เส้นทาง เว็บไซต์

Tanayar Find your perfect home with Tanayar.com – where every space tells a story.

17/10/2026

AP Thailand ကကျင်းပပြုလုပ်ခဲ့တဲ့ Life Sukhumvit Rama 4 event လေးကို Tanayar မှတက်ရောက်ဖြစ်ခဲ့ပါတယ်။

“Life Sukhumvit Rama 4” Condo ကတော့ အစိမ်းလိုင်း Phra Khanong Station အနီးမှာဖြစ်ပြီး အဖွင့်စျေးအနေဖြင့် ဘတ် 3 သန်းကျော်ကနေစတင်ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်ရှင်။ အစားအသောက်တွေပေါပြီး လူအသွားအလာစည်ကားတဲ့ Phra Khanong area တစ်ဝိုက်ကိုတော့ ကျမတို့ မြန်မာလူမျိုးတွေသာမက နိုင်ငံခြားသားများလည်းကြိုက်နှစ်သက်ကြပါတယ်။ ကိုယ်တိုင်နေထိုင်လိုသူများသာမက၊ investment အတွက်ပါစဉ်းစားလို့အဆင်ပြေမဲ့နေရာ ပါတ်ဝန်းကျင်ဖြစ်တာမို့ တင်ပေးလိုက်ရပါတယ်ရှင်။

🏗️Project Information

✅Developer - AP Thailand

✅Project ပြီးစီးမည့်နှစ် - Around 2028

✅Total Floor - 46 Floors

✅Total number of units - 1,054

✅Commercial units - 2

✅Car Parking - 41%

✅Only 550 m from Phra Khanong BTS Station

📍အခန်းအမျိုးအစားများနှင့် စျေးနှုန်းများ။ (3% discount ပါအပြီးစျေးများဖြစ်ပါသည်)

✅1 Bedroom - 27.2 sqm - Start around 3 MB

✅1 Bedroom - 31/31.5 sqm - Start around 3.4 MB

✅1 Bed Plus - 35 sqm - Start around 4 MB

✅2 Beds - 50 sqm - Start around 5.7 MB

✅2 Beds - 55 sqm - Start around 6.7 MB

✅2 Beds - 60.5 sqm - Start around 8.1 MB

💰Payment Plan

✅Booking fees - 50,000 baht for 1 Bed and 100,000 Baht for 2 Beds

✅Booking fees ပေးသွင်းပြီး 1 Week အတွင်း 15% ပေးသွင်းရပါမည်။

✅ကျန်ငွေအား Project ပြီးစီးမည့် အချိန်ဖြစ်သော 2028 March တွင်ပေးသွင်းရပါမယ်ရှင်။

📃 Ownership (ပိုင်ဆိုင်မှု)

✅Freehold မြေဖြစ်သည့်အတွက် သားစဥ်မြေးဆက်ပိုင်ဆိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။

✅အမည်ပေါက် ဂလုန်နီစာချုပ်ရရှိမှာဖြစ်ပါတယ်။

✅နိုင်ငံခြားသားဝယ်ယူနိုင်ခွင့်ရှိသည့် Foreign Quota အခန်းများဖြစ်ပါတယ်။

☎️Contact:

Thai Phone: +66 947427508

Viber: +66 947427508

Whatsapp: 094 742 7508

#ဘန်ကောက်ကွန်ဒို #ထိုင်းအိမ်ခြံမြေ

📊 ဘန်ကောက်မှာ အိမ် (သို့) ကွန်ဒိုဝယ်တော့မယ်ဆိုရင် ဘယ်နေရာတွေက လူကြိုက်အများဆုံးဖြစ်နေလဲ?2026 ခုနှစ်ရဲ့ ပထမနှစ်ဝက် (ဇန်နဝ...
16/10/2026

📊 ဘန်ကောက်မှာ အိမ် (သို့) ကွန်ဒိုဝယ်တော့မယ်ဆိုရင် ဘယ်နေရာတွေက လူကြိုက်အများဆုံးဖြစ်နေလဲ?

2026 ခုနှစ်ရဲ့ ပထမနှစ်ဝက် (ဇန်နဝါရီ မှ ဇွန်လအထိ) Social Media ပေါ်က အိမ်ခြံမြေဆွေးနွေးမှုတွေကို သုတေသနကုမ္ပဏီဖြစ်တဲ့ RealWatch Lab က Social Listening နည်းလမ်းနဲ့ လေ့လာဆန်းစစ်ခဲ့ရာမှာ စိတ်ဝင်စားစရာ အချက်အလက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

Lifestyle အမျိုးမျိုးအတွက်ဘန်ကောက်မှာ ထိပ်ဆုံးက ရေပန်းစားနေတဲ့ နေရာတွေကို ဖော်ပြပေးလိုက်ပါတယ်ရှင် -

🏢 ကွန်ဒို (Condo) ဝယ်/ငှားဖို့ လူစိတ်ဝင်စားမှုအများဆုံး Top 5 နေရာများ။

၁။ Rama IX (၄၂%) - လူတွေရဲ့စိတ်ဝင်စားမှု အများဆုံးပမာဏကို သိမ်းပိုက်ထားပြီး ရထားလမ်းနီးခြင်း၊ စီးပွားရေးဇုန်ကြီးများသို့ သွားလာရလွယ်ကူခြင်း၊ ဘန်ကောက်မြို့လယ်ထက် ဈေးနှုန်းပိုမိုသင့်တင့်ခြင်းတို့ကြောင့် နံပါတ် (၁) နေရာမှာ ရေပန်းစားနေပါတယ်။ (1-Bedroom အခန်းများ ပိုမိုစိတ်ဝင်စားကြပါသည်)
၂။ Sukhumvit (၂၄%) - မြို့လယ်ခေါင် သွားလာရလွယ်ကူမှုနဲ့ အဆင့်မြင့် Lifestyle Facilities တွေကြောင့် ဒုတိယနေရာမှာ ရှိနေပါတယ်။
၃။ Don Mueang (၁၄%) - ဘတ် (၂) သန်းအောက် တန်ဖိုးနည်း 1-Bedroom အခန်းတွေနဲ့ ဆေးရုံ၊ ကျောင်း၊ Shopping Mall စုံလင်မှုများကြောင့် လူကြိုက်များပါတယ်။
၄။ Ekkamai (၁၁%) - စီးပွားရေးဇုန်နဲ့ နီးစပ်ပြီး ဘဝအမောပြေစေမယ့် Green Spaces တွေပါဝင်သည့် ကွန်ဒိုများရေပန်းစားပါတယ်။
၅။ Vibhavadi Rangsit (၉%) - Red Line ရထားလိုင်းကြောင့် သွားလာရလွယ်ကူပြီး ဘတ် (၂) သန်းအောက် ကွန်ဒိုများ စိတ်ဝင်စားမှု မြင့်မားပါတယ်။

