KO KO LAY MAUNG ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก KO KO LAY MAUNG, อสังหาริมทรัพย์, Near the Lumpini Police station, Bangkok.

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းမှာ တည်ရှိတဲ့ ရွှေနတ်ကယ်တောင် ဟာဒေသခံပြည်သူများအတွက် ဘာသာရေးယုံကြည်မှု၊ သမိုင်...
14/12/2025

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းမှာ တည်ရှိတဲ့ ရွှေနတ်ကယ်တောင် ဟာ
ဒေသခံပြည်သူများအတွက် ဘာသာရေးယုံကြည်မှု၊ သမိုင်းနောက်ခံတွေနဲ့ ချိတ်ဆက်နေတဲ့ အရေးပါသော နေရာတစ်ခုဖြစ်ပါတယ်။

“နတ်ကယ်” ဆိုတဲ့အမည်အတိုင်း
နတ်ကယ်နတ်မင်း ကာကွယ်စောင့်ရှောက်ရာနေရာလို့ ယုံကြည်ကြပြီး
တောင်ပေါ်မှာ ဘုရားစေတီများ တည်ရှိကာ ဘုရားဖူး၊ ဆုတောင်းလာရောက်သူများ မပြတ်ရှိနေပါတယ်။

ရှေးယခင်က မိုးရွာရေး၊ စိုက်ပျိုးရေးကောင်းမွန်စေရန်အတွက်
နတ်ပူဇော်ပွဲများ ပြုလုပ်ခဲ့ကြတဲ့နေရာလည်း ဖြစ်ပြီး
မြန်မာရိုးရာ ယုံကြည်မှုယဉ်ကျေးမှုကို ထင်ဟပ်စေတဲ့ တောင်တစ်လုံးလည်း ဖြစ်ပါတယ်။

တောင်ပေါ်မှကြည့်ရင်
လယ်ကွင်းများ၊ ရွာများကို ကျယ်ပြန့်စွာ မြင်နိုင်ပြီး
နေထွက်၊ နေဝင်အချိန်တွင် သဘာဝအလှအပက အထူးစိတ်ချမ်းသာစေပါတယ် 🌄

📍 ရွှေနတ်ကယ်တောင်
ဘာသာရေး၊ သမိုင်း၊ ယုံကြည်မှုတို့ ပေါင်းစည်းထားတဲ့
နတ်မောက်မြို့နယ်၏ တန်ဖိုးရှိသော ဒေသခံအမွေအနှစ်တစ်ခု ဖြစ်ပါတယ်။
ရွှေနတ်ကယ်တောင်သမိုင်းကြောင်းကို နောက်နေ့မှာ
ရေးသားပေးပါ့မယ် 🙏🙏🙏

---

#ရွှေနတ်ကယ်တောင်
#နတ်မောက်မြို့နယ်
#ဒေသခံအမွေအနှစ်
#သမိုင်းနဲ့ယုံကြည်မှု
#မကွေးတိုင်း

မင်္ဂလာရှိသော‌ နေ့ရက်လေးပါသူငယ်ချင်းတို့ရေ🙏🙏🙏
13/12/2025

မင်္ဂလာရှိသော‌ နေ့ရက်လေးပါ
သူငယ်ချင်းတို့ရေ🙏🙏🙏

 #ပုပ္ပါးတောင်ပုပ္ပါးတောင်ဆိုတာ မြန်မာနိုင်ငံရဲ့သဘာဝအလှ + သမိုင်း + ယုံကြည်မှုသုံးခုလုံးပေါင်းစည်းထားတဲ့ နေရာတစ်ခုဖြစ်ပါ...
13/12/2025

#ပုပ္ပါးတောင်

ပုပ္ပါးတောင်ဆိုတာ မြန်မာနိုင်ငံရဲ့
သဘာဝအလှ + သမိုင်း + ယုံကြည်မှု
သုံးခုလုံးပေါင်းစည်းထားတဲ့ နေရာတစ်ခုဖြစ်ပါတယ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းမှာ တည်ရှိပြီး
ပုဂံမြို့ကနေ ၅၀ ကီလိုမီတာခန့်သာဝေးပါတယ်။

ပုပ္ပါးတောင်ဟာ
🔥 မီးတောင်အဟောင်းတစ်ခု ဖြစ်ပြီး
အပေါ်ဘက်မှာ သစ်ပင်စိမ်းစိုမှုများကြောင့်
အိုအေစစ်တစ်ခုလို အေးချမ်းလှပပါတယ် 🌿

