29/08/2025
ဒီနေ့ကစပြီးပျော်ပျော်ရွှင်ရွှင်နေရမယ်"
ဒီနေ့က စပြီး....
ဘဝ ထဲက မလိုအပ်တဲ့ အရာတွေ ပယ်မယ်"
ဟောင်းနွမ်းနေတဲ့ အတိတ်တွေကို မေ့ထားမယ်"
လိုသုံးကင်းတဲ့ ပတ်ဝန်းကျင်ကို ရှာမယ်
အနာပေးတဲ့ လက်တွေဆို လွှတ်ချပစ်မယ်
ကတိမတည်တဲ့ စကားတွေကို နားမထောင်ပဲ
အပေါ်ယံလောက်ပဲ ချိုတဲ့ အပြုံးတွေကို
မျက်ကွယ်ပြုထားလိုက် မယ်"
တတ်နိုင်ဆုံးဝေဖန်မှုများတဲ့ အရပ်တွေကို
မသွားဖြစ်အောင် ရှောင်မယ်
သစ္စာမဲ့တဲ့
ဆက်ဆံရေးတွေ ကျောခိုင်းမယ်"
ဝမ်းနည်းခြင်းမရှိတဲ့ ဇာတ်လမ်းတွေကြည့်မယ်"
နားလည်မှု ရှိတဲ့ မျက်ဝန်းကို ငေးမယ်"
ခွန်အားပေးဖြစ်တဲ့
သီချင်းတွေ နားထောင်မယ်"
စိတ်ထားလှတဲ့ သူတွေနဲ့ စကားတွေ ပြောမယ်"
အထီးမကျန်စေတဲ့ လမ်းကို လျှောက်ပြီး
ရင့်ကျက်မှုတွေ ပေးတဲ့ စာအုပ်တွေ ဖတ်မယ်
အမြင်မရိုင်းတဲ့ အဝတ်ကို ဝတ်ပြီး
လွှတ်လပ်မှုနဲ့စိတ်ထွက် ပေါက်ရှာမယ်"
တန်ဖိုးမသိတဲ့
နေရာကနေ လှည့်ထွက်လာပြီး
တန်ဖိုးထားတဲ့ အရပ်အဝန်းလေးမှာ
လှလှပပလေး ရှင်သန်မယ်"
အပြောင်းအလဲမြန်တဲ့
အပေါင်း အသင်းတွေ လျော့ပြီး
မိဘတွေနဲ့ စကားပိုပြောမယ်
မိသားစုကို အချိန်ပိုပေးမယ်"
တစ်ခါတလေ ကိုယ့်အတ္တကို
ပြန်တိုက်ရတဲ့ စစ်ပွဲဟာ ပြင်းထန်လွန်းလို့
သံယောဇဉ်ကို ဥပေက္ခာပြုထားတဲ့
နှောင်ကြိုးတွေဆို ဖြတ်တာက်ပစ်မယ်
အလုပ်တစ်ခုခုကို
ယုံကြည်မှုရှိရှိ စိတ်ပါ လက်ပါ လုပ်မယ်"
ထမင်း ဖြူဖြူလေး တွေ စားပြီး
စိတ်ထားလေးကို ဖြူအောင်ထားမယ်"
တိုတောင်းလွန်းတဲ့ လူ့ဘဝ ဒီခဏလေးမှာ...
နေရတုန်း ပျော်ပျော် ရွှင်ရွှင်ပဲ နေသွားတော့မယ်"
#မြန်မာပြည်သူ