🏡 လုံးချင်းအိမ်နှင့် Townhouse Top 5 နေရာများ။
၁။ Bang Na (၇၅%) - လုံးချင်းအိမ်နှင့် Townhouse ရှာဖွေသူတွေကြားမှာ ပြိုင်ဘက်မရှိ ၇၅% အထိ လွှမ်းမိုးထားပါတယ်။ သွားလာရလွယ်ကူပြီး ပတ်ဝန်းကျင်ကောင်းမွန်ခြင်း၊ အေးအေးချမ်းချမ်းနဲ့ လုံခြုံစိတ်ချရပြီး၊ သဘာဝ Green Space များပါဝင်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။
၂။ Rama II (၉%) - စက်ရုံ/လုပ်ငန်းခွင်များနှင့် နီးစပ်ပြီး သာယာသော Communal Area များကြောင့် ဒုတိယနေရာ ရရှိထားပါတယ်။
၃။ Rama IX & Thong Lo (၆%) - မြို့တွင်း အချက်အချာကျသော လုံးချင်းအိမ်နှင့် townhouse များအဖြစ် ပူးတွဲ အဆင့် (၃) နေရာမှာ ရှိနေပါတယ်။
၄။ Pattanakarn (၄%) - သွားလာရလွယ်ကူသော သီးသန့်ဆန်သည့် အိမ်ရာဝန်းများကြောင့် စိတ်ဝင်စားမှု ရရှိထားပါတယ်။

အချုပ်အားဖြင့်ဆိုရသော် အိမ်ပဲဝယ်ဝယ်၊ ကွန်ဒိုပဲဝယ်ဝယ် ဝယ်ယူသူတွေ အဓိကကြည့်ရှုကြတဲ့ အချက်တွေကတော့ "ရထားလမ်း/လမ်းပန်းဆက်သွယ်ရေး လွယ်ကူမှု၊ အလုပ်ရုံ/ရုံးခန်းများနှင့် နီးစပ်မှု၊ သင့်တင့်သော ဈေးနှုန်း နှင့် ပတ်ဝန်းကျင် အဆင်ပြေစုံလင်မှု" တို့ပဲ ဖြစ်ကြပါတယ်ရှင်။

Rama IX လို နေရာမျိုးမှာ ရင်းနှီးမြှုပ်နှံချင်တာပဲဖြစ်ဖြစ်၊ Bang Na မှာ မိသားစုနဲ့ အေးအေးချမ်းချမ်း နေနိုင်မယ့် လုံးချင်းအိမ်လေး ရှာနေတာပဲဖြစ်ဖြစ်... သင့်ရဲ့ Lifestyle၊ ဘတ်ဂျက်တို့နဲ့ အကိုက်ညီဆုံးဖြစ်မယ့် အကောင်းဆုံး အိမ်ခြံမြေတွေကို ကူညီရှာဖွေပေးဖို့ Tanayar ကအသင့်ရှိနေပါတယ်ရှင်။

ဝယ်ယူဖို့အတွက် ဘယ်ကနေစရမလဲ မသိသေးဘူးဆိုရင်လည်း စိတ်မပူပါနဲ့။ ရင်းနှီးမြှုပ်နှံမှုအတွက်ပဲဖြစ်ဖြစ်၊ ကိုယ်တိုင်နေထိုင်ဖို့အတွက်ပဲဖြစ်ဖြစ် အမှားအယွင်းမရှိ စိတ်ချယုံကြည်စွာ ရွေးချယ်နိုင်ဖို့ Tanayar ရဲ့အိမ်ခြံမြေကျွမ်းကျင်သူတွေနဲ့ အခမဲ့ လာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါပြီ။

Source: nationthailand

အသေးစိတ် စုံစမ်းမေးမြန်းလိုပါက...
📲 Viber: +669 47427508
📲 WhatsApp: 0947427508

အခန်းကျယ်ပြီး Facilities အပြည့်အစုံနဲ့ မြန်မာငွေသိန်း (၂,၈၀၀) ကျော်မှ စတင်ဝယ်ယူနိုင်မယ့် Resort Style အထပ်နိမ့်ကွန်ဒို "...
16/10/2026

အခန်းကျယ်ပြီး Facilities အပြည့်အစုံနဲ့ မြန်မာငွေသိန်း (၂,၈၀၀) ကျော်မှ စတင်ဝယ်ယူနိုင်မယ့် Resort Style အထပ်နိမ့်ကွန်ဒို "Supalai City Resort Sukhumvit 107"

အထပ်နိမ့် Condo အမျိုးအစားဖြစ်ပြီး၊ 5 ဧကကျယ်ဝန်းသော မြေပေါ်မှာ တိုက်(၅)လုံးသာ ပါဝင်သည်မို့ ကျယ်ဝန်းပြီး သက်တောင့်သက်သာဖြစ်စေမှုကို ခံစားရစေမှာ ဖြစ်ပါတယ်။ မြေနေရာကျယ်ဝန်းပြီး၊ Resort Style ဆောက်လုပ်ထားတာဖြစ်သည်မို့ လေကောင်း၊ လေသန့်ရှုရင်း၊ အေးအေးဆေးဆေး လမ်းလျှောက်၊ အပန်းဖြေလို့ရပါတယ်။ ကလေးများကစားရန်အတွက် ကစားကွင်းလည်းပါရှိပြီး၊ ရေကူးကန်၊ Gym၊ Co-Working Space၊ Meeting Room စသဖြင့် Facilities များလည်းပါရှိပါတယ်။

Supalai Developer မှဆောက်လုပ်ထားတာဖြစ်ပြီး၊ ငလျင်အပြီးတွင် Supalai Projects များ၏ Structure ကြံ့ခံမှုကြောင့် နာမည်ပိုရလာသော Developer ဖြစ်ပါသည်။ Supalai သည် အခန်းကျယ်ကို ဦးစားပေးဆောက်သည့် Developer ဖြစ်ပါတယ်။ Supalai City Resort တွင်၊ အကျယ်ဆုံးအခန်းမှာ 2 Bedrooms, 2 Bathrooms ကို 70 sqm ရှိပါတယ်။

Bearing Station ကို မိနစ် 20 လမ်းလျှောက်ရုံရောက်နိုင်သလို လမ်းမလျှောက်ချင်တဲ့ သူတွေအတွက် BTS Station ထိ Free Shuttle Bus စီစဉ်ပေးထားပါတယ်။ ကျောင်းတွေ၊ ဆေးရုံတွေ၊ Shopping Mall တွေနဲ့လည်း အလွန်နီးကပ်ပြီး မကြာမီဖွင့်လှစ်တော့မယ့် Bangkok Mall (ဘန်ကောက်မြို့ရဲ့ အကြီးဆုံး Shopping Mall) နဲ့လဲ နီးတာမို့ ရင်းနှီးမြှုပ်နှံလိုသူတွေအတွက်သင့်တော်တဲ့ Project တစ်ခု ဖြစ်ပါတယ်။

Condo အနီးတစ်ဝိုက်ရှိ ကျောင်းများ။

- St.Andrew International School - 3 mins drive
- Bangkok Patana School - 6 mins drive
- Thai-Singapore International School - 9 mins drive

Condo အနီးတစ်ဝိုက်ရှိ Shopping Mall များ။

- So Grill Barbecue Buffet - 6 mins drive
- Makro and Big C - 15 mins drive
- Ton Sai Market - 5 mins drive
- Home Pro Bangna km1 - 12 mins drive
- Foodland Srinagarindra - 12 mins drive

Condo အနီးတစ်ဝိုက်ရှိ ဆေးရုံများ။

- Sikarin Hospital - 13 mins drive
- Samrong Medical Hospital - 13 mins drive

Available Units and Prices

- Studio - 28 Sqm (Starting at 1.88 MB)
- 1 Bedroom - 34/36/41 Sqm (Starting at 2.18 MB)
- 1 Bedroom Plus - 44 Sqm (Starting at 2.74 MB)
- 2 Bedrooms, 2 Bathrooms - 70 Sqm (Starting at 4.51 MB)