လူသိများဆုံးကတော့
🛕 ပုပ္ပါးတောင်မကြီး (Popa Taungkalat) ဖြစ်ပြီး
ကျောက်တောင်ငယ်တစ်ခုအပေါ်မှာ
ဘုရားနဲ့ နတ်ကွန်းများ တည်ရှိပါတယ်။
အဆင့် ၇၇၇ ဆင့်ခန့် တက်ရောက်ရပြီး
အပေါ်ရောက်ရင် ပတ်ဝန်းကျင်တောတောင်အလှကို
အပြည့်အဝမြင်နိုင်ပါတယ် 🌄

ပုပ္ပါးတောင်ဟာ နတ် ၃၇ ပါးရဲ့ အိမ် လို့ ယုံကြည်ကြပြီး
မဟာဂီရီနတ်မောင်နှမနဲ့ ဆက်စပ်တဲ့
ဒဏ္ဍာရီတွေ အများကြီးရှိပါတယ်။

နေဝင်ချိန်မှာတော့ 🌅
ပုပ္ပါးတောင်ရဲ့အလှက
စိတ်ကိုအေးချမ်းစေပြီး
ခရီးသွားတိုင်း မမေ့နိုင်တဲ့ အမှတ်တရဖြစ်စေပါတယ်။

📌 သဘာဝကိုချစ်သူများ
📌 သမိုင်းကိုစိတ်ဝင်စားသူများ
📌 ယုံကြည်မှုယဉ်ကျေးမှုကို လေ့လာချင်သူများ
အတွက် မသွားမဖြစ် သွားသင့်တဲ့နေရာတစ်ခု ဖြစ်ပါတယ်။
#ပုပ္ပါးတောင်

 #ပန်ထွာဘုရင်မ အပိုင်း ၂စည်တော်ကြီး ပျက်စီးသွားကြောင်း သိရှိသောအချိန်တွင် ဒွတ္တဘောင်မင်းမှ သူ၏တပ်ကိုစေလွှတ်၍ တိုက်ခိုက်စ...
10/12/2025

#ပန်ထွာဘုရင်မ အပိုင်း ၂

စည်တော်ကြီး ပျက်စီးသွားကြောင်း သိရှိသောအချိန်တွင် ဒွတ္တဘောင်မင်းမှ သူ၏တပ်ကိုစေလွှတ်၍ တိုက်ခိုက်စေသည်။ ဗိဿနိုးဘုရင်မသည် ထိုအချိန်မှ စည်တော်ကြီး ပျက်စီးသွားကြောင်းသိသဖြင့် မည်သို့မျှမတတ်နိုင်တော့ပေ။ နောက်ဆုံးတွင် ဒွတ္တဘောင်မင်းသည် ဗိဿနိုးကို သိမ်းပိုက်၍ ဗိဿနိုးဘုရင်မနှင့် လက်ဆက်ခဲ့သည်။

ဒွတ္တဘောင်မင်းကြီးအား လုပ်ကြံခြင်း

ဒွတ္တဘောင်မင်းကြီးသည် သိကြားမင်းပေးသော လှံစင်္ကြာနှင့် စဉ်ကြီးများကို ရရှိသော ဘုန်းကံရှင်မင်းတစ်ပါးဖြစ်၏။ နိုင်ငံတော် အရပ်ရပ်၌ တစ်နှစ်တစ်ကြိမ် အခွန်တော် ကောက်ခံတော်မူ၏။ အခွန်တော် မဆက်သသော လက်အောက်ခံမင်းများအား လှံစင်္ကြာတွင် စာဆွဲ၍ စေလွှတ်တောင်းခံ၏။ မင်းကြီး၏ ဘုန်းတန်ခိုးတော် ကြီးမားလှသောကြောင့် နဂါးပြည်မှပင် လာရောက်၍ အခွန်တော်ဆက်ရ၏။ ထိုသို့ဘုန်းတန်ခိုး ထက်တော်မူသော မင်းကြီးသည် ဗိဿနိုးဘုရင်မအား သိမ်းပိုက်လက်ဆက်ခဲ့သော်လည်း ပန်ထွာဘုရင်မသည်ကား အညှိုးအတေးထားတော်မူလေ၏။ တစ်နေ့တွင် ပန်ထွာမိဘုရား ဆက်သလိုက်သော မျက်နှာသုတ်ပုဝါကို သုတ်မိကတည်းက မှဲ့ရှင်ကွယ်၍ ဘုန်းတန်ခိုးနိမ့်ခဲ့ရသည်။ ထိုသို့ ဘုန်းတန်ခိုးနိမ့်ခဲ့သောကြောင့် မိမိပိုင် နိုင်ငံတော်အရပ်ရပ်၌ ဖောင်တော်စီး၍ အခွန်တော် လှည့်လည်ကောက်ခံရာ ပုသိမ်မြစ်ဝအလွန် နေဂရေအငူစွန်းသို့ရောက်လျှင် ဖောင်တော်နစ်မြုပ်၍ နတ်ရွာစံလွန်တော်မူခဲ့သည်။

