Nan Chaw ဗဟုသုတ အနေနဲဖတ်ပါ

"တစ်နှစ် အတွင်း မိမိကိုယ်ကို ဘယ်လိုပြောင်းလဲမလဲ?"တစ်နှစ်အတွင်း မိမိကိုယ်ကိုဘယ်လိုပြောင်းလဲမလဲ?လက်ရှိအလေ့အကျင့်တွေ၊ စိတ်ဓ...
24/05/2025

"တစ်နှစ် အတွင်း
မိမိကိုယ်ကို ဘယ်လိုပြောင်းလဲမလဲ?"

တစ်နှစ်အတွင်း မိမိကိုယ်ကို
ဘယ်လိုပြောင်းလဲမလဲ?

လက်ရှိအလေ့အကျင့်တွေ၊ စိတ်ဓာက်
အနေအထားတွေ၊လုပ်ဆောင်ချက်တွနဲ့
ဖန်တီးလို့မရဘူ။

မလိုအပ်တာတွေကိုထားခဲ့ရမယ်၊
ပြောင်းလဲသင့်တာတွေကို ပြောင်းလဲရမယ်၊
လုပ်သင့်တာတွေကိုလုပ်ရမယ် လူတစ်ယောက်
အနေနဲ့ မိမိကိုယ်ကိုပြောင်းလဲတော့မယ်
ဆိုရင် ချက်ချင်းကြီးပြောင်းလဲလို့မရဘူ။

ပြီးရင် ဒီလိုပြောင်းလဲတဲ့အခါမှာ
စိတ်ရှည်ရတယ်၊စည်းကမ်းရှိဖို့ လည်းလိုပါတယ်။

ဒီနေ့မှာတစ်နှစ်အတွင်း လူတွေမမှတ်မိနိုင်လောက်အောင် တိုးတက်ပြောင်းလဲသွားတဲ့
လူတစ်ယောက်ဖြစ်ဖို့ လိုက်နာရမယ်
အကြောင်းအရာတွေကို ကြည့်ကြရအောင်

1စာဖတ်ပါ📚

လူတစ်ယောက်ရဲ့ ဘဝအောင်မြင်မှု၊တိုးတက်မှု
အပိုင်းမှာ စာဖတ်ခြင်းဟာ အရေးပါတဲ့
အခန်းကနေ ပါဝင်ပါတယ် ကိုယ့်အတွက်
အကျိုးရှိစေမယ့် စာအုပ်တွေကို ဖတ်ဖို့လိုတယ်။

ကိုယ့်လုပ်ငန်း ကိုယ်အသက်မွေးဝမ်းကြောင်း
လုပ်ငန်းအတွက် အကျိုးရှိစေမယ့်
စာအုပ်တွေကိုဖတ်ရမယ် စာအုပ်တစ်အုပ်မှာ
စားမျက်နှာ၃၀၀ပါတယ်ဆိုပါစို့။

ခုမှ စ ဖတ်မယ့်သူအတွက် အများကြီးဘဲ
သို့သော် တစ်နေ့ကို စာမျက်နှာ၂၀ဘဲဖတ်မယ်ဆိုရင် ရက်၂၀ပြည့်တာနဲ့ စာအုပ်တစ်အုပ်ဖတ်ပြီးပြီး။

ဒါကြောင့် နေ့စဉ် စားဖတ်မဲ့အကျင့်ကို မွေးမြူပါ။
အပြုသဘောဆောင်တက်တဲ့စိတ်ဓာတ်ကို
လေ့ကျင့် မွေးမြးပါလူတိုင်မှာ အခက်အခဲဆိုတာရှိတယ်၊ ပြသနာ ဆိုတာရှိတယ်အခက်အခဲတစ်ခုခုတွေ့တိုင်း စိတ်ရှုပ်တက်တဲ့ အကျင့်ကို ဖျောက်ပြီး ဒီအခက်အခဲကို ဘယ်လိုဖြေးရှင်မလဲဆိုတဲ့ စိတ်မွေးဖို့ လိုတယ်။

နောက်တစ်ချက်က Facebookတို့ YouTube တို့မှာ ရှိတဲ့ လူ တွေကို
စိတ်ခွန်အားပေးတဲ့ ဗီဒီယိုတွေကို
ကြည့်ရှုနားဆင်သင့်တယ်။