Location Map - https://maps.app.goo.gl/fQ4q2yR4iFTswGrt9?g_st=com.google.maps.preview.copy

Tanayar နှင့်ဝယ်ယူသော Customer တိုင်းအတွက် အသက်သာဆုံးစျေးဖြင့်ရအောင် Developer နှင့်ညှိနှိုင်းဆောင်ရွက်ပေးပါသည်။

Condo စတင်ဝယ်ယူသောအချိန်မှစ၍ SPA contract ထိုးခြင်း၊ Professional inspection team ဖြင့်ချိတ်ဆက်ပြီး အခန်းစစ်ဆေးမှုများ ၊ ငွေပေးချေရာတွင် အဆင်ပြေချောမွေ့စေရန် ကူညီဆောင်ရွက်ပေးခြင်း၊ Decoration ပြင်လိုသူများအတွက် Quality ကောင်းမွန်ပြီးအသက်သာဆုံးစျေးဖြင့်ရရှိစေရန် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း စသည်ဖြင့် Customer လက်ထဲသို့အခန်း ရောက်ရှိသွားသည်အထိ ဆောင်ရွက်ပေးပါတယ်ရှင်။

☎️ Contact:
Viber - +66 947427508
Whatsapp - 0947427508

AWC Mega Projects အနီးမှာ ဘယ် Project တွေရွေးချယ်လို့ရနိုင်မလဲ?Bangkok မှာ Condo ဝယ်ဖို့ဆိုရင်လက်ရှိမှာလူစည်ကားနေတဲ့နေရာ...
14/10/2026

AWC Mega Projects အနီးမှာ ဘယ် Project တွေရွေးချယ်လို့ရနိုင်မလဲ?

Bangkok မှာ Condo ဝယ်ဖို့ဆိုရင်လက်ရှိမှာလူစည်ကားနေတဲ့နေရာတွေတင်မကပဲ၊ အနာဂတ်မှာလည်း ပိုမိုဖွံ့ဖြိုးလာနိုင်တဲ့ နေရာတွေကိုပါ ကြိုတင်လေ့လာထားသင့်ပါတယ်။

ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေကုမ္ပဏီကြီးဖြစ်တဲ့ Asset World Corporation (AWC) က Bangkok ရဲ့ အထင်ကရနေရာနှစ်ခုကို Tourism & Lifestyle Destination တွေအဖြစ် ပိုမိုဖွံ့ဖြိုးလာစေဖို့ စီမံကိန်းတွေ လုပ်ဆောင်နေပါတယ်။

📍 1. Asiatique The Riverfront
Chao Phraya မြစ်ကမ်းဘေးက Shopping, Dining နဲ့ Entertainment Destination ဖြစ်ပြီး Avatar-themed attraction အပါအဝင် ခရီးသွားတွေကို ပိုမိုဆွဲဆောင်နိုင်မယ့် စီမံကိန်းတွေ ပါဝင်ပါတယ်။

📍 2. Woeng Nakhon Khasem – Yaowarat (Chinatown)
Bangkok ရဲ့ နာမည်ကြီး Chinatown ဧရိယာမှာ Hotel, Retail နဲ့ Entertainment တွေပါဝင်တဲ့ Mixed-use Landmark Project ကို ဖော်ဆောင်ဖို့ စီစဉ်ထားပါတယ်။

ဒီလိုနေရာတွေ ဖွံ့ဖြိုးလာတဲ့အခါ အနီးအနားက Condo တွေမှာလည်း အငှားလိုအပ်ချက်နဲ့ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေ တိုးလာနိုင်ပါတယ်။

ဒါဆို ဒီနေရာတစ်ဝိုက်မှာထိုင်းနိုင်ငံရဲ့ နာမည်ကြီး Developer တွေဆောက်ထားတဲ့ Foreign Quota Condo တွေဘာတွေရှိလဲ?

✅Supalai Tyme အထပ်မြင့်ကြိုပွိုင့် Condo
- ဘတ် 3 သန်းကျော်ဝန်းကျင်ကနေ စတင်ဝယ်ယူနိုင်ပါတယ်။
- Developer - Supalai
- Completion Year - 2028 (Expected)

✅Flo By Sansiri အထပ်မြင့် Ready to Move In Condo
- ဘတ် 3 သန်းကျော်ဝန်းကျင်ကနေ စတင်ဝယ်ယူနိုင်ပါတယ်။
- Developer - Sansiri

✅ Life Charoennakorn Sathorn အထပ်မြင့်ကြိုပွိုင့် Condo
- ဘတ် 3 သန်းကျော်ဝန်းကျင်ကနေ စတင်ဝယ်ယူနိုင်ပါတယ်။
- Developer - AP Thailand
- Completion Year - 2027 January (Expected)

✅ Rhythm Chareonnakorn Iconic အထပ်မြင့် Ready to Move In Condo
- ဘတ် 3 သန်းကျော်ဝန်းကျင်ကနေ စတင်ဝယ်ယူနိုင်ပါတယ်။
- Developer - AP Thailand
- Completion Year - 2026 August တွင်ပြီးစီးခဲ့သော Condo အသစ်စက်စက်ဖြစ်ပါတယ်။

ဝယ်ယူလိုတဲ့ Budget နဲ့ နေရာပေါ်မူတည်ပြီး သင့်တော်တဲ့ Project တွေကို နှိုင်းယှဉ်ရွေးချယ်နိုင်ဖို့ Property Matching တွေပြုလုပ်ပေးနေပါတယ်ရှင်။ လိုချင်သော Project တွေကိုစိတ်တိုင်းကြ ရွေးချယ်နိုင်ရန် Page Messenger ကနေဆက်သွယ်နိုင်ပါပြီရှင်။

☎️ Contact:

Viber - +66 947427508
Whatsapp - 0947427508

🔥 Supalai Veranda 117 Special Offer – 1.99 MB ONLY! LIMITED STOCK ONLY 🚨Supalai Veranda 117 မှာ 1.99 MB နဲ့ Studio Condo...
13/10/2026

🔥 Supalai Veranda 117 Special Offer – 1.99 MB ONLY! LIMITED STOCK ONLY 🚨

Supalai Veranda 117 မှာ 1.99 MB နဲ့ Studio Condo ပိုင်ဆိုင်နိုင်မယ့် Special Offer လေး ပြန်ရနေပါပြီ။

အခန်းအရေအတွက်က အကန့်အသတ်ရှိတာကြောင့် ဒီဈေးနဲ့ ရချိန်မှာ လက်မလွတ်သင့်တဲ့အခွင့်အရေးလေးပါနော်။

📍 Supalai Veranda Sukhumvit 117
ဒီ Condo ရဲ့ အားသာချက်တွေကတော့—

🚆 BTS နဲ့ နီးပါတယ်
BTS Station ကို လမ်းလျှောက် 3 မိနစ်ခန့် နဲ့ ရောက်နိုင်တာကြောင့် နေ့စဉ်သွားလာဖို့ အဆင်ပြေပါတယ်။

🛒 Big C နီးနီးမှာရှိပါတယ်
နေ့စဉ်လိုအပ်တာတွေ ဝယ်ယူဖို့ Big C ကို 5 မိနစ်ခန့် လမ်းလျှောက်ရုံနဲ့ ရောက်နိုင်ပါတယ်။

