CoLive သင်နဲ့ အဆင်ပြေ ကိုက်ညီမဲ့ အခန်းဖော်တစ်ယောက်ကို ရှာဖွေလိုက်ပါ!

နိုင်ငံခြားသားတစ်ဥိီးအနေနဲ့ ဘန်ကောက် မှာ အခန်းငှားရင် ဘာ Document တွေ လိုမလဲ။ဘန်ကောက်က ကမ္ဘာလှည့်ခရီးသည်တွေတင်မကဘဲ Digit...
28/07/2026

နိုင်ငံခြားသားတစ်ဥိီးအနေနဲ့ ဘန်ကောက် မှာ အခန်းငှားရင် ဘာ Document တွေ လိုမလဲ။

ဘန်ကောက်က ကမ္ဘာလှည့်ခရီးသည်တွေတင်မကဘဲ Digital Nomad တွေ၊ နိုင်ငံခြားကျောင်းသားတွေနဲ့ Expats တွေ အခြေချ နေထိုင်ဖို့ အကြိုက်ဆုံး မြို့တစ်မြို့ ဖြစ်ပါတယ်။

ဒါပေမဲ့ နိုင်ငံခြားသားတစ်ယောက်အနေနဲ့ Bangkok မှာ ပထမဆုံးအကြိမ် အခန်း/အိမ် ငှားတော့မယ်ဆိုရင် ဘာစာရွက်စာတမ်းတွေ ပြင်ဆင်သွားရမလဲဆိုတာ ဝေခွဲမရဖြစ်နေတတ်ပါတယ်။

ပြင်ဆင်ထားရမယ့် အဓိက Document တွေနဲ့ သိထားသင့်တဲ့ အချက်အလက်တွေကို ဒီ Blog မှာ အသေးစိတ် မျှဝေပေးသွားပါမယ်။

ဘန်ကောက် မှာ အခန်းငှားတော့မယ်ဆိုရင် လိုအပ်တဲ့ စာရွက်စာတမ်း၊ ကုန်ကျစရိတ်နဲ့ TM30 ပြုလုပ်ပုံအဆင့်ဆင့်ကို အလွယ်...

Phra Khanong မှာ မိန်းကလေး အခန်းဖော် ရှာနေပါတယ်! 🏠🙋‍♀️အခန်းရှိပြီးသားပါ။🏙️နေရာ : Phra KhanongBang Chak (BTS အစိမ်းလိုင်း...
25/07/2026

Phra Khanong မှာ မိန်းကလေး အခန်းဖော် ရှာနေပါတယ်! 🏠🙋‍♀️
အခန်းရှိပြီးသားပါ။

🏙️နေရာ : Phra Khanong
Bang Chak (BTS အစိမ်းလိုင်း) နဲ့ လမ်းလျှောက်ရင် 5မိနစ်၊ လမ်းထိပ်မှာ 7/11 နဲ့ Day/Night Market လဲရှိပါမယ်။
🏠 Ac၊ ပန်ကာ၊ Facilities တွေမပါသေးပါ။
💰အခန်းခ တစ်လ 1500 + Deposit 1500 + Key card ဖိုး 120
စုစုပေါင်း 3120
မီး ၁ယူနစ် ၆ဘတ်၊ ရေ ၁ ယူနစ် ၁၇ဘတ် (ပြီးခဲ့တဲ့လက ရေ+မီး တစ်ယောက်ကို ၁၅၀ ဘဲကျပါတယ်)
🗓️ July လကုန်ကစပြီး move-inလို့ရပါတယ်

အခန်းပိုင်ရှင်အကြောင်း 🙋‍♀️
အားတဲ့အချိန်မှာ ဇာတ်ကားကြည့်တာ၊ သီချင်းနားထောင်တာတို့လုပ်လေ့ရှိပါတယ်။ နောက်ပိုင်း Guitarတီးပြီး သီချင်းဆိုတာမျိုးလေးလည်းလုပ်ဖို့ စီစဥ◌်ထားပါတယ်။
အိပ်ချိန်ကတော့ တစ်ခါတစ်လေ နည်းနည်းနောက်ကျတတ်ပါတယ်၊ အတူနေတဲ့အခန်းဖော်အဆင်ပြေအောင် ညနက်ရင် မီးအမှိန်လေးဘဲထွန်းပြီးနေတတ်ပါတယ်။

ဒီလို အခန်းဖော်မျိုးရှာနေပါတယ် 🔍
အေးဆေးပြီး Flexibleဖြစ်တဲ့ မိန်းကလေး အခန်းဖော်မျိုး လိုချင်ပါတယ်။
နှစ်ယောက်အတူတူသုံးရတဲ့ ရေချိုးခန်း၊အိမ်သာစတဲ့ common area တွေကို သန့်ရှင်းအောင်ထားတတ်တဲ့သူမျိုးဆို ရပါတယ်။