2အပေါင်းအသင်းရွေးပါ

လူတစ်ယောက်ရဲ့ အောင်မြင်ခြင်း တိုးတက်ခြင်းဟာ သူရွေးချယ်တဲ့ အပေါင်းအသင်းတွေပေါ်မှာ အများကြီး မူတည်တယ်။

အမြဲသောက်စားနေတဲသူတွေနဲ့ပေါင်းရင်
ခဗျားလည်း တစ်ဖြည်းဖြည်း သောက်စားတက်လာမယ် စီးပွါးရေးသမားတွေနဲ့ပေါင်းရင်
ခဗျားလည်း စီးပွါးရေးသမားဖြစ်လာမှာဘဲ
လူဆိုတာ တူရာစုတဲသဘောရှိပါတယ်။

ဒိးတော့ ကိုယ်တိုင်ကလည်း အပေါင်းအသင်းကောင်းတစ်ယောက်ဖြစ်ဖို့ အရေးကြီးတယ်။

ပျော်ရှင်စေမယ့် အရာတွေကို လုပ်ပါ ဒီလိုပြောလို့ အရက်တွေဆေးလိပ်တွေ သောက်မနနဲဦး
တစ်ယောက်ထဲရှိတဲ့အချိန် ဘယ်အရာတွေက
ငါ့ကိုပျော်စေလဲဆိုတဲ့ မေးခွန်းကို မေးပါ။

ခရီးတွေထွက်ချင်းလာ ခရီးထွက်လိုက်
ဂီတာတီးသင်တန်း တက်ချင်းလား?တက်လိုက်

တစ်ခြားသူတွေ ကိုယ့်ကို ဘယ်လိုမြင်မလဲ?
ဘယ်လိုတွေးမလဲ?ဆိုတာ‌တွေကို ခေါင်းထဲကထုတ်ထားလိုက် ကိုယ်ပျော်စေမယ့်အရာတွေကို စလုပ်ပါ

3အလေ့အကျင့်ဆိုးတွေကို ဖျောက်ပါ

မိမိကိုယ့်ကို ပြောင်းလဲတော့မယ်ဆိုရင်
အရင်က အလေ့အကျင့်ဆိုးတွေကို ထားခဲ့ရတော့မယ် အချိန်ဆွဲတက်တယ်ဆိုရင် လုပ်စရားပေါ်လာတဲ့အခါ ချက်ချင်း ထလုပ်လိုက်ပါ
အိပ်ယာစောစောမထဘူးဆိုရင် ညကို စောစောအိပ်ပြီ အိပ်ယာ စောစောထနိုင်းအောင်လေ့ကျင့်ပါ လမ်းဘေးစာတွေ ဆီးကြော်စာတွေ အမြဲစားနေတယ်ဆိုရင် အဲအစား၊အသီးအရွက် များများပြောင်းစားပါ

အားကစားလုပ်ရမှာ ပျင်းတယ်ဆိုရင် Gymမှာသွား ကစား တာဖြစ်ဖြစ် ၊လမ်းလျောက်တာဖြစ်ဖြစ် စလုပ်ပါ ကျမ်းမာရေးကို
ဦးစားပေးပါ

လူတသ်ယောက်ရဲ့ ကျမ်းမာရေးဟာ သူစားတဲ့
အစားအသောက်အပေါ်မှာ အများကြီးမူတည်ပါတယ် ဒီးတော့ ဆီကြော်စာတွေ၊လမ်းဘေးစာတွေစားမယ့် အစား အသီးအရွက်များများစားပါ

4အားကစားလုပ်ပါ

ခြေလှမ်းပေါင်း၁၀၀၀၀ပြည့်အောင်
လျောက်ပါ အိပ်ရေး ဝဝအိပ်ပါ
အရာရာကို ရင်ဘက်ကြီးနဲ့ မခံစားနဲ့
ခဗျားယုံးကြည်ရပါတယ် ဆိုတဲ့လူတွေရဲ့နောက်ကျော့ကို ဓားနဲ့ထိုးတာတွေ ခံရမယ်

