Tanayar Find your perfect home with Tanayar.com – where every space tells a story.
(1)

13/08/2026

3 နှစ်အရစ်ကျဖြင့်ဝယ်ယူနိုင်မဲ့ Atmoz Oasis Onnut Condo လေးရဲ့ details လေးတွေရယ်၊ အခန်းလေးတွေရယ်ကို video လေးထဲမှာအသေးစိတ် ပြောပြထားပေးပါတယ်ရှင်။

3 years Installment Plan ဖြင့်ဝယ်ယူနိုင်ပြီး မြန်မာငွေသိန်း 2,800 ကျော်ဝန်းကျင်မှစတင်ဝယ်ယူနိုင်မည့် Onnut area တွင်ဆောက်...
12/08/2026

3 years Installment Plan ဖြင့်ဝယ်ယူနိုင်ပြီး မြန်မာငွေသိန်း 2,800 ကျော်ဝန်းကျင်မှစတင်ဝယ်ယူနိုင်မည့် Onnut area တွင်ဆောက်လုပ်ထားသော "Atmoz Oasis Onnut Ready to Move In Condo"

ထိုင်းနိုင်ငံရဲ့ နာမည်ကြီး Developer တစ်ဦးဖြစ်တဲ့ AssetWise ကနေ ဆောက်လုပ်ထားတဲ့ Atmoz Oasis Onnut (Low-rise Resort Style Condo) လေးနဲ့ မိတ်ဆက်ပေးပါရစေ။

ဒီကွန်ဒိုရဲ့ အဓိက Concept က "Oasis Living" ဖြစ်တာကြောင့် အလုပ်ကနေ အိမ်ပြန်ရောက်တာနဲ့ တစ်နေ့တာ ပင်ပန်းသမျှတွေ အကုန်ပြေပျောက်ပြီး အေးအေးချမ်းချမ်း နားခိုနိုင်မယ့် ခံစားမှုကို ပေးစွမ်းနိုင်မှာပါ။ ကွန်ဒိုဝင်းထဲမှာတင် ၃ ဧက (3-Rai) လောက် ကျယ်ဝန်းတဲ့ စိမ်းလန်းတဲ့ ဥယျာဉ်ကြီးတွေ၊ Lagoon Style ရေကူးကန်ကြီးတွေအပြင် Facilities ပေါင်း ၄၅ မျိုးကျော်တောင် စုံစုံလင်လင် ပါဝင်ပါတယ်။

Location ပိုင်းမှာလည်း လူနေထိုင်မှုများပြီး အချက်အချာကျတဲ့ Onnut Area မှာ ရှိတာဖြစ်ပြီး MRT အဝါလိုင်း Si Nut Station ကို ၈ မိနစ် လမ်းလျှောက်ရုံနဲ့ ရောက်ရှိနိုင်တာမို့ သွားလာရေး အရမ်းကို လွယ်ကူပါတယ်။ ဒါ့အပြင် Seacon Square နဲ့ Paradise Park တို့လို ဈေးဝယ်စင်တာတွေ၊ နိုင်ငံတကာကျောင်းတွေ၊ ဆေးရုံတွေ နီးနားတဝိုက်မှာ စုံစုံလင်လင် ရှိတာကြောင့် မိသားစုလိုက် အေးအေးဆေးဆေး နေထိုင်ဖို့ တကယ့်ကို သီးသန့်ဆန်ပြီး အဆင်ပြေတဲ့ ပတ်ဝန်းကျင်လေး ဖြစ်ပါတယ်။

Sukhumvit Extension Zone ထဲမှာ ပါဝင်နေတဲ့အပြင် Facilities အရမ်းစုံတာ၊ အေးအေးချမ်းချမ်း ရှိတာနဲ့ MRT နီးတာတွေကြောင့် ကိုယ်တိုင်နေထိုင်ဖို့တင်မကဘဲ အငှားလည်း အရမ်းသွက်တဲ့ ကွန်ဒိုတစ်ခု ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံချင်သူတွေအတွက်လည်း အရမ်းတွက်ခြေကိုက်မယ့် စီမံကိန်းတစ်ခုပါပဲ။ Atmoz Oasis Onnut မှာဌားရမ်းပေးထားတဲ့ owner အခန်းလေးများလဲရှိပါတယ်ရှင်။

လက်ရှိမှာတော့ မိသားစုဝင်အရေအတွက်နဲဘတ်ဂျက်ပေါ် မူတည်ပြီး အခန်းအမျိုးအစား ၄ မျိုး ရွေးချယ်နိုင်ပါတယ် -

1 Bedroom (24 sq.m.)
1 Bedroom Exclusive (25 - 26 sq.m.)
1 Bedroom Extra (26 - 28 sq.m.)
1 Bedroom Plus (34 sq.m.)
2 Beds 2 Baths (combined unit)

အခန်းများက Fully Furnished ဖြစ်လို့ပရိဘောဂ ပစ္စည်းတွေ ထပ်မံဝယ်ယူစရာ မလိုဘဲ အဆင့်သင့် ဝင်ရောက်နေထိုင်နိုင်မှာပါ။

ဈေးနှုန်းကတော့ မြန်မာငွေ သိန်း 2,800 ကျော်ဝန်းကျင် (2.14 Million Baht) ကနေ စတင်ပြီး မိမိအမည်ပေါက် တရားဝင် ဝယ်ယူပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်ရှင်။

Project ကလည်း "Ready to Move In" ဖြစ်တာမို့ ဝယ်ပြီးတာနဲ့အဆင်သင့် တက်ရောက်နေထိုင် (သို့မဟုတ်) ပြန်ငှားထားလို့ ရပါပြီရှင်။