အခန်းပိုင်ရှင်နဲ့ အခန်းဓာတ်ပုံစတဲ့ အသေးစိတ်အချက်အလက်များကို အောက်ပါ လင့်ခ်မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ ⤵️
https://user.colive.info/UID1020122025

သင်နဲ့ ကိုက်ညီမဲ့ အခန်းဖော်တွေ ဖြစ်နိုင်မယ်လို့ယုံကြည်ရင် ကျွန်တော်တို့ Page Messenger မှာလာရောက်ဆက်သွယ်ပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 🧡

#အခန်းဖော် #ဘန်ကောက်

ဘာကြောင့် ထိုင်းမှာ လျှပ်စစ်စီးကရက် V**e က တရားမဝင်တာလဲ?ထိုင်းနိုင်ငံမှာ လျှပ်စစ်စီးကရက် (V**e) သောက်သုံးခြင်း၊ လက်ဝယ်ထာ...
11/07/2026

ဘာကြောင့် ထိုင်းမှာ လျှပ်စစ်စီးကရက် V**e က တရားမဝင်တာလဲ?

ထိုင်းနိုင်ငံမှာ လျှပ်စစ်စီးကရက် (V**e) သောက်သုံးခြင်း၊ လက်ဝယ်ထားရှိခြင်းနဲ့ တင်သွင်းခြင်းတွေဟာ ဘာကြောင့် တရားမဝင်ရတာလဲဆိုတာကို လူအများစု ဇဝေဇဝါ ဖြစ်လေ့ရှိကြပါတယ်။
"ဆေးလိပ်က တရားဝင်ရောင်းနေပြီး V**e က ဘာလို့ အဖမ်းခံနေရတာလဲ" ဆိုတဲ့ မေးခွန်းရဲ့ နောက်ကွယ်က အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲဆိုတာ ကြည့်ကြည့်ရအောင်...

ထိုင်းနိုင်ငံမှာ V**e (လျှပ်စစ်စီးကရက်) သောက်တာ ဘာလို့တရားမဝင်တာလဲ။ နောက်ကွယ်က အကြောင်းအရင်းများ၊ ဥပဒေ ပြစ်ဒဏ....

Phra Khanong မှာ မိန်းကလေးအခန်းဖော်ရှာနေပါတယ်။ အသေးစိတ်ကို https://app.colive.info/ မှာ အခမဲ့ register လုပ်ပြီး ဝင်ရောက်...
06/07/2026

Phra Khanong မှာ မိန်းကလေးအခန်းဖော်ရှာနေပါတယ်။
အသေးစိတ်ကို https://app.colive.info/ မှာ အခမဲ့ register လုပ်ပြီး ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Bang Chak (BTS အစိမ်းလိုင်း) နဲ့ လမ်းလျှောက်ရင် 5မိနစ်၊ လမ်းထိပ်မှာ 7/11 နဲ့ Day/Night Market လဲရှိပါမယ်။
🏠 Ac၊ ပန်ကာ၊ Facilities တွေမပါသေးပါ။ (Air cooler ပါပါတယ်)
💰အခန်းခ တစ်လ 1500 + Deposit 1500 + Key card ဖိုး 120
စုစုပေါင်း 3120 ‎

မီး ၁ယူနစ် ၆ဘတ်၊ ရေ ၁ ယူနစ် ၁၇ဘတ် (ရေ+မီး တစ်ယောက်ကို အလွန်ဆုံး၂၀၀လောက်ဘဲကျပါတယ်)

02/07/2026

CoLive App ကနေတစ်ဆင့် ဘယ်လိုမျိုး အဆင်ပြေကိုက်ညီမဲ့ အခန်းဖော်တစ်ဦးကို ရှာဖွေကြမလဲ။

#အခန်းဖော် #ဘန်ကောက်

01/07/2026

ဘန်ကောက်မှာ အခန်းဖော်ရှာနေသူတိုင်းအတွက် CoLive ရှိနေပါပြီ
သင်နဲ့အဆင်ပြေကိုက်ညီမဲ့ အခန်းဖော်တစ်ယောက်ကို CoLive မှာ အခမဲ့ ရှာဖွေချိတ်ဆက်လိုက်ပါ။
https://www.colive.info