🛣️ Expressway အနီးမှာရှိတာကြောင့်
မြို့တွင်း၊ မြို့ပြင် သွားလာတဲ့အခါလည်း ပိုမိုအဆင်ပြေပါတယ်။
🛍️ Imperial Samrong Shopping Mall ကိုလည်း တစ်မှတ်တိုင်ခန့် သွားရုံနဲ့ ရောက်နိုင်ပါတယ်။

🏫🏥 International School နဲ့ Hospital တွေ ဝန်းရံထားတဲ့ Location ဖြစ်တာကြောင့် နေထိုင်ဖို့အတွက်လည်း အဆင်ပြေပါတယ်။

💻 WFH လုပ်သူတွေအတွက်လည်း အဆင်ပြေပါတယ်
Condo ထဲမှာ Sky Lounge 2 ထပ် ပါဝင်တာကြောင့် အိမ်မှာပဲ အလုပ်လုပ်ရတာမျိုး မကြိုက်တဲ့သူတွေအတွက် အလုပ်လုပ်ဖို့ နေရာရွေးချယ်စရာရှိပါတယ်။

🏡 ကိုယ်တိုင်နေဖို့ပဲဖြစ်ဖြစ်၊ Rental Investment အတွက်ပဲဖြစ်ဖြစ် BTS နီး၊ Shopping Mall နီး၊ Expressway နီးပြီး အလုပ်လုပ်သူတွေနဲ့ နေထိုင်သူတွေအတွက် အဆင်ပြေတဲ့ Location ဖြစ်တာကြောင့် နေထိုင်ဖို့နဲ့ အငှားရင်းနှီးမြှုပ်နှံဖို့ နှစ်မျိုးလုံး စဉ်းစားလို့ရတဲ့ Condo တစ်ခုဖြစ်ပါတယ်။

🔥 1.99 MB နဲ့ ရနိုင်တဲ့ Studio အခန်းတွေက Limited Stock ဖြစ်တာကြောင့်စိတ်ဝင်စားရင် အခန်းနဲ့ လက်ရှိ Promotion အသေးစိတ်ကိုစုံစမ်းနိုင်ပါတယ်ရှင်။

☎ Contact
Viber: +66 947427508
Whatsapp: 0947427508

Ratchada 19 မှာ ကိုယ်ပိုင်ဆိုင်ခန်းတစ်ခန်း ပိုင်ဆိုင်ထားချင်သူတွေအတွက် Freehold Shop OpportunityBangkok ရဲ့ Ratchada 19 ...
12/10/2026

Ratchada 19 မှာ ကိုယ်ပိုင်ဆိုင်ခန်းတစ်ခန်း ပိုင်ဆိုင်ထားချင်သူတွေအတွက် Freehold Shop Opportunity

Bangkok ရဲ့ Ratchada 19 မှာ ကိုယ်တိုင် Business လုပ်ချင်သူတွေအတွက်ပဲဖြစ်ဖြစ်၊ Investment အနေနဲ့ ဝယ်ယူထားချင်သူတွေအတွက်ပဲဖြစ်ဖြစ်သင့်တော်မဲ့ Retail Shops လေးတွေနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင်။

ဒီ Retail Shops တွေကိုတော့ PRUKSA Developer ကဆောက်လုပ်နေတာဖြစ်ပြီး၊ 2027 နှစ်ကုန်ပိုင်းလောက်မှာပြီးစီးမှာဖြစ်ပါတယ်။PRUKSA ဟာ ထိုင်းနိုင်ငံမှာ အိမ်ရာနဲ့ Condominium Development တွေကို ရေရှည်လုပ်ကိုင်လာတဲ့ Real Estate Developer တစ်ဦးလည်းဖြစ်ပါတယ်ရှင်။

Chapter One Bloc 19 Ratchada ဟာ Ratchada 19 မှာတည်ရှိပြီး လမ်းဘက်ကိုမျက်နှာမူထားတဲ့ နှစ်ထပ်ဆိုင်ခန်းတွဲ သုံးတွဲသာပါဝင်တဲ့ Project ဖြစ်ပါတယ်။

ပိုင်ဆိုင်မှုအနေနဲ့ Freehold Ownership ဖြစ်ပါတယ်။ ကိုယ်တိုင် Business လုပ်ချင်ရင်လည်းရသလို၊ ဝယ်ပြီးနောက် အခြားလုပ်ငန်းရှင်တွေကို ဆိုင်ခန်းအဖြစ် ပြန်လည်ငှားရမ်းတာမျိုးလည်းပြုလုပ်လို့ရပါတယ်။

Chapter One Bloc 19 ဟာ Ratchada 19 မှာရှိပြီး Residential Community တွေ၊ Shopping & Lifestyle Area တွေနဲ့ Office Buildings တွေကို ချိတ်ဆက်သွားလာရလွယ်တဲ့ Location ဖြစ်ပါတယ်။ အနီးအနားမှာ Big C Ladprao, HomePro Ladprao, Central Ladprao, The Street Ratchada, Esplanade Ratchada နဲ့ Central Rama 9 တို့ရှိသလို Sun Tower, S-OASIS, CW Tower, AIA Capital Center, G Tower Grand Rama 9 စတဲ့ Office Buildings တွေလည်း ရှိပါတယ်။ ဒါကြောင့်လူနေထူထပ်တဲ့ Community နဲ့ Lifestyle/Office Area တွေကြားမှာ Business လုပ်ဖို့ စဉ်းစားလို့ကောင်းတဲ့ Location တစ်ခုဖြစ်ပါတယ်။

Chapter One Bloc 19 ရဲ့ နောက်ထပ်ထူးခြားချက်က Pet Lifestyle ကို အဓိကထားတဲ့ Community Concept ဖြစ်ပါတယ်။ Project အတွင်းမှာ Pet Lobby, Pet Co-working Space, Pet Grooming Room, Pet Park, Cat Playhouse, Pet Backyard စတဲ့ Pet-focused Facilities တွေပါဝင်ပြီး ချစ်ရတဲ့ Pet လေးတွေအတူတူနေထိုင်၊ အလုပ်လုပ်၊ အပန်းဖြေနိုင်မယ့် Lifestyle Community တစ်ခုအဖြစ် ဖန်တီးထားပါတယ်။

ရွေးချယ်စရာဆိုင်ခန်း 3 ခန်းရှိပါတယ်ရှင် -

💰 Starting From THB 11.5 Million
🔑 Freehold
🏬 2-Storey Retail Shop
🔥 Only 3 Units
📅 Completion – Q4 2027

ယခုဆိုင်ခန်းတွေကို ကိုယ်တိုင်လာရောက်ကြည့်ရှုလိုသူများအတွက် Transportation စီစဥ်ပေးပြီး၊ ပြသပေးနေပါတယ်ရှင်။

☎️ Contact:

Viber - +66 947427508
Whatsapp - 0947427508

🇮🇹 Sansiri က အီတလီနိုင်ငံ Lake Como ရှိ Ultra-Luxury Hotel ကို အပြည့်အဝပိုင်ဆိုင်ရန် ရင်းနှီးမြှုပ်နှံ။ထိုင်းနိုင်ငံရဲ့ ...
11/10/2026