ထူးဆန်းဖွယ်ရာအချို့

ဗိဿနိုးမြို့ဟောင်းတွင် ပေပင်များသည် နှစ်ထောင်ချီသက်တမ်းရှိသော်လည်း မကြီးထွားလျက် အသီးလည်းမသီးဖြစ်နေသည်။ ပန်ထွာဘုရင်မကြီး၏ ‘ငါလာမှကြီး ငါလာမှသီး’ ဆိုသော ဆုတောင်းကြောင့် ထိုဘုရင်မ လူပြန်မဖြစ်မချင်း ပေပင်များ အသီးမသီးနိုင်၊ လူ့အရပ်အတိုင်းအထွာထက် မကြီးထွားနိုင် ဖြစ်နေသည်ဟု ဆိုသည်။

ဗိဿနိုးမြို့ဟောင်းရှိ ဥယျာဉ်တွင် မူလက အင်ကြင်းပင်မရှိသော်လည်း ဗိဿနိုးနတ်မင်းကြီး၏အမိန့်ဖြင့် အင်ကြင်းပွင့်များသည် ဥယျာဉ်တော်အတွင်း အလိုလျောက်ရောက်လာသောကြောင့် အင်ကြင်းဥယျာဉ်ဟု ခေါ်ဆိုကြသည်။ ယခုတိုင် မည်သည့်နေရာမှ ရောက်ရှိလာသည်ကိုမသိသော အင်ကြင်းပွင့်များ မကြာခဏတွေ့ရှိလေ့ရှိသည်ဟု ဆိုကြသည်။ ပန်ထွာဘုရင်မတည်ခဲ့သော ရွှေရောင်တော်စေတီတွင် အင်ကြင်းပန်းများကို ဘုရားပန်းအဖြစ် လှူထားကြသည်ကို တွေ့မြင်နိုင်သည့်အပြင် ဘုရားရင်ပြင်တဝိုက်တွင်လည်း အင်ကြင်းပန်းများပြန့်ကြဲနေသည်ကို မြင်တွေ့နိုင်သည်။ ထိုဒေသတွင် အသားစားခြင်းနှင့် ဖရုသဝါစာ (မကြားဝံ့ မနာသာ ကြမ်းတမ်းသောစကားများ)၊ ပိသုဏဝါစာ (ကုန်းတိုက်စကားများ) ပြောဆိုခြင်းမှ ရှောင်ကြဉ်သင့်သည်ဟု ဒေသခံပြည်သူများက ပြောဆိုလေ့ရှိသည်။
#ဗိဿနိုးပြည့်ရှင်ပန်ထွာဘုရင်မ
#ဗိဿနိုး #သရေခေတ္တရာ

 #ဗိဿနိုးပြည့်ရှင်ပန်ထွာဘုရင်မမြန်မာ ရာဇဝင်များတွင် ဗိဿနိုးဘုရင်မ သည် ဗိဿနိုးပြည်ကို အုပ်ချုပ်သော ဘုရင်မဖြစ်၍ အလွန်ချောမ...
08/12/2025

#ဗိဿနိုးပြည့်ရှင်ပန်ထွာဘုရင်မ

မြန်မာ ရာဇဝင်များတွင် ဗိဿနိုးဘုရင်မ သည် ဗိဿနိုးပြည်ကို အုပ်ချုပ်သော ဘုရင်မဖြစ်၍ အလွန်ချောမောလှပသည်ဟု သတင်းကြီးပြီး အိမ်ထောင်မရှိဘဲ တစ်ဦးတည်း တိုင်းပြည်ကို အုပ်ချုပ်သည်ဟု ရှေးရာဇဝင်များက ဆိုကြပါတယ်