ချစ်ရသူနဲ့ စွန့်ပြစ်ခြင်းကိုလည်း ခဗျားခံရမယ်
ဘာတွေဘဲဖြစ်ဖြစ် ရင်ဘက်ကြီးနဲ့ မခံစားပါနဲ့
သူလုပ်ရက်သေးတာဘဲ မကောင်းတဲ့သူတွေကို
ဘဝထဲကနေ ထုပ်ပစ်လိုက်ပါ။

5.Skillအသ်အသစ်တွေကို အမြဲသင်ယူပါ

ခဗျားမှာ မရှိသေးတဲ့ ဈေးကွက်မှာ
လိုအပ်နေတဲ့Skillတွေကို Vedio editing
ပညာရပ်တွေ မတက်သေးဘူးလာ?
သင်ယူလိုက်ပါ ပြီးရင် လုပ်ငန်းခွင်းမှာ
ပြန်အသုံးချ ဒါဟာ ခဗျားဘဝ ခဗျားဝင်ငွေးကို
တိုးတက်စေမယ့် အကောင်းဆုံးနည်းလမ်းဘဲ ။

6.တရားထိုင်ပါ

တစ်နေ့ကိုအနည်းဆုံး ၅မိနစ် တရားထိုင်ပါ
တရားထိုငိခြင်း အားဖြင့် စိတ်ဖိအားတွေ
လျော့လာမယ် စိတ်ကျရောဂါကို ကာကွယ်ပြီး
သားဖြစ်မယ်အာရုံးစူးစိုက်မှုပိုကောင်းလာမယ်
စိတ်ခံစားချက်တွေ ပိုတည်ငြိမ်းလာမယ်
မကောင်းတဲံအတွေးတွေကို ရှင်းထုတ်နိုင်လာမယ်။

အကောင်းဆုံး ကတော့ ကိုယ်ကိုကိုယ်တိုးတက် အောင်မြင် စေမယ့် စားအုပ်တွေဖတ်ဖို့လိုအပ်ပါတယ်။

☘️

"ချစ်တာနဲ့ ကြိုက်တာ တူလား"ချစ်တာနဲ့ ကြိုက်တာ တူလား။တစ်ကယ်တော့ ချစ်တာနဲ့ ကြိုက်တာ မတူးပါဘူး။တူမလိုလိုနဲ ကွာခြားတယ်လို့ ပြ...
23/05/2025

"ချစ်တာနဲ့ ကြိုက်တာ တူလား"

ချစ်တာနဲ့ ကြိုက်တာ တူလား။တစ်ကယ်တော့ ချစ်တာနဲ့ ကြိုက်တာ မတူးပါဘူး။တူမလိုလိုနဲ ကွာခြားတယ်လို့ ပြောရမယ်။ ကြိုက်တာဆိုတာ သူအရပ်‌ရှည်လို့၊ပိုက်ဆံရှိလို့၊ပညာတက်လို့၊တော်လို့၊ပါးချိုင့်ပါလို့၊ခန်နာကိုယ် အနေအထားလှလို့၊မျက်လုံးဝိုင်းဝိုင်းလေးနဲ့ လှလို့၊ဝတ်စားတာ ဖက်ရှင်ကျလို့၊အပြုံးလေးအေးချမ်းလို့။

ချစ်တယ်ဆိုတာ သူအသားအရေ ဖြူးလည်းဖူးမယ်၊ညိုလည်း ညိုးမယ်၊body shapeမရှိဘူး။အရပ်ပုချင် ပုနေမယ်။ဝတ်စားတာလည်း သာမန်ဘဲ၊ အရမ်းလှတဲ့အထဲ မပါဘူ၊အားနေ စိတ်ဆိုး စိတ်ကောက်တာ ရှိမယ်။ စိတ်တိုလွယ်မယ်။အစားဆိုးလည်း စားနိုင်သလာမမေးနဲ့၊ဝက်ခြံရှိလည် ဘာမှမလိမ်းဘဲ လာတွေ့တဲ့ပုံစံကို ချစ်တယ်။🤍

#မိုကောင်းမြေစာပေ

"ဒီးကဘာကြီးထဲက"  လူတွေကို စိတ်ကောင်းရှိစေချင်တယ်ကိုယ်ချင်းစာစိတ်ရှိစေချင်တယ်သစ်ပင် ပန်းပင်တွေကို ချစ်မြတ်နိုးပြီးစာများမ...
23/05/2025