🇮🇹 Sansiri က အီတလီနိုင်ငံ Lake Como ရှိ Ultra-Luxury Hotel ကို အပြည့်အဝပိုင်ဆိုင်ရန် ရင်းနှီးမြှုပ်နှံ။

ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေ Developer ကြီး Sansiri က ကမ္ဘာ့အဆင့် Luxury Hospitality Asset တွေမှာ ရင်းနှီးမြှုပ်နှံမှုကို ပိုမိုတိုးချဲ့လာပါတယ်။ ဒီအတွက် Sansiri Capital ဆိုတဲ့ Private Equity Fund ကို တည်ထောင်ပြီး Luxury Hotel & Hospitality Asset တွေကို အဓိကထား ရင်းနှီးမြှုပ်နှံသွားမယ်လို့ သိရပါတယ်။ ပထမဆုံးအကြီးစားရင်းနှီးမြှုပ်နှံမှုအဖြစ် အီတလီနိုင်ငံ၊ Lake Como က The Lake Como EDITION ဟိုတယ်ကို အပြည့်အဝပိုင်ဆိုင်နိုင်ဖို့ စီစဉ်ထားပါတယ်။

🏨 The Lake Como EDITION ဟာ Lake Como ရဲ့ ရေကန်ကမ်းစပ်မှာ တည်ရှိတဲ့ 5-Star Ultra-Luxury Hotel တစ်ခုဖြစ်ပြီး လက်ရှိမှာ Occupancy Rate 70% ကျော် ရရှိနေသလို အခန်းတစ်ခန်းရဲ့ ပျမ်းမျှတစ်ညတာဈေးနှုန်းကလည်း €1,500 ကျော် ရှိနေပါတယ်။ ဟိုတယ်မှာ အခန်းပေါင်း 300 ကျော် ပါဝင်ပြီး အဲဒီထဲမှာ အရွယ်အစားပိုကြီးတဲ့ Rooms & Suites 148 ခန်း အပြင် Spa နဲ့ Wellness Facilities တွေလည်း ပါဝင်ပါတယ်။ ဒီ Acquisition ကို ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုအဖွဲ့တွေဖြစ်တဲ့ Bain Capital နဲ့ Omnam Group တို့ထံကနေ ပြုလုပ်မှာဖြစ်ပြီး 2026 ခုနှစ် စက်တင်ဘာလအကုန်မှာ အပြီးသတ်နိုင်ဖို့ မျှော်မှန်းထားပါတယ်။ Deal ပြီးစီးသွားတာနဲ့ ဟိုတယ်ကရရှိတဲ့ Revenue ကို Sansiri Capital ရဲ့ Fund ထဲမှာ တိုက်ရိုက်စာရင်းသွင်းနိုင်မှာ ဖြစ်ပါတယ်။

Sansiri Capital ရဲ့ Managing Director ဖြစ်တဲ့ Napat Thavisin ကတော့ ဒီလို Global Luxury Asset ကို ပိုင်ဆိုင်လာခြင်းဟာ Sansiri အတွက် တိုးတက်မှုအသစ်တစ်ခုဖြစ်သလို Financial Flexibility တိုးမြှင့်ပြီး ရင်းနှီးမြှုပ်နှံမှုအန္တရာယ်ကို Asset မျိုးစုံခွဲဝေကာ လျှော့ချနိုင်မယ့် အရေးကြီးတဲ့ခြေလှမ်းတစ်ခု ဖြစ်တယ်လို့ ပြောပါတယ်။ Sansiri ရဲ့ ရင်းနှီးမြှုပ်နှံမှု Strategy ကလည်း ဝယ်လိုအားမြင့်မားပြီး Supply အကန့်အသတ်ရှိတဲ့ ကမ္ဘာ့အရေးပါသော မြို့ကြီးများနဲ့ ထင်ရှားတဲ့ Leisure Destination တွေမှာရှိတဲ့ Ultra-Luxury “Trophy Assets” တွေကို အဓိကထား ရေရှည်ရင်းနှီးမြှုပ်နှံသွားဖို့ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ Shareholders တွေအတွက် ရေရှည်အကျိုးအမြတ်တွေ ဖန်တီးပေးနိုင်ဖို့ ဖြစ်ပါတယ်။

ဒါဟာ Sansiri ရဲ့ ပထမဆုံး Overseas Luxury Investment မဟုတ်ပါဘူး။ ယခင်ကလည်း New York ရဲ့ SoHo မှာ Luxury Hotel Investment ပြုလုပ်ခဲ့သလို The Standard International Brand ကိုလည်းတိုးချဲ့ခဲ့ပြီး နောက်ပိုင်းမှာ Hyatt Hotels Corporation ကို US$355 million တန်ဖိုးနဲ့ပြန်လည် ရောင်းချခဲ့ဖူးပါတယ်။

အခု Lake Como EDITION Investment အပြီးမှာလည်း Sansiri က ကမ္ဘာ့အထင်ကရ Tourism Destination တွေနဲ့ Gateway City တွေမှာရှိတဲ့ Luxury Trophy Assets တွေကို ဆက်လက်ရှာဖွေရင်း Global Real Estate & Hospitality Investment Company တစ်ခုအဖြစ် ပိုမိုတိုးချဲ့သွားဖို့ ရည်ရွယ်ထားပါတယ်။

အဓိကအားဖြင့် Sansiri ရဲ့ ဒီခြေလှမ်းက ထိုင်းနိုင်ငံအတွင်း Real Estate Developer တစ်ခုအဖြစ်သာမက Global Luxury Real Estate & Hospitality Asset တွေကို ကိုယ်တိုင်ပိုင်ဆိုင်ပြီး ရေရှည်ဝင်ငွေဖန်တီးနိုင်တဲ့ Investment Platform တစ်ခုအဖြစ် တိုးချဲ့သွားနေတဲ့ လမ်းကြောင်းကိုပြသနေပါတယ်။

ကမ္ဘာ့အဆင့် Luxury Asset တွေအထိ ရင်းနှီးမြှုပ်နှံနေတဲ့ Sansiri လို ထိပ်တန်း Developer ရဲ့ Project တွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ Sansiri Project တွေကို တိုက်ရိုက်ရောင်းချပေးနေတဲ့ Tanayar နဲ့ ဆက်သွယ်ပြီး သင့်ရဲ့ requirements နဲ့ ကိုက်ညီမယ့် Sansiri Project တွေကိုရွေးချယ်နိုင်ပါတယ်ရှင်။

☎️ Contact:

Viber - +66 947427508
Whatsapp - 0947427508

Thailand Property News  🇹🇭📰 : Phuket အိမ်ခြံမြေဈေးကွက်ကို အာရုံစိုက်လာတဲ့ Asset Wiseထိုင်းနိုင်ငံရဲ့နာမည်ကြီး developer ...
11/10/2026

Thailand Property News 🇹🇭📰 : Phuket အိမ်ခြံမြေဈေးကွက်ကို အာရုံစိုက်လာတဲ့ Asset Wise

ထိုင်းနိုင်ငံရဲ့နာမည်ကြီး developer ဖြစ်တဲ့ Asset Wise ဟာ 2026 ခုနှစ်အတွက် သတ်မှတ်ထားတဲ့ ဘတ် 18.5 ဘီလီယံ ရောင်းအား Target ကို ပြည့်မီနိုင်ဖို့ Phuket ရဲ့ အဆင့်မြင့်အိမ်ခြံမြေဈေးကွက်ဘက်ကို ပိုမိုအာရုံစိုက်လာပါတယ်။

2026 ခုနှစ် ပထမ ၉ လအတွင်း Asset Wise က ဘတ် 15.28 ဘီလီယံ ရောင်းချနိုင်ခဲ့ပြီး၊ တစ်နှစ်တာ Target ရဲ့ 83% အထိရရှိထားပါတယ်။ ဒါကြောင့် Target ပြည့်ဖို့ လိုအပ်နေသေးတဲ့ ဘတ် 3.21 ဘီလီယံကို စတုတ္ထသုံးလပတ်ရဲ့ Peak Season အတွင်း ဖြည့်ဆည်းနိုင်ဖို့ ကြိုးစားနေပါတယ်။

🌴 Phuket ကို ဘာကြောင့် အာရုံစိုက်လာတာလဲ?