ဘဝဖြစ်စဉ်အရ
မဟာသမ္ဘဝနှင့် စူဠာသမ္ဘဝ မင်းသားနှစ်ပါးတို့ကို စက္ခုအလင်းရအောင် ကုစားပေးသော စန္ဒမုခိဘီလူးမတွင် လက်ကိုကိုင်တွယ်ခြင်း အစွန်းအညှိကြောင့် ပဋိသန္ဓေတည်ရှိခဲ့ရာ တောင်တွင်းကြီးမြို့ အနောက်ဘက် ၅ တိုင်ကွာသော တောအရပ်တွင် ဗိဿနိုးမင်းသမီးကိုဖွားမြင်ခဲ့ပါတယ် အတိတ်ဘဝဟောင်းက မောင်နှမတော်ခဲ့ဖူးသော ဗိဿနိုးနတ်မင်းက ကူညီ မစ ရာမှ အနီးနားရှိမြို့ရွာများကိုစုစည်းကာ ဗိဿနိုးမြို့ကိုတည်ထောင်ပြီး ဗိဿနိုးဘုရင်မဖြစ်လာခဲ့ပါတယ်

ဗိဿနိုးမြို့တွင် အလွန်ထူးခြားသော စည်တော်ကြီးတစ်လုံးရှိသည်။ အကယ်၍ ဗိဿနိုးအား ရန်သူများ လာရောက်တိုက်ခိုက်သောအခါ ဗိဿနိုးဘုရင်မသည် ထိုစည်တော်ကြီးကို တီးခတ်လိုက်ပါက ဗိဿနိုးမြို့ကိုဝန်းရံထားသော ရန်ပယ်ချောင်းရှိ ရေတံခါးကိုစောင့်ကြပ်သူများက ရေတံခါးကို ဖွင့်ချလိုက်သည်။ ထိုအခါ ရန်ပယ်ချောင်းအတွင်း ရေကြီးလာပြီး ရန်သူများ ဆုတ်ခွာသွားရလေ့ရှိသည်။ ဒွတ္တဘောင်မင်းကြီးသည် ဗိဿနိုးအား သူ၏ တပ်ကို စေလွှတ်၍ တိုက်ခိုက်ရန်ကြိုးစားသော်လည်း ထိုစည်တော်ကြီး၏ အစွမ်းကြောင့် အောင်မြင်နိုင်ခြင်းမရှိပေ။ သရေခေတ္တရာကို အုပ်ချုပ်သော ဒွတ္တဘောင်မင်းကြီးသည် ပန်ထွာဘုရင်မကို လက်ဆက်ရန် ကြိုးစားသော်လည်း မအောင်မြင်ပေ။

ဒွတ္တဘောင်မင်းမှ သူလျှိုစေလွှတ်ခြင်း
ဒွတ္တဘောင်မင်းသည် ထိုစည်တော်ကို ဖျက်ဆီးရန်အတွက် သူလျှိုတစ်ယောက်ကို တန်ခိုးရှင် ရသေ့ယောင်ဆောင်စေပြီး ဗိဿနိုးသို့စေလွှတ်သည်။ ထိုသူ၏ လှည့်စားမှုများကို ဗိဿနိုးဘုရင်မက ယုံကြည်သဖြင့် တန်ခိုးရှင်ဟု ထင်မှတ်ပြီး နန်းတော်တွင် ကိုးကွယ်ထားသည်။ ထိုအခါ ထိုရသေ့က ဘုရင်မကို အယုံသွင်း၍ သူ၏ အစွမ်းဖြင့် ထိုစည်တော်ကြီးကို ပို၍အစွမ်းရှိအောင် ပြုပြင်ပေးမည်ဟု လှည့်ဖျားသည်။ နောက်တစ်ခါရန်သူများ လာတိုက်ချိန်တွင် ထိုစည်တော်ကြီးကို တီးခတ်ပါက နတ်ဒေဝါတို့လာရောက်၍ ကူညီတိုက်ခိုက်ပေးရန် စီရင်ပေးမည်ဟု ဆိုသည်။ ဘုရင်မက ယုံကြည်၍ ပြင်ဆင်ရန် အပ်နှံသောအခါတွင် ထိုရသေ့က စည်တော်ကြီးကို ဖျက်ဆီး၍ ထွက်ပြေးတိမ်းရှောင်သွားလေသည်။
အပိုင်း၂ ဆက်ရန်...