သေချာမသိသေးတဲ့ သူစိမ်းတစ်ယောက် ကို အခန်းဖော်အဖြစ် ရွေးချယ်ပြီးမှ ကိုယ်နဲ့ သူနဲ့ အကြိုက်မတူလို့၊ နေထိုင်မှုပုံစံ မတူလို့ ...
30/06/2026

သေချာမသိသေးတဲ့ သူစိမ်းတစ်ယောက် ကို အခန်းဖော်အဖြစ် ရွေးချယ်ပြီးမှ ကိုယ်နဲ့ သူနဲ့ အကြိုက်မတူလို့၊ နေထိုင်မှုပုံစံ မတူလို့ စကားများရတာမျိုး၊ ဒါမှမဟုတ် အခန်းဖော်အသစ်ကို ထပ်ရှာနေရတာမျိုး ဆိုတာက...

နှစ်ဦးစလုံးအတွက် အချိန်တွေကုန်၊ ငွေတွေကုန်ပြီး လူလည်းပင်ပန်းရုံဘဲရှိပါတယ်။

ဒီလိုပြဿနာတွေကို အပြီးတိုင်ဖြေရှင်းဖို့...

လာမယ့် July 1 ရက်နေ့မှာ CoLive က ရောက်ရှိလာတော့မှာပါ။

ကိုယ်နဲ့ အဆင်ပြေကိုက်ညီမယ့် အခန်းဖော်ကောင်းတစ်ဦးကို လုံခြုံစိတ်ချရပြီး အလွယ်ကူဆုံး စနစ်နဲ့ ရှာဖွေချိတ်ဆက်နိုင်တော့မှာမို့

Stay Tuned! စောင့်မျှော်ပေးကြပါဦး။

ဘန်ကောက်ကို ပထမဆုံးအကြိမ် ပြောင်းရွှေ့အခြေချတော့မယ်ဆိုရင် စိတ်လှုပ်ရှားဖို့ကောင်းသလို "ငါတစ်လကို ဘယ်လောက်ကုန်မလဲ" ဆိုတဲ့...
13/06/2026

ဘန်ကောက်ကို ပထမဆုံးအကြိမ် ပြောင်းရွှေ့အခြေချတော့မယ်ဆိုရင် စိတ်လှုပ်ရှားဖို့ကောင်းသလို "ငါတစ်လကို ဘယ်လောက်ကုန်မလဲ" ဆိုတဲ့ မေးခွန်းကလည်း အမြဲခေါင်းထဲ ရောက်လာတတ်ပါတယ်။

ဘန်ကောက်ဟာ အာဆီယံမြို့ကြီးတွေထဲမှာ လူနေမှုအဆင့်အတန်း မြင့်မားပြီး သွားလာရလွယ်ကူသလို၊ အသုံးစရိတ်ကိုလည်း ကိုယ့်စိတ်ကြိုက် ချိန်ညှိလို့ရတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။

ဒီ Blog မှာတော့ ဘန်ကောက်မှာ ကျောင်းတက်နေသူတွေ ဒါမှမဟုတ် အလုပ်လုပ်နေသူတွေအတွက် လက်တွေ့ကျကျ တွက်ချက်ထားတဲ့ တစ်လတာ အသုံးစရိတ် လမ်းညွှန်ကို မျှဝေပေးထားပါတယ်။

ဘန်ကောက်မှာ အခြေချမယ့်သူတွေအတွက် တစ်လတာ ကုန်ကျနိုင်မဲ့ အသုံးစရိတ်၊ အိမ်လခ၊ စားစရိတ်၊ ရေခမီးခ စသဖြင့်။

MRT Tha Phra နားမှာ မိန်းကလေးအခန်းဖော် ရှာနေပါတယ်! 🏠🙋‍♀️အခန်းရှိပြီးသားပါ။🏙️နေရာ : MRT Tha Phra နားAC, Refrigerator, TV ...
02/06/2026

MRT Tha Phra နားမှာ မိန်းကလေးအခန်းဖော် ရှာနေပါတယ်! 🏠🙋‍♀️
အခန်းရှိပြီးသားပါ။

🏙️နေရာ : MRT Tha Phra နား
AC, Refrigerator, TV ပါပါတယ်၊ တိုက်က WiFi ချိတ်ပြီးသုံးလို့ရပါတယ်
💰အိမ်လခ : 9000 (+ Deposit 18000)
စုစုပေါင်း 27000 ကို တစ်ယောက်တစ်ဝက် 13,500 ပါ
(ရေဖိုးမီးဖိုး မပါသေးပါ -
မီး ၉ဘတ်၊ ရေ ၂၀ဘတ်၊ ရေက အနည်းဆုံး ၁၀၀ဘတ်ကစပါတယ်)
✅ TM30 ရပါတယ်
🗓️ June လ ပြောင်းလာလို့ရပါတယ်