Local Market မှာ စီးပွားရေးဖိအားတွေ၊ Customer တွေရဲ့ သတိထားသုံးစွဲမှုနဲ့ အိမ်ရာချေးငွေရရှိဖို့ ခက်ခဲလာတာတွေကြောင့် ဝယ်လိုအားနှေးကွေးနေပါတယ်။ ဒါပေမယ့် Phuket ကတော့ ခရီးသွားလုပ်ငန်းကောင်းမွန်မှု၊ နိုင်ငံခြားသားဝယ်လိုအားမြင့်မားမှုနဲ့ အငှားအကျိုးအမြတ်ကောင်းမှုတွေကြောင့် ပိုမိုတည်ငြိမ်တဲ့ အိမ်ခြံမြေဈေးကွက်တစ်ခု ဖြစ်လာနေပါတယ်။

Asset Wise အနေနဲ့လည်း ပုံမှန်အိမ်ရာတွေထက် “Leisure Residence” တွေ၊ ရေရှည်နေထိုင်နိုင်တဲ့ Lifestyle Property တွေကို နိုင်ငံခြားသားဝယ်သူတွေအတွက် ပိုမိုအာရုံစိုက်လာပါတယ်။

🏢 Phuket မှာ စီမံကိန်းအသစ်တွေ တိုးချဲ့နေ။

Phuket ကို အဓိကဖော်ဆောင်နေတဲ့ Asset Wise ရဲ့ လက်အောက်ခံ Rhom Bho Property PLC (TITLE) ကနေ စီမံကိန်းအသစ်တွေ ဆက်တိုက်ထွက်လာပါတယ်။ The Fizz Kata ဟာ ဘတ် 1.1 ဘီလီယံ တန်ဖိုးရှိတဲ့ ကွန်ဒိုစီမံကိန်းဖြစ်ပြီး၊ အရင် THE KATABELLO စီမံကိန်းရဲ့ အောင်မြင်မှုနောက်ပိုင်းမှာဆက်လက်ဖော်ဆောင်လာတာပါ။ ဒါ့အပြင် Karon Beach မှာ ပထမဆုံးဝင်ရောက်မယ့် The Kuartz Karon ကတော့ ဘတ် 1.4 ဘီလီယံ တန်ဖိုးရှိတဲ့ Luxury Residence စီမံကိန်းဖြစ်ပါတယ်။ ဒီစီမံကိန်းနှစ်ခုကြောင့် Asset Wise ရဲ့ Phuket အနောက်ဘက်ကမ်းရိုးတန်းတစ်လျှောက် ဈေးကွက်လွှမ်းခြုံမှုနဲ့ ဈေးနှုန်းအမျိုးအစားတွေ ပိုမိုကျယ်ပြန့်လာမှာဖြစ်ပါတယ်။

📈 Phuket ရဲ့ Property Market က တကယ်ပဲ ကြီးထွားလာနေပြီလား?

လွန်ခဲ့တဲ့ ၅ နှစ်အတွင်း Phuket မှာ အသစ်ဖွင့်လှစ်ခဲ့တဲ့ လူနေအိမ်ရာယူနစ် 45,000 ကျော် ရှိပြီး စုစုပေါင်းတန်ဖိုးက ဘတ် 470 ဘီလီယံနီးပါး (US$13.5 billion) ရှိပါတယ်။ ဒါဟာ Phuket ဟာ ရာသီအလိုက် အပန်းဖြေခရီးသွားနေရာတစ်ခုကနေ နိုင်ငံတကာလူနေအိမ်ရာနဲ့ ရင်းနှီးမြှုပ်နှံမှုအချက်အချာနေရာ တစ်ခုအဖြစ် တဖြည်းဖြည်းပြောင်းလဲလာနေကြောင်း ပြသပါတယ်။

Managed Property တွေရဲ့ ပျမ်းမျှအငှားအကျိုးအမြတ်က 7.8% မှ 8.4% အထိ ရှိနေပြီး၊ ဥရောပ၊ ရုရှား၊ တရုတ်နဲ့ အခြားအာရှနိုင်ငံတွေက နိုင်ငံခြားသားဝယ်သူတွေဟာ အဓိကဝယ်လက်တွေ ဖြစ်နေပါတယ်။

Phuket ကို ရေရှည်လာရောက်နေထိုင်သူတွေ တိုးလာတာနဲ့အတူ ဥရောပ၊ အရှေ့ဥရောပနဲ့ အရှေ့အလယ်ပိုင်းဒေသတွေက Direct Flight တွေ တိုးလာပါတယ်။ ဒါ့အပြင် နိုင်ငံတကာကျောင်း 18 ကျောင်း ရှိလာပြီး Private Healthcare ဝန်ဆောင်မှုတွေလည်း တိုးချဲ့လာတာကြောင့် Phuket ဟာ အပန်းဖြေဖို့သာမက ရေရှည်နေထိုင်ဖို့ပါ သင့်တော်တဲ့နေရာ ဖြစ်လာနေပါတယ်။

TAT ရဲ့ အချက်အလက်အရ ရုရှား၊ တရုတ်၊ အိန္ဒိယနဲ့ ဥရောပက ဝယ်ယူနိုင်စွမ်းမြင့်တဲ့ ခရီးသွားတွေဟာ ဒုတိယအိမ်နဲ့ ငွေကြေးထိန်းသိမ်းရင်းနှီးမြှုပ်နှံမှုအတွက် Phuket ကို စိတ်ဝင်စားနေကြပါတယ်။ Vegetarian Festival လို နှစ်စဉ်ပွဲတွေကလည်း ဧည့်သည် 140,000 ကျော် ဆွဲဆောင်နိုင်ပြီး ဒေသတွင်းအသုံးစရိတ် ဘတ် 1.4 ဘီလီယံ ခန့် ထိရှိပါတယ်။ Peak Season မှာ ဟိုတယ် Occupancy က 80% အထိ ရှိနိုင်ပါတယ်။