အသေးစိတ် ထပ်ပြီး သိချင်တာလေးတွေ ရှိမယ်ဆိုရင်တော့ page messenger ကဖြစ်စေ၊ Viber (or) WhatsApp တွေကနေတဆင့် အချိန်မရွေးလာရောက်ဆွေးနွေး မေးမြန်းနိုင်ပါတယ်။ Condo လေးကိုကိုယ်တိုင်ကြည့်ရှုလိုတယ်ဆိုရင်လဲ transportation စီစဥ်ပေးပြီးလိုက်ပြပေးနေပါတယ်ရှင်။

💬 Viber: +66 947427508
💬 WhatsApp: +66 947427508

📊 ဘန်ကောက်မှာ အိမ် (သို့) ကွန်ဒိုဝယ်တော့မယ်ဆိုရင် ဘယ်နေရာတွေက လူကြိုက်အများဆုံးဖြစ်နေလဲ?2026 ခုနှစ်ရဲ့ ပထမနှစ်ဝက် (ဇန်နဝ...
11/08/2026

📊 ဘန်ကောက်မှာ အိမ် (သို့) ကွန်ဒိုဝယ်တော့မယ်ဆိုရင် ဘယ်နေရာတွေက လူကြိုက်အများဆုံးဖြစ်နေလဲ?

2026 ခုနှစ်ရဲ့ ပထမနှစ်ဝက် (ဇန်နဝါရီ မှ ဇွန်လအထိ) Social Media ပေါ်က အိမ်ခြံမြေဆွေးနွေးမှုတွေကို သုတေသနကုမ္ပဏီဖြစ်တဲ့ RealWatch Lab က Social Listening နည်းလမ်းနဲ့ လေ့လာဆန်းစစ်ခဲ့ရာမှာ စိတ်ဝင်စားစရာ အချက်အလက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

Lifestyle အမျိုးမျိုးအတွက်ဘန်ကောက်မှာ ထိပ်ဆုံးက ရေပန်းစားနေတဲ့ နေရာတွေကို ဖော်ပြပေးလိုက်ပါတယ်ရှင် -

🏢 ကွန်ဒို (Condo) ဝယ်/ငှားဖို့ လူစိတ်ဝင်စားမှုအများဆုံး Top 5 နေရာများ။

၁။ Rama IX (၄၂%) - လူတွေရဲ့စိတ်ဝင်စားမှု အများဆုံးပမာဏကို သိမ်းပိုက်ထားပြီး ရထားလမ်းနီးခြင်း၊ စီးပွားရေးဇုန်ကြီးများသို့ သွားလာရလွယ်ကူခြင်း၊ ဘန်ကောက်မြို့လယ်ထက် ဈေးနှုန်းပိုမိုသင့်တင့်ခြင်းတို့ကြောင့် နံပါတ် (၁) နေရာမှာ ရေပန်းစားနေပါတယ်။ (1-Bedroom အခန်းများ ပိုမိုစိတ်ဝင်စားကြပါသည်)
၂။ Sukhumvit (၂၄%) - မြို့လယ်ခေါင် သွားလာရလွယ်ကူမှုနဲ့ အဆင့်မြင့် Lifestyle Facilities တွေကြောင့် ဒုတိယနေရာမှာ ရှိနေပါတယ်။
၃။ Don Mueang (၁၄%) - ဘတ် (၂) သန်းအောက် တန်ဖိုးနည်း 1-Bedroom အခန်းတွေနဲ့ ဆေးရုံ၊ ကျောင်း၊ Shopping Mall စုံလင်မှုများကြောင့် လူကြိုက်များပါတယ်။
၄။ Ekkamai (၁၁%) - စီးပွားရေးဇုန်နဲ့ နီးစပ်ပြီး ဘဝအမောပြေစေမယ့် Green Spaces တွေပါဝင်သည့် ကွန်ဒိုများရေပန်းစားပါတယ်။
၅။ Vibhavadi Rangsit (၉%) - Red Line ရထားလိုင်းကြောင့် သွားလာရလွယ်ကူပြီး ဘတ် (၂) သန်းအောက် ကွန်ဒိုများ စိတ်ဝင်စားမှု မြင့်မားပါတယ်။

🏡 လုံးချင်းအိမ်နှင့် Townhouse Top 5 နေရာများ။
၁။ Bang Na (၇၅%) - လုံးချင်းအိမ်နှင့် Townhouse ရှာဖွေသူတွေကြားမှာ ပြိုင်ဘက်မရှိ ၇၅% အထိ လွှမ်းမိုးထားပါတယ်။ သွားလာရလွယ်ကူပြီး ပတ်ဝန်းကျင်ကောင်းမွန်ခြင်း၊ အေးအေးချမ်းချမ်းနဲ့ လုံခြုံစိတ်ချရပြီး၊ သဘာဝ Green Space များပါဝင်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။
၂။ Rama II (၉%) - စက်ရုံ/လုပ်ငန်းခွင်များနှင့် နီးစပ်ပြီး သာယာသော Communal Area များကြောင့် ဒုတိယနေရာ ရရှိထားပါတယ်။
၃။ Rama IX & Thong Lo (၆%) - မြို့တွင်း အချက်အချာကျသော လုံးချင်းအိမ်နှင့် townhouse များအဖြစ် ပူးတွဲ အဆင့် (၃) နေရာမှာ ရှိနေပါတယ်။
၄။ Pattanakarn (၄%) - သွားလာရလွယ်ကူသော သီးသန့်ဆန်သည့် အိမ်ရာဝန်းများကြောင့် စိတ်ဝင်စားမှု ရရှိထားပါတယ်။

အချုပ်အားဖြင့်ဆိုရသော် အိမ်ပဲဝယ်ဝယ်၊ ကွန်ဒိုပဲဝယ်ဝယ် ဝယ်ယူသူတွေ အဓိကကြည့်ရှုကြတဲ့ အချက်တွေကတော့ "ရထားလမ်း/လမ်းပန်းဆက်သွယ်ရေး လွယ်ကူမှု၊ အလုပ်ရုံ/ရုံးခန်းများနှင့် နီးစပ်မှု၊ သင့်တင့်သော ဈေးနှုန်း နှင့် ပတ်ဝန်းကျင် အဆင်ပြေစုံလင်မှု" တို့ပဲ ဖြစ်ကြပါတယ်ရှင်။