အခန်းပိုင်ရှင်အကြောင်း 🙋‍♀️
ညီမက Intern ဆင်းနေတဲ့ကျောင်းသူတစ်ဥိီးပါ၊ အားလပ်ချိန်မှာ ဟင်းချက် / ရုပ်ရှင်ကြည့်တာတို့လုပ်လေ့ရှိပါတယ်။

ဒီလို အခန်းဖော်မျိုးရှာနေပါတယ် 🔍
လတိုနေမဲ့ မိန်းကလေးအခန်းဖော်ရှာနေတာပါ။ ၃လလောက် နေလို့ရပါတယ်။ ဆေးလိပ်သောက်တတ်သူဆိုရင် အပြင်မှာထွက်သောက်လို့ရပါတယ်

အခန်းပိုင်ရှင်နဲ့ အခန်းဓာတ်ပုံ စတဲ့အသေးစိတ်အချက်အလက်များကို အောက်ပါ လင့်ခ်မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ ⤵️
https://user.colive.info/UID1030052026

သင်နဲ့ ကိုက်ညီမဲ့ အခန်းဖော်တွေ ဖြစ်နိုင်မယ်လို့ယုံကြည်ရင် ကျွန်တော်တို့ Page Messenger မှာလာရောက်ဆက်သွယ်ပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 🧡
#အခန်းဖော် #ဘန်ကောက် See less

Regent Home (On Nut)မှာ မိန်းကလေးအခန်းဖော် ရှာနေပါတယ်! 🏠🙋‍♀️အခန်းရှိပြီးသားပါ။🏙️နေရာ : Regent Home (On Nut)1 bedroomFaci...
29/05/2026

Regent Home (On Nut)မှာ မိန်းကလေးအခန်းဖော် ရှာနေပါတယ်! 🏠🙋‍♀️
အခန်းရှိပြီးသားပါ။

🏙️နေရာ : Regent Home (On Nut)
1 bedroom
Facilities အစုံ၊ Gym နဲ့ ရေကူးကန် ပါပါတယ်
💰အိမ်လခ : တစ်ယောက်ကို 5000 (+ Deposit 5000)
🗓️ June လကုန်လောက် ပြောင်းလာလို့ရပါတယ်

အခန်းပိုင်ရှင်အကြောင်း 🙋‍♀️
ညီမက Hotel receptionist ပါ။ အလုပ်က နေ့လည် 1 PM ထဲက သွားရပြီး ည 2 AM မှပြန်ရောက်တာမို့ အိမ်မှာသိပ်မရှိတတ်ပါဘူး။ အလိုက်အလျှောက်နေတတ်သူပါ။ အိမ်ပြန်လာရင်လည်း ကိုယ်လုပ်စရာလေးတွေ တိတ်တိတ်ဆိတ်ဆိတ်လုပ်ပြီးရင် အိပ်ရာဝင်တတ်ပါတယ်။

ဒီလို အခန်းဖော်မျိုးရှာနေပါတယ် 🔍
အပြန်အလှန်ညှိ့ယူလို့ရပြီး အေးအေးဆေးဆေးနေတတ်တဲ့ တစ်ယောက်ကိုတစ်ယောက်နားလည်ပေးနိုင်မဲ့ မိန်းကလေးအခန်းဖော်မျိုးလိုချင်ပါတယ်။
နှစ်ယောက်အတူတူသုံးရတဲ့ ရေချိုးခန်း၊အိမ်သာစတဲ့ common area တွေကို သန့်ရှင်းအောင်ထားတတ်တဲ့သူမျိုးဆို ရပါတယ်။
ကိုယ်ပိုင်ပစ္စည်းနဲ့ တခြားသူရဲ့ ပစ္စည်းကို ဂရုစိုက်ထိန်းသိမ်းတတ်ပြီး စနစ်တကျ နေတတ်တဲ့သူ ဆိုရင် အဆင်ပြေပါတယ်။

အခန်းပိုင်ရှင်နဲ့ အခန်းဓာတ်ပုံ စတဲ့အသေးစိတ်အချက်အလက်များကို အောက်ပါ လင့်ခ်မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ ⤵️
https://user.colive.info/UID3011122025

သင်နဲ့ ကိုက်ညီမဲ့ အခန်းဖော်တွေ ဖြစ်နိုင်မယ်လို့ယုံကြည်ရင် ကျွန်တော်တို့ Page Messenger မှာလာရောက်ဆက်သွယ်ပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 🧡
#အခန်းဖော် #ဘန်ကောက် See less

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ CoLive โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์