#ပန်ထွာဘုရင်မ #ဗိဿနိုး
#သရေခေတ္တရာ #ပြည်မြို့

 #ရဝမ်လူမျိုးရဝမ်လူမျိုးများဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တရားဝင်အသိအမှတ်ပြု တိုင်းရင်းသားများတွင်ပါဝင်သော တရုတ်...
07/12/2025

#ရဝမ်လူမျိုး

ရဝမ်လူမျိုးများဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တရားဝင်အသိအမှတ်ပြု တိုင်းရင်းသားများတွင်ပါဝင်သော တရုတ်-တိဗက်အုပ်စုဝင် တိဗက်-ဗမာနွယ်လူမျိုးများဖြစ်သည်။ပူတာအိုချိုင့်ဝှမ်းလွင်ပြင်ဒေသ နောင်မွန် (ကဆန်ချောင်း) ချိုင့်ဝှမ်း ခေါင်လန်ဖူးဒေသ၊ မေခချိုင့်ဝှမ်း နှင့် ခရန်ခူး စသည့် ခါကာဘိုရာဇီ တောင်ခြေဒေသများတွင် နေထိုင်ကြသည်။ ရဝမ်လူမျိုးကို နုံလူမျိုးဟုလည်း ခေါ်ကြသည်။မြန်မာနိုင်ငံ အထက်ပိုင်း၊ ပူတာအိုနယ်တစ်ဝိုက်၊ တိဆန်၊ တမိုင်၊ တရုန်၊ အင်မိုင်ခ မြစ်ဝှမ်းတစ်လျှောက်နှင့် အကျန် မြစ်ဝှမ်းအောက်ပိုင်း တို့တွင် နေထိုင်ကြပါတယ်

ရဝမ်လူမျိုးတို့ကို ကချင်နှင့် ရှမ်းတို့က နုံလူမျိုး၊ သို့မဟုတ် ခနုံဟူ၍ ခေါ်လေသည်။ ရဝမ်ဟူသည်မှာ ဖြူစင်သော အဝတ်ကို ဝတ်သည့် လူမျိုးဟူ၍ အဓိပ္ပာယ် ရသည်။ မရူလူမျိုးတို့က ယင်းတို့ကို နိုင်ဗောင်းဟု ခေါ်၏။ တရုတ်တို့ကမူ ကျူးဇီဟု ခေါ်လေသည်။ ကျူးဇီမှာ ဧရာဝတီမြစ်ကမ်း၌ နေသူများဟု အနက်ရ၏။ ရဝမ်လူမျိုးတို့သည် ကိုယ်ကာယ ကြီးထွားတုတ်ခိုင်၍၊ အသားလတ်၏။ မေးရိုးကြီး၏။ နှာတံပေါ်၏။ ယောက်ျားရော မိန်းမပါ အဝတ်ဖြူ ဝတ်ကြသည်။ နုံလူမျိုးအကြီးအကဲများသည် ကြိမ်ဖြင့် ရက်၍၊ ဝက်စွယ်ဖြင့် တန်ဆာဆင်ထားသော ဦးထုပ်များကို ဆောင်းလေ့ရှိ၏။ လှံရှည်ကြီးများနှင့် ဓားလွယ်များကို ကိုင်ဆောင်ကြသည်။

နုံလူမျိုးများသည် အလုပ်နှင့်လက် ပြတ်သည်ဟူ၍ မရှိအောင် ဝီရိယကောင်း၏။ တောင်ယာခုတ်၊ စပါးထောင်း၊ ရက်ကန်းရက်နှင့် တစ်နေကုန် အလုပ်လုပ်လေ့ရှိသည်။ အဝတ်အစားအတွက် အဇီးအီးခေါ် ဂုံလျှော်ပင်တစ်မျိုးမှ ချည်မျှင်ထုတ်၍ ရက်လုပ်ယူကြ၏။ စားသုံးရန်အတွက် တောင်ယာတွင် စပါးစိုက်ပျိုးရုံ သာမက၊ တောင်စောင်းတွင် လှေကားထစ်သဖွယ် အဆင့်ဆင့် မြေကို ထွင်၍၊ အာလူး၊ မြေပဲ၊ မုန်ညင်း၊ နှမ်းစသည်တို့ကို စိုက်ပျိုးလေ့ရှိကြသည်။ ရှေးအခါက နုံလူမျိုးတို့သည် သံလွင်မြစ်ဝှမ်းတွင် နေထိုင်ခဲ့ကြ၏။ မူလကပင် ထိုဒေသ၌ အိုးအိမ်အခြေစိုက်၍၊ အတည်အမြဲ နေထိုင်ရန် ရည်သန်ရင်း ရှိဟန်တူသည်။ သို့ရာတွင် လီဆူးလူမျိုးတို့ကြောင့် တဖြည်းဖြည်း အနောက်ဘက်သို့ ရွှေ့လာရာမှ၊ ယခုနေထိုင်သော နေရာတို့ကို ရောက်ရှိ လာခြင်းဖြစ်သည်ဟု ယူဆရန် ရှိလေသည်။ ယခုအခါ၌မူ လီဆူးတို့ နှင့်ပင် ရောနှောနေထိုင်လျက်ရှိလေသည်။ အောက်ပိုင်းနမ့် တမိုင်၊ မတ်ဝမ်နှင့် အကျန်မြစ်ဝှမ်းတို့၌ နုံလူမျိုးနှင့် လီဆူးတို့၏ ရွာပေါင်း ၁၇၅ ရွာခန့်ရှိ၍၊ ရဝမ် အိမ်ခြေပေါင်း ၂ဝဝဝ ခန့်နှင့် လီဆူး အိမ်ခြေပေါင်း ၆ဝဝ ခန့်ရှိလေသည်။ စုစုပေါင်း လူဦးရေမှာ ၁၅,ဝဝဝ ခန့်ဟု ခန့်မှန်းရသည်။