Rama IX လို နေရာမျိုးမှာ ရင်းနှီးမြှုပ်နှံချင်တာပဲဖြစ်ဖြစ်၊ Bang Na မှာ မိသားစုနဲ့ အေးအေးချမ်းချမ်း နေနိုင်မယ့် လုံးချင်းအိမ်လေး ရှာနေတာပဲဖြစ်ဖြစ်... သင့်ရဲ့ Lifestyle၊ ဘတ်ဂျက်တို့နဲ့ အကိုက်ညီဆုံးဖြစ်မယ့် အကောင်းဆုံး အိမ်ခြံမြေတွေကို ကူညီရှာဖွေပေးဖို့ Tanayar ကအသင့်ရှိနေပါတယ်ရှင်။

ဝယ်ယူဖို့အတွက် ဘယ်ကနေစရမလဲ မသိသေးဘူးဆိုရင်လည်း စိတ်မပူပါနဲ့။ ရင်းနှီးမြှုပ်နှံမှုအတွက်ပဲဖြစ်ဖြစ်၊ ကိုယ်တိုင်နေထိုင်ဖို့အတွက်ပဲဖြစ်ဖြစ် အမှားအယွင်းမရှိ စိတ်ချယုံကြည်စွာ ရွေးချယ်နိုင်ဖို့ Tanayar ရဲ့အိမ်ခြံမြေကျွမ်းကျင်သူတွေနဲ့ အခမဲ့ လာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါပြီ။

Source: nationthailand

အသေးစိတ် စုံစမ်းမေးမြန်းလိုပါက...
📲 Viber: +669 47427508
📲 WhatsApp: 0947427508

10/08/2026

မင်္ဂလာပါခင်ဗျာ။
ဒီနေ့တော့ BTS Si La Salle Station နားမှာရှိတဲ့ Ready to Move In Condo တစ်ခုဖြစ်တဲ့ Nue Noble Srinakarin အကြောင်း မျှဝေပေးချင်ပါတယ်။
ဒီ Project ကို Thai Top Developer ဖြစ်တဲ့ Noble Development က ဆောက်လုပ်ထားတာဖြစ်ပြီး ၄၃ လွှာပါရှိတဲ့အထပ်မြင့် High-Rise Condo တစ်ခုဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်ကတည်းက ဆောက်လုပ်ပြီးစီးထားတာဖြစ်လို့ဝယ်ယူပြီးတာနဲ့ အသင့်နေထိုင်နိုင်ပါတယ်။

Location ပိုင်းမှာဆိုရင်လဲ BTS Yellow Line ရဲ့ Si La Salle Station ကို ၅ မိနစ်လောက်လမ်းလျှောက်ရုံနဲ့ ရောက်နိုင်ပါတယ်။ Big C နဲ့ Makro ကလည်း ၈ မိနစ်လောက်ပဲ လမ်းလျှောက်ရမှာဖြစ်ပြီးတော့ Sikarin Hospital နဲ့ Thai-Singapore International School တို့လည်း Condo အနီးအနားမှာ ရှိပါတယ်။

ဒီ Condo ကို Customer တွေနဲ့အတူသွားကြည့်ခဲ့တဲ့အချိန်မှာ သတိထားမိတာတစ်ခုကတော့ Lobby နဲ့ Common Area တွေကို သဘောကျတဲ့သူတော်တော်များပါတယ်။ တချို့ Customer တွေဆို Condo ထဲဝင်လိုက်တာနဲ့ Luxury Hotel တစ်ခုထဲ ရောက်သွားသလို ခံစားရတယ်လို့တောင်ပြောကြပါတယ်။

လက်ရှိ စျေးနှုန်းတွေကတော့ One Bedroom 22.5 sqm ကို ဘတ် ၂ သန်းဝန်းကျင်ကနေ စတင်ရရှိနိုင်ပါတယ်။ 25 နဲ့ 26 sqm တွေကတော့ ဘတ် ၂.၃၄ သန်းကနေ စတင်ပြီး 30 sqm ကတော့ ဘတ် ၂.၈၁ သန်းဝန်းကျင်ရှိပါတယ်။

အခန်းတွေကို Fully Furnished ပုံစံနဲ့ အပ်နှံပေးမှာဖြစ်ပြီးတော့ ကုတင်၊ Wardrobe၊ Sofa၊ Dining Table၊ Kitchen Counter နဲ့ Air Conditioner တွေ အပါအဝင် အခြေခံပရိဘောဂတွေ ပါဝင်မှာပဲဖြစ်ပါတယ်။

Facilities ပိုင်းမှာလည်း တော်တော်စုံပါတယ်။ ၃,၀၀၀ စတုရန်းမီတာကျော်ရှိတဲ့ Garden Area၊ Glass House Lobby၊ Basketball Court တွေအပြင် Infinity Pool၊ Jacuzzi၊ Steam Room၊ Co-Working Space၊ Meeting Room၊ Kids Club၊ Games Room၊ Movie Theatre Room နဲ့ Karaoke Room တွေလည်း ပါဝင်ပါတယ်။

အထူးသဖြင့် စိမ်းစိုနေတဲ့ Garden Area တွေ များတာကြောင့် မြို့ထဲမှာနေရင်း အပန်းဖြေနိုင်တဲ့ ခံစားချက်မျိုး ရရှိစေပါတယ်။

Payment Plan အနေနဲ့ကတော့ Booking Fee ဘတ် ၁ သိန်း ပေးသွင်းရမှာဖြစ်ပြီး၊ Booking fees ပေးသွင်းပီး ၁၅ ရက်အတွင်း ၃၀ ရာခိုင်နှုန်းပေးသွင်းရမှာဖြစ်ပါတယ်။ ကျန်တဲ့ ၇၀ ရာခိုင်နှုန်းကိုတော့ ၂ လအတွင်း ပေးသွင်းရမှာ ဖြစ်ပါတယ်။

