04/09/2026
👨🏻💻“ Freelance လုပ်ရင်း ထိုင်းမှာ (၅) နှစ်နေလို့ရမယ့် DTV Visa”✅✅
🇹🇭ထိုင်းမှာ ရောက်နေစဉ်အတွင်း ရေရှည်တရားဝင်နေထိုင်ဖို့ Visa အမျိုးအစားတွေ ရှာနေပါသလား…❓
ဒါဆိုရင်တော့ ၂၀၂၄ ဘတ်ဂျက်နှစ်ကမှ စတင်မိတ်ဆက်လိုက်တဲ့ DTV Visa (Destination Thailand Visa) အကြောင်းကို မသိလို့ မဖြစ်ဘူးနော်..
👉DTV Visa ဆိုတာ ဘာလဲ၊ ဘယ်သူတွေ လျှောက်လို့ရလဲဆိုတာကို သဲသဲကွဲကွဲ သိရအောင် စုစည်းဖော်ပြပေးလိုက်ပါတယ်။
📌 DTV Visa ရဲ့ ထူးခြားချက်များ
• သက်တမ်း ၅ နှစ် အထိ ရရှိမည်။
• တစ်ကြိမ်ဝင်ရင် ၁၈၀ ရက် (၆ လ) အထိ တရားဝင် နေထိုင်ခွင့်ရမည်။
• ၁၈၀ ရက် ပြည့်ခါနီးတိုင်း ထိုင်းနိုင်ငံအတွင်းမှာတင် သက်တမ်း ၁ ကြိမ် ထပ်တိုးနိုင်သလို၊ နယ်စပ်ထွက်ပြီး ပြန်ဝင်ရုံနဲ့လည်း နောက်ထပ် ၁၈၀ ရက် ထပ်မံရရှိမည်။
• ဇနီး/ခင်ပွန်းနဲ့ အသက် ၂၀ အောက် သားသမီးများကိုပါ တွဲဖက်လျှောက်ထားပေးနိုင်သည်။
💡 ဘယ်သူတွေ လျှောက်ထားနိုင်လဲ
၁။ Digital Nomad & Remote Workers: အင်တာနက်ရှိရုံနဲ့ ဘယ်နေရာကမဆို အလုပ်လုပ်နေသူများ (FreeLancer, Online Business, Tech Workers)
၂။ Soft Power Activities: ထိုင်းမွေထိုင်းသင်တန်း၊ ထိုင်းချက်ပြုတ်နည်းသင်တန်း၊ ဆေးကုသမှု ခံယူသူများ၊
⚠️ အရေးကြီးတဲ့ လျှောက်ထားရန် လိုအပ်ချက်များ
• ဘဏ်စာရင်းထဲတွင် အနည်းဆုံး ဘတ် ၅ သိန်း (သို့မဟုတ်) အမေရိကန်ဒေါ်လာ ၁၅,၀၀၀ ခန့် သေချာပြသနိုင်ရမည်။
• သက်ဆိုင်ရာ ကုမ္ပဏီမှ အလုပ်လုပ်ကိုင်ကြောင်း ထောက်ခံစာ (သို့မဟုတ်) သင်တန်းတက်ရောက်ကြောင်း အထောက်အထားများ ပြည့်စုံရမည်။
🚨DTV Visa ဟာ စည်းကမ်းချက်နဲ့ စာရွက်စာတမ်း အထောက်အထား မှန်ကန်စွာ ပြင်ဆင်နိုင်ရင် ရေရှည်အတွက် အလွန် အသုံးဝင်ပြီး အဆင်ပြေတဲ့ Visa တစ်ခုဖြစ်ပါတယ်။
✅သင်နဲ့ သင့်တော်တဲ့ Visa အမျိုးအစား ဟုတ်/မဟုတ် ပညာရှင်တွေနဲ့ သေချာ တိုင်ပင်ဆွေးနွေးပြီးမှ လျှောက်ထားဖို့ အကြံပြုပါရစေ။
👉 သင့်ရဲ့ လက်ရှိအခြေအနေနဲ့ DTV Visa လျှောက်ထားလို့ ရ၊ မရ အခမဲ့ ဆွေးနွေးတိုင်ပင်ချင်ရင်တော့ အခုပဲ All in one bangkok facebook Page Messenger (သို့မဟုတ်) Viber မှတစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။
ဆက်သွယ်ရန်
Phone: 0811080477
Viber : +66 0811080477
LINE ID: painghein1997
i 📞