ရဝမ်လူမျိုးတို့တွင် အမျိုးအနွယ်ပေါင်း ၈ဝ ခန့်ရှိသည်။ ရှေးအခါက တစ်စုနှင့်တစ်စု သီးသန့်နေလေ့ ရှိလေရာ၊ နေထိုင်ရာဒေသ၏ လမ်းပန်းအခြေအနေ မပြေပြစ်မှုကြောင့်၊ တစ်မျိုးနှင့်တစ်မျိုးပြောဆိုသောစကားတွင် အနည်းငယ် ကွဲလွဲမှုများ ရှိလေသည်။ သို့သော် စကားအစီအစဉ်မှာ မြန်မာစကားကဲ့သို့ပင် ဖြစ်ပါတယ်

ရဝမ်လူမျိုးများတွင် မျိုးကွဲများ ရှိသေးသည်။ ၎င်းတို့သည် ပြောဆိုသည့် စကားအလိုက် တူရာခွဲခြားသည့်အခါ လူမျိုးစုငယ် လေးစုအဖြစ်တွေ့ရသည်။ အဓိကအားဖြင့် မတ်ဝမ်၊ ဒရူ၊ တန်ဆာရ်နှင့် လုံမီ တို့ဖြစ်သည်။ ဒေသအလိုက် ပြောဆိုသည့် စကားနှင့် လေယူလေသိမ်း အနည်းငယ် ကွဲပြားကြသော်လည်း အခြေခံအားဖြင့် အုပ်စုတစ်ခုတည်းသာဖြစ်ကြောင်းကို ပြောဆိုသည့် စကား၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများဖြင့် အထောက်အထားများစွာတွေ့ရသည်။ အုပ်စုငယ်များနှင့် မိသားစုအလိုက် ပြောဆိုသည့် စကားလည်း အနည်းငယ် ကွဲပြားသည်။ ထိုလူမျိုးငယ် တစ်ခုအတွင်းရှိ မိသားစု တစ်ခုနှင့် တစ်ခုပင် ပြောဆိုသည့် လေယူလေသိမ်း၊ အသုံးပြုပုံ ကွဲပြားကြပါတယ် ။
#ရဝမ်လူမျိုး

 #ကယန်းလူမျိုး (ကရင်နီ) ကယန်းတို့ဟာ မြန်မာနိုင်ငံရှိ တောင်ပေါ်ဒေသ တွင် နေထိုင်သော တိဗက်-ဗမာအုပ်စုဝင် လူမျိုး တစ်ခုဖြစ်သည...
01/12/2025

#ကယန်းလူမျိုး (ကရင်နီ)

ကယန်းတို့ဟာ မြန်မာနိုင်ငံရှိ တောင်ပေါ်ဒေသ တွင် နေထိုင်သော တိဗက်-ဗမာအုပ်စုဝင် လူမျိုး တစ်ခုဖြစ်သည်။ ကရင်နီလူမျိုးစု နွယ်ဝင် လူမျိုးစုခွဲတစ်ခု ဖြစ်သည်။ ကယန်းလထ(ဇယိမ်း)၊ ကယန်းကငန်(ယင်းဘော်)၊ ကယန်းကဒေါ့(ဂေခို) အပြင် ကယန်းကခေါင်း (ဝါ) ကယန်းလဟွီ(ပဒေါင်) ဟူ၍ ကယန်းတွင် မျိုးနွယ်စု လေးစုရှိသည်။