Condo ကို ကိုယ်တိုင်သွားရောက်ကြည့်ရှုချင်တယ်ဆိုရင်တော့ Tanayar က Transportation စီစဉ်ပေးပြီး လိုက်လံပြသပေးပါတယ်နော်။

Condo ရွေးချယ်တဲ့အချိန်ကနေ အခန်းလက်ခံရရှိတဲ့အချိန်အထိ Contract Process တွေ၊ ငွေပေးချေမှုဆိုင်ရာ လုပ်ငန်းစဉ်တွေ၊ အခန်းစစ်ဆေးမှုတွေကိုလည်း Tanayar က ကူညီဆောင်ရွက်ပေးနေပါတယ်။

Nue Noble Srinakarin အကြောင်း အသေးစိတ် ထပ်မံသိချင်တယ်ဆိုရင် Comment သို့မဟုတ် Message ကနေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

☎Contact:

Viber - +66947427508
Whatsapp - 094 742 7508

🚄 ဘန်ကောက်မြို့ရဲ့ ရထားလမ်းကွန်ရက်တွေနဲ့အတူ မြင့်တက်လာတဲ့ မြေဈေးကွက်အကြောင်း သိပြီးပြီလား?2026 ခုနှစ် ဒုတိယသုံးလပတ် (Q2)...
10/08/2026

🚄 ဘန်ကောက်မြို့ရဲ့ ရထားလမ်းကွန်ရက်တွေနဲ့အတူ မြင့်တက်လာတဲ့ မြေဈေးကွက်အကြောင်း သိပြီးပြီလား?

2026 ခုနှစ် ဒုတိယသုံးလပတ် (Q2) အတွက် ထိုင်းအစိုးရအိမ်ရာဘဏ်ရဲ့ အိမ်ခြံမြေသတင်းအချက်အလက်ဗဟိုဌာန (REIC) မှ ထုတ်ပြန်ချက်အရ၊ ဘန်ကောက်မြို့က မြေနေရာဈေးနှုန်းတွေဟာ သိသိသာသာ ဆက်လက်မြင့်တက်နေပါတယ်။ ဒီလိုတက်လာရတဲ့ အဓိကတွန်းအားကတော့ မြို့တွင်းသွားလာရေးကို ပိုမိုလွယ်ကူချောမွေ့စေတဲ့ ရထားလမ်းတိုးချဲ့မှုတွေကြောင့်ပဲဖြစ်ပါတယ်။ 📈

BTS နားရောက်သွားတာနဲ့ တပြိုင်နက် အိမ်ခြံမြေလုပ်ငန်းရှင်တွေက လူနေအိမ်ရာတွေနဲ့ ကွန်ဒိုစီမံကိန်းတွေအတွက် မြေနေရာတွေကို အပြိုင်အဆိုင် ဝယ်ယူကြပါတယ်။ တစ်ချိန်တည်းမှာပဲ လက်လီလုပ်ငန်းရှင်တွေ၊ ရုံးခန်းဆောက်လုပ်သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကပါ နေရာကောင်းတွေကို အပြိုင်လုကြတဲ့အတွက် မြေဈေးတွေက အလိုလို
ခုန်တက်သွားတာပါ။ 🏢✨

ယမန်နှစ်ကနဲ့ နှိုင်းယှဉ်ရင် မြေဈေးအများဆုံး မြင့်တက်လာတဲ့ ရထားလိုင်း (၅) ခုကတော့ -

၁။ Green Line (Khu Khot - Lam Luk Ka) 🟢
ဒီအပိုင်းကတော့ မြေဈေးအမြင့်ဆုံးတက်လာတဲ့ နေရာဖြစ်ပြီး ယမန်နှစ်ကထက် ၁၇.၆% အထိ မြင့်တက်လာပါတယ်။
၂။ Pink Line (Khae Rai - Min Buri) 🌸
ဒုတိယနေရာမှာရှိနေပြီး မြေဈေးနှုန်း ၉.၇% မြင့်တက်လာပါတယ်။
၃။ Orange Line (Thailand Cultural Centre - Min Buri) 🟠
တတိယအများဆုံးနဲ့ ၇.၄% မြင့်တက်လာပါတယ်။
၄။ BTS Sukhumvit Line & Airport Rail Link ✈️
ဒီနှစ်ခုကတော့ ပူးတွဲစတုတ္ထနေရာမှာရှိနေပြီး နှစ်ခုစလုံး ၇.၃% စီ မြင့်တက်လာပါတယ်။
၅။ Yellow Line (Lat Phrao - Samrong) 🟡
ပဉ္စမနေရာမှာရှိနေပြီး ၆.၃% မြင့်တက်လာပါတယ်။

💡 အနှစ်ချုပ်ရရင် - ရထားလမ်းစီမံကိန်းတွေရှိတဲ့ နေရာတွေဟာ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှု အလားအလာ အလွန်ကောင်းမွန်တဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေ အမြဲတမ်းမျက်စိကျနေမယ့် နေရာကောင်းတွေ ဖြစ်နေဆဲပါပဲ။

Source - nation thailand

🏢 ဘန်ကောက်ရဲ့ Prime CBD Sathorn မှာ မြန်မာသံရုံးနဲ့ ကိုက် ၃၀၀ သာ ကွာဝေးတဲ့ Sansiri ရဲ့ Ultra-Luxury Project အသစ် – "The ...
08/08/2026

🏢 ဘန်ကောက်ရဲ့ Prime CBD Sathorn မှာ မြန်မာသံရုံးနဲ့ ကိုက် ၃၀၀ သာ ကွာဝေးတဲ့ Sansiri ရဲ့ Ultra-Luxury Project အသစ် – "The Monument Sathorn"

