Htet Ko Ko ข้อมูลติดต่อ แผนที่และเส้นทาง แบบฟอร์มติดต่อ เวลาทำการ บริการ คะแนนรีวิว รูปภาพ วิดีโอ และข่าวสารจาก Htet Ko Ko, อสังหาริมทรัพย์, Chiang Mai

ကဲ ဒီနှစ်လဲ ကျောင်းသားလေး အဖြစ် သရုပ်ဆောင်ရပါအုံးမယ် … 🫶🏼🎓🏫
20/06/2026

ကဲ ဒီနှစ်လဲ ကျောင်းသားလေး အဖြစ်
သရုပ်ဆောင်ရပါအုံးမယ် … 🫶🏼🎓🏫

2025 Birthday Memo … 🎂🏎️🥰
20/06/2026

2025 Birthday Memo … 🎂🏎️🥰

ကျွန်တော်တို့နိုင်ငံဟာ စစ်ဖြစ်တာ နှစ် ၁၀၀ ကျော်ပြီ။ ကိုလိုနီစစ် ပြီးတော့ ပြည်တွင်းစစ်။ အဲ့ဒီလို နိုင်ငံကို long war စစ်ပ...
13/12/2025

ကျွန်တော်တို့နိုင်ငံဟာ စစ်ဖြစ်တာ နှစ် ၁၀၀ ကျော်ပြီ။ ကိုလိုနီစစ် ပြီးတော့ ပြည်တွင်းစစ်။ အဲ့ဒီလို နိုင်ငံကို long war စစ်ပွဲရှည်ထဲကျနေတဲ့နိုင်ငံလို့ ခေါ်ပါတယ်။ အခု စစ်တွေ ခပ်စိတ်စိတ်တိုက်လာတယ်၊ မြို့ပြအထိရောက်တယ်၊ တကယ်တော့ ဒါဟာ အခုမှ ဖြစ်တာမဟုတ်၊ အရင်ဖြစ်ခဲ့တဲ့ စစ်တွေကိုအဖြေမရှာနိုင်ခဲ့လို့ လောင်စာမီးထတောက်ခြင်း တမျိုးပါပဲ။ ပြောရရင် အကျိုးဆက်ပေါ့။

ကျွန်တော်တို့ဟာ စစ်ကို စီးပွားရေး စတော့ခ်ဈေးကွက်လို စစ်ထိုးစစ်လှုပ်အပေါ် ဘဝတည်ဆောက်လာရတယ်။ တခြားနိုင်ငံက စတော့ခ်ကျတယ် တက်တယ်၊ ကျွန်တော်တို့ က စစ်ဖြစ်တယ်၊ စစ်နားတယ်၊ ဒီ graph နဲ့သွားတယ်။ စီးပွားရေးကအဓိကမဟုတ်၊ စစ်ရေးသာအဓိကဖြစ်တယ်။ စစ်ရှည်ကြာလာတော့ မသိစိတ်က စစ်မျှော်သူတွေ ဖြစ်လာတယ်။

စစ်ဟာ စစ်ခေါင်းဆောင်တွေမွေးတယ်၊ စစ်ခေါင်းဆောင်တွေအာဏာရတယ်၊ စစ်ခေါင်းဆောင်တွေအာဏာရတော့ စစ်ခေါင်းဆောင်တွေဆီက အာဏာယူဖို့ စစ်ခေါင်းဆောင်သစ်တွေ မွေးထုတ်တယ်။ လုမျိုးစုတိုင်းဟာ စစ်ခေါင်းဆောင်သစ်ကို မွေးဖွားဖို့ အားသန်တယ်။

ကမ္ဘာဟာ စီးပွားရေးမှာ သမိုင်းဦးဘုံမြေကနေ IT ကို ပြောင်းတယ်၊ အဲ့ဒါ ဥာဏ်ပညာက ဦးဆောင်သွားလို့၊

ကျွန်တော်တို့မှာ အခင်းအကျင်းတခုကနေ နောက်အခင်းအကျင်းတခုကို မရွေ့နိုင်ဘူး။ တဘဝလုံး စစ်နဲ့ လည်ရတယ်။ စစ်ကြောင့် လူတွေက group အလိုက် အစိတ်စိတ်ကွဲလာတယ်။

မြန်မာဟာ သမိုင်းဦးဘုံမြေကနေ IT ကို တရွတ်တိုက်ပါလာတာ သူများနိုင်ငံတွေက ထမ်းခေါ်လို့၊ ကိုယ့်နိုင်ငံ နဲ့ ကိုယ်ဆို barter စနစ်ကမတက်သေးဘူး။ တချို့တောဈေးတွေမှာ နင့်ခရမ်းချဥ်သီး နဲ့ ငါ့ကြက်ဥ ဈေးထဲမှာ လဲနေတုန်း။

ကျွန်တော်သိတာတခုကတော့ သွေးသားထဲ ဒီ military mindset တွေ ရှိနေသရွှေ့ တခုပြီးရင် နောက်တခု ဒီလိုပဲ ဆက်နေမှာပဲ။ အဖြေမရဘူး။ ဆင်းရဲမယ်၊ ဖြေးဖြေးလေး ဆင်းရဲရာကနေ မြန်မြန်ဆင်းရဲတဲ့ခေတ်တွေ ခဏ ခဏ ဖြတ်ကြရတယ်။ ဖြေးဖြေးလေးနောက်ကျနေရာကနေ မြန်မြန်နောက်ကျသွားတဲ့ခေတ်တွေ ရှေ့မှာ ကြုံရမယ်။

စစ်ဟာဖိနှိပ်သူရဲ့နည်းနာအဖြစ်၊ စစ်ဟာလွတ်မြောက်လိုသူရဲ့နည်းနာအဖြစ် သမိုင်းမှာဆက်တိုက်ဝင်ထွက်နေတယ်။ တကယ်တော့ စစ်ဟာ သက်ဆိုင်သူတွေကို ပူဆွေးခြင်း၊ ဝမ်းနည်းခြင်း၊ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ သာ အကျိုးရှိတယ်။ မြန်မာဟာ စစ်မဖြစ်ချင်သူကော၊ ဖြစ်ချင်သူပါ စစ်တွင်းထဲကျတယ်။

စစ်ဟာ အော်တိုမစ်တစ်နာရီတလုံး လို၊ ပဋိစ္စသမုပါဒ် လို၊ လှုပ်ရှားလိုက်တိုင်း ပင်နီယံတွေ၊ အကြောင်းအကျိုးတွေနဲ့ မရပ်မနား လည်တော့တယ်။

ဒီနေ့ ကျန်းမာသန်စွမ်းတဲ့ လူငယ်တယောက် ကို အနာဂါတ်အတွက် ဘာမျှော်လင့်လဲ လို့မေးရင် ရှင်သန်ကျန်ရစ်ဖို့ပါ လို့ ဖြေလိမ့်မယ်။

လူဟာ ရှင်သန်ခြင်းရဲ့ ဘဝအဓိပ္ပါယ်ကိုမရှာနိုင်ဘူး၊ ရှင်သန်ဖို့ကြိုးစားရင်း သေသွားကြတယ်။

အလွန်ဝမ်းနည်းဖို့ကောင်းတယ်။

#စစ် #စနစ် #လူငယ် #ခေတ် #အနာဂါတ် #အိမ်မက် #ငှက်

ที่อยู่

Chiang Mai

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Htet Ko Ko โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์