Phuket ကို အာရုံစိုက်လာပေမယ့် Asset Wise ဟာ Bangkok ရဲ့ ပြည်တွင်းဈေးကွက်ကိုလည်း ဆက်လက်လုပ်ဆောင်နေပါတယ်။ တက္ကသိုလ်နဲ့ Transportation Hub တွေအနီးက Campus Condo စီမံကိန်းတွေဟာ တည်ငြိမ်တဲ့ပြည်တွင်းဝယ်လိုအားကိုရရှိစေပါတယ်။ ဥပမာ WYNN Bangmod–Prachauthit စီမံကိန်းဟာ ဘတ်သန်း 500 တန်ဖိုးရှိပြီး စတင်ရောင်းချပြီး မကြာခင်မှာပဲ Pre-sale အနေနဲ့ 50% ကျော် Sold Out ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် Kasetsart University အနီးက KAVE Bloom Kaset ကလည်း ဘတ် 1.5 ဘီလီယံ တန်ဖိုးရှိပြီး တက္ကသိုလ်လူနေမှုဈေးကွက်အတွက် အခွင့်အလမ်းတစ်ခု ဖြစ်နေပါတယ်။

Asset Wise အတွက်တော့ Phuket ဟာ ရောင်းအား Target ကိုဖြည့်ဆည်းဖို့ဈေးကွက်တစ်ခုဖြစ်ရုံသာမက၊ ခရီးသွားမြို့တစ်မြို့အဖြစ်ကနေ နိုင်ငံတကာမှာ Second-home နဲ့ Property Investment Hub တစ်ခုအဖြစ်ပြောင်းလဲလာနေတဲ့ Trend ကို အသုံးချဖို့ ကြိုးစားနေတဲ့ မဟာဗျူဟာတစ်ခုလို့ မြင်နိုင်ပါတယ်။

Bangkok မှာ Investment အတွက် သင့်တော်တဲ့ AssetWise Project တွေကို စိတ်ဝင်စားလို့ဖြစ်စေ၊ Phuket မှာ Rental Yield ကောင်းမွန်ပြီး နိုင်ငံခြားသားဝယ်လိုအားရှိတဲ့ AssetWise Project တွေကို စိတ်ဝင်စားလို့ဖြစ်စေ Tanayar မှ တာဝန်ယူပြီး အရောင်းအဝယ်ပိုင်းကို Asset Wise Developer နှင့်တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်ပေးနေပါတယ်ရှင်။

Project တွေကို ကိုယ်တိုင်သွားရောက်ကြည့်ရှုလေ့လာနိုင်စေရန်အတွက်လည်း Transportation အကြို၊ အပို့ပါစီစဥ်ပြီး လိုက်ပြပေးပါတယ်နော်။

Source - The Nation

☎️ Contact:
Viber - +66 947427508
Whatsapp - 0947427508

#ထိုင်းအိမ်ခြံမြေ #ဖူးခက်အိမ်ခြံမြေ #အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု #ထိုင်းကွန်ဒို

Bangkok Office Market မှာ အခုနောက်ပိုင်း Tenant တွေဟာ နာမည်ကြီး C*D Location ကိုပဲ ကြည့်ပြီး ရုံးခန်းရွေးချယ်တာထက်...💰 R...
08/10/2026

Bangkok Office Market မှာ အခုနောက်ပိုင်း Tenant တွေဟာ နာမည်ကြီး C*D Location ကိုပဲ ကြည့်ပြီး ရုံးခန်းရွေးချယ်တာထက်...

💰 Rent က ဘယ်လောက်တန်လဲ?

🚆 သွားလာရလွယ်ကူလား?

🏢 Building Quality က ကောင်းလား?

💼 Business အတွက် လိုအပ်တဲ့ Facilities တွေ ပြည့်စုံလား?

ဆိုတဲ့ Value for Money ကို ပိုပြီးအလေးထားလာကြပါတယ်။ Knight Frank Thailand ရဲ့ 2026 Q2 Office Market Data အရလည်း Bangkok မှာ Rent တက်တိုင်း Occupancy ကောင်းတာမဟုတ်သလို၊ ဈေးသက်သာတိုင်း Tenant တွေ ဝင်လာတာလည်းမဟုတ်ပါဘူး။


အခုခေတ် Business Owner တွေ အဓိကရှာနေတာကတော့...

👉 Location ကောင်းရမယ်

👉 Transportation အဆင်ပြေရမယ်

👉 Office Cost ကို ထိန်းချုပ်နိုင်ရမယ်

👉 Business အတွက် အသုံးဝင်တဲ့ Space ဖြစ်ရမယ်။

📊 2026 Q2 Data အရ Office Occupancy Rate အမြင့်ဆုံး Area တွေကတော့—

🥇 Petchburi, Rama IX, Ratchada — 82%

🥈 Nana, Asoke, Phrom Phong — 80%

🥉 Phaholyothin, Viphavadi — 75%

📍 Ploenchit, Chidlom, Wireless — 75%

📍 Silom, Sathorn, Rama IV — 74%

📍 Bangna and Srinagarindra — 67%

Petchburi နဲ့ Rama IX Ratchada Area မှာ Average Office Rent က တစ်လကို 728 Baht per sq.m. ဝန်းကျင်သာရှိပြီး Occupancy ကတော့ 82% အထိ ရှိနေပါတယ်။ တစ်ဖက်မှာတော့ C*D ရဲ့ Average Office Rent ကတော့ တစ်လကို 977 Baht per sq.m. ဝန်းကျင်အထိရှိပါတယ်။

ဒါကြောင့် Bangkok Office Market ရဲ့ လက်ရှိ Trend က “C*D ဖြစ်ရမယ်” ဆိုတာထက် “Location + Accessibility + Cost + Value” ကို ပိုရွေးချယ်လာကြတာပါ။

💡 ဒီ Trend နဲ့ ဆက်စပ်ပြီး စဉ်းစားကြည့်သင့်တဲ့ Project တစ်ခုကတော့ Thai Top Developer တစ်ဦးဖြစ်တဲ့ Asset Wise ကဆောက်လုပ်ထားတဲ့ "Modiz Voyage Srinakarin" ပဲဖြစ်ပါတယ်။

Srinakarin Area ဟာ C*D မဟုတ်ပေမယ့်လည်း -

🚆 Yellow Line နဲ့ သွားလာရလွယ်ကူခြင်း။

📍 Rama 9၊ Ramkhamhaeng နဲ့ Business Area တွေကိုအလွယ်တစ်ကူချိတ်ဆက်သွားလာနိုင်ခြင်း။

🏫 ABAC University (Hua Mak Campus) အနီးရှိခြင်း။

🏥 Samitivej Srinakarin Hospital အနီးရှိခြင်းစတဲ့ Location Advantages တွေရှိပါတယ်။

အထူးသဖြင့် Modiz Voyage Srinakarin ဟာ Si Kritha Yellow Line Station ကနေ 300 မီတာခန့်သာ ဝေးတဲ့အတွက်သွားလာရေးအတွက်လည်း အဆင်ပြေတဲ့ Location တစ်ခု ဖြစ်ပြီးတော့လူနေဖို့သာမက Office အဖြစ်ပါ အသုံးပြုနိုင်မယ့် Business Unit တွေ ရှိတာပါ။

Modiz Voyage ရဲ့ Business Unit ကို ရွေးချယ်ဝယ်ယူမယ်ဆိုရင်တော့...