ထိုင်းနိုင်ငံရဲ့ အကျော်ကြားဆုံး Developer ကြီး Sansiri မှ ထပ်မံမိတ်ဆက်လိုက်တဲ့ အဆင့်မြင့် Luxury ကွန်ဒို The Monument Sathorn မှာ Foreign Quota Unit များကို စတင်ဝယ်ယူနိုင်ပါပြီ။ ကြိုပွိုင့် Condo ဖြစ်ပြီး 2030 မှပြီးစီးမှာဖြစ်ပါတယ်။

ဘန်ကောက်မြို့ရဲ့ ပထမဆုံးစီးပွားရေးဇုံဖြစ်သော Sathorn CBD area အလည်တွင်ဆောက်လုပ်မှာဖြစ်ပါတယ်။ Silom Line Saint Louis Station နဲ့ မီတာ 80 ပဲကွာတာမို့ နှစ်မိနစ်လောက်လမ်းလျှောက်ရင်ရောက်ပါပြီ။ မြန်မာသံရုံးဆိုလည်း မီတာ 300 အကွာမှာပဲရှိတာမို့ သံရုံးကိစ္စသွားစရာရှိတယ်ဆို အလွယ်တကူလမ်းလျှောက်သွားလိုက်တာနဲ့ရောက်မှာပဲဖြစ်ပါတယ်။ King Power Mahanakhon ကို 3 မိနစ် လမ်းလျှောက်ရုံနဲ့ရောက်ပါပြီ။

နိုင်ငံခြားသား တိုက်ရိုက်ပိုင်ဆိုင်ခွင့် (Foreign Quota) ရရှိနိုင်သော အထပ်များနှင့် per sqm ဈေးနှုန်းများ -
• 8th Floor – THB 323,000 / sq.m.
• 15th Floor – THB 348,000 / sq.m.
• 21st Floor – THB 373,000 / sq.m.
• 23rd Floor – THB 385,000 / sq.m.
• 28th Floor (Penthouse) – THB 465,000 / sq.m.

Sathorn စီးပွားရေးဇုံ၏ အဓိကနေရာတွင် တည်ရှိပြီး BTS Station၊ သံရုံးနှင့် Shopping Icon များအနီးတွင် ရှိသဖြင့် ကာလရှည် တန်ဖိုးတက်လာမည့်အပြင် အငှားဈေးကွက်အတွက်လည်း အထူးခိုင်မာသည့် စီမံကိန်းဖြစ်ပါတယ်။ နေရာကောင်းမှာ၊ Condo ကောင်းတာရှာနေသူများ ယခု Condo လေးကိုထည့်သွင်းစဥ်းစားနိုင်ပါတယ်ရှင်။

⚠️ Foreign Quota ယူနစ် အရေအတွက် အကန့်အသတ်ရှိပါသဖြင့် VIP Preview နှင့် အသေးစိတ်အချက်အလက်များကို အမြန်ဆုံး ဆက်သွယ်စုံစမ်းနိုင်ပါပြီရှင်။

☎️ Contact:
Viber - +66 947427508
Whatsapp - +66 947427508

မင်္ဂလာပါရှင်။ ဒီနေ့တော့ BTS Si La Salle Station နားမှာရှိတဲ့ Ready to Move In Condo တစ်ခုဖြစ်တဲ့ Nue Noble Srinakarin အ...
06/08/2026

မင်္ဂလာပါရှင်။ ဒီနေ့တော့ BTS Si La Salle Station နားမှာရှိတဲ့ Ready to Move In Condo တစ်ခုဖြစ်တဲ့ Nue Noble Srinakarin အကြောင်း မျှဝေပေးချင်ပါတယ်။
ဒီ Project ကို Thai Top Developer ဖြစ်တဲ့ Noble Development က ဆောက်လုပ်ထားတာဖြစ်ပြီး ၄၃ လွှာပါရှိတဲ့အထပ်မြင့် High-Rise Condo တစ်ခုဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်ကတည်းက ဆောက်လုပ်ပြီးစီးထားတာဖြစ်လို့ဝယ်ယူပြီးတာနဲ့ အသင့်နေထိုင်နိုင်ပါတယ်။

Location ပိုင်းမှာဆိုရင်လဲ BTS Yellow Line ရဲ့ Si La Salle Station ကို ၅ မိနစ်လောက်လမ်းလျှောက်ရုံနဲ့ ရောက်နိုင်ပါတယ်။ Big C နဲ့ Makro ကလည်း ၈ မိနစ်လောက်ပဲ လမ်းလျှောက်ရမှာဖြစ်ပြီးတော့ Sikarin Hospital နဲ့ Thai-Singapore International School တို့လည်း Condo အနီးအနားမှာ ရှိပါတယ်။

ဒီ Condo ကို Customer တွေနဲ့အတူသွားကြည့်ခဲ့တဲ့အချိန်မှာ သတိထားမိတာတစ်ခုကတော့ Lobby နဲ့ Common Area တွေကို သဘောကျတဲ့သူတော်တော်များပါတယ်။ တချို့ Customer တွေဆို Condo ထဲဝင်လိုက်တာနဲ့ Luxury Hotel တစ်ခုထဲ ရောက်သွားသလို ခံစားရတယ်လို့တောင်ပြောကြပါတယ်ရှင်။

လက်ရှိ စျေးနှုန်းတွေကတော့ One Bedroom 22.5 sqm ကို ဘတ် ၂ သန်းဝန်းကျင်ကနေ စတင်ရရှိနိုင်ပါတယ်။ 25 နဲ့ 26 sqm တွေကတော့ ဘတ် ၂.၃၄ သန်းကနေ စတင်ပြီး 30 sqm ကတော့ ဘတ် ၂.၈၁ သန်းဝန်းကျင်ရှိပါတယ်။

အခန်းတွေကို Fully Furnished ပုံစံနဲ့ အပ်နှံပေးမှာဖြစ်ပြီးတော့ ကုတင်၊ Wardrobe၊ Sofa၊ Dining Table၊ Kitchen Counter နဲ့ Air Conditioner တွေ အပါအဝင် အခြေခံပရိဘောဂတွေ ပါဝင်မှာပဲဖြစ်ပါတယ်။

