19/06/2024
အခက်အခဲး
အခက်အခဲကိုရှောင်၍ အလွယ်လမ်းကိုလိုက်ခြင်းသည်
ခက်ခဲခြင်းကို တစ်ဆင့်ထက်တစ်ဆင့်ပိုမိုတိုးပွါးအောင်ပြုလုပ်ခြင်းနှင့်တူလေသည်၊
အခက်ကိုရှောင်ခြင်းကြောင့် အခက်တွေ တောင်လိုပုံပြီးလျင် အခက်တည်းဟူတူသော ချုံ၌ စိတ်နှလုံးအမြဲးငြိပြီးလျှင် အမြဲးပင် ရိအောင်ပြုသကဲ့သို့ ဖြစ်လေသည်။
ထိုကဲ့သို့ အခက်ပေါ်တိုင်း ရှောင်ရှားသည့်အခါ ကြာလေကြာလေ အခက်တွေပွါးများပြီး စိတ်နှလုံးကိုအခက်စား၍ သောကတွေများပြားက ပထမအခက်ပင်ကြီးမှ အခက်အညွန့် အခက်အတက်တွေပေါက်ပွါးကာ
အခက်တည်းဟူသော ဝင်္ကပါ၌ တချာချာဝဲလှည့်သလို ဘယ်အခါမှ စိတ်မရှင်းဘဲ အားနည်သောစိတ်သည် အခက်တည်းဟူသော သရောပုံကြီး၌ အလုံအခြုံမိ၍နေတက်လေသည်။
အခက်အခဲးသည် ကျီးပေါင်းနှင့်တူ၏။အသင်၏အလုပ်အကိုင်အကြံအစည်ဟူသမျှ၌ ထို
အခက်တည်ဟူသော ကျီးပေါင်းဝင်ရောက်၍ ကပ်သည့်အခါ စောစောစီးစီး နုတ်ထွင်းအယ်ရှင်း၍ပစ်ရမည်။
ထိုကဲ့သို့ နုတ်ထွင်းရှင်းရာ၌ စိတ်အားသတ္တိ၊ဝရိယတည်းဟူသော ဓါးမကြီးကို နိုင်နိုင်သွေးပြီး မဆေးမလေးဘဲ အသုံးပြုရမည်။
ဤသိုအသုံးမပြုကအလုပ်တည်းဟူသောအပင်၌ အသီးအပွင့်ကင်လေးသည်။
#ဆရာကြီး ပီ-မိုးနင်း 🙏🙏🙏
#အခက်အခဲးကိုရှင်းထုတ်ပါ
#𝓚𝓸𝓣𝓱𝓲𝓱𝓪