အများက ပဒေါင်ဟု သိထားသောလူမျိုးများသည် ကယန်းထဲတွင် ပါဝင်သည်။ သူတို့သည်လည်း “ပဒေါင်”ဟု ခေါ်သည်ကို မကြိုက်ချေ။ “ပဒေါင်”ဆိုသည်မှာ ရှမ်းတို့က ပေးသော အမည်ဖြစ်သည်။ သူတို့ဘာသာ မှည့်ခေါ်သော အမည် မဟုတ်။ သူတို့က ကယန်းဟု ခေါ်သည်ကိုနှစ်သက်သည်။ တစ်ခါတရံ အခြားကယန်းလူမျိုးများနှင့် ကွဲပြားစေရန် သူတို့ကိုယ်သူတို့ “လည်ပင်းရှည်”၊ “ကြေးကွင်းပတ်”ဟုလည်း ညွှန်းပြီး ပြောတတ်သေးသည်။

ကယန်းတိုင်းရင်းသားများက မိမိတို့ လူမျိုး၏ မူလအမည်မှာ "ကန်ယန်" ဖြစ်သည်ဟု ဆိုသည်။ "ကန်"မှာ "ပိုင်နက်၊ နယ်မြေ" ဖြစ်ပြီး၊ "ယန်"မှာ "စွဲစွဲမြဲမြဲ ရှိခြင်း၊ အတည်တကျ ရှိခြင်း"ဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် "ကန်ယန်"ဆိုသည်မှာ "နယ်မြေဒေသတစ်ခုအတွင်း အတည်တကျ စွဲစွဲမြဲမြဲနေတတ်သည့် လူမျိုး"ဟု ဆိုလိုသည်။ ကာလရွေ့လျောလာသည့်အခါ "ကန်ယန်"မှ "ကယန်း" ဖြစ်လာသည်ဟု ဆိုသည်။ ထို့ပြင် ကယန်းမျိုးနွယ်၌ မျိုးနွယ်ခွဲပေါင်း (၄)မျိုးရှိသည်ဟုဆိုကြပါတယ်

မိမိကိုယ်ကို တောင်ပေါ်ဒေသ၏ အရှင်သခင်ဟု ယူဆထားပြီး အမျိုးသမီးများ၏ လည်ပင်းနှင့် ခြေထောက်တို့တွင် ကြေးခွေများ ရစ်ပတ်ဝတ်ဆင်လေ့ရှိသည့် "ကယန်း" (ပဒေါင်)
မြေပြန့်လွင်ပြင်တွင် အနေများပြီး လည်ပင်းတွင် ငွေပြားများ ချိတ်ဆွဲဝတ်ဆင်လေ့ရှိသည့် ယင်းဘော် ခေါ် "ကယန်း" (ကငန်)
တောင်ပေါ်ဒေသတွင် အနေများပြီး ကယန်း(ပဒေါင်)ဘာသာစကားနှင့် အလွန်နီးစပ်သည့် စကားကို ပြောဆိုကြသော ဂေခို ခေါ် "ကယန်း" (ကဒေါ့)
တောင်ပေါ်ဒေသ ကျောက်တုံး၊ ကျောက်စိုင်များကြားတွင် အိမ်ကလေးများဆောက်ကာ အမျိုးသားများ ကတုံးတုံးလေ့ရှိသော ဇယိမ်း ခေါ် "ကယန်း" (လထ) တို့ဖြစ်ကြသည်။
ကယန်း (ပဒေါင်)တိုင်းရင်းသားများကို ရှမ်းတို့က ပဒေါင်ဟု ခေါ်ကြသည်။ ကြေးပတ်သောသူ - "ပတ်တောင်း" ဟူသော ရှမ်းစကားမှ "ပဒေါင်"ဖြစ်လာသည်ဟု ဆိုသည်။ "ကယန်း" (ပဒေါင်) တိုင်းရင်းသားများ ကိုယ်တိုင်ကမူ ကောင်း-ခေါင်း-ဒိုးဟု ခေါ်ကြသည်။ "တောင်များ၏ အရှင်သခင်" ဟု အဓိပ္ပာယ်ရသည်။
ကယန်းလူမျိုး တော်တော်များများမှာ ဂျပန်ခေတ်၊ အင်္ဂလိပ်ခေတ် က ရယူထားသော လက်နက်ကောင်းတွေ ၂၀ဝ လောက် ရှိပြီးသားမို့ လက်နက်အတွက် အခက်အခဲမရှိတော့။ ပထမဦးဆုံးတိုက်ပွဲက ဖယ်ခုံမြို့နယ် ပီကင်းကျေးရွာ ရဲစခန်းကို ဝင်ရောက်စီးနင်းခဲ့သည်။ နေဝင်းအစိုးရကို စတင်တော်လှန်သော ထိုနေ့သည် ၁၉၆၄ ခုနှစ် ဇွန်လ ၄ ရက်နေ့၊ ကယန်းလက်နက်ကိုင် တော်လှန်ရေးနေ့ အဖြစ် ကယန်းလူမျိုးများ၏ သမိုင်းတွင် မှတ်တမ်းတင်ခဲ့သည်။