Facilities ပိုင်းမှာလည်း တော်တော်စုံပါတယ်ရှင်။ ၃,၀၀၀ စတုရန်းမီတာကျော်ရှိတဲ့ Garden Area၊ Glass House Lobby၊ Basketball Court တွေအပြင် Infinity Pool၊ Jacuzzi၊ Steam Room၊ Co-Working Space၊ Meeting Room၊ Kids Club၊ Games Room၊ Movie Theatre Room နဲ့ Karaoke Room တွေလည်း ပါဝင်ပါတယ်။

အထူးသဖြင့် စိမ်းစိုနေတဲ့ Garden Area တွေ များတာကြောင့် မြို့ထဲမှာနေရင်း အပန်းဖြေနိုင်တဲ့ ခံစားချက်မျိုး ရရှိစေပါတယ်။

Payment Plan အနေနဲ့ကတော့ Booking Fee ဘတ် ၁ သိန်း ပေးသွင်းရမှာဖြစ်ပြီး၊ Booking fees ပေးသွင်းပီး ၁၅ ရက်အတွင်း ၃၀ ရာခိုင်နှုန်းပေးသွင်းရမှာဖြစ်ပါတယ်။ ကျန်တဲ့ ၇၀ ရာခိုင်နှုန်းကိုတော့ ၂ လအတွင်း ပေးသွင်းရမှာ ဖြစ်ပါတယ်။

Condo ကို ကိုယ်တိုင်သွားရောက်ကြည့်ရှုချင်တယ်ဆိုရင်တော့ Tanayar က Transportation စီစဉ်ပေးပြီး လိုက်လံပြသပေးပါတယ်နော်။

Condo ရွေးချယ်တဲ့အချိန်ကနေ အခန်းလက်ခံရရှိတဲ့အချိန်အထိ Contract Process တွေ၊ ငွေပေးချေမှုဆိုင်ရာ လုပ်ငန်းစဉ်တွေ၊ အခန်းစစ်ဆေးမှုတွေကိုလည်း Tanayar က ကူညီဆောင်ရွက်ပေးနေပါတယ်။

Nue Noble Srinakarin အကြောင်း အသေးစိတ် ထပ်မံသိချင်တယ်ဆိုရင် Comment သို့မဟုတ် Message ကနေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

☎Contact:

Viber - +66947427508
Whatsapp - 094 742 7508

ဘန်ကောက်မှာကလေးကျောင်းထားမယ့် မိဘတော်တော်များများ ‘အိမ်ငှားမနေဘဲ ဝယ်နေကြတာ’ ဘာကြောင့်လဲ?"ယနေ့ခေတ် မြန်မာမိဘ တော်တော်များ...
06/08/2026

ဘန်ကောက်မှာကလေးကျောင်းထားမယ့် မိဘတော်တော်များများ ‘အိမ်ငှားမနေဘဲ ဝယ်နေကြတာ’ ဘာကြောင့်လဲ?"

ယနေ့ခေတ် မြန်မာမိဘ တော်တော်များများဟာ သားသမီးတွေရဲ့ အနာဂတ်အတွက် ဘန်ကောက်မြို့က Top-tier International Schools တွေကို ရွေးချယ်လာကြပါတယ်။ ဒီအခါမှာ အဓိက ကြုံတွေ့ရတဲ့ ဆုံးဖြတ်ချက်က "ကျောင်းနားမှာ အိမ်ငှားနေမလား? ဝယ်နေမလား?" ဆိုတာပါပဲ။

အတွေ့အကြုံအရမိဘတော်တော်များများကတော့ ငှားနေမယ့်အစား သားသမီးကျောင်းနားမှာရှိတဲ့ Condo တွေကိုရွေးချယ်ဝယ်ယူလေ့ရှိကြပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ သားသမီးတွေကျောင်းသွားတဲ့အခါ လမ်းတွင်အချိန်မကုန်စေပဲ အချိန်တိုအတွင်းသက်တောင့်သက်သာသွားလာနိုင်စေဖို့ပဲဖြစ်ပါတယ်။

နောက်တချက်ကတော့ နိုင်ငံခြားမှာကျောင်းထားပီး ချန်ထားခဲ့ရမဲ့သားသမီးတွေရဲ့ လုံခြုံရေးကိုမိဘအားလုံးကြည့်ကြပါတယ်။ ထို့ကြောင့် security ကောင်းမွန်တဲ့ Condo တွေကိုဦးစားပေးရွေးချယ်ဝယ်ယူလေ့ရှိကြပါတယ်။

သားသမီးတွေကျောင်းပီးလို့ passive income အနေနဲ့ အခန်းကိုပြန်ဌားမယ်ဆိုလဲ ကျောင်းနာနီးတဲ့ Condo တွေဟာအဌားမပြတ်ရှိနေတတ်တာမို့ မနေဖြစ်တဲ့အခါ ဆက်လက်ဌားရမ်းသွားလို့ရပါတယ်။ အဌားကိစ္စအဝဝကိုလဲ Tanayar မှဆောင်ရွက်ပေးနေပါတယ်ရှင်။

လိုအပ်ချက်နဲ့ Budget လေးပြောပေးတာနဲ့ အနီးစပ်ဆုံးကိုက်ညီမှုရှိမဲ့ Condo လေးတွေကိုပြပေးပီး ဆွေးနွေးပေးနေပါတယ်ရှင်။ စိတ်ချရတဲ့ Developer တွေကဆောက်တဲ့ Condo များကိုသာပြပေးပါတယ်ရှင်။ Condo မဝယ်ယူခင်မှာလဲ သိရမဲ့အချက်လေးတွေကိုပါ မခြွင်းမချန်အကုန်ရှင်းပြပေးပါတယ်။ မိမိလိုအပ်ချက်နဲ့ ကိုက်ညီမဲ့ Condo လေးတွေဝယ်ယူဖို့ Tanayar Page Messenger ကနေအသေးစိတ်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။