🏡 ကိုယ်တိုင်နေထိုင်နိုင်မယ်။

🏢 Office ဖွင့်နိုင်မယ်။

📍 Business Registration အတွက် Office Address အဖြစ် အသုံးပြုနိုင်ပါမယ်ရှင်။

Condo မှာဆိုရင်တော့ လူနေထိုင်ဖို့သီးသန့် Unit များရှိသလို၊ လူလည်းနေထိုင်းပြီး၊ ရုံးခန်းဖွင့်လို့ရတဲ့ အခန်းအမျိုးအစားများလည်းရှိပါတယ်။

💥 Residents Only Unit တွေဆိုရင်တော့ 2.6 MB ဝန်းကျင်မှ စတင်ဝယ်ယူနိုင်ပါတယ်ရှင်။

💥 Residents + Business Use Unit တွေကတော့ 3.42 MB ဝန်းကျင်မှ စတင်နိုင်ပါတယ်။

📩 Floor Plan၊ Business Unit အမျိုးအစားများနှင့် အသေးစိတ်အချက်အလက်များ သိရှိလိုပါက Message Box မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

🇹🇭 Bangkok မြို့ရဲ့ Tourism & Lifestyle ကို ပြောင်းလဲဖို့ AWC က ဘတ် ၄၀ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံမည်။ထိုင်းနိုင်ငံရဲ့...
08/10/2026

🇹🇭 Bangkok မြို့ရဲ့ Tourism & Lifestyle ကို ပြောင်းလဲဖို့ AWC က ဘတ် ၄၀ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံမည်။

ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေကုမ္ပဏီကြီး Asset World Corporation (AWC) က Bangkok မြို့ရဲ့ အထင်ကရနေရာတွေကို Tourism & Lifestyle Destination တွေအဖြစ်ပြောင်းလဲဖို့ အကြီးစားစီမံကိန်းတွေ စတင်နေပါတယ်။ လာမယ့် ၅ နှစ်အတွင်း ဘတ် ၄၀ ဘီလီယံကျော်ကို အဓိကအားဖြင့် Asiatique The Riverfront နဲ့ Woeng Nakhon Khasem (Yaowarat) တို့မှာ ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပြီး Attraction အသစ်တွေ၊ Hotel တွေ၊ Retail နဲ့ Entertainment လုပ်ငန်းတွေ ထည့်သွင်းသွားမှာပါ။

ဒီအစီအစဉ်တွေထဲမှာ အထူးစိတ်ဝင်စားစရာကတော့ Asiatique မှာ DreamWorks-themed Water Park ကြီးတစ်ခု ဖော်ဆောင်ဖို့ AWC စီစဉ်ထားတာပါ။ ဒီစိတ်ကူးဟာ 2025 ခုနှစ် ဩဂုတ်လမှာ Asiatique မှာဖွင့်ခဲ့တဲ့ Jurassic World ကိုမိသားစုတွေ လာရောက်ပျော်ရွှင်ကြတာကိုကြည့်ပြီး ပေါ်ပေါက်လာခဲ့တာလို့ AWC CEO Wallapa Traisorat က ပြောပါတယ်။ Bangkok မြို့လယ်မှာ မိသားစုတွေအတွက် Water Park တစ်ခု ရှိသင့်တယ်ဆိုတဲ့အယူအဆနဲ့ ထိုင်းနိုင်ငံက မိသားစုတွေအပြင် နိုင်ငံခြားခရီးသွားတွေကိုပါ ဆွဲဆောင်ဖို့ ရည်ရွယ်ထားပါတယ်။

ဒါပေမယ့် Water Park ရဲ့ ကုန်ကျစရိတ်နဲ့ ဖွင့်မယ့်ရက်ကိုတော့ မသတ်မှတ်သေးပါဘူး။ Project ရဲ့ အရွယ်အစားနဲ့ Ride အရေအတွက်ကိုလည်း ဆက်လက်လေ့လာနေဆဲဖြစ်ပါတယ်။ AWC ကတော့ လာရောက်သူတွေကို တခြားနေရာသွားဖို့ မလိုလောက်အောင် Attraction တွေ လုံလောက်တဲ့ Destination တစ်ခု ဖြစ်လာစေချင်တာပါ။

AWC က မြစ်ကမ်းဘေး Project ၁၁ ခုကို “AWC Riverside Journey” ဆိုတဲ့အမည်နဲ့ စုစည်းထားပါတယ်။ အဲဒီထဲမှာ Asiatique ရဲ့ “Blue Dome” ကို Osaka Expo ကနေ ပြောင်းရွှေ့လာပြီး 2027 အစောပိုင်းမှာ Avatar: Guardians of Eywa အဖြစ် ဖွင့်ဖို့ စီစဉ်ထားပါတယ်။ Asiatique ဘက်က ဒီ Project အတွက် ဘတ် ၈ ဘီလီယံကျော် သုံးစွဲမယ်လို့ ဆိုပါတယ်။ Charoen Nakhon မှာတော့ Australia ရဲ့ Museum of Old and New Art နဲ့ ပူးပေါင်းပြီး MONA Bangkok Museum တစ်ခုတည်ဆောက်ဖို့ စီစဉ်ထားပါတယ်။

Project နှစ်ခုကို မြစ်ဖြတ်ပြီး ချိတ်ဆက်မယ့် Cable Car ကိုလည်း စီစဉ်ထားပြီး ကုန်ကျစရိတ် ဘတ် ၂ ဘီလီယံခန့်၊ တည်ဆောက်ချိန် ၃ နှစ်ခန့် ကြာမယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် Hotel Plaza Athénée Bangkok ကို အခန်း ၁၄၆ ခန်းနဲ့ ဘတ် ၂.၉ ဘီလီယံခန့် အသုံးပြုပြီး 2028 မှာ ပြီးစီးဖို့ စီမံထားပါတယ်။

📈 ဒီ Strategy က အလုပ်ဖြစ်နေလား?
Asiatique ရဲ့ Visitor အရေအတွက်ဟာ ယခင်နှစ်ထက် 27% တိုးလာပြီး Jurassic World မဖွင့်ခင်ကာလနဲ့ နှိုင်းယှဉ်ရင် 42% တိုးလာပါတယ်။ The Empire ရဲ့ Rooftop Dining Hub ကလည်း 2025 မှာ THB 444 million ကျော် ရရှိခဲ့ပြီး 2026 ဒုတိယသုံးလပတ်မှာ THB 116 million ရရှိကာ 32.3% တိုးတက်ခဲ့ပါတယ်။ ဒီအချက်တွေက Attraction နဲ့ Dining တွေ ထည့်သွင်းတာဟာလူလာမှုကို တိုးစေရုံသာမက အမြတ်အစွန်းကိုပါ ကောင်းမွန်စေနိုင်တယ် ဆိုတာကို ပြနေပါတယ်။

AWC က အဆောက်အအုံတွေ ဆောက်ပြီး ငှားရမ်းတဲ့ Real Estate Business တစ်ခုတည်းမဟုတ်တော့ဘဲ Attraction + Hotel + Dining + Retail + Entertainment အားလုံးကို ပေါင်းစပ်ပြီး လူတွေကို ရက်ရှည်လာလည်ချင်စရာ Lifestyle Destination တွေ ဖန်တီးဖို့ ကြိုးစားနေပါတယ်။

အထူးသဖြင့် DreamWorks Water Park၊ Avatar Experience၊ MONA Bangkok၊ Kung Fu Panda Development၊ Cable Car နဲ့ Hotel Project တွေ အားလုံး အကောင်အထည်ပေါ်လာခဲ့ရင် Bangkok ရဲ့ Tourism Landscape ကို သိသိသာသာ ပြောင်းလဲနိုင်မယ့် အလားအလာ ရှိပါတယ်။

Source: The Nation

ที่อยู่

Bankok

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Tanayar โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์