အမျိုးသမီးတို့သည် လည်တိုင်ရှည်မှ လှပသည်ဟု ယုံကြည်သဖြင့် လည်တိုင်ရှည်အောင် လည်ပင်းတွင် ကြေးခွေများကို တစ်ခွေပြီးတစ်ခွေဆင့်၍ ရစ်ပတ်ဝတ်ဆင်သည့် အလေ့အထရှိသော ပဒေါင်လူမျိုးတို့သည် ကရင်လူမျိုး တစ်မျိုးဖြစ်သည်။ ယခုအခါ ပဒေါင်အမျိုးသမီးများ လည်ပင်းတွင် ကြေးခွေစွပ်သော အလေ့အထမှာ ပျောက်ကွယ်စပြုနေပြီ ဖြစ်သည်။ ပဒေါင်တို့သည် ၁၉၃၁-ခုနှစ် သန်ခေါင်စာရင်းအရ လူဦးရေ ၁၆,၅ဝဝ ကျော်မျှ ရှိ၍၊ တောင်ငူအရှေ့ဘက် ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်းဒေသတို့အကြားတွင် အနှံ့အပြား နေထိုင်ကြသည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပဒေါင် ၁၄,ဝဝဝ ခန့်ရှိ၍ ကယားပြည်နယ်တွင် ၂,၅၀၀ ကျော်ရှိသည်။ ပျဉ်းမနား အရှေ့ဘက်တွင် ရှိသော ကယားပြည်နယ်ထဲ အပါအဝင် ပေါင်းလောင်းငယ် မြစ်ဝှမ်းရှိ စတုရန်းမိုင် ၁၅၀ မျှ ကျယ်သော မြေပြန့်၌လည်း နေထိုင်ကြသည်။

ပဒေါင်တို့သည် မိမိတို့ကိုယ်ကို ကေကောင်းဒု ဟုခေါ်ဝေါ်ကြသည်။ ပဒေါင် အမျိုးသားတို့သည် တောင်သူလူမျိုးတို့ကဲ့သို့ပင် ဖော်ရွေသူများ ဖြစ်သည်။ ကိုယ်လက် ကြံ့ခိုင်တောင့်တင်းသည်။ အလုပ်ကို အပင်ပန်းခံ၍ လုပ်နိုင်ကြသည်။ ပျော်ပျော်ရွှင်ရွှင် နေတတ်ကြသည်။ ပဒေါင်တို့သည် တောင်ယာကို လှေခါးထစ်စိုက်ပျိုးနည်းဖြင့် စိုက်ပျိုးရာ၌ တောင်စောင်းတွင် တစ်ဆင့်ပြီး တစ်ဆင့် ကန်သင်းခတ်၍ ရေသွင်း စိုက်ပျိုးကြသည်။ ထိုအလုပ်မှာ များစွာခက်ခဲ ပင်ပန်းသည်။ သို့သော် မညည်းမညူ လုပ်ကြသည်။ ကုန်ရောင်းကုန်ဝယ် အလုပ်၌လည်း ကောင်းစွာလုပ်တတ်ကြသည်။ အမဲလိုက်လည်း ဝါသနာထုံသည်။ ပတ်ဝန်းကျင်ရှိ တောင်ပေါ်သားတို့တွင် ပဒေါင်တို့သည် အလုပ်အကိုင်၌ အတော်ဆုံး အကောင်းဆုံး လူတမျိုးဖြစ်သည်ဟု ချီးကျူးခံရသည်။
#ကယန်းလူမျိုး

အကြိုက်ဆုံး view ကတော့နေဝင်ချိန်ပါဘဲဗျာ
25/11/2025

အကြိုက်ဆုံး view ကတော့
နေဝင်ချိန်ပါဘဲဗျာ

ဆောင်းရောက်ရင်အလိုလိုလွမ်းလာတယ်ဗျာ
23/11/2025

ဆောင်းရောက်ရင်
အလိုလိုလွမ်းလာတယ်ဗျာ

ที่อยู่

Near The Lumpini Police Station
Bangkok
10330

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ KO KO LAY MAUNGผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์