အခန်းကိုလက်လွှဲမရယူမှီ ပြုလုပ်သင့်သော Professional Team ဖြင့် အခန်း Inspection ဝင်ခြင်း။ အားလုံးပဲမင်္ဂလာပါရှင်။ ယခုတခါမ...
04/08/2026

အခန်းကိုလက်လွှဲမရယူမှီ ပြုလုပ်သင့်သော Professional Team ဖြင့် အခန်း Inspection ဝင်ခြင်း။

အားလုံးပဲမင်္ဂလာပါရှင်။ ယခုတခါမှာတော့ Chatbox လေးမှာ အခန်း Inspection နဲ့ပါတ်သက်ပြီး လာမေးထားတဲ့ အကိုအတွက် ပြန်ဖြေပေးရင်းနဲ့ အားလုံးလဲသိအောင် Post လေးနဲ့တင်ပြလိုက်ပါတယ်ရှင်။

ထိုင်းနိုင်ငံတွင် CONDO ဝယ်ယူပြီးပါက၊ Ownership transfer မပြုလုပ်မီ၊ မိမိဝယ်ယူထားသောအခန်းအား စစ်ဆေးဖို့လိုအပ်ပါသည်။ မိမိကိုယ်တိုင် စစ်ဆေး၍ရသလို၊ Professional Inspection team ဖြင့်ချိတ်ဆက်၍ စစ်ဆေးလို့လဲရပါသည်။ မည်မျှ Quality ကောင်းသည့် Condo ဖြစ်ဖြစ်၊ အခန်းမအပ်မှီ စစ်ဆေးပါလို့ အကြံပေးလိုပါသည်။

Developer ပေါ်မူတည်၍ အခန်း Waranty ကို 6 လ၊ 1 နှစ်စသဖြင့် ပေးကြပါသည်။ အခန်းမအပ်မှီ နှစ်ကြိမ်စစ်ဆေးလို့ရပြီး၊ အခန်းအပ်ပြီးမှ အခန်းတွင်း ရေဝပ်တာ၊ ရေယိုတာ၊ စသဖြင့် ဖြစ်ခဲ့သော် Waranty ကာလအတွင်းအခမဲ့ပြုပြင်ပေးပါသည်။
ကိုယ်တိုင်စစ်ဆေးခြင်း။

ကိုယ်တိုင်အခန်းအားစစ်ဆေးမည်ဆိုပါက Developer ဘက်မှ အင်ဂျင်နီယာတစ်ယောက်ထည့်ပေးပြီး၊ မိမိပြင်လိုသော၊ စိတ်တိုင်းမကျသောနေရာများအား ပြောပြရပါမည်။ မိမိပြင်ခိုင်းသည်များကို Engineer မှ မှတ်သားထားပြီး၊ Developer အားပြင်ခိုင်းမည်ဖြစ်ပါသည်။

ကိုယ်တိုင်စစ်ဆေးရာတွင် အပေါ်ယံမမြင်နိုင်သော အရာများရှိနိုင်ပါသည်။ ထိုအရာများအား မပြင်မိပဲ လူနေထိုင်သည့်အခါမှ၊ Error များပေါ်ပေါက်ခဲ့သော်၊ ပြင်ဆင်ရန်ကြာမြင့်ချိန်ပေါ်မူတည်ပြီး နေထိုင်သူများအတွက် အနှောင့်အယှက်ဖြစ်နိုင်ပါသည်။ မိမိအခန်းကို တခြားသူအားပြန်ဌားထားပါက ဌားနေသူအတွက် ပို၍ပင် အဆင်မပြေနိုင်ပါ။

Professional Inspection Team ဖြင့်စစ်ဆေးခြင်း။
Professional Team ဖြင့်စစ်ဆေးမည်ဆိုပါက စုစုပေါင်း နှစ်ကြိမ်စစ်ဆေးပေးမည်ဖြစ်ပြီး၊ အခန်းအား Agent ဖြင့်ဝယ်ယူထားပါက၊ Developer Team ဘက်ကို ကြိုတင်အကြောင်းကြားပေးထားရပါမယ်။ Agent ဖြင့်ဝယ်ယူထားပါက ယင်း Agent မှတစ်ဆင့် Developer ဘက်ကတာဝန်ရှိသူဖြင့်ချိတ်ဆက်၍ Inspection ဝင်မည့်ရက်၊ POA document တင်ပေးရမည်ဖြစ်ပြီး၊ Inspection Team ဖြင့်ချိတ်ဆက်ဆောင်ရွက်ပေးရပါမယ်ရှင်။

Professional Team သည်၊ နံရံဆေးမညီသည့်ကိစ္စမှစ၍ Electrical ပိုင်း၊ ကြမ်းခင်းများ၊ ကြွေပြားများ လေခိုခြင်းရှိမရှိ၊ စသဖြင့် စစ်ဆေးမှုများကို ပစ္စည်းကိရိယာများဖြင့် စစ်ဆေးပေးပြီး၊ နောက်ရက်တွင်၊ Developer နှင့် owner ၏ email သို့ Report ကို (Eng/Thai) နှစ်ဘာသာဖြင့် ပို့ပေးပါသည်။ ပြင်ဆင်ရမည့် Errorပေါ်မူတည်ပြီး၊ ကြာချိန်မှာ 2 to 3 Weeks ဖြစ်ပါတယ်။ ကိုယ်ဝယ်ယူထားသည့် Agent မှ Developer ကို Follow up လုပ်ပေးရမည်ဖြစ်ပါတယ်။ Developer ဖက်ကပြင်ဆင်ပြီးပါကလည်း အခန်းပိုင်ရှင်ကိုအကြောင်းကြားပေးမည်ဖြစ်ပြီး၊ Inspection Team မှ ဒုတိယအကြီမ် ထပ်မံစစ်ဆေးပေးပြီး၊ ပထမတကြိမ်နည်းတူ၊ Report အား Email ပို့ပေးပါလိမ့်မယ်ရှင်။