"ဒီးကဘာကြီးထဲက"
လူတွေကို စိတ်ကောင်းရှိစေချင်တယ်

ကိုယ်ချင်းစာစိတ်ရှိစေချင်တယ်
သစ်ပင် ပန်းပင်တွေကို ချစ်မြတ်နိုးပြီး
စာများများဖတ်စေချင်တယ်။

ဘဝအတွက် ငွေ ထက်
ကိုယ်ကျင့်သိက်ခါနဲ မေတ်တာတရားကိုပဲ
အလေးအနက်ထားစေချင်းတယ်။

လူလူချင်း မနာလိုစိတ်ကင်းပြီး
လောကကြီးကို အေးချမ်းစေချင်ပါတယ်။

🤍☘️

"နေထွက်ချိန်ကို မြင်နိုင်ဖို့   နည်းနည်းတော့ စောစောထရမာပေါ့"ဘာသာစကားသစ်တွေ သင်ယူပါကွန်ဗျူတာသင်တန်းတွေတက်ပါ။ဂီတာတီးရတာ သဘ...
23/05/2025

"နေထွက်ချိန်ကို မြင်နိုင်ဖို့
နည်းနည်းတော့ စောစောထရမာပေါ့"

ဘာသာစကားသစ်တွေ သင်ယူပါ
ကွန်ဗျူတာသင်တန်းတွေတက်ပါ။

ဂီတာတီးရတာ သဘောကျရင် ဂီတာတီးသင်ပါ
ပန်းကလေတွေကို ချစ်ရင်
မခူးဆွတ်ခြင်းဖြင့်မြက်နိုးပေပါ။

ခရီးသွာရတာ ကြိုက်နှစ်သက်ရင်
ငယ်ရွယ်တုန်းလေး ခရီးတွေ သွားပါ။

အလုပ်တွေကြိုးစားပီုး
အိမ်မက်တွေကိုအကောင်အထည် ဖော်ပါ။

ပြည့်စုံလာတဲ့တစ်နေ လိုအပ်နေတဲ့
လူတစ်ချို့ရဲ့ဘဝကို ဖေးမကူညီးပါ။

လဲကျရင်ပြန်ထ ပင်ပန်းရင် အနားယူပါ။
ဝမ်းနည်းစရာရှိရင် ပျော်ရွှင်ဖူးတဲ့
နေ့ရက်တွေကို သတိရပါ။

မအောင်မြင် သေးခင်မှာ ကိုယ်ကိုစွန့်ခွာသွားတဲ
သူနဲ ကိုယ့်အနားရှိ နေပေးတဲ့သူကို ကောင်
ကောင်း မှတ်ထားပါ။

စိတ်ကို ဖြူစင်အောင်ထား ကိုယ့်စိတ်ကို အရောင်ဆိးမဲ့သူတွေကို ဝေးဝေးရှောင်ပါ။

မှားမှား မှန်မှန် ဖြေရှင်ချက်‌တွေမပေးနက်။
အချိန်က စကားပြော လိမ့်မယ်။

ကိုယ်‌လျှောက်က်မဲ့ လမ်းကိုသာ
အေးအေးဆေးဆေး ဆက်လျှောက်ပါ။
ဘယ်သူကိုမှဂရုစိုက်စရာမလိုဘူး။

တစ်ခုခုဆို မလုပ်နိုင်းဘူး ဆိုးပြီး စိတ်ဓာတ်ကျမနေနဲ့။
မင်းလောက် ထက်မြက်တဲ့သူဆိုတာ မရှိဘူး။

ဒီကန်ဘာကြီးမှာ လိုအင်ဆန်ဒတွေ အားလုံးတော့ ပြည့်ဝမာ မဟုတါဘူး။

ဒါ‌ပေမဲ့ ကိုယ် ကျိုးစားသလောက်တော့
ကိုယ် အကျိုးခံစားခွင့် ရမှာပါ။

လှပတဲ့ နေထွက်ချိန်ကို မြင်နိုင်ဖို့
နည်နည်တော့ စောစောထရမာပေါ့။

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Nan Chawผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์