်းပြ
ပြီး လူတကာရဲ့စိတ်ကို ချုပ်ခြယ်ထားခြင်းသာဖြစ်တယ်
။ အဲ့ဒါကြောင့် အဲ့ဒီပညာရပ်တွေကို မဂ်ညာဏ်ဖိုလ်ညာ
ဏ်ရဖို့ရာ ဖီလာကန့်လန့် ဖြစ်နေတာကြောင့် ဖီလာကန့်လ
န့် ဖြစ်နေတာကြောင့် မြတ်စွာဘုရားက တိရိစ္ဆာနဝိဇ္ဇာ
(မဂ်ဖိုလ်နိဗ္ဗာန်)သို့ ဆန့်ကျင်သွေဖည် ကန့်လန့်သွားတတ်
တဲ့အကျင့်လို့ ဟောထားပါတယ်။ ဒကာကြီးလည်း ဗေဒင်
လျှောက်ဟောတာတို့ အတိတ်နိမိတ်ပေးပြီး ချဲကဏန်း
ပေးတာတို့ မလုပ်နဲ့နော်
မလုပ်ပါဘူးဘုရား အရှင်ဘုရားလည်း တရားဟော
ဖို့အချိန်နီးနေပြီ တပည့်တော်ဦတင်ပါတယ်ဘုရား
သာဓုဒကာကြီး သာဓု သာဓု
ဆက်ပါဦးမည်။
အတိတ်နိမိတ် ယုံကြည်စိတ် ကွယ်ပိတ် အယူမှန်။ ။

ที่อยู่

Bangkok
1976

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Naing Dhamma pageผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Naing Dhamma page:

แชร์