Professional Inspection fees သည် အခန်း Sqm ပေါ်မူတည်ပြီး၊ ဘတ် 3000 ကျော်မှ ဘတ် 6000 ကြားရှိပါတယ်။ Professional Inspection Team ဖြင့်အခန်းစစ်ဆေးလိုပါက Tanayar မှချိတ်ဆက်ဆောင်ရွက်ပေးပါတယ်ရှင်။ ယခုတလော Inspection service သီးသန့်ယူလိုသူများရှိသည့်အတွက်၊ Inspection ဝင်ဖို့ Developer ဖြင့်ချိတ်ဆက်ဆောင်ရွက်ရာတွင် POA/Report တင်ပေးမည့်သူမရှိသော Owner တွေ၊ Inspection စစ်သည့်အချိန်တွင်၊ ကိုယ်တိုင်မလိုက်ပါနိုင်သော Owner များအတွက် သက်သာသောစျေးနှုန်းဖြင့် Tanayar မှ Inspection Process အတွက်သီးသန့် ဝန်ဆောင်မှုပေးနေပါတယ်ရှင်။

☎️ Contact:
English Speaking - 0947427508
Myanmar Speaking - 0946257063
Viber - +959788145958 (viber only)

🏙️ ကွန်ဒိုအခန်းတစ်ခန်းရဲ့ ကျယ်ဝန်းမှုကို တိုင်းတာတဲ့အခါ ကြမ်းပြင်ဧရိယာ (Square Meter) တစ်ခုတည်းကိုပဲ ကြည့်လို့မရပါဘူး......
02/08/2026

🏙️ ကွန်ဒိုအခန်းတစ်ခန်းရဲ့ ကျယ်ဝန်းမှုကို တိုင်းတာတဲ့အခါ ကြမ်းပြင်ဧရိယာ (Square Meter) တစ်ခုတည်းကိုပဲ ကြည့်လို့မရပါဘူး... သင့်ရဲ့ နေ့စဉ် စိတ်ခံစားချက်ကို အများကြီး ပြောင်းလဲသွားစေနိုင်တဲ့ "မျက်နှာကြက် အမြင့် (Ceiling Height)" ကိုကော သတိထားမိပါသလား? ✨

ဘန်ကောက်မှာ ကွန်ဒိုဝယ်တဲ့အခါ အများစုက အခန်းဘယ်လောက်ကျယ်လဲ (Sqm) ကိုသာ အဓိကထား မေးလေ့ရှိကြပါတယ်။ ဒါပေမဲ့ တကယ့် Luxury Designer တွေ၊ ဗိသုကာပညာရှင်တွေ အလေးအနက်ထားတဲ့ အရာကတော့ "Volume (ထုထည်)" လို့ခေါ်တဲ့ အခန်းရဲ့ အမြင့်ပေ ပါပဲ။

သာမန်ကွန်ဒိုတွေရဲ့ မျက်နှာကြက်အမြင့်ဟာ ၂.၆ မီတာ (၈.၅ ပေ) ဝန်းကျင်သာ ရှိတတ်ပေမယ့်၊ Luxury ကွန်ဒိုတွေမှာတော့ ၃ မီတာ ကနေ ၄ မီတာကျော် (Duplex/Loft Type) အထိ မြင့်မားစွာ တည်ဆောက်ထားလေ့ရှိပါတယ်။

ဒီလို မျက်နှာကြက်မြင့်တဲ့ (High-Ceiling) အခန်းတွေက ဘာတွေထူးခြားသွားလဲ?

🌤️ ၁။ သဘာဝအလင်းရောင်နှင့် လေဝင်လေထွက် (Natural Light & Ventilation):

ကြမ်းပြင်ကနေ မျက်နှာကြက်အထိ အပြည့်တပ်ဆင်ထားတဲ့ Floor-to-ceiling Windows ကြီးတွေကနေ သဘာဝအလင်းရောင် အပြည့်အဝရရှိလို့ အခန်းထဲရောက်တာနဲ့ စိတ်ကို လန်းဆန်းသွားစေပါတယ်။

🧘‍♀️ ၂။ စိတ်ပိုင်းဆိုင်ရာ လွတ်လပ်မှု (Psychological Grandeur):

လူတွေဟာ မျက်နှာကြက်မြင့်တဲ့ နေရာတွေမှာ နေထိုင်တဲ့အခါ မွန်းကျပ်မှုတွေ ပြေလျော့ပြီး၊ စိတ်ကူးဉာဏ် ပိုမိုပွင့်လန်းလာတယ်လို့ စိတ်ပညာရှင်တွေက ဆိုပါတယ်။ ဟိုတယ်ကြီးတွေရဲ့ Lobby တွေမှာ ဝင်လိုက်တာနဲ့ ခမ်းနားမှုကို ခံစားရသလိုပါပဲ။

🖼️ ၃။ Interior Design လွတ်လပ်ခွင့်:

ကြီးမားတဲ့ Chandelier မီးဆိုင်းကြီးတွေ တပ်ဆင်တာ၊ နံရံအပြည့် ပန်းချီကားကြီးတွေ ချိတ်ဆွဲတာ စတဲ့ အဆင့်မြင့် Interior Decoration တွေကို စိတ်ကြိုက် ဖန်တီးနိုင်ပါတယ်။

နေ့စဉ် မနက်ခင်း နိုးထလာချိန်တိုင်းမှာ ကျယ်ဝန်းလွတ်လပ်တဲ့ ခံစားချက်ကို ရရှိစေမယ့် High-Ceiling (သို့) Duplex Luxury ကွန်ဒိုလေးတွေကို ရှာဖွေနေတယ်ဆိုရင်တော့... Tanayar သို့ ယခုပဲ ဆက်သွယ် တိုင်ပင်လိုက်ပါရှင်။

ที่อยู่

Bankok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Tanayarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์